Wednesday, January 22, 2020

ရန်ကုန်တိုင်းအစိုးရနှင့် စည်ပင်သာယာရေးကော်မတီကို ဒေါက်တာအောင်ဇော်အမှု နမူနာယူရန် ဒေါ်စန္ဒာမင်းထောက်ပြ


Image may contain: 1 person, standing
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ဘဏ္ဍာရေးစည်မျဉ်း စည်းကမ်းများကိုချိုးဖောက်ပြီး အလွဲသုံးစားမှုများ အများအပြားပြုလုပ်ထားသဖြင့် အဂတိတိုက်ဖျက်ရေး ကော်မရှင်နှင့် ဒေါက်တာအောင်ဇော်၏အမှုကို နမူနာယူသင့်ကြောင်း ဒေါ်စန္ဒာမင်းက လွှတ်တော်တွင်ပြောကြား လိုက်သည်။
“ပြည်သူ့ဘဏ္ဍာငွေတွေသုံးစွဲရာမှာ ၁/၂၀၁၇ ကိုလိုက်နာခြင်းမရှိကြောင်း ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာ ခြင်းမရှိတာတွေကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးလျက်ရှိကြောင်း တင်ပြလိုပါတယ်။ လုပ်ထုံးလုပ်နည်းမှားယွင်းလို့ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနစ်နာတယ်ဆိုရင် အဂတိမြောက်တယ်ဆိုပြီးတော့ အဂတိကော်မရှင်နဲ့ BPIက ဒေါက်တာအောင်ဇော် အမှုကို နမူနာယူသင့်ပါတယ်” ဟုပြောသည်။

ဒေါ်စန္ဒာမင်းသည် ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌအနေနှင့် ၂၀၁၇/၁၈ စာရင်းစစ်ချုပ် အစီရင် ခံစာတွင် တွေ့ရှိချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့၏ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု အခြေအနေများအား ဘဏ္ဍာရေးစည်းမျဉ်း မလိုက်နာ မှုကြောင့် ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှုများကို လွှတ်တော်တွင်တင်ပြသွားခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ရဲ့ ဆောင်ရွက်ချက် တွေကို ပြည်သူ့ဘဏ္ဍာငွေတွေကို ကိုင်တွယ်စီမံရာမှာ တည်ဆဲလုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီးတော့ နိုင်ငံတဝှမ်းမှာ ဆုံးရှုံးမှုတွေပေါ်ပေါက်လျက်ရှိကြောင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရသိရပါတယ်”ဟု ဒေါ်စန္ဒာမင်းကပြောသည်။

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုတ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွင် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၆ ဖြင့် အမှုဖွင့်ခံခဲ့ရသည်။


---------------------------------------------------------------------

(Zawgyi)

ရန်ကုန်တိုင်းအစိုးရနှင့် စည်ပင်သာယာရေးကော်မတီကို ဒေါက်တာအောင်ဇော်အမှု နမူနာယူရန် ဒေါ်စန္ဒာမင်းထောက်ပြ

ဇန္နဝါရီ ၂၂
ဇော်ထွန်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ဘဏ္ဍာရေးစည်မျဉ်း စည်းကမ်းများကိုချိုးဖောက်ြပီး အလွဲသုံးစားမှုများ အများအပြားပြုလုပ်ထားသဖြင့် အဂတိတိုက်ဖျက်ရေး ကော်မရှင်နှင့် ဒေါက်တာအောင်ဇော်၏အမှုကို နမူနာယူသင့်ကြောင်း ဒေါ်စန္ဒာမင်းက လွှတ်တော်တွင်ပြောကြား လိုက်သည်။

“ပြည်သူ့ဘဏ္ဍာငွေတွေသုံးစွဲရာမွာ ၁/၂၀၁၇ ကိုလိုက်နာခြင်းမရှိကြောင်း ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာ ခြင်းမရှိတာတွေကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများစွာ နစ်နာဆုံးရှုံးလျက်ရှိကြောင်း တင်ပြလိုပါတယ်။ လုပ်ထုံးလုပ်နည်းမှားယွင်းလို့ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနစ်နာတယ်ဆိုရင် အဂတိမြောက်တယ်ဆိုပြီးတော့ အဂတိကော်မရှင်နဲ့ BPIက ဒေါက်တာအောင်ဇော် အမှုကို နမူနာယူသင့်ပါတယ်” ဟုပြောသည်။

ဒေါ်စန္ဒာမင်းသည် ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌအနေနှင့် ၂၀၁၇/၁၈ စာရင်းစစ်ချုပ် အစီရင် ခံစာတွင် တွေ့ရှိချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့၏ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု အခြေအနေများအား ဘဏ္ဍာရေးစည်းမျဉ်း မလိုက်နာ မှုကြောင့် ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှုများကို လွှတ်တော်တွင်တင်ပြသွားခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ရဲ့ ဆောင်ရွက်ချက် တွေကို ပြည်သူ့ဘဏ္ဍာငွေတွေကို ကိုင်တွယ်စီမံရာမှာ တည်ဆဲလုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီးတော့ နိုင်ငံတဝှမ်းမှာ ဆုံးရှုံးမှုတွေပေါ်ပေါက်လျက်ရှိကြောင်း စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရသိရပါတယ်”ဟု ဒေါ်စန္ဒာမင်းကပြောသည်။

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုတ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွင် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၆ ဖြင့် အမှုဖွင့်ခံခဲ့ရသည်။

#TheFifthWaveNews

No comments:

Post a Comment

My Blog List