Saturday, April 11, 2015

ဘယ်နှပွင့်ပဲဆိုင်ဆိုင် ရိုးသားပွင့်လင်းစွာဆွေးနွေးဖို့သာ အဓိက


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာရေး တားမြစ်ထားသည့် သဘောနှင့် ရေးဆွဲခဲ့ကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူအများနှင့်အတိုက်အခံပါတီက ပြင်ဆင်ရေးဆွဲရမည်ဟု တောင်းဆိုခဲ့ကြသော်လည်း နိုင်ငံအာဏာကို ဦးဆောင်နေသူ နိုင်ငံအကြီးအကဲများကမူ စိတ်လိုလက်ရ တွန်းအားပေးမဆောင် ရွက်သေးပါ ။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောထားလက်မှတ်ကောက်ခံရာ လူဦးရေမှာ သန်း ၆၀ တွင် ၅ သန်းသာရှိသည်ဟု အာဏာပိုင်များက သတ်မှတ်ပြောဆို သည်။

တရုတ်နှင့် တောင်ကိုရီးယားက ငွေကြေးများကို တန်ဖိုးမြှင့်သင့်ပြီဟု အမေရိကန် ပြောကြား


တရုတ်နှင့် တောင်ကိုရီးယား အစိုးရများသည် ၎င်းတို့၏တန်ဖိုးချထားသော ငွေကြေးများကို ကာကွယ် ရန် ဈေးကွက်များတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ပြီး ငွေတန်ဖိုးများကို မြင့်တက်စေ သင့် ပြီဖြစ် ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၉ ရက် ကပြော ကြားခဲ့သည်။

တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သော တိဘက်သီလရှင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ


ဒလိုင်လာမား ကိုထောက်ခံပြီး ဟိမဝန္တာဒသပေါ်တွင် တရုတ် အုပ်ချုပ်မှုကို ဆန့်ကျင် သည့်အနေဖြင့် ကိုယ့်ကိုယ် ကိုယ်မီးရှို့ ခဲ့သော တိဘက်သီလရှင် တစ်ဦး သည်သေဆုံး သွားပြီဟု ယုံကြည်ရကြောင်း လူ့အခွင့်အရေး အုပ်စုများနှင့် မီဒီယာများ ကဖော်ပြခဲ့သည်။

အပစ်ရပ် စာချုပ်မူကြမ်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ လိုလားချက်များကို UWSA ဌာနချုပ် တွင်ဆွေးနွေးမည်

အပစ်ရပ်စာချုပ်မူကြမ်း ၊ပြည်တွင်းနိုင်ငံရေး အခြေအနေ များနှင့် ငြိမ်းချမ်းရေးတွင်  တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တို့၏  လိုလားချက်များနှင့် ပတ်သက် သည့်ဆွေးနွေးပွဲ တစ်ခုကို UWSA "၀" သွေးစည်း ညီ ညွတ်ရေး တပ်မတော်ဌာနချုပ် ပန်ဆန်းဒေသတွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့အချို့ ထံမှ သိရသည်။

DKBA ဗိုလ်မှူးကြီး စောဆန်းအောင်ကို မူလတာဝန်ပြန်ပေး


ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့ရဲ့ ကလိုထူးဖော ဗျူးဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင် ကို မူလတာဝန်ပြန်လည်ပေးအပ်ဖို့ ပြီးခဲ့တဲ့ရက်ကပြုလုပ် ခဲ့တဲ့ သူတို့အဖွဲ့ရဲ့ တပ်မှူးများ အစည်းအဝေးကနေ အများသဘောတူ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။

ကျောင်းသားများ တောင်းဆိုချက်တွင် လက်ရှိအစိုးရ ဖြုတ်ချရေး မပါဝင်သော်လည်း အစိုးရက အမှုများ ဆင်ကာ ဖမ်းဆီး ထောင်ချလျက်ရှိဟု ဆို


လက်ပံတန်းတွင် အကြမ်းဖက်ဖြိုခွဲခံရပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ လှည်းတန်းတွင် ကျောင်းသား သပိတ် ကိုယ်စားပြုစစ်ကြောင်း ချီတက်ခြင်းနှင့် ပတ်သက်ပြီး ယင်းတွင်ပါဝင်ခဲ့သည့်ဗကသခေါင်းဆောင် ကျော်ကို ကို ၊ နန္ဒစစ်အောင် နှင့် ပိုပို အပါအ၀င် ၆ဦးအား ကမာရွတ်မြို့နယ် ရဲစခန်းမှ ပုဒ်မ-၅ခုဖြင့် အမှုဖွင့် ထားခြင်းဖြစ်ပြီး ယနေ့တွင် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားဆန္ဒပြမှု အကြမ်းဖက်ဖြိုခွဲခံလိုက်ရခြင်းအပေါ် ဘယ်လိုအရေးယူဆောင်ရွက် သင့်သလဲ



ယီမင်ပြည်တွင်းစစ်ကနေ ကယ်ဆယ်ခဲ့သည့် မြန်မာ ၂ ဦး နေရပ်ပြန်ရေး ညှိနှိုင်း



အိန္ဒိယ စစ်သင်္ဘော စစ်တွေသို့ရောက်ရှိ


အိန္ဒိယရေတပ်မှ သင်္ဘောတစ်စီးသည် စစ်တွေမြို့သို့ ရောက်ရှိနေပြီး စစ်တွေ အရှေ့ဘက် ပွိုင့်ကမ်းခြေ အနီးတွင် ကျောက်ချ ရပ်နားထားသည်။ “အခု ရောက်ရှိနေတဲ့ အိန္ဒိယ ရေတပ်သင်္ဘောက စစ်တွေမြို့ အိန္ဒိယ ဆိပ်ကမ်းအနီး ရေပြင်ကို တိုင်းထွာဖို့ ရောက်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့ဒီရေတပ် သင်္ဘောကို သွားရောက်လေ့လာခဲ့ပြီ ဖြစ်ပါတယ်။ တော်တော့ကိုအဆင့်မြင့်ပါတယ်”ဟု အမည်မဖော်လို သူ မြန်မာရေ တပ်မတော်သား တစ်ဦးက ပြောသည်။

သင်္ကြန်မိုး မင်းသမီး မေသန်းနုနဲ့ သင်္ကြန်မိုး အမှတ်တရ အမေးအဖြေ


နှစ်စဉ်နှစ်တိုင်း သင်္ကြန်အချိန်အခါ နီးလာပြီးဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကဒါရိုက်တာ မောင် တင်ဦး ရိုက်ကူးခဲ့ပြီး နေအောင်၊ ခင်သန်းနု၊ ဇင်ဝိုင်း၊ မေသန်းနုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားကို သတိရတတ်မြဲပါ။ မြန်မာသင်္ကြန်နဲ့ သင်္ကြန်မိုး ဇာတ်ကားဟာ တတွဲတည်း ဖြစ်နေ သလို၊ သင်္ကြန်မိုးဇာတ်ကားရဲ့ ဇာတ်ဝင် တေးတွေဟာလည်း အခုထိတိုင် မရိုးနိုင်အောင် နားထောင်ကြ ရမြဲ ဖြစ်ပါတယ်။ 

ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကျောင်းသား မိဘများ၏ ရင်ဖွင့်သံများ


အမျိုးသားပညာရေးဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့သည့် ကျောင်း သား ကျောင်းသူများနှင့် ဝန်းရံပြည်သူများကို လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင် များ၏ လုပ်ရပ်များနှင့် လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေးအပေါ် ဖမ်းဆီးခံ ကျောင်းသားကျောင်းသူ မိဘများ၏ သဘောထား အမြင်တို့ကို ဧရာဝတီ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်



လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှားယာဉ်နဲ့ သွား၊ လမ်းဘေး ကွမ်းယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေးတလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုဆိုင်ရာကျင့်ဝတ် တတိယမူကြမ်း ရပါပြီ – ဦးမျိုးညွန့်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအကြား ရေးဆွဲ နေတဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးခြင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေ နဲ့ပတ်သက်ပြီး ဒီလုပ်ငန်းစဉ်မှာ အစဉ်တစိုက် ပါဝင်လာခဲ့တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ထိပ်သီးခေါင်းဆောင် ၆ ဦး ပထမဆုံး အကြိမ် ဆွေးနွေး



ဒေါက်တာအေးမောင်ရဲ့ ၆ ပွင့်ဆိုင် အတွေ့အကြုံ



မနေ့သောကြာနေ့က ကျင်းပခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အခြေခံသဘော ထားတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါဝင်တဲ့ တိုင်းရင်းသား ပါတီတွေရဲ့ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

အမေရိက ထိပ်သီးပွဲ ကျူးဘား တက်ရောက်မှု Obama ကျေနပ်

အမေရိကတိုက်နိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ကျူးဘားနိုင်ငံ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်လာ တဲ့အပေါ် သူ့အနေနဲ့ ကျေနပ်မိတယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားကပြောလိုက်ပါတယ်။ ကျူးဘား သမ္မတ ရာအူးလ် ကက်စထရိုနဲ့ တွေ့ဆုံဖို့ခန့်မှန်းထားတဲ့ရက်မတိုင်ခင် တရက်မှာပဲ မစ္စတာ အိုဘားမားက အဲဒီလိုပြောတာပါ။

သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ ဟီလာရီ ကလင်တန် ကြေညာ ဖွယ်ရှိ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Hillary Clinton ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့ကျရင် တရားဝင်ကြေညာလိမ့်မယ်လို့ အမေရိကန် သတင်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ဆုံးဖြတ်ချက်ကို ကြေညာပြီး၊ ရှေ့သီတင်းပတ် အစောပိုင်းမှာပဲ မဲဆွယ်လှုပ်ရှားရေး အစီအစဉ်တွေအတွက် Iowa ပြည်နယ်ကို သွားမယ်လို့လည်း နီးစပ်သူ အသိုင်းအ၀ိုင်း ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဒီကနေ့ပဲ ဖော်ပြနေကြတာပါ။

တပ်မတော်သား အမတ်တွေ ဆက်ထားသင့်သလား၊ လျော့ချမလား

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်း မီဒီယာတွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သတင်းထောက် တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရင်း သူတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်တွေကနေ တပ်မတော်သား ကိုယ်စားလှယ်တွေကို အဆင့် ဆင့် လျော့ချဖို့ အစိုးရကို အကြံပြုထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ 

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဆက်လက် တွေ့ဆုံရန် သဘောတူညီ



နေပြည်တော် သမ္မတ အိမ်တော်တွင် ယနေ့ နေ့လယ်၂နာရီက ပြုလုပ်ခဲ့သည့် ခြောက်ပွင့်ဆိုင် တွေ့ ဆုံ ဆွေးနွေးမှုသည် တိကျသည့်အဖြေမထွက်သော ယေဘုယျဆန်သည့် တွေ့ဆုံမှုမျိုးသာ ဖြစ်သော် လည်း နောက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တွေ့ဆုံဆွေးနွေးပွဲကျင်းပ



Friday, April 10, 2015

အာဖဂန်နစ္စတန် ရှေ့နေချုပ်ရုံးကို သေနတ်သမားများ ၀င်စီး၊ ၁၀ ဦး သေဆုံး



အာဖဂန်နစ္စတန်နိုင်ငံ ဘားလ်ခ်ခရိုင်မြောက်ပိုင်းက ခရိုင်ရှေ့နေချုပ်ရုံးကို ဧပြီ ၉ ရက်နေ့က သေနတ်သ မားတွေ စီးနင်း တိုက်ခိုက်ခဲ့လို့ လူ ၁၀ ဦး သေဆုံးပြီး တခြားလူ ၆၃ ယောက် ဒဏ်ရာရတယ်လို့ တရားဝင် သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကမ္ဘာအပြင်ဘက်တွင် သက်ရှိများရှိကြောင်း အထောက်အထားများတွေ့ဟု နာဆာပြော



တရုတ်နိုင်ငံသား ၁၃၈ ဦး ပါဝင်သော တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ် ရှည်ချရန် အပက (၃) နှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူခဲ့ပြီး အမှုလေးမှုဖြင့် တရားစွဲ


တရုတ်သစ်ခိုးဂိုဏ်းကို ထောင်ဒဏ်နှစ်ရှည်ချရန် အပက (၃)နှင့် လူဝင်မှုကြီး ကြပ်ရေးဥပဒေတို့ဖြင့် အရေးယူမှုပြုလုပ် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလအတွင်းက ကချင်ပြည်နယ် ဝိုင်းမော်ဒေ သတွင် ဖမ်းမိခဲ့သည့် တရုတ်သစ် ခိုးဂိုဏ်းတွင် တရုတ်နိုင်ငံသား ၁၃၈ ဦး ပါဝင်ခဲ့ပြီး အပေါင်းအပါ အဖြစ် မြန်မာနိုင်ငံသား အချို့လည်း ပါဝင်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

စစ်တွေမြို့တွင် သင်္ကြန်အကြိုကာလ တားမြစ်ဆေးများရောင်းချမှု စစ်ဆေးရာမှ ပထမဆုံး (၃)မှု ဖမ်းဆီးရမိ



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် ကာမဆေးအပါအ၀င် တားမြစ် ဆေးဝါးများ ရောင်းချခြင်းမရှိစေရန် စစ်ဆေးလျက်ရှိရာ ဧပြီ ၈ ရက်နေ့အထိ ဖမ်းဆီးရရှိမှု(၃)မှု ရှိနေပြီ ဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရှိရသည်။

ဗကသ ကျောင်းသူ မပိုပိုကို ရဲတပ်ဖွဲ့က ဖမ်းဆီး


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသား တချို့ကို ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးရာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)မှ ကျောင်းသူ မပိုပိုကိုလည်း ဧပြီ ၈ ရက်က ဖမ်းဆီး လိုက်ကြောင်း သိရသည်။

သမ္မတ အပါအ၀င် နိုင်ငံရေးထိပ်ပိုင်း ခေါင်းဆောင် ၄၀ ကျော် တတိယအကြိမ် တွေ့ဆုံ


အစိုးရ ခေါင်းဆောင်များ အပါအ၀င် တိုင်းရင်းသားနှင့် နိုင်ငံရေး ခေါင်းဆောင် ၄၃ ဦး တတိယအကြိမ် တွေ့ ဆုံ ဆွေးနွေးပွဲကို ဧပြီ ၈ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်ကြောင်း သတင်းရရှိသည် ။တွေ့ဆုံဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်း အတည်ပြုနိုင်ခဲ့ခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ချောမွေ့ရေးနှင့် ရွေးကောက်ပွဲ မတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်ရေး ဆိုင်ရာတို့ကို အပြုသဘောဆောင်၍ ဆွေးနွေးခဲ့ကြသည်ဟု ထိုဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့် က ပြောပြသည်။

ကိုးကန့် တိုက်ပွဲ ပြင်းထန်


ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်တို့ကြား လောက်ကိုင်ဒေသမှာ မနေ့ကစပြီး တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့ပြီး မနေ့ကနဲ့ ဒီကနေ့ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ မြန်မာ့တပ်မတော် နဲ့ ကိုးကန့်တို့ကြား ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံး လို့ ကိုးကန့် တပ်ဖွဲ့ကပြောပါတယ်။ တိုက်ပွဲအခြေနေနဲ့ ပါတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်း ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာသူက အခုလို စတင်ပြောဆိုပါတယ်။

မော်စီတုန်းကို လှောင်ပြောင်တဲ့ ရုပ်သံ တင်ဆက်သူကို အရေးယူမည်


ကွယ်လွန်သူတရုတ်ခေါင်းဆောင်ဟောင်း မော်စီတုန်းကို လှောင်ပြောင်ထားတဲ့ ဗွီဒီယိုတခုမှာ ပါဝင်ခဲ့သူ အဖြစ် ထိပ်တန်း ရုပ်မြင်သံကြား အစီအစဉ်မှူးတဦးကို အရေးယူမယ်လို့ အစိုးရပိုင် တရုတ်ဗဟို သတင်း အေဂျင်စီ CCTV က ပြော လိုက်ပါတယ်။ သီးသန့် ညစာစားပွဲ တခုမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲ မှာတော့ CCTV ရုပ်မြင်သံကြား အစီအစဉ်မှူး Bi Fujian ဟာ ခေတ်သစ် တရုတ်နိုင်ငံကို ထူထောင်သူ အဖြစ် ထင်ရှားတဲ့ မော်စီတုန်းကို သရော်တဲ့ စကားလုံးတွေကို သုံးနှုန်းပြောဆိုခဲ့တာပါ။

ဖတ်ရသမျှကို မယုံကြည်ရန် အရှင် ဦးဝီရသူ ဟောကြား


ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့  လမ်းမတော်မြို့နယ်တွင် ပြုလုပ်သည့် တရားပွဲတွင် ဆရာတော် ဦးဝီရသူမှ ဖတ်ရသမျှကို မယုံကြည်ကြရန် တရားဟောခဲ့ကြောင်း သတင်းရရှိပါသည်။
ဆရာတော်က
"အဲဒီလိုပဲ ကျမ်းစာပြောလဲမယုံနဲ့ ဒီကျမ်းမှာ ဘုရားဟောထားတယ် ဘုရားဟောလို့ ယုံတယ်ဆိုတာကြီးက မျက်စိမှိတ်ယုံ တဲ့ သဘော မျိုးဖြစ်နေတယ် ဘုရားဟောတဲ့အတိုင်းကို ကျင့်ကြည့် ကျင့်ကြည့် လို့လက်တွေ့ကျ လက်တွေ့ကျလို့ အကျိုးရှိ အကျိုးရှိလို့ကုသိုလ်ရ ကုသိုလ်ရလို့အပြစ်ကင်း အပြစ်ကင်းလို့ ချီးမွမ်းခံ အဲဒီလို အဆက် အစပ်သော ဆင့်ကဲဆင့်ကဲသော အကျိုးကျေးဇူးတွေ ရလာပြီးဆိုမှ ဘုရားဟောတာကို လက်ခံ၊ အဲဒီလို လက်တွေ့မကြည့်ဘဲနဲ့ တန်းယုံကြည် လိုက်တာမျိုး ဒါကြောင့် မို့ ကျမ်းစာပြောလဲမယုံနဲ့ လက်တွေ့ကျမှ ယုံ"

လွှတ်တော် ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် အဆောက်အဦး များ ဆောက်လုပ်ပေးရန် အဆိုအပေါ် ဘဏ္ဍာရေး ဝန်ကြီးမှ ငြင်းဆန်ချေပရာတွင် ဥာဏ်နည်းဟု ဆို


ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် အဆောက်အဦးများဆောက်လုပ်ပေးရန် ဦးမန်းအောင်တင်မြင့် (တစည ပါတီ) က အရေးကြီး အဆိုတင်သွင်းခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က အရေးကြီး အဆို အင်္ဂါ ရပ် နှင့် မညီဟု ပြန်လည်ချေပပြောဆို ခဲ့ကြောင်း သိရသည်။

ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် NLD ပါတီဝင်လျှောက်ထား


ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုစည်သူမောင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် ၀င်ရောက်လိုက်ပြီဖြစ် ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒလမ်း စဉ်တွေကို ယုံကြည်တာကြောင့် ပါတီဝင်အဖြစ် လျှောက်ခဲ့တာဖြစ်တယ်လို့ ကိုစည်သူမောင်က ပြောပါ တယ်။

တပ်မတော်သား ကိုယ်စား လှယ်လျှော့ချဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြုထား


ရွေးကောက်တင်မြှောက်ခံရခြင်း မဟုတ်ဘဲ လွှတ်တော်တွေမှာ ကိုယ်စားပြု ခွင့်မရှိဘူးဆိုတဲ့ ဒီမိုကရေစီကျင့် စဉ်အတိုင်း လက်ရှိလွှတ်တော်တွေက တပ်မတော်သား ကိုယ်စားလှယ်အရေအတွက်ကို တဖြည်းဖြည်း ချင်း လျှော့ချသွားဖို့အတွက် အကြံပြုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က ပြောပါတယ်။

အခြေခံဥပဒေကို လွှတ်တော်က အချိန်မီ မပြင်နိုင်လျှင် ပြည်သူလူထုကို အားကိုးမည်ဟု ဒေါ်စု ပြော


၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လွှတ်တော်က လျာထားချက်များအတိုင်း အချိန်မီ မပြင်နိုင်လျှင်  ပြည်သူ လူထုကို အားကိုးမည်ဟုဒေါ်အောင်ဆန်းစုကြည် က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီရုံး တည်ရှိရာ လွှတ်တော်ရေးရာ အိုင်အဆောင် (၁၂)တွင် ယနေ့ ညနေ မီဒီယာများနှင့်တွေ့ ဆုံစဉ် မဇ္ဈိမ၏ အမေးကို ဖြေကြားခဲ့သည်။

လောက်ကိုင်၊ချင်းရွှေဟော်ကားလမ်းအားစိုးမိုးထားသည့်ကိုးကန့် သောင်းကျန်းသူများ အခိုင်အမာအခြေပြုထားသောပွိုင့်-၁၈၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိ



လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ ကာကွယ် စောင့်ရှောက်နိုင် ရန်အတွက် တပ်မတော်အနေဖြင့် လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုနှင့် အင်အားဖြည့်တင်းခြင်းကို လေယာဉ်၊ ရဟတ် ယာဉ်၊ မော်တော်ယာဉ်များအသုံးပြု၍ ဆောင်ရွက်ခဲ့ပြီး ပစ်ကူပစ်အားအတွက် လေကြောင်းပစ်ကူ၊လက်နက် ကြီးပစ်ကူများကို အပြည့်အဝ အသုံးပြု ၍ ကိုးကန့်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းခဲ့သည်။ 

Thursday, April 09, 2015

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနှင့် တွေ့ဆုံခြင်း



Q::အခု အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု(မူကြမ်း) ကို အပြီးသတ်အကောင်အထည်ဖော်နိုင် ဖို့အရေး ဆရာတို့ NCCT အဖွဲ့အနေနဲ့ ရှေ့ဆက်ဘာတွေဆက်လုပ်သွားဖို့ စီစဉ်ထားပါသလဲ။

ခြောက်ဦးဆွေးနွေး ပွဲ ဒေါ်အောင်ဆန်းစုကြည် ကြိုဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး မနက်ြဖန် ကျင်းပမယ့် နိုင်ငံရေးခေါင်းဆောင် ခြောက်ဦးဆွေးနွေးပွဲကို ကြိုဆိုလိုက်ပါတယ်။  "ဝမ်းသာတာပေါ့၊ အစက တည်းက ဒီလို ခြောက် ဦးတွေ့ဆုံမယ့်ဟာကို လွှတ်တော်ကလည်း တင်ခဲ့ တာဖြစ်တယ်၊ အစ်မတို့ကလည်း အစကတည်းက ဒီဟာကို လိုလားခဲ့တာဖြစ်တယ်ဆိုတော့ ဒီလိုဖြစ်မြောက်တာကို ကြိုဆိုပါတယ်"

ယခုနှစ် မူလတန်းပြ ဆရာအတတ်သင်တန်း အတွက် သင်တန်းသား လေးထောင်ကျော် လျာထား


နိုင်ငံတစ်ဝန်း မူလတန်းအဆင့် စာသင်ကျောင်းများတွင် သင်ကြားပို့ချရန် လုပ်ငန်းခွင်အကြို မူလတန်းပြ ဆရာ အတတ်ပညာသင်တန်းအတွက် သင်တန်းသား ၄၃၀၀ ဦးနီးပါး ခေါ်ယူရန် စီစဉ်ထားကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဓားစာခံ ၂၀၀ ကျော်ကို အိုင်အက်စ် စစ်သွေးကြွများ ပြန်လွှတ်



PR စနစ် ကျင့်သုံးပါက အာဏာရှင်စနစ် ပြန်ရောက်သွားမည်ဟု သူရဦးအောင်ကို သတိပေး


လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် PR ကိုကျင့်သုံးရန်လွှတ်တော်တွင် ဆွေးနွေးမှုများ အပြီး အဆိုပါPR စနစ်ကို ကျင့်သုံးပါက နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်ကာ အာဏာရှင်စနစ်သို့ ပြန် လည်ရောက်ရှိသွားလိမ့်မည်ဟု အငြိမ်းစား တပ်မတော်အရာရှိ သူရဦးအောင်ကိုက သတိပေးလိုက်သည်။

My Blog List