Friday, May 17, 2013
မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်ပင်လယ်ကမ်းခြေတလျှောက် ရေထဲမှာ မျောပါလာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ရဲ့ကိုယ်ပေါ်ကမြန်မာကျပ်ငွေ(၄) သောင်း ကိုရှာဖွေတွေ့ရှိတဲ့အတွက်သူတို့ဟာမြန်မာနိုင်ငံသားတွေဖြစ်ပြီးမြန်မာဘက်ကနေဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲ ကိုမျောပါလာတဲ့အလောင်းတွေဖြစ်တယ်လို့ဘင်္ဂလာဒေခ်ျ့အာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဘွဲ့အား ၇ နှစ်အကြာတွင် ပြန်လည်ရယူခဲ့သည့် Bill Gates
Microsoft ထူထောင်သူ Bill Gates ဆိုသည်မှာ ကမ္ဘာပေါ်တွင် အချမ်းသာ ဆုံးနဲ့ ပေးကမ်းစွန့်ကြဲမှု အများဆုံး ပုဂ္ဂိုလ်တစ်ဦးပဲ ဖြစ်ပါတယ်။ ယင်းထူထောင်ခဲ့သည့် Microsoft ကနေ ထွက်ခွာလာခဲ့ပြီးနောက် Bill & Melinda Gates Foundation ကနေတဆင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍများမှာ ဒေါ်လာ ဘီလီယံပေါင်းများစွာ ထောက်ပံ့ပေးလှူ နေခဲ့သူလည်း ဖြစ်ပါတယ်။
အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည်
အာဆပ် ဆင်းပေးဖို့ အမေရိကန် တူရကီ ဖိအားပေးမည်
ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးကနေဆင်းသွားအောင် ဆက်ပြီး ဖိအားပေးသွားဖို့အတွက် အမေရိကန်သမ္မတ Barack Obama နဲ့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan တို့က သဘောတူ ခဲ့ကြပါတယ်၊ သမ္မတအာဆတ်အနေနဲ့ အသွင်ကူးပြောင်းရေးအုပ်စုကို အာဏာလွှဲပြောင်းပေး သင့်တယ် ဆိုတာကို သူနဲ့ တူရကီဝန်ကြီးချုပ်တို့ သဘောတူခဲ့ကြတယ် လို့ အိမ်ဖြူတော်မှာ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာသမ္မတအိုဘားမားကပြောခဲ့ပါတယ်။
ကာကွတ်မြို့ ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား
အီရတ်နိုင်ငံ မြောက်ပိုင်းက ကာကွတ်မြို့နဲ့ ဘဂ္ဂဒက်မြို့တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ဘာသာရေး အုပ်စုကွဲတွေကြား အခြေအနေ တင်းမာမှု တိုးလာနေတဲ့ ကာကွတ်မြို့မှာ ရှီးအိုက် ဗလီကျောင်း တခုကို အသေခံ ဗုံးခွဲသမားက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူရှစ်ယောက် သေဆုံးခဲ့ပါတယ်။ဘဂ္ဂဒက်မြို့က ရှီးယား မွတ်ဆလင်တွေ အများစု နေထိုင် ရာ ဒေသမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားခဲ့ပါတယ်။ အီရတ်နိုင်ငံမှာရှီးယားမွတ်ဆလင်တွေဦးဆောင်တဲ့အစိုးရနဲ့လူနည်းစုဆွန်နီမွတ်ဆလင် ခေါင်းဆောင်တွေကြား ကာလရှည်ကြာ နိုင်ငံရေးအာဏာလုမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဘာသာရေး အုပ်စု ကွဲတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြင်းထန်လာ ခဲ့ပါတယ်။
BBC Burmese
ကာကွတ်မြို့ ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား
Friday, May 17, 2013
အီရတ်နိုင်ငံ မြောက်ပိုင်းက ကာကွတ်မြို့နဲ့ ဘဂ္ဂဒက်မြို့တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
ဘာသာရေး အုပ်စုကွဲတွေကြား အခြေအနေ တင်းမာမှု တိုးလာနေတဲ့ ကာကွတ်မြို့မှာ ရှီးအိုက် ဗလီကျောင်း တခုကို အသေခံ ဗုံးခွဲသမားက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူရှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဘဂ္ဂဒက်မြို့က ရှီးယား မွတ်ဆလင်တွေ အများစု နေထိုင်ရာ ဒေသမှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့လို့ အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားခဲ့ပါတယ်။
အီရတ်နိုင်ငံမှာ ရှီးယား မွတ်ဆလင်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ လူနည်းစု ဆွန်နီ မွတ်ဆလင် ခေါင်းဆောင်တွေကြား ကာလရှည်ကြာ နိုင်ငံရေး အာဏာလုမှုတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ဘာသာရေး အုပ်စုကွဲတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့် ပြင်းထန်လာ ခဲ့ပါတယ်။
BBC Burmese
ဗုံးကွဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ Kirkuk မြို့
ဗုံးကွဲ တိုက်ခိုက်ခံရလို့ ပျက်စီးသွားတဲ့ Kirkuk မြို့
ဒေးဗစ်ဘက်ခမ်းဘောလုံး လောက က အနားယူတော့မည်
အင်္ဂလိပ်ဘောလုံးအကျော် အမော်၊ David Beckham က သူဘောလုံး ကစားတာကနေ အနားယူတော့မယ် လို့ ကြေညာလိုက် ပါတယ်၊ ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကြာကစားခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီအကုန်မှာ အနားယူတော့မယ်လို့ အသက် ၃၈ နှစ်အရွယ် ဘောလုံး အကျော်အမော်က ကြာသပတေးနေ့က ပြောလိုက်တာဖြစ်ပါတယ်။
ဆီးရီးယားမှာ ဓါတု လက်နက် သုံးကြောင်း ပိုခိုင်မာလာ
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရဲ့ အနောက်တောင် ပိုင်းမှာ ရှိတဲ့ ဆာရာကက်ဘ် မြို့ကို ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ သတင်းတွေကို ပိုခိုင်မာသွားစေတဲ့ မျက်မြင် သက်သေတွေရဲ့ ပြောဆိုချက်တွေကို ဘီဘီစီက ကြားသိခဲ့ရပါတယ်။အဆိပ်ဓါတ်ငွေ့တွေ ပါတဲ့ အနည်းဆုံး ဗုံးနှစ်လုံးလောက်ကို ဆီးရီးယား အစိုးရ ရဟတ်ယာဉ်တွေက ကြဲချခဲ့တယ်လို့ မျက်မြင်သက်သေတွေက အဲဒီ မြို့ကို သွားရောက်ခဲ့တဲ့ ဘီဘီစီသတင်းထောက်ကို ပြောပြကြပါတယ်။
Thursday, May 16, 2013
ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၇၅,၀၀၀ ကျော် ပေါ်ပေါက်ခဲ့
Thursday, May 16, 2013
နိုင်ငံခြားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အ တွင်း လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်း ၇၅,၀၀၀ ကျော် ရရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှမှ သိရသည်။
မုန်တိုင်း အားပျော့၊ ရခိုင်ဘက်ကို ၀င်ရောက်ရန် အခြေအနေ နည်းပါးသွား
Thursday, May 16, 2013
မဟာဆန်မုန်တိုင်းမှာတဖြည်းဖြည်းအားပျော့သွားပြီး မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင်တွင်စိုးရိမ်လောက် သည့် အနေအထားတွင် မရှိတော့ကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးဇလဗေဒက ယနေ့ နေ့လည် ၁ နာရီ ၃၀တွင် သတင်း ထုတ်ပြန်သည်။ မုန်တိုင်းသည် မိုးအကြီးအကျယ် ရွာသွန်းမူကြောင့် အားပျော့သွားခဲ့ကြောင်း၊ ယနေ့နံနက်က အင်အား အကောင်းဆုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ ယခုအခါ န၀ါခါလီမြို့နှင့် စစ်တကောင်းးမြို့ကို ဦးတည်နေကြောင်း ပြောဆိုသည်။
ရန်ကုန် ဘတ်စ်ကားလိုင်း စနစ်များ ပြင်မည်
Thursday, May 16, 2013
ရန်ကုန်မြို့တွင်း နေ့စဉ် သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေရန်အတွက် ဘတ်စ်ကားလိုင်းများ လက်ရှိပြေး ဆွဲနေသော စနစ်ကို ပြန် လည်ပြင်ဆင် သွားမည်ဖြစ်ကြောင်း အသစ်ဖွဲ့စည်းလိုက်သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့(Yangon City Public Transport Authority-YCPTA)က ပြောသည်။“ကျစ်လျစ်တဲ့ ယာဉ်လိုင်းစနစ်ဖြစ်အောင် ပြန်ပြင်မယ်၊ လိုင်းတွေ ပြန်သန့်မယ်၊ ကုမ္ပဏီပိုင်၊ အဖွဲ့အစည်းပိုင် စနစ်မျိုးနဲ့သွားမယ်၊ ပိုင်ဆိုင်မှု စုစည်းတာမျိုး၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို လစာပေးတဲ့စနစ်နဲ့ သွားတာမျိုးဖြစ်နိုင်အောင် လုပ်ဖို့ အစီအစဉ် တွေရှိပါတယ်၊
Tuesday, May 14, 2013
ဘူးသီးတောင်မှာ တစ်အိမ်တက်တစ်အိမ်ဆင်း မုန်တိုင်းအန္တရာယ်အသိပေးပြီ
စစ်တွေ၊မေလ-၁၃ မဟာစင်မုန်တိုင်းဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မှာ မုန်တိုင်း အန္တရာယ်ကိုတစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံအသိပေးနေပြီလို့ဘူးသီးတောင်နေဒေသခံအချို့ထံကသိရ ပါတယ်။“ရေကြောင်းသွားလာရေးတွေကို ရပ်နားထားဖို့ရှိနေတယ်၊ ကယ်ဆယ်ရေးစခန်းတွေကိုလည်း စာသင်ကျောင်းတွေနဲ့ဘုန်းကြီးကျောင်း၊မုန်တိုင်းဒဏ်ခံနိုင်တဲ့နေရာတွေမှာကြိုတင်ဖွင့်ထားတယ်၊ ရပ်ကွက် လှည့်ပြီး ခဏခဏလည်းကြေညာပေးနေတယ်”လို့ ဒေသခံဦးဇော်ဝင်းကပြောပါတယ်။
နှစ်ကတ်တွဲနဲ့  အပြတ်ကဲနိုင်ဖို့  View Sonic ရဲ့  View Pad 7D Tab (Dual Sim)
My Blog List