(သုံးတန်းကျောင်းသား မောင်မျိုးမင်းနိုင်)
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၉ နှစ် အရွယ် မူလတန်းကျောင်းသား တစ်ဦးအား ဆရာမ ၃ ဦးက အကြမ်းဖက်ရိုက်နက်မူကြောင့် ကျောင်းသားဖြစ်သူမှာ အကြောက် လွန် သွေးလန့်ပြီး ဆေးရုံ တင်ရသည့် အနေအထားထိ
ရောက်ရှိခဲ့သည်ဟု ကျောင်းသား မိဘများ က ပြောသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ
ကော့စ်ဘဇားခရိုင် ပန်းဝါမြို့ (ရာမူး) နယ်သို့အကြမ်းဖက်သောင်းကျန်းသူများက
စက်တင်ဘာ (၂၉)ရက်နေ့က စတင်တိုက်ခိုက်ပြီး ဗုဒ္ဓရုပ်ပွားတော် အများအပြားကို
လုယူသွားခဲ့ရာ ယခုအခါ ဘင်္ဂလီ ဒုက္ခသည်စခန်းနှင့် ဒေသအများအပြားမှ
ဗုဒ္ဓရုပ်ပွားတော် များ ရှာဖွေတွေ့ရှိ ရမိကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်အတွင်းတွင်
သောင်းကျန်းသူ အကြမ်းဖက်မှုများနှင့် ကချင်ပြည်နယ်အတွင်း စစ်ပွဲတို့ကြောင့်
ဒုက္ခရောက်နေကြသော ရခိုင်၊ ကချင် ဒုက္ခသည်များအား ကမ္ဘာ့ဘဏ်က
အမေရိကန်ဒေါ်လာ (၅)သန်း မကြာမီ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း
သတင်း ရရှိသည်။















