Thursday, October 15, 2015

မဲမသမာမှုတွေကိုပါ ဖော်ထုတ်ကြဖို့ ကိုမင်းကိုနိုင်တိုက်တွန်း


လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးရုံနဲ့ မပြီးဘဲ မဲမသမာမှုတွေကို စောင့်ကြည့် ပြီး ဖော်ထုတ်တိုင်ကြားရမယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ ဟုတ်ကျန့်ဘုံကျောင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပ တဲ့ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာဖြစ်ပါတယ်။

သံတွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရန်စီစဉ်သူအချို့ ခွင့်ပြုချက်မရ ဆန္ဒပြရန်စီစဉ်သူက ခွင့်ပြုချက်တောင်းခံမှု ပြန်ရုပ်သိမ်း


ဒေါ်အောင်ဆန်းစုကြည် အား ကန့်ကွက်ကြောင်းဆန္ဒဖော် ထုတ်ပွဲတစ်ခုကိုသံတွဲမြို့၌ ပြု လုပ်ရန်လူအချို့က ခွင့်ပြုမိန့် တောင်းခံခဲ့ပြီး စည်းကမ်းနှင့် မညီ ညွတ်၍ သက်ဆိုင်ရာက လက်မခံခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၆ရက်တွင် စတင်မည့် ဒေါ်အောင်ဆန်းစု ကြည်၏ သံတွဲခရီးစဉ်အတွင်း ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ရန်စစ်တွေနှင့် သံတွဲမြို့နယ်ဒေသခံနှစ်ဦးက ဦးဆောင်၍ အောက်တိုဘာ ၁၃ရက်၌ သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တင်ခဲ့သည်။ 

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးလျှင် နယ်ခြားစောင့်တပ်၊ ပြည်သူ့ရဲဝန်ထမ်းအဖြစ် အသွင်ပြောင်းခြင်းလက်မခံဟု KNLA ထုတ်ပြန်



တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးလက် မှတ် (NCA) မရေးထိုးမီတစ်ရက် အလိုတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)က အပစ်ရပ်လက်မှတ်ရေးထိုးပြီး ပါက နယ်ခြားစောင့်တပ်ဖြစ်စေ၊ ပြည်သူ့ရဲဝန်ထမ်းဖြစ်စေ အသွင် ပြောင်းခြင်းကို လုံးဝလက်ခံမည် မဟုတ်ဘဲ လက်ရှိ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မ တော်အနေဖြင့်သာ ဆက်လက် ရပ်တည်မည်ဟု အတိအလင်း ထုတ်ပြန်ကြောင်း ကြေညာလိုက် သည်။

တစ်ဖွဲ့ရလျင် တစ်ဖွဲ့ ဖွံ့ဖြိုးမှုလုပ်ဆောင်ပြီး ယုံကြည်မှုတည်ဆောက်မည်ဟု တပ်ချုပ်ပြော


ငြိမ်းချမ်းရေးအတွက် ညှိနှိုင်း၍ရသည့် အဖွဲ့များ၏ ဒေသများတွင် လုပ်ဆောင်မည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို တွေ့မြင်သိရှိခြင်းဖြင့် ယုံကြည်မှုတည်ဆောက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသည်။

ကန်အမျိုးသားလုံခြုံရေး ဒုအကြံပေး မြန်မာပြည်သွားမည်


အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုအကြံပေးအရာရှိ Ben Rhodes ဟာ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၀ နေ့အထိ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သမ္မတ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

မည်မျှပင် ထိုးစစ်ဆင်ဆင် အားလုံးပါမှ NCA ကို SSPP/SSA လက်မှတ် ထိုးမည်


သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်မှ မည်မျှပင်အင် အားသုံး ဖိအားပေး ထိုးစစ်ဆင် တိုက်ခိုက်စေကာမူ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်အား အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမည်ဆိုသည့် မူဝါဒမှာ မပြောင်းလဲဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြော ခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေး ထိုးပွဲ အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စား ပြောကြားသော ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ မိန့်ခွန်း


ချစ်ကြည်လေးစားရပါသော နိုင်ငံတော်သမ္မတကြီးနဲ့တကွ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော် နာယကများနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်သေအဖြစ် ပါဝင်လက် မှတ် ရေးထိုးကြမယ့် နိုင်ငံတကာမှ အသိသက်သေ ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ အသိသက်သေ ကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံကနေ တစိုက်မတ်မတ် အထောက်အကူ ပြုနေကြတဲ့ နိုင်ငံတကာမှကိုယ်စားလှယ်များ၊ သံတမန်များ၊ အထူးဖိတ်ကြား ခြင်းခံထားရတဲ့ ပြည်တွင်း၊ ပြည်ပဧည့်သည်တော်များနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် - NCA ရရှိရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲတလျှောက်မှာ အင်တိုက် အားတိုက်ပါဝင်ခဲ့ကြတဲ့ နှစ်ဖက်သော ခေါင်းဆောင်ကိုယ်စားလှယ်များ၊ အလုပ်အဖွဲ့များ၊ အထောက်အကူပြုသူများ အားလုံးနဲ့ သတင်းမီဒီယာများ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ် ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသော မိန့်ခွန်း


ဒီကနေ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လက်မှတ်ရေးထိုးဖို့ တက်ရောက် လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ပြည်တွင်းအသိသက်သေ များ၊ နိုင်ငံတကာ အသိသက်သေများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန် အကြီး အကဲများ၊ အစိုးရ လွှတ်တော် တပ်မတော်မှ ကိုယ်စားလှယ်များ၊ နိုင်ငံ ရေးပါတီမှ ခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်တော်များနဲ့ အထူးဖိတ် ကြားထားသော ဧည့်သည်တော်များကို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ ကြောင်း နှုတ်ခွန်းဆက်ပါရစေ။

Wednesday, October 14, 2015

(NCA) လက်မှတ်ရေးထိုးပွဲတက်ရောက်ရန် ဖိတ်ကြားခြင်းအပေါ် (KNU) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်၏ သဘောထား


ယနေ့ရက်စွဲဖြင့်ထွက်ပေါ်လာသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်၏ သဘောထားဆိုင်ရာ ထုတ်ပြန်ချက်

မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လင့်တနာနှင့်တွေ့ဆုံခြင်း


ဘာတေးလ်လင့်တနာကို မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် သြဇာအရှိဆုံးအနောက်တိုင်း အသံတစ်သံအဖြစ် နိုင်ငံတကာအသိုက်အ၀န်းက အသိအမှတ်ပြုထားသည်။ ဆွီဒင်သတင်းစာဆရာ ဘာတေးလ်သည် မြန်မာ့နိုင်ငံအ ရေး၊ တိုင်းရင်းသားလက်နက်ကိုင် အရေးတို့နှင့်ပတ်သက်၍ နာမည်ကျော် စာအုပ်များ ရေးသားထားပြီး နိုင်ငံတကာ သတင်းဌာနများတွင် မြန်မာ့အရေးဆောင်းပါးများစွာ ရေးသားလျက်ရှိသည်။ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ် လင့်တနာကို လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ 7Day News က ဆက်သွယ်မေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အနီရောင်တီရှပ် ကျပ်သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်ယူသည့်သတင်း မမှန်နိုင်ကြောင်း ဈေးကွက်အတွင်း အထည်ဆိုင်များဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး အတွက် ပါဝင်ကူညီခဲ့သည့် အနှေးယာဉ်နှင့် ယာဉ်မောင်းများဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မင်္ဂလာဈေးမှ တီရှပ်အနီရောင် ကျပ်သိန်း ၆,၀၀၀  ကျော်ဖိုး ၀ယ်ယူသွားသည့်သတင်းမှာ မဟုတ်မှန်နိုင်ကြောင်း အဆိုပါဈေးရှိ တီရှပ်လက်ကားဆိုင်ကြီးများမှ သတင်းရရှိသည်။

ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးစာချုပ်(NCA) လက်မှတ်ရေးထိုးပွဲမှာ ၈၈မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ဘာကြောင့် သက်သေအဖြစ် ပါ ၀င်လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တာပါလဲ။ကျွန်တော်တို့လည်း အားလုံး ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်စေချင်တယ်။ ဖြစ်ဖို့လည်းအ တတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစား ခဲ့ပါတယ်။ 

ဆန်စီမံကိန်း ဆုံးရှုံးမှုအတွက် လျော်ကြေးအနေဖြင့် ထိုင်းအစိုးရက ယင်လပ်၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားနေ


တရားရုံးလုပ်ထုံးလုပ်နည်းများကို ရှောင်ကွင်းသည့် လှုပ်ရှားမှုတစ်ခုအနေဖြင့် သူမအစိုးရ၏ ဆန်အမတော်ကြေး စီမံကိန်းကြောင့် ဆုံးရှုံးမှုများအတွက်နိုင်ငံ တော် သို့နစ်နာကြေားအနေဖြင့် ၀န်ကြီးချုပ်ဟောင်း ယင်လပ်ပိုင် ဥစ္စာဓန များကို ပိုင်ဆိုင်ခွင့် အမိန့်ကြေညာစာထုတ်ပြန်ရန် ထိုင်းအစိုးရက စီစဉ်နေ သည်။

နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးအတွက် အမေရိကန် ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာ


မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်စီမံကိန်းတစ်ခုအတွက် ဒီဇိုင်းနှင့် အကြံပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် Green Earth Power (Thailand) က အမေရိကန် အင်ဂျင်နီယာကုမ္ပဏီ Black & Veatch ငှားရမ်းခန့်အပ် လိုက်သည်။ ကုမ္ပဏီက နိုင်ငံတွင် ရုံးတစ်ခုဖွင့်ပြီးနောက် ပထမဆုံးလုပ်ကိုင် မည့်လုပ်ငန်းဖြစ်သည်။

အမေရိကန် ဒီမိုကရက် အများစုက ဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်စေလို


အမေရိကန် ရွေးကောက်ပွဲကြို ကာလတွင် ဒီမိုကရက်ပါတီဝင် အများစုက ဂျိုးဘိုင်ဒန်ကို ရွေးကောက်ပွဲ ဝင်ပြိုင်စေလိုကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။ လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ အစိုးရအဖွဲ့တွင် ဒုတိယသမ္မတ တာဝန်ယူထားသူ ဘိုင်ဒန်ကို တစ်နိုင်ငံလုံးမှ ဒီမိုကရက် ထက်ဝက်နီးပါးက သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း Reuters သတင်းဌာနနှင့် Ipsosတို့ ပူးပေါင်းကောက်ခံသည့် စစ်တမ်းအရ သိရှိရသည်။

ပြည်သူ့စွမ်းအားကို အထိရောက်ဆုံး ပြသခဲ့သည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တူနီးရှား လေးပွင့်ဆိုင်အဖွဲ့


ယခုနှစ် နိုဗယ်ငြိမ်းချမ်း ရေးဆုကို နာမည်ကျော် ပုဂ္ဂိုလ်များ ကြားမှ ဖောက်ထွက်ပြီး တူနီးရှား ရှိ ဒီမိုကရေစီ လှုပ်ရှားမှု ပူးပေါင်း အဖွဲ့အစည်းတစ်ခုက ထူးထူးခြားခြား ရရှိသွားခဲ့သည်။ တူနီးရှား အမျိုးသား ဆွေး နွေးညှိနှိုင်းမှု လေးပွင့်ဆိုင်အဖွဲ့  အနေဖြင့် ၂၀၁၅ ၏ နိုဗယ်ငြိမ်း ချမ်းရေးဆုကို ဆွတ်ခူးခဲ့ခြင်းသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး လုပ်ငန်းစဉ်များတွင် အရပ်ဘက် အဖွဲ့အစည်းများပါ ထိထိရောက် ရောက် ပါဝင်ဆောင်ရွက်နိုင်ခြင်း ကို မီးမောင်းထိုးပြခဲ့ခြင်းအဖြစ် နိုင်ငံတကာက ချီးကျူးအသိအ မှတ်ပြုခဲ့သည်။

ယူကရိန်းသူပုန်ရှိတဲ့ နေရာကနေ MH17 လေယာဉ် ပစ်ချခံရ


မလေးရှားလေကြောင်းလိုင်းပိုင် MH 17 လေယာဉ်ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဘက်ကနေ ပစ်ခတ်ခဲ့တဲ့ ရုရှားနိုင်ငံထုတ် ဒုံးကျဉ်ကြောင့် ပျက်ကျခဲ့ရတာလို့ နယ်သာလန်စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ယူကရိန်းကို ဆန့်ကျင်တဲ့ သူပုန်တွေရှိပြီး အဲဒီ သူပုန်ကို ရုရှားက ထောက်ခံထားတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူမှုကို ဆန့်ကျင်နေ


သြစတြေးလျနဲ့ တရုတ်နိုင်ငံအကြားက လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ဆန့်ကျင်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။နှစ်နိုင်ငံအကြား သဘောတူခဲ့ကြပေမယ့် သက်ဝင်မှု မရှိသေးခင်မှာ အတိုက်အခံဘက်ရော၊ သမဂ္ဂတွေကပါ ဒီသဘောတူညီမှုကို ဆန့်ကျင်နေတာပါ။

သာယာဝတီအကျဉ်းထောင်ရှိ သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများ ကြိုတင်မဲပေးမည်


သာယာဝတီအ ကျဉ်းထောင်တွင် ဖမ်းဆီးခံထားရ သော သပိတ်မှောက် ကျောင်းသား နှင့် ၀န်းရံပြည်သူများအနက် ထက်ဝက်ကျော်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့်စနစ်ဖြင့် မဲပေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဆက်လက်မဲဆွယ်စည်းရုံးမည်


နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် သင့်၊ မသင့်ပါတီများ အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူဆွေးနွေးခဲ့ပြီးရွေးကောက်ပွဲရွေ့ဆိုင်းနိုင်သည့်အနေအထားအထိဖြစ်ခဲ့သော်လည်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်၏ မဲဆွယ်စည်းရုံးရေးခရီး စဉ်များကို ရွှေ့ဆိုင်းသွားမည် မဟုတ်ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန် က ပြောသည်။

ရွေးကောက်ပွဲ ဘယ်လိုမဲပေးကြမလဲ


ရွေးကောက်ပွဲကျင်းပဖို့ တလကျော်သာလိုတော့တယ်။ ဘယ်ပါတီကို မဲပေးရမလဲ။ ဘယ်သူတွေကို မဲပေးရမလဲ။ ဘယ်လိုအရည်အချင်း စံသတ်မှတ်ချက်များအရ မဲပေးရမလဲဆိုပြီး မဲဆန္ဒရှင်များအနေနဲ့ အတွေး ပွားစဉ်းစားရင်း အလုပ်များနေကြမှာ ဖြစ်ပါတယ်။

စစ်ဆေး အတည်ပြုပြီး မြန်မာနိုင်ငံမှ ဒုက္ခသည် ၂၄၁၅ ဦးကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရှ်အစိုးရ တောင်းဆို


မြန်မာ့ ပင်လယ်ပြင်၌ ဖမ်းဆီးထိန်းသိမ်းရမိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား စစ်ဆေးအတည်ပြု ပြန်လည် လက်ခံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကိုလည်း အလားတူလုပ်ဆောင်စေလိုသည်ဟု ပြောကြားလိုက်သည် ။မြန်မာနိုင်ငံက ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၀၃ ဦးကို တနင်္လာနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းခဲ့သည် ။ မေ နှင့် ဇွန်လအတွင်းက ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်၌ မြန်မာနိုင်ငံက ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၂၉ ဦးအနက် ယခုလွှဲပြောင်းပေးသူများမှာ နောက်ဆုံးအသုတ် ဖြစ်သည် ။

NCA အခမ်းအနားက မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသော တိုက်ပွဲများ အတွက် အခမ်းအနား ဆင်နွှဲသည့်အဓိပ္ပာယ် သက်ရောက်ဟု ဆို


အောက်တိုဘာ ၁၅ တွင် သဘောတူ လက်မှတ် ရေးထိုးရန် စီစဉ်ထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲသို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ၈၈ မျိုးဆက် ခေါင်း ဆောင် ဦးမင်းကိုနိုင် နှင့် KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင် နှင့် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး တို့ တက်ရောက်မည်မဟုတ်ဟု သိရသည် ။

တိုင်းလိုင်(ရှမ်းနီ)ပါတီမှ စည်းရုံးရေးတာဝန်ရှိသူ နှစ်ဦး အသတ်ခံရသည့် အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ရပ်တန့်ခဲ့ရ


တိုင်းလိုင် (ရှမ်းနီ) ပါတီမှ စည်းရုံးရေးတာဝန်ရှိသူ နှစ်ဦး အသတ်ခံရ သည့်အတွက်မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ရပ်လိုက်ရကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌက ပြောသည် ။အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင်အောက်တိုဘာ ၁၃ ရက်က ကျင်းပသည့် ပါတီစည်းရုံးရေး တာဝန်ရှိ သူနှစ်ဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်ကြောင်း သိရသည် ။

အမေရိကန် ထောက်ပံ့ပေးနေသည့် ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့များက စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟုဆို


ဆီးရီးယားတွင် အမေရိကန်က အထောက်အပံ့ ပေးနေသည့် ကာ့ဒ်တိုက်ခိုက်ရေး အဖွဲ့များ အနေဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။ အစ္စလာမ်မစ် နိုင်ငံတော်(အိုင်အက်စ်) စစ်သွေးကြွများ၏ ကမ္ဘာ့ရန်ဘက်များ ဖြစ်သည့် ကာ့ဒ်မျိုးနွယ်များကို အမေရိကန်က လက်နက်နှင့် အခြားသော ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်။ 

“တက်လာမယ့် သမ္မတက အရပ်သားထဲကပဲ ဖြစ်သင့်ပါတယ်”


ကမန် အမျိုးသားတိုးတက်ရေး ပါတီဒုဥက္ကဋ္ဌ ဦးလှတိုးသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။ ပါတီသည် ကမန် လူမျိုးများတည်ရှိရာ ရခိုင်ပြည်နယ်တွင်သာ လှုပ်ရှားမှု ပိုမို များပြားသည့် ပါတီငယ်တစ်ခု ဖြစ်သည်။

လက်မှတ်ထိုးမည့် လက်နက်ကိုင်အဖွဲ့ အလံစိုက်ထူရေး သဘောတူညီမှု အပြည့်မရသေးဟု ဆို


လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်ပိုင်အလံများ စိုက်ထူရေးနှင့် ပက်သက်ပြီး သဘောတူညီမှု မရရှိသေးကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလက အောက်တိုဘာ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ သာယာဝတီ ဖမ်းဆီးခံကျောင်းသားထက်ဝက်ကျော် မဲမပေးဟုဆို


အမျိုးသားပညာရေးဥပေဒေပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို၍ ဖမ်းဆီးထိန်းသိမ်းခံနေကြရသည့် ကျောင်းသားနှင့်ဝန်းရံသူ ထက်ဝက်ကျော်ကို အောက်တိုဘာလ ၁၃ ရက် ၂၇ ကြိမ်မြောက် သာယာဝတီမြို့နယ် တရားရုံးထုတ်လာစဉ် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် မဲပေးမည်မဟုတ်ကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောကြားသည်။

နိုဝင်ဘာရွေးကောက်ပွဲ ရက်မရွှေ့ဘဲ ကျင်းပမည်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ သတင်း ထုတ်ပြန်

ကချင်အထူးဒေသ ၁ နယ်မြေမှာ NLD ကိုယ်စားလှယ်လောင်းတွေ ရိုက်နှက်ခံရ


ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး သွားရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ် လောင်း ၃ ဦးနဲ့ ပါတီဝင် ၄ ဦး စုစုပေါင်း ၇ ဦးကို တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ရွာမှာ မနေ့ည ၈ နာရီမှာ လက်နက် ကိုင်လူတစ်စုက ရိုက်နှက်ခဲ့ပြီး ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပါတယ်။

ကျောင်းသားတွေအပေါ် စွဲဆိုအမှု ပယ်ဖျက်ပေးရေးတင်ပြချက် နိုဝင်ဘာ ၂ ရက်နေ့ ဆုံးဖြတ်မည်


သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်း ဆောင် ကိုအောင်မှိုင်းဆန်းအပါ အဝင် ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူ ဦးရေ ၇ဝ ကို စွဲဆိုထားတဲ့ အမှုတွေကို ပယ်ဖျက်ပေးဖို့ အတွက် ကျောင်းသားတွေရဲ့ ရှေ့နေက တင်ပြထားတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်း တရားရုံးက လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ အမိန့်ချဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

KNU ဒုဥက္ကဌ နော်စီဖိုးရာစိန် တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးပွဲ တက်ရောက်မည်မဟုတ်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် မှာပြုလုပ်မယ့် အပစ်ရပ်စာချုပ်လက်မှတ်ထိုးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်က သူ့အနေနဲ့ တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းဆီကို အောက်တိုဘာလ ၁၂ ရက်နေ့က စာရေးသားအကြောင်းကြားလိုက်ပါတယ်။

အထွေထွေရွေးကောက်ပွဲ မူလ သတ်မှတ်ရက်အတိုင်း နိုဝင်ဘာ ၈ မှာ ကျင်းပမည်


နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲရက်ကို မရွှေ့ဆိုင်းတော့ဘဲ မူလသတ်မှတ်ရက်အတိုင်း ကျင်းပသွားမယ်လို့ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ညနေပိုင်းမှာသတင်းထုတ်ပြန် ပါတယ်။

Tuesday, October 13, 2015

ငြိမ်းချမ်းရေးကို တပ်မတော် လိုလားကြောင်း ဒုဗိုလ်ချုပ်မှူးကြီး ပြော


လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်တဲ့အတွက် တပ်မတော်ဟာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ထပ်တူ ငြိမ်းချမ်းရေးကို လိုလားကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

တောင်ကိုရီးယားတွင် မားစ်ရောဂါဖြစ်ပွားပြန်


တောင်ကိုရီးယားတွင် မားစ်ရောဂါကင်းစင်ပြီဆိုကာ ဆေးရုံဆင်းခွင့်ရသည့် အမျိုးသားတစ်ဦး ကိုးရက်အကြာတွင် ရောဂါပြန်လည်ပေါ်ပေါက်လာ ကြောင်း အာဏာပိုင်များက ပြောသည်။ အသက် ၃၅ နှစ်ရှိ ယင်းအမျိုးသားသည် ကိုယ်အပူချိန်အရမ်တက်၍ ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံသို့ အောက်တိုဘာ ၁၁ ရက်က ပြန်လည်တက်ရောက်လာရကြောင်း ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနက ပြောသည်။

ဖိလစ်ပိုင်တွင် ရွေးကောက်ပွဲမဲဆွယ်ကာလ စတင်


ဖိလစ်ပိုင်တွင် နိုင်ငံရေးသမားများက မှတ်ပုံတင်ကြခြင်းများစတင်ပြုလုပ်ပြီး ရွေးကောက်ပွဲကာလသို့ အောက်တိုဘာ ၁၂ ရက်တွင် စတင်ရောက်ရှိပြီဖြစ်သည်။ မတည်ငြိမ်ကြမ်းတမ်းသည့် ဒီမိုကရေနိုင်ငံအဖြစ်နာမည်ကြီးသည့် ဖိလစ်ပိုင် ရွေးကောက်ပွဲ မဲဆွယ်ကာလ ခုနစ်လတာသည် အမြဲလိုပင် မတည်ငြိမ် ပဋိပက္ခများနှင့်   သွေးထွက်သံယိုဖြစ်မှု များသည့်   ရွေးကောက်ပွဲ မဲဆွယ်မှုများဖြစ်လေ့ရှိသည့် ကာလဖြစ်သည်။

တိုက်ပွဲများကြောင့် ပြည်သူများ၏ ဘ၀လုံခြုံမှု မရှိသဖြင့် NCA ထိုးပွဲတက်ရန် ခွန်အားမရှိဟု KNU ဒုဥက္ကဌပြော


အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးပွဲသို့ မတက်ရောက်နိုင် ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်က ဦးအောင်မင်းထံလိပ်မူ၍ အောက်တိုဘာ ၁၂ ရက်တွင် စာရေးသားပြန်ကြား လိုက်သည်။

အပစ်ရပ်လက်မှတ်ရေးထိုးပွဲကို KNU ဒုဥက္ကဌ တက်မည်မဟုတ်


ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုဟု ပါတီများကို ဦးတင်အေး ခေါ်ပြော


ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၁၀ ခု နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် အောက်တိုဘာ ၁၃ ရက် တွေ့ဆုံရာတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုသည်ဟု တွေ့ဆုံပွဲ တက်ရောက်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က သတင်းထောက်များကိုပြောသည်။

မျိုးစောင့် ဥပဒေကို ထောက်ခံကြောင်း ဒေါက်တာ နေဇင်လတ်ဆို



ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေများ စာရင်း


ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် မွန်ပြည်နယ်အတွင်းရှိ နယ်မြေများ စာရင်း

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နယ်မြေများစာရင်း


ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ကရင်ပြည်နယ်အတွင်းရှိ နယ်မြေများစာရင်း


ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေများစာရင်း


မတရားအသင်းအဖြစ်ကြောငြာထားတဲ့အဖွဲ့အစည်းသုံးခုနဲ့အကြမ်းဖက်သူတွေ အဖြစ်ကြောငြာထားတဲ့အဖွဲ့အစည်းနှစ်ခုကိုပယ်ဖျကြာင်း နိုင်ငံတော်သမ္မတက ထုတ်ပြန်


အလုပ်ရှင် ထောက်ခံစာမပါဘဲ ခရီးသွားသည့် မြန်မာလုပ်သားများ ထိုင်းဥပဒေအရ ဖမ်းဆီးခံရနိုင်


ထိုင်းနိုင်ငံတွင်း ပန်းရောင်(WorkPermit) ကတ် ကိုင်ဆောင်ထားသော အလုပ်သမားများ အလုပ်ရှင်၏ ခရီးသွားထောက်ခံစာ မပါရှိဘဲ ခရီးသွားပါက ထိုင်းနိုင်ငံ ဥပဒေအရ ဖမ်းဆီးခံရပြီး အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံးမည် ဖြစ်ကြောင်း သိရှိရသည် ။ "အရင်က မြန်မာအလုပ်သမားတွေက ပန်းရောင် အလုပ်သမားကတ်ကိုင်ရင် ကြိုက်တဲ့နေရာ ခရီးသွားလို့ရတယ် ။ အခုက ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သွားလို့မရဘူး ။ အလုပ်ရှင်ရဲ့ ထောက်ခံစာလိုတယ် ။ 

MH17 ပျက်ကျရတဲ့ အကြောင်းရင်းကို ထုတ်ပြောတော့မယ်


ယူကရိန်းနိုင်ငံထဲ ပျက်ကျသွားတဲ့ မလေးရှား လေကြောင်းလိုင်းပိုင် MH 17 လေယာဉ် ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကို နယ်သာလန် စုံစမ်းစစ်ဆေးရေးအဖွဲ့က တစိတ်တပိုင်း ထုတ်ဖော်ပြောဆိုတော့မှာ ဖြစ်ပါတယ်။စုံစမ်းစစ်ဆေးမှုအရ အဲဒီလေယာဉ်ဟာ ရုရှားနိုင်ငံထုတ် လက်နက်တစ်ခုနဲ့ ပစ်ခတ်ခံရလို့ ပျက်ကျရတာလို့ ပြောဆိုမယ့် အနေအထား ရှိနေပါတယ်။

My Blog List