Wednesday, March 09, 2016

“အငြိမ်းစား သမ္မတကြီးတွေ များများရှိတဲ့တိုင်းပြည် ဖြစ်အောင် အကောင်အထည် ဖော်မလား။”


လွှတ်တော်တွင်း ဒုသမ္မတ၊ သမ္မတ ရွေးချယ်တဲ့ လုပ်ငန်းတွေစပြီး လုပ်ကိုင်မယ့် မတ်လ ၁၀ ရက်နေ့ နီးလာလေလေ ဘယ်သူတွေ သမ္မတ၊ ဒုသမ္မတ ဖြစ်လာမလဲဆိုတာ ပြည်သူတွေက စိတ်ဝင်စား လာလေလေပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ဆိုတာ နိုင်ငံ့ အထွဋ်အထိပ် လို့ ဆိုထားလေတော့ ပြည်သူတွေ စိတ်ဝင်စားကြတာကလည်း မထူးဆန်းပါဘူး။ တဖက်မှာလည်း ဒုသမ္မတ နှစ်ယောက် ရွေးချယ်ပိုင်ခွင့် ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က သူတို့ တင်မယ့် သမ္မတ နဲ့ ဒုသမ္မတ လောင်း နာမည်စာရင်းကို အထူးလျှို့ဝှက်ထားလေတော့ သတင်းအမှန် သိရဖို့ ခက်ခဲနေပါတယ်။ 

သတင်းကြီးနေသည့် သမ္မတလောင်းများ


သမ္မတလောင်း အမည်စာရင်းများကို မတ်လ ၁၀ရက် (မနက်ဖြန်) တွင် တရားဝင်သိရတော့မည် ဖြစ်သည်။ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေနှင့်တွေ့ဆုံပြီး ထွက်ပေါ်လာသော သတင်းများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ထွက်ပေါ်လာသော သတင်းများအပေါ် သုံးသပ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတဖြစ်လာမည်ဟု အများစုက မျှော်လင့်ခဲ့ကြသည်။ 

အစိုးရအဖွဲ့သစ်ပဟေဠိများနှင့်မတ်လဆန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ၂၀၁၆ မတ်လသည် အလွန်အလုပ် များသော လဖြစ်သည်။ အရာအားလုံးသည် နေပြည်တော်ရှိ နှင်းဆီစံအိမ် အတွင်းမှပင် စတင်သည်။ တိုင်းပြည်အုပ်ချုပ်ရေးတာဝန် ငါးနှစ်တာ သက်တမ်းတာဝန်ယူရတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မတ်လ ပထမပတ်အတွင်း ပါတီဗဟို အလုပ်အမှုဆောင်အစည်းအဝေးအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးကို သုံးကြိမ်ထက်မ နည်းပြုလုပ်ခဲ့သည်။

အင်ဒိုနီးရှားမှာ မြန်မာလူကုန်ကူးခံရသူတွေ ဒုက္ခရောက်


နေရပ်ရင်းပြန်ခွင့်မရသေးတဲ့ လူကုန်ကူးခံထားရတဲ့ မြန်မာရေလုပ်သား ၂၀ ကျော် အင်ဒိုနီးရှားကျွန်းတွေမှာ မြန်မာနိုင်ငံပြန်ဖို့ စောင့်ရင်း စားဝတ်နေရေး အခက်အခဲနဲ့ လုံခြုံရေးစိုးရိမ်ရပြီး အတိဒုက္ခရောက်နေကြတဲ့အတွက် အမြန်ဆုံး လာရောက် ကယ်တင်ပေးဖို့ အမ်ဘုံကျွန်းက အလုပ်သမားတွေ အကူညီတောင်းခံလိုက်ပါတယ်။

ဆီးရီးယားမှာ IS ခေါင်းဆောင်သေဆုံးမှုသတင်း အတည်ပြုဖို့ ကန်ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့အပတ်က ဆီးရီးယားမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း IS အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးကို ချေမှုန်းနိုင်ခဲ့ခြင်း ရှိ မရှိ ဆုံးဖြတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က al-Shaddadi မြို့အနီးမှာ Abu Omar al-Shishani ဒါမှမဟုတ် Omar the Chechen လို့ လူသိများတဲ့ Tarkhan Batirashvili ကို ပစ်မှတ်ထားပြီး စုပေါင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောခွင့်ရပုဂ္ဂိုလ် Peter Cook က ပြောပါတယ်။

ကန်သမ္မတလောင်းရွေးပွဲ ပြည်နယ် ၄ ခုမှာ အကြိတ်အနယ်ကျင်းပ


အမေရိကန်ပြည်ထောင်စုမှာတော့ ရီပတ်ဘလစ်ကန်ပါတီနဲ့ ဒီမိုကရက်ပါတီတို့အကြား ပဏာမရွေးကောက်ပွဲတွေကို အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်နေကြပါတယ်။ မီရှီဂန်ပြည်နယ်နဲ့ မစ္စစ်စီပီပြည်နယ် ၂ မှာ ကျင်းပတဲ့ သမ္မတလောင်း ရွေးချယ်ပွဲမှာတော့ - ဟီလာရီကလင်တန်က အသာစီးရနေတာကို တွေ့ရပြီး၊ ရီပတ်ဘလစ်ကန်ပါတီဘက်မှာတော့ အင်္ဂါနေ့နှောင်းပိုင်း ပြည်နယ် ၄ ခုမှာ မဲပေးရာမှာ ကိုယ်စားလှယ်လောင်း တွေထဲ ရှေ့တန်းရောက်နေတဲ့ Donald Trump အပေါ် ထောက်ခံမှု ကျဆင်းနိုင်တယ်လို့ နိုင်ငံရေးစစ်တမ်းသစ်တွေက ဖော်ပြနေကြပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

မြစ်ဆုံစီမံကိန်း ပူးပေါင်းဖြေရှင်းဖို့ တရုတ်လိုလား


မြန်မာနဲ့ တရုတ်ကြား သဘောတူထားပြီး ဖြစ်တဲ့ မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့ထားရတာကြောင့် နစ်နာမှုတွေ ရှိနေပြီး ဖြေရှင်းလုပ်ဆောင်သွားရ မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောဆိုလိုက်ပြီး မြန်မာ အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်းလည်း ထပ်လောင်း ပြောဆိုပါတယ်။ လူထုရဲ့ ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း အရေး ဖြေရှင်းဖို့ မြန်မာ အစိုးရသစ် အတွက် အခက်အခဲ တခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်သူတို့က ရှုမြင်ပါတယ်။

NLD အစိုးရသစ်လက်ထက် အမေရိကန်ဆက်လက်ကူညီမည်


အမေရိကန်နိုင်ငံခြားရေးဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တွေ အောင်မြင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ကူညီသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမယ့် အရပ်သားအစိုးရကို ကြိုဆိုတဲ့အကြောင်း ၀ါရှင်တန်မြို့တော် မြန်မာသံအမတ်ကြီး နေအိမ်မှာ မတ်လ (၈) ရက်နေ့က ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား မှာ ပြောဆိုသွားပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးပိုကောင်းမယ်လို့ မြန်မာသံအမတ်ကြီးမျှော်လင့်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုပြီးကောင်းမွန်လာမယ်လို့ မျှော် လင့်ကြောင်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက်ပါ တယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်းမှာ ရာသီဥတုဆိုးရွား ပြီး နှင်းမုန်တိုင်းရှိခဲ့တာကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ဇန်န၀ါရီလ (၄)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ (၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်း အနားကို ၀ါရှင်တန်ဒီစီက မြန်မာသံအမတ်ကြီးနေအိမ်မှာ မနေ့ အင်္ဂါနေ့က ကျင်းပခဲ့ရာမှာ သူက အဲဒီလို ပြောဆိုလိုက်တာပါ။

အစိုးရသစ်လက်ထက်တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရန် ကော်မတီအနေဖြင့် ဆောင်ရွက်ထားမှုမရှိ သေးဟုဆို



အစိုးရသစ် လက်ထက်တွင်ပြုလုပ်မည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် NCA စာချုပ်တွင် လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေး ရာနှင့် ပြည်တွင်းငြိမ်း ချမ်းရေးလုပ် ငန်းအကောင်အထည်ဖော်ရေး ကော် မတီအနေဖြင့် ဆောင်ရွက်ထားမှု မရှိသေးကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက ပြောကြား လိုက်ကြောင်း သိရသည်။

"သမ္မတအမည်စာရင်းကို ယခုလ ၁၈ ရက်နေ့မှ အတည်ပြုနိုင်"


NLDပါတီကတင်သွင်းမယ့်သမ္မတလောင်းနဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်က "ကျွန်တော်တို့ လည်းရွေးပြီးပါပြီ နာမည် နှစ်လုံးတွေသုံးလုံးတွေမမေးပါနဲ ၊့ကျွန်တော်တို့ လည်းရွေးပြီးပါပြီ ၊ပြင်ဆင်ပြီးပါပြီ "လို့ဆိုပါတယ်။

"NLD ရဲ့ မူဝါဒ၊ အသွင်ကူးပြောင်းရေး ကိစ္စတွေအတွက် ဒေါက်တာ ဇော်မြင့်မောင်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် တိုးချဲ့တာဝန်ပေး"


တူရကီက အီးယူနဲ့ အပေးအယူထပ် ကမ်းလှမ်း


ဥရောပတိုက်ထဲကို ခိုလှုံခွင့် တောင်းလိုသူတွေ ဝင်ရောက်နေတာကို လျှော့ချနိုင်အောင် လုပ်ဆောင်ပေးမယ်လို့ တူရကီ အစိုးရက ထပ်မံ ပြောဆိုလိုက်ပါတယ်။ အဲဒီအတွက် ဥရောပ သမဂ္ဂ အီးယူက တူရကီကို ငွေကြေးတွေ ပိုမို ထောက်ပံ့ကူညီဖို့အပြင် တူရကီ နိုင်ငံသားတွေ ဗီဇာမဲ့ ဥရောပတိုက်ထဲ သွားလာနိုင်အောင် အမြန်ဆုံး လုပ်ဆောင်ပေးရမယ်လို့လည်း ပြောလိုက်ပါတယ်။

သပိတ်မှောက်ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ၄၈ ကြိမ်မြောက် ရုံးချိန်းတွင် တရားရင်ဆိုင်တော့မည်မဟုတ်


သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများသည် သာယာဝတီမြို့နယ် တရားရုံး၌ မတ်လ ၁၅ ရက်တွင် ပြုလုပ်မည့် ၄၈ ကြိမ်မြောက် ရုံး ချိန်းမှ စတင်၍ တရားရင်ဆိုင် တော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။ မတ်လ ၁၅ ရက် ရုံးချိန်းတွင် သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအမှု လိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေများ၏ ကိုယ်စားလှယ် လွှဲစာများကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ပြီး တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်တော့မည် မဟုတ်ကြောင်း ကျောင်းသားခေါင်းဆောင်များက ဆိုသည်။

အိုဘားမား၏ဖိတ်ခေါ်မှုကို အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု ငြင်း


ယခုလကုန်ပိုင်းတွင် နှစ်နိုင်ငံအကြားဆွေးနွေးမှု များပြုလုပ်ရန်အတွက် အမေရိကသို့လာရောက်ရန် အမေရိကန်သမ္မတ အိုဘားမား၏ ဖိတ်ခေါ်မှုကို အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ငြင်းဆန်လိုက်သည့်အပေါ်အံ့သြမိ သည်ဟု အိမ်ဖြူတော် က ထုတ်ပြန်လိုက်သည်။

တပ်မတော်ကန့်ကွက်သော NLDအမတ်၏ ဆွေးနွေးချက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်မည်


ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်တင်သွင်းခဲ့သော အရေးကြီးအဆိုအပေါ် ဖေဖော်ဝါရီ ၂၆ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ထောက်ခံဆွေးနွေးခဲ့သော စေတုတ္တရာအမတ် ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်အား တပ်မတော်သားအမတ်များက ကန့်ကွက်စာ တင်ပြထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မတ်လ ၈ရက်အစည်းအဝေးတွင် လွှတ်တော်အမတ်များကို အသိပေးလိုက်သည်။

NLD အမတ်များ ခွင့်မပျက်ရန် ညွှန်ကြား၊ ဒုသမ္မတအမည်များ ယနေ့ည အသိပေးဖွယ်ရှိ


မတ်လ ၁၀ ရက်နေ့ စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် NLD က တင်မြှောက်မည့် သမ္မတ၊ ဒုသမ္မတ များနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေး ခေါ်ယူမှု ရှိနိုင်၍ NLD လွှတ်တော်ကိုယ်စားလှယ်များအားလုံး ခရီးမသွားကြရန်နှင့် ခွင့်မတိုင်ကြရန် ပါတီက တရားဝင် ညွှန်ကြားထားပြီး ဒုတိယသမ္မတ အမည်စာရင်းများကို ယနေ့ညပိုင်းတွင် တရားဝင် အသိပေးဖွယ်ရှိကြောင်း သိရှိရသည်။

Tuesday, March 08, 2016

ဒီချုပ်ကိုယ်စားလှယ်များ အဂတိလိုက်စားမှုထင်ရှားပါက ဥပဒေအတိုင်း တိတိကျကျဆောင်ရွက်မည်


အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ပါတီမှ ကိုယ်​စားလှယ်​များ အဂတိလိုက်​စားမှုထင်​ရှားသည့် အ​ထောက်​အထား​တွေ့ပါက မည်​သူကိုမှ မငဲ့ညှာဘဲ အဖွဲ့ချုပ်​ဂုဏ်​သိက္ခာအတွက်ဥပ​ဒေ​ကြောင်းနှင့် အညီ တိတိကျကျ ​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ပြည်​သူကိုယ်​စားလှယ်​များတိုင်​ကြားစာ စိစစ်​​ရေးတာဝန်​ခံ ​ဒေါက်​တာမျိုးညွန်​မှ မဇ္ဈိမသို့ မတ်​ ၇ရက်​​နေ့တွင်​ ​ပြောသည်။

ပြည်သူ့အကျိုးစီးပွားဖြစ်စေသော ကိစ္စရပ်များကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိဟု ဦးရွှေမန်းပြော


ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့အကျိုးဖြစ်စေသော ကိစ္စရပ်များကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိသည်ဟု မတ် ၇ရက်နေ့ နံနက် ၉နာရီ အချိန်ခန့်က ကော်မရှင်အဆောက်အဦး (I-1)၌ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေး ကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သူရဦးရွှေမန်းက ပြောကြားသည်။

တရားမ၀င်မြန်မာရွှေ့ပြောင်းလုပ်သား ၄၆ ဦးကို ထိုင်းရဲ ဖမ်းဆီး


စာရွက်စာတမ်းအထောက်အထားမရှိသော မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၄၆ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဆိုင်ယွတ်ခ် ခရိုင်တွင် တနင်္ဂနွေနေ့က ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းလိုက်သော မြန်မာရွှေ့ပြောင်းလုပ်သား ၄၆ ဦးအနက် ၃၉ ဦးကို ဖူနွိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျန် ၇ ဦးကိုမူ ကန်ချနာပူရီ- ဆန်ခါလာပူရီ လမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“တရုတ်လွှတ်တော်တွင်း လေ့လာ သတင်းယူခြင်း။”


ပထမ ဦးဆုံး အရေးတကြီး ပြောလိုတာက မထင်မှတ်ပါပဲနဲ့ ကျွန်တော် ဆက်သွယ်မှု ဧရိယာ အပြင်ဘက် ရောက်သွားပြီး စာမူ မပို့နိုင်ခဲ့တဲ့ ကိစ္စပါ။ ကြိုတင် အကြောင်းကြားခဲ့တဲ့အတိုင်း ကျွန်တော်ဟာ မြန်မာပြည်ဆိုင်ရာ တရုတ်သံရုံးရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည် လွှတ်တော်အစည်းအဝေးကို လေ့လာဖို့ ဖိတ်ကြားတာ ခံရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစ ကျွန်တော်နဲ့အတူ စာနယ်ဇင်းသမား စုစုပေါင်း (၁၀) ယောက် ရန်ကုန်ကနေ တရုတ်နိုင်ငံ ပီကင်း ကို ခရီးထွက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ခါတိုင်းလိုပဲ ရောက်တဲ့နေရာကနေ သတင်းဆောင်းပါး ရေးပို့နိုင်အောင် လက်ဖ်တော့ကို သယ်သွားပါတယ်။

ဒီချုပ်က SNLD ကို ပြည်ထောင်စုအစိုးရအဖွဲ့တစ်နေရာ ကမ်းလှမ်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ဒုသမ္မတနေရာရေပန်းစား


အစိုးရသစ်ဖွဲ့စည်းရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့၏ ကာလရှည်မဟာ မိတ်ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်(SNLD)ကို ပြည် ထောင်စုအစိုးရအဖွဲ့တစ်နေရာ ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။

နိုင်ငံရေးအရ ဖြေရှင်းနိုင်မှုမရှိသေးချိန်တွင် သယံဇာတ တူးဖော်မှုများ ရပ်တန့်ပေးရန် ကချင်အဖွဲ့များ အစိုးရသစ်ကိုတောင်းဆို


နိုင်ငံရေးအရ ဖြေရှင်း နိုင်မှုမရှိသေးသည့်ကာလအတွင်း ပဋိပက္ခကို တွန်းအားပေးနိုင်သည့် ကချင်ပြည်နယ်၌ အကောင်အထည်ဖော်နေသော သဘာဝ သယံဇာတတူးဖော်ထုတ်လုပ်သည့် စီမံကိန်းအားလုံးကို ရပ် တန့်ပေးရန် ကချင်ဘာသာရေး၊ နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း ပေါင်း ၆၁ ဖွဲ့က အစိုးရသစ်ကို တောင်းဆိုလိုက်သည်။

ထားဝယ် စီမံကိန်း လူထုဆန္ဒနှင့်အညီ ဆောင်ရွက်ရန် DDA တောင်းဆို


ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း မြေပြင်တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည် စတင်မည်ဆိုပါက ဒေသခံများကို ပွင့်လင်း မြင်သာစွာ ချပြပြီး ၄င်းတို့၏ သဘောထား ဆန္ဒရယူပြီးမှသာ ဆက်လက် ဆောင်ရွက်သင့်ကြောင်း ထားဝယ် ဖွံ့ဖြိုးရေး အဖွဲ့(DDA) က တောင်းဆို လိုက်သည်။

ရီးရဲလ်ပွဲလာရောက်ကြည့်ရန် ကန်ဒဲလ်ဂျန်နာကို ရော်နယ်ဒိုဖိတ်ခေါ်


ပေါ်တူဂီ လက်ရွေးစင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ရီးရဲလ် မက်ဒရစ်အသင်းတွင် ၎င်းကစားပုံကို လာရောက်ကြည့်ရှုအားပေးရန် အမေရိကန်မော်ဒယ်ကန်ဒဲလ်ဂျန်နာကို ဖိတ်ကြားထားပြီး နှစ်ကိုယ်တည်း တွေ့ဆုံ ခွင့်ရရန် မျှော်လင့်နေကြောင်း သိရသည်။

မြန်မာအစိုးရသစ်ကို ဂျပန် ODA ချေးငွေယန်း (၁၀၀)ဘီလီယံ ပေးမည်


ဒေါ်အောင်ဆန်းစုကြည်ပါတီအစိုးရတက်အလာမှာ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ODA (ခေါ်) နိုင်ငံခြားဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ကြီးကြီးမားမားပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီအကူအညီတွေထဲမှာ အတိုးအလွန်နဲတဲ့ ချေးငွေနဲ့ ကူညီငွေပေါင်း ဂျပန်းယန်း ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါး) ရှိပြီး၊ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံနဲ့ မြို.ပြစီမံကိန်းတွေမှာ အဓိကသုံးစွဲမယ်လို့ ဂျပန်အစိုးရ အရာရှိတဦးကပြောပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့ တန်းတူအခွင့်အရေး ၂၀၃၀ အမှီ ရဖို့ကြိုးပမ်း


ဒီကနေ့ မတ်လ(၈)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် ၂၀၃၀ ပြည့်နှစ်မှာ တကမ္ဘာလုံး ကျားမတန်းတူအခွင့်အရေး အပြည့်အ၀ရရှိရေး ကုလသမဂ္ဂရဲ့ရည်မှန်းချက်ကို နိုင်ငံတကာအစိုးရတွေ အကောင်အထည်ဖေါ်ဖို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

နှစ်သန်းပေါင်း ၁၀၀က မြန်မာ့ပယင်း တရုတ်သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ


ကမ္ဘာမှာ သက်တမ်းအရင့်ဆုံးလို့ဆိုရမယ့် လွန်ခဲ့တဲ့ နှစ် သန်း၁၀၀က မြန်မာ့ပယင်းကို တရုတ်သိပ္ပံ ပညာရှင်တွေက ရှိဖွေတွေ့ရှိခဲ့တယ်လို့ People Daily သတင်းမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ မည်သည့်အရပ်ဒေသ ကနေ ရှာဖွေတွေ့ရှိတယ်လို့ ရေးသားမထားပေမယ့်၊ ကူမင်းတက္ကသိုလ် ရုက္ခဗေဒဌာနမှ ပါမောက္ခ ဒေါက်တာ Gao Lizhi ကတော့ “မြန်မာပြည်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် မြန်မာ့ ပယင်းလို့ပဲ အမည်ပေးမှာပါ”လို့ဆိုပါတယ်။ ယခုတွေ့ရတဲ့ မြန်မာပယင်းဟာ Cretaceous ခေတ်ဦးက ပုံစံဖြစ်ပြီး၊ နာမည်ကျော် Fushun ပယင်း၊ ဒိုမီနီကန် ပယင်းတိုထက် စောကြောင်း တရုတ် သိပ္ပံအကယ်ဒမီမှာပြောဆိုပါတယ်။

NLD အစိုးရသစ် နိုင်ကျဉ်းတွေပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း


ဧပြီလဆန်းမှာ တိုင်းပြည်အာဏာကို လွဲပြောင်းရယူတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို ဦးစားပေးလုပ်ဆောင်လိမ့် မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ က ပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက တိုင်းပြည်အာဏာကို လွဲပြောင်းရယူဖို့ သီတင်းပတ် ၃ ပတ်လောက်ပဲ လိုတော့တဲ့အချိန်မှာ အဲဒီလို ပြောဆိုလိုက်ကြတာပါ။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး လက်ရှိအစိုးရအပေါ် စိတ်ပျက်မိကြောင်း SPIC မှ Mr.LIU Zhan ထုတ်ပြော


မြစ်ဆုံစီမံကိန်းနှင့်ပတ် သက်ပြီး လက်ရှိအစိုးရကို စိတ်ပျက်မိကြောင်း တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ပြုလုပ်သော မြန်မာသတင်းသမားများနှင့် တွေ့ဆုံပွဲတွင် State Power Investment Corporation-SPIC မှ General Manager Mr.LIU Zhan (Department of International Business) က ပြောဆိုလိုက်သည်။

My Blog List