Wednesday, January 22, 2020

ကြက်သားအချို့တွင် ဆဲလ်မိုနဲလားပိုးတွေ့ရှိမှု ဂယက်ကြောင့် ကြက်သားဈေးနှုန်း ထုတ်လုပ်မှု စရိတ်အောက်ရောက်ရှိ

Image may contain: 2 people, people sitting
ဈေးကွက်အတွင်း ရောင်းချနေ‌သော ကြက်သားအချို့တွင် ဆဲလ်မိုနဲလားပိုးတွေ့ရှိမှု ဂယက်ကြောင့် ကြက်သား တစ်ပိဿာဈေးနှုန်းမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် ၅၀၀ ကျပ်နီးပါးအထိ ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ ကြက်၊ ဘဲမွေးမြူ ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရှိရသည်။
ကြက်သားများတွင် ဆဲလ်မိုနဲလားပိုးတွေ့ရှိမှုဂယက် မဖြစ်ပွားခင် လွန်ခဲ့သည့် ၉ လဝန်းကျင်ထဲက ကြက်သားဈေးနှုန်း ကျဆင်းနေခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဆက်လက်ဖြစ်ပေါ်နေပါက တစ်နိုင်တစ်ပိုင် အသေးစား ကြက်မွေးမြူရေးလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာနိုင်ကြောင်း သိရသည်။
"ထုတ်လုပ်မှုစရိတ်က တစ်ပိဿာကို ၂၈၀၀ လောက်ရှိတယ်။ အခုလို ဈေးကွက်ထဲမှာ ရောင်းချနေရတာက အရောင်းသမားတွေဆိုရင် ၂၃၀၀ ဈေးနဲ့ ရောင်းရတဲ့အတွက် တစ်ပိဿာကို ၅၀၀ ဈေးလောက် ဆုံးရှုံးနေရ တာကြောင့် မွေးမြူရေးလုပ်ငန်းတွေ ရှင်သန်နိုင်ဖို့ ခဲယဉ်းသွားပါပြီ။ ထုတ်လုပ်မှုလည်း ကျဆင်းသွားနိုင်တယ်။" ဟု မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူ ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွင် ဇန်နဝါရီ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကြက်သားထုတ်လုပ်မှုနှင့် အစားအသောက် ဘေးကင်းလုံခြုံရေး ကိစ္စရပ်များဆိုင်ရာ စာနယ်ဇင်းရှင်းလင်းပွဲ၌ ဥက္ကဌ ဦးမြင့်သိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နေ့လျှင် ကြက်အကောင်ရေ ၅ သိန်း၊ ကြက်ဥအ‌နေဖြင့် တစ်နေ့လျှင် အလုံးရေ ၁၁၇ သိန်းဝန်းကျင် ထုတ်လုပ်လျက်ရှိပြီး ရန်ကုန်မြို့အတွက် ကြက်အကောင်ရေ ၂ သိန်းခွဲမှ ၃ သိန်း ဝန်းကျင်၊ ကြက်ဥအလုံး ရေ ၆၅ သိန်းဝန်းကျင်အထိ ထုတ်လုပ်ဖြန့်ဖြူးပေး‌နေရာမှ လက်ရှိ ဆဲလ်မိုနဲလားပိုး ပြဿနာကြောင့် ကြက်သား၊ ကြက်ဥ ရောင်းအားမှာ သုံးပုံ၊ တစ်ပုံ ဝန်းကျင်ခန့် ကျဆင်းသွားကြောင်း သိရသည်။
"အဲ့ဒါကို ထုတ်လုပ်သူတွေက ဈေးနှုန်းတက်လာမလားဆိုပြီး မျှော်လင့်နေတာပေါ့။ အမှန်တကယ် ကြက်သား ဈေးက ၃၅၀၀ လောက် ရောင်းရပြီဆိုရင် အကောင် ၁၀၀၀ ကို ၅ သိန်း၊ ၆ သိန်းလောက် မြတ်တယ်။ အဲ့လောက် မြတ်တာကလည်း ၄၂ ရက်လောက် မွေးရတယ်။ ခြံသန့်ရှင်းရေး လုပ်တာနဲ့ဆို တစ်လမှ ၂ သိန်းခွဲလောက်ပဲ မြတ်တယ်။ အဲ့လောက်မှ မရရင် ဒီလုပ်ငန်းက ဆက်လုပ်ချင်တဲ့ စိတ်မရှိတော့ဘူး။ လုပ်ငန်းရှင်တွေက တစ်ဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားကြတယ်။"ဟု အသင်း၏ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကြက်သားအတွင်း ဆဲလ်မိုနဲလားပိုး ပါဝင်နေသသည်ဟုဆိုကာ ကြက်သားမစားကြရန် လူမှုကွန်ယက် စာမျက်နှာတွင် တိုက်တွန်းမှုများ ပြန့်နှံ့ခဲ့ခြင်း‌ကြောင့် ကြက်သား ရောင်းလိုအား ကျဆင်းခဲ့ရကြောင်း သိရသည်။
ဆဲလ်မိုနဲလားရောဂါပိုးကို ကြက်ခြံ (သို့) ကြက်၊ ဘဲဈေးများတွင် တွေ့ရှိခြင်း ရှိ/မရှိနှင့် ပတ်သက်၍ အဖြေမှန် မသိရှိသေးသလို ဈေးကွက်အတွင်း ကြက်သားရောင်းချမှုပုံစံများနှင့် ပတ်သက်၍လည်း ဥပဒေတစ်ရပ် ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့် ကြက်၊ ဘဲဈေးဒိုင်၏ ဈေးသာယာရေးအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောသည်။
“ပိုးက မွေးမြူရေးခြံမှာ ပါတာလား၊ သယ်သွားရင်းနဲ့ ဈေးကို ပါလာတာလားဆိုတာ အဖြေမတွေ့ဘူး။ အဖြေလည်း မရှာသေးဘူး။ တကယ်ဆို လက်ရှိအနေအထားက ပါကိုပါမှာ။ ဆဲလ်မိုနဲလားမှ မဟုတ်ဘူး။ ဒီထက်များတဲ့ ပိုးတွေလည်း ပါကိုပါမှာ။ ကြက်ကို ရေနွေးနဲ့ ပြုတ်၊ ထုပြီးတော့ ဒီအတိုင်း ဗန်းပေါ်တင်ပြီး ညနေအထိ ရောင်းတာ။ အဲ့ဒါကို ဆဲလ်မိုနဲလားမပြောနဲ့။ နောက်ထပ်ရောဂါတွေ အများကြီးပါမှာပါ။”ဟု ဦးခင်မောင်လွင်က ပြောသည်။
ထို့အပြင် ကြက်၊ ဘဲဈေးဒိုင်အတွင်း ကြက်များကို သတ်ဖြတ်ခြင်း၊ အမွှေးနုတ်ခြင်းတို့ကို မိရိုးဖလာနည်းဖြင့်သာ လုပ်ဆောင်လျက်ရှိရာ ခေတ်မီနည်းစနစ်ဖြင့် မလုပ်ဆောင်နိုင်သေးခြင်းကြောင့် စားသုံးရန် မသင့်ကြောင်း သိရသည်။
“ကြက်သားစိမ်းထဲမှာ ပိုးပါတယ်ဆိုတာ ကျွန်တော်တို့ ငြင်းဆိုတာ မဟုတ်ဘူး။ ဒါက ဖြစ်နိုင်တယ်။ ပါနိုင်တယ်။ ဒီဟာပါတာက သိပ်ပြီး မထူးဆန်းဘူးဆိုတာကို ရှင်းပြတာဖြစ်တယ်။ နောက်တစ်ချက်က တိရိစ္ဆာန်မွေးမြူရေး သက်သက်ကြောင့် မဟုတ်ဘဲနဲ့ အခြားအချက်တွေကြောင့်လည်း ဖြစ်နေတာကို အာရုံစိုက်ပေးပြီးတော့ အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ပါ။"ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ မွေးမြူရေး လုပ်ငန်းပိုင်ဆိုင်ရာ အကြံပေး ဒေါက်တာ သက်ခိုင်က ပြောသည်။
ကြက်သားတွင် ဆဲလ်မိုနဲလားပိုးတွေ့ရှိမှု ဂယက်ကြောင့် ပြည်သူများအနေဖြင့် ချက်ပြုတ်စားသောက်ရာတွင် မီးအပူချိန် 60 °C မှ 100 °C အထိ ထားသင့်သည့်အပြင် ဟင်းသီးဟင်းရွက်၊ အစားအသောက်တို့ဖြင့် တွဲဖက် မထားသင့်ကြောင်းနှင့် မီးဖိုချောင်သုံး ပစ္စည်းများကိုလည်း သန့်ရှင်းစင်ကြယ်စွာထားသင့်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ၅ ရက်အကြာ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် ရန်ကုန်တိုင်းဒေသကြီး ‌တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ရှိ ဈေးများတွင် ရောင်းချနေသော ဗမာကြက်နမူနာ ၂၈ မျိုး၊ အသားတိုးမွေးမြူရေးကြက် နမူနာ ၂၈ မျိုး စုစုပေါင်း ကြက်သားအစိမ်း ၅၆ မျိုးကို ဆိုင် ၂၈ ဆိုင်မှ ဝယ်ယူပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ရန်ကုန်မြို့ရှိ အစားအသောက် အဏုဇီဝဗေဒ ဓါတ်ခွဲဌာနစိတ်၌ ဓါတ်ခွဲစမ်းသပ်ခဲ့ရာမှ ကြက်သားအစိမ်းများထဲမှ ဆဲလ်မိုနဲလားပိုးတွေ့ရှိရပြီး ပဋိဇီဝဆေး ယဉ်ပါးနေမှုကို တွေ့ရှိသည်ဟု ထည့်သွင်း ဖတ်ကြားခဲ့ကြောင်း သိရသည်။
မှုံလေး (မြစ်မခ)
zawgyi

No comments:

Post a Comment

My Blog List