Thursday, January 23, 2020

ဝိုင်ဘီအက်စ်ယာဉ်မောင်းက ယာဉ်တံခါးပိတ်ပြီး ခရီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား


Image may contain: 1 person, standing
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဝိုင်ဘီအက်စ်ယာဉ်မောင်းက ယာဉ်တံခါးပိတ်ပြီး ခရီးသည်အမျိုးသမီး ကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူ ပြုံးကိုကို(ဝဲပုံ)အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ တရားလို မ---(၂၄)နှစ်သည် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ဗိုလ်တထောင်မြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင်နေထိုင်သည့် သူငယ်ချင်းဖြစ်သူ နေမကောင်းသဖြင့် ညအိပ်သွား ရောက်ပြုစုခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် နံနက် ၅ နာရီခွဲတွင် ဂန္ဒီမှတ်တိုင်မှ YBS-4(YGN 4G/----)ကို စီးနင်းကာ ဒဂုံ (ဆိပ်ကမ်း)မြို့နယ်ရှိ အဆောင်သို့ ပြန်လာခဲ့ကြောင်း၊ ယာဉ်မောင်း၏ နောက်ထိုင်ခုံတွင် လိုက်ပါခဲ့ပြီး လမ်းတွင် ခေါင်းမူးသဖြင့် မှေး၍လိုက်ပါလာရာ ဆင်းရ မည့် (၆၅)မှတ်တိုင်၌ မဆင်းမိဘဲ မှတ်တိုင်ကျော်သွားသဖြင့် ယုဇန အိမ်ရာမှတ်တိုင်အထိ လိုက်ပါလာခဲ့ကြောင်း၊ နံနက် ၇ နာရီခန့် ယုဇနမှတ်တိုင်သို့ရောက်ရှိ၍ ကားရပ်တန့်ထားစဉ် ယာဉ်မောင်းဖြစ်သူက ချက်ချင်းကားပြန်ထွက်မည်ဖြစ်ကြောင်း ပြောသဖြင့် အခြားခရီးသည်များ ဆင်းသွားချိန်တွင် ကားပေါ်တွင် ဆက်လက်ထိုင်နေခဲ့ကြောင်း၊ ထိုစဉ် ယာဉ်မောင်းက ကားတံခါးများကို လိုက်လံပိတ်ပြီးမ------ ထိုင်နေသည့် နေရာသို့ ရောက်ရှိလာကာ ကားကြမ်းပြင်ပေါ်သို့ တွန်းလှဲကာ ပါးစပ်ပိတ်၍အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါကိစ္စကို မည်သူ့ကိုမျှတိုင်ကြားခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုပြီး အခြားဝိုင်ဘီအက်စ် အမှတ်(၄) ယာဉ်ဖြင့် တင်ပေးခဲ့ရာအမှတ်(၆၅)ကားမှတ်တိုင်သို့ ပြန်ရောက်ခဲ့ပြီးနောက် မှတ်တိုင်အနီးရှိ အမှတ် (၆၀^၆၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဖြစ်စဉ်ကိုပြောပြကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံ (ဆိပ်ကမ်း)မြို့မရဲစခန်းက(ပ)၈၄/၂၀၂၀၊ပြစ်မှုဥပဒေပုဒ်မ-၃၇၆ အရ အမှုဖွင့်ကာ ယာဉ်မောင်း ပြုံးကိုကို(၃၅)နှစ် မင်းရဲကောင်းပုံလမ်း (၇၀)ရပ်ကွက် ဒဂုံမြို့သစ်(တောင်ပိုင်း)ြမို့နယ်နေသူကို ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နိုင်ဝင်းစိုး
(Unicode Version)
ဝိုင်ဘီအက်စ်ယာဉ်မောင်းက ယာဉ်တံခါးပိတ်ပြီး ခရီးသည်အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဝိုင်ဘီအက်စ်ယာဉ်မောင်းက ယာဉ်တံခါးပိတ်ပြီး ခရီးသည်အမျိုးသမီး ကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူ ပြုံးကိုကို(ဝဲပုံ)အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ တရားလို မ---(၂၄)နှစ်သည် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ဗိုလ်တထောင်မြို့နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင်နေထိုင်သည့် သူငယ်ချင်းဖြစ်သူ နေမကောင်းသဖြင့် ညအိပ်သွား ရောက်ပြုစုခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် နံနက် ၅ နာရီခွဲတွင် ဂန္ဒီမှတ်တိုင်မှ YBS-4(YGN 4G/----)ကို စီးနင်းကာ ဒဂုံ (ဆိပ်ကမ်း)မြို့နယ်ရှိ အဆောင်သို့ ပြန်လာခဲ့ကြောင်း၊ ယာဉ်မောင်း၏ နောက်ထိုင်ခုံတွင် လိုက်ပါခဲ့ပြီး လမ်းတွင် ခေါင်းမူးသဖြင့် မှေး၍လိုက်ပါလာရာ ဆင်းရ မည့် (၆၅)မှတ်တိုင်၌ မဆင်းမိဘဲ မှတ်တိုင်ကျော်သွားသဖြင့် ယုဇန အိမ်ရာမှတ်တိုင်အထိ လိုက်ပါလာခဲ့ကြောင်း၊ နံနက် ၇ နာရီခန့် ယုဇနမှတ်တိုင်သို့ရောက်ရှိ၍ ကားရပ်တန့်ထားစဉ် ယာဉ်မောင်းဖြစ်သူက ချက်ချင်းကားပြန်ထွက်မည်ဖြစ်ကြောင်း ပြောသဖြင့် အခြားခရီးသည်များ ဆင်းသွားချိန်တွင် ကားပေါ်တွင် ဆက်လက်ထိုင်နေခဲ့ကြောင်း၊ ထိုစဉ် ယာဉ်မောင်းက ကားတံခါးများကို လိုက်လံပိတ်ပြီးမ------ ထိုင်နေသည့် နေရာသို့ ရောက်ရှိလာကာ ကားကြမ်းပြင်ပေါ်သို့ တွန်းလှဲကာ ပါးစပ်ပိတ်၍အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါကိစ္စကို မည်သူ့ကိုမျှတိုင်ကြားခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုပြီး အခြားဝိုင်ဘီအက်စ် အမှတ်(၄) ယာဉ်ဖြင့် တင်ပေးခဲ့ရာအမှတ်(၆၅)ကားမှတ်တိုင်သို့ ပြန်ရောက်ခဲ့ပြီးနောက် မှတ်တိုင်အနီးရှိ အမှတ် (၆၀^၆၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဖြစ်စဉ်ကိုပြောပြကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံ (ဆိပ်ကမ်း)မြို့မရဲစခန်းက(ပ)၈၄/၂၀၂၀၊ပြစ်မှုဥပဒေပုဒ်မ-၃၇၆ အရ အမှုဖွင့်ကာ ယာဉ်မောင်း ပြုံးကိုကို(၃၅)နှစ် မင်းရဲကောင်းပုံလမ်း (၇၀)ရပ်ကွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူကို ဇန်နဝါရီ ၁၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နိုင်ဝင်းစိုး

No comments:

Post a Comment

My Blog List