Friday, November 22, 2013

ပုဒ်မ ၁၈ ဖျက်သိမ်းရေး လွှတ်တော်တွင် ဆွေးနွေးရန် အမှု ရင်ဆိုင်နေရသော တရားခွင်များသို့ ဦးသိန်းညွန့်လိုက်လံလေ့လာ

Friday, November 22, 2013
ပုဒ်မ- ၁၈ ဖျက်သိမ်းရေးအတွက်လာ မည့်လွှတ်တော် တွင် ဆွေးနွေး နိုင်ရန် သင်္ဃန်းကျွန်းမြို့ နယ်၊ ပြ ည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယင်းပုဒ်မဖြင့် အ မှုရင်ဆိုင်နေရသောတရားခွင် များသို့ လိုက်လံလေ့လာနေပြီဖြစ် ကြောင်း သိရသည်။

ပထမဦးဆုံးအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ရက်က လက်ပံ တောင်းတောင်အရေး ဆန္ဒထုတ်ဖော် မှုေ ကြာင့် ပုဒ်မ-၁၈ဖြင့် တရားစွဲခံ ထားရသော မိုးသွေး(ခ)ဦးသူရ ထွန်းအပါအဝင် ခြော က်ဦး၏တရားခွင်ဖြ စ်သော ကြည့်မြင်တိုင် မြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၂၁ ရက်က သွားရောက်လေ့လာခဲ့သည်။

" ပထမဆုံးခပ်ကြမ်းကြမ်း ထောင်ထွက်ဇာတ်ရုပ်နဲ့ဝတ်မှုန်ရွှေရည် "

Friday, November 22, 2013

‘ဘရိတ်နဲ့ချစ်ပါ’ ဆိုတဲ့ဇာတ်ကားကို ဝတ်မှုန်ရွှေရည်က နေတိုးနဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ရုပ်အနေနဲ့ ခပ် ကြမ်း ကြမ်းပုံစံမျိုးသရုပ်ဆောင်ရတာဖြစ်သလို၊ ထောင် ထွက် တစ်ယောက်ပုံစံမျိုးကို ပထမဆုံးသရုပ်ေ ဆာင်ရတာ လို့လည်း ပြောပြတာကြောင့် “ကစ်က ဒီကားထဲမှာ ကာ ရိုက်တာ၃မျိုးလုပ်ရတယ်။ေ မ်ာဒယ်ေ ပါက်စလေး ဇာတ်ရုပ်၊ အိမ်ထောင်သည် ဇာတ်ရုပ်၊ ထောင်ကျသွား တဲ့အခါ ခပ်ကြမ်းကြမ်းဖြစ်သွားတဲ့ ဇာ တ်ရုပ်တွေ လုပ်ရတယ်။ ထောင်ကျပြီး ခပ်ကြမ်းကြမ်းဖြစ် သွားတာက ပထမဆုံးလုပ်ဖူး တာပဲ။ အပြင် အဆ င်အိုက်တင်ကအစ သေချာလုပ်တယ်။ ကစ်က ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့ ဇာတ်ရုပ် မျိုးလုပ်ရတော့ ပျော် ပါ တယ်။ စိတ်လည်း လှုပ်ရှားတယ်” လို့ ပြော ပြပါ တယ်။

" မလေးရှားကွန်ဒိုတိုက်ခန်း အရစ်ကျစနစ်ဖြင့် ပြည်တွင်း၌ရောင်းချ "

Friday, November 22, 2013

မလေးရှားနိုင်ငံ ဂျိုဟိုးမြို့တွင် ဖော်ဆောင်မည့်မြို့သစ်အကွက်များ တွင် ဆောက်လုပ်မည့် ကွန်ဒိုတိုက်ခန်း များကို မြန်မာနိုင်ငံတွင် လာရောက် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျိုဟိုးမြို့ ကွက်သစ်များ တွင် ဆောက်လုပ်မည့် ကွန်ဒိုအခန်းများ ကို စင်ကာပူနိုင်ငံရှိ CHINTHE Asia LLP မှဆောက်လုပ် မည်ဖြစ်ပြီး မြန်မာ နိုင်ငံမှ ဝယ်ယူ လိုသူများအတွက် အရစ် ကျစနစ်ဖြင့်ေ ရာင်း ချပေးသွားမည်ဟု အထက်ပါကုမ္ပဏီမှ မစ္စတာတိုနီက ပြောသည်။

အမြန်ရေယာဉ်များ ညအိပ်ရပ်နားမှုမရှိဘဲ ဆက်တိုက် မောင်းနှင်ခြင်းကြောင့် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ် စိုးရိမ်နေရ

Friday, November 22, 2013

ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲနေသည့် မုံရွာ-မော်လိုက်-ဟုမ္မလင်း အမြန်ရေယာဉ်များသည် သတ် မှတ်မြို့များတွင် ညအိပ်ရပ်နားပေးမှု မရှိသောကြောင့် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်စိုးရိမ်နေ ရကြောင်း မော်လိုက်ဒေသခံများကပြောကြသည်။

“မုံရွာကနေ မနက်(၄)နာရီခွဲ စထွက်ခဲ့တဲ့အမြန်ရေယာဉ်ဟာမော်လိုက်မြို့ကို ည(၇)နာရီလောက် မှ ရော က်ပါတယ်။ တစ်နေကုန် ဘယ်မှာမှ မရပ်နားဘဲ စီးကြရတာပါ။ မော်လိုက်ကို ညဦးပိုင်းမှ ရောက်ပေမယ့် ခဏပဲကပ်ပြီး ဆက်မောင်းပါတယ်။ ညအမှောင်ထဲမှာ ချင်းတွင်းမြစ် ရေကြောင်းခရီးဟာ အန္တရာယ် များ လွန်းပါတယ်။ ခရီးသွား ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြံမှု ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေကအမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးစေချင်ပါတယ်” ဟုမော်လိုက်မြို့မှ ဦးကျော်သူရ က ပြော သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ ၁၁ ခု ယနေ့တွေ့မည်

Friday, November 22, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်အရ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အသီးသီးနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ပါတီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုဝင်ဘာလ ၂၂ ရက် တွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ထံမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် တိုင်းရင်းသား ၁၁ ပါတီမှ ကိုယ်စားလှယ်များသည် ညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ ပြီး နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များ စတင်နိုင်ရန် ဆွေးနွေး မည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချ မ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကုလဆုံးဖြတ်ချက် မြန်မာကန့်ကွက်

Friday, November 22, 2013 
ရိုဟင်ဂျာလို့ ကိုယ့်ကိုကိုယ်ခေါ်နေကြတဲ့ အစ္စလာမ်ဘာသာဝင် မျိုးနွယ်စုကို နိုင်ငံသားအဖြစ် အသိအမှ တ်ပြုဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချပြီး ဖိအားပေးတာကို လက်မခံကြောင်း မြန်မာအစိုးရက တုံ့ပြန်ြေ ပာဆိုလိုက်ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေေ ထွညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြ တ်ချက်တစ်ရပ် ချမှတ်ခဲ့ရာမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးေ လးစားစားနဲ့ အပြည့်အ၀လိုက်နာမှု သေသေချာချာ ရှိအောင်ဆောင်ရွက်ဖို့၊ ရိုဟင်ဂျာလူ နည်းစုကို နိုင်ငံ သားအဖြစ် အပြည့်အ၀ အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။

Thursday, November 21, 2013

တမူးမြို့နယ်တွင် အသေးစားပေါက်ကွဲမှုဖြစ် အသေအပျောက်မရှိ

Thursday, November 21, 2013

မုံရွာ၊ မဇ္ဈိမ။ ။ မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့နယ် အောင်ဇေယျမြို့သစ်တွင် နိုဝင်ဘာလ ၂၁ရက် နံနက် ၁နာရီ ၀၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသည်ဟု သနန်မြို့သစ်၊ မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ဖောက်ခွဲသူများနေထိုင်နိုင်သည်ဟု ယူဆရသည့် နေရာများသို့ ခလရ(၈၇)တပ်မှ ဦးစီး၍ အော င်ဇေယျနယ်မြေရဲစခန်းမှူးတို့က စုံစမ်းလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိမ်ပိုင်ရှင်မှာ ဒေါ်ဝင်းတင်ဖြစ် ပြီး အိမ်ဈေးဆိုင်နှင့် သူမ၏ မိခင်ဖြစ်သူ ဒေါ်ပုတို့ဖြစ်သည် ဟု ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

ချင်းပါတီနှစ်ခု ချင်းအမျိုးသား တိုးတက်ရေး ပါတီအဖြစ် အမည်ပြောင်း ပူးပေါင်းမည်

Thursday, November 21, 2013

နှစ်ပါတီ ပူးပေါင်းရန် ခက်ခဲနေသော ချင်းအမျိုးသား ပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့သည် ချင်းအမျိုး သား တိုးတက်ရေးပါတီ (Chin National Progressive Party - CNPP) အဖြစ် အမည်ပြောင်း မှတ်ပုံတင် ရန် နိုဝင်ဘာလ ၁၅ ရက်နေ့က ဟားခါးမြို့တွင် ကျင်းပသော ပူးပေါင်းရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆုံး ဖြတ်ခဲ့ကြောင်း ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က The Voice သို့ ပြောကြားသည်။

“အရင်တုန်းက ချင်းတိုးတက်ရေး ပါတီဘက်က ထက်ဝက်ကျော်က ပူးပေါင်းဖို့ ငြင်းဆန်လို့ ခက်ခဲနေတာ။ အခု ဟားခါးမှာ လုပ်တဲ့ ဆွေးနွေးပွဲမှာ သူတို့ဘက်က ထက်ဝက်ကျော်နဲ့ ပူးပေါင်းဖို့ သဘောတူလိုက်ပါပြီ” ဟု ၎င်းကဆိုသည်။

ညောင်ဦးတွင် ပြင်သစ်နိုင်ငံသူ ခါးပတ်အိတ် ဆိုင်ကယ်စီးသူ ဆွဲယူ ထွက်ပြေး

Thursday, November 21, 2013

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့ ပုဂံမြို့ဟောင်းလမ်း ထီးလိုမင်းလိုဘုရားနှင့် ရွှေလိပ်တူးဘုရား ကြား တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က စက်ဘီးဖြင့် သွားနေသော ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆိုင်ကယ်ဖြင့် နောက်က လိုက်၍ ဆွဲယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ညောင်ဦးမြို့ ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။

ပုဂံမြို့ဟောင်း ဗူးဘုရားမှ နေဝင်ဆည်းဆာ ကြည့်၍ ညောင်ဦးမြို့သို့ ပုဂံမြို့ဟောင်းလမ်းအတိုင်း တည်းခိုခ န်းသို့ ပြန်လာသည့် အဆိုပါ နိုင်ငံခြားသူ အမျိုးသမီးစီးသည့် စက်ဘီး ရှေ့ခြင်းထဲမှ ခါးပတ်အိတ်ကို အသက် ၄၀ နှစ်ခန့်ရှိ ဂျာကင် အစိမ်းရောင် ပြောက်ကျား ဝတ်ဆင်ထားပြီး ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးက ဆွဲယူ ထွက်ပြေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မသန်စွမ်းသူများ အခွင့်အရေး ဥပဒေမူကြမ်း ရေးဆွဲ ပြီးစီး

Thursday, November 21, 2013
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ရေးဆွဲထားသော မသန်စွမ်း သူများ၏ အခွင့်အရေးများ ဥပဒေ နောက်ဆုံးအဆင့် မူကြမ်းကို နိုဝင်ဘာ လဆန်းပိုင်းတွင် အပြီးသတ် ရေး ဆွဲထားပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က The Voi ce သို့ ပြောကြားသည်။

ရေးဆွဲထားပြီးသော နောက်ဆုံးအဆင့် မူကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်သွင်းသွားမည် ဖြစ်ပြီး လာမည့် ၂၀ ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရအဖွဲ့မှ တစ်ဆင့် လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ကချင်ပြည်နယ် မန်စီမြို့နယ် စည်ခန်းကြီးကျေးရွာရှိ စစ်ရှောင် ဒုက္ခသည်များ အကူအညီ လိုအပ်နေ

Thursday, November 21, 2013 
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် စည်ခန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ရှောင် ဒုက္ခ သည်များမှာ ရက်သတ္တပတ် နှစ်ပတ်ကျော် ကြာလာသော်လည်း ပြင်ပအဖွဲ့အစည်းများ၏ အကူအညီမရရှိ ဘဲ အကူအညီများ လိုအပ်နေကြာင်း သတင်းရရှိသည်။

ယင်းစည်ခန်းကြီး ကျေးရွာတွင် ခိုလှုံနေသူများကို ယင်းကျေးရွာမှ ဘုန်းကြီးနှင့် တပ်မတော် မှ ထော က်ပံ့ ထားသည့် ဆန်နှင့်ဆီသာ ရရှိပြီး စားရေး၊ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ အိမ်သာ၊ ရေအခက် အခဲ၊ နေရာ အခက်အခဲ၊ ကျောင်းသူကျောင်းသားများ၏ အခက်အခဲကို မည်သည့် လူမှုအဖွဲ့အစည်းများက ကူညီပေးခြ င်းမရှိကြောင်း ယင်းစခန်းတွင် ခိုလှုံနေသူများက ပြောကြားသည်။

ဒေါ်ဘောက်ဂျာကို စွဲဆိုထားသည့်လူသေစေမှု ပြန်ရုပ်သိမ်းရေးတရားရုံးသို့ ဒုတိယအကြိမ်ထပ်လျှောက်

Thursday, November 21, 2013 
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအားတရားစွဲဆို ထားမှု သုံးမှုအနက်လူသေစေမှုကိုရုပ်သိမ်းရန် ဖားကန့်မြို့နယ်တရားရုံးတွင် နိုဝင်ဘာ ၂၀ ရက်က ဒုတိယ အကြိမ် အဖြစ် ထပ်မံလျှောက်ထားလိုက်ကြောင်း ဒေါ်ဘောက်ဂျာ၏ ရှေ့နေက ပြောသည်။

၎င်းအမှုရုပ်သိမ်းပေးရေး ဇူလိုင်လကလျှောက်ထားခဲ့ရာတွင် တရားရုံးကပယ်ချခဲ့သဖြင့် ယနေ့ နိုဝင်ဘာ လ ၂၀ ရက်နေ့တွင် တရားလို ဒေါ်ကိုင်ထန်ကိုယ်တိုင် အမှုရုပ်သိမ်းကြောင်းလျှောက်လဲခဲ့ခြင်ဖြစ်သည်။

Wednesday, November 20, 2013

လယ်ယာမြေပြန်ရအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကြေးရယူထားသူ ခေတ်သစ် ပြည်သူ့ပါတီဝင် နှစ်ဦး အဖမ်းခံရ

Wednesday, November 20, 2013

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်အတွင်းရှိ လယ်သမားများအား လယ်မြေပြန်လည်ရရှိရန် ဆောင် ရွက် ပေးမည်ဟု ဆိုကာ ငွေကြေးရယူ ထား သော ခေတ် သစ်ပြည်သူ့ပါတီဝင်နှစ်ဦး အား ရဲစခန်းမှ ထိန်း သိမ်း ထားသည်ဟု သိရသည်။ ခေတ်သစ်ပြည်သူ့ပါတီ အရန်ဗဟိုအလုပ် အမှုဆောင် ကော်မတီ ဝင် ဦးသိ န်းတန်က ဖြစ် ရပ်အား စုံစမ်း နေပြီး ဟုတ်မှန်ပါက ပါတီဘက်က လည်း ထိုသို့လုပ်ကိုင်မှုကို လက်ခံသွား မ ည်မဟုတ်ဟု ပြောသည်။

”သူတို့အနေနဲ့ အမှန်တကယ် ကျူးလွန်ရင် ကျွန်တော်တို့ ပါတီက ထုတ်ပယ် တဲ့အထိ ပြုလုပ်မှာပါ” ဟု ၄င်း ကဆိုသည်။

မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်၌ အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်း ဓားဖြင့်လှီး၍ အသတ်ခံရ

Wednesday, November 20, 2013
နိုဝင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ဘောဂ ၂ လမ်းရှိ နေအိမ်တစ် အိမ်၌ အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသူ တစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်းအား ဓားဖြင့် လှီးသ တ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် သေဆုံးသူ၏ ဆွေမျိုးများထံမှ စုံစမ်း သိ ရှိရသည်။

သေဆုံးသူများမှာ မမြမြသန်း (ခ) ချောစု အသက် (၃၆) နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မနှင်းအေးဝေ အသက် ကိုးနှစ်၊ လေးတန်းကျောင်းသူတို့ ဖြစ်ပြီး မနှင်းအေးဝေမှာ နေအိမ်အိပ်ခန်းတွင်း၌ လည်ပင်းအလှီးခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေကာ မိခင်ဖြစ်သူ မမြမြသန်း (ခ) ချောစုမှာ နေအိမ်အနီး လမ်းမပေါ်၌ လည်ပင်း အ လှီးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်းအား ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ ပြုလုပ်နေ

Wednesday, November 20, 2013
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်း  အား ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ဒုတိယ ရဲမှူးကြီး ဦးဝင်းစိန် (ဒုတိယညွှ န်ကြားေ ရး မှူး)(မှုခင်း)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။

"စောထွန်းထွန်းကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ကျောက်ကြီးမှာ ဖမ်းဆီးရမိတာပါ။ အခုတော့ စစ်ေ ဆး နေတုန်းပဲ။ သူ့ကိုစစ်တဲ့နေရာမှာ စီစီတီဗွီကင်မရာတွေ တပ်ဆင်ပြီး စစ်နေပါတယ်။ လောေ လာ ဆယ်တော့ ရမန်ကြီး ချုပ်ရက် ယူထားတယ်" ဟု ဒုတိယ ရဲမှူးကြီး ဦးဝင်းစိန်က ပြောကြားသည်။

ဘားအံဆွေးနွေးပွဲ ကေအိုင်အိုတက်ရန် မသေချာသေး

Wednesday, November 20, 2013

လာမည့် ဒီဇင်ဘာလတွင် ဘားအံမြို့၌ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ဒုတိ ယ အကြိမ် တွေ့ဆုံပွဲသို့ ကေအိုင်အိုမှ တက်ရောက်ရန် အာမမခံနိုင်သေးဟု ကချင်လွတ်မြောက်ရေးအ ဖွဲ့မှ ဒု တိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားရှိခိုးကျောင်း၌ ပြုလုပ်သည့် ရန်ကုန်ေ ရာက် ကချင်လူမှုအဖွဲ့စည်းများနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“ သူပုန် စစ်ခေါင်းဆောင်ရဲ့ တစ်ကိုယ်တော် သတင်းစာရှင်းပွဲ ဘယ်လို အဓိပ္ပါယ် ကောက်မလဲ ”

Wednesday, November 20, 2013 

စည်သူအောင်မြင့်

ရန်ကုန်တိုင်းမ် သတင်းစာ၊ ၂၀-၁၁-၁၃။ စာ- ၆။

အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်မေ တ်ာရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နိုဝင်ဘာ ၁၇ ရက်နေ့က ရန်ကုန်ကို လေကြောင်းခရီးနဲ့ ရောက်လာ ပါတယ်။ အဓိကကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ လုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆော င်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ရဲ့ တွေ့ဆုံပွဲကို မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တရားဝင် သွားဖို့အတွက် ရန်ကုန်ကို အရင် ရောက်လာတာပါ။ ရန်ကုန်မှာ နိုင်ငံကူးလက်မှတ်လုပ်မယ်၊ ထိုင်း ဗီဇာေ လျာက်မယ်၊ သတင်းစာရှင်းလင်းပွဲ လုပ်မယ်၊ ကချင် တိုင်းရင်းသားတွေနဲ့ တွေ့မယ် စတဲ့ အစီအစဉ်တွေ ရှိ တယ်လို့ သိရပါတယ်။ တကယ်တော့ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ရန်ကုန် ခရီးစဉ်ဟာ ထူးခြားတယ် လို့ ဆိုနိုင်ပါတယ်။ အပစ် မရပ်နိုင်သေးရုံမက လတ်တလောမှာကိုပဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ အနေအ ထား က သူပုန်တပ်ဖွဲ့တစ်ခုရဲ့ စစ်ဗိုလ်ချုပ် တစ်ယောက် ရန်ကုန်ကိုလာ၊ သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တာ မျိုး ဟာ အတော်လေးကို ထူးခြားပါတယ်။ ဒါဟာ နိုင်ငံရေးအရ ဘာလက္ခဏာ ဆောင်ပါသလဲ၊ ရှေ့ ဘာတွေ ဆက် ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့် ကုလတိုက်တွန်း

Wednesday, November 20, 2013 

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံတွင်းက တခြား အစ္စလမ်ဘာသာ ၀င်တွေ အ ပေါ် အကြမ်းဖက်တာတွေကို တားဆီးကာကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို ကု လသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။

ဒါဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း အဲဒီဆုံးဖြတ်ချက်ကို အတည်ပြုမယ့်သဘောဖြစ်တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

Tuesday, November 19, 2013

ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေး

Tuesday, November 19, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၉/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
(၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)

"ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၄)၊ ပြ ည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၅၀ နှင့် တို င်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဃ) တို့ပါ ပြဋ္ဌာန်းချက်များ အ ရ ကျောက်ဖြူခရိုင် တရားသူကြီး ဒေါ်စန်းစန်းရီအား ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြ စ် ခန့်အပ် တာဝန် ပေးအပ်လိုက်သည်။



(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Popular Myanmar News Journal

မွန်ဂိုလီးယားသမ္မတ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်

Tuesday, November 19, 2013
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်အပြီး နှစ်ပေါင်း ၆၀ နီးပါးအတွင်း နိုင်ငံ့ခေါင်းဆောင် တစ်ဦး၏ ပ ထမဆုံး ခရီးစဉ်အဖြစ် မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာအယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ် ဟီးလ်ယာဒ်သည် နို ဝင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။

မွန်ဂိုလီးယား ခေါင်းဆောင်၏ ခရီးစဉ် ပထမနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိ မ်ေ တာ် ၌ တွေ့ဆုံအပြီး နှစ်နိုင်ငံ ခရီးသွား လုပ်ငန်းနှင့် သတ္တုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာဆီ ယံ- မွန်ဂိုလီးယား ဆက်ဆံရေးတို့ကို ဆွေးနွေးကြောင်း သမ္မတရုံးက ထုတ်ပြန် ကြေညာသည်။

“ဒီနေ့ မွန်ဂိုသမ္မတ ခရီးစဉ်မှာ အထူးနိုင်ငံကူး လက်မှတ် ကိုင်ထားတဲ့သူတွေ နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့် လက်မှတ် ထိုးတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် မွန်ဂိုလီးယား ခေါင်းဆောင်၏ ခရီးစဉ်အတွင်း အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသ ည်။

မွန်ဂိုလီးယား သမ္မတ အယ်လ်ဘတ်ခ်၏ ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ အတွင်း က မွန်ဂိုလီးယား နိုင်ငံသို့ ရှစ်ရက်ကြာ သွားရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်သည့် ဒီမိုကရေစီ အသိုက်အဝန်း ညီလာခံ၌ မိန့်ခွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယား နိုင်ငံတို့သည့် ၁၉၅၆ ခုနှစ်မှ စတင်၍ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူေ ထာင်ခဲ့သော်လည်း ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးပြီး မြန်မာနိုင်ငံ ဆိုင်ရာ မွန်ဂိုလီးယား သံရုံးကို လာ အို နို င်ငံ၌ ဖွင့်လှစ်ထားသည်။

The Voice Weekly

ကျောက်ဖြူတွင် မူးယစ်ရမ်းကားသူလူတစ်စု ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ ၊ ရဲတပ်ဖွဲ့မှ အချိန်မှီ သွားရာက် ထိမ်းသိမ်းနိုင်ခဲ့သဖြင့် ဗလီဝင်းခြံစည်းရိုးသာ အနည်းငယ် ပျက်စီး

Tuesday, November 19, 2013 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့ သူခိုးကြီးများည ၈နာရီခွဲအချိန်ခန့်က မူးယစ်နေကြသော လူ ၃ ၀ ကျော်ခန့်သည် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြပြီး ရဲတပ်ဖွဲ့က ည ၉နာရီခွဲခန့် အချိန်တွင် ရောက်သွားပြီး ထိမ်းသိမ်းနိုင်ခဲ့သည်ဟု ကျောက်ဖြူရဲစခန်းမှ တာဝန် ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

"မဟုတ်ပါဘူး လူလေး ငါးရာဆိုတာ လုံးဝ မဟုတ်ပါဘူး မူးရူးနေတဲ့ လူ ၃၀ ကျော်ကသာ ဗလီကို ဖြိုဖို့ ကြိုး စားခဲ့တာပါ ည ၈နာရီခွဲမှာ စဖြစ်တယ် သတင်းကြားတာနဲ့ ရဲတပ်ဖွဲ့က ၉နာရီစွန်းစွန်းလေးလောက်မှာ ရော က်သွားပြီး လူစူခွဲ ထိမ်းသိမ်းနိုင်ခဲ့တယ် လူတစ်ချို့ကတော့ ဗလီထဲရောက်ခဲ့ကြတယ် ဒါပေမဲ့ ပျက်စီးတာ က တော့ ဗလီဝင်း ခြံစည်းရိုး နည်းနည်းပါးပါးပါ "ဟု ပေါ်ပြူလာနယူးစ်၏ ဖုန်းဖြင့်မေးမြန်းမှုကို ၄င်း ကြေ ဖကြားခဲ့သည်။

စစ်ကြောရေးစခန်းနှင့် ထောင်တွင်းသေဆုံး သွားကြသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုထောက်ပံ့မည်

Tuesday, November 19, 2013 
စစ်ကြောရေးစခန်းနှင့် ထောင်တွင်းသေဆုံး သွားကြသည့် နိုင်ငံရေး အကျဉ်းသားများအား အမှတ်တရ ဆွမ်းသွတ်ပြီး ဂုဏ်ပြုထောက်ပံ့မည့် အစီအစဉ်ကို နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့နှင့် AAPP တို့ ပူးေ ပါင်းကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

AAPP မှ ဦးတိတ်နိုင်က ''နိုင်ငံတကာ အလှူရှင်တွေက ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ လှူဒါန်း ကြ တာ ဆိုေ တာ့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်သူမှ မထောက် ပံ့ နိုင် ကြဘူး။ တချို့လည်း အရမ်းဒုက္ခ ရောက်ကြတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်။ ဒါကြောင့် ကျန် ရစ် ခဲ့ တဲ့ မိသားစုတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် အခုလို ဂုဏ်ပြုထောက်ပံ့ချင်တာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ကြေးနီစီမံကိန်းတောင်ယာရှိ ရဲကင်းတွေ အာဏာပိုင်ဖယ်ရှားပေး

 

19.11.2013

 



 စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တာဝန်ယူနေတဲ့ ရဲတွေနဲ့ ဒေသခံတွေကြား ပစ်ခတ်မှုတွေ ဖြစ်တဲ့အထိ အခြေအနေတင်းမာခဲ့ပြီးတဲ့နောက် တောင်ယာတွေအပေါ်မှာ ရဲကင်းတွေချထားတာကို ဒီညအတွင်း ဖယ်ရှားပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ည ၁၀ နာရီကျော်အချိန်လောက်ကစပြီး ရဲကင်းဆောက်ထားတာတွေကို ဖယ်ရှားပေးလိုက်ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဆက်ရှိနေတုန်းပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက လယ်တီဆရာတော် ဘုရားကြီးရဲ့ သာသာနာ့မြေမှာ ကြေးနီစီမံကိန်းကနေ မိုင်းခွဲနေတာကို ကာကွယ်တားဆီးဖို့အတွက် ဒေသခံ သံဃာတွေနဲ့ ဒေသခံလူထုတွေ စုပေါင်းပြီး အင်ကြင်းတောင်မှာ သပိတ်စခန်းဖွင့်ခဲ့ပါတယ်

အစိုးရနှင့် KIO အကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးရန်ရှိ

Tuesday, November 19, 2013 

NLD အပါအ၀င် ပါတီအချို့၏ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထား ခံယူမှုများကို KIO က စောင့်ကြ ည့်နေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး အစိုးရနှ င့် ေ ဆြး ေ နွးနိုင်ရန် ဥပဒေပညာရှင်များဖြင့် လေ့လာသုံးသပ်နေသည်ဟု ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်ေ မ်ာက နိုဝ င်ဘာ ၁၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

လက်ပံတောင်းမှာ ရဲကင်းတွေ နေရာရွှေ့ပေး

Tuesday, November 19, 2013 
လုံခြုံရေးရဲတွေနဲ့ ဒေသခံတွေကြား တင်းမာမှုတွေဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသ မိုးကြိုးပြင်ရွာထိပ်မှာ ရဲကင်းတွေ ဆောက်ထား တာကို အာဏာပိုင်တွေက ရွေ့ပေးလိုက်ပါတယ်။

လျော်ကြေးကိစ္စ မပြေလည်သေးတဲ့ မြေတွေပေါ်မှာ ရဲကင်း ဆောက်ပြီး ရွာကလူတွေရဲ့ အသွားအ လာတွေ ကို မှတ်တမ်း ယူနေတာကို မကျေနပ်ကြတဲ့ ရွာသားတွေက နိုဝင်ဘာ ၁၄ ရက်ကတည်းက စပြီး တန င်္လာေ န့ ညနေပိုင်းထိ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Monday, November 18, 2013

KIAဒုတိယ စစ်ဦးစီးချုပ် နိုင်ငံကူးလက်မှတ်လုပ်ရန် ဦးအောင်မင်းနှင့် တွေ့ဆုံ

Monday, November 18, 2013

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆလွတ်ဂွမ်မော်သည် ရန်ကုန် မြို့သို့ ပထမဦးဆုံးအကြိမ်ဖြစ် လာရောက်ကာ နိုဝင်ဘာလ ၁၈ ရက် နံနက်တွင် ပြည်ထောင်စုဝန်ကြီး ဦးေ အာင်မင်းနှင့် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ၊ မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံခဲ့သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် နိုဝင်ဘာတတိယပတ်အတွင်း၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်း သားလက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲသို့ နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်ရန် ရန်ကုန်မြို့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စအတွက်ပင် ၀န်ကြီးဦးအောင်မင်းနှင့် နံနက် ၈နာရီမှ ၉နာရီခန့် အထိ တွေ့ဆုံခြင်းဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ နည်းပညာ အထောက်အကူပြုအဖွဲ့ဝင် ဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။ 

အစိုးရနှင့် ABSDF နှစ်ဖက် Techanical Team အဖွဲ့များ တွေ့ဆုံမည်

Monday, November 18, 2013

အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့် သဘောတူညီထားသော မြန်မာနိုင်ငံလုံး ဆိုင်ရာေ ကျာင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရတို့၏ နှစ်ဖက် Techanical Team အဖွဲ့ များ နို ဝင်ဘာ ၁၈ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ABSDF အဖွဲ့ဝင် ရဲဘော် ဦးဆန်နီက The Voice သို့ြေ ပာကြားသည်။
 လိုင်ဇာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောထား RCSS/SSA က မူအရ သဘောတူ
Monday, November 18, 2013

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကွန်ဖရင့် (Ethnic Ar med Organizations Conference) က ထုတ်ပြန်ထားသည့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေး ဘုံ သဘောထား ရပ်တည်ချက် ၁၁ ချက်ကို RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ။ ရှ မ်းပြည်တောင်ပိုင်း တပ်မတော်က မူအရ သဘောတူကြောင်း မိုင်းတုံ RCSS/SSA ဆက်ဆံရေးရုံးထံမှ သိ ရ သည်။

ဘုံသဘောထား ရပ်တည်ချက် ၁၁ ချက်ကို ပူးပေါင်း ပါဝင် လက်မှတ် ရေးထိုးနိုင်ရန်အတွက် ရှမ်းပြည် ညီ ညွတ်ရေး ကော်မတီ (Committee for Shan State Unity) သို့ ပြန်လည် တင်ပြရန် လိုအပ်ကြောင်း နိုဝင် ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သဘောထား ကြေညာချက်တွင် RCSS/SSA ဗဟို အလုပ် အမှုဆောင် ကော်မတီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီက ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ရှိမူဆလင်များ၏ နိုင်ငံသားဖြစ်မှု အတည်ပြုမည့် လုပ်ငန်းစတင်တော့မည်

Monday, November 18, 2013
လာမည့်သီတင်းပတ်များ အတွင်း ရခိုင်ပြည်နယ်ရှိမူဆလင် များ၏ နိုင်ငံသားဖြစ်မှုကိုအတည် ပြုမည့်လုပ်င န်းများစတင်တော့ မည်ဖြစ်ကြောင်း မကြာခင်က ရခိုင်ပြည်နယ်သို့သွားရောက် လေ့လာခဲ့သော ပူးတွဲမစ်ရှ င်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရ သည်။

မစ်ရှင်အဖွဲ့အနေဖြင့်အစိုးရ၏ အားစိုက်ထုတ်မှုဖြစ်သော ယင်း လုပ်ငန်းများကိုဒေသန္တရလူ့အဖွဲ့ အစ ည်း များနှင့်ညှိနှိုင်းတိုင်ပင်ကာ ပွင့်လင်းမြင်သာမှုနှင့်အချိန်သတ် မှတ်ချက်ထားရှိရန် အမျိုးသားရေး စရိုက်လ က္ခ ဏာသို့မဟုတ်အခြား ခေါင်းစဉ်တစ်ခုတပ်ကာလူသား မျိုးနွယ်စုတစ်ရပ်ကိုဆန့်ကျင်ခြင်း မပြုရန်နှင့်လူ သား ချင်းစာနာ ထောက်ထားသောအသက်ကယ် အကူအညီများကိုစွက်ဖက်ခြင်း မပြုရန်တိုက်တွ န်းေ ကြာင်း ၎င်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြ ထားသည်။

သမ္မတကြီးကောင်းတယ်လို့ ထွက်အော်ပေးမယ်ဟု ဒေါ်နော်အုန်းလှကပြော

Monday, November 18, 2013
နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ၂၀၁၃ ဒီဇင်ဘာတွင်လက် ကျန်နိုင်ငံရေးသမားများ လွှတ် ပေး မည် ဟုေ ပြာကြားခဲ့သည်နှင့် အညီ နိုဝင်ဘာ ၁၅ ရက်တွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား ၆၉ ဦး ပြန်လ ည် လွှတ်ေ ပးခဲ့သည်။

ပြန်လည်လွတ်မြောက်လာ သော အကျဉ်းသားများထဲတွင် ယခင်သမ်္မတဟောင်း ဦးနေ၀င်း ၏ မြေးများဖြစ် ကြသည့် ဦးအေး နေ၀င်းနှင့် ဦးကျော်နေ၀င်းတို့ ပါဝင်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့၏ ဆွေးနွေးပွဲ တက်ရောက်ရန် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ထိုင်းနိုင်ငံသို့ သွားရောက်မည်

Monday, November 18, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံး အပစ်အခ တ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT) ၏ဆွေးနွေးပွဲ တက်ရောက်ရန် ကချင်လွတ်မြောက်ရေး တပ် မ တော် (ကေအိုင်အေ) ၏ ဒုတိယစစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည် မြစ်ကြီးနား၊ ရန်ကုန်မြို့များမှ တစ် ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG) မှ ဦးလ မိုင် ဂွန်ဂျာ ၏ ပြောကြားချက်အရ သိရသည်။

လာမည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသား စာရင်းအား သမ္မတထံ တင်ပြနိုင်ပါက ယခုလအတွင်း နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်မြောက်နိုင်ဖွယ်ရှိ

Monday, November 18, 2013
နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် အကျဉ်းသား ၆၀ ဦးအား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်သွားမည်ဖြစ်ပြီး ကော်မ တီဝင်များ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် သမ္မတထံသို့ နိုင်ငံရေး အကျဉ်းသားစာရင်း တင်ပြနိုင်ပါက ယခုလအတွင်း နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်မြောက်နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အကျဉ်း သား များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်၏ ပြောကြားချက်အရ သိရသည်။

အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲ ထပ်ဖြစ်

Monday, November 18, 2013
တနိုင်ငံလုံး အပစ်ရပ်ရေး အတွက် တွေ့ဆုံဆွေးနွေးတဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ ပြီးစီးလို့ သီတင်းနှစ်ပတ် ပ င် မပြည့်မီ၊ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် တွေ အကြား နိုဝင်္ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့ မနက် က စလို့ ညနေပိုင်း အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်

ကချင်ပြည်နယ်၊ မန်စီ မြို့နယ် အတွင်းရှိ နမ့်လင်းပါရွာ အတွင်း ကို ၇ မိုင်အကွာ ရှိ မုန်းဒိန်းပါ ဘက်မှ အစိုး ရ စစ်ကြောင်း ဝင်ရောက်လာခဲ့တာပါ။ ရွာထဲမှာ စစ်ပြေး ဒုက္ခသည်တွေ၊ ကျောင်းသူ ကျောင်းသားတွေ နဲ့ ကျေးရွာ လူထု ရာနဲ့ချီ ရှိခဲ့တဲ့ အတွက် တိုက်ပွဲ က တိမ်းရှောင်ရအောင်၊ တောင်ကျော် ၊ တြော ဖ တ် ပြေးကြ ရပုံ ကို ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၁၂ မှ၊ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင် က ဘီဘီစီ ကို ပြောပါ တယ်။

My Blog List