Saturday, January 12, 2013

သနပ်ခါးခိုးသူများ အတင့်ရဲနေ

Photo: သနပ်ခါးခိုးသူများ အတင့်ရဲနေ
Friday, 11 January 2013

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ  အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူ များအတင့်ရဲလျက်ရှိရာ (၆.၁.၁၃)  ရက်နေ့က ကန်ယာကောင်းကျေး ရွာနေဦးအေးမြင့်၏ အကျယ် (၄) ဧကခန့်ကျယ်ဝန်းသောသနပ်ခါး ခင်းမှ ခိုးယူခံရကြောင်း သိရသည်။ 

“သနပ်ခါးပင် (၃၈) ပင်ပါ။  ကြိတ်နှုန်းထွက်ရင် (၁) ပင်ငါးထောင်နှုန်း
တန်ပေါ့။ သောင်းကျော်  တန်အပင်တွေလည်းပါတယ်။ (၂) ည
ဆက်တိုက်အဖွဲ့လိုက်ခုတ် တာပါ”ဟု ဦးအေးမြင့်ကပြောပြသည်။

ပြီးခဲ့သော ၂၀၁၂ နိုဝင်ဘာ လကတည်း ရွာနှင့် (၃) ဖာလုံခန့်  သာဝေးသော ဦးဘယူသနပ်ခါး ခင်းမှ စုပေါင်း၊ ငါးသိန်းကျော်ခန့် တန်ဖိုးရှိအပင်ကြီး (၁၁) ပင် အခိုး ခံရပြီးမကြာခဏခိုးယူခံရမှုကြောင့်  ကန်ယာကောင်းကျေးရွာမှ သနပ် ခါးအခိုးခံရသူပိုင်ရှင်ဆယ်ဦးထက် မနည်းရှိနေကြောင်း သိရသည်။

တစ်နှစ်ထက်တစ်နှစ်သနပ် ခါးသူခိုးများအတင့်ရဲလာမှုကြောင့် ရွာနှင့်
အလှမ်းဝေးသောသနပ်ခါး  ခင်းများကို စိတ်တိုင်းကျရောင်း  တန်းဝင်
များဖြစ်အောင် မထားရဲ   ကြတော့ပဲ ရောင်းချနေကြရကြောင်း 
သနပ်ခါးများ ထပ်မံစိုက်ပျိုးဖို့မ၀ံ့ မရဲဖြစ်ရပြီး ဘယ်နေ့ကိုယ့်အခင်း ထဲက အပင်အခိုးခံရမလဲဆိုတာ နေ့စဉ်နဲ့ အမျှရင်တမမနဲ့ဖြစ်နေရ ကြောင်း ရွာသူရွာသားများကပြောပြ၍ သိရသည်။

 
မောင်နွေဦး(မြိုင်)
ွှThe Hot News

မကွေးတိုင်းဒေသကြီး၊ မြိုင် မြို့နယ်၊ ကန်ယာကောင်းကျေးရွာ အနီးဝန်းကျင်တွင် သနပ်ခါးခိုးသူ များအတင့် ရဲလျက်ရှိရာ (၆.၁.၁၃) ရက်နေ့က ကန်ယာကောင်းကျေး ရွာနေဦးအေးမြင့်၏ အကျယ် (၄) ဧကခန့် ကျယ်ဝန်းသောသနပ်ခါး ခင်းမှ ခိုးယူခံရကြောင်း သိရသည်။

“သနပ်ခါးပင် (၃၈) ပင်ပါ။ ကြိတ်နှုန်းထွက်ရင် (၁) ပင်ငါးထောင်နှုန်းတန်ပေါ့။ သောင်းကျော် တန်အပင်တွေ လည်းပါတယ်။ (၂) ညဆက်တိုက်အဖွဲ့လိုက်ခုတ် တာပါ”ဟု ဦးအေးမြင့်ကပြောပြသည်။ပြီးခဲ့သော ၂၀၁၂ နိုဝင်ဘာလကတည်း ရွာနှင့် (၃) ဖာလုံခန့် သာဝေးသော ဦးဘယူသနပ်ခါး ခင်းမှ စုပေါင်း၊ ငါး သိန်းကျော်ခန့် တန်ဖိုးရှိအပင်ကြီး (၁၁) ပင် အခိုး ခံရပြီးမကြာခဏခိုးယူခံရမှုကြောင့် ကန်ယာကောင်းကျေး ရွာမှ သနပ် ခါးအခိုးခံရသူပိုင်ရှင်ဆယ်ဦးထက် မနည်းရှိနေကြောင်း သိရသည်။

Friday, January 11, 2013

ပြည်ပတင်ပို့ရောင်းချမည့်နွားများကို အထူးအဖွဲ့ဖြင့် စစ်ဆေးပေးမည်ဟုသိရ

Photo: ပြည်ပတင်ပို့ရောင်းချမည့်နွားများကို အထူးအဖွဲ့ဖြင့်
စစ်ဆေးပေးမည်ဟုသိရ
Friday, 11 January 2013

အသားစားနွားများမွေးမြူသူ များအနေဖြင့် နွားအရှင်နှင့် အသား  များကို ပြည်ပနိုင်ငံများသို့ ရောင်း ချနိုင်ရန်အတွက် အထူးအဖွဲ့များ က တိရစ္ဆာန်အစားအစာကျွေးမွေး  မှုပုံစံနှင့် ရောဂါကင်းမကင်းကို မသတ်ဖြတ်မီစမ်းသပ်စစ်ဆေးမှု များပြုလုပ်၍ ရောဂါကင်းရှင်းမှသာ
သတ်ဖြတ်ခွင့်ပေးမည်ဟု သိရသည်။

နွားမွေးမြူထားသူများကလည်း   ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် စနစ်တကျမွေးမြူထားကာကျန်းမာ ရေးစောင့်ရှောက်မှုများကိုလည်း လုပ်ထားပြီး ပြည်ပနိုင်ငံများမှ ၀ယ်ယူမည့်သူများနှင့် လည်းချိတ် ဆက်ထား၍ ပြည်ပသို့တင်ပို့ရောင်း  ချနိုင်ရန် အဆင်သင့်ဖြစ်နေပြီဆိုပါ က မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက အထူးအဖွဲ့ဖွဲ့ပြီးဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့်အမဲသားများတွင် ခွာနာလျှာနာမကင်းကြောင်း  တွေ့ရှိရသဖြင့် အမဲသားတင်ပို့မှု ကို ဇူလိုင်လလယ်ပိုင်းကစတင်ပြီး ရပ်ဆိုင်းထားခဲ့ကြောင်း၊ ခွာနာလျှာ နာကင်းရှင်းသည့်ဒေသများနှင့် ရောဂါကျရောက်မှုလုံးဝမဖြစ်သည့် 
ဒေသများမှ မွေးမြူရေးနွားများကို  လက်ခံဝယ်ယူမည်ဆိုပါက ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်သြဘာ
The Hot News

အသားစားနွားများမွေးမြူသူ များအနေဖြင့် နွားအရှင်နှင့် အသား များကို ပြည်ပနိုင်ငံများသို့ ရောင်း ချနိုင်ရန်အတွက် အထူးအဖွဲ့များ က တိရစ္ဆာန်အစားအစာကျွေးမွေး မှုပုံစံနှင့် ရောဂါကင်းမကင်းကို မသတ်ဖြတ်မီစမ်းသပ်စစ်ဆေးမှု များပြုလုပ်၍ ရောဂါကင်းရှင်းမှသာသတ်ဖြတ်ခွင့်ပေးမည်ဟု သိရသည်။

(၆)ကြိမ်မြောက် အင်ဂျင်နီယာနည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲတွင် နည်းပညာပြခန်း ၅၁ ခန်းပြသမည်

Photo: (၆)ကြိမ်မြောက် အင်ဂျင်နီယာနည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲတွင် နည်းပညာပြခန်း ၅၁ ခန်းပြသမည်
Friday, 11 January 2013

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ကြီးမှူးပြုလုပ်မည့် (၆) ကြိမ်မြောက် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲနှင့် စာတမ်းဖတ်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၁ ရက် မှ ၁၄ ရက်နေ့အထိ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း တက္ကသိုလ်များ လှိုင်နယ်မြေတွင်  ပြုလုပ်မည်ဖြစ်ပြီး နည်းပညာပြခန်း ၅၁ ခန်း ပါဝင်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နှစ်ပတ်လည် အသင်းသားစုံ
ညီလာခံနှင့် အာဆီယံအင်ဂျင်နီယာဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ပွဲကို ဂုဏ်ပြုသောအားဖြင့် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲကို အစီအစဉ်များစွာဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် စက်မှုထုတ်ကုန်များ၊ ဆောက်လုပ်ရေးနှင့် အိမ် အလှဆင်ပစ္စည်းများ၊ စက်နှင့် စက်ပိုင်းဆိုင်ရာ အပိုပစ္စည်းများ၊    
Electronic ပစ္စည်းများ၊ အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်
ပစ္စည်းများ၊စာအုပ်များ၊ပညာရေးဝန်ဆောင်မူနှင့် လေ့ကျင့်ရေး သင်တန်းကျောင်းများ၊ စာတမ်းဖတ်ပွဲများ ဖတ်ကြား  ခြင်း၊ TECH 
Quiz!  ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပခြင်းနှင့် ပွဲအမှတ်တရ ပစ္စည်းများ ရောင်းချခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

''ဒီပွဲမှာ အင်ဂျင်နီယာ နည်းပညာဆိုင်ရာတွေကို လေ့လာနိုင်မယ့်အပြင် ထုတ်ကုန်ပစ္စည်းမျိုးစုံကို လည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်'' ဟု မျိုးဆက်သစ် အင်ဂျင်နီယာအသင်းမှ  ကိုကျော်သီဟက ပြောပြခဲ့သည်။

ယခုပြပွဲကို အင်ဂျင်နီယာ ကျောင်းသားများ အများအပြား စိတ်ဝင်စား
လျက်ရှိပြီး TECH  Quiz!  ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲတွင်  မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ် အသီးသီးမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်
ကျောင်းများ၏ ကျောင်းသားကျောင်းသူများထံမှ သိရသည်။

ယင်းနည်းပညာဆိုင်ရာ ပြခန်းတွင် ယခုနှစ်ကို ပြခန်းပေါင်း ၅၁ ခန်းဖြင့် ပြသမည်ဖြစ်ဲပြီး ၂၀၁၂ ခုနှစ်တွင် ၈၃ ခန်း၊ ၂၀၁၁ ခုနှစ်တွင် ၁၂ခန်းဖြင့် ပြသခဲ့ကြောင်း သိရသည်။

Eleven Media Groupမြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ကြီးမှူးပြုလုပ်မည့် (၆) ကြိမ်မြောက် အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ထုတ်ကုန်ပြပွဲနှင့် စာတမ်းဖတ်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၁ ရက် မှ ၁၄ ရက်နေ့အထိ လှိုင်မြို့နယ် ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း တက္ကသိုလ်များ လှိုင်နယ်မြေ တွင် ပြုလုပ်မည်ဖြစ်ပြီး နည်းပညာပြခန်း ၅၁ ခန်း ပါဝင်ပြသ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာနှင့်အရွယ်အစားတူ ဂြိုဟ်ပေါင်း ၁၇ ဘီလျံမျှရှိနေ

Photo: ကမ္ဘာနှင့်အရွယ်အစားတူ ဂြိုဟ်ပေါင်း ၁၇ ဘီလျံမျှရှိနေ
Friday, 11 January 2013

နက္ခတ်ဗေဒ ပညာရှင်များက စကြာဝဠာထဲတွင် ကမ္ဘာဂြိုဟ်နှင့် အရွယ်အစား တူညီသော ဂြိုဟ်ပေါင်း (၁၇)ဘီလျံမျှ ရှိနေကြောင်း ပြောကြားလိုက်သည်။ ပျမ်းမျှအားဖြင့် နေအဖွဲ့အစည်း (၆)ခုရှိတိုင်း (၁)ခုတွင် အနည်းဆုံး 
ကမ္ဘာနှင့် ရွယ်တူ ဂြိုဟ်တစ်လုံး လှည့်ပတ်နေလေ့ ရှိရာ နဂါးငွေ့တန်းကြီး တစ်ခုလုံးစာတွင် ယင်းအရွယ်အစား ဂြိုဟ်ပေါင်း (၁၇)ဘီလျံမျှ ရှိနေမည်ဟု Kepler နက္ခတ်တာရာကြည့် မှန်ပြောင်းဖြင့် လေ့လာဆန်းစစ်မှုများ
ပြုလုပ်နေသော သုတေသီများက ရှင်းလင်း ပြောဆိုခဲ့သည်။

Keplerအဖွဲ့သည် နောက်ထပ် ဂြိုဟ်သစ် (၄၆၁)လုံးကိုဖော်ထုတ်နိုင်ခဲ့
သည့် နောက်တွင် စုစုပေါင်း ဂြိုဟ်အရေအတွက် (၂၇၄၀)မျှထိ ရှာဖွေထားနိုင်ပြီး ဖြစ်သည်။ အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များ
တွေ့ဆုံမှု အခမ်းအနားကို ကယ်လီဖိုးနီးယားတွင် ပြုလုပ်ခဲ့ရာ၌ ယင်းတွေ့ရှိချက်ကို Keplerအဖွဲ့က တင်ပြခဲ့ခြင်း ဖြစ်သည်။ 

Planet Myanmar Network

နက္ခတ်ဗေဒ ပညာရှင်များက စကြာဝဠာထဲတွင် ကမ္ဘာဂြိုဟ်နှင့် အရွယ်အစား တူညီသော ဂြိုဟ်ပေါင်း (၁၇)ဘီလျံမျှ ရှိနေကြောင်း ပြောကြားလိုက်သည်။ ပျမ်းမျှအားဖြင့် နေအဖွဲ့အစည်း (၆)ခုရှိတိုင်း (၁)ခုတွင် အနည်းဆုံး ကမ္ဘာနှင့် ရွယ်တူ ဂြိုဟ်တစ်လုံး လှည့်ပတ်နေလေ့ ရှိရာ နဂါးငွေ့တန်းကြီး တစ်ခုလုံးစာတွင် ယင်းအရွယ်အစား ဂြိုဟ်ပေါင်း (၁၇)ဘီလျံမျှ ရှိနေမည်ဟု Kepler နက္ခတ်တာရာကြည့် မှန်ပြောင်းဖြင့် လေ့လာဆန်းစစ်မှုများပြုလုပ်နေသော သုတေသီများက ရှင်းလင်း ပြောဆိုခဲ့သည်။

Keplerအဖွဲ့သည် နောက်ထပ် ဂြိုဟ်သစ် (၄၆၁)လုံးကိုဖော်ထုတ်နိုင်ခဲ့သည့် နောက်တွင် စုစုပေါင်း ဂြိုဟ် အရေအတွက် (၂၇၄၀)မျှထိ ရှာဖွေထားနိုင်ပြီး ဖြစ်သည်။ အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များတွေ့ဆုံ မှု အခမ်းအနားကို ကယ်လီဖိုးနီးယားတွင် ပြုလုပ်ခဲ့ရာ၌ ယင်းတွေ့ရှိချက်ကို Keplerအဖွဲ့က တင်ပြ ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

Thursday, January 10, 2013

ပြည်ထောင်စု လွှတ်တော်နာယက အမတ်များကို သတိပေး

Photo: ပြည်ထောင်စု လွှတ်တော်နာယက အမတ်များကို သတိပေး
Thursday, 10 January 2013

ယနေ့ကျင်းပ ပြုလုပ်သည့် ဆဌမ အကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ်များကို ခွင့်ပျက်ကွက်မှု မရှိစေရန် သတိပေး ပြောကြားလိုက်ကြောင်း နေပြည်တော် သတင်းထောက်က သတင်းပေးပို့သည်။

ယခု သုံးလနီးပါးကြာ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍရေး ကိစ္စရပ်များ ဆွေးနွေးရန် ရှိသောကြောင့် ယင်းသို့ သတိပေး ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပသော ပဉ္စမအကြိမ် အဆိုပါ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး ခွင့်ယူ ပျက်ကွက်ခဲ့ရာ အများဆုံးခွင့်ယူသည့် အမတ်ဦးရေ အဖြစ် စံချိန်တင်
ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ပြောကြားသည်။

The Voice Weeklyယနေ့ကျင်းပ ပြုလုပ်သည့် ဆဌမ အကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စား လှယ် များကိုခွင့်ပျက်ကွက်မှု မရှိစေရန်သတိပေးပြောကြားလိုက်ကြောင်း
 နေပြည်တော် သတင်းထောက်က သတင်းပေးပို့သည်။ယခုသုံးလနီး
  ပါးကြာ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ဘဏ္ဍရေး ကိစ္စရပ်များ ဆွေးနွေးရန် ရှိသောကြောင့် ယင်းသို့ သတိပေး ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်

Photo: ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်
Wednesday, January 09, 2013

ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်
လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော်က
ပြောသည်။

''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေး၊ ရွှေဘို၊ သပိတ် ကျင်း၊ မိုးကုတ် စသည့်နေရာများကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်များကြောင့် ရွှေကြောအသစ် များ
ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးသူတော်က ထပ်လောင်း ပြော သည်။

အသစ်တွေ့ရှိရသော ရွှေ ကြောနေရာများမှာ မြစ်ကြီးနား၊ ရွှေဘို၊ 
ကန့်ဘလူ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဂေါ်ဦးချောင်း ဒေသနှင့် ကချင်ပြည်နယ်ရှိ ဘုရား သုံးဆူအနီးဝန်းကျင် ဒေသများဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များ ရှာဖွေ တွေ့ရှိထားခြင်း သည်
ပြည်တွင်းရွှေဈေးကွက်ကို တည်ငြိမ် လာနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

''ရွှေကြောအသစ်တွေကနေ တူးဖော်ရေးလုပ်ငန်းတွေလည်းများ လာမယ်။ ရွှေအထွက်လည်း တိုး လာမယ်။ ဒါဟာပြည်တွင်းရွှေဈေး ကွက်တည်ငြိမ်ဖို့အကြောင်းတစ်ခုပါ ပဲ။ ပစ္စည်းရှားရင် ဈေးတက်မယ်။ ပစ္စည်းပေါရင် ဈေးကျမယ်။ ဒီ သဘောပါပဲ'' ဟု ၄င်းက ပြော သည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များကြောင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်လာနိုင်သကဲ့သို့ ရွှေလုပ် ငန်းရှင်အများစုမှာလည်း ယခုနှစ် သည် ရွှေဈေးနှုန်း တည်ငြိမ်၍ အဝယ်တိုးမည့်နှစ်ဟု ခန့်မှန်းထား ကြသည်။

၂ဝ၁၂ ခုနှစ်အတွင်း မြန်မာ့ ရွှေဈေးသည် နှစ်ဆန်းပိုင်း၌ ကျပ် ခုနစ်သိန်းအောက်တွင် ရှိခဲ့ရာမှ မတ်လဆန်းပိုင်းမှစတင်၍ မြန်မာ့ အခေါက်ရွှေဈေးသည် တစ်ကျပ် သားလျှင် ကျပ်ခုနစ်သိန်း အထက် သို့တက်လာခဲ့သည်။ ၄င်းနောက် ပိုင်း စက်တင်ဘာလဆန်းအထိ ကျပ်တစ်သောင်းဝန်းကျင်ခန့်သာ ရွှေဈေးအတက်အကျ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ဒုတိယအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေး နှုန်းမှာ ခုနစ်သိန်းရှစ်သောင်း အ ထက်သို့ တက်ခဲ့သည်။ 

အဆိုပါ ဈေးကြောင့် နှစ်ကုန်ပိုင်းတွင် ရွှေ ဈေး ရှစ်သိန်းအထိ
ရှိလာနိုင် ကြောင်း ရွှေလုပ်ငန်းရှင်အများစုက သုံးသပ်ကြသော်လည်း ယင်းဈေးမှ တစ်စစပြန်လည် ကျဆင်းလာပြီး နှစ်ကုန်ပိုင်း ရွှေဈေးနှုန်းသည် ခုနစ် သိန်း ငါးသောင်း ရှစ်ထောင်အထိ သာ ဈေးပေါက်ခဲ့ကြောင်း
ဈေးကွက်မှ သိရသည်။

ယနေ့ မြန်မာ့ရွှေပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆ဝ၅ဝဝ ဖြစ်၍ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၇၁၇၈ဝဝ ဖြစ် သည်။ ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၆၅၇ ဖြစ်ကြောင်း
ဈေးကွက်မှ သိရ သည်။

အိမ်စည်စိုးစံ၊ ရန်နိုင်
Popular Myanmar News Journalရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်
လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော် က ပြောသည်။ ''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည် အသင်း သားစုံညီအစည်း အဝေးတွင်ပြောသည်။

ဆင်ခြေဖုံးမြို့နယ်များတွင် အသုံးစရိတ် လိုအပ်ချက်အတွက် ဆံပင်ဖြတ် ရောင်းချမှုများပြား ဆံပင်များကို တရုတ်နိုင်ငံဘက်သို့ အများဆုံး ပြန်လည်ရောင်းချခြင်းဖြစ်

Photo: ဆင်ခြေဖုံးမြို့နယ်များတွင် အသုံးစရိတ် လိုအပ်ချက်အတွက် ဆံပင်ဖြတ်
ရောင်းချမှုများပြား ဆံပင်များကို တရုတ်နိုင်ငံဘက်သို့ အများဆုံး
ပြန်လည်ရောင်းချခြင်းဖြစ်
Wednesday, January 09, 2013

ရန်ကုန်မြို့အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များတွင် စားဝတ်နေရေး အခက်အခဲနှင့် အသုံးစရိတ် လိုအပ်ချက်ကြောင့် မိမိ၏ဆံပင်ကိုဖြတ်၍ 
ရောင်းချသူများ ပိုမိုများပြားလျက်ရှိနေကြောင်း ဆင်ခြေဖုံးမြို့နယ်များ
အတွင်းမှ စုံစမ်းသိရှိရသည်။

ဆံပင်အားဖြတ်၍ ရောင်းဝယ်သည့် ဈေးကွက်မှာ ယခင်နှစ်များကတည်းက
ရှိခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ရောင်းချသူများ ရှိနေဆဲဖြစ်ပြီး သိသာစွာ
လျော့ကျသွားမှု မရှိကြောင်း၊   လာရောက်ရောင်းချကြသည့် ဆံပင်များကို ဆံပင်အ၀ယ်ဒိုင်များမှ တစ်ဆင့် ကုန်သည်များက လာရောက်ဝယ်ယူကာ တရုတ်နိုင်ငံဘက်သို့ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆံပင်ဖြတ်ရောင်းမှုနှင့် ပတ်သက်၍ လှိုင်သာယာမြို့နယ်
အတွင်း နေထိုင်သူတစ်ဦးက ''ဆံပင် ဖြတ်ရောင်းတဲ့သူတွေက ဒီဘက်မှာ အများကြီးပဲရှိတယ်။ များသောအားဖြင့် ဈေးသည်၊ အထည်ချုပ်လုပ်သား
တွေနဲ့ ရပ်ကွက်ထဲက မပြေလည်ကြတဲ့သူတွေ ရောင်းတာများတယ်။ တစ်ချို့ကလည်း ဖြတ်ထားမှန်း မသိသာအောင် အလယ်အထဲက
နေပြီး ဖြတ်ရောင်းတဲ့သူတွေ တောင်ရှိတယ်'' ဟု ပြောပြခဲ့သည်။

အခြေအနေအမျိုးမျိုးကြောင့် ဆံပင်ဖြတ်ရောင်းသူများရှိသည့် နည်းတူ ဆံပင်အ၀ယ်ဒိုင်များလည်း များပြားစွာရှိနေကြောင်း ဆင်ခြေဖုံးမြို့နယ် အသီးသီးတွင် နေထိုင်သူများက ပြောပြကြသည်။

''ဆံပင်ဖြတ်ရောင်းပြီး ငွေသုံးလေးထောင် လောက်ရရင် ချေးထားတဲ့
နေ့သွင်းလေးပေးလိုက်၊ နောက်နေ့ဈေးရောင်းထွက်ဖို့ အရင်းငွေ
လေးရလိုက်နဲ့ လုပ်နေရတာပေါ့။ တစ်ခါတစ်လေ ဈေးရင်းဖို့မရှိလို့ သူများခေါ်ခိုင်းတဲ့ အောက်ခြေသိမ်း အလုပ်ကို လုပ်ရတယ်။ ဒီလိုလုပ်နေရင်းကနေ အလုပ်မရှိတဲ့ အချိန်ဆိုရင် စားဝတ်နေရေး
အတွက် လိုလာပြန်တော့ ဆံပင်ကိုပဲ ပြန်ဖြတ်ရောင်းပါတယ်''ဟု လှိုင်သာယာမြို့နယ်ရှိ ဆံပင်ဖြတ်ရောင်းလေ့ရှိသူတစ်ဦးက  ပြောပြခဲ့သည်။

ဆင်ခြေဖုံးမြို့နယ်များအတွင်း၌ ဆံပင်အ၀ယ်ဒိုင်များ များပြားစွာရှိနေပြီး တစ်ဆိုင်ချင်းတွင် လာရောက်ရောင်းချသည့် အရေအတွက်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျသွားပြီး လာရောက်ရောင်းချသူများမှာ အဓိက အားဖြင့် ကျန်းမာရေးပြဿနာနှင့် မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့် ရောင်းချခြင်းဖြစ်ကြောင်း အင်းစိန်မြို့နယ်အတွင်းရှိ ဆံပင်အ၀ယ်ဒိုင်တစ်ဆိုင်မှ သိရသည်။

''တစ်နေ့ကို ဆံပင်နှစ်ခေါင်း သုံးခေါင်းလောက်တော့ အလုပ်ဖြစ်တယ်။ လာရောင်းထားတဲ့ ဆံပင်တွေကို အလှပြင်ဆိုင်ကတွေကလဲ လာဝယ်ကြတယ်။ ကုန်သည်တွေဆိုရင်တော့ ဆံပင်အ၀ယ်ဒိုင်တွေမှာ လာဝယ်ပြီး တရုတ်ဘက်ကို အသွင်းများတယ်လို့တော့ သိရတယ်'' ဟု အင်းစိန်မြို့နယ်၊ ဂုံးတံတားအောက် ရှိ ဆံပင်အ၀ယ်ဒိုင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့သည်။

ဆံပင်အ၀ယ်ဒိုင်များမှ ဆံပင်ဝယ်ယူရာတွင် အနည်းဆုံး ၁၃ လက်မ
ရှည်သည့် ဆံပင်ကိုသာ ၀ယ်ယူကြပြီး ၁၀ ကျပ်သားလျင် ကျပ် ၁၅၀၀၀ ရရှိပြီး လာရောက် ရောင်းချသည့် ဆံပင်အကောင်းအဆိုးပေါ် မူတည်၍
လည်း ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိသည်ဟု သိရသည်။

အဆိုပါ အ၀ယ်ဒိုင်များမှ တစ်ဆင့်ကုန်သည်ကြီးများဆီသို့ ပြန်လည်
ရောင်းချသည့်ဈေးနှုန်းကိုမူ ပြောပြခြင်းမရှိပဲ အ၀ယ်ဒိုင်များ အနေဖြင့် တစ်နေ့လျင် အနည်းဆုံး ငွေ ၅၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်အထိ အမြတ်အစွန်း ရရှိကြကြောင်း သိရသည်။

Eleven Media Groupရန်ကုန်မြို့အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များတွင် စားဝတ်နေရေး အခက်အခဲနှင့် အသုံးစရိတ် လိုအပ်ချက်ကြောင့် မိမိ၏ဆံပင်ကိုဖြတ်၍
ရောင်းချသူများ ပိုမိုများပြားလျက်ရှိနေကြောင်း ဆင်ခြေဖုံးမြို့နယ်များ
အတွင်းမှ စုံစမ်းသိရှိရသည်။
ဆံပင်အားဖြတ်၍ ရောင်းဝယ်သည့် ဈေးကွက်မှာ ယခင်နှစ်များက တည်းကရှိခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ရောင်းချသူများ ရှိနေ ဆဲဖြစ် ပြီး သိသာစွာလျော့ကျသွားမှု မရှိကြောင်း၊ လာရောက်ရောင်းချကြသည့် ဆံပင်များကို ဆံပင်အ၀ယ်ဒိုင်များမှ တစ်ဆင့် ကုန်သည်များက လာရောက်ဝယ်ယူကာ တရုတ်နိုင်ငံဘက်သို့ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ် နှင့် မြစ်ကြီးနားလေဆိပ် များတွင် Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ

Photo: ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ် နှင့် မြစ်ကြီးနားလေဆိပ် များတွင်  Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ
Wednesday, January 09, 2013

မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့အနေဖြင့်မြန်မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံ
ထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ 
၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီး
မြောက်ဘက်သို့ တွင်းများ တူးပြီး camera ဖြင့် ကြည့်ရှု၍နည်းပညာ အကူအညီဖြင့် ရှာဖွေခဲ့ရာ လေယာဉ်မျာထည့်ထားသည်ဟု ယူဆရသော စုစုပေါင်း သစ်သား သေတ္တာ ၁၈ လုံးတွေ့ရှိခဲ့သည်။

ထို့ပြင် ၄င်းအဖွဲ့သည် ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ်တွင် အဆင့်မြင့် နည်းပညာသုံး ကရိယာများ အသုံးပြု၍ ရှာဖွေခဲ့ရာပင်မ လေယာဉ်
ပြေးလမ်း၏ အနောက်ဘက် ပြည်လမ်းဘက်ခြမ်းတွင် လေယာဉ်များ
ထည့်ထားသည့် သေတ္တာများ မြှုပ်နှံထားသည့် နေရာအား တွေ့ရှိခဲ့သည်။ ၄င်း တွေ့ရှိရသော လေယာဉ်ထည့်ထားသည့် သေတ္တာများအား စက်ကရိယာများအသုံးပြု၍ တူးဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြည်အတွင်း ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ်၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင်  ၆ စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု လေယာဉ်ရှာဖွေရေး အဖွဲ့က ယူဆထားသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဒုတိယကမ္ဘာစစ်တွင်းတွင် ဗြိတိန်
လေတပ်မတော်က အားထားရတဲ့ Spitfire တိုက်လေယာဉ်တော်တော်
များများကို ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ မြန်မာ့မြေပြင်အောက် လုံလုံခြုံခြုံ သိမ်းဖွက်သွားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိအချိန် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှု များမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါကအရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေ
ရှိသည်။

တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး လေယာဉ်
ရှာဖွေရေးအဖွဲ့ တွင် ဗြိတိသျှ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိခဲ့သည်။

လေယာဉ်များ ရှာဖွေမှုတွင် အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း၊ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း
ဖြစ်သည်။

Myanmar Online Newsမြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့အနေဖြင့်မြန်မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံ
ထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီးမြောက်ဘက်သို့ တွင်းများ တူးပြီး camera ဖြင့် ကြည့်ရှု၍ နည်းပညာအကူအညီဖြင့် ရှာဖွေခဲ့ရာ လေယာဉ်မျာထည့်ထားသည်ဟု ယူဆရသော စုစုပေါင်း သစ်သား သေတ္တာ ၁၈ လုံးတွေ့ရှိခဲ့သည်။

"ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင် သောကြောင့် စစ်ပွဲများ ဖြစ်နေရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သုံးသပ်"

Photo: "ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင် သောကြောင့် စစ်ပွဲများ ဖြစ်နေရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သုံးသပ်"
Wednesday, January 09, 2013

ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ နှင့် ပတ်သတ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များမအောင်မြင်
သောကြောင့် စစ်ပွဲများဆက်လက် ဖြစ်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသွားသည်။
"ဒီလိုမျိုးဖြစ်တယ်ဆိုတာ သဘောတူညီမှု မယူနိုင်လို့ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်လို့ စစ်တိုက်ရတာပေါ့နော်၊ အဲ့တော့ မအောင်မြင်ခြင်းရဲ့
အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ် အကြောင်းတရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ် ။ဘာဖြစ်လို့မရသလဲ ဘာဖြစ်လို့ စစ်တိုက်တဲ့အထိဖြစ်ရ
သလဲ၊ အဲ့ဒီအကြောင်းတွေကို သေသေချာချာ စီစစ်ပြီး ဒါပြန်ပြုပြင်နိုင်မှာပေါ့ နောက် ရိုးရိုးလေး တွေးမယ်ဆိုရင်တော့ စကားပြောလို့မရလို့ စစ်တိုက်တယ်ဆို
တဲ့သဘောရှိတာပေါ့၊"
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ၄င်းအနေဖြင့် လွှတ်တော် တွင် လုပ်သင့်လုပ်ထိုက်သော အခြေအနေများကို လေ့လာ ဆုံးဖြတ်သွားရမည် ဖြစ်ကြောင်းဆက်လက်ပြောကြားသည်။
" ဒါမှမဟုတ် စကားပြောပြီးမဖြေရှင်းချင်လို့ တိုက်တယ်ဆိုတဲ့ သဘောရှိတာပေါ့ အဲဒီတော့ ဒါဘယ်ဟာလဲ ဆိုတာကို သေချာ လေ့လာဖို့
လိုတာပေါ့၊အန်တီကတော့ ဖိအားပေးတယ်ဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်ဘူး ဖိအားပေးတာ မပေးတာ ဆိုတာ အဓိက မဟုတ်ဘူးလုပ်သင့်လုပ်ထိုက်တာကို
လုပ်တာ အဓိကပဲ လွှတ်တော်အနေနဲ့ ဘာလုပ်သင့်တယ်ဆိုတာကိုဆုံးဖြတ်ပြီးမှ လမ်းစဉ်ချရမှာပေါ့"ဟုဆိုသည်။
ယနေ့လွှတ်တော် အစည်းအဝေးတက်ရောက်လာသော တိုင်းရင်းသားကိုယ်စားလှယ်များမှလည်း ကချင် ပြည်နယ် အရေး နှင့် ပတ်သတ်၍.အရေးကြီးအဆိုတင်
သွင်းလာပါက ထောက်ခံ ဆွေးနွေးသွားရမည် ဖြစ်ကြောင်းပြောကြားသွားသည်။ah/sn

Popular Myanmarကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ နှင့် ပတ်သတ် ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များမအောင်မြင်သောကြောင့် စစ်ပွဲများ ဆက်လက် ဖြစ်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြော ကြားသွားသည်။"ဒီလိုမျိုးဖြစ်တယ်ဆိုတာ သဘောတူညီမှု မယူနိုင်လို့ တစ်ဦးနဲ့ တစ်ဦးနဲ့ ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်လို့ စစ်တိုက်ရ တာပေါ့နော်၊ အဲ့တော့ မအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းရာတွေကို စုံစမ်းရမယ် အကြောင်းတရားတွေကို သိမှ ဒီဟာကို ဖြေရှင်းလို့ရမယ် ။ဘာဖြစ်လို့မရသလဲ ဘာဖြစ်လို့ စစ်တိုက်တဲ့အထိဖြစ်ရသလဲ၊

၂၀၁၂အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ၈၀ကျော်ရှိ

Photo: ၂၀၁၂အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ၈၀ကျော်ရှိ
Wednesday, January 09, 2013

ရထားတိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူဦးရေမှာ 
ဒဏ်ရာရသူဦးရေထက် ပိုများကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသတင်း
ထုတ်ပြန်သည်။

တစ်နှစ်တာအတွင်း ရထားတိုက်မှု အကြိမ် ၁၅၀ ခန့် ဖြစ်ပွားခဲ့ရာမှ
သေဆုံးသူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၆၀ကျော်ရှိကာ အမျိုးသားဦးရေ ပိုများခဲ့သည်။

ဧပြီလအတွင်း ရထားတိုက် သေဆုံးမှုအများဆုံး ဖြစ်ပွားခဲ့ပြီး သုံးသပ်ချက်များအရ ညအချိန်ထက် နေ့အချိန်တွင် ပို၍များပြားခဲ့သည်။

မီးရထားရဲတပ်ဖွဲ့အပိုင် နယ်မြေအတွင်း အများပြည်သူ လုံခြုံရေး
အတွက် ဆောင်ရွက်နေသော်လည်း သောက်စားမူးယစ်ပြီး ရထားလမ်းပေါ် အိပ်နေခြင်း၊ ကျွဲ ၊ နွားများ ကျောင်းနေစဉ် အိပ်ပျော်နေခြင်း၊ ညအချိန်
ရထားလမ်းပေါ်၌ စုံတွဲများချိန်းတွေ့နေစဉ် တိုက်မိသေဆုံးခြင်းများ အများဆုံးဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လွှင့်တင်
ထားသည့် “ရဲဇာနည်” ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ရထားနှင့် ဆက်စပ်မှုခင်းများအဖြစ် ရထားစီးခရီးသည်များအား ခဲဖြင့်ပေါက်မှုများလည်းရှိနေပြီး၊ ခရီးသည်အား မိတ်ဖွဲ့ပြီး အရက်၊ အချိုရည်၊ လက်ဖက်ရည်တို့တွင် ဆေးခတ်တိုက်ကျွေးကာ ပစ္စည်းခိုးယူမှုများ
လည်း ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

7Day News Journalရထားတိုက်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း သေဆုံးသူဦးရေမှာ ဒဏ်ရာ ရသူဦးရေထက် ပိုများကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသတင်း
ထုတ်ပြန်သည်။
တစ်နှစ်တာအတွင်း ရထားတိုက်မှု အကြိမ် ၁၅၀ ခန့် ဖြစ်ပွားခဲ့ရာမှသေ ဆုံး သူ ၈၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၆၀ကျော်ရှိကာ အမျိုးသား ဦးရေ ပိုများခဲ့သည်။

မိုးကုတ်ပတ္တမြားလုပ်ကွက်တစ်ခုတွင် ကျောက်တွင်းပြိုကျ၍ လူငါးဦး ပွဲချင်းပြီးသေ

Photo: မိုးကုတ်ပတ္တမြားလုပ်ကွက်တစ်ခုတွင် ကျောက်တွင်းပြိုကျ၍ လူငါးဦး ပွဲချင်းပြီးသေ
Wednesday, January 09, 2013

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် တူးဖော်လျက်ရှိသော ပတ္တမြားလုပ်ကွက်တစ်ခု၌ ဇန်န၀ါရီလ ၃ ရက်က ကျောက်တွင်းပြိုကျ၍ လူငါးဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းက အတည်ပြုပြောကြားသည်။

မိုးကုတ်မြို့စွန်တွင် တူးဖော်လုပ်ကိုင်လျက်ရှိသော လျှန်ရှမ်းကုမ္ပဏီပိုင် လုပ်ကွက်တစ်ခု၌ တွင်းဟောင်းတွင် ကျန်ရှိနေသောရေများ ပေါက်ကျရာမှ နံဘေးတွင်း၌ လုပ်ငန်းခွင်ဝင်နေသော အလုပ်သမားများထံသို့ ရေများ
ဝင်ရောက်လာပြီး ရေမွန်းကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျဒုရဲအုပ်က ဖုန်းမှတစ်ဆင့် ပြောကြားသည်။

ညတွင်းချင်းပင် ဆေးရုံသို့ အလောင်းငါးလောင်းရောက်ရှိလာပြီး ဒဏ်ရာရရှိသူတစ်ဦး ပါဝင်လာကြောင်း မိုးကုတ်မြို့နယ်ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာမောင်မောင်ဇင်က ပြောသည်။

“ဒဏ်ရာရရှိသူမရှိဘူး။ ရွှံ့တွေဖုန်တွေ ထပ်နေတာပဲရှိတယ်။
ရေပေါက်သွားတော့ ရေမွန်းပြီး ဆုံးသွားရတာ” ဟုအဆိုပါဆရာဝန်က
ပြောသည်။

သေဆုံးသွားသူများမှာ ကျောက်ပုတ်ရွာမှ သုံးဦး၊ လယ်ဦးရပ်ကွက်မှ 
တစ်ဦး၊ ဒီပဲယင်းမြို့နယ်မှ တစ်ဦးဖြစ်ပြီး သေဆုံးသွားသူအားလုံးမှာ အမျိုးသားများဖြစ်ကြောင်း မိုးကုတ်မြို့နယ်ကျောက်ထပ် ရွာဒေသခံ ကိုကျော်စွာလင်းက ပြောသည်။

“တွင်းကအနက်ကြီးဆိုတော့ ရေအားနဲ့ရိုက်ပြီး ပြန်တက်ဖို့လည်း ခက်တယ်လေ။ အားလုံးရေမွန်း ပြီးဆုံးကုန်တာ” ဟု ၎င်းက
ပြောသည်။ သေဆုံးသွားသူများအတွက် ကုမ္ပဏီမှလျော်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၃၅ သိန်းစီ ပေးအပ်သွားမည်ဖြစ်ကြောင်း
လျော်ကြေးကိစ္စများအတွက် လိုက်လံညှိနှိုင်းဆောင်ရွက်ပေးသူ
ရေပူဆရာတော်က မိန့်ကြားသည်။

သေဆုံးသွားသူများမှာ လုပ်ငန်းအတွေ့အကြုံနုနယ်ပြီး ကျောက်ကောင်း
ရရှိရန်သာ စိတ်အားထက်သန်နေခြင်းကြောင့် အန္တရာယ်ကို ကြိုတင်
မမြင်နိုင်ဘဲ ယခုကဲ့သို့ ဆုံးပါးသွားရခြင်းဖြစ်သည်ဟု လျှန်ရှမ်း ကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်နေသည့် အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးက
ပြောသည်။

7Day News က လျှန်ရှမ်းကုမ္ပဏီသို့ လေးရက်တိုင်တိုင် ဖုန်းဖြင့်
ဆက်သွယ်မေးမြန်းသော်လည်းတာဝန်ယူဖြေကြားပေးမည့်သူ လတ်တလောမရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။

7Day News Journalမန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် တူးဖော်လျက်ရှိသော ပတ္တမြားလုပ်ကွက်တစ်ခု၌ ဇန်န၀ါရီလ ၃ ရက်က ကျောက်တွင်းပြိုကျ၍ လူငါးဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မိုးကုတ်မြို့နယ် ရဲစခန်းက အတည်ပြုပြောကြားသည်။
မိုးကုတ်မြို့စွန်တွင် တူးဖော်လုပ်ကိုင်လျက်ရှိသော လျှန်ရှမ်းကုမ္ပဏီပိုင် လုပ်ကွက်တစ်ခု၌ တွင်းဟောင်းတွင် ကျန်ရှိနေသောရေ များ ပေါက်ကျ ရာမှ နံဘေးတွင်း၌ လုပ်ငန်းခွင်ဝင်နေသော အလုပ်သမားများထံသို့ ရေများဝင်ရောက်လာပြီး ရေမွန်းကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မိုးကုတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်က ဖုန်းမှတစ်ဆင့် ပြောကြားသည်။

မြန်မာ့စီးပွားရေးကဏ္ဍသစ်အတွက် ဂျပန်အစိုးရ တွန်းအားပေး

Photo: မြန်မာ့စီးပွားရေးကဏ္ဍသစ်အတွက် ဂျပန်အစိုးရ တွန်းအားပေး
Wednesday, January 09, 2013

ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာပြီးနောက် မစ္စတာ
ကာရိုအာဆိုသည် ပြည်တွင်းအရေးကြီးကိစ္စများကို ဘေးချ၍ မြန်မာနိုင်ငံသို့ ခရီးထွက်ကာ အထူးစီးပွားရေးဇုန်တည်ဆောက်မည့် ဒေသတစ်ခုအား လည်ပတ်ရင်း မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးအကူအညီများ ထပ်မံပေးအပ်ရန် အတည်ပြုပြောကြားသည်။

ယင်းမှာ ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သူ မစ္စတာတာရိုအာဆို၏ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အသက် ၇၂ အရွယ် မစ္စတာတာရိုအာဆိုသည်
သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့တွင် အရေးပါသော ၀န်ကြီးများနှင့်
တွေ့ဆုံဆွေးနွေးခဲ့သည်။

ဂျပန်နိုင်ငံက ကြွေးမြီယန်းငွေ ၅၀၀ ဘီလီယံ(ကန်ဒေါ်လာ ၆ ဘီလီယံ)
လျှော့ပေါ့ပေးမည်ဖြစ်ပြီး နောက်ထပ်ကြွေးမြီသစ် ယန်းငွေ ၅၀ ဘီလီယံ ပေးအပ်မည်ဟုလည်း သမ္မတဦးသိန်းစိန်အား အတည်ပြုပြောကြားခဲ့သည်။ ယင်းမှာ ယခင်ဂျပန်အစိုးရ၏ ကတိက၀တ်အပေါ် ထပ်မံအတည်ပြုခြင်း ဖြစ်သည်။

“ပြည်ပကြွေးမြီပြဿနာ ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍအတွက်
မြန်မာနိုင်ငံက အရမ်းကို ကျေးဇူးတင်နေပါတယ်။ကျွန်တော်ကျေနပ်ပါတယ်” ဟု မစ္စတာတာရိုအာဆိုက သတင်းထောက်များအား ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်
ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးဖို့
ဖြစ်ပါတယ်”ဟု သီလ၀ါဆိပ်ကမ်းသို့ လည်ပတ်စဉ် ဂျပန်ဘဏ္ဍာရေးဝန်ကြီး
တာရိုအာဆိုက ပြောကြားသည်။ ကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ၂၄၀၀ ဟက်တာ (ဧက ၅၉၀၀ ကျော်) ကျယ်ဝန်းသော အထူးစီးပွားရေးဇုန်မှာ ဂျပန်-မြန်မာ ဆက်ဆံရေး၏ အဓိကအစိတ်အပိုင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေအား ယမန်နှစ်အတွင်း ပြဋ္ဌာန်းပြီးနောက် အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ ဥပဒေများကို ပြန်လည်ပြင်ဆင်နေဆဲဖြစ်သည်။ သီလ၀ါဆိပ်ကမ်းကြောင့် အလုပ်အကိုင်ရှားပါေးသာ နိုင်ငံတွင် အလုပ်အကိုင်အခွင့်အရေးများ ရရှိလာမည်ဟု မြန်မာနိုင်ငံမှအရာရှိများက မျှော်လင့်ထားသည်။

ဂျပန်-မြန်မာ အစည်းအရုံး၏ စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ မစ္စတာတာရိုအာဆိုက နောက်ပိုင်းတွင် ၎င်းနှင့်အတူ ခရီးသွားနေသော သတင်းထောက်များအား “ငါတို့ ကားနဲ့လျှောက်မောင်းနေတာ
ကောင်းကင်မှာ မဟာဓာတ်အားလိုင်းတွေ မင်းတို့တွေ့မိလား။ ငါတော့ မတွေ့မိဘူး။ ဒီနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်မရှိဘူး။ တည်ငြိမ်တဲ့ ဓာတ်အားပေးပို့မှုဆိုတာ ဘယ်စီးပွားရေးလုပ်ငန်းအတွက်မဆို အရေးကြီးတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ကောင်းကွက်လေးများလည်း ၎င်းကရှာတွေ့ခဲ့သည်။ ရန်ကုန်မှာ ညအခါမှာပင် ဘေးကင်းလုံခြုံသည်။ ဂျပန်နိုင်ငံကဲ့သို့ပင်
ဖြစ်သည်။ အရာရှိများက အစည်းအဝေးများအတွက် အချိန်ကိုက်ရောက်ရှိကြသည်။ ဂျပန်လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော နောက်တစ်ချက်ဖြစ်သည်။

-Reuters / WSJ
7Day News Journalဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာပြီးနောက် မစ္စတာ ကာရို အာဆိုသည် ပြည်တွင်းအရေးကြီးကိစ္စများ ကို ဘေး ချ၍ မြန်မာနိုင်ငံသို့ ခရီးထွက်ကာ အထူးစီးပွားရေး ဇုန်တည်ဆောက် မည့် ဒေသတစ်ခုအား လည်ပတ်ရင်း မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေး အကူအညီများ ထပ် မံပေးအပ်ရန် အတည်ပြုပြောကြားသည်။
ယင်းမှာ ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်သူ မစ္စတာတာ ရိုအာဆို၏ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အသက် ၇၂ အရွယ် မစ္စတာတာရိုအာဆိုသည်သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့တွင် အရေးပါသော ၀န်ကြီးများနှင့်
တွေ့ဆုံဆွေးနွေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံ ဆက်ဆံခြင်းက အဓိကအားနည်းချက်ဖြစ်

Photo: ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံ
ဆက်ဆံခြင်းက အဓိကအားနည်းချက်ဖြစ်
Wednesday, January 09, 2013

ဥပဒေရေးရာကိစ္စများနှင့် ပတ်သက်၍ လူထုနှင့် အမြဲထိ တွေ့နေရသော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့် ပျက်ပြားမှုများ၊ မိဘပြည်သူများမှ ဥပဒေရေးရာ ကိစ္စရပ်များ၊ အမှု ကိစ္စများအတွက် စုံစမ်းမှုများနှင့်
ပြည်သူများသို့ သတင်းရေးသား တင်ပြနေသော မီဒီယာများမှ အမှုကိစ္စ
ရပ်များအတွက် မေးမြန်း ရာတွင် ခြေခြေမြစ်မြစ် မရှင်းပြ ခြင်းနှင့်
ပြေလည်စွာ မဆက်ဆံ ခြင်းတို့က အဓိကအားနည်းချက် တစ်ခုဖြစ်ကြောင်း
မြန်မာနိုင်ငံ ရှေ့နေကွန်ရက်အဖွဲ့ဝင်ဥပဒေ ပညာရှင်တစ်ဦးမှ သုံးသပ်သည်။

““ပြည်သူနဲ့ အမြဲဆက်ဆံနေ ရတာက ရဲစခန်းတွေပဲ။ အဲဒီ ရဲစခန်းတွေမှာက အမှုသည်တွေ၊ ပြည်သူတွေ၊ သတင်းမီဒီယာတွေ က အမှုကိစ္စအတွက်တို့၊ ဥပဒေ ကိစ္စတို့အတွက် သွားမေးတဲ့အခါ လို့ စုံစမ်းတို့အခါတို့မှာ အချို့ ရဲတပ်ဖွဲ့ဝင်တွေက ခြေခြေမြစ်မြစ် ရှင်းပြတာ လုံးဝမရှိဘူး။ နောက် ရဲတပ်ဖွဲ့ဝင်တချို့အနေနဲ့ ကိုယ်ကျင့်ပျက်မှုတွေလည်းပါတယ်။ ဒါတွေဟာ အဓိကအရေးကြီးတဲ့ အားနည်းချက်တွေပဲ။ လူထုနဲ့ အမြဲလိုလို ဆက်ဆံ
နေရတဲ့ ရဲတပ် ဖွဲ့ဝင်တွေဟာ အမှုသည် မိဘ ပြည်သူတွေနဲ့ ပြည်သူတွေလို သတင်းပြန်တင်ပြမယ့် မီဒီယာ တွေအပေါ် အမှုတွေအတွက် ခြေခြေမြစ်မြစ် အသေးစိတ်မရှင်း ပြရင်တောင်မှ လတ်တလော အနေနဲ့ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်ထားပါတယ်ဆိုတာလေး ပြောလိုက်ရင်လည်း ဘာမှ ဖြစ်မသွားပါဘူး။ ဒီလိုဆိုတော့ လာမေးတဲ့သူတွေ စိတ်ချမ်းသာ သွားမှာပေါ့။ တချို့ ရဲတပ်ဖွဲ့ဝင် တွေက ပြည်သူကို ချေချေငံငံ ပြန်ဆက်ဆံ
တာမျိုး လုံးဝမရှိဘူး”” ဟု အဆိုပါ ဥပဒေပညာရှင်မှ ရဲစခန်းများ၏ အဓိကအားနည်း ချက်များအပေါ် သုံးသပ်ပြော ကြားခဲ့သည်။

ရဲစခန်းများအနေဖြင့် နေ့စဉ် လူထုနှင့် ဆက်ဆံနေရလျက်ရှိပြီး ယင်းသို့ လူထုနှင့်ဆက်ဆံရာတွင် ပြေလည်စွာဆက်ဆံမှု မပြုခြင်း၊ အချို့သော ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် မိမိတို့ထံလာသော အမှုသည် ပြည်သူများထံမှ အကြောင်းပြ ချက်အမျိုးမျိုးဖြင့် ငွေညှစ်ခြင်း များ ပြုလုပ်နေလျက်ရှိကာ 
ယင်းသို့ပြုလုပ်နေခြင်းများက တာဝန် ရှိသူများမှ ထိရောက်သော
ပြုပြင် ပြောင်းလဲမှုများနှင့် အရေးယူ ဆောင်ရွက်မှုများမပြုပါက ရေ ရှည်တွင်မူ ရဲတပ်ဖွဲ့စခန်းများ အပေါ်လူထု၏ယုံကြည်မှု ကျဆင်း သွားနိုင်ကြောင်း သိရှိရသည်။

ခန့်ခန့်(ဒဿနိက)
The Hot Newsဥပဒေရေးရာကိစ္စများနှင့် ပတ်သက်၍ လူထုနှင့်အမြဲထိ တွေ့နေရသော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့် ပျက်ပြားမှုများ၊ မိဘပြည်သူ များမှ ဥပဒေရေးရာ ကိစ္စရပ်များ၊ အမှု ကိစ္စများအတွက် စုံစမ်းမှုများနှင့်
ပြည်သူများသို့ သတင်းရေးသား တင်ပြနေသော မီဒီယာများမှ အမှုကိစ္စ
ရပ်များအတွက် မေးမြန်း ရာတွင် ခြေခြေမြစ်မြစ် မရှင်းပြ ခြင်းနှင့်ပြေ လည်စွာမဆက်ဆံခြင်းတို့ကအဓိကအားနည်းချက် တစ်ခုဖြစ်ကြောင်း   မြန်မာနိုင်ငံ ရှေ့နေကွန်ရက်အဖွဲ့ဝင်ဥပဒေ ပညာရှင်တစ်ဦးမှ သုံးသပ်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ

Photo: အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ 
Wednesday, January 09, 2013

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်
နေသူတွေပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးမယ်လို့ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး 
Marty Natalegawa က ကတိပြုခဲ့ပါတယ်။ လူမျိုးအချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ အတွေ့အကြုံရှိထားတဲ့ နိုင်ငံ
တခုဖြစ်တာနဲ့အညီ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ကူညီလုပ်ဆောင်ပေးလိုတဲ့အကြောင်းလည်း ကမ်းလှမ်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ဟာ ရခိုင်ပြည်နယ်
အတွင်းက ဒုက္ခသည် စခန်းတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေက ၂ ရက်ကြာ သွားရောက် လေ့လာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်ဟာ အချက်အလက်
ရှာဖွေရေးခရီးစဉ်ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ နာတာလီဂါဝါဟာ အင်္ဂါနေ့တုန်းကတော့ မြန်မာအစိုးရ နယ်စပ်ဒေသရေးရာဝန်ကြီး ဦးသိန်းဌေးအပါအ၀င် တခြား အစိုးရအရာရှိတွေ၊ ဒေသခံ မြို့မိ မြိုဖတွေနဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အကူအညီပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

“အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးဖို့ ကတိပြုတဲ့အကြောင်း နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ တွေ့ဆုံစဉ် မစ္စတာ နာတာလီဂါဝါက ပြောကြား
သွားတာ ဖြစ်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့ဆိုင်တဲ့ တခြား အချက်
အလက်တွေကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံး ဒုတိယ
အတွင်းဝန် ဂျင်မာရာ ဆူပရီယာမီက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒီခရီးစဉ်မှာ အဓိက ရည်ရွယ်ချက် ၃ ခုပါပါတယ်။ ပထမကတော့ - ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာရေးပဲဖြစ်ပါတယ်။ ဒုတိယ ရည်ရွယ်ကတော့ - လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးကိစ္စဖြစ်ပါတယ်။ အဲဒီမှာ 
အင်ဒို နီးရှား အစိုးရက အမေရိကန်ဒေါ်လာ တစ်သန်း ကူညီမယ့်ကိစ္စလည်း ပါပါတယ်။ တတိယ အချက်ကတော့ - ရခိုင်ပြည်မှာ ဒုက္ခသည်တွေ
ပြန်လည်ထူထောင်ရေးမှာ အင်ဒို နီးရှားအနေနဲ့ ကိုယ်တိုင် ပါဝင်
ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အနေနဲ့ ဘာသာရေး 
ပဋိပက္ခဖြေ ရှင်းရေး၊ ပြန်လည်ထူထောင်ရေး စသဖြင့် တို့မှာ အတွေ့အကြုံ
ရှိတဲ့အတွက်ကြောင့် - အထူးသဖြင့် ဆူနာမီ ပြန်လည်ထူထောင်ရေးမှာ အတွေ့အကြုံ ရှိခဲ့တဲ့အတွက် အခု ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးမှာ ကူညီပေးနိုင်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါအနေနဲ့ မြန်မာအစိုးရ အရာရှိတွေနဲ့
တွေ့ဆုံစဉ် တခြား အကြံပြုချက်တွေကိုလည်း မြန်မာအစိုးရကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။“အင်ဒို နီးရှား
အစိုးရအနေနဲ့ မြန်မာအစိုးရကို အကြံပေးရာမှာ နိုင်ငံသား ခံယူမှု ဥပဒေနဲ့ ပတ်သက်ပြီးတော့ တရားမျှတစွာ စဉ်းစားပေးဖို့  တခြား ကုလသမဂ္ဂ
အပါအဝင် တခြား နိုင်ငံတွေ ကလည်း အကြံပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး အပါအဝင် ဒေသတွင်း တည်ငြိမ်ရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ပါဝင် ဆောင်ရွက်ပေးနိုင်မယ့် အခန်းကဏ္ဍကို အင်ဒိုနီးရှားက လာရောက် လေ့လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။”

လူသားချင်းစာနာတဲ့အကူအညီပေးမှာနဲ့ပတ်သက်လို့တော့ ဘယ်လိုပုံစံနဲ့
ပေးမယ်ဆိုတဲ့ အသေးစိတ်တွေကို နောက်ပိုင်းမှာ ဆွေးနွေး ညှိနှိုင်းသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး
နာတာလီဂါဝါဟာ သူ့ရဲ့ ၂ ၇က်ကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး အင်ဒိုနီးရှား အစိုးရရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ အဆောက်အဦးတွေကိုလည်း လေ့လာခဲ့တယ်လို့ ရခိုင်အဓိကရုန်း သတင်းထုတ်ပြန်ရေးကော်မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“ညအိပ်ပါတယ်ခင်ဗျ။ မနေ့က ညအိပ်ပြီးတော့ အစိုးရအဖွဲ့တွေ၊ ဒီက အမျိုးသမီးအဖွဲ့တွေ နဲ့ တွေ့ပြီးတော့ ဒီနေ့ ပြန်သွားပါတယ်ခင်ဗျ။ ပထမနေ့ကလည်း ဗိုလ်ချုပ်ကြီး သိန်းဌေး တို့နဲ့ မောင်းတောမြို့က စခန်းရှိတဲ့နေရာတွေကို သွားကြတယ်။ ဒီနေ့မနက်တော့ အစိုးရအဖွဲ့မှာ မြို့မိမြို့ဖတွေနဲ့တွေ့ပြီးတော့ အကူအညီပေးရေး ကိစ္စတွေကိုပဲ
ဆွေးနွေးပါတယ်။ ဘာတွေ ထပ်ပေးမယ်ဆိုတာကိုတော့ ကျနော်တို့ မသိသေးဘူးခင်ဗျ။ စခန်းရှိတဲ့နေရာတွေကိုပဲ သွားကြည့်တာပါ။
လောလောဆယ် အဆောက်အဦးဆောက်တဲ့ ကိစ္စတွေကိုပဲ ရှင်းပါတယ် ခင်ဗျ။ ဆောက်ပြီးတဲ့အိမ်တွေရယ်၊ နောက်ပြီး ဆက်ပြီးဆောက်မယ့်
နေရာတွေရယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့
ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံပြင်ပမှာ အင်ဒိုနီးရှားသမ္မတနဲ့ မြန်မာသမ္မတ ၂ ဦးတို့ တွေ့ဆုံ ဆွေးနွေးမှုတွေရဲ့
နောက်ဆက် တွဲ ထွက်ပေါ်လာတဲ့ အကျိုးဆက် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို အင်ဒိုနီးရှားနိုင်ငံက လက်ခံထားတယ် လို့လည်း သိရပါတယ်ခင်ဗျား။ 

ဗွီအိုအေရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်
နေသူတွေပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေး မယ်လို့ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ အင်ဒို နီးရှားနိုင်ငံခြားရေးဝန်ကြီးMarty Natalegawa က ကတိပြုခဲ့ပါတယ်။ လူမျိုးအချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ အတွေ့ အကြုံရှိထားတဲ့ နိုင်ငံတခုဖြစ်တာနဲ့အညီ ရခိုင်ပြည်နယ် အတွင်းဖြစ် ပွားနေတဲ့ ပဋိပက္ခတွေမှာ ကူညီလုပ်ဆောင်ပေးလိုတဲ့အကြောင်းလည်း ကမ်းလှမ်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။

ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများစတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင် ပြုလုပ်မည်

Photo: ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများစတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင် ပြုလုပ်မည်
Tuesday, January 08, 2013

ယခုလအတွင်း ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည့် မိုဘိုင်းဖုန်းများနှင့်
ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။ 

'' ရောင်းချမယ့်ဈေးနှုန်းနဲ့စတင်ရောင်းချမယ့်ရက်ကို အစည်းအဝေး
လုပ်ပြီးမှသိရပါမယ်'' ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရောင်းချမည့်ဈေးနှင့်ရောင်းချမည့်ရက် အတိအကျ မသတ်မှတ်
ရသေးသော်လည်း ဇန်န၀ါရီလအတွင်း စတင်ရောင်းချသွားမည်
ဖြစ်ကြောင်း ၄င်းကပြောသည်။

az
Popular Myanmar News Journal

ယခုလအတွင်း ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည့် မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။'' ရောင်းချမယ့်ဈေးနှုန်းနဲ့စတင်ရောင်းချမယ့်ရက်ကို အစည်းအဝေး လုပ်ပြီးမှ သိရပါမယ်'' ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ရောင်းချမည့်ဈေးနှင့်ရောင်းချမည့်ရက် အတိအကျ မသတ်မှတ်ရသေးသော်လည်း ဇန်န၀ါရီလအတွင်း စတင်ရောင်းချသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

az
Popular Myanmar News Journal

မားစ်ဂြိုဟ်တွင် တစ်ချိန်က ပန်းများပွင့်ခဲ့ဟု ယူဆရ

Photo: မားစ်ဂြိုဟ်တွင် တစ်ချိန်က ပန်းများပွင့်ခဲ့ဟု ယူဆရ
Tuesday, January 08, 2013

မားစ်ဂြိုဟ်ပေါ် ရောက်ရှိနေသည့် လေ့လာရေး ယာဉ်ငယ် Curiosity (ဖိုးစပ်စု)သည် ဂြိုဟ်မျက်နှာပြင်ပေါ်တွင် ပန်းများပွင့်ခဲ့ကြောင်း 
ယူဆရသည့် အခြေအနေမျိုးကို ဖော်ထုတ်လာနိုင်ခဲ့သည်။ 

မားစ်ဂြိုဟ်၏ ကျောက်သားထုထဲတွင် ပန်းပွင့်ဟု ယူဆရသည့် 
နစ်မြုပ်တည်ရှိ ဖွဲ့စည်းမှုမျိုးကို Curiosityက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဂြိုဟ်နီကြီးဟု တင်စားခေါ်ဝေါ် ခံရသော မားစ်၏ အထီးကျန်
မြေမျက်နှာပြင်ပေါ်တွင် မြွေကဲ့သို့ တွန့်ခေါက်နေသောကျောက်သား
တည်ဆောက်ပုံ တစ်ခုကိုလည်းCuriosityက ဖော်ထုတ် တွေ့ရှိ
ထားသေးသည်။ 

မားစ်ဂြိုဟ်ပေါ်မှ ပန်းပွင့်ပုံ ဖြစ်နေသော ကျောက်သားနမူနာကို ဒီဇင်ဘာ (၁၉)ရက်နေ့ ကတည်းက Curiosityက ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

Planet Myanmar Networkမားစ်ဂြိုဟ်ပေါ် ရောက်ရှိနေသည့် လေ့လာရေး ယာဉ်ငယ် Curiosity (ဖိုးစပ်စု)သည် ဂြိုဟ်မျက်နှာပြင်ပေါ်တွင် ပန်းများပွင့်ခဲ့ကြောင်းယူဆရ သည့် အခြေအနေမျိုးကို ဖော်ထုတ်လာနိုင်ခဲ့သည်။
မားစ်ဂြိုဟ်၏ ကျောက်သားထုထဲတွင် ပန်းပွင့်ဟု ယူဆရသည့် နစ်မြုပ် တည်ရှိ ဖွဲ့စည်းမှုမျိုးကို Curiosityက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ဂြိုဟ်နီကြီး ဟု တင်စားခေါ်ဝေါ်ခံရသော မားစ်၏အထီး ကျန်မြေ မျက်နှာပြင်ပေါ် တွင် မြွေကဲ့သို့ တွန့်ခေါက်နေသောကျောက်သားတည်ဆောက်ပုံ

Wednesday, January 09, 2013

ကချင်ငြိမ်းချမ်းရေးအကျိုးရှောင် မြအေးတို့အတွက် နှစ်သစ်ကူးစကားလက်ဆောင်


၂၀၁၂ ခုနှစ်အကုန်၊ ၂၀၁၃ ခုနှစ်အကူး၊ ကချင်ပြည်နယ်မှာ ဘယ်လိုမှ စေ့စပ်ဆွေးနွေးလို့ မရနိုင်တဲ့ ကေအိုင်အေနဲ့ တိုက်ပွဲအဟုန်တွေ မြင့်လာတာနဲ့အတူ တိုင်းပြည်အင်အားမရှိဖို့၊ တပ်မတော် အင်အားမရှိဖို့ ဆင်ကြံကြံနေတဲ့ မြအေးတို့ အိတ်တီအိတ်အဖွဲ့ဟာလည်း တစ်ကျော့ပြန် ခေါင်းထောင် လာပါတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာကို တလွဲအသုံးချပြီး အခြေအနေနဲ့ အချိန်အခါကို မချင့်ချိန်ဘဲ၊ ထင်ရာပြော၊ ထင်ရာစွပ်စွဲ၊ ထင်ရာတွေပုတ်ခတ်မှုများ ပြုလုပ်လာကြပါတယ်။  

မြအေးတို့အဖွဲ့ဟာ ကိုယ့်ဟာကို လူတော်လူတတ်ကြီးလုပ်ပြီးသူတို့ဆုတောင်းပေးလိုက်ရင်၊ တောင်းဆိုပေး
လိုက်ရင်ပဲ ကချင်ပြည်နယ်ငြိမ်းချမ်းရေးရတော့မယောင်ယောင်နဲ့ ယောင်ခြောက်ဆယ် လုပ်နေကြတာပါ။ ဘင်္ဂလီပြဿနာ၊ လက်ပံတောင်းတောင်ပြဿနာ၊ ကချင်ပြည်နယ်ပြဿနာ၊ တိုင်းပြည်မှာ ဘာပြဿနာဖြစ်ဖြစ် သူတို့ကြိုက်တယ်။ စိတ်ရင်းစေတနာကောင်းသလို ဟန်ကလေး လုပ်ပြီး ဒီမိုကရေစီကူးပြောင်းရေးလုပ်နေတဲ့အစိုးရကို အကျပ်အတည်းဖြစ်အောင် ခြေပုန်းခုတ် လှုပ်ရှားပြီး အိတ်တီအိတ် မျိုးဆက်လေး လူမမေ့အောင်ကြိုးစားနေတဲ့အဖွဲ့ပါ။ ဒီကာလတွေမှာ နောက်ကြောင်းပြန် ဆိုတဲ့ စကားလုံးကို အများဆုံးသုံးပြီး နှပ်ကြောင်းပေးနေတာလည်း ဒီအဖွဲ့ပါပဲ။

ပြင်သစ်ထွင်သော စတန့် Parkour

Photo: ပြင်သစ်ထွင်သော စတန့် Parkour
Tuesday, January 08, 2013

ပြင်သစ်နိုင်ငံသား ဗီယက်နန် စစ်ပြန် Raymond Belle စထွင်တဲ့ အားကစား ဖြစ်ပါတယ်။ သူတစ်ယောက်တည်းရယ်လို့ မဟုတ်ပဲ သူ့သားနဲ့ အဖွဲ့ဝင်များ ပူးပေါင်းလို့ ဖန်တီးပြီး ၁၉၉၀ နောက်ပိုင်းမှာ Parkour ဟာ ကမ္ဘာကျော် စတန့်အားကစား တစ်ခု ဖြစ်လာပါတယ်။

ယခုဆိုရင် ယင်း အားကစားနည်းကို ပြင်သစ်စစ်တပ်၊ အမေရိကန် စစ်တပ်၊ ဗြိတိန် စစ်တပ်အပြင် အခြား ဥရောပနိုင်ငံများရှိ မရိန်း-စစ် သင်တန်း လေ့ကျင့်ရေးမှာ Course တစ်ခုအနေနဲ့ သင်ကြားနေပြီ ဖြစ် ပါတယ်။

၁၉၃၉ ခုနှစ် ဗီယက်နမ်နိုင်ငံဖွား ပြင်သစ်-ဗီယက်နမ် ကပြား စစ်သား Raymond Belle အနေနဲ့ စခန်းမှာ ညတိုင်း တိတ်တိဆိတ် လေ့ကျင့်တဲ့ အားကစား တစ်ခု ဖြစ်ပါတယ်။ စစ်ဒဏ်ကြားမှာ အသက်ရှင်နိုင်ဖို့ သူတတ်နိုင်တဲ့ နည်းလမ်းနဲ့ လေ့ကျင့်ယူခြင်း ဖြစ်ပြီး စစ်တပ်ထဲ က လေ့ကျင့်ရေးကွင်းကိုပဲ အသုံးပြုခဲ့ပါတယ်။

၁၉၅၄ ခုနှစ်တော့ ပြင်သစ်ပြန်ရောက်ပြီး လေးနှစ်ကြာ စစ်ပညာထပ်လေ့လာ သင်ယူပြီးနောက် ပြင်သစ်မီးသတ်ထဲ ဝင်ပါတယ်။ ပြင်သစ် မီးသတ်မှာ တာဝန် ထမ်းဆောင်နေတုန်း သူလေ့ကျင့်ခဲ့တဲ့ Parkour စတန့်အားကစားကို အသုံးပြု ပါတယ်။ ဒါကြောင့် ဘယ်သူမှမဝင်ရဲတဲ့ တိုက်ခန်း၊ မတက်ရဲတဲ့ နံရံ၊ မငြိမ်းရဲတဲ့မီး တို့ကို ဝင်ရောက်ငြိမ်းသတ်ပြီး မီးဘေးဒုက္ခသည်အများအပြား ကိုလည်း ကယ်ဆယ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ကို ဆုတံဆိပ် အများအပြား ချီးမြင့်ခဲ့ပါတယ်။

၁၉၇၅ ရောက်တော့ မီးသတ်ကထွက်ပါတယ်။ သုံးနှစ်သားရှိပြီဖြစ်တဲ့ David Belle တစ်ဦးလည်းရှိလာပါပြီ။ David တစ်ယောက် လူပျိုဘဝရောက် လာတော့ ယင်း Parkour ပညာရပ်ကို သင်ကြားပေးပါတယ်။ ရှိရင်းစွဲ ထက် ဖော်မြူလာ အသစ်များ ထုတ်ပါတယ်။ သူတို့နှစ်ဦး တည်းမဟုတ်ပါဘူး။ နောက်ထပ် စတန့်အားကစားသမား၊ ရုပ်ရှင်မင်းသား
ဖြစ်တဲ့ Sébastien Foucan အပြင် အခြားသော အဖွဲ့ဝင် အချို့ လည်း ပါဝင်ပါသေးတယ်။

ဒီလိုနဲ့ ၁၉၉၀ ကျော်နောင်းပိုင်းမှာ Parkour အမည်ရ စတန့်အားကစားဟာ မသိသူ မရှိရလောက်အောင် အနောက်တိုင်းမှာ ရေပန်းစားသွားပါတယ်။ ယင်းနဲ့ပက်သက်ပြီး ရုပ်ရှင်၊ မှတ်တမ်းဗီဒီယိုများ ရိုက်ကူးပါတယ်။ B13 အမည်ရ ရုပ်ရှင်မှာ Parkour ကိုတွေ့မြင်နိုင်ပါတယ်။ Parkour မှတစ်ဆင့် Freerunning အားကစားလည်း ထပ်ပေါ်ပေါက်လာပါတယ။် Parkour ပေါ်မှာ ပြန်လည်အခြေခံထားခြင်း ဖြစ်ပြီး တစ်ခါခါဆို အတူတူပဲလို့တောင် မှတ်ယူထားကြပါတယ်။

Prince of Persia, Taxi, Dhoom 3 တို့မှာလည်း ယင်းစတန့်များ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ယင်း ပညာကို စတင်တီထွင်တဲ့ အဖွဲ့က ဆရာများ ဖြစ် သွားပါပြီ။ အမေရိကန် မရိမ်းတပ်မှလည်း ကြေးစား အနေနဲ့ ခေါ်ယူပြီး သူတို့ စစ်သားတွေကို လေ့ကျင့်ပေးစေပါတယ်။ ဗြိတိန်ကလည်း ခေါ်ပါတယ်။ ပြင်သစ် စစ်တပ်မှာကတော့ သင်ယူအဖြစ် အသုံးပြုတာ အတော်ကြာပြီ ဖြစ်ပါ တယ်။

အားကစားပွဲအနေနဲ့ကတော့ ပြင်သစ်မှာ လူငယ်များ စုဖွဲ့လို့ ကျင်းပတာပဲ ရှိပါတယ်။ Parkour က သာမန်လူ တစ်ယောက် ပြေးတာလောက်နဲ့ မလုံ လောက်ပါဘူး။ အတားအဆီး အပိတ်အဆို့များကို အချိန်တိုအတွင်း လျင်လျင်မြန်မြန် ကျော်ဖြတ်ခြင်း ဖြစ်ပါတယ်။ တိုက် ၃ လွှာကနေ ခုံချလို့တောင် ရတဲ့ ပညာတစ်မျိုး ဖြစ်ပါတယ်။ တိုက်ပေါ်မှာ တစ်ဆင့်ပြီး တစ်ဆင့် ပင့်ကူလူသားလိုပဲ ခုန်ပျံသွားလာနေတာကို မြင်တာနဲ့တင် အတော်လေး ကြည့်ကောင်းပါတယ်။ အုတ်တံတိုင်း၊ နံရံ၊ လှေကား၊ တိုက်ခန်း၊ ဝရံတာ၊ စားပွဲ၊ ပန်းခြံ အစရှိသဖြင့် ဘယ်နေရာမှာမဆို အလွယ်တကူ ပြေးသွား၊ ကျော်လွှားသွားလို့ရတဲ့ ပညာတစ်ခု ဖြစ်ပါတယ်။

မတတ်ရင်တော့ အင်မတန် အန္တရာယ်များတဲ့ အားကစား ဖြစ်ပါတယ်။ အခက်အခဲ အတားအဆီးအမျိုးမျိုးကို ကျော်လွှားဖို့အတွက် ခန္ဓာကိုယ်ရဲ့  Movement ကို ပတ်ဝန်းကျင်သို့ ကူးပြောင်းလိုက်ခြင်း ပညာရပ် တစ်ခုလို့ ဆိုပါတယ်။ ယနေ့ ပြင်သစ်မှာတင်မကပဲ အနောက်တိုင်း နိုင်ငံများ မှာ လေ့ကျင့် အသုံးပြုနေပြီဖြစ်တဲ့ ကိုယ်ခံပညာရပ် တစ်ခုလည်း ဖြစ်တာမို့ ဘာသာပြန်မျှဝေပေးလိုက် ရပါတယ်။

အောက်ပါ လခ့်မှာ Parkour စတန့်သမားများ ဆော့ကစားနေမှုကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/NX7QNWEGcNI
International news for myanmarပြင်သစ်နိုင်ငံသား ဗီယက်နန် စစ်ပြန် Raymond Belle စထွင်တဲ့ အားကစား ဖြစ်ပါတယ်။ သူတစ်ယောက်တည်းရယ်လို့ မဟုတ်ပဲ သူ့သားနဲ့ အဖွဲ့ဝင်များ ပူးပေါင်းလို့ ဖန်တီးပြီး ၁၉၉၀ နောက်ပိုင်းမှာ Parkour ဟာ ကမ္ဘာကျော် စတန့်အားကစား တစ်ခု ဖြစ်လာပါတယ်။
ယခုဆိုရင် ယင်း အားကစားနည်းကို ပြင်သစ်စစ်တပ်၊ အမေရိကန် စစ်တပ်၊ ဗြိတိန် စစ်တပ်အပြင် အခြား ဥရောပနိုင်ငံများရှိ မရိန်း-စစ် သင်တန်း လေ့ကျင့်ရေးမှာ Course တစ်ခုအနေနဲ့ သင်ကြားနေပြီ ဖြစ် ပါတယ်။

မားစ်ဂြိုဟ်တွင် တစ်ချိန်က ပန်းများပွင့်ခဲ့ဟု ယူဆရ

Photo: မားစ်ဂြိုဟ်တွင် တစ်ချိန်က ပန်းများပွင့်ခဲ့ဟု ယူဆရ
Tuesday, January 08, 2013

မားစ်ဂြိုဟ်ပေါ် ရောက်ရှိနေသည့် လေ့လာရေး ယာဉ်ငယ် Curiosity (ဖိုးစပ်စု)သည် ဂြိုဟ်မျက်နှာပြင်ပေါ်တွင် ပန်းများပွင့်ခဲ့ကြောင်း 
ယူဆရသည့် အခြေအနေမျိုးကို ဖော်ထုတ်လာနိုင်ခဲ့သည်။ 

မားစ်ဂြိုဟ်၏ ကျောက်သားထုထဲတွင် ပန်းပွင့်ဟု ယူဆရသည့် 
နစ်မြုပ်တည်ရှိ ဖွဲ့စည်းမှုမျိုးကို Curiosityက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဂြိုဟ်နီကြီးဟု တင်စားခေါ်ဝေါ် ခံရသော မားစ်၏ အထီးကျန်
မြေမျက်နှာပြင်ပေါ်တွင် မြွေကဲ့သို့ တွန့်ခေါက်နေသောကျောက်သား
တည်ဆောက်ပုံ တစ်ခုကိုလည်းCuriosityက ဖော်ထုတ် တွေ့ရှိ
ထားသေးသည်။ 

မားစ်ဂြိုဟ်ပေါ်မှ ပန်းပွင့်ပုံ ဖြစ်နေသော ကျောက်သားနမူနာကို ဒီဇင်ဘာ (၁၉)ရက်နေ့ ကတည်းက Curiosityက ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

Planet Myanmar Networkမားစ်ဂြိုဟ်ပေါ် ရောက်ရှိနေသည့် လေ့လာရေး ယာဉ်ငယ် Curiosity (ဖိုးစပ်စု)သည် ဂြိုဟ်မျက်နှာပြင်ပေါ်တွင် ပန်းများပွင့်ခဲ့ကြောင်း ယူဆရ သည့် အခြေအနေမျိုးကို ဖော်ထုတ်လာနိုင်ခဲ့သည်။
မားစ်ဂြိုဟ်၏ ကျောက်သားထုထဲတွင် ပန်းပွင့်ဟု ယူဆရသည့် နစ်မြုပ် တည်ရှိ ဖွဲ့စည်းမှုမျိုးကို Curiosityက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဂြိုဟ်နီကြီးဟု တင်စားခေါ်ဝေါ် ခံရသော မားစ်၏ အထီးကျန်မြေ မျက်နှာပြင်ပေါ် တွင် မြွေကဲ့သို့ တွန့်ခေါက်နေသောကျောက်သား

လေးနိုင်ငံပူးပေါင်း၍ လူကုန်ကူးမှုများအားတိုက်ဖျက်သွားမည်

Photo: လေးနိုင်ငံပူးပေါင်း၍ လူကုန်ကူးမှုများအားတိုက်ဖျက်သွားမည်
Tuesday, January 08, 2013 

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ် တိုင်းဆိုသလိုဖြစ်ပွားနေသော လူ  ကုန်ကူးခံရမှုများအား ကမ္ဘောဒီးယား၊မလေးရှား၊ထိုင်း၊မြန်မာလေး
နိုင်ငံပူးပေါင်း၍ လူကုန်ကူးခြင်းခံ ရသော လူများအား ကယ်တင်၍ လူကုန်ကူးမှုများတိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

““ဦးတို့ လူကုန်ကူးမှုတွေကို  တိုက်ဖျက်တဲ့အခါမှာ အဓိကတော့  MOU ထိုးရမယ်။နှစ်နိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ပါမယ်လို့ MOU ထိုးနိုင်မှသာ ပူးပေါင်းဆောင်ရွက် နိုင်မှာဖြစ်တယ်။ ဦးတို့နိုင်ငံနဲ့ ပထမဆုံးကမ္ဘောဒီယားက လက် မှတ်ထိုးပြီးသွားပြီးနောက် ထိုင်းနဲ့   မလေးရှားပါဝင်လာတယ်။ အစ တုန်းကတော့မလေးရှားက သူတို့ နိုင်ငံမှာ လူကုန်ကူးခံရတာမရှိဘူး လို့ပြောတယ်။ အခုသူတို့ကလည်း လက်ခံလာပြီးနောက်တစ်ခုပြောချင် တာက ဦးတို့နိုင်ငံမှာဝမ်းသာစရာ Foce Labour အလုပ်သမားမှတ် ပုံတင်နဲ့ပတ်သက်ပြီး ကမ္ဘာက သတ်မှတ်တာ ဦးတို့နိုင်ငံက နံပါတ်   သုံးဖြစ်သွားပြီ””ဟု လူကုန်ကူးမှု တိုက်ဖျက်ရေးမှတာဝန်ရှိသူ ရာလျံမုန်းက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ် ပေါ်ခဲ့သော လူကုန်ကူးခြင်းခံရသည်မှာလည်း သူများနှင့်နှိုင်းယှဉ်ကာ ဆင်းရဲသည်ဟု မိမိကိုယ်ကို ထင်သောကြောင့်
ဖြစ်ကြောင်း ILO မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
လူကုန်ကူးခြင်းခံရတာလည်း အဓိကတော့ ကိုယ်တိုင် ဆင်းရဲတာ
မဟုတ်ဘဲနဲ့သူများနဲ့နှိုင်းယှဉ်ပြီး ဆင်းရဲတယ်လို့ထင်တာ။ အသင့်တင့်
ရှိပါလျက်နဲ့ပိုချမ်းသာချင်လို့ဖြစ်ရတာ””ဟုပြောကြားခဲ့ သည်။ 

၂၀၁၂ခုနှစ်အတွင်း လူကုန်  ကူးခြင်းခံရသည့် လူဦးရေသည် တရုတ်သို့ ၁၄၆ဦး၊ထိုင်းသို့ ၂၈ဦး ဖြစ်ကြောင်း အထက်ပါပုဂ်္ဂိုလ်များ၏ စာရင်း
ပြုစုထားသည့် အထောက်အထားအရ သိရသည်။

ဖြိုးအောင်
ွှThe Hot Newsမြန်မာနိုင်ငံတွင် နှစ်စဉ်နှစ် တိုင်းဆိုသလိုဖြစ်ပွားနေသော လူ ကုန်ကူး ခံရမှုများအား ကမ္ဘောဒီးယား၊မလေးရှား၊ထိုင်း၊မြန်မာလေး နိုင်ငံ ပူးပေါင်း ၍ လူကုန်ကူးခြင်းခံ ရသော လူများအား ကယ်တင်၍ လူကုန်ကူးမှု များတိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။ ““ဦးတို့ လူကုန်ကူး မှုတွေကို တိုက်ဖျက်တဲ့အခါမှာ အဓိကတော့ MOU ထိုးရမယ် ။နှစ်နိုင်ငံ လူကုန် ကူးမှုတိုက်ဖျက်ပါမယ်လို့ MOU ထိုးနိုင်မှသာ ပူးပေါင်းဆောင် ရွက် နိုင်မှာဖြစ်တယ်။ ဦးတို့နိုင်ငံနဲ့ ပထမဆုံးကမ္ဘောဒီယားက လက် မှတ်ထိုးပြီးသွားပြီးနောက် ထိုင်းနဲ့ မလေးရှားပါဝင်လာတယ်။ အစ

ကျောပိုးအိတ်တစ်လုံး ဘီးလင်းမြစ်ထဲမှာ မျောခဲ့တယ် (ဆောင်းပါး)

Photo: ကျောပိုးအိတ်တစ်လုံး ဘီးလင်းမြစ်ထဲမှာ မျောခဲ့တယ် (ဆောင်းပါး)
Tuesday, January 08, 2013 

KNU ဗဟိုသည်လွန်ခဲ့သော ၂၄ နှစ်ကာလကပင်ငြိမ်းချမ်းရေးဖော်ဆောင် ရန်အတွက် မျိုးဆက်သစ်တော်လှန်ရေး   ပြောက်ကျားတပ်ဦး (မတပ)ကိုဖွဲ့စည်းခဲ့  သည်။၎င်းအဖွဲ့ကို KNU  နှင့်ကျောင်းသား   တပ်မတော်ကိုယ်စားပြုသူတွေနဲ့ ဖွဲ့စည်း ခဲ့ပြီး အစိုးရ၏ငြိမ်းချမ်းရေး
ဖိတ်ခေါ်ချက်  ကို အတိအကျသိရှိစေရန် စုံစမ်းတင်ပြဖို့အတွက် ဖွဲ့စည်းခဲ့ခြင်းလည်းဖြစ်သည်။    အဲဒီတုန်းက အခြေအနေကို KNU ဗိုလ် မှူးဟောင်း၊မတပ တပ်စုမှူးဟောင်း ဦးစိုးသန်းနိုင်က ယခုလိုရင်ဖွင့်လာပါ တယ်။

၁၉၈၄ခုနှစ်မှာ KNU ဗဟိုက ကျွန်တော့်ကို ဗိုလ်ကြီးအဆင့်နဲ့လျှို့ဝှက်  တာဝန်ပေးပြီး ထောက်လှမ်းရေးအဖွဲ့က တိုက်ရိုက်ကွပ်ကဲပါတယ်။ ကျွန်တော် ဟာ တပ်မဟာ(၁)က ဗိုလ်မှူးကြီးဆယ်ပဲ၊ ဗိုလ်ကြီးသံမဏိ၊
ဗိုလ်ကြီးချစ်ခိုင်၊အ ကွက်မှူးဖေကြည်၊နယ်မြေတာဝန်ခံဗိုလ် ကြီးထွန်းရီတို့နဲ့အတူဆောင်ရွက်ရပါတယ်။     

အဲဒီလိုနဲ့ ၁၉၈၄ မှာ မြန်မာ့တပ်မတော်ထဲဝင်ပြီး စစ်ပညာသင်ဖို့ ၆ဦးရွေးချယ်တော့ ကျွန်တော်  လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါတယ်။   တစ်ဦးနဲ့တစ်ဦးမသိကြပေမဲ့ တပ်သား သစ်သင်တန်းကို တိုင်းဗဟို(၄) ၀ဲဂလိမှာ အတူတူတက်ခဲ့ကြပါတယ်။ သင်တန်းဆင်းတော့ ခလရ(  )မှာ တာဝန်ကျပါတယ်။ ကိုယ်ပိုင်နံပါက…..ပါ။   ကျွန်တော့်ကိုတော့ ကြာအင်းဆိပ်ကြီး   က ခင်လှတစ်ဦးပဲရိပ်မိပေမဲ့ အဆက်အဆံ တော့ မရှိကြပါဘူး။ 

ဒီလိုနဲ့ တပ်မဟာ(၁)ကပြန်ခေါ်တော့ တောထဲပြန် ရောက်ခဲ့ပြန်ပါတယ်။  ၁၉၈၇ခုနှစ်မှာ တိုင်းပြည်မငြိမ်မသက်ဖြစ်တော့ မြေပေါ်နိုင်ငံရေး
ပြန်လုပ်ဖို့၊ခွင့်မဲ့ကိစ္စဖြေရှင်းဖို့၊ အကျဉ်းထောင်အတွင်းစည်းရုံးဖို့ ဆူပူအုံ ကြွမှုတွေလုပ်ဆောင်ဖို့ဆိုတဲ့ညွှန်ကြားချက်တွေကို တိတိကျကျလုပ်ဆောင်ဖို့ အဖမ်းခံတော့ မအူပင်ထောင်မှာကျပါတယ်။ ရဲဘက်က ၀ါးခယ်မမှာပါ။ 

၈၈ အရေးအခင်းကာလမှာလွတ်ပြီး ငွေသောင်ယံ သပိတ်ခေါင်းဆောင်
အဖြစ် ပဲခူး၊ရန်ကုန်ဘားအံနဲ့မော်လမြိုင်သပိတ်စခန်းတွေမှာ  
တောတွင်းလက်နက်ကိုင်လမ်းစဉ်အတွက် စည်းရုံးခြင်း၊ စစ်အာဏာမသိမ်းမီခေါင်း ဆောင်တချို့ကို တောတွင်းသို့ပို့ပေးခြင်း
တွေပြုလုပ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းတော့ ပါနိုင်သမျှ
အင်အားကိုခေါ်ပြီး  KNU မဲလထစခန်းကို ပြန်ခဲ့ပါတယ်။

၈၈အရေးအခင်းကာလ တောခိုလာတဲ့ကျောင်းသားတွေအပါအ၀င်  သပိတ်    တပ်ပေါင်းစုတော်လှန်ရေးသမားတွေကို ABSDF မဖွဲ့စည်းခင် KNU အဖွဲ့က  လူ သားချင်းစာနာစွာ ကျွေးမွေးစောင့်ရှောက်  ပြီး တော်လှန်ရေးအတွက် တတ်နိုင်သမျှ  ဆောင်ရွက်ပေးခဲ့ပါတယ်။ 

အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ကို တိုင်း ရင်းသား
လက်နက်ကိုင်အဖွဲ့များဖြင့်ပူး ပေါင်းဖွဲ့စည်းခဲ့သလို မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများဒီမိုကရက်တစ်တပ် ဦးကို ဖွဲ့စည်းပြီး စစ်သင်တန်းပေးခြင်း၊ မဟာမိတ်အဖွဲ့အဖြစ် အသိအမှတ်ပြုပြီး   ကိုယ်ပိုင်ရပ်တည်ခွင့်၊ကိုယ်ပိုင်အုပ်ချုပ် ခွင့်များကို လွတ်လပ်စွာ
ပေးခဲ့ပြီး ကျောင်းသားတပ်မတော်ရဲ့စစ်ရေး။အုပ် ချုပ်ရေးကိစ္စရပ်တွေကို
ဝင်ရောက်စွက် ဖက်ခြင်းမရှိဘဲ လက်နက်ခဲယမ်းတွေ လည်း တပ်ဆင်ပေးခဲ့ပါတယ်။ 

ဗိုလ်ချုပ်မြကတော့ ကျွန်တော့်ကိုကျောင်းသား ခေါင်းဆောင်တစ်ဦး
အနေနဲ့နေဖို့ညွှန်ကြား   ထားသလို ထောက်လှမ်းရေးနဲ့စည်းရုံးရေး
တာဝန်ယူထားရတဲ့ ကျွန်တော့်ကိုကြိုတင်ပြီး အင်အားထုတ်နုတ်
ထားရန်လည်း   ညွှန်ကြားထားပါတယ်။

၁၉၈၈ခုနှစ် စက်တင်ဘာမှာ ဗိုလ် ချုပ်မြဦးစီးတဲ့ခေါင်းဆောင်တွေ၊တောခို
ကျောင်းသာခေါင်းဆောင်တွေ မဲလထ  ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ သတင်း စာရှင်းလင်းပွဲလုပ်ကြပါတယ်။ အဲဒီသတင်း   စာရှင်းလင်းပွဲကို တက်သူတွေကတော့ KNU ကဗိုလ်ချုပ်မြနဲ့အဖွဲ့၊ ABSDF ကို   စတင်ဖွဲ့စည်း
တဲ့ကျောင်းသားခေါင်းဆောင်  ကျော်သူရိန်ရဲ့တောင်စွန်းအဖွဲ့၊ ဆရာ မျိုးသန့်ရဲ့ဘီးလင်းအဖွဲ့၊ရန်ကြီးအောင်ရဲ့ ဘားအံအဖွဲ့၊ဒေါ်နုနုအေး
လေတပ်ဦးစီး သည့် ရန်ကုန်အဖွဲ့၊မောင်မောင်တိပ်နဲ့ အရှုပ်တို့ဦးစီး
တဲ့ပဲခူးအဖွဲ့၊ဦးလှဝင်းရဲ့ဘုရား ကြီးအဖွဲ့၊ဦးစိုးညွှန့်(ဘီးလင်း)၊
ဒေါက်တာ မြင့်ချို(ဘားအံ)၊ဦးခင်မောင်ဝင်း(မန္တလေး)၊ သစ်ဘော်ဘိုး
ကျောင်းသားခေါင်းဆောင်  မောင်မောင်ကျော်၊ကျော်မျိုးမင်း၊ဒီမိုကရေ စီဦးသိန်းဆန်းနဲ့သထုံအဖွဲ့၊မဒတက ဗိုလ်   မှူးကြီးဂျင်မီ KIA  ၊ဗိုလ်မှူးကြီး
တူးဂျာ KIA ၊ဗိုလ်မှူးကြီးကနဲမီ KNU ၊ဗိုလ်မှူး  သောမတ် KNU ၊
ဗိုလ်မှူးရောဂျာခင် KNU၊အမေရိကန်စစ်တပ်က ဗိုလ်မှူးကြီး ဘလူးနဲ့
လွှတ်တော်အမတ် မစ္စစတင်းတို့ တက်ရောက်ကြပါတယ်။ 

အဲဒီသတင်းစာ  ရှင်းလင်းပွဲနေ့မှာပဲ ဗိုလ်ချုပ်မြက ကျွန်တော်နဲ့အေးနိုင်
(RIT)ကိုခေါ်ပြီး KNU နဲ့ကျောင်းသားတပ်မတော်ပူးပေါင်း စစ်ဆင်ရေး
ကိုယ်စားပြုမျိုးဆက်သစ် တော်လှန်ရေးပြောက်ကျားတပ်ဦး(မတပ) ကိုဖွဲ့စည်းပေးခဲ့ပါတယ်။ အရင်ကတည်း က ကြိုတင်ထုတ်နုတ်အင်အား
ဖြစ်တဲ့ ဗိုလ်မှူးစိုးသန်းနိုင်(တပ်စုမှူး/ဆေးမှူး)၊ ဗိုလ်ကြီးအေးနိုင်
(နိုင်ငံရေး)၊ဗိုလ်ကြီး စောတင့်နိုင်(ထောက်လှမ်းရေး)၊ဗိုလ်ကြီး    ခွန်သိန်းနိုင်(စစ်ဆင်ရေး)၊အရာခံဗိုလ် စောမြသိန်း(ဖောက်ခွဲရေး)၊
တပ်ကြပ်ကြီး   မောင်မောင်စိုး၊တပ်သား ညွှန့်ဝေ၊တပ်သား မျိုးညွှန့်၊ KNU ဖောက်ခွဲရေးတာဝန်ခံ အရာခံဗိုလ်အောင်ထွေးနဲ့တပ်ကြပ်
ဖားလူးကျော်တို့ပါဝင်ပါတယ်။

ကျွန်တော်တို့အဖွဲ့ကို စစ်အစိုးရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အတိအကျ   သိရှိဖို့နဲ့ဆက်သွယ်ဆွေးနွေးပြီး ပြန်လည်  သတင်းပို့ဖို့စေလွှတ်ခဲ့တာကြောင့် ဗဟို  ကလူကြီးတွေလျှို့ဝှက်စွာပေးလိုက်တဲ့ ငြိမ်းချမ်းရေးအတွက် စာရွက်စာတမ်းတွေ    စစ်ဆင်ရေးမြေပုံတွေနဲ့ကျွန်တော်တို့ခရီး   ထွက်ခဲ့ပါတယ်။ဖြစ်ချင်တော့ နိုဝင်ဘာလ ထဲမှာ မုန်တိုင်းက ထိုင်းနိုင်ငံကိုဝင်တိုက် တော့ တောင်ကျရေတွေက ဘီလင်းမြစ် ထဲကို အရှိန်အဟုန်နဲ့စီးဝင်ပါတယ်။ အဲဒီ လို ရေစီးသန်နေတဲ့မြစ်ကို ဗိုလ်ကြီးစော တင့်နိုင်က ကြိုးခွေကိုလွယ်ပြီး တစ်ဖက် ကမ်းရောက်အောင် လက်ပစ်ကူးပါတယ်။ ကမ်းကိုရောက်တော့ သစ်ပင်မှာကြိုးချည်ပြီး ကျွန်တော်တို့ဖြတ်ကူးကြပါတယ်။ စာရွက်စာတမ်းတွေနဲ့အတူ
နောက်ဆုံးက ဖြတ်ကူးရမယ့် ဗိုလ်ကြီးခွန်သိန်းနိုင်အလှည့် ကျတော့ ကြိုးပြတ်သွားပြီး စာရွက်စာ တမ်းတွေပါတဲ့ ကျောပိုးအိတ်ကိုဖြုတ်ချ ပြီးအလွတ်ကူးလာခဲ့ရပါတယ်။

ကျွန်တော် တို့တပ်စုရဲ့တာဝန်မကျေပွန်မှုကြောင့် ဗိုလ်ချုပ်မြနဲ့ ဗဟိုလူကြီးတချို့လျှို့ဝှက် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း   စဉ်တွေလည်း ဘီးလင်းမြစ်အတွင်းမှာ မျှောပါသွားခဲ့ရတာ ၂၄နှစ်ရှိခဲ့ပါပြီ။
အဲဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့လည်း သဘောထားကွဲလွဲခဲ့ကြပြီး အရာခံဗိုလ် စောမြတ်သိန်းတို့အဖွဲ့ ဗဟိုသို့ပြန်တက်ရန် လမ်းခွဲခဲ့ကြသည်။ 

ကျွန်တော်တို့က တော့ ဘီလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ က ဦးလေးချစ်သန်းရဲ့အကူအညီနဲ့ ခလရ (၉၆)စစ်ကြောင်း ၂ရှိရာ 
ဘီလင်း သကြားစက် တပ်စခန်းတာဝန်ခံ ဗိုလ်ကြီး   အောင်သန်းထံမှာ (၂၉.၁၁.၈၈)ရက်က  ၃၈ဘို့ ခြောက်လုံးပြူးတစ်လက်၊ M-21 တစ်လက်၊ M-16 နှစ်လက်၊ BA62 တစ်လက်၊ BA တစ်လက်၊73 တစ်ချက်    ပစ်လောင်ချာ ခြောက်လုံးတို့နဲ့ဦးလေးအိမ် မှာ အလင်းဝင်ခဲ့ပါတယ်။

တောတွင်းပြန် သွားတဲ့ရဲဘော်တွေ အန္တရာယ်မရှိအောင် ခလရ(၉၆)
တပ်ရင်းမှူးနဲ့အမှတ်(၆၆၃)ဗျူ  ဟာမှူးတို့ကို ကျွန်တော်တို့ (၄)ရက်
အတွင်း အစစ်မမှာ အစစ်ဆေးခံရပါတယ်။ ထောက်လှမ်းရေး
တွေရဲ့သွေးနထင်ရောက် နေတဲ့ လေသံတွေကို မကျေနပ်တာ
တစ်ကြောင်း၊ကျွန်တော်တို့ပြောတာ စိတ်မ၀င်စားတာတစ်ကြောင်းကြောင့် ကျွန်တော် တို့ဟာ မသိနားမလည်လို့ တောတွင်း ရောက်ခဲ့တဲ့
ကျောင်းသားလူငယ်တွေပြန် လာခြင်း ခေါင်းစဉ်အောက်မှာပဲ ဦးကျော်ဆန်းခေါင်းဆောင်တဲ့အမှတ်စဉ်(၂)သတင်းစာရှင်းလင်းပွဲကို ကုန်းမြင့် သာမှာပြုလုပ်ခဲ့ရပါတယ်။

အဲဒါကြောင့်  ဗိုလ်ချုပ်မြ လျှို့ဝှက်ကြိုးပမ်းခဲ့တဲ့ငြိမ်းချမ်းရေးလမ်းစ
ပျောက်ခဲ့ရပါတယ်။အလင်းဝင်ပြီး နောက်မှာတော့ မှတ်ပုံတင်
မထုတ်ပေးခြင်း၊သွားလေရာ သတင်းပို့ပြီးမှသွားရခြင်း အချိန်မရွေးခေါ်  သည့်အခါရှိနေရခြင်း၊မိုင်းတစ်လံးကွဲရင်  တစ်ခါခေါ်စစ်ခံရခြင်းစတဲ့ သုံ့ပန်းဆန် ဆန်နေခဲ့ရပါတယ်။ 

ယခုအချိန်ထိ နိုင်ငံသားတစ်ဦးကဲ့သို့တန်းတူညီတူအခွင့်အရေးတွေ ဥပဒေရဲ့အကာအကွယ်တွေမရပါ ဘူး။ တစ်ချိန်တုန်း က  တောထဲမှာ ကျွန်တော်တို့ပဲ  ကျွေးမွေးပြီးလက်နက်ခဲယမ်း တောင် ထောက်ပံ့ပေးခဲ့ရတဲ့သူတွေဟာ  ပြည်တော်ပြန်တော့ ကျေးဇူးတရားကင်းမဲ့စွာ ပုတ်ခတ်ပြောဆို
နေသလို တချို့ကလည်း ငြိမ်းချမ်းရေးစကားသံတွေကိုပြော ကြားနေကြ
ပါတယ်။ ဒါ့အပြင် အခြေ အမြစ်မရှိဘဲ ရိုက်ကူးနေတဲ့ ဗီဒီယိုဇာတ် ကားတွေမှာ KNU မကောင်းကြောင်းတွေချည်း ကြည့်နေရတော့ သဘာဝကို အံတုပြီး ဘီးလင်းမြစ်ကိုဖြတ်ကူးခဲ့လို့ ငြိမ်းချမ်းရေး အတွက်လုပ်ဆောင်မယ့် စာရွက်စာတမ်း တွေမြစ်ရေနဲ့အတူမျောပါခဲ့တာကိုပဲ ရင်နာလို့မဆုံး
ဖြစ်နေမိပါတော့တယ်။


ဘုန်းစစ်
ွှThe Hot NewsKNUဗဟိုသည်လွန်ခဲ့သော၂၄နှစ်ကာလကပင်ငြိမ်း ချမ်းရေးဖော်ဆောင် ရန် အတွက် မျိုးဆက် သစ်တော်လှန်ရေးပြောက်ကျားတပ်ဦး (မတပ) ကို ဖွဲ့စည်းခဲ့ သည်။၎င်းအဖွဲ့ကို KNU နှင့်ကျောင်းသား တပ်မတော် ကိုယ်စားပြုသူတွေနဲ့ဖွဲ့စည်းခဲ့ပြီး အစိုးရ ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် ကို အတိအကျ သိရှိစေရန် စုံစမ်းတင်ပြဖို့အတွက် ဖွဲ့စည်းခဲ့ခြင်း လည်းဖြစ်သည်။ အဲဒီတုန်းက အခြေအနေကို KNU ဗိုလ်မှူးဟောင်း၊ မတပတပ်စုမှူးဟောင်း ဦးစိုးသန်းနိုင် က ယခုလိုရင်ဖွင့်လာပါ တယ်။
၁၉၈၄ခုနှစ်မှာ KNU ဗဟိုက ကျွန်တော့်ကို ဗိုလ်ကြီးအဆင့်နဲ့ လျှို့ဝှက်တာဝန်ပေး ပြီး ထောက်လှမ်းရေးအဖွဲ့က တိုက်ရိုက်ကွပ်ကဲပါတယ်။ ကျွန်တော် ဟာ တပ်မဟာ(၁)က ဗိုလ်မှူးကြီးဆယ်ပဲ၊ ဗိုလ်ကြီးသံမဏိ၊ဗိုလ်ကြီးချစ်ခိုင်၊အ ကွက်မှူးဖေကြည်၊ နယ်မြေ တာဝန်ခံ ဗိုလ်ကြီးထွန်းရီတို့နဲ့အတူဆောင်ရွက်ရပါတယ်။

စစ်ကိုင်း NLD မှာ ဘာတွေ ဖြစ်နေသလဲ

Photo: စစ်ကိုင်း NLD မှာ ဘာတွေ ဖြစ်နေသလဲ
Tuesday, January 08, 2013  

စစ်ကိုင်းမြို့နယ် NLD ပါတီတွင် ညီလာခံကြိုတင်ညှိနှိုင်း အစည်းအဝေး၌ ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခဲ့ပါ တာနဲ့ပတ်သက်ပြီး ပေးပို့လာတဲ့ စာတစောင်ဖြစ်ပါတယ်။ 
စစ်ကိုင်းမြို့နယ် NLD ပါတီ ဇန်န၀ါရီလ ၇ ရက်နေ့တွင် စာအမှတ် ၀၀၃/ညလခ/စက/၂၀၁၃ ခုနှစ် ရက်စွဲနဲ့ တိုက်နယ် ခေါင်းဆောင်များအားလုံးကို အစည်းအဝေး ဖိတ်ကြားခဲ့ပါတယ်။

ညီလာခံကျင်းပရေး ညှိနှိုင်း အစည်းအဝေးပွဲတွင် NLD ဗဟို ညွှန်ကြားချက်ကို မလိုက်နာဘဲ ပါတီ အကျည်းတန်စေတဲ့ လုပ်ရပ်ကို ပန်းဘဲတန်းရပ်ကွက် ဥက္ကဋ္ဌ ဦးသောင်းရွှေမှ ပိုက်ဆံချမ်းသာသောသူအား ဥက္ကဋ္ဌတင်ရန် ပြောကြားပြီး ဦးကျော်သောင်းသည် ပိုက်ဆံချမ်းသာသူ ဖြစ်တဲ့အတွက် ဥက္ကဋ္ဌတင်ရန် အဆိုပြုခဲ့ပါတယ်။ 

၎င်းတို့နှင့်အတူပါလာသော လူတစ်စုအား ထောက်ခံခိုင်းပြီ ဥက္ကဋ္ဌ တင်မြှောက်ခဲ့ပါတယ်။ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးတွင် ညီလာခံကိုယ်စားလှယ်များအားလုံး ဖိတ်ကြားခြင်းမရှိပဲ လူတစ်စုဖြင့်သာ လုပ်ဆောင် ခဲ့ပါတယ်။ 

ထို့အပြင် ပါတီအမှုဆောင်စာရင်းဟာလည်း ညီလာခံမကျင်းပမီ ပေါ်ထွက်နေသဖြင့် စာမေးပွဲမဖြေရဘဲ  
အောင်စာရင်းထွက်နေသည့်အဖြစ်နှင့် တူနေပါတယ်။

အိမ့်သံစဉ်
ဧရာဝတီစစ်ကိုင်းမြို့နယ် NLD ပါတီတွင် ညီလာခံကြိုတင် ညှိနှိုင်းအစည်းအဝေး၌ ဥက္ကဋ္ဌရွေးချယ် တင်မြှောက် ခဲ့ပါတာနဲ့ပတ်သက်ပြီးပေးပို့လာတဲ့ စာတစောင်ဖြစ် ပါတယ်။
စစ်ကိုင်းမြို့နယ် NLD ပါတီ ဇန်န၀ါရီလ ၇ ရက်နေ့တွင် စာအမှတ် ၀၀၃/ညလခ/စက/၂၀၁၃ ခုနှစ်ရက်စွဲနဲ့တိုက်နယ် ခေါင်းဆောင်များအားလုံးကို အစည်းအဝေး ဖိတ်ကြားခဲ့ပါတယ်။

အနာဂတ်မှုန်ဝါးနေသည့် မိုးထိမိုးမိရွှေလုပ်သားများဘဝ

Photo: အနာဂတ်မှုန်ဝါးနေသည့် မိုးထိမိုးမိရွှေလုပ်သားများဘဝ
Tuesday, January 08, 2013

မိုးထိမိုးမိရွှေလုပ်သားတစ်သိန်းကကျော်အနေဖြင့် စာချုပ်သက်တမ်း
ကုန်ဆုံးသွားပါက အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင် လုပ်ကွက်များ၌ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း
ရွှေလုပ်သားများထံက သိရသည်။

“ရွှေမြင်တင်စာချုပ်မှာ (၈)လ စာချုပ်ရှိတယ်။ တစ်နှစ်စာ ချုပ်ရှိတယ်။ သက်တမ်းတိုးပေးဖို့ ဆိုတာ ရှိတယ်။ သက်တမ်းတိုး ဖို့ဆိုတာကိုတော့ ကျွန်တော်ကတော့ မမြင်ဘူး။ သက်တမ်းတိုးပေးဖို့ အစီ အစဉ်ရှိတယ်
ဆိုရင် ပြေလည်အောင်ညှိနှိုင်းလို့ရတယ်။” ဟု ရွှေလုပ်သားတစ်ဦးက
ပြောသည်။

စာချုပ်သက်တမ်းကုန်ဆုံးသွားပါက မိုးထိမိုးမိရွှေလုပ်သားများအား သတ္တုတွင်းဝန်ကြီးဌာနမှတစ်ပိုင် တစ်နိုင်လုပ်ကွက်များ ချထားပေးမည်
ဟု နှုတ်ကတိပေးခဲ့ပြီး ကတိပေးထားသည့်အတိုင်း ပြုလုပ် ပေးမည်ကို ယုံကြည်မျှော်လင့်ကြောင်း   ရွှေလုပ်သားတို့က ဆိုသည်။

“ကျွန်တော်တို့ကိုသတ္တုတွင်းဝန်ကြီးဌာနက ဦးအေးသော်က တစ်ပိုင်တစ်နိုင်လုပ်ကွက်ချထား ပေးမယ်လို့ အတိအလင်းတော့ မကြေငြာဘူး။ ရေနီမှာတော့ နှုတ်ကတိပေးထားတယ်။ သူတို့က လူကြီးလူကောင်းဆိုတော့ မှန်ကန်မယ်လို့ ထင်တယ်။” ရွှေလုပ်သား
တစ်ဦးဖြစ်သူ ကိုလေးမှ ပြောသည်။

မိုးထိမိုးမိရွှေလုပ်သားများအား ဇန်န၀ါရီလ (၃) ရက်နေ့တွင်
ရေတာရှည်မြို့နယ်တရားရုံးမှ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ငြိုပျက်စေမှုဖြင့် ထောင်ဒဏ် (၆) လ ၊ပုဒ်မ (၁၈) တရားမ၀င်စီတန်းလှည့်လည် မှုအတွက် ဒဏ်ငွေ တစ်သောင်းချမှတ်လိုက်ကြောင်း သိရသည်။

ဇန်န၀ါရီလ(၉)ရက်နေ့တွင် တရားစွဲဆိုခံရသော ရွှေလုပ်သား (၃၆) ဦးအတွက် ရွှေလုပ်သားများက ကုမ္ပဏီနှင့် ညှိနှိုင်းမည် ဖြစ်ကြောင်း သိရှိရသည်။

ရွှေလုပ်သားများအနေဖြင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့တွင် သုံးကြိမ်မြောက် ဆန္ဒထုတ် ဖော်ပြီးနောက် ကုမ္ပဏီမှ၎င်းတို့နှင့် ညှိနှိုင်းခဲ့ခြင်း
မရှိသဖြင့် နိုဝင်ဘာ (၈) ရက် နေ့က ရန်ကုန်မှ နေပြည်တော်သို့ လမ်းလျှောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။

ရွှေလုပ်သားများသည် စာချုပ်သက်တမ်းကုန်ဆုံးပါက ကုမ္ပဏီ၌ 
ဆက်လက် လုပ်ကိုင်ခွင့်ရရှိတော့ မည်မဟုတ်ပဲ ရွှေလုပ်ကွက်များမှ ထွက်ပေးရမည်ဖြစ်ကြောင်းသိရှိရသည်။

“သူတို့ကိုဆက်လက်လုပ်ကိုင်ခွင့်ပေးတော့မှာမဟုတ်ဘူး။
ရွှေလုပ်ကွက်တွေမှာ ဆက်လက် လုပ်ခွင့်မရှိတော့ဘူ။ သူတို့တွေက ရွှေလုပ်သားတွေကိုဖယ်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ
့လုပ်မယ်လို့ ရွှေလုပ်သားတွေပြောလို့ အကြမ်းဖျင်းသိရတယ်။ သူတို့က သူတို့လုပ်ကွက်တွေကိုပြန်လုပ်ချင်တယ်။ အဲ့ဒီမှာ မှီခိုသူတွေလည်း အများကြီးရှိတယ်။” ဟု အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးဌေးက ပြောသည်။

မိုးထိမိုးမိဒေသတွင် ရွှေလုပ်သားများအား မှီခိုနေထိုင်သူ တစ်သိန်းကျော်
ရှိကြောင်းကိုလည်း သိရ သည်။ 

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroupမိုးထိမိုးမိရွှေလုပ်သားတစ်သိန်းကကျော်အနေဖြင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားပါက အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင် လုပ်ကွက်များ၌ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း
ရွှေလုပ်သားများထံက သိရသည်။
“ရွှေမြင်တင်စာချုပ်မှာ (၈)လ စာချုပ်ရှိတယ်။ တစ်နှစ်စာ ချုပ်ရှိတယ်။ သက်တမ်းတိုးပေးဖို့ ဆိုတာ ရှိတယ်။သက်တမ်းတိုး ဖို့ဆိုတာကိုတော့ ကျွန်တော် ကတော့ မမြင်ဘူး။ သက်တမ်းတိုးပေးဖို့ အစီ အစဉ်ရှိတယ်ဆိုရင် ပြေလည်အောင် ညှိနှိုင်းလို့ရ တယ်။”

အင်းစိန်မြို့နယ် ၌ Sky Net ၀န်ထမ်းအယောင်ဆောင်ကာ လိမ်ညာမှုများရှိနေ

Photo: အင်းစိန်မြို့နယ် ၌ Sky Net ၀န်ထမ်းအယောင်ဆောင်ကာ 
လိမ်ညာမှုများရှိနေ
Tuesday, January 08, 2013

Sky Net ရုပ်သံလိုင်း သည် ရုပ်သံလိုင်းအသစ်များအား  တိုးမြှင့်
ထည့်သွင်းပေးလျက်ရှိရာ  တွင် အချို့စက်များမှာ အလိုလျှောက်
တိုးမြှင့်ပြီး၊တစ်ချို့စက်များ တွင် မိမိကိုယ်တိုင် ရီမုဒ်ဖြင့် လွယ်ကူစွာ တိုးမြှင့်နိုင်သော်လည်း အင်းစိန်မြို့နယ်တွင် အသက်(၂၀) ၀န်းကျင်ရှိ လူငယ်(၂)ဦးမှ ၎င်းတို့ သညှ်Sky Net မှဝန်ထမ်းများ  ဟုဆိုကာ ရုပ်သံလိုင်းအသစ်များ  ထည့်သွင်းပေးခဟုဆိုကာ ငွေသုံးထောင်ကျပ်
လိမ်ညာတောင်းယူမှုများဖြစ်ပေါ်နေကြောင်း Sky Net ၀န်ထမ်း
အစစ်များသည် ကုမ္ပဏီမှသတ်မှတ်ယူနီဖောင်းများဝတ်ဆင်၍ ၀န်ထမ်းကဒ်ချိတ်ဆွဲ ပါရှိသည်ကို Customer များအနေဖြင့် သတိပြုစိစစ်စေလိုကြောင်း အင်းစိန်မြို့နယ် SKY NET(R.S. P)Regional Service Partner ဦးသူရိန်ထွန်းမှပြောကြားသည်။

အောင်နိုင်နိုင်အောင်
The Hot NewsSky Net ရုပ်သံလိုင်း သည် ရုပ်သံလိုင်း အသစ်များ အားတိုးမြှင့်ထည့်သွင်းပေးလျက်ရှိရာတွင်အချို့စက် များ မှာ အလိုလျှောက် တိုးမြှင့်ပြီး၊တစ်ချို့စက်များ တွင် မိမိကိုယ်တိုင် ရီမုဒ်ဖြင့် လွယ်ကူစွာ

အိမ်ရာ ၁ သန်းကျော်ကို နှစ် ၂၀ စီမံကိန်းဆွဲကာ တည်ဆောက်မည်

Photo: အိမ်ရာ ၁ သန်းကျော်ကို နှစ် ၂၀ စီမံကိန်းဆွဲကာ တည်ဆောက်မည်
Tuesday, January 08, 2013

တနိုင်ငံလုံးတွင် အိမ်ရာအလုံးပေါင်း ၁ သန်းကျော်ကို နှစ် ၂၀ စီမံကိန်းဆွဲကာ
တည်ဆောက်မည်ဟု မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ပြည်သူလူထုအတွက် နှစ်စဉ်အိမ်ရာ လိုအပ်ချက်မှာ ၂၀၀၀၀ ကျော်ရှိနေပြီး လက်တွေ့ ထုတ်လုပ်နိုင်သည့် အိမ်ရာအလုံးပေါင်း ၇၀၀၀ ခန့်သာ ရှိသည့်အတွက် အိမ်ရာ ၁ သန်းကျော်ကို နှစ်ရှည်စီမံကိန်း ဆွဲကာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ယနေ့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ရန်ကုန်ရုံးတွင် ကျင်းပပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပြပွဲကျင်းပပြုလုပ်ခြင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောကြားသည်။

“အိမ်ရာတွေ အမြောက်အများထုတ်လုပ်နိုင်အောင်၊ အိမ်ဈေးနှုန်းတွေ ကျဆင်းအောင် ဥပဒေအရရော ငွေကြေး အရရော ဆောင်ရွက်နိုင်အောင် ကူညီသွားဖို့ရှိတယ်” ဟု သူက ဆက်ပြောသည်။

ယင်းကဲ့သို့ ဆောက်လုပ်ရာတွင် ၅ နှစ်စီမံကိန်း ၄ ခုခွဲကာဆောင်ရွက်မည်
ဖြစ်ပြီး တနိုင်ငံလုံးအတွက် တနှစ်လျှင် အိမ်အလုံးရေ ပျှမ်းမျှ ၅ သောင်းကို ဌာနစီမံချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကာ လူဦးရေ အထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့အတွက် အိမ်အလုံးပေါင်း ၅ သောင်းကို မြို့သစ်နေရာများတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အိမ်ရာစီမံကိန်းများ ဖော်ထုတ်ရာတွင် အချက်အချာကျသော နေရာများ
တွင်သာ ရင်းနှီးမြှုပ်နှံလိုသူများရှိသောကြောင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်
သွားမည် ဖြစ်ပြီး ရင်းနှီးမြုပ်နှံလိုသူများ စိတ်ဝင်စားမှု မရှိသည့် နေရာများကိုမူ အစိုးရ ချေးငွေဖြင့်သာ ဆောင်ရွက်သွားမည်ဟု သိရသည်။

“ရန်ကုန်ရဲ့ဆင်ခြေဖုံးမြို့နယ်တွေကနေ သွားလာရတဲ့ အချိန်တွေက အရမ်းကိုကြာမြင့်နေတော့ မြို့လယ်ခေါင် နေရာတွေကို လုလာကြတာ၊ ဒါကြောင့် အိမ်ဈေးတွေတက်လာတယ်၊ အိမ်ရာတွေ များများ
ဖော်ထုတ်ရင်တော့ အိမ်ဈေးတွေ ကျနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်ပနိုင်ငံအချို့တွင် အိမ်ရာတည်ဆောက်မည့်လုပ်ငန်းရှင်များကို
ငွေကြေးထုတ်ချေးခြင်း၊ အိမ်ခြံမြေဝယ်ယူလိုသူ များကို အရစ်ကျစနစ်ဖြင့် ဝယ်ယူစေခြင်းများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆောင်ရွက်ပေးသင့်ကြောင်း၊ အိမ်ဆောက်ပစ္စည်းများကို အဆင့်မြင့်တင် ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာ
စေလိုကြောင်း၊ ယင်းသို့သက်သာမှသာ အိမ်ရာဈေးနှုန်းများ ကျဆင်း လာနိုင်ဖွယ်ရှိကြောင်း သူကသုံးသပ်သည်။

မြို့ပြနှင့်ဒေသ စီမံကိန်းဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က “အိမ်ရာစီမံကိန်းကြောင့် အခုချိန်မှာ အိမ်တန်ဖိုး ကျပ် သိန်းနှစ်ရာကနေ
နောင်မှာ သိန်းတရာလောက်အထိ ကျသွားမယ်ဆိုပြီးတော့ သတ်မှတ်
လို့တော့ မရဘူး၊ ဆောက်လုပ်ခဲ့တဲ့ ကုန်ကျစရိတ်ပေါ် မူတည်ပြီးတော့
ရောင်းဈေးကို တွက်ရမှာပေါ့” ဟု ပြောသည်။

ယခင်က အိမ်ဆောက်လုပ်ရာတွင် တပေ ပတ်လည်ကုန်ကျစရိတ်သည် 
ကျပ် ၄၀၀၀ ကျော်သာ ရှိခဲ့သော်လည်း လက်ရှိတွင် အိမ်ဆောက်ပစ္စည်း များ ဈေးမြင့်လာသည့်အတွက် တပေ ပတ်လည် ကျပ် ၁၀၀၀၀ ကျော် ကုန်ကျလာသောကြောင့် အိမ်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သူက ဆိုသည်။

“အိမ်ရာလိုအပ်ချက်က ရန်ကုန်တမြို့ထဲကို တနှစ်မှာ ၂၅၀၀၀ နဲ့ 
၃၀၀၀၀ အကြား ရှိနေတယ်၊ အိမ်ရာတွေ ထုတ်လုပ်တာ ကလည်း အစိုးရအနေနဲ့ မြေဘယ်ကရမလဲ ဆိုတာ လိုသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအိမ်ရာစီမံကိန်း ဆောင်ရွက်ခြင်းကို အိုးအိမ်ပိုင် မြေနေရာများ
တွင်သာ ဖော်ထုတ်မည်ဖြစ်ပြီး နောက်ပိုင်း ဆောက်လုပ်မည့် အိမ်ရာများအတွက် မြေနေရာများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး တာဝန်ရှိသူများနှင့် ညှိနှိုင်းသွားမည်ဟု သိရသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်နိုင်က “လက်ရှိ အိမ်ရာတချို့က နေထိုင်ဖို့ အဆင်မပြေတော့ဘူး။ သက်တမ်းလွန်တာ၊
နေထိုင်ဖို့ အဆင်မပြေ တော့တာတွေကိုတော့ ပြန်ပြီး အဆင့်မြှင့်တင်ဖို့ လုပ်နေရတာတွေ ရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ မြို့ပြနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ရေး
ဝန်ကြီးဌာန မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာများ အသင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၊
ပြည်တွင်းပြည်ပ ကုမ္ပဏီ များနှင့် ပြည်ပမှ ပညာရှင်များ ပါဝင်သော “Conference on Promotion of Construction Industry in Housing Delivery in Myanmar” ဆွေးနွေးပွဲတရပ်ကို ဇန်နဝါရီ ၂၀ – ၂၁ ရက်နေ့တွင်
အမျိုးသားကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

အိုးအိမ်ဦးစီးဌာနပိုင် ရန်ကုန်မှ ဖဆပလ တိုက်ခန်းများ မြင်ကွင်း 
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မေစစ်ပိုင်
ဧရာဝတီတနိုင်ငံလုံးတွင် အိမ်ရာအလုံးပေါင်း ၁ သန်းကျော် ကို နှစ် ၂၀ စီမံကိန်းဆွဲကာတည်ဆောက် မည်ဟု မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ပြည်သူလူထုအတွက် နှစ်စဉ်အိမ်ရာ လိုအပ်ချက်မှာ ၂၀၀၀၀ ကျော်ရှိနေပြီး လက်တွေ့ ထုတ်လုပ်နိုင် သည့် အိမ်ရာအလုံးပေါင်း ၇၀၀၀ ခန့်သာ ရှိသည့်အတွက် အိမ်ရာ ၁ သန်းကျော် ကို နှစ်ရှည် စီမံကိန်း ဆွဲကာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ယနေ့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက ရန်ကုန်ရုံးတွင် ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် ပြပွဲ ကျင်းပပြုလုပ်ခြင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောကြားသည်။

ဂျော့ဆိုးရော့စ်နှင့် ၈၈ တွေ့ဆုံ

Photo: ဂျော့ဆိုးရော့စ်နှင့် ၈၈ တွေ့ဆုံ
Tuesday, January 08, 2013

ယနေ့ ဇန်နဝါရီလ၊(၈)ရက် နံနက်(၁၁း၀၀)နာရီက ရန်ကုန်မြို့ Chatrium Hotel ၏ Mandalay Room ၌ ရန်ကုန်မြို့သို့ရောက်ရှိနေသော Open Society Foundations မှ Chairman ဖြစ်သူ Mr.George Soros ဦးဆောင်သည့်အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချိုနှင့် မြအေးတို့ တစ်နာရီခွဲကြာတွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် Extractive Industries Transparency Initiative( EITI ) ၏လေ့လာမှုဖြင့် ပွင့်လင်းမြင်သာမှုပိုမိုရှိရန်၊ ပညာရှင်များ၏ ပံပိုးကူညီမှုများဖြင့် ပူပေါင်းဆောင်ရွက်နိုင်ရန်နှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များ
တွင်လည်း ပိုမိုထိရောက်စွာပူးပေါင်းဆာင်ရွက်နိုင်ရန် အလားအလာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

( ၈၈ ဖေ့ဘွတ်)
Popular Myanmar News Journal

ယနေ့ ဇန်နဝါရီလ၊(၈)ရက် နံနက်(၁၁း၀၀)နာရီက ရန်ကုန်မြို့ Chatrium Hotel ၏ Mandalay Room ၌ ရန်ကုန်မြို့သို့ရောက်ရှိနေသော Open Society Foundations မှ Chairman ဖြစ်သူ Mr.George Soros ဦးဆောင်သည့်အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချိုနှင့် မြအေး တို့ တစ်နာရီခွဲကြာတွေ့ဆုံခဲ့ကြသည်။

အလုပ်သမားအခွင့်အရေးအတွက် စက်ရုံနှစ်ရုံမှ အထည်ချုပ်လုပ်သား များ တောင်းဆိုမှုဖြစ်ပွား

Photo: အလုပ်သမားအခွင့်အရေးအတွက် စက်ရုံနှစ်ရုံမှ အထည်ချုပ်လုပ်သား များ တောင်းဆိုမှုဖြစ်ပွား
Tuesday, January 08, 2013

လှိုင်သာယာမြို့နယ် စက်မှုဇုန်အမှတ်(၃)ရှိ နယူးဝေးအထည်ချုပ်
စက်ရုံနှင့်ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံတို့မှ အထည်ချုပ်
လုပ်သားတို့၏ အခက်အခဲများအား သက်ဆိုင်ရာ စက်ရုံတာဝန်ခံ များက ဖြေရှင်းပေးခြင်းမရှိသည့်အတွက်   မြို့နယ်အလုပ်သမားဦးစီးဌာန၌  ဇန်န၀ါရီလ(၇)ရက်နေ့က တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။

နယူးဝေးအထည်ချုပ်စက်ရုံအတွင်း Cutting Section ပိုင်းလုပ်သားများ
အတွက် တိကျသည့် အလုပ်ချိန်သတ်မှတ်ထားရှိမှု မရှိခြင်း၊ အချိန်ပိုများ ဆင်းခိုင်းသော်လည်း အချိန်ပိုကြေး အပြည့်အ၀ မပေးခြင်း အခက်
အခဲများနှင့် ရင်ဆိုင်နေရသော လုပ်သားများက အလုပ်သမားအခွင့်အရေး
ရလိုမှုအတွက်  တောင်းဆိုချက် ၁၂ ချက်ဖြင့် တောင်းဆိုခဲ့ခြင်း
ဖြစ်သည်။

“စက်ရုံမှာ OT တွေ အရမ်းဆင်းနေရတယ်။ စက်ရုံတိုင်း OT နာရီပေါင်း ၁၁၀ လောက်ပဲ ကြား ဘူးတယ်။ အခု ၁၃၅ နာရီအထိ ဆင်းရတယ်။ OT ကြေးတွေကလည်း အပြည့်မပေးဘူး။ အဲဒါကို တောင်းတာ၊ စက်ရုံက ညှိမပေးဘူး။” ဟု နယူးဝေးစက်ရုံမှ Cutting section အလုပ်သမ
တစ်ဦးက ပြောသည်။

အဆိုပါအခက်အခဲများအား စက်ရုံတာဝန်ရှိသူများအနေနှင့် ညှိနှိုင်းပေးရန် လုပ်သားများမှ တောင်းဆိုနေချိန်တွင် စက်ရုံမှကိုရီယားလူမျိုးတာဝန်ခံ
တစ်ဦးက နှင်ထုတ်သောကြောင့် ယခုကဲ့သို့ မြို့နယ်အလုပ်သမားရုံး၌ လာရောက် ညှိနှိုင်းပေးရန် တောင်ဆိုခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

“လိုချင်တာ ညှိနှိုင်းပေးဖို့၊ ဖြစ်ချင်တာလေးနဲ့၊ သူတို့လုပ်ပေးနိုင်တာ
လေးကို ညှိနှိုင်းပေးဖို့ တောင်း ဆိုတာ။ သူတို့တွေက တစ်ယောက်မှ ထွက်မတွေ့ဘူး။ ကိုရီးယားလူမျိုး မစ္စတာဂင်က လုပ်ချင်လုပ်၊ မလုပ်ချင်ရင် နင်တို့အကုန်ပြန်ဆိုပြီး နှင်ထုတ်တယ်။” ဟု နယူးဝေးလုပ်သားတစ်ဦးက ဆိုသည်။

စက်ရုံတွင် ညှိနှိုင်းရေးအဖွဲ့ ရှိကြောင်း၊ ထိုအဖွဲ့နှင့် အလုပ်သမားများမှာ ညှိနှိုင်းမှုမပြုလုပ်ဘဲ ထွက်သွားခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ထွက်ခွာ
သွားရသည့် အကြောင်းအရင်းကို သေချာမသိကြောင်း နယူးဝေးစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံ၌လည်း မန်နေဂျာ
ဒေါ်စိုးမေဦးမှ အလုပ်သမား များအား အလုပ်ခိုင်းစေညွှန်ကြားရာတွင် ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ အလုပ်သမားသုံးဦးအား အလုပ်မှ ထုတ်ပစ်ခြင်းစသည့် အချက်များကြောင့် လှိုင်သာယာမြို့နယ်
အလုပ်အမားဦစီးဌာနသို့ အလုပ်သမား ၂၁ ဦးမှ တိုင်ကြားမှုပြုလုပ်
ခဲ့ကြောင်းကိုလည်း သိရသည်။

အဆိုပါ ပြဿနာအား အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများမှ ညှိနှိုင်းနေစဉ်အတွင်း စက်ရုံပိုင်ရှင်၏ ကိုယ်စာလှယ်မှ စွပ်ဆွဲပြောဆိုမှု
များ ပြုလုပ်ခဲ့သဖြင့်   ပြဿနာမှာ ပြေလည်သွားခြင်းမရှိဟု ထိပ်တန်း မြန်မာစက်ရုံလုပ်သားတို့က ဆိုသည်။

“ညှိနှိုင်းပေးနေတဲ့ လူကြီးတွေလည်း ရှိတယ်။ ရဲတွေလည်း ရှိတယ်။ အဲဒါကို စက်ရုံမန်နေဂျာလုပ်တဲ့သူ မြန်မာလူမျိုးက ညည်းတို့လည်းသိတဲ့အတိုင်းပဲ၊ ငါတို့ မြန်မာ လူမျိုးတွေက သူခိုးတွေပဲလို့ ပြောခဲ့ တယ်။ ပါတီအနေနဲ့လည်း မကျေနပ်ဘူး။ ပုဂ္ဂိုလ်ရေးအနေနဲ့လည်း မကျေနပ်ဘူး။ လူမျိုးရေးရာ အနေနဲ့လည်း မကျေနပ်ဘူး။ အဲဒီကိစ္စကို အထက်လူကြီးများ သိစေချင်ပါတယ်။” ဟု အဆိုပါ အလုပ်သမားအရေးအား ကူညီပေးနေသည့် လှိုင်သာယာမြို့နယ်မှ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဒု-ဥက္ကဌ ဦးဆန်မောင်က ပြောသည်။

အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ၏ှ ညှိနှိုင်းပေးမှုမှာ တစ်ဖတ်သတ်
ဆန်၍ တရားမျှတမှု ရှိသည်ဟု ၄င်းအနေဖြင့် မထင်ကြောင်းကိုလည်း မှတ်ချက်ပြုပြောကြားခဲ့သည်။ 

ယခုပြသာနာဖြစ်ပွားခဲ့သည့် စက်ရုံလုပ်သားများမှာ မြန်မာဘက်
အခြမ်းမှ လုပ်သားများဖြစ်ပြီး၊ ဂျပန်အလုပ်ရှင်ဦးစီးသည့် ဘက်သို့ အလုပ်သမားများအား ရွှေ့ပြောင်း လုပ်ကိုင်စေခဲ့ရာမှ ပြသာနာများ
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုစက်ရုံ၏ ယခင်ပိုင်ရှင်မှာ ဒေါက်တာမင်းမင်းဖြစ်ပြီး လွန်ခဲ့သော ၂ လခန့်က စက်ရုံတစ်ခြမ်းနှင့် အလုပ်သမားတစ်ချို့အား ဂျပန်လူမျိုး
လုပ်ငန်းရှင်တစ်ဦးထံသို့ ငှားရမ်းခဲ့ကြောင်း ထိပ်တန်းမြန်မာ စက်ရုံလုပ်သားတို့က ဆိုသည်။

မိုးမြင့်ကျော် (မြစ်မခ)
Myit Makha Mediagroupလှိုင်သာယာမြို့နယ်စက်မှုဇုန်အမှတ်(၃)ရှိ နယူးဝေး အထည်ချုပ် စက်ရုံနှင့်ထိပ်တန်းမြန်မာ အထည်ချုပ် စက်ရုံတို့မှ အထည်ချုပ် လုပ်သား တို့၏ အခက် အခဲများအား သက်ဆိုင်ရာ စက်ရုံတာဝန်ခံများ က ဖြေရှင်းပေးခြင်းမရှိ သည့် အတွက် မြို့နယ် အလုပ်သမားဦးစီးဌာန၌ ဇန်န၀ါရီလ(၇)ရက်နေ့က တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။
နယူးဝေးအထည်ချုပ်စက်ရုံအတွင်း Cutting Section ပိုင်းလုပ်သားများအတွက် တိကျသည့် အလုပ်ချိန် သတ်မှတ်ထားရှိမှု မရှိခြင်း၊ အချိန်ပိုများ ဆင်းခိုင်းသော်လည်း အချိန်ပိုကြေး အပြည့်အဝ

တရားဝင်ကုန်သွယ်မှု ၇၀ % ခန့် တိုးမြင့်လာသည့် မြ၀တီ ကုန်သွယ်ရေးဇုန်

Photo: တရားဝင်ကုန်သွယ်မှု ၇၀ % ခန့် တိုးမြင့်လာသည့် မြ၀တီ
ကုန်သွယ်ရေးဇုန်
Tuesday, January 08, 2013

တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ဖြစ်သည့် Mobile Team အဖွဲ့၏ ဆောင်ရွက်မှုများကြောင့်၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် ယခု၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ဆန်းပိုင်းသာ ရှိသေးသော်လည်း
မြ၀တီကုန်သွယ်ရေးဇုန်မှတရားဝင်ကုန်သွယ်မှုပမာဏမှာ ၇၀% ခန့် တိုးတက်လာကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Mobile Team အဖွဲ့အနေဖြင့် မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်တွင် အဖွဲ့အမှတ်(၂)နှင့် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် အဖွဲ့အမှတ်(၁)အား တာဝန်ချထားပေးကြောင်းနှင့် မူဆယ် မန္တလေးကုန်သွယ်ရေးဇုန်၌ နိုဝင်ဘာ(၂)ရက်နေ့မှ စတင်
ထားရှိခဲ့ခြင်းဖြစ်ပြီး မြ၀တီကုန်သွယ်ရေး ဇုန်တွင် Mobile Teamအမှတ်နှစ်အဖွဲ့အား နိုဝင်ဘာ (၂၀) ရက်နေ့တွင် ထားရှိခဲ့သည်။

“နိုင်ငံရဲ့စီးပွားရေးပမာဏအပေါ်လည်းမူတည်တာပေါ့နော် ကုန်ရောင်းကုန်ဝယ်တဲ့ပမာဏ အပေါ် မှာလည်း မူတည်တယ်၊ ကျွန်တော်တို့ရဲ့ စုစုပေါင်း trad ပမာဏက 80 ဘီလီယံပဲရှိတယ်
ဆိုတော့ နိုင်ငံတကာနဲ့ စာရင် နည်းသေးတာပေါ့နော်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး 
မှူးချုပ် ဦးခင်မောင်လေးက ပြောသည်။

ယခင်ဘဏ္ဍာရေးနှစ်အတွင်း၌ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့၏ ကုန်သွယ်မှု ပမာဏမှာ ၂.၇၃၆ သာရှိခဲ့သော်လည်း ယခုဘဏ္ဍာရေးနှစ်တွင်မူ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၏ ကုန်သွယ်မှုပမာဏမှာ ၆၇.၂၈ရှိလာကြောင်း စီးပွားကူးသန်း၏ စာရင်းများအရ သိရသည်။

ထိုကဲ့သို့ မြ၀တီကုန်သွယ်ရေးဇုန်ဘက်မှ ကုန်သွယ်မှုပမာဏ
တိုးတက်လာသကဲ့သို့ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဘက်မှလည်း ကုန်သွယ်မှုပမာဏသည် ၂၀၁၂ အောက်တိုဘာလထက် ပညာပေး ကာလဖြစ်သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့မှာ အောက်တိုဘာလထက် ၃၁.၅၄၅ ပိုများလာကာ ဒီဇင်ဘာလတွင် ၂၇၈.၆၈၄ ရှိခဲ့ခြင်းကြောင့်
အောက်တိုဘာလထက် ၉၃.၈၈၄ ပိုများလာကြောင်း တွေ့ရသည်။

ကမ္ဘာပေါ်၌ ဒုတိယကင်ဆာအဖြစ်အများဆုံးဖြစ်သည့်နိုင်ငံဖြစ်နေရခြင်း အကြောင်း အရင်းအား စစ်ဆေးကြည့်ရာတွင် အစားအသောက်နှင့်လည်း သက်ဆိုင်နေသောကြောင့် တရုတ်ပြည်မှ တရားမ၀င်ခိုးသွင်းလာသော စားသောက်ကုန်ပစ္စည်းများမှာ စားသုံးသူများအတွက် အန္တရာယ် ရှိနေသောကြောင့်  Mobile Teamအဖွဲ့များနှင့် ကြပ်မတ်ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ Mobile Team အနေဖြင့် ပညာပေးကာလအတွင်း၌ စားသုံး သူများအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ပျက်စီးလွယ်သော အသားစိုများဖြစ်သည့် တရုတ်နိုင်ငံမှ တင်သွင်းလာသော ကြက်သား၊ ဘဲသား၊ ကြက်အဆီဗူး၊အသားတု၊ ကြက်အူချောင်းများအား ၅ ကြိမ် မီးရှို့ခဲ့ပြီး ခန့်မှန်းတန်ဖိုးမှာ ၄၇၃၄၅၀၀ ကျပ်ဖြစ်သည်။ ထို့အပြင် စားသုံးရန် မသင့်သောမုန့်များနှင့် ကျင်းထုံခြင်ဆေးခွေများအား ဖျက်ဆီးရန် ကျန်ရှိနေသေးကြောင်းကိုလည်း သိရသည်။

ထိုကဲ့သို့ တရားမ၀င်ကုန်သွယ်မှုများအား တားဆီးနေသော်လည်း  ကုန်သည်များအနေဖြင့် တရားဝင်လိုင်စင်ပြုလုပ်ရာ၌ လွယ်ကူချောမွေ့
့စေရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်
ပေးလျှက်ရှိကြောင်း သိရှိရသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ )
Myit Makha Mediagroupတရားမ၀င်ကုန်သွယ်မှုတားဆီးရေးအဖွဲ့ဖြစ်သည့် Mobile Team အဖွဲ့၏ ဆောင်ရွက်မှုများကြောင့်၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် ယခု၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်ဆန်းပိုင်းသာ ရှိသေးသော်လည်းမြ၀တီ ကုန်သွယ်ရေးဇုန်မှတရားဝင်ကုန်သွယ်မှုပမာဏမှာ ၇၀% ခန့် တိုးတက်လာကြောင်းစီးပွားရေး နှင့်ကူးသန်းရောင်း ၀ယ်ရေးဝန် ကြီးဌာ နမှ သိရသည်။
Mobile Team အဖွဲ့အနေဖြင့် မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်တွင် အဖွဲ့ အမှတ်(၂)နှင့် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် အဖွဲ့အမှတ် (၁)

"အဟံ"အဖွဲ့ မှ ရှင်သာမဏေငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ နယ်လှည့်ဆောင်ရွက်

Photo: "အဟံ"အဖွဲ့ မှ ရှင်သာမဏေငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း
များ နယ်လှည့်ဆောင်ရွက်
Tuesday, January 08, 2013

ယမန်နေ့ က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့ နယ်အတွင်းရှိ စလေသိင်္ဂီကျောင်းတိုက်(ငါးဝိုင်း) ရှိ ရှင်သာမဏေများအား “အဟံ” ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ “အဟံ” အဖွဲ့သည် ရှင်သာမဏေများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်
များကို ဆောင်ရွက်လုပ်ကိုင်ပေး ခဲ့သည်မှာ ယခုအခါ အကြိမ်(၉၀)ရှိပြီ
ဖြစ်ကြောင်းသိရပြီး “အဟံ” အဖွဲ့ တွင်အဖွဲ့ ဝင် ဦးရေ(၄၅၀) ခန့် ရှိကြောင်းနှင့်
၂၀၀၈ ခုနှစ်မှစတင်ကာ ဝါသနာတူ လူငယ်များက မိမိတို့ ၏ချွေးနဲစာများ
ထဲမှ တတ်နိုင်သမျှထည့်ဝင်ကာ စတင်လှူဒါန်းခဲ့သည်ဟု အဖွဲ့ ၏ဥက္ကဌ ဦးမင်းလွင်က မြန်မာ့ခေတ်သို့ ပြောကြားခဲ့သည်။

ဆက်လက်၍ “ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ရှင်သာမဏေလေးတွေဟာ
အရေး ကြီးပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီနေ့ အောင်မြင်ကျော်ကြားနေ
တဲ့ ဆရာတော်ကြီးတွေကိုယ်တိုင် ရှင်သာမဏေဘ၀ကို ဖြတ်သန်းလာ
ခဲ့ကြရပါတယ်။ ဒါကြောင့်ရှင်သာမဏေတွေဟာ ဗုဒ္ဓဘာသာထွန်းကား
ပြန့်ပွားရေးအတွက် အရမ်းကိုအရေးကြီးပါတယ်။အရေးကြီးတဲ့အတွက်လဲ ပရိယတ္တိစာပေသင်ယူရာမှာ အနာရောဂါအမျိုးမျိုးကြောင့် အနှောက်အယှက်
မဖြစ်စေဘို့ ၊ရှင်သာမဏေငယ်များ ကျန်းမာချမ်းသာစွာနဲ့  ပရိယတ္တိစာပေ
တွေကို သင်ယူလေ့လာနိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ ဒီအဖွဲ့ လေးကို
ဖွဲ့စည်းဖြစ်ခဲ့တာပါ ဟု” ထပ်မံ ရှင်းလင်းသည်။

“ကျွန်မတို့ မြန်မာနိုင်ငံဟာ ထေ၇၀ါဒဗုဒ္ဓသာသနာ ထွန်းကားတဲ့နိုင်ငံ
ဖြစ်ပါတယ်။ အဲဒီလိုဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံမှာ အလှူအတန်းမျိုးစုံ
ကိုပြုလုပ်လျှက်ရှိပါတယ်။ဒါပေမဲ့ များသောအားဖြင့်တော့ သာသနာ ထွန်းကားရေးအခြေခံဖြစ်တဲ့ ရှင်သာမဏေလေးတွေရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးဖို့ ကိုတော့ မေ့လျှော့နေ လေ့ရှိတာကို သတိထားမိပါတယ်။
ဒါကြောင့်လဲ ကျွန်မအနေနဲ့ အခုလိုရှင်သာမဏေလေးတွေရဲ့ ကျန်းမာရေး
ဆိုင်ရာ ဝေယျာဝစ္စတွေကို ကိုယ်တတ်နိုင်သလောက် လုပ်ပေးခြင်းဖြင့် ကုသိုလ်ယူနေတာပါ” ဟု အဆိုပါ Association for health assistance to novices (AHAN) အဖွဲ့ တွင် လိုက်ပါကူညီနေသူ တစ်ဦးက ပြောကြားသည်။

ယခုအခါ "အဟံ"အဖွဲ့သည် ရှင်သာမဏေငယ်များ၏ ကျန်းမာရေး
စောင့်ရှောက်မှုလုပ်ငန်းများအပြင် အခမဲ့ပညာဒါန သင်တန်းများဖွင့်လှစ်သင်
ကြားပို့ချပေး ခြင်း၊ဆင်းရဲနွမ်းပါးသူများအား အပါတ်စဉ် ထမင်းကျွေးခြင်း
များကို ပါပြုလုပ်လျက် ကုသိုလ်ယူနေကြသည် ဟု သိရသည်။

မြင့်ကျော်
The Myanma Ageယမန်နေက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့ နယ်အတွင်းရှိ စလေသိင်္ဂီကျောင်းတိုက်(ငါးဝိုင်း) ရှိ ရှင်သာမဏေများအား “အဟံ” ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ “အဟံ” အဖွဲ့သည် ရှင်သာမဏေများ၏ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လုပ်ကိုင်ပေး ခဲ့သည်မှာ ယခုအခါ အကြိမ် (၉၀)ရှိပြီဖြစ်ကြောင်းသိရပြီး “အဟံ” အဖွဲ့ တွင်အဖွဲ့ ဝင် ဦးရေ(၄၅၀) ခန့် ရှိကြောင်းနှင့်၂၀၀၈ ခုနှစ်မှစတင်ကာ ဝါသနာတူ လူငယ်များက

ကချင်မြေရောက် ရှမ်းတစ်ယောက်ရဲ့ ရင်ဖွင့်သံ

         ကျွန်တော်သည် ကချင်ပြည်နယ်ဖွား ရှမ်းလူမျိုးတစ်ယောက်ဖြစ်ပါသည်။ တာလောကြီးကျေးရွာ တွင် မွေးဖွားနေထိုင်ခဲ့သူဖြစ်သည်။ ကျွန်တော်တို့၏ တာလောကြီးကျေးရွာသည် ယခုအချိန်တွင် KIA ၏ ကမ်းကုန်အောင် ရက်စက်ယုတ်မာမှုများကြောင့် မြန်မာပြည်သူများ သိရှိခဲ့ရပြီ ဖြစ်ပါသည်။ ငယ်စဉ် ကတည်းက နေထိုင်လာသဖြင့် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများအား မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရ ပါသည်။
          တာလောကြီးကျေးရွာတွင် ရှမ်းလူမျိုးအများစုနေထိုင်ကြပြီး တောင်ယာအလုပ်ဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းနေထိုင်ကြပါသည်။ သို့သော် KIA အဖွဲ့မှ လူသစ်စုဆောင်းရန် လိုအပ်လာသည့် အချိန်တိုင်း ရွာထဲရှိ အရွယ်ကောင်း ယောင်္ကျားလေးများအား ရွာမှတစ်ဆင့် ဆင့်ခေါ်၍လည်းကောင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းဖြင့် လည်းကောင်း လူသစ်စုခဲ့ကြပါသည်။ ဆက်ကြေးငွေများကိုလည်း အခြားကချင် ရွာများထက် ပို၍တောင်းခံခဲ့ပါသည်။ အဆိုးဝါးဆုံးလုပ်ရပ်မှာ ရှမ်းသမီးပျိုလေးများအား ဖမ်းဆီးခေါ်ဆောင် သွားပြီး မုဒိန်းကျင့်ခြင်းဖြစ်သည်။ KIA အဖွဲ့မှာ လက်နက်များကိုင်ဆောင်ထားပြီး စည်းကမ်းမဲ့သော အဖွဲ့ဖြစ်သဖြင့် စိတ်မထင်ရင် မထင်သလို သတ်ဖြတ်ခြင်းများကို လည်း ဆောင် ရွက် သဖြင့် မည်သူမျှ မတားရဲခဲ့ပါ။ ၄င်းတို့၏ ရက်စက်ယုတ်မာမှုများအား လည်စင်းခံခဲ့ရသည်။
          လူသစ်စုခံရသူများအားလည်း KIA အဖွဲ့အတွင်း ခွဲခြားဆက်ဆံမှုများရှိသည်။ ရှမ်းလူမျိုးလူသစ်များအား အစာရေစာဝအောင်မကျွေးပဲ ရှေ့တန်းစခန်းများတွင်သာ အသေခံခိုင်းခြင်း၊ မည်သည့်ပြဿနာဖြစ်လာသည် ဖြစ်စေ ရှမ်းလူမျိုးများကိုသာ ပြစ်ဒဏ်ပေးခြင်း၊ အဖွဲ့အတွင်း ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သော်လည်း ရာထူးမပေးခြင်းစသော လူမျိုးရေးခွဲခြားမှုများကိုလည်း ပြုလုပ်ခဲ့သည်။ အစိုးရနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားချိန် နောက်ပိုင်းတွင် KIA အဖွဲ့၏ ရက်စက်ယုတ်မာမှုများ ပိုမိုတိုးပွားလာသည်။ လူသစ်စုရန် ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုများပြားလာပြီး အသက်မပြည့်သေးသူ အထက်တန်းကျောင်းသားများကိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။


          KIA ၏ ရှမ်းလူမျိုးများအပေါ် ရက်စက်မှုများမှာ ပြောမကုန်နိုင်အောင်ရှိသည်။ လူသစ်စုရန် ဖမ်းဆီးရာတွင် ယောင်္ကျာလေးများကိုသာမက မိန်းကလေးများကိုပါ ဖမ်းဆီးခေါ်ဆောင်လျက်ရှိသည်။ မိန်းမပျိုလေးများအား စခန်းရှိ KIA အဖွဲ့ဝင်များမှ စိတ်ကြိုက် မုဒိန်းကျင့်ပြီး ဖမ်းဆီးထား သည်။ ငြင်း ဆန်သောသူများအား ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့်ထုခြင်းစသည်ဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပါသည်။ စခန်း တစ်ခုလုံး အသုံးချ၍ ကျေနပ်ပြီဆိုပါက အခြားစခန်းများသို့ ပို့ဆောင်၍ ထပ်မံ အသုံးချစေသည်။ ထို့ထက် ပို၍ဆိုးသည်မှာ တရုတ်ပြည်သို့ ပို့ဆောင်ရောင်းချခြင်းပင်ဖြစ်သည်။

တာချီလိတ်မြို့အနီး ယာဘအလုံးရေ သုံးသိန်းဝန်းကျင် ဖမ်းဆီးမိ

Photo: တာချီလိတ်မြို့အနီး ယာဘအလုံးရေ သုံးသိန်းဝန်းကျင် ဖမ်းဆီးမိ
Tuesday, January 08, 2013

ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့အနီး ထိုင်းမြန်မာနယ်စပ်၌ မူးယစ်သယ်ဆောင်လာသူများနှင့်ထိုင်းနယ်ခြားစောင့်တပ် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်သယ်ဆောင်လာသူ (၄)ဦးအား အသေဖမ်းဆီး ရမိကြောင်းနှင့် ၄င်းတို့နှင့်အတူ  M 16 မောင်းပြန် ရိုင်ဖယ်တစ်လက်၊ ယာဘ ခေါ် စိတ်ကြွဆေးပြား ၂ သိန်း ၈ သောင်း သိမ်းဆည်းရမိခဲ့ကြောင်း နယ်စပ်အာဏာပိုင်များထံက သိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးယီဆေးအုပ်ချူပ်ထားသည့် နယ်မြေမူးယစ်သယ်ဆောင်လာသူများမှာ တောလမ်းအတိုင်း ထိုင်းဘက်သို့ မူးယစ်သယ်ဆောင်လာရာ ချင်းရိုင်းခရိုင် မယ့်ဖါ့လုံမြို့နယ် မယ်စလောင်းနိုင်း  ကျေးရွာအုပ်စုအတွင်းရှိ ဘန့်အားမဲရွာအနီး၌ နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

“မယ့်စလောင်းချောင်းဖျားဖက်ကနေ ၀င်လာကြတယ်၊ ဒီပစ္စည်းတွေဟာ ဗိုလ်မှူး ယီဆေး ဟာတွေဖြစ်ပြီး ထိုင်းနယ်ခြား စောင့် တပ်ဖွဲ့နဲ့ ရင်ဆိုင်
တိုက်ပွဲဖြစ်ခဲ့တာပါ “ ဟု နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦးက ထိုင်းဘာသာဖြင့်ပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များအနေဖြင့် ကင်းလှည့်စဉ် ထိုင်းနိုင်ငံသို့ ၀င်လာသည့့်  မူးယစ်ဆေးဝါးသယ်ဆောင်လာသူ ၁၅ ဦးနှင့် ဆုံတွေ့ကာ မိနစ်(၂၀)အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ရှမ်းပြည်နယ်အတွင်း မူးယစ်စိုက်ပျိုးမှုမှာ ယခင်နှစ်များက ပိုမို စိုက်ပျိုးထုတ်လုပ်နေကြောင်း ရှမ်ပြည်နယ် မူးယစ်ဆေးဝါး
စောင့်ကြည့်လေ့လာသူများအဖွဲ့က သိရသည်။

“ဒီဖက်ပိုင်းမှာ အထုတ်လုပ်နိုင်ဆုံးက  ဦးယီဆေး အပြင်ကို လွိုင်ကော်ခမ်းအဖွဲ့ဆိုတာရှိတယ်၊ ပူနားကိုအဖွဲ့ဆိုတာရှိတယ်၊ 
ပူနားကို အဖွဲ့က နာမည်အကြီးဆုံးဖြစ်တယ်” ဟု ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူ အဖွဲ့ခေါင်းဆောင် ဦးခွန်ဆိုင်း(ရှမ်းသံတော်ဆင့် အယ်ဒီတာချူပ်)က ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံပြီးနောက်  မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုတွင်
မြန်မာနိုင်ငံအနေဖြင့်   ဒုတိယအဆင့်၌ ရှိနေဆဲဖြစ်ကြောင်း UNODC က ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
 
အောင်အောင်(မြစ်မခ)
Myit Makha Mediagroupရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့အနီး ထိုင်းမြန်မာနယ်စပ်၌ မူးယစ် သယ်ဆောင်လာသူများနှင့်ထိုင်းနယ်ခြားစောင့်တပ် တိုက်ပွဲငယ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်သယ်ဆောင်လာသူ (၄)ဦးအား အသေဖမ်းဆီး ရမိကြောင်းနှင့်

အကြမ်းဖက်မှုကို ဂီတနဲ့ တုန့်ပြန်လိုက်ပုံက ...

Photo: အကြမ်းဖက်မှုကို ဂီတနဲ့ တုန့်ပြန်လိုက်ပုံက ...
Tuesday, January 08, 2013

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်တဲ့အမှု ပြီးခဲ့တဲ့
အပတ် တုန်းက ဖြစ်ခဲ့လို့ အုတ်အော်သောင်းနင်းဖြစ်သွားတာ ကြားမိမှာပါ။ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေလီမြို့က အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယ ဒါဂျီလင်မြို့မှာ ဂစ်တာဝါသနာရှင် ၆၀၀ က ဂျွန်လင်နွန်ရဲ့ IMAGINE သီချင်း ကို ပြိုင်တူ တီးခတ်သီဆိုနေကြပုံ ဖြစ်ပါတယ်။

“Imagine” ဆိုတဲ့သီချင်းဟာ အင်္ဂလန်တီးဝိုင်းဖြစ်တဲ့ The Beatles အဖွဲ့က ဂျွန်လင်နွန် သီဆိုခဲ့တဲ့ ကမ္ဘာကျော်သီချင်းဖြစ်ပါတယ်။ ဂျွန်လင်နွန်ကတော့ ကွယ်လွန်ခဲ့ပါပြီ။ ဇနီးဖြစ်သူ ဂျပန်အမျိုးသမီး ယိုကိုးအို့နိုက စစ်ပွဲနဲ့ အကြမ်း ဖက်မှုတွေကို တားမြစ်ပြီး ငြိမ်းချမ်းရေးကို ထိမ်းသိန်းနိုင်ဖို့ ဖန်တီးမှုတွေနဲ့ ပြသရမယ့် အချိန်ပါပဲလို့ ဂစ်တာသမား ၆၀၀ကို ထောက်ခံ ပြောဆို လိုက်ပါတယ်။ 

A
Burma-Newseliteအိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်တဲ့အမှု ပြီးခဲ့တဲ့
အပတ် တုန်းက ဖြစ်ခဲ့လို့ အုတ်အော်သောင်းနင်းဖြစ်သွားတာ ကြားမိမှာ ပါ။ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေလီမြို့က အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယ ဒါဂျီလင်မြို့မှာ ဂစ်တာဝါသနာရှင် ၆၀၀ က ဂျွန်လင်နွန်ရဲ့ IMAGINE သီချင်း ကို ပြိုင်တူ တီးခတ်သီဆိုနေကြပုံ ဖြစ်ပါတယ်။
“Imagine” ဆိုတဲ့သီချင်းဟာ အင်္ဂလန်တီးဝိုင်းဖြစ်တဲ့ The Beatles အဖွဲ့က ဂျွန်လင်နွန် သီဆိုခဲ့တဲ့ ကမ္ဘာကျော်သီချင်းဖြစ်ပါတယ်။

အိမ်ထောင်သော့ခတ်ကြသူများ

Photo: အိမ်ထောင်သော့ခတ်ကြသူများ
Tuesday, January 08, 2013

ဒါကတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်က စိန်းမြစ်ကူး တံတားပေါ်က လူသွားလမ်းပါ။

ဘယ်သူက ဘယ်လိုစလိုက်မှန်းတော့ မသိပါဘူး။ လက်ထပ်ခါစ အတွဲတွေဟာ ဒီတံတားပေါ်က အကာအရံမှာ အခုလို သူတို့နာမယ်တွေ ထိုးထားတဲ့ သော့ခလောက်ကို ခတ်၊ ပြီးတော့ သော့ကို စိန်းမြစ်ထဲ ပစ်ချကြပါတယ်တဲ့။ ပြန်ဖွင့်လို့ မရတဲ့ သော့ခလောက်မို့ အိမ်ထောင်မြဲမယ်ဆိုတဲ့ ယူဆချက်တွေလို့ ဆိုပါတယ်။

နောက်တော့ နိုင်ငံတကာက လာရောက်ကြတဲ့ ဟန်းနီးမွန်း အတွဲတွေရော ပြင်သစ်က အတွဲတွေပါ လာပြီး သော့ခတ်ကြသူတွေ အတော့ကို များလာပါတယ်။

အစပိုင်းမှာတော့ မြို့အာဏာပိုင်တွေက သော့တွေကို ဖြုတ်ပြီးရှင်းဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ တချို့သော့တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သော့တွေက များသထက်များလာတဲ့အချိန်မှာတော့ ပဲရစ်မြို့ရဲ့ လူစိတ်ဝင်စားစရာ မြင်ကွင်းတခု ဖြစ်လာပြီး ဒီသော့တွေကို မဖြုတ်တော့ဘဲ အနုပညာလက်ရာတခုအနေနဲ့ လက်ခံလာတယ်လို့ ဆိုပါတယ်။ m

Burma-Newselite
ဓာတ်ပုံ- စီအန်အန်ဒါကတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်က စိန်းမြစ်ကူး တံတားပေါ်က လူသွားလမ်းပါ။ ဘယ်သူက ဘယ်လိုစလိုက်မှန်းတော့ မသိပါဘူး။ လက်ထပ်ခါစ အတွဲတွေဟာ ဒီတံတားပေါ်က အကာအရံမှာ အခုလို သူတို့ နာမယ်တွေ ထိုးထားတဲ့ သော့ခလောက်ကို ခတ်၊ ပြီးတော့ သော့ ကို စိန်းမြစ်ထဲ ပစ်ချကြပါတယ်တဲ့။ ပြန်ဖွင့်လို့ မရတဲ့ သော့ခလောက်မို့ အိမ်ထောင်မြဲမယ်ဆိုတဲ့ ယူဆချက်တွေလို့ ဆိုပါတယ်။

My Blog List