Friday, August 22, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားခွင်၌ နှလုံးရောဂါဖောက်လာ၍ စစ်ဆေးမှု ချက်ချင်းရပ်ဆိုင်းခဲ့ရ


လေးရက်အတွင်း ရုံးချိန်းနှစ်ကြိမ်ဆက် စစ်ဆေးခံရသော သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် သြဂုတ်လ ၂၂ ရက် ဒဿမအကြိမ် ရုံးထုတ်စစ်ဆေးစဉ် တရားခွင်၌ အသက်ရှုမွန်းကြပ်လာသဖြင့် စစ်ဆေးမှု ချက်ခြင်းရပ်ဆိုင်းခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ဆိုသည်။

မကောင်းသည့် ဘော့စ်ကြောင့် တစ်ဖွဲ့လုံး ဆိုးသွားနိုင်




မိမိဝန်ထမ်းများကို အော်ဟစ်ငေါက်ငမ်းခြင်းနှင့် သိမ်ငယ်စေသည့် အီးမေးလ်များ ပေးပို့ခြင်းတို့ ပြုလုပ်သော အထက် အရာရှိ (သို့မဟုတ်) အလုပ်ရှင် ဘော့စ်များကြောင့် လုပ်ငန်းခွင်တစ်ဖွဲ့လုံးကို သဘောထား ကွဲလွဲခြင်း၊ ပဋိပက္ခတို့ ဖြစ်ပေါ်စေနိုင်သည် ဟု သုတေသီများက ပြောကြားခဲ့သည်။ 

ဝန်ကြီးဌာန ဆယ်ခုပါဝင်သော'အီဘိုလာရောဂါ ကာကွယ်ရေး အရေးပေါ် အစည်းအဝေး' ကို ကျန်းမာရေးဝန်ကြီးဌာန၌ ပြုလုပ်


ဝန်ကြီးဌာန ဆယ်ခုပါဝင်သော'အီဘိုလာရောဂါ ကာကွယ်ရေးအရေးပေါ် အစည်းအဝေး'ကို သြဂုတ် ၂၁ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန၌ကျင်းပခဲ့ကြောင်း သိရသည်။ ''ဒီနေ့လုပ်တဲ့ အစည်း အဝေးမှာ ထူးထူးခြားခြားအနေနဲ့ကတော့ ရောဂါ အတည်ပြုရေးပေါ့။ 

အပြင်ထွက်ခွင့်မရသည့် အီဘိုလာကူးစက်ဒေသအတွက် စားနပ်ရိက္ခာများ ရောက်ရှိ


လိုက်ဘေးရီးယားနိုင်ငံတွင်းက ပင်လယ်ကမ်းခြေ ဝက်စ်ပွိုင့်ဒေသမှာ အီဘိုလာရောဂါ ကူးစက်မှုကြောင့် အပြင်ထွက်ခွင့်မရဘဲ ကန့်သတ်ခံထားရတဲ့သူတွေအတွက် စားသောက်ကုန်တွေ တင်ထားတဲ့ ကုန်ကား တွေ ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က ရောက်ရှိပါတယ်။

ဂျပန် မြေပြိုမှုကြောင့် ပျောက်နေသူ များကို ပိုက်စိပ်တိုက် ရှာဖွေ


ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် မြေပြိုခြင်းများကြောင့် အိမ်များ ပြိုပျက်သွားခဲ့ရာ အိမ်အပျက်အစီးပုံများ အကြား အသက်ရှင် ကျန်ရစ်နေ သူများ ရှိနေလိမ့် ဦးမည်ဟူသော မျှော်လင့်ချက် အနည်းငယ်ဖြင့် ကယ်ဆယ်ရေး သမား ၃,၀၀၀ ခန့်သည် ကြာသပတေး နေ့တွင် ပိုက်စိပ်တိုက် ရှာဖွေမှုများ ဆက်လက် ပြုလုပ်လျက် ရှိသည်ဟု သြဂုတ်လ ၂၁ ရက်က အေအက်ဖ်ပီ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက E-Visa ထုတ်ပေးတော့မည်


မြန်မာပြည်ကို လာရောက်မယ် နိုင်ငံတကာက ဧည့်သည်တွေကို စက်တင်ဘာလကနေ စတင်ပြီး အွန်လိုင်း ကနေတဆင့် ဗီဇာလျှောက်ထားခွင့် ပြုတော့မှာကြောင့် လာမယ့် ခရီးသွားရာသီမှာ နိုင်ငံခြား ဧည့်သည်တွေ အရင်ကထက် ပိုမိုဝင်ရောက် လာနိုင်ကြောင်း ခရီးသွား ကုမ္ပဏီတွေနဲ့ ဧည့်လမ်းညွှန်တွေက ခန့်မှန်းကြ ပါတယ်။ တချိန်တည်းမှာတော့ ပိုမိုများပြားလာမယ့် ဧည့်သည်တွေအတွက် တည်းခိုဖို့ နေရာထိုင်ခင်း၊ သွားလာရေးနဲ့ စားသောက်ရေးအတွက် အခက်အခဲဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ 

Ebola ထိန်းချုပ်ဖို့ အခြေခံ ကျန်းမာရေးစနစ်ကောင်း ရှိဖို့လို


မြန်မာနိုင်ငံလို ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ နိုင်ငံမျိုးတွေမှာ အီဘိုလာရောဂါပိုး ထိန်းချုပ် ရေးလုပ်ငန်းတွေအတွက် ကျန်းမာရေးဌာနတင်မဟုတ်ပဲ အခြား အစိုးရအဖွဲ့အစည်းတွေရော အများပြည်သူ ကပါ ပူးပေါင်းဆောင်ရွက် သွားရမှာဖြစ်တယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေး ကျွမ်းကျင်သူတွေက ပြောနေပါ တယ်။ ဒါ့အပြင် အီဘိုလာရောဂါပိုး ထိန်းချုပ်ရေးအတွက် သတ်မှတ်ထားတဲ့ ကျန်းမာရေး လမ်းညွှန်ချက် အတိုင်း အားလုံး လိုက်နာဆောင်ရွက် သွားကြမယ်ဆိုရင် ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

Islamic State ရဲ့ ခြိမ်းခြောက်မှု ကြုံရမှုထက် ကြီးမား - ကာကွယ်ရေးဝန်ကြီး Hagel


Islamic State အစွန်းရောက်အဖွဲ့ရဲ့ နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုဟာဆိုရင် အခုကြုံနေ မြင်နေရတာထက် အတိုင်းအဆကြီးတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြော လိုက်ပါတယ်။ 

IS စစ်သွေးကြွ အဖွဲ့ကိုထိန်းချုပ်ရ ခက်နေဟု အင်ဒိုနီးရှား သမ္မတ ပြော


အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့ IS မှ စစ်သွေးကြွ များ၏ လုပ်ရပ်များက အစ္စလာမ် ဘာသာအား အကျပ်တွေ့ စေကြောင်း မွတ်စလင် နိုင်ငံများ အနက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံ၏ သမ္မတက ပြောကြား လိုက်ပြီး အစ္စလာမ် ဘာသာဝင် ခေါင်းဆောင်များ အနေဖြင့် အစွန်းရောက် ၀ါဒအား တိုက်ဖျက် ရေးတွင် စည်းလုံးညီညွတ်ကြရန်လည်း အင်ဒိုနီးရှား သမ္မတက တိုက်တွန်းလိုက်သည်ဟု သြဂုတ် ၂၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာ့ရိုးရာ ရုပ်ပြောင်စတစ်ကာများ ထည့်သွင်းထားသည့် Mychat application ကို သြဂုတ် ၂၇ ရက်တွင် စတင်အသုံးပြုနိုင်မည်



မြန်မာ့ရိုးရာ ရုပ်ပြောင်စတစ်ကာများ အသုံးပြု၍ မက်ဆေ့စ်ပေးပို့ခြင်းနှင့် စာသားပေးပို့ခြင်းများ ပြုလုပ်နိုင်သည့် Mychat application ကို သြဂုတ် ၂၇ မှ စတင်၍ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်မည်ဟု Mysquare ၏ အမှုဆောင်အ ရာရှိချုပ် Mrs.LINDA LIM ကပြောသည်။

ထိုင်းကြက်ခြေနီ အဖွဲ့အတွက် ဝန်ကြီးချုပ်ဟောင်းအဖိဇစ် ရေခဲရေ အလောင်းခံ၍ ရန်ပုံငွေရှာ



ထိုင်းကြက်ခြေနီ အဖွဲ့အား အလှူငွေရှာပေးရန်အတွက် ထိုင်းနိုင်ငံ ကရွန်စီဘဏ် စားသုံးသူများက ထိုင်း ဝန်ကြီး ချုပ်ဟောင်း မစ္စတာ အဖိဇစ်ဝေ့ချာချီဝအား လက်ရှိ၌ ကမ္ဘာတလွှားတွင် ရေပန်းစားနေသည့် ရေခဲရေ လောင်း၍ အလှူငွေရှာခြင်း ပြုလုပ်ရန် စိန်ခေါ်ခဲ့မှုအား မစ္စတာ အဖိဇစ်မှ လက်ခံခဲ့လိုက်သည်။

MH17 ပျက်ကျမှုမှ ပထမအသုတ် ရုပ်အလောင်း(၂၀) မလေးရှားသို့ ပြန်လည်ရောက်ရှိ



MH17 လေယာဉ် ပျက်ကျမှုတွင် သေဆုံးခဲ့သည့် မလေးရှား နိုင်ငံသားများအနက် ပထမအသုတ်အဖြစ် လူ(၂၀)၏ အလောင်းများ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး မလေးရှား အစိုးရက ထိုနေ့ကို နိုင်ငံလုံးဆိုင်ရာ ပူဆွေးဝမ်းနည်းမှု နေ့တစ်နေ့အဖြစ် သတ်မှတ် ကြေညာခဲ့သည်။

အီဘိုလာပိုးရှိတယ်လို့ သံသယ ဖြစ်ခံရတဲ့ မြန်မာမှာ ငှက်ဖျားပိုးတွေ့ရှိလို့ဆို


အီဘိုလာ ရောဂါပိုး ကူးစက်ခံရပြီး ရောဂါပျောက်ကင်းကြောင်း ဆေးရုံကနေ ဆင်းလာတဲ့ အမေရိကန် ဆရာဝန် 

အီဘိုလာ ​ဗိုင်းရပ်စ်ပိုး ​ပျံ့နှံ့နေတဲ့ ​Guinea ​နဲ့ ​Liberia ​နိုင်ငံကနေ ​ပြန်လည် ရောက်ရှိလာတဲ့ ​မြန်မာ ​တစ်ဦး ကို ​မြောက် ​ဥက္ကလာ ​ပ ​မြို့နယ် ​ဝေဘာဂီ ​ဆေးရုံမှာ ​စောင့်ကြည့် ​စစ်ဆေးမှုတွေ ​လုပ်နေပေမယ့် ​အဲဒီ လူဟာ ​ဌက်ဖျား ​ရောဂါ ​နှစ်မျိုး ​ကူးစက် ​ခံနေရသူ ​ဖြစ်တယ်လို့ ​သိရပါတယ်။

James Foley ကိုသတ်တဲ့ အသံပိုင်ရှင်ကို ဖော်ထုတ်ကြဖို့ မွတ်စလင် ခေါင်းဆောင်တွေ ပန်ကြား


အမေရိကန်နိုင်ငံသား ​စာနယ်ဇင်းသမားဖြစ်သူ ​James ​Foley ​ကို ​လည်လှီး သတ်ဖြတ်ခဲ့တဲ့ ​အကြမ်းဖက် သမားဟာ ​လန်ဒန်လေယူလေသိမ်းနဲ့ ​ပြောသွားတဲ့အတွက် ​အဲဒီလူ ​ဘယ်သူဖြစ်သလဲဆိုတာကို ​ဝိုင်းဝန်း ဖော်ထုတ်ပေးကြဖို့ ​ဗြိတိန်နိုင်ငံမှာ ​နေထိုင်တဲ့ ​မွတ်စလင်ခေါင်းဆောင်တွေက ​ပြည်သူတွေကို ​ပန်ကြား လိုက်ပါတယ်။

ရွေးကောက်ပွဲမှာ Joko Widodo အနိုင်ရကြောင်း အင်ဒိုတရားရုံး အတည်ပြု


အင်ဒိုနီးရှားနိုင်ငံရဲ့ ​ပြီးခဲ့တဲ့ ​ဇူလိုင်လရွေးကောက်ပွဲရလဒ်ကို ​ဖွဲ့စည်းပုံ တရားရုံးက အတည်ပြုပေးလိုက်တာ ကြောင့် ​ရှုံးနိမ့်သွားတဲ့ ​သမ္မတလောင်း ​Prabowo ​Subianto ​အတွက် ​နောက်ထပ် ​အရေးနိမ့်မှုတခု ​ဖြစ်ခဲ့ပါ တယ်။

သခွားစေ့ကိစ္စကြောင့် ခွင့်ပြုမိန့်မရှိပဲ ဆေးရောင်းချနေသည့်ဆိုင်များကို ပုသိမ်စခန်းက အရေးယူတော့မည်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ခွင့်ပြုချက်မရှိဘဲ အိမ်သုံးဆေးဝါးများ ရောင်းချနေသည့် ဆိုင်များကို  ရဲတပ်ဖွဲ့ကသတိပေးလိုက်ပြီးနောက် ဆက်လက် ရောင်းချနေပါက လာမည့်နှစ်ပါတ်အတွင်း အရေးယူသွား မည်ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှ သိရှိရသည်။

မိခင်ဘာသာစကားကို အခြေပြုသင်ကြားပေးပါက တိုင်းရင်းသားကလေးငယ် များ စာပိုမိုတတ်မြောက်နိုင်


မြန်မာနိုင်ငံ၏ အခြေခံပညာရေးစနစ်တွင် တိုင်းရင်းသားကလေးငယ်များအား လက်ရှိသင်ကြား နေသော မြန်မာ ဘာသာစကားထက် ၄င်းတို့ မိခင်ဘာသာ စကားဖြင့်သာ အခြေပြုသင်ကြားမည်ဆိုပါက ကလေး ငယ်များ ယခုထက် ပိုမိုစာတတ်မြောက်လာမည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလည်းရေးကွန်ရက် (NNER) ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သိုက်နန်းရှင်မလေးဖြစ်သွားတဲ့ ကျွန်တော့်ရည်းစားမိုးယုစံ


သရုပ်ဆောင် မိုးယုစံအနေနဲ့ သူမရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ အခု တစ်ခေါက်ရိုက်ထားတဲ့ ရုပ်ရှင်ကားက ထူးထူးခြားခြားဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။ “ရုပ်ရှင်ကားကြီးကတော့ခုနှစ်ကား ရှစ်ကားလောက်ရှိပြီ။ ကားတွေတော်တော် များများက ဟာသကားတွေများတယ်။ဆရာပန်းချီစိုးမိုးရိုက်တဲ့ကားက အစ်မရိုက်ခဲ့တဲ့ ကားတွေမှာ ထူးခြားပါတယ်။

ဝ ဒေသ တရုတ်စာ၊ တရုတ်စကား လွှမ်းမိုးမှု လျှော့ချနိုင်မလား


“ဝ ဒေသမှာ တရုတ်စာ၊ တရုတ်စကားလွှမ်းမိုးမှုတွေ ပပျောက်အောင် ပါတီကနေ အခြေခံပြီး လုပ်ထားတာ ရှိပါတယ်”လို့ “၀” အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ ကိုယ်စားလှယ် ဦးဆပ်နပ် ပြောဆိုထားတာကို သြဂုတ်လ ၁၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖတ်ရှုလိုက်ရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ယာဉ်ကျောပိတ်ဆို့မှု ဆိုင်ရာ မေးခွန်းမေးရန်ရှိ


ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ယနေ့ စတင်ကျင်းပမည့် ပထမအကြိမ် နဝမမြောက် ပုံမှန်အစည်း အဝေး၌ လက်ရှိရန်ကုန်မြို့တွင် နေ့စဉ်ကြုံတွေ့နေရသော ယာဉ်ကျောပိတ်ဆို့မှုနှင့် ပတ်သက်ပြီး မေးခွန်း မေးရန်ရှိကြောင်း သိရသည်။

အမေရိကန် သမ္မတ ၏ ထုတ်ပြန် ကြေညာချက်


လူတိုင်းအတွက် မင်္ဂလာ နေ့လည်ခင်းပါ၊ ယနေ့သည် အိုင်အက်စ်အိုင် အယ်လ် အကြမ်းဖက် အဖွဲ့ က ဂျင်မ် ဖေါ်လေကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခဲ့ခြင်း ကြောင့် တကမ္ဘာလုံးက အထူးစိတ်ပျက် ခဲ့ရ သည်။

လှည်းကူးမြို့မှ အသက် ၆ဝကျော်အမယ်အိုတစ်ဦးအား ဓမ္မစေတီ ခေါင်းလောင်းကိုစောင့်ရှောက်နေ သည်ဟုဆိုသောနဂါး ဝင်ပူးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟု ဆို



ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ဆယ်ယူရန် ကြိုးစားနေသည်မှာ ၁၃ရက်တိုင်ရှိ လာခဲ့ပြီဖြစ်သည်။

မိကျောင်းကန် သပိတ်စခန်း ဦးဆောင်သူကို ကျောက်တံတား တရားရုံးက ပုဒ်မ ၁၈ ဖြင့် တရားထပ်စွဲ


မြို့နယ်လေးခုရှိ တရားရုံးတွင် စည်ပင်ဥပဒေ ပုဒ်မ အပါအဝင် ပုဒ်မ ၁၈ ဖြင့် ရုံးထုတ် စစ်ဆေးခံရသော မိကျောင်းကန် သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းကို သြဂုတ်လ ၂၁ ရက် နံနက် ၁၀ နာရီက ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံတရားစွဲဆိုကြောင်း စစ်ဆေးခံနေရသူ ဦးစိန်သန်းက ပြောကြားသည်။ 

သမ္မတကို ဆန္ဒပြသည့် သတင်းသမားများအား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားမှု ကမာရွတ်ရဲစခန်း အမှုပိတ်


နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် မီဒီယာဖိနှိပ်မှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးခံ သတင်း သမားများ ထောင်ဒဏ် ဖြေလျှော့ပေးရန် နိုင်ငံတော်သမ္မတကို ဆန္ဒပြခဲ့သည့် သတင်းထောက် ၅၀ ဦးခန့်ကို ကမာရွတ် ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ရာမှ ယနေ့တွင် အမှုပိတ်ခဲ့ကြောင်း ကမာရွတ်ရဲစခန်းထံမှ သိရရှိသည်။ 

အင်ဒိုနီးရှားရွေးကောက်ပွဲ ရှုံးနိမ့်သမ္မတလောင်းကို ထောက်ခံသူများ ဆန္ဒပြ


အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ အယူခံဆုံးဖြတ် မယ့်အချိန်မှာ ရှုံးသွားတဲ့ သမ္မတလောင်း ပရာဘိုဝို ဆုဘိုင်တို ကို ထောက်ခံ သူတွေက အင်ဒိုနီးရှား ဗဟိုတရားရုံးအပြင်ဖက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရွှေဘုန်းပွင့်ဆရာတော် ဦးဆောင်သောအဖွဲ့က ခေါင်းလောင်းဆယ်ယူရေး သင်္ဘောအနီး သုံးရက်တိုင်တိုင်နွားနို့စိမ်း ပိဿာ၂ဝ၊ ပေါက်ပေါက်၊ စံပယ်ကုံးတစ်ထောင်တို့ဖြင့် မေတ္တာသုတ်ရွတ်ဖတ် ပူဇော်လှူဒါန်းမည်


ဓမ္မစေတီခေါင်း လောင်းတော်ကြီးဆယ်ယူမှုနှင့်ပတ် သက်ပြီး အိပ်မက်အရအလှူရှင်တစ်ဦးမှ တောင်းဆို မှုကြောင့် ရွှေဘုန်းပွင့် ဆရာတော်ဦးသုမနနှင့်ခေါင်းလောင်း ဆယ်ယူရေးပြန်ကြားရေးအဖွဲ့တို့ ယနေ့( သြဂုတ် ၂၁ရက်)မှစတင်ကာ သုံးရက်တိုင်တိုင် နွားနို့စိမ်း ပိဿာ၂ဝ၊ ပေါက်ပေါက်၊ စံပယ်ကုံးပေါင်း တစ်ထောင် တို့ဖြင့် မေတ္တာသုတ်များ ရွတ်ဖတ်ကာ လှူဒါန်းသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့မှ သိရ သည်။

ရခိုင်တွင် နိုင်ငံသားဖြစ်နိုင်ခြေ ရှိမရှိ လူတွေ့စစ်ဆေးမှု ၃၀၀ ကျော် ပြီးစီး


ရခိုင်ပြည်နယ်၊ မြေပုံမြို့ ဒုက္ခသည်စခန်းတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများကို လူတွေ့စစ်ဆေးခြင်း ပြုလုပ်လျက်ရှိရာ လူသုံးရာကျော်ကို လူတွေ့စစ်ဆေးမှု ပြီးစီးပြီဟု မြို့နယ်အဆင့်လူတွေ့စစ်ဆေးမှု ကော်မတီ အဖွဲ့ဝင် ဦးမောင်ရေချမ်းက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

Thursday, August 21, 2014

ဆက်သွယ်ရေးကွန်ရက်အဆင့်မြှင့်ရန် ကန်ဒေါ်လာသန်း ၁၀၀ ဂျပန်ထုတ်ချေးမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းနှင့် အင်တာနက်ဆိုင်ရာဆက်သွယ်ရေးကွန်ရက်များကို အဆင့်မြှင့် တင်နိုင်ရန် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့်ထုတ်ချေးပေးသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ဆည်ဆောက်လုပ်ရေး မြန်မာနှင့်တရုတ် ပြန်ညှိနှိုင်းလို


ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့်ဆည်များ တည်ဆောက်ရန် ယခင် မြန်မာစစ်အစိုးရနှင့် သဘောတူညီ ချက်များ လက်မှတ်ရေးထိုးထားခဲ့သည့် တရုတ်ကုမ္ပဏီ တခုက တချို့စီမံကိန်းများတွင် ထွက်ရှိသော လျှပ်စစ် ဓာတ်အား ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပေးပို့ရခြင်းကို ပြည်တွင်းသုံးစွဲမှုအတွက် ပိုမိုခွင့်ပြုပေးခြင်း အားဖြင့် စည်းကမ်း သတ်မှတ်ချက်များကို ပြန်လည်ညှိနှိုင်း ပေးနိုင်ကြောင်း ပြောကြားလိုက်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းစစ်အစိုးရ သဘောတူ



ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်များကို ပိုမို ကောင်းမွန်လာစေ နိုင်သောကြောင့် အဆို ပါစီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့်ဥပဒေစိုးမိုးရေး ဆိုင်ရာ အမျိုးသားကောင်စီ (NCPO) က အတည်ပြုပေးလိုက်ကြောင်း ဘန်ကေက်ပို့စ်သတင်းစာတွင် သြဂုတ် ၂၁ ရက်က ဖော်ပြခဲ့သည်။

အန်အယ်လ်ဒီ ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းစာရင်း တောင်းခံ



ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး အဖွဲ့ချုပ် ဗဟိုကို ပေးဖို့ကြဖို့ မြို့နယ်ပါတီတွေထံ စာနဲ့ အကြောင်းကြား ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံးရှာဖွေ တွေ့ရှိထား



ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။

သမ္မတ၏ လ ၂၀ အတွင်း အကောင်အထည်ဖော်မည့် eGovernment အစီအစဉ် မဖြစ်နိုင်ဟု ပညာရှင်များသုံးသပ်


နိုင်ငံတော်သမ္မတက၏ လ ၂၀ အတွင်း  eGovernment လုပ်ငန်းစဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်သည့် အခြေအနေအထိ အကောင်အထည်ဖော်ရန် မဖြစ်နီုင်ဟု Yangon Heartz Media ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်ဇော်မျိုးလွင်က သုံးသပ်သည်။

ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်အဖြစ်ရွေးကောက်ခံရ


ထိုင်းနိုင်ငံရဲ့ သွေးမြေမကျစစ်အာဏာသိမ်းမှုမှာ ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဟာ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အသစ် အဖြစ်ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။ 

ဌာနဆိုင်ရာ ဝန်ထမ်းများ လာဘ်ယူနေဆဲဟု သမ္မတ ဝန်ခံ


ဝန်ထမ်းထုအတွင်း လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများ ရှိနေဆဲဖြစ်ပြီး စိတ်ဓာတ်မှစ၍ ပြောင်းလဲရန် လိုအပ်နေသည်ဟု နိုင်ငံတော်သမ်္မတ ဦးသိန်းစိန်က သြဂုတ် ၂၀ ရက်တွင် ပြောကြားလိုက် သည်။

“တပ်ပိုင်းဆိုင်ရာဘက်က ညှိရတာ အခက်ခဲဆုံးပါပဲ”


တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ရန်ကုန်မြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ (NCCT) တို့ အခုလ ၁၅ ရက်နေ့ ကနေ ၁၇ ရက်နေ့ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အပစ်ရပ်မူကြမ်း အပြီးသတ်နိုင်ရန် အစိုးရနှင့် တပ်မတော်ညှိနှိုင်းရန်သာ ကျန်ရှိတော့


နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် ကျန်ရှိနေသည့် အချက်များမှာ အစိုးရနှင့် တပ်မတော်အကြား ညှိနှိုင်းရန်သာ ကျန်ရှိနေခြင်းဖြစ်သည်ဟု တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCTမှ ဗိုလ်မှူးကြီးခွန်ဥက္ကာက သြဂုတ် ၂၀ ရက်တွင် ပြောသည်။

ဗဟိုအစိုးရရှေ့နေချုပ် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားရာ Ferguson ကိုရောက်


အမေရိကန်ပြည်ထောင်စုမှာ မငြိမ်မသက်ဖြစ်နေတာ ၁၁ ရက်ရှိနေပြီဖြစ်တဲ့ Missouri ပြည်နယ် Ferguson မြို့ကို ရှေ့နေချုပ် Eric Holder ရောက်နေပြီး လူမှုအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ မြို့ခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရဲရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တယောက် သေဆုံးခဲ့ပြီးနောက် အဲဒီမြို့မှာ ဆန္ဒပြမှု၊ လုယက်မှုတွေ ဖြစ်ပွားနေတာပါ။

အစ္စရေးလ်တိုက်ခိုက်မှုကြောင့် Hamas ခေါင်းဆောင် ဇနီးနှင့်သားသေဆုံး


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဗုဒ္ဓဟူးနေ့မှာ ဆက်ဖြစ်ခဲ့ပါတယ်။ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှုတခုမှာတော့ ဂါဇာမှာရှိတဲ့ Hamas စစ်ခေါင်း ဆောင်တဦးရဲ့ ဇနီးနဲ့ မွေးကင်းစ ကလေးငယ် သေဆုံးသွားတာပါ။

ဆီးရီးယားမှာ ဓားစာခံတွေကယ်တင်ဖို့ အမေရိကန်ကြိုးပမ်းခဲ့မှုမအောင်မြင်


နောက်ထပ် အမေရိကန်လူမျိုး သတင်းထောက်တဦးကို သတ်ပစ်မယ်လို့ Islamic State စစ်သွေးကြွတွေက ခြိမ်းခြောက်နေတဲ့ကြားမှာပဲ၊ အီရတ်မှာရှိတဲ့ Islamic State စစ်သွေးကြွတွေကို အမေရိကန်က ဗုဒ္ဓဟူးနေ့ မှာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ငြိမ်းချမ်းရေး


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ  မကြာသေးမှီက ပြီးဆုံးသွားတဲ့ တိုင်းရင်း သား လက်နက်ကိုင်အင်အားစုတွေ၊ ပါတီစုံ ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်ပြီး အားတက်သရော သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

မိုင်တိုင်အမှတ် (၂၂၁/၁-၂၂၁/၂) ကြား JJ Express ယာဉ်တိမ်းမှောက်ခြင်း



အရေးပါတဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ် – ဦးကိုကိုကြီး


နိုင်ငံရေးမူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကိုယ်စားပြု ပါဝင်မှုဟာ အလွန်အရေးကြီးတယ် လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

ဦးကိုကိုကြီးကို မေးမြန်းချက်

လွှတ်တော်အကြီးအကဲများနှင့် စာနယ်ဇင်းကောင်စီ လေးပွင့်ဆိုင် ဆွေးနွေးရေးသဘောတူ


လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နေပြည်တော်မှာ ပထမဆုံးအကြိမ် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ စာနယ်ဇင်းကောင်စီ တို့ ဒီနေ့မနက်ပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့တော့ မွန်းလွဲပိုင်းမှာ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။

NLD ကိုယ်စားလှယ်အမည် စာရင်း ရှေ့လ ၁၅ ရက်နေ့ ထုတ်ပြန်မည်


ဒီနှစ်ကုန်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို လာမယ့် စက်တင်ဘာလ ၁၅ရက်နေ့မှာ ထုတ်ပြန်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုခေါင်းဆောင်တစ်ဦးအနေဖြင့် ပါဝင်ရန် NCCT လိုလား


ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံ၏ ထင်ရှားသော လူထုခေါင်းဆောင် တစ်ဦးအနေဖြင့်ပါဝင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကလိုလားနေကြောင်း NCCT အဖွဲ့ခေါင်းဆောင်များ၏ ပြောကြားချက်များအရ သိရသည်။

အီဘိုလာသံသယလူနာတွေ့၊ လူထုကြားစိုးရိမ်မှုမြင့်




ဝေဘာဂီကူးစက်ဆေးရုံတွင် အီဘိုလာသံသယရှိလူနာ ရောက်ရှိလာပြီးနောက် မြန်မာ ပြည်တွင်းသို့ အီဘိုလာ ရောဂါပိုး ရောက်ရှိလာ ပြီဟုဆိုကာ ပြည်သူများအကြား စိုးရိမ်မှု များ မြင့်တက်နေ ကြောင်း သတင်း ရရှိသည်။

My Blog List