Thursday, January 23, 2020

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပေးရန် အချိုရည်စက်ရုံ လုပ်သားများဆန္ဒပြ

Image may contain: 7 people, people standing and outdoorImage may contain: 4 people, people standing and outdoor

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းရန် လုပ်ဆောင်မှုအပေါ် ခြိမ်းခြောက်သည်ဟုဆိုကာ ပုလိပ်မြို့အနီးရှိ EABC (Europe & Asia Beverages Co,Ltd )အချိုရည်စက်ရုံမှ အလုပ်သမားများက စက်ရုံရှေ့တွင် ယနေ့ (ဇန်နဝါရီ ၂၃) ဆန္ဒပြခဲ့ကြသည်။

ယင်းအချိုရည်စက်ရုံမှာ Asia, Lion, Fire Dragon စသဖြင့် အချိုရည်တံဆိပ်မျိုးစုံကို ထုတ်လုပ် ဖြန့်ချိနေခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့အစည်း လွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေးအပါအဝင် အချက်(၈)ချက်ကို တောင်းဆိုခဲ့ကြသည်။
"မနေ့ညက သမဂ္ဂမှာပါသူတွေကိုခေါ်ယူပြီး မင်းတို့သမဂ္ဂမှာဝင်ရင် ရာထူးမတိုးတော့ဘူး။ ခံစားခွင့်တွေမရတော့ဘူးဆိုပြီး ခြိမ်းခြောက်လက်မှတ်တွေ အတင်းထိုးခိုင်းတယ်" ဟု အဆိုပါအချိုရည်စက်ရုံမှ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ကိုသော်ဇင်အောင်က ပြောသည်။
ဆန္ဒပြရာသို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများမှ လာရောက် ညှိနှိုင်းခဲ့ပြီး ပြေလည်မှုရရှိခဲ့သည်။
ဆန္ဒထုတ်ဖော်သူများ တောင်းဆိုသည့် အဖွဲ့အစည်း ဖွဲ့စည်းခွင့်ကို ကုမ္ပဏီဘက်မှ သဘောတူကြောင်း ယင်းစက်ရုံ၏ HR မန်နေဂျာ ဦးနေလင်းဦးက ဆန္ဒပြအလုပ်သမားများကို ပြောဆိုခဲ့သည်။
ယင်းကြောင့် ဆန္ဒဖော်ထုတ်မှုကို အလုပ်သမားများက ယနေ့နံနက် ၁၁ နာရီခန့်တွင် ရပ်ဆိုင်းခဲ့သည်။
"လောလောဆယ်တော့ သမဂ္ဂလွတ်လပ်စွာဖွဲ့ခွင့်ရရေးပေါ့။ နောက်ထပ်အခြားအချက်တွေ ညှိနှိုင်းသွားအုံးမှာပါ" ဟု ကိုသော်ဇင်အောင်ကပြောသည်။
အဆိုပါစက်ရုံတွင် အလုပ်သမား ၅၀၀ ကျော်ရှိပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၇၄ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း ကိုသော်ဇင်အောင်က ဆက်ပြောသည်။
Image may contain: 12 people
Image may contain: 2 people, outdoor and closeup
ခင်နှင်းဝေ / Myanmar Now

No comments:

Post a Comment

My Blog List