Saturday, December 22, 2012

နောက်ဆုံးကျန်ဈေးသင်္ဘောမှ ဈေးသည်များ ရှေ့ရေးအတွက် စိတ်ပူ

Photo: နောက်ဆုံးကျန်ဈေးသင်္ဘောမှ ဈေးသည်များ ရှေ့ရေးအတွက် စိတ်ပူ
Friday, 21 December 2012

မြန်မာနိုင်ငံတွင်တစ်စီးသာကျန်ရှိသော မြဧရာဈေးသင်္ဘောအား အရှုံးပေါ်သည်ဆိုသော အကြောင်း ပြချက်ဖြင့် အစိုးရမှပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ကာ အကျိုးတူပူးပေါင်းဆောင် ရွက်မည့် အစီအစဉ်တွင် သင်္ဘောပေါ်ရှိ ဈေးသူဈေးသားများ စိတ်ပူပင်လျှက်ရှိနေကြောင်း သိရသည်။

“အန်တီ ဒီသင်္ဘောပေါ်မှာ ဈေးရောင်းလာခဲ့တာ အနှစ်(၂၀)ကျော်ပါပြီ။ ဆိုင်တစ်ခန်းကို ငွေ(၁၅၀၀) ခေတ်ကတည်း က ဈေးရောင်း လာခဲ့တာ အခုဆိုရင် ငွေနှစ်သောင်းခေတ်ရောက်ပါပြီ။ အဲဒီ့အချိန်ထဲက ဒီဈေးသည်တွေက ဒီဟာလေးနဲ့ ဈေးရောင်းစားလာခဲ့ကြတာပါ။ အခုဒုက္ခတွေ အနှစ်(၂၀)ကျော် ခံပြီးကာမှ အခု ဒီလိုဖျက်သိမ်းမယ်လို့
ဲဗြုန်းစားကြီးပြောလိုက်တော့ ရင်ထဲ အသည်းထဲကကိုမခံစားနိုင်တော့ဘူး”
ဟု ဈေးသင်္ဘောပေါ်တွင် နှစ်(၂၀)ကျော်ဈေးရောင်းလာခဲ့သည့် အမျိုးသမီးကြီးတစ်ဦး ကပြောသည်။

မြဧရာဈေးသင်္ဘောသည် အထက်မြန်မာပြည် ဧရာဝတီမြစ်ကြောင်း
တစ်လျှောက် စုန်/ဆန် ပြေးဆွဲရောင်းချနေသည့်   ဈေးသင်္ဘောတစ်စီးဖြစ်ပြီး တစ်နှစ်လျှင်(၃)ခေါက် သယ်ယူပို့ဆောင်ပြေးဆွဲနေခြင်းဖြစ်သည်။

စုန်/ဆန် ခရီးတစ်ခေါက်လျှင် ရက်ပေါင်း(၆၀)နှစ်လခန့်ကြာမြင့်သောကြောင့်
ခြောက်လပြေးဆွဲ၊ ခြောက်လရပ်နားထားရသည့် အခြေအနေဖြစ်ကြောင်း ရပ်နားနေစဉ်ကာလအတွင်း နေ့စဉ်အသုံး စရိတ်သာရှိပြီး ဝင်ငွေရှာဖွေ
ပေးနိုင်ခြင်း မရှိသောကြောင့် ရပ်နားနေသော ခြောက်လအတွက်
ငွေကျပ်(၂၅၄)သန်းခန့် အရှုံးပေါ်လျက် ရှိကြောင်း ဒီဇင်ဘာလ(၂၀)ရက်နေ့
ထုတ်   နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါလုပ်ငန်းအား ရပ်နားမရှိပြေးဆွဲပို့ဆောင်ဝင်ငွေရှာနိုင်ရန် လိုအပ်လျက်ရှိကြောင်း ဈေးသင်္ဘောမြဧရာအား   ရေပေါ်ရွှေ့လျားဈေးပုံစံမ
ပြောင်းလဲလာသည့် စီးပွားရေးပုံစံအရ ဒေသ၊ မြို့နယ်အလိုက် လိုအပ်သည့် ပစ္စည်းများ အပြန်အလှန်သယ်ပို့သည့် ရေကြောင်းကုန်ပို့လုပ်ငန်းအဖြစ် ပုံစံသစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 “စိတ်ညစ်မှုတွေနဲ့ ရင်ဆိုင်လိုက်ရတာ ညတုန်းက ဒီလိုအသံတွေ
ကြားလိုက်ရတာ အခုထမင်းတွေတောင် စားလို့မရကြတော့ဘူး။ ကုန်တွေကလည်း တစ်ပုံတစ်ပင်ကြီးနဲ့။ သူတို့ဘက်က နည်းနည်းလောက် ဝင်ခံစား ကြည့်ပါလား။ သူတို့ဘယ်လိုလို့ခံစားလို့ရမလဲ အခုငါတို့ခံစား
နေကြရပြီ။ တကယ်လို့တောင် ရပ်နားမယ်ဆိုရင် ဈေးသူဈေးသားတွေ
ကိုတော့ ကြိုတင်အသိပေးသင့်တာပေါ့။ အခုတော့ သူတို့ ဘာသာစီစဉ်ပြီးမှ သိကြရတယ်”ဟု မြဧရာဈေးသင်္ဘောပေါ်တွင် (၁၅)နှစ်ကြာ အိုးကုန် သည်အဖြစ် လုပ်ကိုင်လာသူ ကိုသက်ထွန်းဦးကပြောသည်။

အဆိုပါဈေးသင်္ဘောများကို ၁၉၉၂ ခှုစ် မတ်လ(၁၆)ရက်နေ့မှ စတင်ကာ
ဈေးသင်္ဘောများအဖြစ် ပြေးဆွဲစေခဲ့ခြင်းဖြစ်သည်။ စတင်ပြေးဆွဲခဲ့စဉ်က (မြဒီပါ၊ မြစန္ဒာ၊ မြမာလာ၊ မြသီတာ၊ မြဧရာ) သင်္ဘော(၅)စင်းအား
ဈေးသင်္ဘောများအဖြစ်ပြေးဆွဲစေခဲ့ခြင်းဖြစ်ပြီး အစုန်/အဆန် တစ်နှစ်လျှင် (၃၂)ခေါက် ပြေးဆွဲ၍ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးသင်္ဘောများကို ၁၉၉၄ခုနှစ်တွင် (၄)စင်းအသုံးပြု၍(၁၇)ခေါက်၊ (၂၀၀၁-၂၀၀၁)ခုနှစ်တွင် သုံးစင်း အသုံးပြု၍ ခုနှစ်ခေါက်၊ (၂၀၀၆-၂၀၀၇)ခုနှစ်တွင် တစ်စင်း(မြဧရာ)အသုံးပြု၍ ပြေးဆွဲနိုင်ခဲ့ကြောင်း
နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။

“ဒီဈေးသင်္ဘောတွေ စဆွဲတုန်းက ငါးစင်းလောက်ရှိတယ်။ အရင်သင်္ဘော
တွေတုန်းကလည်း ဒီလိုပဲ ဟိုရောင်းလိုက် ဒီရောင်းလိုက်နဲ့ ဈေးသည်တွေ
ဒုက္ခရောက်ခဲ့ကြတာပါ။ အခု ဒါကနောက်ဆုံးကျန်တဲ့သင်္ဘောပါ။ ဒီသင်္ဘောကိုမှီပြီး လုပ်ကိုင်စားသောက်နေတဲ့ သူတွေ နေရာအနှံ
အပြားမှာရှိပါတယ်။ နောက်တစ်ခုက ကမ္ဘာလှည့်ခရီးသွားတွေလည်း ဒီနေရာကို စိတ်ဝင်စားကြပါတယ်”ဟု အဆိုပါ မြဧရာဈေးသင်္ဘောတွင် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ဖူးသူ ကိုဝီရကပြောသည်။

ကျော်ဇင်မန်း(မြစ်မခ)
Myit Makha Mediagroup
မြန်မာနိုင်ငံတွင်တစ်စီးသာကျန်ရှိသော မြဧရာဈေးသင်္ဘောအား အရှုံးပေါ်သည်ဆိုသော အကြောင်း ပြချက်ဖြင့် အစိုးရမှပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ကာ အကျိုးတူပူးပေါင်းဆောင် ရွက်မည့် အစီအစဉ်တွင် သင်္ဘောပေါ်ရှိ ဈေးသူဈေးသားများ စိတ်ပူပင်လျှက်ရှိနေကြောင်း သိရသည်။

“အန်တီ ဒီသင်္ဘောပေါ်မှာ ဈေးရောင်းလာခဲ့တာ အနှစ်(၂၀)ကျော်ပါပြီ။ ဆိုင်တစ်ခန်းကို ငွေ(၁၅၀၀) ခေတ်ကတည်း က ဈေးရောင်း လာခဲ့တာ အခုဆိုရင် ငွေနှစ်သောင်းခေတ်ရောက်ပါပြီ။ အဲဒီ့အချိန်ထဲက ဒီဈေးသည်တွေက ဒီဟာလေးနဲ့ ဈေးရောင်းစားလာခဲ့ကြတာပါ။ အခုဒုက္ခတွေ အနှစ်(၂၀)ကျော် ခံပြီးကာမှ အခု ဒီလိုဖျက်သိမ်းမယ်လိုဲ့ဗြုန်းစားကြီးပြောလိုက်တော့ရင်ထဲအသည်းထဲကကိုမခံစားနိုင်တော့ဘူး”ဟု ဈေးသင်္ဘောပေါ် တွင် နှစ်(၂၀)ကျော်ဈေးရောင်းလာခဲ့သည့် အမျိုးသမီးကြီးတစ်ဦး ကပြောသည်။

လက်ပန်းတောင်းတောင်နဲ့ပတ်သက်ပြီး ကော်မတီနှစ်ရပ် ပူးတွဲကြေညာချက်ထုတ်ပြန်

လက်ပန်းတောင်းတောင်ဒေသ ပြည်သူ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး အထွေထွေ သပိတ်ကော်မတီနှစ်ရပ်တို့ ပူးပေါင်းပြီး အချက် ၆ ချက်ပါဝင်တဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်က ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်များနှင့် လယ်သိမ်းခံ တောင်သူလယ်သမားများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြနေကြစဉ်။

၈၈ အင်အားစုည်ီလာခံ ကျင်းပဖို့ ဆုံးဖြတ်ကြေညာ

၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေ၊ လူ့ဘောင်သစ် အင်အားစုတွေ အပါအဝင် ၈၈ အရေးတော်ပုံကာလမှာ ပါဝင်လှုပ်ရှား ခဲ့တဲ့ ၈လေးလုံးအင်အားစုတွေစုစည်းပြီး ၂ဝ၁၃ ခုနစ် ဇွန်လ   နောက်ဆုံးထားကာ ညီလာခံတရပ်ကျင်းပသွားမယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားလိုက်ပါ တယ်။    
 

၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ၈၈မျိုးဆက်ကျောင်းသားတွေ၊ ABSDF အင်အားစုတွေနဲ့ လူ့ဘောင်သစ်အင်အားစုတွေ တွေ့ဆုံပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တွေ့ရစဉ် 

ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေ အရေး ဗကသအဖွဲ့ချုပ် သတင်းစာရှင်းလင်း

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအရေး သံဃာတော်တွေ ဆန္ဒပြကြရာမှာ ပါဝင်အားဖြည့်ခဲ့ကြတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ဒီကနေ့ နေ့လည်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Home မီဒီယာခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။


လက်ပန်းတောင်းတောင်အရေးဆန္ဒပြရာမှာ ဖမ်းဆီးခံရတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ဒီဇင်ဘာလ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့စဉ်
ဒီလို သတင်းစာရှင်းလင်းပွဲ ကျင်းပရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက အခုလို ပြောကြားခဲ့ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး မှာ ဆုံးရှုံးသူတွေကို လျော်ကြေးပေးနေ

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ဧရိယာတွေအတွက် ဒေသခံတွေဆီက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို အီတာလျံထိုင်းကုမ္ပဏီက ဒီကနေ့ ထားဝယ်မြို့၊ မြို့နယ်ခန်းမမှာ   လျော်ကြေးငွေပေးအပ်တဲ့ အခမ်းအနားတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
ကုမ္ပဏီဘက်ကနေ ရာဘာအပင်တွေအတွက်ပဲ လျော်ကြေးပေးပြီး တခြားအပင်တွေကို   လျော်ကြေး မပေးတဲ့အတွက် မကျေနပ်ဘူးလို့ ဒေသခံရွာသားတချို့က ပြောပါတယ်။ ဒေသခံတွေဘက်က   ရသင့်ရထိုက်တဲ့ ဈေးနှုန်းအတိုင်း တွက်ချက်ပေးတာဖြစ်တဲ့အတွက် ပြေလည်မှုမရရှိတာတွေကို ခုံသမာဓိနဲ့ ကွင်းဆင်းလေ့လာပြီး ဆောင်ရွက်ပေးမယ်လို့ ထားဝယ်စီမံကိန်း အထောက်အကူပြုအဖွဲ့ တာဝန်ခံဥက္ကဌ ဦးတင်မောင်ရွှေက RFA ကို အခုလို ပြောပါတယ်။"လူထုအစည်းအဝေးနဲ့လုပ်တဲ့ ဒီဈေးနှုန်းကို အများကလက်ခံမယ်၊  လျော်ကြေးငွေကို အများဆုံးရရှိမယ်၊  အဲဒါနဲ့ ကျနော် တွက်ချက်ပြီးတော့ပေး တာ၊ တစ်ချို့ဟာတွေက မြေပြင်မှာစာရင်းကောက်တဲ့ ဥစ္စာနဲ့ သူတို့စိတ်ထဲမှာ သံသယနဲ့ ကိန်းဂဏန်းတွေ လွဲနေတယ်လို့ ထင်တာတွေရှိတယ်၊ အဲဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့တွေက ခုံသမာဓိအဖွဲ့ဆိုပြီး ဖွဲ့ထားတယ်၊ အဲဒါတွေအားလုံးကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးတော့ သူတို့ရသင့်ရထိုက်တဲ့ ဥစ္စာအားလုံးကို ပြန်လုပ်ပေးမှာပါ"

အလုပ်သမား မှတ်ပုံတင်ရက်တိုးပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာတိုက်တွန်းခဲ့

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာရောက်ကြည့်ရှုတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို သမ္မတဦးသိန်းစိန်နဲ့အတူ တွေ့ရစဉ်

ထိုင်းဝန်ကြီးချုပ် ယင်လတ် က ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို   နိုင်ငံသားအသိအမှတ်ပြု ကဒ်ပြား လျှောက် ထားရေးအတွက် နောက်ထပ်သက်တမ်း ၃ လ တိုးပေးဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

ဂျာမနီတပ်ဖွဲ့များသည် PATRIOT ဒုံးစနစ်များကို တပ်ဖြန့် ချထားရန် အတွက် တူရကီနိုင်ငံသို့ ရောက်ရှိ လာခဲ့ခြင်း

Photo: ဂျာမနီတပ်ဖွဲ့များသည် PATRIOT ဒုံးစနစ်များကို တပ်ဖြန့် ချထားရန်
အတွက် တူရကီနိုင်ငံသို့ ရောက်ရှိ လာခဲ့ခြင်း
Friday, 21 December 2012

ဂျာမနီ တပ်ဖွဲ့များသည် တူရကီ နိုင်ငံအပေါ် ဆီးရီးယားနိုင်ငံမှ ခြိမ်းခြောက်နိုင်ခြေ ရှိမှုများကို ကာကွယ်ရန် အတွက် Patriot ဒုံးစနစ်များ တပ်ဖြန့် ချထားရန် တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းရှိ Kahramanmaras
ပြည်နယ်သို့ ရောက်ရှိ လာခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

ဂျာမနီ တပ်ဖွဲ့များသည် တူရကီနိုင်ငံ တောင်ပိုင်း Adana ပြည်နယ်ရှိ NATO အဖွဲ့၏ Incirlik လေတပ် အခြေစိုက် စခန်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သည် ယာဉ်နှစ်စီးဖြင့် Kahramanmaras ပြည်နယ်သို့ တူရကီ စစ်ဘက်အစောင့်လိုက် ယာဉ်တန်းနှင့် အတူ ဒီဇင်ဘာလ ၁၈ ရက် နေ့ မနက်တွင် ဆက်လက် ထွက်ခွာသွားကြောင်း သိရှိရပါသည်။

တူရကီ နိုင်ငံသို့ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန် နိုင်ငံတို့မှ စုစုပေါင်း Patriot ဒုံးတပ်ခွဲ ၆ ခွဲ စေလွှတ်သွားမည် ဖြစ်ကြောင်း၊ ယင်းတပ်ခွဲ ၆ ခွဲအား NATO စစ်အုပ်စု၏ ကွပ်ကဲမှု လက်အောက်တွင် ထားရှိမည် ဖြစ်ကြောင်းနှင့် စစ်ဆင်ရေး ကာလအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အကုန်အထိ သတ်မှတ် ထားကြောင်း သိရှိရ ပါသည်။

မြ၀တီ
ဂျာမနီ တပ်ဖွဲ့များသည် တူရကီ နိုင်ငံအပေါ် ဆီးရီးယားနိုင်ငံမှ ခြိမ်းခြောက်နိုင်ခြေ ရှိမှုများကို ကာကွယ်ရန် အတွက် Patriot ဒုံးစနစ်များ တပ်ဖြန့် ချထားရန် တူရကီ နိုင်ငံ အရှေ့တောင်ပိုင်းရှိ Kahramanmarasပြည်နယ်သို့ ရောက်ရှိ လာခဲ့ကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။

ဂျာမနီ တပ်ဖွဲ့များသည် တူရကီနိုင်ငံ တောင်ပိုင်း Adana ပြည်နယ်ရှိ NATO အဖွဲ့၏ Incirlik လေတပ် အခြေစိုက် စခန်းသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညက ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သည် ယာဉ်နှစ်စီးဖြင့် Kahramanmaras ပြည်နယ်သို့ တူရကီ စစ်ဘက်အစောင့်လိုက် ယာဉ်တန်းနှင့် အတူ ဒီဇင်ဘာလ ၁၈ ရက် နေ့ မနက်တွင် ဆက်လက် ထွက်ခွာသွားကြောင်း သိရှိရပါသည်။

တူရကီ နိုင်ငံသို့ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန် နိုင်ငံတို့မှ စုစုပေါင်း Patriot ဒုံးတပ်ခွဲ ၆ ခွဲ စေလွှတ်သွားမည် ဖြစ်ကြောင်း၊ ယင်းတပ်ခွဲ ၆ ခွဲအား NATO စစ်အုပ်စု၏ ကွပ်ကဲမှု လက်အောက်တွင် ထားရှိမည် ဖြစ်ကြောင်းနှင့် စစ်ဆင်ရေး ကာလအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အကုန်အထိ သတ်မှတ် ထားကြောင်း သိရှိရ ပါသည်။

မြ၀တီ

အမှိုက်ကန်များနေရာ ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးကြီးများနှင့် အစားထိုးသုံးစွဲမည်

Photo: အမှိုက်ကန်များနေရာ ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးကြီးများနှင့် အစားထိုးသုံးစွဲမည်
Friday, 21 December 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လက်ရှိအသုံးပြုလျှက်
ရှိသည့် ၀ါးကပ်ဖြင့် ပြုလုပ်ထားသော အမှိုက်ကန်များအစား လာမည့် ၂၀၁၃ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ပြီး ဂျာမနီ နိုင်ငံထုတ် အမှိုက်ပုံးကြီးများကို အစားထိုးပြောင်းလဲထားရှိသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရှိရသည်။

ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးများနှင့် အစားထိုးရခြင်းမှာ နိုင်ငံတကာ
အဆင့်မီစေရန် ၊ အမှိုက်ကန်မှထွက်ရှိသော အနံ့များသည်
ဘေးပတ်ဝန်းကျင်ရှိပြည်သူများနှင့် သန့်ရှင်းရေးဝန်ထမ်းများ
ရောဂါဆိုး မဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

“ပထမဦးစားပေးအနေနဲ့ လက်ရှိအမှိုက်ပစ်တဲ့ ၀ါးကပ်ကန်တွေကိုဖျက်ပစ်ပြီး ဂျာမနီနိုင်ငံက အမှိုက်ပုံး တွေကို အစားထိုးမယ်။ ပိုတဲ့အမှိုက်ပုံးတွေကို ကျန်တဲ့ မြို့နယ်တွေ အတွင်းမှာ ထားပေး သွားမယ်။ နောက်ပိုင်းမှာ အုတ်ကန်တွေ ပါဖျက်ပြီး အမှိုက်ပုံးတွေ အစားထိုးမယ့် စနစ်နဲ့ သန့်ရှင်းရေး လုပ်ငန်းကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်သွားဖို့ရှိပါတယ် ” ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ဒုဌာနမှူး ဦးခင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၀ါးကပ်ဖြင့်ပြုလုပ်ထားသော အမှိုက်ကန်ပေါင်း(၂၀၀)ရှိပြီး အဆိုပါ နေရာများတွင် ဂျာမနီနိုင်ငံထုတ်
(၆၆၀)လီတာဆန့် အမှိုက်ပုံး(၈၀၀)ခန့်နှင့် နှင့်(၂၄၀)လီတာဆန့် အမှိုက်ပုံး(၁၈၀၀)ခန့်တို့ကို ထားရှိပေးသွားမည်ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ ဂျာမနီနိုင်ငံမှ မှာယူထားသည့် အမှိုက်ပုံးများသည် ကားဖြင့်ချိတ်ပြီး အသုံးပြုနိုင်သောကြောင့် သန့်ရှင်းရေးဝန်ထမ်းများ အပင်ပန်းခံစရာ မလိုကြောင်းနှင့် ထပ်မံ၍ အမှိုက်သိမ်းကား (၄၀)စီး ခန့်မှာယူထားကြောင်း ကိုလည်း သိရသည်။

“ကန်တွေနဲ့ဘာကွာသွားလဲဆိုရင် ပုံးက အဖုံးပါတယ်။ ကန်က
ဟောင်းလောင်းထားတော့ အနံ့အသက်ရှိပြီး   ပြန်ကောက်တဲ့ ၊
ပြန်သယ်တဲ့ဝန်ထမ်းတွေဆိုရင်လည်း ကျန်းမာရေး ဆိုးကျိုး တွေရှိတယ်။ ပြီးတော့ အမှိုက်သိမ်းကား(၄၀)၀ယ်ပြီးတာနဲ့ ပုံးစနစ်နဲ့သွားရင် လုပ်သားတွေလည်း လျော့လာနိုင်တယ်။ ကန်တွေလည်း မလိုတော့ဘူး ”
 ဟု ဒုဌာနမှူး ဦးခင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များအတွင်း အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားပစ်စနစ်အား ၂၀၁၂ခုနှစ် ဧပြီ(၁)ရက်နေ့မှ စတင်ခဲ့ရာ လက်ရှိတွင် ပြည်သူလူထုပါဝင်မှု ရာခိုင်နှုန်း(၇၀)ရာခိုင်နှုန်းကျော်ရှိကြောင်း၊ တစ်နေ့လျှင် အမှိုက်ထွက်ရှိတန်ချိန် (၁၆၀၀)တန်ချိန်ရှိကြောင်းကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရှိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၂ခုနှစ် ဇွန်လ အတွင်းက အမှိုက်ပုံးအသေးစားများ ချထားပေးလျှက်ရှိရာ တစ်နိုင်ငံလုံး
အတိုင်းအတာအရ အလုံး(၂၀၀၀)ချထားပေးခြဲ့ပီး ရန်ကုန်မြို့
အတွင်း အလုံးပေါင်း(၄၇၀)ခန့်ချထားပြီးဖြစ်သည်။  

ယမင်း(မြစ်မခ)
Myit Makha Mediagroup
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လက်ရှိအသုံးပြုလျှက် ရှိသည့် ၀ါးကပ်ဖြင့် ပြုလုပ်ထားသော အမှိုက်ကန်များအစား လာမည့် ၂၀၁၃ခုနှစ် ဇန်န၀ါရီလဆန်းမှ စတင်ပြီး ဂျာမနီ နိုင်ငံထုတ် အမှိုက်ပုံးကြီးများကို အစားထိုးပြောင်းလဲထားရှိသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရှိရသည်။

ဂျာမနီနိုင်ငံထုတ် အမှိုက်ပုံးများနှင့် အစားထိုးရခြင်းမှာ နိုင်ငံတကာအဆင့်မီစေရန် ၊ အမှိုက်ကန်မှထွက်ရှိသော အနံ့များသည်ဘေးပတ်ဝန်းကျင်ရှိပြည်သူများနှင့် သန့်ရှင်းရေးဝန်ထမ်းများရောဂါဆိုး မဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

NLD ပါတီဝင်များ သင်ပြလိုရာပြနိုင်သည်။ KIA ကို ဆန့်ကျင်ကြောင်း ဆန္ဒပြရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိ

Photo: NLD ပါတီဝင်များ သင်ပြလိုရာပြနိုင်သည်။ KIA ကို ဆန့်ကျင်ကြောင်း 
ဆန္ဒပြရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိ
Friday, 21 December 2012

KIA ကို ဆန့်ကျင်ကြောင်း ဆနပြရန် ကချင်လူငယ်များ ဦးဆောင်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက်က ဆောင်ရွက်လျက်ရှိရာတွင် NLD ပါတီဝင်များ မပါရ ဟု ပိတ်ပင်ထားခြင်း မရှိကြောင်း NLD ပါတီ၏
ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

NLD ပါတီအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို အစဉ်အမြဲ အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ KIA အား ဆနပြမည့် သတင်းများ ထွက်ပေါ်လာနေခြင်းတွင် ပါတီဝင်များ ပါဝင်ရန် ခွင့်ပြုထားခြင်း ရှိ မရှိအား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း
ဖြစ်သည်။

ပါတီဝင်များအနေဖြင့် မိမိတို့ ကိုယ်တိုင် ဆုံးဖြတ် ဆောင်ရွက်ကြရန်သာ
ဖြစ်ကြောင်း၊ ပါတီဝင်တစ်ဦး ချင်း၏ အမျိုးသားရေးဆောင်ရွက်မှုများကို ပါတီဌာနချုပ်က ပိတ်ပင် ကန့် သတ်ထားခြင်း မရှိကြောင်း သိရှိရသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုရဲရင့်အောင်က ၄င်းတို့ အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့  တရားဝင် ခွင့်ပြုချက်တင်ကာ တရားဝင်
ငြိမ်းချမ်းစွာ ဆနပြမည် ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်မည်
ဖြစ်ကြောင်း ပြောကြားလိုက်သည်။

The Street View
KIA ကို ဆန့်ကျင်ကြောင်း ဆနပြရန် ကချင်လူငယ်များ ဦးဆောင်သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကွန်ရက် ကဆောင်ရွက်လျက်ရှိရာတွင် NLD ပါတီဝင်များမပါရဟု ပိတ်ပင်ထားခြင်းမရှိကြောင်း NLD ပါတီ ၏ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

NLD ပါတီအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေးကို အစဉ်အမြဲ အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခါ KIA အား ဆနပြမည့် သတင်းများ ထွက်ပေါ်လာနေခြင်းတွင် ပါတီဝင်များ ပါဝင်ရန် ခွင့်ပြုထားခြင်း ရှိမရှိ အား ပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပြောင်းအလဲ တရုတ်နဂါးနှင့် KIA

Photo: မြန်မာနိုင်ငံအပြောင်းအလဲ တရုတ်နဂါးနှင့် KIA
Friday, 21 December 2012

မြန်မာနိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန် တတ်လာသည့်နောက်ပိုင်းတွင် အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများ ကြောင့် တစ်ကမ္ဘာ့လုံးမှအသိအမှတ်ပြုချီးကျူးခဲ့ကြသည်။ ယခင်ကလှည့်ပင်မကြည့်ဘူးခဲ့သော အနောက်နိုင်ငံများက ခေါင်းဆောင်းများတစ်ဖွဲဖွဲလာရောက်၍ သမ္မတဦးသိန်းစိန်ကို လာရောက်အားပေးခဲ့ကြသည်။ မြန်မာနိုင်ငံအား ယခင် အစိုးရလက်ထက်ကရန်သူသဖွယ်ဆက်ဆံခဲ့သည့် အမေရိကန်နိုင်ငံ၏ သမ္မတကိုယ်တိုင်ပင် သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကိုလာရောက်ခဲ့သည်။ ဤကဲ့သို့ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက် နေတာကို အနောက်ဒီမိုကရေစီနိုင်ငံများအတွက် ချီးမွမ်းထောက်ခံစရာ၊ လက်ခုပ်သြဘာပေးစရာဖြစ်လာသော်လည်း မြန်မာနိုင်ငံ၏ အရှေ့ဘက်အိမ်နီးချင်းအင်အားကြီးနိုင်ငံကြီးဖြစ်သော တရုတ်အတွက်မူ မျက်စေ့နောက်စရာဖြစ်လာ ခဲ့သည်။
တရုတ်တို့အနေဖြင့်ယခင်ကတည်းက မြန်မာနိုင်ငံကို မိမိအိမ်ကြက်၊ ကြိုက်တဲ့အချိန်ချက်စားလို့ရသည်ဟုသဘော ထားပုံရသည်။ ယခင်အစိုးရလက်ထက်က နိုင်ငံတကာပိတ်ဆို့မှုများကြောင့် တရုတ်တို့က မိမိကိုယ်ကို မြန်မာနိုင်ငံ၏ကယ်တင်ရှင်သဖွယ်  ဟန်လုပ်ခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တရုတ်တို့၏ အကျိုးလို၍ညောင်ရေလောင်းသည့် စိတ်ကိုမြန်မာနိုင်ငံသားများသဘောပေါက်လာကြသည်။ တရုတ်တို့က ၎င်းတို့ဆန္ဒကိုမဖီဆန်နိုင်ဟု ယူဆထားသော မြန်မာနိုင်ငံက အစိုးရသစ်တက်တက်ခြင်းပင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြတ်ပြတ်သားသားရပ်တန့်ခဲ့သည့် အတွက် တရုတ်ကိုအတော်အံ့အားသင့်စရာဖြစ်လာခဲ့သည်။
တရုတ်တို့၏နောက်လက်နက်များမှာ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များပင်ဖြစ်သည်။ နယ်စပ် ဒေသရှိ ၀၊ ကိုးကန့်၊ မိုင်းလားအဖွဲ့နှင့် KIA တို့သည် တရုတ်လက်ကိုင်တုတ်များဖြစ်လာသည်။ သည်ကြားထဲကိုးကန့် အဖွဲ့မှ အကွဲအပြဲဖြစ်ကာပြိုကွဲသွားသဖြင့် တရုတ်၏လက်ကိုင်တုတ်တစ်ခုလျော့သွားသည်။ တရုတ်တို့အနေဖြင့် ၀ အဖွဲ့၊ KIA နှင့် မိုင်းလားအဖွဲ့တို့ကိုတိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံအကူအညီများပေးလာသည်။ တရုတ်တို့ အနေဖြင့် ၀နှင့် မိုင်းလားအဖွဲ့တို့ကို လက်ကိုင်တုတ်ကြီးသဖွယ်သဘောထားလိုသော်လည်း ၎င်းအဖွဲ့(၂)ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုကမ္ဘာကျော်နေခြင်း၊ အမေရိကန်နိုင်ငံမှမူးယစ်ရာဇာများအဖြစ်သတ်မှတ်ထားခြင်းတို့ ကြောင့် တရုတ်တို့အနေဖြင့် သိသိသာသာမကူညီနိုင်သေးပေ။ သို့သော် ယခုအချိန်အထိ ၀ နှင့် မိုင်းလားတို့က တရုတ် လက်ကိုင်ဒုတ်သဖွယ်ထားထားဆဲပင်။
ယခု KIA ကိစ္စတွင်မူ တရုတ်တို့၏ မင်းသားယောင်ဆောင်ထားသောမျက်နှာဖုံးကွာကျလာသည်။ မြစ်ဆုံကလည်း ရပ်သွားပြီ၊ လက်ပန်းတောင်းကလည်းလှုပ်တုပ်တုပ် နောက်ဆုံးတရုတ်၏အသက်သွေးကြောပိုက်လိုင်းကြီးသာကျန် တော့သည်။ ပိုက်လိုင်းကလည်း KIA အဖွဲ့ထိန်းချုပ်ရာ နေရာများကို ဖြတ်သန်းနေသည်။ မြန်မာနှင့် အမေရိကန် ဆက်ဆံရေးစတင်သည်နှင့် တရုတ်တို့ KIA ကို မသိမသာ ကူညီလာသည်။ မြန်မာ-အမေရိကန်ဆက်ဆံရေး ပြေလည်လာလျင် KIA ကို ပေါ်တင်ကူညီတော့မည်။ KIA နယ်မြေတွင် မြန်မာတို့ကို နှောင့်ယှက်ရန် အခြေခံနယ်မြေ တည်ဆောက်တော့မည်။ KIA နယ်မြေများမှတစ်ဆင့် မြန်မာနိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်လာတော့မည်။ ဤ ရည်ရွယ်ချက်များကိုအခြေခံ၍ ယခုအချိန်တွင်တရုတ်တို့ အနေဖြင့် KIA တို့အားလက်သိပ်ထိုးထောက်ပံ့ပေးနေခြင်း ဖြစ်သည်။ နယ်စပ်မျဉ်းတစ်လျှောက် လက်နက်ကိုင်တို့၏ အသက်သည် တစ်ဖက်နိုင်ငံဖြစ်သည်။ တရုတ်မှ လက်သင့် မခံလျှင် KIA အနေဖြင့် ဘယ်လိုမှရပ်တည်လို့မရ။ ယခုအချိန်တွင်လည်း တရုတ်၏အကျိုးစီးပွားသည် KIA နယ်မြေထဲတွင် အများအပြားရှိသည်။ မြစ်ဆုံရေအားလျှပ်စစ်အပါအ၀င် ကချင်ပြည်နယ်အတွင်းရှိ တရုတ်ပိုင် ရေအား လျှပ်စစ်လုပ်ငန်းများသည် KIA အား တရုတ်ကုမ္ပဏီများမှ KIA အား အခွန်အခပေး၍လုပ်ဆောင် ရခြင်းဖြစ်သည်။ တာပိန်ရေအားလျှပ်စစ်တစ်ခုတည်းပင် တစ်နှစ်လျှင် ယွမ် ၁၂၅ သန်း KIA သို့ ပေးဆောင်ရသည်။ KIA နယ်မြေ အတွင်းတရုတ်လူမျိုးများ၏ ဌက်ပျောခင်းများနှင့် ရာဘာခင်းများ ဧကသိန်းချီ၍ရှိသည်။ KIA နယ်မြေအတွင်း ကျွန်းသစ်များလုံးဝ မရှိတော့တရုတ်ပြည်ရောက်ကုန်ပြီ။ လိုင်ဇာနှင့် မိုင်ဂျယန်မြို့များတွင် KIA ခေါင်းဆောင်များနှင့် တရုတ် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ်၊ကာဆီနိုလောင်းကစားရုံများအများအပြားရှိသည်။
မိမိအဓိကဆိုလိုခြင်းမှာ KIA အဖွဲ့ငြိမ်းချမ်းရေးမယူဘဲယခုလိုရပ်တည်နေနိုင်ခြင်းသည် တရုတ်၏ အားပေးမြှောက်ပင့်ထောက်ပံ့ပေးမှုကြောင့်ပင်ဖြစ်သည်။ ယခု KIA တပ်တွင်အသုံးပြုနေသော လက်နက်ငယ်၊ လက်နက်ကြီး၊ ဆက်သွယ်ရေးစက်၊ စစ်အသုံးအဆောင်ပစ္စည်းအားလုံးသည် (Made in China) တရုတ်နိုင်ငံမှပင် ဖြစ်သည်။ KIA ၏အဓိကစခန်းကြီး တစ်ခုဖြစ်သည့် လိုင်စင်ပို့စ်စခန်းတွင်လည်း တရုတ်နိုင်ငံမှပညာရှင်များနှင့် မိုင်း စက်ရုံများနှင့် လက်နက်စက်ရုံများ တည်ဆောင်ပေးထားသည်။ ၎င်းစက်ရုံမှထွက်သော မိုင်းများနှင့် တံတားများကို မိုင်းခွဲနေသည်။ ယခုနောက်ဆုံး တရုတ်နိုင်ငံနယ်စပ်မိုင်တိုင်(၆)အနီးတွင် စခန်းချထားသော မြန်မာအစိုးရတပ်စခန်း အား KIA အဖွဲ့မှ တိုက်ခိုက်ရာတွင် တရုတ်နယ်မြေမှတစ်ဆင့်လက်နက်ခဲယမ်းရိက္ခာများပေးပို့ခဲ့ကြောင်း ဒေသခံ များမှဆိုသည်။
KIA တို့အနေဖြင့် တိုင်းရင်းသားအရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးစသဖြင့် ဟစ်အော်နေသော်လည်း KIAခေါင်းဆောင် များအနေဖြင့် တရုတ်တို့၏ သြဇာကိုဘယ်လိုမှမလွန်ဆန်နိုင်ပေ။ အပွင့်လင်းဆုံးပြောရလျှင် တရုတ်ထောက်ခံလျှင် KIA အသက်ဆက်နိုင်မည်၊ မထောက်ခံလျှင်အသက်မဆက်နိုင်။ KIA ခေါင်းဆောင်များ၏ တရုတ်သြဇာခံလုပ် ဆောင်နေမှုများသည် ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားများအားဆင်းရဲဒုက္ခတွင်းသို့ပိုပြီး ပို့သကဲ့သို့ ဖြစ်နေပါသည်။ မြန်မာအစိုးရအနေဖြင့်လည်း တရုတ်၏လက်သီးပုန်းကို ရိပ်မိပုံရသဖြင့် KIA ကိစ္စတွင် အထူးသတိထားကိုင်တွယ်နေသည်ဟု ယူဆနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် KIA အဖွဲ့အနေဖြင့် တရုတ်သြဇာခံအဖြစ်မှ ရုန်းထွက်ကာ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနည်းတူ ပထမအဆင့်အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားပေါင်းစုံပါဝင်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရအောင် ဆောင်ရွက်သင့်ပါသည်။ 

နိဂုံးအားဖြင့်ဆိုရလျှင် KIA အဖွဲ့၏လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးအခြေအနေများအပေါ် စိုးရိမ်လွန်နေသည့် တရုတ်တို့၏လက်နက်ပုန်းတစ်ခုပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အမေရိကန်နှင့် အဆင်ပြေသွားပါက ယင်း ၏အသက်သွေးကြောပိုက်လိုင်းကြီးအတွက် ထားခဲ့မည့်ဝှက်ဖဲတစ်ခုပင်ဖြစ်ပါသည်။ 

 ဖေသန်းကျော်
မြန်မာနိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန် တတ်လာသည့်နောက်ပိုင်းတွင် အံ့အားသင့်ဖွယ်ရာ အပြောင်း အလဲများ ကြောင့် တစ်ကမ္ဘာ့လုံးမှအသိအမှတ်ပြုချီးကျူးခဲ့ကြသည်။ ယခင်ကလှည့်ပင်မကြည့်ဘူးခဲ့သော အနောက်နိုင်ငံများက ခေါင်းဆောင်းများတစ်ဖွဲဖွဲလာရောက်၍ သမ္မတဦးသိန်းစိန်ကို လာရောက်အားပေး ခဲ့ကြသည်။ မြန်မာနိုင်ငံအား ယခင် အစိုးရလက်ထက်ကရန်သူသဖွယ်ဆက်ဆံခဲ့သည့် အမေရိကန်နိုင်ငံ၏ သမ္မတကိုယ်တိုင်ပင် သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကိုလာရောက်ခဲ့သည်။ ဤကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းဆောင်ရွက် နေတာကို အနောက်ဒီမိုကရေစီနိုင်ငံများအတွက် ချီးမွမ်းထောက်ခံစရာ၊ လက်ခုပ်သြဘာပေးစရာဖြစ်လာသော်လည်း မြန်မာနိုင်ငံ၏ အရှေ့ဘက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကြီးဖြစ်သော တရုတ်အတွက်မူ မျက်စေ့နောက်စရာဖြစ်လာ ခဲ့သည်။
တရုတ်တို့အနေဖြင့်ယခင်ကတည်းက မြန်မာနိုင်ငံကို မိမိအိမ်ကြက်၊ ကြိုက်တဲ့အချိန်ချက်စားလို့ ရသည်ဟု သဘော ထားပုံရသည်။ ယခင်အစိုးရလက်ထက်က နိုင်ငံတကာပိတ်ဆို့မှုများကြောင့် တရုတ်တို့က မိမိကိုယ်ကို မြန်မာနိုင်ငံ၏ကယ်တင်ရှင်သဖွယ် ဟန်လုပ်ခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တရုတ်တို့၏ အကျိုးလို၍ညောင်ရေလောင်းသည့် စိတ်ကိုမြန်မာနိုင်ငံသားများသဘောပေါက်လာကြသည်။ တရုတ်တို့က ၎င်းတို့ဆန္ဒကိုမဖီဆန်နိုင်ဟု ယူဆထားသော မြန်မာနိုင်ငံက အစိုးရသစ် တက်တက်ခြင်း ပင် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ပြတ်ပြတ်သားသားရပ်တန့်ခဲ့သည့် အတွက် တရုတ်ကို အတော်အံ့အား သင့်စရာဖြစ်လာခဲ့သည်။

ကမ္ဘာကျော် ၀ိပဿနာ ဆရာကြီး ဦးဂိုအင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိ

Photo: ကမ္ဘာကျော် ၀ိပဿနာ ဆရာကြီး ဦးဂိုအင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိ 
Friday, 21 December 2012

ကမ္ဘာကျော် ၀ိပဿနာ ဆရာကြီး ဦးဂိုအင်ဂာာနှင့် တရားပြဆရာ၊ ယောဂီ ၁၀၀ ကျော်သည့် ယနေ့ (ဒီဇင်ဘာလ ၂၁ရက်နေ့) ညနေ ၄ နာရီမိနစ် ၄၀ အချိန်တွင် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှ ရန်ကုန်မြို့သို့ MAI စင်းလုံးငှား
လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ ယခုခရီးစဉ်ကို ဂိုအင်ကာမျိုးဆက် မြန်မာနိုင်ငံသို့
ရောက်ရှိချိန်မှ ယခုကာလအထိကို ရည်ညွှန်းပြီး "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဟု အမည်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အချိန်အတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့ ညနေ ၅နာရီ မိနစ် ၃၀ အချိန်တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဓမ္မဟောပြောမှုကို ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဟောပြောပွဲကို ဟောပြောပွဲနေ့၏ ည ၇ နာရီအချိန်တွင် Channel 7 ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသပေးမည်ကြောင်းနှင့် MRTV-4 ရုပ်သံလိုင်း
တွင်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်နှင့် မွန်းလွဲ ၁ နာရီအချိန်တို့တွင် ထပ်မံ ထုတ်လွှင့်
ပေးမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group
ကမ္ဘာကျော် ၀ိပဿနာ ဆရာကြီး ဦးဂိုအင်ဂာာနှင့် တရားပြဆရာ၊ ယောဂီ ၁၀၀ ကျော်သည့် ယနေ့ (ဒီဇင်ဘာလ ၂၁ရက်နေ့) ညနေ ၄ နာရီမိနစ် ၄၀ အချိန်တွင် အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှ ရန်ကုန်မြို့သို့ MAI စင်းလုံးငှားလေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။ဆရာကြီး ဦးဂိုအင်ကာ၏ ယခုခရီးစဉ်ကို ဂိုအင်ကာမျိုးဆက် မြန်မာနိုင်ငံသို့ရောက်ရှိချိန်မှ ယခုကာလအထိကို ရည်ညွှန်းပြီး "ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ/135 Years In Dhamma Land" ဟု အမည်ပေးထားကြောင်း သိရသည်။

သေကြောင်းကြံမှုအများဆုံးနေရာ (သို့မဟုတ်) Golden Gate တံတား

Photo: သေကြောင်းကြံမှုအများဆုံးနေရာ (သို့မဟုတ်) Golden Gate တံတား
Friday, 21 December 2012

ကမ္ဘာ့သေကြောင်းကြံမှုအများဆုံးနေရာကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။

အရှည် ၈၉၈၁ ပေ ရှည်တဲ့ ကြိုးတံတားမှာ သေကြောင်းကြံမှုဟာ ၂၀၁၁ ခုနှစ်စစ်တမ်းအရ သုံးလကို ၁၇ ယောက်နှုန်း ရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်း သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၃၄ ဦး ကို ဆယ်ထုတ် တွေ့ရှိခဲ့ပေမယ့် ပျောက်ဆုံးသူအရေအတွက်က ပိုမိုများပြားခဲ့ ပါတယ်။ ရေနဲ့ တံတားအမြင့်ဟာ ၂၄၅ ပေရှိပြီး ခုန်ကျတဲ့အခါ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ကျပြီး Trauma လို့ခေါ်တဲ့ ခန္ဓာကိုယ်ထိခိုက် ဒဏ်ရာကြောင့် သေ ဆုံးကြရပါတယ်။ ရေပေါ် ထိတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများ ကျိုးပြီး အူ၊အသည်း၊ နံရိုး၊ အဆုပ် စသည်ဖြင့် အားလုံး ဆုပ်ပြတ်သွား မှာ ဖြစ်ပါတယ်။ သေနိုင်ချေ ၉၈ ရာခိုင်နှုန်းရှိပြီး အသက်မသေသူ ၃၊ ၄ ဦးသာ ရှိပြီး ဒုက္ခိတ ဘဝကိုရောက်ရပါတယ်။

ဒုတိယသေကြောင်းကြံမှုအများဆုံး ဖြစ်တဲ့ ဂျပန်နိုင်ငံက ဖူဂျီတောင်အနီး တော မှာတောင် တစ်နှစ်ကို ၇၈ ဦးပဲ သေပါတယ်။ အရေအတွက် ရာဂဏန်းပဲ ရှိပါသေးတယ်။ Golden Gate မှာတော့ ၁၆၀၀ ကျော်သွားပြီး ဒါကလည်း စာရင်းအတိအကျမဟုတ်ပါဘူး။ အတိအကျသိချင်လို့ တံတားအောက်မှာ ကင်မရာတပ် ကြည့်လိုက်တော့ ဌာနဆိုင်ရာ ထုတ်ပြန်ချက်ထက် အရေအတွက်များများ ခုန်ချသက်သေနေကြ တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ယင်းသို့ဖြစ်ရပ်များမှ လွတ်ကင်းနိုင်ဖို့အတွက် ဒေသခံအာဏာပိုင်တို့က အမျိုးမျိုးကြိုးစားပါတယ်။ အောက်ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Suicide hotline ဖုန်းကိုထားရှိပါတယ်။

သေကြောင်းကြံလိုသူတွေအနေနဲ့ နောက်ဆုံးအနေနဲ့ ဖုန်းခေါ်ဖို့ အကြံပေး ထားပြီး ရင်းရင်းနှီးနှီး တိုင်ပင်ဆွေးနွေးပေးတယ် လို့ဆိုပါတယ် ။ နောက်ထပ်ကြိုးစားမှုကတော့ စတီးခြင်ထောင် ပတ်ပတ်လည်တပ်ဖို့ဖြစ်ပါ တယ်။ကင်းလှည့်လည်မှုကိုလည်း နေ့ရောညပါ ပြုလုပ်ပါတယ်။ ပြီးတော့ ညဘက်ဆိုရင် တံတားပေါ် လမ်းလျှောက်ခွင့်မပြုပါဘူး။

အမေရိကန်ဒေါ်လာ သန်းချီကုန်ကျမယ့်အတွက် ခြင်ထောင်ဘေးကာ တပ်ဆင်ခြင်းကို မလုပ်နိုင်ခဲ့ ပါဘူး။ သို့ပေမယ့် တံတားအောက်မှာ ဘယ်ညာ ပေ ၂၀ အဝေးထိ သံမဏိစတီး ခံ ပလပ်စတစ် ကြိုးမျှင် ခြင်တောင် တပ်ဆင်ခြင်းကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ယင်းဟာလည်း ငွေကြေး ရရှိမှု အခက်အခဲကြောင့် နှောင့်နှေးခဲ့ရပါသေးတယ်။

သို့ပေမယ့် ၂၀၁၂ ခုနှစ်ရောက်တဲ့အခါမှာ လုံခြုံရေးအဆင့်မြင့်တင် လိုက်ပြီး နောက် သေကြောင်းကြံမှု ယခင်ကထက် သိသိသာသာ နည်းပါးသွားပြီလို့ သိရပါတယ်။
---
Ref:wiki
International news for myanmar

ကမ္ဘာ့သေကြောင်းကြံမှုအများဆုံးနေရာကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Golden Gate တံတားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကြိုးတံတား Golden Gate ဖြစ်ပါတယ်။ ကြိုးတံတား စတင်ဖွင့်လှစ်တဲ့ ၁၉၃၇ မေလမှ စတင်ပြီး ယနေ့အထိ သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်သွားပြီလို့ သိရပါတယ်။

အရှည် ၈၉၈၁ ပေ ရှည်တဲ့ ကြိုးတံတားမှာ သေကြောင်းကြံမှုဟာ ၂၀၁၁ ခုနှစ်စစ်တမ်းအရ သုံးလကို ၁၇ ယောက်နှုန်း ရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အတွင်း သေကြောင်းကြံမှုကြောင့် သေဆုံးသူ ၃၄ ဦး ကို ဆယ်ထုတ် တွေ့ရှိခဲ့ပေမယ့် ပျောက်ဆုံးသူအရေအတွက်က ပိုမိုများပြားခဲ့ ပါတယ်။ ရေနဲ့ တံတားအမြင့်ဟာ ၂၄၅ ပေရှိပြီး ခုန်ကျတဲ့အခါ တစ်နာရီ ၇၅ မိုင်နှုန်းနဲ့ ကျပြီး Trauma လို့ခေါ်တဲ့ ခန္ဓာကိုယ်ထိခိုက် ဒဏ်ရာကြောင့် သေ ဆုံးကြရပါတယ်။ ရေပေါ် ထိတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက အရိုးများ ကျိုးပြီး အူ၊အသည်း၊ နံရိုး၊ အဆုပ် စသည်ဖြင့် အားလုံး ဆုပ်ပြတ်သွား မှာ ဖြစ်ပါတယ်။ သေနိုင်ချေ ၉၈ ရာခိုင်နှုန်းရှိပြီး အသက်မသေသူ ၃၊ ၄ ဦးသာ ရှိပြီး ဒုက္ခိတ ဘဝကိုရောက်ရပါတယ်။

ဆေးရိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လတ်တလော ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းသွားရန် လိုအပ်

Photo: ဆေးရိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လတ်တလော ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းသွားရန် လိုအပ်
Friday, 21 December 2012

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက စီးပွားရေးအရ အရေးယူ
ပိတ်ဆို့မှုများ ဖြေလျော့လာမှုကြောင့် ပြည်တွင်းအထည် ချုပ်လုပ်ငန်းများ အလားအလာကောင်း များရှိနေသော်လည်း ယင်းလုပ်ငန်းနှင့်
တိုက်ရိုက်ဆက်စပ်လျက်ရှိသည့် ဆေး ရိုက်၊ တံဆိပ်ရိုက်လုပ်ငန်းများမှာ
လုပ်ငန်း သုံးဆေး အရည်အသွေးကျဆင်းခြင်း၊ လုပ်သားအင်အား
နည်းပါးခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်းတို့ ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်း ဆေးရိုက်လုပ်ငန်းရှင်များက
ပြောသည်။

"ခုချိန်မှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က အားပေးနေတဲ့အချိန်ပါ။ အထည်ချုပ် လုပ်ငန်းနဲ့အတူတူ ဖွံ့ဖြိုးတိုးတက်မှုကို အမီလိုက်ဖို့ကတော့ ဒီလုပ်ငန်းမှာသုံးတဲ့ ဆေးအရည်အသွေးပြည့်ဝမှုရှိဖို့၊ လျှပ်စစ် မီးပုံမှန်ရရှိဖို့နဲ့ လုပ်သားအလုံအလောက်ရရှိဖို့ လိုပါတယ်။
ဒါတွေကို အခုမဖြည့် ဆည်းနိုင်တော့ အခက်အခဲတွေရှိနေပါ တယ်"ဟု
အေပလပ်စ်သရီးဆေးရိုက် လုပ်ငန်းမှ ဦးကျော်ကျော်က ပြောသည်။

လတ်တလောတွင် အထည်တံဆိပ် ရိုက်ခြင်း၊ ဒီဇိုင်းပုံဖော်ခြင်းများအတွက် တရုတ်၊ ထိုင်းနှင့်ဂျပန်တို့မှ တင်သွင်း သော ဆေးများကို အသုံးပြုလျက်ရှိပြီး အချို့လုပ်ငန်းများမှာ ၁၅ ကီလိုဂရမ်မှ ကီလို ၆၀ ၀င် ဆေးဘူးများကို ၀ယ်ရန် ငွေကြေးမတတ်နိုင်သောကြောင့် ပေါင်ထုပ်အသေးများကို ၀ယ်ယူရာတွင် သာကူမှုန့်များရောထားသည့် ဆေးများ နှင့် ကြုံတွေ့နေရခြင်း
ကြောင့် အခက် အခဲများရှိကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံရောက်မှ ဆေးဘူးတွေ ထဲကနေ ပြန်ခွဲထုတ်ထားတဲ့
ပေါင်ထုပ် တွေက သူ့နဂိုအရည်အသွေးအတိုင်းမရှိ တော့ဘူး။ သာကူမှုန့်တွေ ရောထားတာ မျိုးကြုံရတယ်။ များသောအားဖြင့်
တရုတ်ဆေးတွေမှာ ဒီလိုအရောတွေ များတယ်။ ထိုင်းဆေးကတော့
မရောဘူး။ ဆေးမ ကောင်းရင် အထည်ပေါ်မှာ ဆေးဆွဲပြီး မှ ဆေးကွဲတာမျိုးတွေဖြစ်ပြီး အရှုံးပေါ်တယ်" ဟု ၎င်းက ပြောသည်။

အထည်ချုပ်လုပ်ငန်း၏ ၈၀ ရာခိုင်နှုန်း ခန့်မှာ ဆေးရိုက်လုပ်ငန်းများနှင့် သက် ဆိုင်နေခြင်းကြောင့် မရှိမဖြစ်လိုအပ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းခန့်မှာ ဖန်စီအလှဆင် ခြင်းနှင့် သက်ဆိုင်ပြီးများသောအားဖြင့် အမျိုးသမီး
ဝတ်အထည်များတွင် ဒီဇိုင်း ဖော်သည့် အပ်ထည်များကြောင်းလည်း
ဦးကျော်ကျော်က ပြောသည်။

အ၀တ်တစ်ထည်ဆေးရိုက်ခမှာ ကျပ် ၂၅၀ ၀န်းကျင်တွင်ရှိပြီး ပို့ကုန်ထည် အတွက်မှာ ကျပ်၁၉၀ ၀န်းကျင်ခန့်ရှိ ကြောင်း ၎င်းက ပြောသည်။

"ပို့ကုန်အထည်က ဈေးနည်းပေမယ့် တစ်ခါအပ်ရင် အနည်းဆုံး ၈,၀၀၀ လောက်အပ်တာ။ပြည်တွင်းထည်က အထည် ၁,၀၀၀ - ၁,၅၀၀ လောက်ပဲလာ တာဆိုတော့ သိပ်မကိုက်ဘူး။ ရှေ့လျှောက်
ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လာမယ် ဆိုတော့ ဆေးရိုက်တာကိုလည်း ပို့ကုန်အရည်အသွေးမီ လုပ်နိုင်ဖို့ မျှော်လင့်ထား ပါတယ်။ လိုအပ်ချက်တွေသာ ပြည့်စုံမယ် ဆိုရင်နိုင်ငံခြားက ဆေးရိုက်
လုပ်ငန်းတွေ အတိုင်း အရည်အသွေးမီ လိုက်ရိုက်နိုင် တယ်"ဟု 
၎င်းကပြောသည်။

မလေးရှားနိုင်ငံတွင် တံဆိပ်ရိုက်လုပ် ငန်းလုပ်ကိုင်ဖူးသူ အဆိုပါစက်ရုံမှ မန်နေဂျာကိုဉာဏ်ဆင့်အောင်က မြန်မာ တံဆိပ်ရိုက်လုပ်ငန်းများသည် လက်ဖြင့် လုပ်ကိုင်ရသော်လည်း စက်ဖြင့် အများ ဆုံးအသုံးပြု
လုပ်ကိုင်နေသော နိုင်ငံခြား တံဆိပ်ရိုက်၊ ဒီဇိုင်းဆွဲလုပ်ငန်း
ကို အမီလိုက်နိုင်ကြောင်း ပြောသည်။

"သုံးတဲ့ဆေးကကောင်းပြီး အထည် အခြောက်ခံဖို့ လျှပ်စစ်မီး
အလုံအလောက် ရမယ်ဆိုရင်ပိုပြီးအလုပ်တွင် ကျယ်လာ နိုင်ပါတယ်။ အရည်အသွေးကောင်းမှ လည်း နိုင်ငံခြားအပ်ထည်ကလာမှာပါ။ 
အထည်ချုပ်တွေမှာက အမျိုးသမီး လုပ်သားသုံးလို့ ရတယ်။ ဒီအလုပ်က အမျိုးသားပဲ လုပ်နိုင်တာမျိုးဆိုတော့ လုပ်သားရရှိမှုကလည်း ခက်နေတယ်။ လစာကို အပြိုင်ပေးပြီးခေါ်နေရတယ်" ဟု ၎င်းက ပြောသည်။

အပ်ထည်ခများကို တစ်သမတ်တည်း သတ်မှတ်ထားခြင်းမျိုးမရှိပဲ အပ်ထည် ရရန်အတွက်ဈေးကွက်ဖျက်ခြင်းမှာ လည်း လုပ်ငန်းရပ်တည်ရန်အတွက် အဓိကအချက်တစ်ခုဖြစ်ပြီးဈေးနှုန်းကို ထိန်းချုပ်ရန်အတွက်လည်း အသင်းအဖွဲ့ တစ်ခုဖွဲ့စည်းရန် လိုအပ်နေကြောင်း
ကိုဉာဏ်ဆင့်အောင်က ပြောသည်။

Golden Third တံဆိပ်ရိုက်လုပ်ငန်း မှ မန်နေဂျာကိုမင်းနိုင်က ၎င်းတို့ စက်ရုံ တွင် ဂျပန်ဆေးကိုသာ အသုံးပြုပြီး ဂျပန် အထည်ချုပ်စက်ရုံများနှင့် စာချုပ်ချုပ် လုပ်ကိုင်နေသည်ဟု ပြောသည်။

"အရည်သွေးက ပို့ကုန်အရည်အသွေး ကို မီပါတယ်။ လုပ်ငန်းကြီး
လာရင်တော့ လည်ပတ်မှုရှိသွားရင် ဆေးကောင်း ကောင်းရွေးသုံးပြီး အရည်အသွေး ကောင်းအောင်လုပ်ရတာပါပဲ။အထည် ချုပ်လုပ်ငန်းပေါ်မှာ
တည်မှီပြီးလုပ်ကိုင် နေရတာပါ။ အထည်ချုပ်လုပ်ငန်းကောင်း
ရင် ဆေးရိုက်လုပ်ငန်းလည်း ကောင်းလာ မှာပါပဲ။ ကိုယ့်ဘက်က အရည်အသွေး ကောင်းအောင်လုပ်ရင် ပို့ကုန်အပ်ထည် တွေ ၀င်လာမှာပါ" ဟု ၎င်းက ပြော သည်။

ဂျပန်ပို့ကုန်အပ်ထည်များမှာ ဒီဇိုင်း တစ်မျိုးလျှင် အနည်းဆုံးအထည် ၁၀,၀၀၀ ကျော်ခန့်ထိအပ်ထည်ရှိပြီး ပြည်တွင်းအော်ဒါတစ်ခုတွင် အပ်ထည် ၃၀၀ မှ ၆၀၀ ခန့်သာရှိကြောင်း ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံမှ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ စတင်ခဲ့သော ၂၀၀၃ ခုနစ်နောက်ပိုင်းတွင် အထည်ချုပ် ကဏ္ဍမှာ ကျဆင်းခဲ့ပြီး
ဆေးရိုက်လုပ် ငန်းများမှာလည်း ပြည်တွင်းအပ်ထည်
လိုင်းဖြင့်သာ အသက်ဆက်ခဲ့ရပြီး လက်ရှိ အနေအထားအရ အလားအလာကောင်း များပေါ်ထွက်လာရန် မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

စိုးစန္ဒာဦး
Myanmar Times
မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများ ဖြေလျော့ လာမှုကြောင့် ပြည်တွင်း အထည် ချုပ်လုပ်ငန်းများ အလားအလာကောင်း များရှိနေသော်လည်း ယင်းလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ် လျက်ရှိသည့် ဆေး ရိုက်၊ တံဆိပ်ရိုက်လုပ်ငန်းများမှာလုပ်ငန်း သုံးဆေး အရည်အသွေးကျဆင်းခြင်း၊ လုပ်သားအင်အားနည်းပါးခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့ နေရ ကြောင်း ဆေးရိုက်လုပ်ငန်းရှင်များကပြောသည်။

"ခုချိန်မှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတော်က အားပေးနေတဲ့အချိန်ပါ။ အထည်ချုပ် လုပ်ငန်းနဲ့အတူတူ ဖွံ့ဖြိုးတိုးတက်မှုကို အမီလိုက်ဖို့ကတော့ ဒီလုပ်ငန်းမှာ သုံးတဲ့ ဆေးအရည် အသွေးပြည့်ဝမှုရှိဖို့၊ လျှပ်စစ် မီးပုံမှန်ရရှိဖို့နဲ့ လုပ်သားအလုံအလောက်ရရှိဖို့ လိုပါတယ်။ဒါတွေကို အခုမဖြည့် ဆည်းနိုင်တော့ အခက်အခဲတွေရှိနေပါ တယ်"ဟုအေပလပ်စ်သရီးဆေးရိုက် လုပ်ငန်းမှ ဦးကျော်ကျော် က ပြောသည်။

၂၀၁၂ ခုနှစ်သည်တစ်ကမ္ဘာလုံးတွင်သတင်းထောက် အများဆုံး အသတ်ခံရသည့် နှစ်တစ်နှစ်ဖြစ်ဟုဆို

Photo: ၂၀၁၂ ခုနှစ်သည်တစ်ကမ္ဘာလုံးတွင်သတင်းထောက် အများဆုံး အသတ်ခံရသည့် နှစ်တစ်နှစ်ဖြစ်ဟုဆို
Friday, 21 December 2012

၂၀၁၂ ခုနှစ်အတွင်း သတင်းရယူရင်း အသတ်ခံရသော သတင်းထောက်
အရေအတွက်မှာ ယခု အချိန်ထိ ၆၇ ဦးထက်မနည်း သေဆုံး ခဲ့ပြီး ကမ္ဘာတစ်ဝန်း၌သတင်းထောက် အသတ်ခံရမှုအများဆုံးနှစ်များထဲမှ
နှစ်တစ်နှစ်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် သတင်းမီဒီယာ အခွင့်အရေး အုပ်စုက ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

သေဆုံးသည့် သတင်းထောက်အရေ အတွက်မှာ ပြီးခဲ့သည့်နှစ်ကစပြီး ၄၂ ရာခိုင်နှုန်းတိုးလာကာ အများစုမှာ ဆီးရီးယားပဋိပက္ခ၊ ဆိုမာလီယာ၊ ပါကစ္စ တန်နိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု နယူးယော့ခ်အခြေစိုက် သတင်းထောက်များကာကွယ်ရေးကော်မတီ
(CPJ) က ပြောကြားခဲ့သည်။

သတင်းထောက်အများဆုံး အသတ် ခံခဲ့ရသည့်နှစ်မှာ ၂၀၀၉ ခုနှစ်ဖြစ်ပြီး စုစုပေါင်း ၇၄ဦးသေဆုံးခဲ့သည်။ ၎င်းတို့ထဲမှ ထက်ဝက်ခန့်မှာ ဖိလစ်ပိုင်
နိုင်ငံ မာဂွင်ဒါနာအိုပြည်နယ်၌ဖြစ်ပွားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်
မှုတွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်းကော်မတီက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ၌ သတင်းထောက်အများဆုံး သေဆုံး ခဲ့သည်။ အစိုးရနှင့်အတိုက်အခံတပ်ဖွဲ့ များ၏ ပစ်မှတ်ထား သတ်ဖြတ်မှုများ၊ သို့မဟုတ် တိုက်ပွဲများအတွင်းသတင်း ထောက် ၂၈ ဦး သေဆုံးခဲ့ကြောင်း
ကော်မတီက ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်အတွင်း သေဆုံးသော နောက်ထပ်သတင်းထောက် ၃၀ သည် လည်း သတင်းလိုက်ရင်း သေဆုံးခြင်း ဟုတ်-မဟုတ် CPJ က စုံစမ်း
စစ်ဆေး လျက်ရှိသည်။

ကမ္ဘာတစ်ဝန်း အသတ်ခံရသည့် သတင်းထောက်များ၏ ၉၄ ရာခိုင်နှုန်းမှာ ၎င်းတို့နိုင်ငံ၏သတင်းများကို ရေးသား နေသော ပြည်တွင်း
သတင်းထောက်များဖြစ်သည်။

ယင်းပမာဏမှာ ယခင် ကိန်းဂဏန်းများနှင့် အကြမ်းအားဖြင့် တူညီနေသည်။

အခြားအဖွဲ့အစည်း တစ်ခုဖြစ်သော ပြင်သစ်အခြေစိုက် သတင်းမီဒီယာ အခွင့်အရေး အုပ်စုတစ်စုဖြစ်သည့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က ၂၀၁၂ ခုနှစ်တွင်သတင်းထောက် ၈၈ ဦး အသတ်ခံ
ခဲ့ရသည်ဟု ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြောကြား ခဲ့သည်။

ထိုအဖွဲ့က လည်း CPJ နည်းတူ ဆီးရီးယား၊ ဆိုမာလီယာနှင့် ပါကစ္စတန်
နိုင်ငံတို့သည်သတင်းမီဒီယာသမားများ အတွက် အန္တရာယ်အများဆုံး နေရာ များဖြစ်သည်ဟုဆိုသည်။

၁၉၉၅ ခုနှစ်ကတည်းက နှစ်စဉ် ကောက်ခံရယူခဲ့သော သေဆုံးသည့် အရေအတွက် စာရင်းများတွင် ယခုနှစ် သည် အများဆုံးဖြစ်ကြောင်း 
RSF က ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)
ဝင်းသော်တာ ဘာသာပြန်သည်
Mynamar Times
၂၀၁၂ ခုနှစ်အတွင်း သတင်းရယူရင်း အသတ်ခံရသော သတင်းထောက် အရေအတွက်မှာ ယခု အချိန်ထိ ၆၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝန်း၌သတင်းထောက် အသတ်ခံရမှု အများဆုံးနှစ်များ ထဲမှ နှစ်တစ်နှစ်ဖြစ်ကြောင်း အမေရိကန် အခြေစိုက် သတင်းမီဒီယာ အခွင့်အရေး အုပ်စုက ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

သေဆုံးသည့် သတင်းထောက်အရေ အတွက်မှာ ပြီးခဲ့သည့်နှစ်ကစပြီး ၄၂ ရာခိုင်နှုန်းတိုးလာကာ အများစုမှာ ဆီးရီးယားပဋိပက္ခ၊ ဆိုမာလီယာ၊ ပါကစ္စ တန်နိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု နယူးယော့ခ်အခြေစိုက် သတင်းထောက်များကာကွယ်ရေးကော်မတီ(CPJ) က ပြောကြားခဲ့သည်။

ဆင်းတုတော်ခေါင်းဖြတ်ခိုးယူသူကို စုံစမ်းဆဲ၊ ကျောင်းထိုင်ကို တံတားဦးမြို့သို့ ရွှေ့ပြောင်းစေခဲ့

Photo: ဆင်းတုတော်ခေါင်းဖြတ်ခိုးယူသူကို စုံစမ်းဆဲ၊ ကျောင်းထိုင်ကို တံတားဦးမြို့သို့ ရွှေ့ပြောင်းစေခဲ့
Friday, 21 December 2012

အင်းဝ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ညောင်ရမ်းမင်း တည်ထား
ခဲ့သောဘုရား ၀င်းအတွင်းမှ ဆင်းတုတော်သုံးဆူကို ယခုလ
၁၁ ရက်ညက ခေါင်းဖြတ်ခိုးယူ ခံခဲ့ရမှုဖြစ်ပွားပြီးနောက်တရားခံကို 
မမိသေးကြောင်းနှင့် အဆိုပါဘုရားဝင်းနှင့် ကပ်လျက် ဘုန်းကြီးကျောင်းမှ
ကျောင်းထိုင်ဆရာတော်ကို တာဝန်ရှိသူများကတံတားဦးမြို့သို့ 
ပင့်ဆောင် ပြောင်းရွှေ့ထားကြောင်းသိရသည်။

ဟံသာဝတီ ကျေးရွာအုပ်စု စန္ဒာမုနိ ဘုရားအတွင်းရှိ ဘုရားသုံးဆူမှာ
ခေါင်းဖြတ်ခိုးယူခံခဲ့ရပြီးနောက် သုံးဆူအနက် တစ်ဆူ၏ 
ဦးခေါင်းတော်မှာ အဆိုပါ ဘုရားနှင့်ကပ်လျက်ရှိတောင်တွင်းကြီး
ကျောင်းတိုက်အတွင်း ကျကျန်နေသည် ကို ရွာသူရွာသားများက တွေ့ရှိခဲ့ရာ
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရွာသူရွာ သားများမှ အဆိုပါကျောင်းတိုက်ရှေ့ တွင် စုပေါင်းဆန္ဒဖော်ထုတ်ကာ ကျောင်ထိုင်ဘုန်းကြီးကို လူဝတ်လဲစေကာ စစ်ဆေးပေးရေး တောင်းဆိုခဲ့ကြသည်။

သို့ဖြင့် တာဝန်ရှိသူများက အဆိုပါ ကျောင်းတိုက်အတွင်းဝင်ရောက်
စစ်ဆေးပြီးနောက်ကျောင်းထိုင် တောင်တွင်းကြီးဆရာတော်အား တံတားဦးမြို့ သို့ ပင့်ဆောင်ခဲ့ကြောင်း၊ တရားခံကို မမိသေးဘဲ
စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း တံတားဦးရဲစခန်းမှ ရဲအုပ်သန်းလွင်က 
ယခုလ၁၈ ရက်နေ့က ပြောသည်။ 

အမှုကို (ပ)၁၆၅/၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၂၉၅ ဖြင့်
အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

"ဒီကျောင်းထိုင်ဘုန်းကြီးကို ကျွန် တော်တို့ရွာနီးဝန်းကျင်က ၀ိုင်းကျဉ်
ထားခဲ့ကြတာ နှစ်ပေါင်းကြာခဲ့ပါပြီ။ သူ့ရဲ့ နောက်ကြောင်း ရာဇ၀င်
တွေကြောင့်ပါ။ သူကလည်း သူ့ကျောင်းဝင်းထဲဝင်သမျှ ခွေးကအစ
အရှင်မထားပါဘူး။ ဘယ်ရွာသူရွာသားကိုမှ အ၀င်မခံသလို ကျွန်တော်တို့
ကလည်း သာရေးနာရေး မှန်သမျှ သူနဲ့မပတ်သက်ဘူး။ ဟံသာဝတီတိုက်နယ်တစ်ခုလုံးကသူ့ကိုဆွမ်း မလောင်းကြဘူး၊ 
တံတားဦးမြို့ပေါ်ကိုပဲ ကားနဲ့ဆွမ်းခံထွက်ရတယ်။ မြို့ပေါ်က
လည်း ကိုရင်တွေကိုသနားလို့ လောင်း ကြတယ်" ဟု ယွန်းတန်းရပ်မှ ဦးနေခြည် နှင့်ဦးဘသိန်းတို့က ယခုလ ၁၂ ရက်က ပြောသည်။

အင်းဝယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားဆင်းတုများကို ခိုးယူခြင်းများ ယခင်ကလည်း ရှိခဲ့ဖူးကြောင်း ရွာသူရွာသားများက ပြောသည်။

ဖြိုးဝေကျော်နှင့် သန်းနိုင်စိုး 
Myanmar Times
အင်းဝ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ညောင်ရမ်းမင်း တည်ထားခဲ့သောဘုရား ၀င်းအတွင်းမှ ဆင်းတုတော်သုံးဆူကို ယခုလ ၁၁ ရက်ညက ခေါင်းဖြတ်ခိုးယူ ခံခဲ့ရမှုဖြစ်ပွားပြီးနောက်တရားခံကို မမိသေးကြောင်းနှင့် အဆိုပါဘုရားဝင်းနှင့် ကပ်လျက်ဘုန်းကြီးကျောင်းမှကျောင်းထိုင်ဆရာတော်ကို တာဝန်ရှိ သူများကတံတားဦးမြို့သို့ ပင့်ဆောင် ပြောင်းရွှေ့ထားကြောင်းသိရသည်။

ဟံသာဝတီ ကျေးရွာအုပ်စု စန္ဒာမုနိ ဘုရားအတွင်းရှိ ဘုရားသုံးဆူမှာခေါင်းဖြတ်ခိုးယူခံခဲ့ရပြီးနောက် သုံးဆူ အနက် တစ်ဆူ၏ ဦးခေါင်းတော်မှာ အဆိုပါ ဘုရားနှင့်ကပ်လျက်ရှိတောင်တွင်းကြီးကျောင်းတိုက်အတွင်း ကျ ကျန်နေသည်ကို ရွာသူရွာသားများက တွေ့ရှိခဲ့ရာဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရွာသူရွာ သားများမှ အဆိုပါ ကျောင်းတိုက်ရှေ့တွင် စုပေါင်းဆန္ဒဖော်ထုတ်ကာ ကျောင်ထိုင်ဘုန်းကြီးကို လူဝတ်လဲစေကာ စစ်ဆေးပေးရေး တောင်းဆိုခဲ့ကြသည်။

ခရစ်သက္ကရာဇ် နှစ်သစ်ကြိုဆိုပွဲ မြန်မာမှာ ပထမဆုံး တရားဝင် ကျင်းပမယ်

Photo: ခရစ်သက္ကရာဇ် နှစ်သစ်ကြိုဆိုပွဲ မြန်မာမှာ ပထမဆုံး တရားဝင် ကျင်းပမယ်
Friday, December 21, 2012  

ခရစ် သက္ကရာဇ် အားဖြင့် နှစ်သစ်ကို ကြိုဆိုတဲ့ New Year count down ပွဲကို ရန်ကုန်မြို့မှာ တရားဝင် အားဖြင့် ပထမဆုံး ကျင်း ပတော့မှာ
ဖြစ်ပါတယ်။ 

တကယ်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ခရစ်သက္ကရာဇ် တနှစ်ကုန်လို့ တနှစ်ပြောင်းတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညတိုင်း နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ကန်တော်ကြီး၊ အင်းယား စတဲ့နေရာတွေနဲ့ နီးစပ်ရာ နေအိမ်၊ ခြံဝန်း၊ ဟော်တယ်တွေမှာ မြန်မာလူငယ်တွေက ကျင်းပခဲ့ကြတာပါ။ 

ပြောရရင် Happy New Year လို့ နှစ်သစ်ကို စတင်ကူးလိုက်တဲ့ အချိန်မှာ အော်ဟစ်ကြိုဆိုကြတဲ့ ယဉ်ကျေးမှုက မြန်မာနိုင်ငံနေရာအနှံ့မှာ
ရောက်နေခဲ့တာ ကြာပြီလို့ ဆိုရမှာပါ။ 

ဒါပေမယ့် ရေဒီယို၊ ရုပ်မြင်သံကြား စသဖြင့်တို့ကနေ တရားဝင် နာရီ စက္ကန့် Count down ကြေညာတာ မျိုးတော့ မရှိခဲ့ပါဘူး။ 

ဒီနှစ်မှာတော့ Myanmar Index Creative Village (MICV) လို့ခေါ်တဲ့ ကုမ္ပဏီကြီးတခုက စပွန်ဆာလုပ်ပြီး  မြန်မာ ကျပ်ငွေ သိန်းပေါင်း ၉ ထောင်ကျော် အကုန်အကျခံကာ လူပေါင်း ၅ သောင်းကျော်နဲ့ စီစဉ်ထားပါ တယ်ဆိုတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ 

အဆိုပါ (MICV)အနေနဲ့ ရန်ကုန်မြို့ မြို့မကွင်းမှာ ၂၀၁၃ ခုနှစ်
နှစ်သစ်ကူးကြိုဆိုပွဲကို ကျင်းပနိုင်ရေး အတွက် ကာကွယ်ရေး ၀န်ကြီးဌာနကနေ အဆိုပါ ကွင်းအား အသုံးပြုရေး လိုင်စင်လည်း ရရှိထားပြီလို့ ဆိုပါတယ်။ 

အိမ့်သံစဉ်  
ဧရာဝတီ
ခရစ် သက္ကရာဇ် အားဖြင့် နှစ်သစ်ကို ကြိုဆိုတဲ့ New Year count down ပွဲကို ရန်ကုန်မြို့မှာ တရားဝင် အားဖြင့် ပထမဆုံး ကျင်း ပတော့မှာ ဖြစ်ပါတယ်။

တကယ်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ခရစ်သက္ကရာဇ် တနှစ်ကုန်လို့ တနှစ်ပြောင်းတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညတိုင်း နှစ်သစ်ကူး ကြိုဆိုပွဲတွေကို ကန်တော်ကြီး၊ အင်းယား စတဲ့နေရာတွေနဲ့ နီးစပ်ရာ နေအိမ်၊ ခြံဝန်း၊ ဟော်တယ်တွေမှာ မြန်မာလူငယ်တွေက ကျင်းပခဲ့ကြတာပါ။

အလောင်းတော် ကဿပသို့ ဘုရားဖူး ပြည်သူများ လာရောက် ဖူးမြော်နိုင်ပြီ

Photo: အလောင်းတော် ကဿပသို့ ဘုရားဖူး ပြည်သူများ 
လာရောက် ဖူးမြော်နိုင်ပြီ
Friday, 21 December 2012

ဆောင်းရာသီ အခါသမယ ပွင့်လင်း ရာသီသို့ ရောက်လာပြီ ဖြစ်သည့် အတွက် ယင်းမာပင် မြို့နယ်နှင့် ကနီမြို့နယ် ဆုံရာတွင် တည်ထား ကိုးကွယ်သည့် အလောင်းတော် ကဿပ ရဟန္တာ မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုးမှုဖြင့် အလောင်းတော် ကဿပ ဘုရားဂေါပက နာယက ဆရာတော် ဦးသုမနနှင့် ဆရာတော် သံဃာတော် များ၊ ဂေါပက အဖွဲ့ဝင်များ၊ ယင်းမာပင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး၊ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်မှ တာဝန်ရှိ သူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီက ပျက်စီး သွားခဲ့သော လမ်းများကို
ပြုပြင် ဖောက်လုပ်ခဲ့ပြီး ဖြစ်သည်။

အလောင်းတော် ကဿပ ဗုဒ္ဓပူဇနိယ ဘုရားပွဲ ရာသီလမ်းကို နှစ်စဉ် ဖွင့်ပွဲ ပြုလုပ် လေ့ရှိရာ ယင်းမာပင် မြို့နှင့် မိုင်(၂ဝ)ကွာ ဝေးသော ယင်းမာပင် မြို့နယ် ကပိုင်ကျေးရွာ၌ ဒီဇင်ဘာ ၂၂ ရက်တွင် လမ်းဖွင့်ပွဲ ကျင်းပမည်
ဖြစ်သည်။ လမ်းဖွင့် လှစ်ပြီးပါက ဘုရားဖူး လာ ပြည်သူများ အနေဖြင့် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အတွင်း စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ဘုရားဖူး လာရောက် နိုင်ပြီဖြစ်သည်။

အလောင်းတော် ကဿပ ဗုဒ္ဓပူဇနိယ ဘုရား ပွဲတော်တွင် တပို့တွဲ လပြည့်နေ့နှင့် တပေါင်း လပြည့်နေ့ များ၌ ပင့်သံဃာတော် များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူကြမည် ဖြစ်သည်။

သို့ပါ၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ အနေဖြင့် 
လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် ချောမွေ့ပြီး အေးချမ်း ပျော်ရွှင်စွာဖြင့် အလောင်းတော် ကဿပသို့ ဘုရားဖူး လာရောက် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဆောင်းရာသီ အခါသမယ ပွင့်လင်း ရာသီသို့ ရောက်လာပြီ ဖြစ်သည့် အတွက် ယင်းမာပင် မြို့နယ်နှင့် ကနီမြို့နယ် ဆုံရာတွင် တည်ထား ကိုးကွယ်သည့် အလောင်းတော် ကဿပ ရဟန္တာ မြတ်ကြီးအား အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပံ့ပိုးမှုဖြင့် အလောင်းတော် ကဿပ ဘုရားဂေါပက နာယက ဆရာတော် ဦးသုမနနှင့် ဆရာတော် သံဃာတော် များ၊ ဂေါပက အဖွဲ့ဝင်များ၊ ယင်းမာပင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး၊ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်မှ တာဝန်ရှိ သူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မိုးရာသီက ပျက်စီး သွားခဲ့သော လမ်းများကိုပြုပြင် ဖောက်လုပ်ခဲ့ပြီး ဖြစ်သည်။

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်

Photo: ကမ္ဘာ့ဈေးအကြီးဆုံးအိမ်
Friday, 21 December 2012

ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့ရမည် ဖြစ်သည်။

ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းပိုင်ရှင်လည်းဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့် လုပ်ကိုင်ပြီး အောင်မြင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

သူပိုင်ဆိုင်သော အိမ်ကို Antilia ဟု အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် အထက်တွင် ရှိကြောင်း သိရသည်။ Antilia တိုက်သည် ၂၇ ထပ်မြင့်ပြီး လူ၅၀ ဆန့်သော ရုပ်ရှင်ရုံငယ်ကို ရှစ်ထပ်တွင်ထားရှိသည်။ ရေကူးကန်တစ်ကန်၊ သုံးထပ်စာပန်းခြံ၊ ခန်းမကြီးတစ်ခုတို့လည်း ပါဝင်သည်။

စတုရန်းပေ လေးသိန်းကျယ်သော နေထိုင်ရာနေရာ၊ ကား ၁၆၈ စီး ထားသိုနိုင်သော ပါကင်၊ ကားပြင်အလုပ်ရုံကြီး တစ်ထပ်၊ ရဟတ်ယာဉ် ဆင်းသက်ကွင်း ၃ ကွင်း၊ လေကြောင်းထိန်းချုပ်စင်တာ တစ်ခု၊ ကျန်းမာရေး spa တစ်ခု၊ ရောဂျကျင့်ရန်သီးသန့်ခန်း၊ လူလုပ်ရေခဲခန်းတစ်ခန်း၊
ကျောက်ဆောင်၊ ကျောက်ခဲများဖြင့် ပြုလုပ်ဖန်တီးထားသော ပန်းခြံတစ်ခု၊ ကမ္ဘာ့အကြီးဆုံး ရှေးခေတ်အပ်ချုပ်စက်များ ခင်းကျင်းပြသထားသည့်
ပြတိုက်ငယ် စသည်တို့လည်းပါရှိသည်။

ဓာတ်လှေကား ၉ ခုပါရှိပြီး အမြင့် ၅၆၈ ပေ ရှိသော Antilia အမည်ရတိုက် တွင် ဝန်ထမ်းပေါင်း ၆၀၀ ကျော်က နေ့စဉ်တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။

တိုက်ကို ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံး အဆင့် ၁၀တွင်ရှိသော Altamount လမ်းတွင် တည်ဆောက်ထားပြီး ၂၀၀၇ခုနှစ်က စတင်ရာ ၂၀၁၀ ခုနှစ်တွင်
ဆောက်လုပ်ပြီးစီးခဲ့သည်။ ၂၀၁၀ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်နေထိုင်သော ယင်းတိုက်ကို ကမ္ဘာတစ်လွှားမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများကို ဧည့်ခံတွေ့ဆုံလေ့ 
ရှိကြောင်း သိရသည်။

Ref:dailymail
International news for myanmar
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်း တွင် တွေ့ရမည် ဖြစ်သည်။

ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းပိုင်ရှင်လည်းဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့် လုပ်ကိုင်ပြီး အောင်မြင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

ဗိုလ်ချုပ်ကြီး စောမူတူး စေဖိုးကို ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်



Photo: ဗိုလ်ချုပ်ကြီး စောမူတူး စေဖိုးကို ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်
Friday, 21 December 2012

နောက်ဆုံးနေ့အဖြစ် ဒီကနေ့ (ဒီဇင်ဘာ ၂၁) ကျင်းပတဲ့ ၁၅ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) ကွန်ဂရက်က ဗိုလ်ချုပ်ကြီး စောမူတူး စေဖိုးကို ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါတယ်။ စောမူတူး ဥက္ကဌဖြစ်လာတဲ့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်တိုက် ဆက်လုပ်သွားလိမ့်မယ်လို့ ယူဆကြောင်း မဲဆောက်က ဘီဘီစီ သတင်းထောက် ဦးအောင်ကျော်ဦးက သုံးသပ်ပါတယ်။ အတွင်းရေးမှူးကိုတော့ မကြာခင်မှာပဲ ရွေးချယ်မယ်လို့ သိရပါတယ်။

BBC Burmese
နောက်ဆုံးနေ့အဖြစ် ဒီကနေ့ (ဒီဇင်ဘာ ၂၁) ကျင်းပတဲ့ ၁၅ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) ကွန်ဂရက်က ဗိုလ်ချုပ်ကြီး စောမူတူး စေဖိုးကို ကေအင်န်ယူ ဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါတယ်။ စောမူတူး ဥက္ကဌဖြစ်လာတဲ့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်တိုက် ဆက်လုပ်သွားလိမ့်မယ်လို့ ယူဆကြောင်း မဲဆောက်က ဘီဘီစီ သတင်းထောက် ဦးအောင်ကျော်ဦးက သုံးသပ်ပါတယ်။ အတွင်းရေးမှူးကိုတော့ မကြာခင်မှာပဲ ရွေးချယ်မယ်လို့ သိရပါတယ်။

BBC Burmese

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ (ဘီစီအိုင်အမ်) လေးနိုင်ငံ ကားမောင်းပြိုင်ပွဲ ကျင်းပမည်

Photo: ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ (ဘီစီအိုင်အမ်) လေးနိုင်ငံ ကားမောင်းပြိုင်ပွဲ ကျင်းပမည်
Friday, 21 December 2012

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ (ဘီစီအိုင်အမ်) လေးနိုင်ငံ ကားမောင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ယနေ့ ကျင်းပသည့် BCIM လေးနိုင်ငံ ကားပြိုင်ပွဲမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကာမြို့၌ ကျင်းပမည့် BCIM Forum ကို ဂုဏ်ပြု အထိမ်းအမှတ် အဖြစ် ချစ်ကြည် ရင်းနှီးမှု၊ ဖွံ့ဖြိုး တိုးတက်မှု ခိုင်မာစေရန် ရည်ရွယ် ကျင်းပရမည် ဖြစ်ပါကြောင်း၊ လေးနိုင်ငံ ကားပြိုင်ပွဲ ကိုလည်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် အိန္ဒိယ နိုင်ငံ (ကိုးလ်ကတ္တား)မှ စတင် တာထွက်ပြီး ဘင်္ဂလားဒေ့ ရှ် နိုင်ငံ၊
မြန်မာ နိုင်ငံတို့အား ဖြတ်သန်းကာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပန်းဝင်မည် ဖြစ်ပါကြောင်း၊ လမ်းကြောင်း ရှာဖွေခြင်း လုပ်ငန်း များကို
 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လတွင် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက Focal Ministery အဖြစ် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ စုပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊
လေးနိုင်ငံ ကားပြိုင်ပွဲမှာ အိမ်နီးချင်း နိုင်ငံများနှင့် ပေါင်းစပ်ယှဉ်တွဲ လုပ်ဆောင်ရသည့် စီမံ ကိန်း ဖြစ်ခြင်းကြောင့် ယဉ်ကျေး ပျူဌာမှု များမှာ အခြား နိုင်ငံများထက် နိမ့်ကျမှု မရှိဘဲ မိမိ နိုင်ငံ၏ ဂုဏ်သိက္ခာ ပြသ ကြရမည့် ပြိုင်ပွဲပင် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး မှာကြားသည်။

ယင်းနောက် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး (စီမံကိန်း) နှင့် တက်ရောက် လာကြသည့် ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်မည့် အစီ အစဉ်များ ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လတွင် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက Focal Ministery အဖြစ် ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ စုပေါင်း၍ အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊လေးနိုင်ငံ ကားပြိုင် ပွဲမှာ အိမ်နီးချင်း နိုင်ငံများနှင့် ပေါင်းစပ်ယှဉ်တွဲ လုပ်ဆောင်ရသည့် စီမံ ကိန်း ဖြစ်ခြင်းကြောင့် ယဉ်ကျေး ပျူဌာမှု များမှာအခြားင်ငံများထက်နိမ့်ကျမှုမရှိဘဲမိမိနိုင်ငံ၏ဂုဏ်သိက္ခာပြသကြရမည့်ပြိုင်ပွဲပင် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး မှာကြားသည်။

တရုတ်ဝယ်လက်အဆင်းများ၍ မန်းကျောက်ဝိုင်းဈေးကွက် ပြန်လည်လှုပ်ခတ်

Photo: တရုတ်ဝယ်လက်အဆင်းများ၍ မန်းကျောက်ဝိုင်းဈေးကွက် ပြန်လည်လှုပ်ခတ်
Friday, 21 December 2012

ရက်ပိုင်းအတွင်း တရုတ်ဝယ်လက်များ မန္တလေးကျောက်ဝိုင်းသို့ ဆင်းလာသည့်အတွက် မန္တလေးမဟာအောင်မြေကျောက်ဝိုင်းအတွင်း 
ကျောက်စိမ်းအရောင်းအ၀ယ်သွက်လာကြောင်း ကျောက်ကုန်သည်
အသိုင်းအ၀ိုင်းက သိရသည်။

"ဒီရက်ပိုင်းမှာ အထက်ကျောက်တွေ အရောင်းအ၀ယ်ကောင်းနေတယ်၊
အပွင့်လိုင်းကတော့ ပုံမှန်ပဲသွားနေလို့အေးနေတယ် ။ဖားကန့် ဘက်က
ကျောက်ကောင်းတွေ သိပ်မ၀င်လို့ဒီမှာရှိတဲ့ ကျောက်ကောင်းတွေ
ဈေးမြင့်နေတာ ၊လက်ကောက်လိုင်းဖက်ကတော့ တရုတ်ကုန်သည်
တွေကြားမှာအရောင်းအ၀ယ်ကောင်းနေတယ်။"ဟု ကျောက်ကုန်သည် ဦးကိုလွင်ကပြောသည်။

သိန်းနှစ်ဆယ်နှင့် အထက်ကျောက်ကောင်းများနှင့်ကျောက်အချပ်လိုင်းများ အရောင်းအ၀ယ်ဖြစ်ပြီး အဆင်ပြေလျက်ရှိကြောင်း တရုတ်ဝယ်လက်များ
ကျောက်ဝိုင်းအတွင်းဆင်းဝယ်လာသောကြောင့် အရောင်းအ၀ယ်
လှုပ်လာခြင်းဖြစ်ကြောင်းကျောက် ပွဲစားတစ်ဦးက ဆိုသည်။

"ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ အရင်နှစ်တွေက
ကျောက်တူးတွေ အစောကြီးနားခဲ့တယ်၊ အခုအခါလည်း  
ကျောက်တူးသူ နည်းနေလို့ကျောက်ဝိုင်းမှာကျောက်ကောင်း
အ၀င်နည်းနေတယ် ။ ကျောက်ကောင်းကိုင်ထားနိုင်တဲ့ သူတွေအတွက်တော့ပိုအဆင်ပြေတာပေါ့။ ၀ယ်လက်ကြိုက်ရင်
ဈေးခေါ်လို့ရတယ်"ဟုကျောက်ပွဲစားကိုမြင့်အေးကပြောသည်။

တရုတ်ပြည်မှ ၀ယ်လက်ဆင်းလာပြီးနောက်ပိုင်း ကျောက်စိမ်း
ဈေးကွက်ပိုမိုအလုပ်ဖြစ် လာနိုင်ကြောင်း၊နေပြည်တော်ကျောက်စိမ်းပြပွဲ
ပြီးလျှင် လည်း အရောင်းဝယ်ကောင်းမည်ဟု ခန့်မှန်းထားကြောင်း
မန်းကျောက်ဝိုင်းမှအတွေ့အကြုံဝါရင့်ကျောက်ပွဲစားများက သုံးသပ်သည်။

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup
ရက်ပိုင်းအတွင်း တရုတ်ဝယ်လက်များ မန္တလေးကျောက်ဝိုင်းသို့ ဆင်းလာသည့်အတွက် မန္တလေး မဟာအောင်မြေကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအရောင်းအ၀ယ်သွက်လာကြောင်း ကျောက်ကုန်သည်
အသိုင်းအ၀ိုင်းက သိရသည်။

"ဒီရက်ပိုင်းမှာ အထက်ကျောက်တွေ အရောင်းအ၀ယ်ကောင်းနေတယ်၊အပွင့်လိုင်းကတော့ ပုံမှန်ပဲသွားနေ လို့အေးနေတယ်။ဖားကန့်ဘက်ကကျောက်ကောင်းတွေသိပ်မ၀င်လို့ဒီမှာရှိတဲ့ ကျောက်ကောင်းတွေဈေးမြင့်နေတာ ၊လက်ကောက်လိုင်းဖက်ကတော့တရုတ်ကုန်သည်တွေကြားမှာအရောင်းအ၀ယ်ကောင်းနေတယ်။"ဟု ကျောက်ကုန်သည် ဦးကိုလွင်ကပြောသည်။

ရခိုင်ဒေသမှကြက်စာကုန်ကြမ်းတင်ပို့မှုကျဆင်းနေရခြင်း အကြောင်းအရင်း

Photo: ရခိုင်ဒေသမှကြက်စာကုန်ကြမ်းတင်ပို့မှုကျဆင်းနေရခြင်း အကြောင်းအရင်း
Friday, 21 December 2012

ရခိုင်ကမ်းရိုးတန်းဒေသမှ အောက်ခြေအဆင့် တန်ဖိုးနည်း ငါးပုစွန်သေးများကို ကြက်စာကုန်ကြမ်းအဖြစ်  နေလှမ်းအခြောက်
ပြုလုပ်၍ ပြည်တွင်းဈေးကွက်များဖြစ်သည့် ပြည်(ပဲခူးအနောက်)၊ ရန်ကုန်နှင့်မကွေး ကြက် မွေးမြူရေးဇုန်များသို့ ထုတ်လုပ်တင်ပို့လျှက်ရှိသည်။

ယခုနှစ် မေလနောက်ပိုင်းမှစ၍ တင်ပို့မှုမှာ တစ်လထက် တစ်လ
လျော့နည်းကျဆင်းလာပြီး လက်ရှိတွင် အဆိုးဆုံး အခြေအနေသို့
ရောက်ရှိနေကြောင်း မွေးမြူရေးအစာ ထုတ်လုပ်တင်ပို့သူများထံမှ 
သိရသည်။

စားသုံးမှုဈေးကွက်မ၀င်သော ငါးပုစွန် အကောင်သေးများကို ရခိုင်ကမ်းရိုးတမ်းဒေသ မြစ်ချောင်း အင်းအိုင်များ တွင် အများအပြားဖမ်းဆီးရရှိနိုင်ကြောင်းကိုလည်း သိရသည်။

ထိုသို့ဖမ်းဆီးရာတွင် ဇာခြင်ထောင်ကဲ့သို့သော အပေါက်စိတ်သည့် ပိုက်ကွန်များဖြင့် ဖမ်းဆီးလုပ်ကိုင်မှု များပြားလာခြင်းကြောင့် ငါးပုစွန် သားဖေါက်များမျိုးပြုန်းတီးမှု ဖြစ်ပေါ်လာပြီး ဖမ်းဆီးရရှိမှုမှာလည်း
လျော့နည်း ကျဆင်းလာခြင်းနှင့်အတူ ကြက်စာကုန်ကြမ်း တင်ပို့မှုမှာလည်း ကျဆင်းလာရခြင်း ဖြစ်သည်။

“ကြက်စာကုန်ကြမ်း တင်ပို့မှုက ဧပြီ၊မေလ၀န်းကျင်လောက်မှ စပြီး တင်ပို့မှု တစ်လထက်တစ်လ လျော့နည်းကျ ဆင်းလာတာ   ဖြစ်ပါတယ်။ အဲဒီ မတိုင်မီက တစ်လတစ်လကို အိတ်ရေ သုံးရာမှ ငါးရာအထိ တင်ပို့နိုင်ခဲ့တယ်။ တစ်လထက်တစ်လ ကျဆင်းလာတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကဆို အိတ်ရေ (၁၀၀)ကျော်ဝန်းကျင်လောက်သာ စုဆောင်း တင်ပို့နိုင်ခဲ့ပါတယ်” ဟု ကြက်စာကုန်ကြမ်း အ၀ယ်ဒိုင်
ဖွင့်လှစ်တင်ပို့နေသူ ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။

ဒေသတွင်း ငါးပိထုတ်လုပ်မှု ဈေးကွက်အားကောင်းခိုင်မာလာမှုနှင့်အတူ ကစ္ဆပနဒီမြစ်ဖျားပိုင်း အိန္ဒိယနိုင်ငံ မီဖိုရန်ပြည်နယ် နယ်စပ်ဈေးကွက်များမှ အဆွဲများလာမှုများကြောင့် ယခုနှစ် နှစ်ဆန်းပိုင်း ကာလများမှစပြီး ငါးပိထုတ်လုပ်မှုလုပ်ငန်းများကို စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ် တွင်ကျယ်စွာ ဇောက်ချလုပ်ကိုင်မှု များလာခြင်းကြောင့် ကုန်ကြမ်း
တင်ပို့မှုကျဆင်းရခြင်းဖြစ်သည်။

ထိုကြောင့် ကြက်စာကုန်ကြမ်းထုတ်လုပ်မှုလုပ်ငန်းမှ ဈေးကွက်နှင့်ဈေးနှုန်း
အနေအထားများအရ ငါးပိထုတ် လုပ်သည့် လုပ်ငန်းများသို့ ပြောင်းလဲ
ရောင်းချမှုများပြားလာခြင်းများကြောင့်လည်း ယခုကဲ့သို့ ကြက်စာ ကုန်ကြမ်းတင်ပို့မှု သိသိသာသာကျဆင်းလာခြင်းလည်း ဖြစ်သည်။

မွေးမြူရေးအစာကုန်ကြမ်း တင်ပို့မှု လျော့နည်းကျဆင်းလာရခြင်းနှင့် ပတ်သက်၍ သံတွဲဒေသမှ တင်ပို့သူ တစ်ဦးကလည်း ယခုကဲ့သို့ ဆိုသည်။

“တံငါသည်တွေက ဖမ်းဆီးရရှိတဲ့ ငါးပုစွန် ကြက်စာကုန်ကြမ်းများကို အရင်လို့ ကျွန်တော်တို့ဆီမှာ လာမသွင်းကြဘူး။ ငါးပိထုတ်လုပ်မှု
လုပ်ငန်းများသို့ပဲ သွားသွင်းကြတာ။ ကျွန်တော်တို့က သူတို့လို
ဈေးတင်ပေးပြီး မ၀ယ်နိုင်ကြတော့ တင်ပို့နိုင်မှု အပိုင်းကလည်း ကျဆင်းလာရတာပေါ့ဗျာ” ဟု သံတွဲ ဒေသခံ လုပ်ငန်းရှင်က ပြောသည်။

ငါးပိထုတ်လုပ်မှုလုပ်ငန်းများမှ အဆွဲများလာမှုကြောင့် လက်ရှိ
ကြက်စာကုန်ကြမ်း (၃၀ပိဿာဆန့်)   တစ်အိတ် လျှင်(သန့်စင်)(၄၀၀၀၀)ကျပ်နှင့် ရိုးရိုး(၂၂၀၀၀)ကျပ်ထိ အမြင့်ဈေးတွင်ရှိနေပြီး ယခုနှစ်ပြီးခဲ့သည့် ဇန်နာဝါရီမှ မတ်လအထိ (သန့်စင်) တစ်အိတ်
(၃၀၀၀၀)၀န်းကျင်နှင့် ရိုးရိုးတစ်အိတ်(၁၃၀၀၀)ကျပ်သာဈေး ရှိခဲ့ကြောင်း ကိုလည်း သိရသည်။

အာရကန်ကိုကို(မြစ်မခ)
Myit Makha Mediagroup
ရခိုင်ကမ်းရိုးတန်းဒေသမှ အောက်ခြေအဆင့် တန်ဖိုးနည်း ငါးပုစွန်သေးများကို ကြက်စာ ကုန်ကြမ်း အဖြစ် နေလှမ်းအခြောက် ပြုလုပ်၍ ပြည်တွင်းဈေးကွက်များဖြစ်သည့် ပြည်(ပဲခူးအနောက်)၊ ရန်ကုန်နှင့် မကွေး ကြက် မွေးမြူရေးဇုန်များသို့ ထုတ်လုပ်တင်ပို့လျှက်ရှိသည်။

ယခုနှစ် မေလနောက်ပိုင်းမှစ၍ တင်ပို့မှုမှာ တစ်လထက် တစ်လလျော့နည်းကျဆင်းလာပြီး လက်ရှိတွင် အဆိုးဆုံး အခြေအနေသို့ရောက်ရှိနေကြောင်း မွေးမြူရေးအစာ ထုတ်လုပ်တင်ပို့သူများထံမှ သိရသည်။

စားသုံးမှုဈေးကွက်မ၀င်သော ငါးပုစွန် အကောင်သေးများကို ရခိုင်ကမ်းရိုးတမ်းဒေသ မြစ်ချောင်း အင်းအိုင်များ တွင် အများအပြားဖမ်းဆီးရရှိနိုင်ကြောင်းကိုလည်း သိရသည်။

ပြည်သူနှင့်ထိထိရောက်ရောက် ထိတွေ့နိုင်ခြင်းမရှိသေးဟု မန်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ၀န်ခံ

Photo: ပြည်သူနှင့်ထိထိရောက်ရောက် ထိတွေ့နိုင်ခြင်းမရှိသေးဟု မန်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ၀န်ခံ
Friday, 21 December 2012 

၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်၁၀နာရီကမန္တလေးတိုင်းဒေသကြီး
လွှတ်တော်ဥက္ကဌဖြစ်သူ ဦးဝင်းမောင်မှာ မန္တလေးမြို့ရှိ မီဒီယာများနှင့်
တွေ့ဆုံ၍ မန်းတိုင်းဒေသကြီး လွှတ်တော်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍   တွေ့ဆုံရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြန်ကြားရေးမှ ဦးကျော်သန်းတို့အပါအ၀င် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်
အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြည်သူသည် ကျေးဇူးရှင်

လွှတ်တော်ဆိုသည်မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့်သူများစုဝေးရာအရပ် ဖြစ်ပြီး ထိုအစုအဝေးကို   ပြည်သူကရွေးချယ်တင်မြှောက်
လိုက်သည့်အတွက် ၎င်းတို့၏ကျေးဇူးရှင်သည် ပြည်သူများ ဖြစ်ကြောင်း ၊ ထို့ကြောင့်ပြည်သူကို ဦးထိပ်ထား၍ ပြည်သူ၏ အကျိုးစီးပွားကိုသာ
ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူနှင့်ထိတွေ့ရန်လိုအပ်

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူတို့၏အကျိုးစီးပွားကို ဆောင်ရွက်လိုလျှင် ပြည်သူနှင့် ထိတွေ့ရန် လိုအပ်သလို ပြည်သူနှင့်ထိတွေ့ပြီး သိရှိတွေ့ရှိလာသည့် အကြောင်းအရာများကို ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိဆောင်ရွက်ခဲ့သည်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြကာ အစီရင်ခံစာများ တင်ပြပေးရန် လိုအပ်ကြောင်းနှင့်    ပြည်သူ၏ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ပြီး ဖြေရှင်းပေးရန် လွှတ်တော်
ကိုယ်စားလှယ်များတွင် တိုက်ရိုက်တာဝန်ရှိသည်။

ထိရောက်သည့် ထိတွေ့မှုမဖြစ်သေး

လွှတ်တော်တိုင်း လွှတ်တော်တိုင်း၏ ဆောင်ပုဒ်သည် `` ပြည်သူ့အသံ လွှတ်တော်အသံ ၊ ပြည်သူ့ဆန္ဒ လွှတ် တော်ဆန္ဒ " ဖြစ်ပြီး ပြည်သူများ၏
အနာဂတ်ကာလ မျှော်လင့်ချက်များကို လွှတ်တော်က ဖော်ဆောင်ရမည်ဖြစ် ကာ ပြည်သူ့ဆန္ဒမျှော်လင့်  ချက်တွေကိုသိရှိရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းအနေဖြင့် သက်ဆိုင်ရာ နယ်မြေများကို ကွင်းဆင်းထိတွေ့ကြရန် လွှတ်တော်မှ မှာကြားထားပြီးဖြစ်ကြောင်း ၊ ထိုကဲ့သို့မှာကြားချက်နှင့် အညီ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့်လည်း ထိတွေ့လျှက်ရှိကြောင်း ၊ သို့သော် ထိထိရောက်ရောက် ထိတွေ့ နိုင်ခြင်း မရှိသေးသည်ကို ၀န်ခံကြောင်းပြောကြားခဲ့သည်။

ဥပဒေပညာရှင်များထံမှ အကြံဥာဏ်ယူ

မိမိတို့အနေဖြင့် ဥပဒေပြုရေးကိုဆောင်ရွက်ရသည့်အလျှောက် ဥပဒေပညာရှင်များထံမှ အကြံဥာဏ်များ ရယူလျှက်ရှိကြောင်း ၊
ဆောင်ရွက်ထားသည်များကိုလည်း ဥပဒေပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ကြောင်း ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပါတီစုံမှ
ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများလည်း ပြုလုပ်လျှက်
ရှိကြောင်း ၊ ထိုကဲ့သို့ပြုလုပ်ဆောင်ရွက်ထားသည် များကို မီဒီယာများသို့
တွေ့ဆုံတင်ပြသင့်သည်ဟု ယူဆ၍ ယခုလို တွေ့ဆုံတင်ပြရခြင်းဖြစ်ကြောင်း ဥက္ကဌ ဦးဝင်းမောင်က ပြောကြားခဲ့သည်။

လောကပါလတရားနှင့်အညီ

အားလုံးသိရှိပြီးသားဖြစ်သည့်အတိုင်း လွှတ်တော်မှထမ်းဆောင်သည့်
အဓိကတာဝန်များမှာ တစ်အချက် ဥပဒေပြုရေးတာဝန် ၊ နှစ်အချက် ခက်မသုံးဖြာနှင့် ပြည်သူများအကြား အချင်းချင်း အပြန်အလှန်ထိန်းညှိချင်း တာဝန်နှစ်ရပ်ကို ထမ်းဆောင်လျှက် ရှိကြောင်း ၊ မိမိတို့သည် ပြည်သူက
ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြစ်သည့်အတွက် စနစ်တကျဆောင် ရွက်ရန် တာဝန်ရှိကြောင်း ၊ ဥပဒေပြုရေးတာဝန်ကို အများသိပြီးသား ဖြစ်သည့် လောကပါလတရားအတိုင်း တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ၊ ညီမျှခြင်း ဆိုသည့် လောကပါလ တရားသုံးပါးကို အခြေခံကာ သတိထား ဆောင်ရွက်လျှက်ရှိကြောင်းများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့ပြီးနောက် မီဒီယာများမှ
မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
Myit Makha Mediagroup
၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်၁၀နာရီကမန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဖြစ်သူ ဦးဝင်းမောင်မှာ မန္တလေးမြို့ရှိ မီဒီယာများနှင့် တွေ့ဆုံ၍ မန်းတိုင်းဒေသကြီး လွှတ်တော်၏ ဆောင်ရွက်မှု များနှင့် ပတ်သက်၍ တွေ့ဆုံရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြန်ကြားရေးမှ ဦးကျော်သန်းတို့အပါအ၀င် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။  ပြည်သူသည် ကျေးဇူးရှင် လွှတ်တော်ဆိုသည်မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့်သူများစုဝေးရာအရပ် ဖြစ်ပြီး ထိုအစုအဝေးကိုပြည်သူကရွေးချယ်တင်မြှောက်လိုက်သည့်အတွက်၎င်းတို့၏ကျေးဇူးရှင်သည် ပြည်သူများ ဖြစ်ကြောင်း ၊ထို့ကြောင့်ပြည်သူကိုဦးထိပ်ထား၍ပြည်သူ၏အကျိုးစီးပွားကိုသာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

Friday, December 21, 2012

ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင်ထရန်စဖော်မာများကို စည်ပင်သာယာပိုင်မြေပေါ်တွင် ထားရှိခွင့်မပြုတော့

Photo: ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင်ထရန်စဖော်မာများကို စည်ပင်သာယာပိုင်မြေပေါ်တွင် ထားရှိခွင့်မပြုတော့   
Friday, 21 December 2012 

ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင်ထရန်စဖော်မားများကို ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်မြေဖြစ်သည့် လမ်း၊ လူသွားစင်္ကြန် စသည်တို့ပေါ်တွင် ထားရှိခွင့်ပြုတော့မည်မဟုတ်ဘဲ ကိုယ်ပိုင်အဆောက်အအုံ
ဆောက်လုပ်မည့် မြေနေရာတွင်သာ ထည့်သွင်းသွားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ၁၈ ခန်းနှင့် အထက် အဆောက်အအုံများတွင်   ဓာတ်အားခွဲပေးနိုင်သည့် ကိုယ်ပိုင်ထရန်စဖော်များ တပ်ဆင်ရန် ယခင်ကတည်းက ညွှန်ကြားခဲ့ရာ တည်ဆောက်ပြီး ၁၈ ခန်းနှင့်အထက်
ဆောက်အအုံအများစုတွင် ကိုယ်ပိုင် ထရန်စဖော်မာများကို စည်ပင်သာ ယာပိုင် လမ်း၊လူသွားစင်္ကြန်များပေါ်တွင် တပ်ဆင်ထားခြင်းများ ရှိနေကြောင်း၊ ယင်းကဲ့သို့ တပ်ဆင်ထားခြင်းက လမ်းသွားလမ်းလာများ
အတွက် အန္တရာယ်ရှိနိုင်သောကြောင့် ကိုယ်ပိုင်အဆောက်အအုံ
ဆောက်လုပ်မည့် မြေနေရာတွင် ထည့်သွင်းရန် သတ်မှတ်လိုက်ခြင်း
ဖြစ်သည်ဟု သိရသည်။

''အသစ်ဆောက်မဲ့ ၁၈ ခန်းနှင့်အထက် အဆောက်အအုံတွေမှာ ကိုယ်ပိုင်ထရန်စဖော်မာတွေကို စည်ပင်ပိုင်မြေပေါ်မှာ ထားခွင့်
မပေးတော့ဘူး။ ကိုယ်ပိုင် အဆောက်အအုံ ဆောက်မဲ့
မြေနေရာခြံဝန်းထဲက ကြိုက်တဲ့နေရာမှာ ထည့်ဖို့ သတ်မှတ်လိုက်ပါတယ်။ စည်ပင်ပိုင်မြေပေါ်က လမ်း၊ လူသွား စင်္ကြန်ပေါ်မှာ ထားခြင်းအားဖြင့် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် အသစ်ဆောက်မဲ့ ၁၈ ခန်းနှင့်အထက် အဆောက်အအုံတွေရဲ့ တည်ဆောက်ဖို့ ပုံစံတင်တဲ့နေရာမှာ ထရန်စဖော်မာထားဖို့ နေရာကိုပါ ထည့်သွင်းရေးဆွဲခိုင်းထားပါတယ်။ ဒီသတ်မှတ်ချက်က ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း
နေရာအားလုံးမှာ အကျုံးဝင်ပါတယ်''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။

ကိုယ်ပိုင်အဆောက်အအုံမြေပေါ်တွင် ကိုယ်ပိုင်ထရန်စဖော်မာ ထားရှိရန်အတွက် မြေနေရာမှာ ၁၀ ပေပတ်လည် ပမာဏခန့် ရှိရန်လိုကြောင်းလည်း သိရသည်။

''တစ်ကယ်လက်တွေ့မှာတော့ ကိုယ်ပိုင်ထရန်ဖော်မာတွေက လူသွားစင်္ကြန်တွေပေါ်မှာထားတာက အန္တရာယ်တော့များပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းဆောက်တဲ့ အဆောက်အအုံတွေက ခြံဝန်းနဲ့
မြေနေရာဆိုတာရှားတယ်။ ၂၅ ပေလို မြေနေရာမျိုးမှာ ဆောက်ရတာပါ။ အဲဒီအတွက်တော့ ထရန်စဖော်မာထားဖို့က အခက်အခဲရှိနိုင်တယ်''ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် ယခင်တည်ဆောက်ခဲ့ပြီးသော ၁၈ ခန်းနှင့် အထက် အဆောက်အအုံများ၏ စည်ပင်သာယာပိုင်မြေပေါ်တွင် ထားရှိခွင့်
ပြုထားသော ထရန်စဖော်အလုံးရေ  ၃၀၀ ကျော်ရှိပြီး ၎င်းတို့အတွက်
နှစ်စဉ်ကြေးကို  ယခင်က တစ်စတုရန်းပေလျင် ကျပ် ၁၅၀၀ ဖြင့် တစ်နှစ် တစ်ကြိမ်ကောက်ခံခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်၍  တစ်ကြိမ်တည်း ကျပ် ၈၀၀၀၀၀ ကောက်ခံရန် သတ်မှတ်ခဲ့သည်။


Eleven Media Group
ဓာတ်ပုံ -  htootayzar
ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင် ထရန်စဖော်မားများကို ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်မြေဖြစ်သည့် လမ်း၊ လူသွားစင်္ကြန် စသည်တို့ပေါ် တွင် ထားရှိခွင့်ပြုတော့မည်မဟုတ်ဘဲ ကိုယ်ပိုင်အဆောက်အအုံဆောက်လုပ်မည့် မြေနေရာတွင်သာ ထည့်သွင်းသွားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ၁၈ ခန်းနှင့် အထက် အဆောက်အအုံများတွင် ဓာတ်အားခွဲပေးနိုင်သည့် ကိုယ်ပိုင်ထရန်စဖော်များ တပ်ဆင်ရန် ယခင်ကတည်းက ညွှန်ကြားခဲ့ရာ တည်ဆောက်ပြီး ၁၈ ခန်းနှင့်အထက်ဆောက်အအုံအများစုတွင် ကိုယ်ပိုင် ထရန်စဖော်မာများကို စည်ပင်သာ ယာပိုင် လမ်း၊လူသွားစင်္ကြန်များပေါ်တွင် တပ်ဆင်ထားခြင်းများ ရှိနေကြောင်း၊ ယင်းကဲ့သို့ တပ်ဆင်ထားခြင်းက လမ်းသွားလမ်းလာများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ကိုယ်ပိုင်အဆောက် အအုံ ဆောက်လုပ် မည့် မြေနေရာတွင် ထည့်သွင်းရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ပြင်ဆင်မှုများ

Photo: ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုရန်ပြင်ဆင်နေကြသည်ကို ဒီဇင်ဘာ၂၁ရက်ကတွေ့ရစဉ်

7Day News Journal
ကော့သောင်းမြို့သို့ ဒီဇင်ဘာ ၂၂ ရက်တွင် ရောက်ရှိမည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆို ရန် ပြင်ဆင်မှု များပြုလုပ်နေပြီး၎င်း၏လုံခြုံရေးအတွက်အထူးဂရုစိုက်ပြင်ဆင်လျက်ရှိသည်ကို တွေ့ရကြောင်း ကော့သောင်းမြို့ ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည် မလာမီရက်ပိုင်း အလို ကတည်းက ကော့သောင်းမြို့ပေါ်ရှိ နေအိမ်အချို့တွင် NLD ပါတီအလံများ လွှင့်ထူခြင်း၊ လမ်းဆုံလမ်းခွ များတွင် ၎င်းအားကြိုဆိုသည့် ဗီနိုင်းဆိုင်းဘုတ်များထောင်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြို့ပေါ်ရှိ အမှတ်တရပစ္စည်း ရောင်းချသည့် ဆိုင်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ပုံ ရိုက်နှိပ်ထားသည့်အင်္ကျီများ၊NLDအလံငယ်များ လက်ကျန်မရှိသည်အထိ ရောင်းအားကောင်းလျက်ရှိသည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော ကော့သောင်းမြို့သို့ ပထမဦးဆုံးအကြိမ် လာရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၏လုံခြုံရေးအတွက်လည်းအထူးပြင်ဆင်လျက်ရှိသည်။ ကော့သောင်းမြို့ခရီးစဉ်အတွင်း လူထုဟောပြောပွဲပြုလုပ်မည့် အေးရိပ်ငြိမ်ရပ်ကွက် မြို့နယ်ဘောလုံးကွင်းအတွင်း NLD အဖွဲ့ဝင်များက ညအိပ်ညနေ လုံခြုံရေးအစီအစဉ်များ ပြုလုပ်လျက်ရှိသည်။ 
7Day News Journal

မန္တလေး - မြစ်ကြီးနား မီးရထား မိုင်းကွဲ လူ ၃ ဦး ဒဏ်ရာရ

Photo: မန္တလေး - မြစ်ကြီးနား မီးရထား မိုင်းကွဲ လူ ၃ ဦး ဒဏ်ရာရ
Friday, 21 December 2012 

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ဆက်သွယ်သည့် အဓိက လမ်းကြောင်း
ုဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ကုန်တင် ရထားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) မှ မိုင်းခွဲလိုက်ခြင်းကြောင့်မီးရထားဝန်ထမ်း သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း
မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

အဆိုပါ မိုင်းကွဲမှုမှာ မိုးညှင်းမြို့နယ်အတွင်းရှိ နမ္မားဘူတာနှင့် မြို့သစ်ကလေး
ဘူတာကြား မိုင်တိုင်အမှတ် (၆၄၃/၂၂)နှင့် (၆၄၃/၂၃)ကြားတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းမိုင်းခွဲမှုမှာ အုပ်ချုပ်ရေးအဖွဲ့က ကေအိုင်အေမှ လုပ်ဆောင်ခြင်း
ဖြစ်ကြောင်း ပြောဆိုထားသော်လည်း The Voice Weekly အနေဖြင့် ကေအိုင်အေထံသို့ ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်ပြီး ရရှိလာသော အချက်အလက်များ ဆက်လက် တင်ပြသွားမည် ဖြစ်သည်။

The Voice Weekly

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ဆက်သွယ်သည့် အဓိက လမ်းကြောင်ုးဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ကုန်တင် ရထားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) မှ မိုင်းခွဲလိုက်ခြင်းကြောင့်မီးရထားဝန်ထမ်း သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်းမိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အရေးပေါ်လူနာများအတွက် ကုသမှုအားလုံး အခမဲ့လုပ်ဆောင်သွားရန် စီစဉ်

Photo: ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အရေးပေါ်လူနာများအတွက် ကုသမှုအားလုံး အခမဲ့လုပ်ဆောင်သွားရန် စီစဉ်  
Friday, 21 December 2012

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော အရေးပေါ်လူနာများအား ကုသမှုအားလုံးတွင် အခမဲ့ကုသပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောပြခဲ့သည်။

''အရေးပေါ်လူနာတွေအတွက် အရေးပေါ်ကုသမှုမှာ နှောင့်နှေးမှု
မရှိအောင် ဆောင်ရွက်ပေးရပြီး၊ ငွေကြေးမတတ်နိုင်သူတွေကိုလည်း အခမဲ့ဆောင်ရွက်ပေးနေပါတယ်။ မကြာမီအတွင်းမှာ ဆေးဝါးပစ္စည်းတွေ တိုးမြှင့်ရရှိလာပြီး အရေးပေါ်ကုသမှုတွေအားလုံးမှာ အခမဲ့
ထောက်ပံ့နိုင်အောင်၊ လူနာက စိုက်ထုတ်ကျခံရခြင်း မရှိသလောက် နည်းပါးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဒေါက်တာကျော်ကျော်ကပြောပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ကုတင် ၁၅၀၀ ဆံ့ ဆေးရုံဖြစ်ပြီး တစ်နေ့လျင် အတွင်းလူနာ ၁၂၀၀ ကျော် တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်းနှင့် လူနာများသည့် အဆောင်များတွင်
နေရာအခက်အခဲကြောင့် ကျပ်ကျပ်တည်းတည်း နေရာချထား
ရကြောင်းလည်း ဆေးရုံအုပ်ကြီးက ဆိုပါသည်။

လက်ရှိဆေးရုံကြီးတွင် ဆရာဝန်၊ သူနာပြုနှင့် ၀န်ထမ်းခွင့်ပြုအင်အားမှာ ၁၇၇၆ဦး ရှိသော်လည်း ခန့်ထားဝန်ထမ်းမှာ ၁၃၆၈ ဦးရှိသောကြောင့် ၀န်ထမ်းအင်အား လိုအပ်ချက်များ ရှိနေကြောင်းလည်းပြောပါသည်။

အခြားနိုင်ငံများတွင် ၀န်ဆောင်ခ၊ ဆရာဝန်၊ ဆရာမများအတွက်
ပေးရသည့် စောင့်ရှောက်ကြည့်ရှုခ၊ ခွဲစိတ်ခ၊ လူနာစမ်းသပ်ခ စသည့် အခကြေးငွေများကို ပေးဆောင်ရခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ ကျန်းမာရေးအသုံးစရိတ်နှင့် ပတ်သက်၍ ဆေးရုံဆေးခန်းများ တည်ဆောက်ခြင်း၊ ပရိဘောဂ အသုံးအဆောင်ပစ္စည်းများ၊ စက်ကိရိယာ ပစ္စည်းများ၊ အခြေခံဆေးဝါးပစ္စည်းများ ကုန်ကျစရိတ်နှင့် ၀န်ထမ်းများ ခန့်ထားသည့် ကုန်ကျစရိတ်များကို နိုင်ငံတော်မှ မျှဝေကျခံပြီး နိုင်ငံတော်မှ မျှဝေထောက်ပံ့မပေးနိုင်သည့် ဆေးဝါးများအတွက် ကုန်ကျစရိတ်၊
ရောဂါရှာဖွေစမ်းသပ်ရာတွင် ကုန်ကျစရိတ်၊ သီးသန့်အခန်းခများကို လူနာရှင်မှ မျှဝေကျခံပေးရကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏  ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပတ် သက်၍ အပြုသဘော ဝေဖန်အကြံပေးမှုများကိုလည်း ကျေးဇူးတင်စွာဖြင့် ခံယူသွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်က
ပြောကြားခဲ့ပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို  အဆင့်မြှင့်တင်ရန်အတွက် ပြုပြင်မွမ်း မံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီး အစိုးရပြည်တွင်းပြည်ပ အလှူရှင်များအားလုံး ပူးပေါင်းပါဝင်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည်
ဆေးရုံကြီး၏ လက်ရှိအခြေအနေကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

Eleven Media Group
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော အရေးပေါ်လူနာများအား ကုသမှုအားလုံးတွင် အခမဲ့ ကုသပေးနိုင်ရန်စီစဉ်ဆာင်ရွက်လျက်ရှိကြောင်းရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော် က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြောပြခဲ့သည်။

''အရေးပေါ်လူနာတွေအတွက်အရေးပေါ်ကုသမှုမှာ နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်ပေးရပြီး၊ ငွေကြေးမတတ်နိုင်သူတွေကိုလည်း အခမဲ့ဆောင်ရွက်ပေးနေပါတယ်။ မကြာမီအတွင်းမှာ ဆေးဝါးပစ္စည်းတွေ တိုးမြှင့်ရရှိလာပြီး အရေးပေါ် ကုသမှုတွေအားလုံးမှာ အခမဲ့ထောက်ပံ့နိုင်အောင်၊ လူနာက စိုက်ထုတ်ကျခံရခြင်း မရှိသလောက် နည်းပါးအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဒေါက်တာကျော်ကျော်ကပြောပါသည်။

မာယန်လူကြီးကတော့ နေ့သစ်ကိုကြိုနေပါတယ်တဲ့။

Photo: မာယန်လူကြီးကတော့ နေ့သစ်ကိုကြိုနေပါတယ်တဲ့။
Friday, 21 December 2012 

ကမ္ဘာပျက်သုန်းတဲ့နေ့လို့ ရှေးဟောင်းမာယန်တို့ရဲ့ ပြက္ခဒိန်ကို အဓိပ္ပါယ်ပြန်ဆိုကြတဲ့သူတွေကြောင့် ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး စိုးရိမ်တဲ့သူတွေက ဒီရက်ပိုင်းအတွင်း
ကြောက်လန့်တကြား ပြင်ဆင်နေကြပါတယ်။

မာယန်ပြက္ခဒိန်က ၅၁၂၅ နှစ် ပြည့်တဲ့ ဒီဇင်ဘာ ၂၁ မှာ ရပ်တန့်သွားခဲ့တာ
ကို အဓိပ္ပါယ်ကောက်ယူခဲ့ကြတာပါ။ ကမ္ဘာနဲ့အ၀ှမ်း ကောလဟာလ ပြန့်နှံ့ပြီး လူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရာမှာ ကုန်ပစ္စည်းအရောင်းတွေ တဟုန်ထိုး တက်သွားခဲ့ပါတယ်။

တရုတ်နဲ့ ရုရှနိုင်ငံတွေမှာ လူတွေ ဖယောင်းတိုင်နဲ့ အရေးပေါ်ပစ္စည်းတွေ
ပြေးလွှား ၀ယ်ယူကြတာရှိသလို အမေရိကန်နိုင်ငံမှာလည်း အရေးပေါ် ခိုလုံနိုင်တဲ့ရွက်ဖျဉ်တဲအရောင်းကလည်း ဘယ်တုန်းကနဲ့မှမတူအောင် အရောင်းစံချိန် တင်သွားခဲ့ပါတယ်။ ပြင်သစ်မှာ ဒီအဆိုကို ယုံကြတဲ့သူတွေက
ဂြိုလ်သားတွေ လာကယ်လိမ့်မယ်လို့ ယူဆတဲ့ တောင်တွေမှာ ပုန်းအောင်း ဖို့ ပြင်ဆင်ကြတယ်လို့ ဆိုပါတယ်။

မြေအောက်ခိုလုံရာ လှိုင်ခေါင်းကို ခေတ်မှီနည်းစနစ်တွေနဲ့ ဆောက်လုပ်တဲ့ အမေရိကန်က လုပ်ငန်းရှင်ကတော့ စီးပွားရေး အကျိုးအမြတ် အင်မတန် များခဲ့တယ်လို့ ဆိုပါတယ်။

ရုရှနိုင်ငံက နိုဗိုကုဇနက်မြို့မှာ ကာလဟာလတွေကြောင့် ဓာတ်မီးတွေ၊
ရေနွေးဓာတ်ဗူးတွေ၊ မီးအိမ်တွေ၊ တခုမှမကျန်တော့အောင်
ကြောက်လန့်တကြားဝယ်ကြ၊ စုကြ ဖြစ်လာတဲ့အတွက် ရုရှဝန်ကြီးချုပ် မီဗေဒေ ကတောင် ကမ္ဘာပျက်မယ်ဆိုတဲ့ကောလဟာလကို သူမယုံဘူးလို့ ၀င်ပြောရတဲ့အထိ ဖြစ်လာပါတယ်။ အနဲဆုံးတော့ ဒီနှစ်မှာ မဖြစ်နိုင်ဘူးတဲ့။

တရုတ်ပြည်မှာ ရှန်ဟိုင်းထောင်ထဲက ထောင်ကျတယောက်က
နောက်ဆုံး အချိန်မှာ အလှူလုပ်သင့်တယ်ဆိုပြီး တခြားအကျဉ်းသားတွေ ဆီက စုဆောင်းငွေ လိမ်ညာယူတဲ့အမှု ဖြစ်ခဲ့တယ်လို့လည်း ကြားရပါတယ်။

တချိန်က မာယန်ယဉ်ကျေးမှု လွှမ်းခဲ့တဲ့ မက္ကစီကိုနိုင်ငံမှာတော့ ကမ္ဘာ့နောက်ဆုံးအချိန်ဆိုတဲ့ တဘောင်ကို အခွင့်အရေးတခု အနေနဲ့
မြင်ပုံရပါတယ်။ မာယန်နဲ့ ပတ်သက်တာ မှန်သမျှ အရုပ်ကအစ ပွဲတွေလမ်းတွေ ရောင်းကုန်တွေ၊ ခရီးစဉ်တွေ အကုန်လုံး ပြင်ဆင် ထုတ်လုပ်ပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွယ်တော့တာပါပဲ။ အဲဒီတော့ ဒီနှစ် မက္ကစီကို ကိုလာတဲ့ ခရီးသည်ဟာ အရင်နှစ်တွေကထက် အနဲဆုံး ၂ ဆတိုးသွားခဲ့ပါတယ်။

နာဆာ (NASA) အာကာသ စူးစမ်းတဲ့အဖွဲ့က ဒီကောလာဟာလတွေ မဟုတ်တဲ့အကြောင်း မဖြစ်နိုင်တဲ့အကြောင်း ကြိုးစားပြီး ရှင်းလင်းခဲ့ပါတယ်။ ကမ္ဘာကို လာရောက်ရိုက်ခတ်မယ်ဆိုတဲ့ အရာကို မတွေ့ရကြောင်း ရှင်းပြခဲ့ပေမဲ့ သူတို့ဆီကို ကလေးလူကြီး တွေက ဆက်သွယ်လာပြီး ဇာတ်လမ်းမျိုးစုံပြောတာ ကြုံရတယ်လို့ ပြောပါတယ်။

အံ့သြစရာကောင်းတာကတော့ မာယန်ပြက္ခဒိန်ကို အဓိပ္ပါယ်ကောက်ပြီး ကမ္ဘာအနှံ့က လူတချို့ ဒီလောက်အထိ သွေးပျက်ခြောက်ခြားနေပေမဲ့
မောယန်တွေ ကိုယ်တိုင်ကတော့ အေးအေးဆေးဆေးပါပဲတဲ့။
သူတို့က ကမ္ဘာကြီး ပျက်သုန်းမယ်ဆိုတဲ့ အရိပ်လက္ခဏာ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။

မာယန်လူမျိုးစုရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ပေဒရို စာလက်စ်တီနို ရာနိုခ်ျ က ဂျူးဘားမှာပြုလုပ်တဲ့ ပြက္ခဒိန်ကုန်ဆုံးရက်ဖြစ်တဲ့ ၂၁ ရက်နေ့ အခန်းအနားမှာ သစ်စေ့နဲ့ သစ်သီးတွေကို မီးရှို့ အထိမ်းအမှတ်ပြုခဲ့ပါတယ်။ ၂၁ ရက်နေ့ဟာ ပြက္ခဒိန်ဟောင်းကို နှုတ်ဆက်ကျေးဇူးတင်ကြောင်း
ပြောတဲ့နေ့ ဖြစ်ပြီး ၂၂ ရက်နေ့ဟာ ပြက္ခဒိန်သစ် စတင်တဲ့ နေ့သစ်ကို ကြိုဆိုတဲ့ နေ့ရက် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်တဲ့။

(ဓာတ်ပုံ- ဂျူးဘား နိုင်ငံ ဟာဗာနာမြို့ အရှေ့ဘက်က ဘာကူရာနောင် ကမ်းခြေမှာကျင်းပတဲ့ မာယန်ဓလေ့ ရိုးရာပွဲတခုမှာ ဂျူးဘားနိုင်ငံသားတွေ ပါဝင်ဆင်နွဲနေတဲ့ပုံပါ (အေအက်ပီ)

Burma-Newselite
ကမ္ဘာပျက်သုန်းတဲ့နေ့လို့ ရှေးဟောင်းမာယန်တို့ရဲ့ ပြက္ခဒိန်ကို အဓိပ္ပါယ်ပြန်ဆိုကြတဲ့သူတွေကြောင့် ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုပြီး စိုးရိမ်တဲ့သူတွေက ဒီရက်ပိုင်းအတွင်း  ကြောက်လန့် တကြား ပြင်ဆင်နေကြပါတယ်။

မာယန်ပြက္ခဒိန်က ၅၁၂၅ နှစ် ပြည့်တဲ့ ဒီဇင်ဘာ ၂၁ မှာ ရပ်တန့်သွားခဲ့တာကို အဓိပ္ပါယ်ကောက် ယူခဲ့ကြတာပါ။ ကမ္ဘာနဲ့အ၀ှမ်း ကောလဟာလ ပြန့်နှံ့ပြီး လူတွေ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရာမှာ ကုန်ပစ္စည်းအရောင်းတွေ တဟုန်ထိုး တက်သွားခဲ့ပါတယ်။

အေဘီအက်စ်ဒီအဖ်တွေ့ ဆုံပွဲဦးဥာဏ်ဝင်းရှင်းလင်း

Photo: အေဘီအက်စ်ဒီအဖ်တွေ့ ဆုံပွဲဦးဥာဏ်ဝင်းရှင်းလင်း
Friday, December 21, 2012

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအဖ်) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမူဆောင်အဖွဲ့ တို့ တွေ့ ဆုံမူအပြီးတွင်၊ အတွင်းရေးမှူးဦးဥာဏ် ၀င်းက ပြည်တွင်းသတင်းထောက်များနှင့်တွေ့ ဆုံပြီး သတင်းစာရှင်းလင်းပွဲတရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး တွင် ဒီဇင်ဘာ ၂၀၊ ၂၀၁၂ တွင်ကျင်းပခဲ့သည်။

သတင်းထောက်များ- အေဘီအက်စ်ဒီအဖ်နှင့်ဘာအကြောင်းကို အဓိကဆွေးနွေးခဲ့ပါသလဲ။

ဦးဥာဏ်ဝင်း - နိုင်ငံရေးအပေါ်သူတို့ အမြင် အန်အယ်လ်ဒီဘက်က အမြင်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အေဘီကလည်း သူတို့ ဖြတ်သန်းမူအတွေ့ အကြုံနှင့်အခက်အခဲတွေ အကြောင်းကိုပြောဆိုဆွေးနွေးခဲ့ပါတယ်။

သတင်းထောက်များ-အန်အယ်လ်ဒီအနေနှင့်လက်နက်ကိုင်အဖွဲ့များနှင့်ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။

ဦးဥာဏ်ဝင်း -- အေဘီနဲ့ အန်အယ်လ်ဒီက လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီးမူဝါဒကွဲလွဲနေသော်လည်း ဒီမိုကရေစီရရှိရေးဆိုသော ရည်ရွယ်ချက်ပန်းတိုင်တူပါတယ်။ မူမတူပေမယ့်၊ ပန်းတိုင်ခြင်းတူညီတဲ့ မည်သည့်အဖွဲ့ အစည်းမဆိုအမြဲကြိုဆိုနေမှာပါ။

သတင်းထောက်များ- အေဘီအက်စ်ဒီအဖ်အနေနဲ့ ကရောအဖွဲ့ ချုပ်ကိုဘယ်အတိုင်းအတာထိယုံကြည်မယ်လို့ ထင်ပါသလဲ

ဦးဥာဏ်ဝင်း- တစ်ဦးနှင့်တစ်ဦးယုံကြည်ခြင်းမယုံကြည်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ရှေ့ ဆက်ပါမယ်။

NLD Central
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအဖ်) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဗဟိုအလုပ်အမူဆောင် အဖွဲ့ တို့ တွေ့ ဆုံမူအပြီးတွင်၊ အတွင်းရေးမှူးဦးဥာဏ် ၀င်းက ပြည်တွင်း သတင်းထောက်များနှင့်တွေ့ ဆုံပြီး သတင်းစာရှင်းလင်းပွဲတရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး တွင် ဒီဇင်ဘာ ၂၀၊ ၂၀၁၂ တွင်ကျင်းပခဲ့သည်။

ABSDFနှင့် NLD မိတ်ဆက်တွေ့ဆုံ

Photo: ABSDFနှင့် NLD မိတ်ဆက်တွေ့ဆုံ
Friday, December 21, 2012 

ဒီဇင်ဘာ ၂၀ ၊ ၂၀၁၂ အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်ရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရတ်တစ်တပ်ဦး (အေဘီအက်စ်ဒီအဖ်)အဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမူဆောင်အဖွဲ့ တို့  သည်မြန်မာနိုင်ငံဧ။် ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးအကြောင်းကိုဆွေးနွေးခဲ့ကြသည်။

အေဘီအက်စ်ဒီအဖ်အဖွဲ့ အနေနှင့်ဒုတိယပင်လုံညီလာခံကျင်းပ
နိုင်ရေးကိုလိုလားပြီး၊ အမျီုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနှင့် ကျောင်းသားတပ်ဦးကဲ့ သို့ သောအဖွဲ့ အစည်းများပါဝင်နိုင်သော အခင်းအကျင်းမျိုးကိုဖန်တီးပေစေလိုကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပေါ် ကျောင်းသားတပ်ဦးဧ။် အမြင်များကိုဆွေးနွေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရတ်တစ်တပ်ဦးနှင့် လျှောက် လှမ်းသည့်လမ်းခြင်းမတူသော်လည်းရည်ရွယ်ချက်ပန်းတိုင်ချင်းအတူတူပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် ၄င်းတို့ အဖွဲ့ အပြင်အခြားအဖွဲ့ အစည်းများကိုလည်း ကြိုဆိုကြောင်းပြောကြားခဲ့သည်။

NLD Central

ဒီဇင်ဘာ ၂၀ ၊ ၂၀၁၂ အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်ရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရတ်တစ်တပ်ဦး (အေဘီအက်စ်ဒီအဖ်)အဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဗဟိုအလုပ် အမူဆောင်အဖွဲ့ တို့  သည်မြန်မာနိုင်ငံဧ။် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ ရေးအကြောင်း ကိုဆွေးနွေးခဲ့ကြသည်။

Apple သမားများ အတွက် ဂူဂဲလ် မြေပုံသုံးစနစ် ပြန်လာပြီ

Photo: Apple သမားများ အတွက် ဂူဂဲလ် မြေပုံသုံးစနစ် ပြန်လာပြီ
Friday, December 21, 2012 

iOS အသုံးပြုနေသူများအတွက် သတင်းကောင်းတခု ရှိပါတယ်။ သူတို့အတွက် အချိန်အတော်ကြာ ပြဿနာ တက်ခဲ့တဲ့ မြေပုံသုံးစနစ် ဟာ အခုဆိုလျှင် ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ် ပြန်လည် အသုံးပြုတော့မယ်လို့  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Apple Store မှာ စတင် ကြေညာလိုက်လို့ပါပဲ။  ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ်ကို အိုင်ဖုန်း၊ အိုင်ပက် စတဲ့ နာမည်ကြီး ပစ္စည်းတွေမှာ   အဆင်ပြေ လွယ်ကူစွာ  ပြန်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ယခုထွက်လာတဲ့ iOS အတွက် ဂူဂဲလ် မြေပုံသုံးစနစ်တွေဟာ  ဗားရှင်းအဟောင်းထက် သာလွန် ကောင်းမွန်နေပါတယ်။  ဂူဂဲလ်က ထုတ်တဲ့ အန်းဒရိုက် ဆော့ဖ်ဝဲလ်မှာသာ ပါတဲ့  စွမ်းဆောင်ချက်တွေ အတိုင်း လုပ်ဆောင်နိုင်တာကို တွေ့ ရမှာပါ။ နမူနာ အနေနဲ့ ဆိုရင် - အရင်တုန်းက အန်းဒရိုက် ဆောဗ့်ဝဲယ်တွေမှာသာ ပါခဲ့တဲ့  turn-by-turn directions လို့ ခေါ်တဲ့ ဘယ်ကွေ့၊ ညာကွေ့    စတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာပါတယ်။

အသစ် ထွက်လာတဲ့ iOS အသစ်ကို အသုံးပြုချင်ရင် စတင် ရယူ လုပ်ယူနိုင်ပြီဖြစ်ပေမယ့် အသုံးပြုသူများစွာ လာရောက်ကူးယူနေတာကြောင့် Apple ရဲ့ ဆာဗာ ဟာ မကြာခဏ ကျနေတတ်ပါတယ်။ ဒီလိုပြဿနာနဲ့ ကြုံရရင်  ခဏ ဆိုင်းငံ့ပြီး  ပြန်လည် သွားရောက် ကူးယူနိုင်ပါတယ်။ 

နာမည်ကြီး နည်းပညာဝက်ဆိုဒ် မက်ရှဘယ်မှာတော့
(၁)  ဂူဂဲလ် ရဲ့ မြေပုံသုံးစနစ်   အရင်ကထက် ပိုမိုဆန်းသစ်လာတယ်၊
(၂)အသံ နဲ့  ဘယ်ကွေ့ ၊ ညာကွေ့ စနစ် ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်တယ်
စသဖြင့် ချီးကျူးသွားပါတယ်။

Apple ဟာ သူတို့ ရဲ့ ကိုယ်ပိုင် Apple မြေပုံသုံး စနစ် ကို မကြာသေးမီက စတင်မိတ်ဆက်ပြီး Apple ပစ္စည်းတွေမှာ ဂူဂဲလ် မြေပုံသုံးစနစ် ကို ဖယ်ရှားခဲ့ရာမှာ စွမ်းဆောင်ရည် ညံ့ဖျင်းတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အပတ်ကတင် သြစတေးလျမှာ Apple မြေပုံသုံးစနစ် ကြောင့် လမ်းပျောက်သူ အတော် များခဲ့တဲ့အထိ  စွမ်းဆောင်ရည် ဆိုးရွားခဲ့တာပါ။

အခုလို ဂူဂဲလ် ရဲ့ မြေပုံသုံးစနစ် ကို ပြန်သုံးဖို့ ဆုံးဖြတ်လိုက်တာကြောင့် Apple ပစ္စည်း အသုံးပြုသူ တော်တော်များများ ပြန်လည် အဆင်ပြေစေမှာဖြစ်ပါတယ်။

iOS သမားတွေ ဂူဂဲလ် မြေပုံစနစ် ပြန်သုံးချင်တယ်ဆိုရင် အောက်ပါလင့်မှာ သွားရောက် ရယူနိုင်ပါတယ်။

https://itunes.apple.com/us/app/google-maps/id585027354?mt=8

ကိုးကား စာမျက်နှာများ -
http://www.bbc.co.uk/news/technology-20694028
http://mashable.com/2012/12/13/google-maps-ios-here/

ဧရာဝတီ

iOS အသုံးပြုနေသူများအတွက် သတင်းကောင်းတခု ရှိပါတယ်။ သူတို့အတွက် အချိန်အတော်ကြာ ပြဿနာ တက်ခဲ့တဲ့ မြေပုံသုံးစနစ် ဟာ အခုဆိုလျှင် ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ် ပြန်လည် အသုံးပြုတော့မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Apple Store မှာ စတင် ကြေညာလိုက်လို့ပါပဲ။ ဂူဂဲလ်က ဖန်တီးထားတဲ့ မြေပုံသုံးစနစ်ကို အိုင်ဖုန်း၊ အိုင်ပက် စတဲ့ နာမည်ကြီး ပစ္စည်းတွေမှာ အဆင်ပြေ လွယ်ကူစွာ ပြန်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ကျိုက်ထီးရိုးတောင်တွင် ဘုရားဖူးယာဉ်များအား KNU အဖွဲ့မှ ငွေတောင်းနေ

Photo: ကျိုက်ထီးရိုးတောင်တွင် ဘုရားဖူးယာဉ်များအား KNU အဖွဲ့မှ
ငွေတောင်းနေ
Friday, December 21, 2012

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုး
စေတီတော် တောင်တက်လမ်း တွင် KNU လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းမှာ ဘုရားဖူးယာဉ်တစ်စီးကို 
တားဆီးပြီး အတင်းအဓမ္မ ငွေတောင်းယူသွားတယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံကတော့ ကျိုက်ထိုဟိုတယ်မှာတည်းခိုပြီး ကျိုက်ထီးရိုးဘုရား
တက်ဖူးတဲ့ ထိုင်ဝမ်အမျိုးသား (၂)ဦး နဲ့ အမျိုးသမီး (၂)ဦး အနက်မှ 
Ms, Hsu Yu Tao ဟာ ဘုရားရင်ပြင်တော်ပေါ်မှာ ခြေချော်ပြီး လက်ကောက်ဝတ် ရောင်သွားတဲ့အတွက် ၎င်းတို့ (၄) ဦး ဟာ ယာဉ်မောင်း ဂျပု မောင်းနှင်တဲ့ တောင်တက်ယာဉ် ၆ခ/ ၉၁၂၆ နဲ့ တောင်အောက်ကို
ပြန်ဆင်းလာခဲ့ပါတယ်။ ဆယ်မိနစ်စခန်းကို ရောက်တဲ့အချိန်မှာ KNU လက်အောက်ခံ KNLA တပ်မဟာ (၁) က ကမ်းဘဲ ဦးစီးတဲ့ ပြောက်ကျားဝတ် လက်နက်ကိုင် (၈) ဦးမှ ကားတားပြီး လိုက်လာခဲ့ပါတယ်။ 

ကမ်းဘဲနဲ့ အဖွဲ့ဟာ ကားပေါ်အရောက်မှာ ယာဉ်မောင်းဂျပု ဆီက
ငွေ (၇) သိန်း တောင်းပါတယ်။ ယာဉ်မောင်းအနေနဲ့ ငွေမရှိတာကြောင့် ရသေ့တောင် တောင်တက်မော်တော်ယာဉ် အသင်းတာဝန်ခံဆီကို ဆက်သွယ်ပြီး တာဝန်ခံ ကိုသက်လွင်မှ ငွေ (၇) သိန်း လာပေးခဲ့ပါတယ်။ ကမ်းဘဲနဲ့ အဖွဲ့ဝင် (၈) ဦးဟာ ငွေ (၇) သိန်း ယူပြီး ဒီဇင်ဘာလ(၂၁) ရက်နေ့မှာ တောင်တက်ဘုရားဖူးယာဉ် (၁)စီးကို ငွေ (၅) သိန်း ကျပ်နှုန်းနဲ့ ပေးရမယ်လို့ ပြောဆိုကာ ကင်ပွန်းစခန်း အ၀င်နားမှာ 
ကားပေါ်က ဆင်းသွားခဲ့ ပါတယ်။ ထိုင်ဝမ်အမျိုးသမီးနဲ့ အဖွဲ့ကတော့ ကင်ပွန်းစခန်းမှာဆင်းပြီး ကျိုက်ထိုမြို့ဘက်ကို ကားငှားပြီး ထွက်သွားတယ်လို့ သိရပါတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ KNLA တပ်မဟာ (၁) လက်အောက်ခံ ကျိုက်ကော်ဆက်ဆံရေးရုံးမှ တာဝန်ခံ အောင်သောင်းသိန်း ဟာ ကင်ပွန်းစခန်းတောင်ခြေ တောင်တက်မော်တော်ယာဉ်အသင်းရုံးကို လာတွေ့ခဲ့ပါတယ်။ ကမ်းဘဲကိစ္စနဲ့ပတ်သက်ပြီး မိမိတို့ခေါင်းဆောင်မှ တာဝန်ယူဖြေရှင်းပေးမည် ဆိုတဲ့ အကြောင်းနဲ့ ကမ်းဘဲတောင်းထားတဲ့ ယာဉ်တစ်စီးလျှင် ငွေ (၅) သိန်းကျပ်ကိုလည်း ပေးရန်မလိုကြောင်း
ပြောသွားခဲ့တယ်လို့ ကင်ပွန်းစခန်းတောင်ခြေ တောင်တက်
မော်တော်ယာဉ်အသင်းဥက္ကဌ ဦးဝိတင်မှ ပြောပြ ပါတယ်။

KNU အဖွဲ့ဟာ နိုင်ငံတော်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ
လက်မှတ်ထိုးထားပြီးတော့ အခုအချိန်မှာ ခေါင်းဆောင်တွေအနေနဲ့
မြန်မာ-ယိုးဒယားနယ်စပ်မှာ (၁၅) ကြိမ်မြောက် KNU ကွန်ကရက် အစည်းအဝေး ကျင်းပနေပါတယ်။ အဲဒီအစည်းအဝေးကနေ အနားယူ
သွားတဲ့ ဗိုလ်ချုပ်ကြီး တာမလာဘော နေရာမှာ ခေါင်းဆောင်အသစ်
ရွေးမယ်လို့လည်း သိရပါတယ်။ ခေါင်းဆောင်တွေ အစည်းအဝေး လုပ်နေတဲ့ အချိန်မှာ လက်အောက်ခံအဖွဲ့တွေကလက်နက်အားကိုးနဲ့ တစ်နိုင်ငံလုံး
တန်ဖိုးထားလေးစားတဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရားနားမှာ ဆက်ကြေးကောက်ငွေတောင်းတာကတော့ မလုပ်သင့်ပါဘူး။ 

ဒီလို KNU အဖွဲ့ရဲ့ လုပ်ရပ်တွေကို တခြားနိုင်ငံခြားသားတွေမြင်သွားတော့ တိုင်းပြည်မျက်နှာငယ်ရပါတယ်။ KNU အဖွဲ့အစည်း ရဲ့တာဝန်ရှိသူတွေက လက်အောက်ကို စည်းကမ်းတင်းကြပ်ဖို့ လိုအပ်ပါတယ်လို့ ကျိုက်ထိုမြို့ခံ
တစ်ဦး က ပြောကြားသွားပါတယ်။ 

Myanmar Online News
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်း တွင် KNU လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းမှာ ဘုရားဖူးယာဉ်တစ်စီးကိုတားဆီးပြီး အတင်းအဓမ္မ ငွေတောင်းယူသွားတယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံကတော့ ကျိုက်ထိုဟိုတယ်မှာတည်းခိုပြီး ကျိုက်ထီးရိုးဘုရားတက်ဖူးတဲ့ ထိုင်ဝမ်အမျိုးသား (၂)ဦး နဲ့ အမျိုးသမီး (၂)ဦး အနက်မှ Ms, Hsu Yu Tao ဟာ ဘုရားရင်ပြင်တော်ပေါ်မှာ ခြေချော်ပြီး လက်ကောက်ဝတ် ရောင်သွားတဲ့အတွက် ၎င်းတို့ (၄) ဦး ဟာ ယာဉ်မောင်း ဂျပု မောင်းနှင် တဲ့ တောင်တက် ယာဉ် ၆ခ/ ၉၁၂၆ နဲ့ တောင်အောက်ကိုပြန်ဆင်းလာခဲ့ပါတယ်။ ဆယ်မိနစ်စခန်းကို ရောက်တဲ့အချိန်မှာ KNU လက်အောက်ခံ KNLA တပ်မဟာ (၁) က ကမ်းဘဲ ဦးစီးတဲ့ ပြောက်ကျားဝတ် လက်နက်ကိုင် (၈) ဦးမှ ကားတားပြီး လိုက်လာခဲ့ပါတယ်။

သမ္မတနှင့် အစိုးရသစ်အကြောင်း ရေးထားသည့် စာအုပ်ထွက်ရှိ

မန္တလေးမြို့ခံ စာရေးဆရာ ဝင်းဖေမောင်၏ ပထမဦး ဆုံးစာအုပ် ဖြစ်သည့် “နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု ရာစုသစ်” စာအုပ် ထွက်လာကြောင်း ရန်ကုန်မြို့တော် City Star ဟိုတယ်တွင် ဒီဇင်ဘာလ၁၉ ရက်နေ့က ပြုလုပ်သည့် အဆိုပါ စာအုပ် မိတ်ဆက်ပွဲတွင် စာရေးသူက ပြောကြားသည်။

အဆိုပါ စာအုပ်ကို ၂၀၁၀ ပြည့်နှစ် ကတည်းက ရေးသား ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးနှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ အင်တာဗျူးများ ပါဝင်ကြောင်း၊ သန်း ၆၀ သောလူထု အမြင် ကျယ်ရန်နှင့် ဒီမိုကရေစီ အစိုးရကို ပွင့်လင်း မြင်သာမှု ရှိရန်နှင့် တာဝန်ယူမှု လိုအပ်ပုံ များကို ရေးသား ထားခြင်း ဖြစ်ကြောင်း စာရေးဆရာ ဝင်းဖေမောင်က ရှင်းပြသည်။

“အစိုးရ အနေနဲ့ မှားရင် မှားတယ်လို့ ဝန်ခံဖို့နဲ့ တာဝန်ယူမှု ရှိဖို့ လိုပါတယ်” ဟု စာရေးဆရာက ဆိုသည်။ အဆိုပါ စာအုပ်ကိုအုပ်ရေ ၁၀၀၀ဖြန့်ချိမည် ဖြစ်ပြီး ဈေးနှုန်း ၂၀၀၀ ကျပ်ဖြစ်သည်။

The Voice Weekly

သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယ ဝန်ကြီးချုပ် နှိုးဆော်

Photo: သုံးနိုင်ငံလမ်းမကြီး အမြန်ပြီးရန် အိန္ဒိယ ဝန်ကြီးချုပ် နှိုးဆော်
Friday, December 21, 2012

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန်ပြီးစီးရေး အတွက် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း Dr. Manmohan Singh က ကြာသပတေးနေ့တွင် ထပ်လောင်း နှိုးဆော် လိုက်သည်။
နယူးဒေလီမြို့တွင် ကျင်းပနေသည့် အိန္ဒိယနှင့် အာဆီယံ ၁ဝ နိုင်ငံ
ခေါင်းဆောင်များထိပ်သီးအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းပြောဆို
သွားခြင်းဖြစ်သည်။

“ကျွန်ုပ်တို့အနေနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန် အကောင်အထည်ဖော် ပြီးစီးရေးနဲ့ လာအိုနဲ့ ကမ္ဘောဒီယားအထိ တိုးချဲ့သွားဖို့ မြင့်မြင့်မားမား ဦးစားပေး ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု မန်မိုဟန်ဆင်း က ပြောသည်။

မြန်မာနိုင်ငံမှာ အာဆီယံနိုင်ငံများနှင့် တောင်အာရှ နိုင်ငံများအကြား ကုန်မြေ ဆက်သွယ် ပေါင်းကူးပေးသည့် ဂိတ်တံခါးမကြီးတခုလည်း ဖြစ်သည်။
ဒီဇင်ဘာလ ၂ဝ ရက်နေ့က စတင်ကျင်းပနေသည့် အကြိမ် ၂ဝ မြောက် အိန္ဒိယ-အာဆီယံ ဆွေးနွေးဖက်အဆင့်နှင့် ၁ဝ ကြိမ်မြောက် ထိပ်သီးအဆင့် အစည်းအဝေးတွင် မြန်မာ သမ္မတ ဦးသိန်းစိန် လည်း ပါဝင်တက်ရောက်နေသည်။

သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးကို ၂ဝ၁၆ ခုနှစ်တွင် ပြီးစီးရေးအတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်း ခူရှီးဒ်မြန်မာနိုင်ငံသို့ မကြာမီက သွားရောက်ခဲ့စဉ် ဆွေးနွေးခဲ့သေးသည်။၁၉၈၈ မိုင် ရှည်လျားသည့် ထိုလမ်းမကြီးတွင် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖားမြို့မှ မန္တလေးမြို့ထိ မိုင် ၅ဝဝ ရှိသည်။

ထိုလမ်း ဖောက်လုပ်ရေးအတွက် ၂ဝဝ၂ ခုနှစ်ကတည်းက သုံးနိုင်ငံ သဘောတူခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပုဂံမြို့ကို လည်း ဖြတ်သန်းကာ ထိုင်းနယ်စပ် မြဝတီမြို့သို့ ပေါက်မည်ဖြစ်သည်။ထိုလမ်းမကြီး အမြန်အကောင်အထည်ဖော်ရေးအတွက် သုံးနိုင်ငံ ခေါင်းဆောင်များ နယူးဒေလီတွင် သီးသန့်တွေ့ဆုံ ဖွယ်ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်ထားသည်။

အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုများ ပိုမို အားကောင်းလာစေရေး အတွက် အခရာကျလှ သည့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု (FTA) တရပ်ကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့ကြသည်။လက်ရှိ အိန္ဒိယ-အာဆီယံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ဝ ဘီလီယံ ရှိနေသည်။

“ကျနော်တို့အနေနဲ့ လာမယ့် ၂ဝ၁၅ ခုနှစ်မှာ နှစ်ဖက် ကုန်သွယ်မှုကို ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ဖို့ ရည်ရွယ်ထားပါ တယ်” ဟု အိန္ဒိယ ကုန်သွယ်ရေး
ဝန်ကြီး အာနန်း ရှားမား Anand Sharma က ကုန်သွယ်ရေးဝန်ကြီးများ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

အိန္ဒိယ၏ အရှေ့မျှော် မူဝါဒအရ အာဆီယံနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်လာနေ
လျက်ရှိသည်ကိုလည်း အမေရိကန်နိုင်ငံက ကြိုဆိုကြောင်း သဘောထားများ ထုတ်ပြန်ထားသည်။

မဇ္ဈိမ
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန်ပြီးစီးရေး အတွက် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း Dr. Manmohan Singh က ကြာသပတေးနေ့တွင် ထပ်လောင်း နှိုးဆော် လိုက်သည်။
နယူးဒေလီမြို့တွင် ကျင်းပနေသည့် အိန္ဒိယနှင့် အာဆီယံ ၁ဝ နိုင်ငံခေါင်းဆောင်များထိပ်သီး အစည်းအဝေး တွင် ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

“ကျွန်ုပ်တို့အနေနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး အမြန် အကောင်အထည်ဖော် ပြီးစီးရေးနဲ့ လာအိုနဲ့ ကမ္ဘောဒီယားအထိ တိုးချဲ့သွားဖို့ မြင့်မြင့်မားမား ဦးစားပေး ဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု မန်မိုဟန်ဆင်း က ပြောသည်။

My Blog List