Friday, April 08, 2016

အဘခေတ်က ခရိုနီတွေကို အစ်မခေတ်မှာ ဘယ်လိုထိန်းမလဲ


စစ်အာဏာရှင်အဆက်ဆက် အုပ်ချုပ်ခံခဲ့ရသည့် မြန်မာနိုင်ငံတွင် ခရိုနီဟူသော လူတန်းစား တရပ်ပေါ်ပေါက်ခဲ့သည်။ အာဏာရှိသူများနှင့်ပူးပေါင်းကာစီးပွားရေးလုပ်ခဲ့ကြသည့် ခရိုနီများကြောင့် နိုင်ငံတော်အတွက် အမှန်တကယ်ရရှိမည့် အခွန်ငွေများ ဆုံးရှုံးနစ်နာခဲ့ရ သည်။ နှစ်ပေါင်းများစွာ အမြစ်တွယ် ခဲ့သည့် ခရိုနီအရင်းရှင်စနစ်(Crony Capitalism) လုံးဝအမြစ်ပျောက်သွားရန် NLD အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းရမည်ဖြစ်သည်။

ပနားမားလျှို့ဝှက်ဘဏ်စာရင်းပေါက်ကြားမှု ထိုင်းတွင် လူ ၁၆ ဦးကို စုံစမ်းစစ်ဆေး


ပနားမားလျှို့ဝှက်ဘဏ်စာရင်း ပေါက်ကြားမှုမှာ ပါဝင်ခဲ့တဲ့ လူသိများ စီးပွားရေးသမားတွေနဲ့ နိုင်ငံရေးသမားဟောင်းတွေ အပါအဝင် လူ ၁၆ ယောက်ကို စုံစမ်းစစ်ဆေးနေပြီလို့ ထိုင်းနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက် ရေးအဖွဲ့ (AMLO) က ထိပ်တန်း အရာရှိတဦးက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ စိစစ်ဆောင်ရွက်နေဆဲပါ- ဦးဇော်ဌေး


နိုင်ငံရေးအကျဉ်းသားလွတ်ရေးအတွက် နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်ရတဲ့ ကျောင်းသူကျောင်းသားတွေ လွတ်မြောက် ရေးကို ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်အပြီး ညနေပိုင်းမှာ စတင်ဆောင်ရွက် တာလို့ သူက ပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်တွေ့ဆုံခြင်း


'တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းကောင်းဖြစ်တဲ့အတွက် မြန်မာ နိုင်ငံကို ထောက်ခံပံ့ပိုးမှုတွေ၊ ကူညီမှုတွေ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်'မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသည့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်တွေ့ဆုံခြင်း နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံသို့ လာရောက်ရသည့်ရည်ရွယ်ချက်၊ မြန်မာပြည်သူပြည်သားများအပေါ်ထားရှိသည့်သဘောထားများနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ဖြေကြားချက်များကို ဖော်ပြအပ်ပါသည်။

အစိုးရအဖွဲ့ဆောင်ရွက်မည့်ကိစ္စရပ်တိုင်းကို ပြည်သူ့ဆန္ဒပါဝင်နိုင်အောင် ကြိုးပမ်းသွားမည်ဟု ၀န်ကြီးချုပ်ပြောကြား


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆောင်ရွက်မည့် ကိစ္စရပ်များတွင် ပြည်သူ့ဆန္ဒသဘောထားများ ပါဝင်နိုင်အောင်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင် ပြုလုပ်သော သတင်း မီဒီယာနှင့် တွေ့ဆုံပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ခရစ်ယာန်ဘုရားကျောင်းဝင်း စေတီတည်ခြင်းကိစ္စ ကရင်ဘာသာရေးခေါင်း ဆောင်များ လက်တွဲဖြေရှင်းမည်


ကရင်ပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းဝင်း၌ စေတီတည်ခြင်း ကိစ္စအပေါ် ကရင်ဘာသာရေး ခေါင်းဆောင်များ လက်တွဲဖြေရှင်းသွား မည်ဟု ဧပြီ ၆ ရက်နေ့၊ ဖားအံမြို့၊ တော်ဝင်ရတနာ ဟိုတယ်၌ ပြုလုပ်သည့် ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီတို့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်ရလဒ်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ရန်ကုန်နှစ်သစ်ကူး ဗဟိုကော်မတီမှ အထွေထွေအတွင်းရေးမှူး စောလှထွန်း ခန့်အပ်ခံရ


ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာ ရန်ကုန်)၊ အထွေထွေအတွင်းရေးမှူး စောလှထွန်းကို ကရင်ပြည်နယ် စာရင်းစစ်အချုပ်အဖြစ် ယနေ့(ဧပြီ ၇ရက်နေ့) ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်နယ်လွှတ်တော် ၇ ရက်မြောက်နေ့အစည်းအဝေးတွင် အတည်ပြုခန့်အပ် လိုက်ပြီဖြစ်သည်။

ဝင်းရော်ဒေသရှိ ကရင်စာပေ သင်ကြားသော ကျောင်းဆရာများကို ထောက်ပံ့ငွေတိုးပေးမည်ဟု ပြော


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ အစိုးရ ကျောင်းများ၌ ကရင်တိုင်းရင်းသား စာပေ သင်ကြားသော ကျောင်းဆရာများကို လာမည့် စာသင်နှစ်တွင် ထောက်ပံ့ငွေများတိုးပေးမည်ဟု ဧပြီ ၂ရက်နေ့က တောင်ဒီးကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ကရင်နှင့် အစိုးရပညာရေးဋ္ဌာနတို့ ပညာရေးနှီးနှော ဖလှယ်ပွဲတွင် ဝင်းရေးမြို့နယ် ကရင်ပညာရေးဋ္ဌာန(KED)က ပြောသည်။

မြန်​မာနိုင်​ငံတွင်​ နိုင်​/ကျဉ်း လုံးဝမရှိ​စေရဟု ​ဒေါ်​အောင်​ဆန်းစုကြည်​​ပြော


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ​ဒေါ်​အောင်​ဆန်းစုကြည်​သည်​ ​မြန်​မာနိုင်​ငံတွင်​ နိုင်​ငံ​ရေးအကျဉ်းသား လုံးဝမရှိ​စေရဟု ​ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stephane Dion နှင့် ဧပြီ ၇ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Stephane Dionက သတင်း ထောက် များအား ပြောသည်။

အသစ်ခန့်အပ်ခံရတဲ့ ရခိုင်ဝန်ကြီးတစ်ဦး ပါတီမှ ထုတ်ပယ်ခံရဖွယ်ရှိ


ဧပြီ ၇ ရက်နေ့တွင် ပြည်နယ်လွှတ်တော်မှ အတည်ပြု ခန့်အပ်ခဲ့ကြသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီး ၇ ဦးမှ ၁ ဦးကို မိခင်ပါတီမှ ထုတ်ပယ် နိုင်ဖွယ်ရှိကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္ဈိမကို ပြောကြားခဲ့သည်။

အင်းစိန်ထောင်တွင် လာရောက်စောင့်စားသူများပြားသော်လည်း မျှော်လင့်ထားသူများမပါခဲ့


ယနေ့ ဧပြီလ ၈ ရက်နေ့တွင် အင်းစိန်ထောင်မှအကျဉ်းသားများလွတ် မြောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား များ၏ မိသားစုဝင်များ အလုပ်သမားများ၏ မိသားစုဝင်များက လာရောက် စောင့်စားနေသေည်လည်း မျှော်လင့်ထားသူများ မပါလာကြောင်း စောင့်စား နေသူများက ပြောသည်။

ကျပ် ၅၀၀ တန် ထီလက်မှတ် ဆုကြေးတွင် ကျပ်သိန်း ၁၀၀၀၀ အပြင် ကျပ်သိန်း ၅၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀ ဆုကြေးများ လည်း ပါဝင်မည်


ငွေကျပ် ၅၀၀ တန်ထီလက်မှတ်များအတွက် အမြင့် ဆုံးဆုကြေးအဖြစ် ကျပ်သိန်း ၁၀၀၀၀ အပြင် ကျပ်သိန်း ၅၀၀၀ နှင့် သိန်း ၁၀၀၀ ဆုကြေးများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ယင်းဆုကြေးများအပြင် အထူးဆုကြီးစနစ်အဖြစ် ကျပ်သိန်း ၁၀၀၊ သိန်း ၅၀ နှင့် ၁၀ သိန်းတို့လည်း ပါဝင် မည်ဖြစ်ကာ ကျပ် ၂၀၀ တန်ထီလက် မှတ်များ၏ဆုကြေးတွင် ပါဝင်သည့် ဝေေ၀ဆာဆာပဒေသာ ဆုမဲ စနစ်ဖြစ် သော ကျပ်သုံးသိန်း၊ နှစ်သိန်း၊ တစ် သိန်းနှင့် ငါးသောင်းတို့လည်း ပါဝင် မည်ဖြစ်သည့်အပြင် ဆုမဲအရေအတွက် ကိုလည်း ယခင်ထက် တစ်သောင်း ကျော် တိုးမြှင့်သွားရန် စီစဉ်ထား ကြောင်း ပြည်တွင်း အခွန်များဦးစီး ဌာန အောင်ဘာလေသိန်းဆုဌာန ခွဲမှ သိရသည်။

စွမ်းအင်မလုံလောက်မှုကြောင့် စနေ၊တနင်္ဂနွေအပြင် သောကြာကိုပါ ဗင်နီဇွဲလားတွင် ရုံးပိတ်ရက်သတ်မှတ်


မီးမကြာခဏပြတ်တတ်တဲ့ နိုင်ငံ ဗင်နီဇွဲလားမှာ စွမ်းအင်ချွေတာဖို့ရန် အတွက် သောကြာနေ့ကိုပါ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်မယ်လို့ သမ္မတ နီကိုလပ်စ်မာဒူရို က အမိန့်ကြေညာလိုက်တယ်ပါတယ်။ လာမယ့် ၂ လ အထိ ဒီကိစ္စက အကျုံးဝင်နေဦးမှာ ဖြစ်ပြီးတော့ အားလပ်ရက် များများရရှိမှာ ဖြစ်ပါတယ်လို့ မာဒူရို က ပြောကြားခဲ့ပါတယ်။

"ရခိုင်ပြည်နယ် အစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘူး"


ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုနောက်ကျနေသဖြင့် ပြည်ထောင်စုအစိုးရကဂရုတစိုက် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံရသူ ဦးဘရှိန်က ပြောသည်။ Myanmar Now နှင့် မကြာသေးခင်က နေပြည်တော်တွင် တွေ့ဆုံစဉ် ရခိုင်အမျိုးသားပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၇ဝ အရွယ် ဦးဘရှိန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်အမျိုး သားပါတီအတွင်း ဖြစ်ပေါ်နေသော အခြေအနေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်ဆံရေး၊ အစိုးရအဖွဲ့သစ်၏အနေအထား၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခ တို့အကြောင်း ပြောပြခဲ့သည်။

ပနားမားလျှို့ဝှက်ဘဏ်စာရင်း ပေါက်ကြားမှုတွင် မြန်မာများ ပါဝင်


မကြာသေးခင် ရက်ပိုင်းက သန်းချီအချက်အလက်တွေနဲ့အတူ ပေါက်ကြား လာတဲ့ ပနားမား လျှို့ဝှက်အထောက်အထားတွေထဲမှာ မြန်မာနိုင်ငံက လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေထဲမှာတော့ ဦးအေးဇော်ဝင်း၊ ဦးမိုးမြင့်(ခ) မိုက်ကယ်မိုးမြင့်၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးဌေးမြင့် တို့ ပါဝင်တယ်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက် အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ယနေ့ အင်းစိန်ထောင်တွင် အကျဉ်းသားများ လွှတ်မည့်စာရင်း အယောက် ၂၈၀ ကို လတ်တလောကပ်



ဆီးရီးယား လုပ်သား ၃၀၀ IS ဖမ်းဆီးခေါ်ဆောင်


ဆီးရီးယား နိုင်ငံ ဒမတ်စကပ် မြို့တော်ရဲ့ အရှေ့မြောက်ပိုင်းမှာ ဘိလပ်မြေ စက်ရုံ လုပ်သား ၃၀၀ လောက်ကို အိုင်အက်စ် စစ်သွေးကြွတွေက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံကပြော ပါတယ်။

နိုင်ငံရေးနဲ့ ဘာသာရေး ခွဲခြားလိုတဲ့ ဘင်္ဂလားဒေရှ့် ကျောင်းသား အသတ်ခံရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံက တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးကို ဓါးကိုင် ထားတဲ့ လူတစုက ဒက္ကားမြို့တော်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ဘွဲ့လွန်ပညာသင်ယူနေတဲ့ ဥပဒေကျောင်းသား Nazmuddin Samad အနေနဲ့ Jagannath တက္ကသိုလ်ကအပြန် ဗုဒ္ဓဟူးနေ့မှာ ဓါးနဲ့ခုတ်ခံရပြီး မော်တော်ဆိုင်ကယ် သမားတွေရဲ့ ပစ်ခတ်မှုကိုလဲ ထပ်ခံလိုက်ရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေလွှတ်မယ့်ကိစ္စ လူ့အခွင့်အရေးအဖွဲ့တွေကြိုဆို


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေ ရသူတွေ လွတ်မြောက်ရေး NLD အစိုးရက ဦးစားပေး ဆောင်ရွက်သွားမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြေညာချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပြီး၊ ဒီကြေညာချက်အတိုင်း အကောင်အထည် ဖော်ဖို့ကို လည်း မျှော်လင့်နေကြပါတယ်။ 

ဂရိနိုင်ငံရှိ ရွှေ့ပြောင်း ဒုက္ခသည်တွေကို ပုပ်ရဟန်းမင်း တွေ့ဆုံမည်


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ ဂရိနိုင်ငံ၊ Lesbos ကျွန်းမှာ နေရာချပေးထားတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဧပြီလ ၁၆ ရက်နေ့ မှာသွားတွေ့မယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ထုတ်ပြန် ကြေညာပါတယ်။ခရစ်ယာန်အော်အိုဒေါ့က်စ် ဘုရားကျောင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီး Bartholomew နဲ့ ဂရိသမ္မတ Prokopis Pavlopoulos တို့ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး သွားရောက်မှာဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။ ဘုန်းတော်ကြီး Bartholomew, အေသင်နဲ့ ဂရိနိုင်ငံလုံးဆိုင်ရာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး Jerome II တို့လည်း ပုပ်ရဟန်းမင်းနဲ့အတူ Lesbos ကျွန်းကို သွားကြမှာပါ။

တရုတ်နဲ့ ဆက်ဆံရေး NLD အစိုးရ အခက်တွေ့နေပြီလား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ ဒေသတွင်းက သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ အစိုးရသစ်နဲ့တွေ့ဖို့ ထိပ်ဆုံးက ရောက်လာတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ဆက်လက်တိုးမြှင့်သွားဖို့ ကတိပြု ပြောကြားထားတာပါ။

ပြည်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးလွတ်



၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ပြစ်မှု ၂၁ မှု အရေးယူခဲ့ကာ ကျူးလွန်သူသုံးဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး နိုင်ငံ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းငွေ ကျပ်သန်းပေါင်း ၂၃၁၆၆ ကျော်အထိ ရှိနေကြောင်း သိရ


မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ပြစ်မှုပေါင်း ၂၁ မှု အရေးယူခဲ့ကာ ကျူးလွန်သူသုံးဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၂၃၁၆၆ ဒဿမ ၂၈ အထိ ရှိနေသည်ဟု မြန်မာငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးတပ်ဖွဲ့ (Myanmar Financial Intelligence Unit) မှ ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စနစ်အတွင်း သတင်းပို့ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြော ပွဲမှ သိရသည်။

ရေပူဆရာတော် အနေဖြင့် ကျောက်မျက်အရိုင်းရရှိရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရားဒါယိကာ ဆိုသူတစ်ဦးက မကျေနပ်၍ အမှုဖြစ်ပေါ်လာ သည်ဟု တရားလိုပြသက်သေ ထွက်ဆို


ရေပူဆရာတော်အနေဖြင့် ကျောက်မျက်အရိုင်း ရရှိရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ စေတီဟောင်းများ ရှင်းလင်းမှုကို ဘုရားဒါယိကာ ဆိုသူတစ်ဦးက မကျေနပ်၍ တိုင်တန်းရာမှ အမှုဖြစ်ပေါ်လာသည်ဟု ကျောက်မျက်မှုနှင့်ပတ် သက်ပြီး တရားလိုပြသက်သေ ထွေအုပ်စာရေးက ထွက်ဆိုခဲ့သည်။

ဦးသက်ဝေ ပြန်လည်လွှတ်မြောက်လာ

နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသားလေးထောင်ကျော် ယနေ့လွတ်မည်


နိုင်ငံရေးအကျဉ်းသားအချို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား လေးထောင်ကျော်ကို ယနေ့ (ဧပြီ ၈ ရက်)တွင် လွှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

Thursday, April 07, 2016

နိင်ငံရေးအကျဉ်းသားတွေ ၊ဖမ်းဆီးခံ ကျောင်းသားကျောင်းသူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ယနေ့ ဘာပြောလိုက်ပြီလဲ


အစိုးရသစ်၏ ပထမဆုံးအစိုးရအဖွဲ့အစည်းအ ဝေး သမ္မတအိမ်တော်တွင် ကျင်းပမည်


အရပ်သားအစိုးရသစ် အစိုးရအဖွဲ့များ ယနေ့ နေ့လည် ၂ နာရီ၌ နေပြည်တော်ရှိသမ္မတအိမ် တော်တွင် အသည်းအဝေးတစ်ရပ်ကျင်းပမည် ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ထောက်ပံ့ရန် အစိုးရသစ်၏ အစီအစဉ်များအပေါ် မူတည်ဟုဆို


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ထောက်ပံ့ရေးများပြုလုပ်ပေးရန် အစိုးရသစ်၏ ရှေ့ဆက်မည့်အစီအစဉ်များ အပေါ်တွင်သာ မူတည် စဉ်းစားသွားမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးဒေါ်ကြည်ပြာချစ်စော က ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်ဝန်ကြီးချူပ်က မူးယစ်ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများနှင့် လယ်ယာမြေကိစ္စရပ်များ အဓိကထား ဆောင်ရွက်မည်


မူးယစ်ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် လယ်ယာမြေ ကိစ္စရပ်များကို အဓိကထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချူပ်သစ် ဒေါ်နန်းခင်ထွေးမြင့်က ပြောဆိုလိုက်သည်။

■နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း■


(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆။)

၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်

(၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်)

ဒေါ်စုနဲ့ မြန်မာသမ္မတသစ်ကို အိုဘားမား ချီးကျူး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတရပ်ကို ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ချီးကျုးတဲ့အကြောင်း ဧပြီလ ၆ ရက်နေ့က ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသစ် ဦးထင်ကျော်တို့ကို တယ်လီဖုန်းဆက် ပြောကြားခဲ့ပါတယ်။

Panama Papers စာရင်းမှာ ပါဝင်သူတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရတွေမှာ တာဝန်ရှိ


Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ ပါဝင်သူတွေဟာ တရားဥပဒေ ချိုးဖောက်ရာ ရောက်မရောက် သေသေချာချာ မပြောနိုင်ပေမဲ့ ဒါဟာ ကမ္ဘာနဲ့အ၀ှမ်းဖြစ် ပေါ်နေတဲ့ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားမှု တစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ခုက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Iceland သမ္မတ ရာထူးမှ ယာယီသာ နှုတ်ထွက်ကြောင်း ထပ်ဆင့်ရှင်းလင်း


Iceland ဝန်ကြီးချုပ် Sigmundur David Gunnlaugsson က သူဟာ သတင်းတွေထဲ အရင်ဖော်ပြခဲ့သလို နှုတ်ထွက်တာမဟုတ်ဘဲ သူ့ပါတီက ဒုတိယအကြီးအကဲကို အချိန်အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်ဖို့ပဲ အကြံပြုခဲ့တာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

Republican သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုပုံစံ ပြောင်းနိုင်


အမေရိကန်နိုင်ငံ၊ Wisconsin ပြည်နယ်မှာ အင်္ဂါနေ့က ကျင်ပခဲ့တဲ့ Republican ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ပဏာမ ရွေးချယ်မှုမှာ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz က ပါတီတွင်း ရှေ့ကပြေးနေတဲ့ Donald Trump ကို အပြန်အသတ် အနိုင်ရလိုက်တဲ့ အတွက် ပါတီညီလာခံ ကျင်းပတဲ့အချိန် သမ္မတကိုယ်စားလှယ်လောင်းကို အစကနေ ပြန်လည် ရွေးချယ်ရမယ့် ကြုံတောင့်ကြုံခဲ အဖြစ်မျိုးနဲ့ ရင်ဆိုင် ရမယ့် အလားအလာ ပိုများလာနေပါတယ်။

နိုင်ကျဉ်းတွေ ပြန်လွှတ်ပေးဖို့ အစိုးရသစ်ကို ဆက်လက်တောင်းဆို


ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အကျဉ်းထောင်ဝတ်စုံတွေ သံခြေချင်းတွေ ၀တ်ဆင်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုတွေကို ဒုတိယအကြိမ်အဖြစ် တက်ကြွလှုပ်ရှားသူတွေက ဆက်လက် လုပ်ဆောင်နေပြီး အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကို ဖိအားပေး တောင်းဆိုနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

စာရွက်စာတမ်းတွေ ကွန်ပြူတာဖောက်ထွင်းခိုးယူခံရကြောင်း Mossack Fonseca ရှင်းလင်း


ဒီသီတင်းပတ်ထဲမှာ ထွက်ပေါ်လာတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသမားတွေ၊ ချမ်းသာကြွယ်ဝသူတွေ၊ ကျော်ကြား သူတွေ ပါဝင်တဲ့ စာရင်း စာရွက်စာတမ်းပေါင်း ၁၁ သန်းခွဲလောက်ကို ကွန်ပြူတာ ဖောက်ထွင်းသူ ဟက်ကာတွေက ခိုးယူခဲ့တာဖြစ်ပြီး သူတို့ရုံးထဲက လူတွေကြောင့် ပေါက်ကြားတာ မဟုတ်ဘူးလို့ Panama က ဥပဒေအကျိုးဆောင်အဖွဲ့က ပြောပါတယ်။

အစိုးရသစ်ကို အကဲစမ်းမယ့် ကျောက်စိမ်း မူးယစ်ဆေးဝါးနဲ့ လက်နက်ကိုင် ပြဿနာ


ဥပဒေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့နာမည်ကြီးပါနေတာကတော့ ဒီဥပဒေကဘယ်လိုကြီးလဲလို့တော့ မေးခွန်းထုတ်မိတာပေါ့ကွာ။ ကမ္ဘာမှာကလည်း ဒီလိုမျိုးရှိမှ မရှိတာကိုး


ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင် မြှောက်ရန်အတွက် ဥပဒေကြမ်းတစ်ခုကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ အားလုံးအသိပင် ဖြစ်ပါသည်။ ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှု အမျိုးမျိုးအဖုံဖုံ ပေါ်ထွက်နေခြင်းကို လည်း စာဖတ်ပရိသတ် သိပြီးဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို တစ်နည်းတစ်ဖုံ ရှောင်လွှဲ၍ မိမိတို့ ဖြစ်လိုသည်တို့ကို မဖြစ်ဖြစ်အောင် ပြုလုပ်ခြင်းဖြစ်လေသလော၊ ဥပဒေတစ်ရပ်၏ အင်္ဂါရပ်များနှင့် ပြည့်စုံ ကိုက်ညီပါ၏ လော၊ အများက လက်ခံနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်လာနိုင် ပါမည်လော။ အစရှိသည်တို့နှင့် ပတ်သက်၍ နားလည်ကျွမ်းကျင်သူတို့၏ အသံများကို တင်ပြလိုက်ရပါကြောင်း …

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီ


လွှတ်တော်နှစ်ရပ် သဘောတူပြီးဖြစ်သော နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို သမ္မတက ဧပြီ ၆ ရက် တွင် လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်ရာ ဒေါ်အောင်ဆန်းစုကြည် သည် အဆိုပါဥပဒေအရ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် လာပြီဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမှတ်တံဆိပ်သစ် စတင်သုံးစွဲ


အစိုးရသစ်လက်ထက်တွင် ပေါင်းစည်းလိုက်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအမှတ် တံဆိပ်အသစ်ကို ဧပြီ ၆ ရက်က ထုတ်ပြန် ကြောင်း သတင်းရရှိသည်။အသစ်ပြောင်းလဲခဲ့သည့် အမှတ်တံဆိပ်အသစ်တွင် အပြာရောင်အောက် ခံပေါ်၌ အဝါရောင် MOEE စာလုံးအပါအဝင် အဝါရောင် လျှပ်စစ်တာဝါတိုင် နှင့် ရေနံစင်တို့ ပါဝင်ပြီး အဆိုပါအမှတ် တံဆိပ်ပတ်လည်တွင် ဝါစိမ်းနီ သုံးရောင်ခြယ်ဖြင့် ဘောင်ကွပ်ထားသည်။  

သမ္မတဦးထင်ကျော် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးအား ပထမဆုံး လက်ခံတွေ့ဆုံ


နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အီတလီနိုင်ငံခြား ရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြား ရေးဝန်ကြီးတို့ကို ဧပြီ ၆ ရက်တွင် သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့သည်။ နိုင်ငံတော်သမ္မတသည် အီတလီနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပေါ်လိုဂျန်တီလိုနီဆေလ် ဗာရီအား မွန်းလွဲ ၂ နာရီတွင် ဦးစွာ တွေ့ဆုံခဲ့ပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့် မားလာ စေရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ အသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေး၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

တပ်မတော်သားများ အတိုက်အခံ ဖြစ်လာသည့် ဒီချုပ်လွှတ်တော်


ပြည်ခိုင်ဖြိုးအစိုးရ၊ ပြည်ခိုင်ဖြိုးလွှတ်တော် ငါးနှစ်သက်တမ်းက ငြိမ်သက် လွန်းသဖြင့် ဝေဖန်ခံရသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်သက်တမ်းတွင် သက်ဝင်လှုပ်ရှား လွန်းနေသည်။

အစိုးရသစ်နှင့် ရခိုင့်ရှေ့ရေး


ရခိုင်ပြည်နယ်သည် ယခင်အစိုးရလက်ထက်က ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးကိုအခြေခံသော ပဋိပက္ခများကြောင့်နိုင်ငံတကာကပင် စောင့်ကြည့်ခြင်းခံရသည့် ဒေသတစ်ခုဖြစ်ခဲ့သည်။ သမိုင်းနှင့်ချီသော ပြဿနာများရှိနေသည့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးဒေသတစ်ခုလည်းဖြစ်သည်။

သမ္မတရုံးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးဖြစ်လာ


သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် သမ္မတဟောင်း ဦးသိန်းစိန် အားကိုးခဲ့ရသော ဦးဇော်ဌေးအား ခန့်အပ်ခဲ့သည်။ ၎င်းသည် မှူးဇော်ဟု လူသိများသော အငြိမ်းစားဗိုလ်မှူးဇော်ဌေးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရာထူးများအနက်သမ္မတရုံးဝန်ကြီးတစ်ခုတည်းအတွက်သာ ဦးဇော်ဌေးအား ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးခြင်းဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်ပြီ"


Wednesday, April 06, 2016

ဗီယက်နမ်တွင် အမျိုးသမီး ၂ ဦး ဇီကာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရ

ဗီယက်နမ်နိုင်ငံမှာ အမျိုးသမီး ၂ ဦးကို ခြင်ကနေတဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်ခဲ့တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ဧပြီ ၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ ကူးစက်ပျံ့နှံ့ခဲ့တဲ့ ရောဂါပိုးက ဗီယက်နမ်မှာ ပထမဆုံး တွေ့ရှိမှုပါ။

သမ္မတ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို လက်မှတ်ရေးထိုး ပြီးသည်နှင့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ် စတင်ဆောင်ရွက်နိုင်မည်


နိုင်ငံတော်အခြေခံဥပဒေ ပုဒ်မ ၁၀၅ အရ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ပြည်ထောင်စု လွှတ်တော်မှအတည်ပြုသော သို့မဟုတ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ဖြစ်သော ဥပဒေကြမ်းများကို လက်ခံရရှိသည့် နေ့၏ နောက်တနေ့မှ ၁၄ ရက်အတွင်း လက်မှတ်ထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်။

My Blog List