Thursday, July 09, 2015

အာရှလမ်းမကြီးကို အစိုးရတပ် ထိန်းချုပ်၊ ပစ်ခတ်မှုများဆက်ရှိနေ


အစိုးရ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေ ပူးပေါင်းပြီး အာရှလမ်းမကြီး တလျှောက် နယ်မြေရှင်းလင်း ရေးနဲ့ လမ်းလုံခြုံရေးတွေကို ဆောင်ရွက်နေပေမယ့် သေနတ်သံတွေ ကြားနေရဆဲပဲလို့ ကော့ကရိတ်မြို့ခံ ဦးအောင်ကိုက ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားပင်စင် သက်တမ်းကို ယခင်အတိုင်း နှစ် ၆၀ အဖြစ်သာ ထားရှိရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်



နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူခွင့်ပြုသည့် သက်တမ်းကို ယခုကျင့်သုံးနေသော အသက် ၆၀ နှစ် ပြည့်သည့်နေ့ ရက်တွင် အငြိမ်းစားယူသည့် စနစ်ဖြင့်သာ ဆက်လက်ထားရှိရေး ပြည်ထောင်စုလွှတ်တော် နှင့် ပြည်ထောင် စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို ဇူလိုင်လ ၉ ရက်တွင် ပြုလုပ် သော  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အပေါ် စစ်ရေး ခြိမ်းခြောက်မှုအသွင် မဖြစ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ပြောကြား


ယခင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် ကြယ်လေးပွင့် အဆင့်ရှိ ဗိုလ်ချုပ် Colin Powell မှ ဇူလိုင်လ ၈ ရက်နေ့က အမေရိကန် လွှတ်တော် စာကြည့်တိုက်တွင် မိန့်ခွန်း ပြောကြားရာတွင် တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အပေါ် စစ်ရေး ခြိမ်းခြောက်မှု မဖြစ်ပွား လာနိုင်ကြောင်း ၊ ဤသည်မှာ တရုတ် နိုင်ငံ၏ အကျိုးစီးပွား နှင့်လည်း မကိုက်ညီကြောင်း ပြောကြား ခဲ့သည်။

ငြိမ်းချမ်းရေးကို တကယ်မြတ်နိုးရင်


မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြိုကျနေပါတယ်။ လူများစု နိုင်ငံသားများ အတွက်ကတော့ ကျန်းမာရေး၊ လူမှု ရေး၊ ပညာရေး၊ စီးပွားရေး ဘာဆိုဘာမှ မကောင်းပါ။ ဒါပေမဲ့ လူအနည်းစုကတော့ အချမ်းသာကြီး ချမ်းသာ ပါတယ်။ မြေပြန့်က ညီအကို မောင်နှတွေ ခံစားနေရသလို တောင်ပေါ်က တိုင်းရင်းသား ညီနောင်များဟာ လည်း ဖက်စုံ ပြိုကျနေတဲ့ဒဏ်ကို အတူတူခံစား ရပါတယ်။ ပိုဆိုးတာက တောင်ပေါ်ဒေသများမှာ အခုအထိ စစ်ပွဲတွေကို ရင်ဆိုင်နေရတာကြောင့် သူတို့ဖက်မှာ ပိုပြီးခံစား ရပါတယ်။ ညီနောင်များရဲ့ တောင်ပေါ်ဒေသ များဟာ စစ်ပွဲတွေနဲ့အတူ နပန်းလုံးလာ ရတာ နှစ်ပေါင်း ၅ဝ ကျော်ပြီဖြစ်ပေမယ့် အခုအထိ ငြိမ်းချမ်းမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ်များ သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ်ခွင့် ပယ်ချခံရ


လက်ရှိကျင့်သုံးနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့် အပ်သည့်စနစ် အစား သက်ဆိုင်ရာ လွှတ်တော်များက ရွေးချယ် တင်မြှောက်နိုင်ရေး ပြည်ထောင်စု လွှတ် တော်က ပြင်ဆင်ရန် ကြိုးစားရာ တပ်မတော်၏ ထောက်ခံမှု မရသဖြင့် ရှုံးနိမ့်သွား ကြောင်း သတင်းရရှိ သည်။

ဒဂုံစီးတီးစီမံကိန်းရပ်ဆိုင်းလိုက်ခြင်းအပေါ် သဘောထားအမြင်များ


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ယခင်နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နှင့် အမှတ် (၁) မော်တော် ယာဉ်တပ်ရင်းနေရာဟောင်းတို့တွင် တည်ဆောက်မည့်စီမံကိန်းများ (ဒဂုံစီးတီးစီမံကိန်း) ကိုရပ်စဲကြောင်း အမိန့်ကြော်ငြာစာအမှတ် ၆၆/၂ဝ၁၅ ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဇူလိုင်လ ၇ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

ဖမ်းဆီးထားသည့် ဆန္ဒပြကျောင်းသားခေါင်းဆောင်နှစ်ဦးကို ဇူလိုင် ၁၅ ရက်တွင် တရားစွဲဆိုမည်


အခြေခံဥပဒေပြင်ဆင် ရေးဆန္ဒပြတောင်းဆိုမှုကြောင့် ပုဒ်မနှစ်ခုဖြင့် ဖမ်းဆီးအရေးယူ ထားသော တကသ ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဇူလိုင် ၁၅ ရက် တွင်ရုံးထုတ်၍ တရားစွဲဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အနည်းဆုံးလုပ်ခ ကျပ် ၃၆၀၀ ကို အထည်ချုပ်လုပ်ငန်းရှင် တစ်ရာကျော် ကန့်ကွက်စာတင်


မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခသတ်မှတ်ရန် အဆိုပြုထုတ်ပြန်ထားသည့် ကျပ် ၃၆၀၀ နှုန်းထားကို မပေးနိုင်သဖြင့် အထည်ချုပ်လုပ်ငန်းရှင် ၁၀၅ ဦး၏ ကန့်ကွက်လွှာများကို ဇူလိုင်လ ၇ ရက်နေ့က သက်ဆိုင် ရာကော်မတီသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြား သည်။

ဇာတ်ရုပ်အတွက် မျက်ခုံးမွေးနဲ့ဆံပင်ရိတ်ဖို့ အသင့်ဖြစ်နေတဲ့ နန်းခင်ဇေယျာ


 ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမည့် ‘အနန္တ’ရုပ်ရှင်ဇာတ် ကားအတွက် အဓိကအမျိုးသမီး သရုပ်ဆောင် ရွေးချယ်လျက်ရှိရာဆန်ခါတင်ရွေးချယ်ခံရသူစာရင်းတွင် အလှမယ်နန်းခင်ဇေယျာပါဝင်နေကြောင်းသတင်း ရရှိသည်။

ဒီချုပ် ရွေးကောက်ပွဲဝင်၊ မဝင် ရက်ပိုင်းအတွင်း ကြေညာမည်


အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်ကိုကော်မရှင်က ကြေညာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(NLD)က ရွေးကောက်ပွဲဝင်၊မဝင်ဆိုသည့် ဆုံးဖြတ်ချက်ကို လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေ ညာဖြစ်ကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲမတိုင်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး NCA စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရန် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြား


တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) NCA စာချုပ်ကို ရွေး ကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ သည်။

သူတို့ ပြည်သူကို ကျောခိုင်းသွားကြပြီလား



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ) နှင့် အကျုံးဝင်သည့် ပုဒ်မများအား ဇူလိုင် ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်တွင် လျှို့ဝှက်မဲလက်မှတ် စနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ လုံလောက်သော ထောက်ခံမဲ မရရှိသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိဘဲ ဇယား (၂) နှင့် ဇယား (၅) တွင် ဖြည့်စွက် ချက် အသစ်များသာ ပြင်ဆင်နိုင်ခဲ့သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက် အာဏာခွဲဝေခြင်း ၊ သယံဇာတခွဲဝေခြင်းနှင့် အခွန်အခ ခွဲဝေခြင်း ပြင်ဆင်ချက်အဆို လွှတ်တော်တွင် အနိုင်ရ


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ)တွင် အကျူံးဝင်သည့် ဇယား ၂ နှင့် ၅  တို့နှင့် စပ်လျဉ်းသည့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် အာဏာခွဲဝေခြင်း ၊ သယံဇာတ ခွဲဝေခြင်း နှင့် အခွန်အခ ခွဲဝေခြင်းနှင့် ပတ်သက်၍ ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်သည့် အခါ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းနှင့် အထက် ကျော်သည့် အတွက် အဆိုပါ အချက်များ အား ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု လိုက်သည်။

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲများ အတွက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်များ ဇူလိုင်လ ၂၀ ရက် စတင် တင်သွင်းနိုင်


ယခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များတွင် လွှတ်တော် အသီးသီးအ တွက် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း ၊ စိစစ်ခြင်း ၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ ရက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့များ စတင် မဲဆွယ်စည်းရုံးနိုင်


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတ၊ ဒုတိယသမ္မတအပါအဝင် ပြည်ထောင် စု အစိုးရ အဖွဲ့ဝင်များ ဇူလိုင်လ ၈ ရက်နေ့မှ စတင်ပြီး ပါတီ စည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများ တရားဝင်လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် လိုက်သည်။

Wednesday, July 08, 2015

“စစ်တပ်က အာဏာသိမ်းချင်လို့ သိမ်းတာမရှိဘူး … ဆူလို့သာ”


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ဆုံမေး မြန်းချက် ဒုတိယပိုင်းအဖြစ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအနေနဲ့ တပ်မတော်က အာဏာသိမ်းနိုင်တယ်ဆိုတာကို ခြိမ်းခြောက်တဲ့ သဘောနဲ့ ပြောတာလား၊ ဒါမှမဟုတ် သူ့မှာ တခြား ဘာဆန္ဒတွေရှိလဲ၊ လာမယ့်ရွေး ကောက်ပွဲမှာ အတိုက် အခံ ပါတီကသာ နိုင်ခဲ့မယ်ဆိုရင်ကော အာဏာလွှဲ ပြောင်းဖို့ကို သူ့အနေနဲ့ ဘယ်လို အာမခံချက်တွေ ယူထားသလဲ၊ သူ့ရဲ့ ပါတီဟောင်းဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပေါ်မှာ သံယောဇဉ်ရှိတဲ့ အတွက်ကြောင့် အဲဒီပါတီကို လာမယ့်ရွေးကောက်ပွဲမှာ နိုင်စေ ချင်သလား ဆိုတာတွေကို ဧရာဝတီမဂ္ဂဇင်း အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

ရွေးကောက်ပွဲ အထူးရဲ ၂၀၀၀၀ ကျော် စတင်ခေါ်ယူပြီ


၂၀၁၅ ခုနှစ် အောက်တိုဘာလအကုန်(သို့မဟုတ်) နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလအတွင်း မဲရုံ လုံခြုံရေး တိုးမြှင့်နိုင်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲအထူးရဲ ၂၀၀၀၀ ကျော်ခေါ်ယူမည်ဖြစ်ပြီး လတ်တလော ရပ်ကွက်ကျေးရွာများတွင် အထူးရဲတာဝန်ထမ်းလိုသူများ ကွင်းဆင်း စုဆောင်းနေပြီဖြစ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကော်မရှင်ကြေညာ


၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်၊ တနင်္ဂနွေနေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့သတင်းထုတ် ပြန်လိုက်ကြောင်း ကော်မရှင်ရုံးညွှန်ကြားရေးမှူးဦးဝင်းကြည် က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

အသက် ၆၀အထိသာ နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်ထားရှိရန် ပြည်ခိုင်ဖြိုးအမတ် အရေးကြီးအဆိုတင်


နိုင်ငံ့ဝန်ထမ်းများကို လက်ရှိကျင့်သုံးနေသည့် အသက် ၆၀အထိသာ ဆက်လက်ထားရှိပြီး အသက် ၆၀ ကျော်ပါက သက်ပြည့်ပင်စင်ပေးရန် အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွိုင်ကော်မြို့ နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးခင်မောင်ညိုက ဇူလိုင် ၈ရက်တွင်ပြုလုပ်သည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းလိုက်သည်။

ပန်းရောင်ကတ် ဖြင့် နေရပ်ပြန်သူများကို ဘန်ကောက် မြန်မာသံရုံး အသိပေးချက်ထုတ်


ထိုင်းနိုင်ငံအတွင်း ပန်းရောင်ကတ် ကိုင်ဆောင်ထားသူတွေ နေရပ်ပြန်တဲ့ အခါ သံရုံးထောက်ခံချက်အပြင် နယ်မြေအလုပ်သမားဌာန ထောက်ခံစာနဲ့ အလုပ်ရှင်ထောက်ခံစာတို့ပါ ပူးတွဲယူဆောင်သွားကြဖို့ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး နှိုးဆော်လိုက်ပါတယ်။

မိခင်ကမ္ဘာမြေကို ကာကွယ်ကြရန် ပုပ်ရဟန်းမင်းကြီး မိန့်ကြား


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ယိုယွင်းနေတဲ့ အရှိတရားတွေကို မျက်ကွယ်မပြု ကြဖို့၊ ဒီလို ပျက်စီးနေတာကြောင့် ဆင်းရဲသားတွေ ဒုက္ခရောက်ကြရတယ်ဆိုတာ မမေ့ကြဖို့ သတိပေးလိုက် ပါတယ်။ ကမ္ဘာကြီးကို မဖြစ်မနေကာကွယ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးလို့လည်း အီကွေဒေါ နိုင်ငံကို ရောက်နေတဲ့ ၃ ရက်မြောက်နေ့မှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားလိုက်တာပါ။

မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်စစ်တပ်မှ စစ်ဆင်ရေးပြုလုပ်


မြန်မာနှင့် နယ်ချင်းထိစပ်နေသည့် စစ်တကောင်း တောင်တန်းဒေသတွင် ဘင်္ဂလာဒေရှ့် စစ်တပ်မှ အင် အား ၄၀၀ ကျော်ဖြင့် စစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်နေကြာင်း Cox’sbazarnews တွင် ဖော်ပြသည်။ယခု ပြုလုပ်နေသည့် စစ်ဆင်ရေးကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့ထိ ပြုလုပ်သွားမည်ဟု သိရသည်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ထိုင်းကျောင်းသား ၁၄ ဦး လွတ်မြောက်


စစ်တပ်အာဏာသိမ်းယူတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ထိုင်းကျောင်းသား ၁၄ ဦးကို ထိုင်းစစ်ဘက်တရားရုံး က ချုပ်နှောင်ထားရာကနေ ယာယီပြန်လွှတ်ပေးလိုက်ပါတယ်။  မနှစ်က ထိုင်းနိုင်ငံရေးမှာ ၀န်ကြီးချုပ် ယင်လတ်အစိုးရနဲ့ အတိုက်အခံတွေအကြား နိုင်ငံရေး မငြိမ်သက်မှုတွေဖြစ်ခဲ့ပြီး ပြည်သူတွေရဲ့ ထောက်ခံ မှုကျဆင်းလာချိန်မှာ ထိုင်းစစ်တပ်က မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ 

ဂရိကြွေးမြီကိစ္စ တနင်္ဂနွေမှာ ထပ်ဆွေးနွေးမယ်


အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံက ခေါင်းဆောင်တွေက ဂရိနိုင်ငံရဲ့ ကြွေးမြီကိစ္စကို လာမယ့် တနင်္ဂနွေနေ့မှာ ထပ်မံ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အင်္ဂါနေ့မှာ ပြုလုပ်တဲ့ အစည်းအဝေးအတွင်း ဘာအဖြေမှ မယ်မယ်ရရ မထွက်လာတဲ့အတွက် တနင်္ဂနွေနေ့မှာ ပြန်တွေ့ကြဖို့ သဘောတူခဲ့ကြပါ တယ်။

တပ်မတော်နှင့် DKBA တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံက ကြိုတင်ပြင်ဆင်မှုပြုလုပ်


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တို့အကြား တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာ၍ အိမ်နီးချင်း ထိုင်းနိုင်ငံက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည် ဟု သိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ (ခ) တွင် အကျုံးဝင်သည့် ပုဒ်မများ ပြင်ဆင်ရေး မဲခွဲ



မျိုးဆက်အလိုက် IS ကို ချေမှုန်းရလိမ့်မယ်


IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကို လွယ်လွယ်ကူကူနဲ့ တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက သတိပေးလိုက် ပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံအတွင်းက စစ်သွေးကြွ တွေကို ဝေဟင်ကနေ အကြိမ်ပေါင်း ၅၀၀၀ ကျော် တိုက်ခိုက်လာပြီ ဖြစ်ပေမယ့် IS အဖွဲ့ဟာ အရင်အတိုင်း ပဲ ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဇူလိုင်လကုန် အိန္ဒိယသွားမည်


အိန္ဒိယစစ်တပ်အကြီးအကဲ Dalbir Singh ရဲ့ ဖိတ်ကြားချက်အရ နှစ်နိုင်ငံနယ်စပ်ဒေသမှာရှိနေတဲ့ သောင်း ကျန်းသူတွေကို ကင်းလှည့်ရေးကိစ္စ အပါအ၀င် နှစ်နိုင်ငံ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို အခုလကုန်ပိုင်းမှာ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်အနီး Dagon City စီမံကိန်း အစိုးရရပ်ဆိုင်း



အီရန်နျူကလီးယား ဆွေးနွေးပွဲ ရက်ထပ်တိုးတော့မည်မဟုတ်


အီရန်နိုင်ငံနဲ့ ပြုလုပ်နေတဲ့ နျူကလီးယား အရေး ဆွေးနွေးပွဲတွေဟာ ရက်အကန့်အသတ်မရှိ ပြုလုပ်နေတာ မျိုးမဟုတ်ဘဲနောက်ဆုံးအကြိမ်အဖြစ် မကြာသေးခင်က သက်တမ်းထပ်တိုးလိုက်တာဖြစ်ကြောင်းအနောက် အုပ်စုက သံတမန်တွေက Vienna မြို့မှာ ပြောပါတယ်။

ဗီယက်နမ် ကွန်မြူနစ်ခေါင်းဆောင်ကို အိမ်ဖြူတော်ကြိုဆို


အမေရိကန်သမ္မတ Barack Obama ဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က တွေ့ဆုံဧည့်ခံခဲ့ပါတယ်။ ဒါဟာ အရင်ရန်ဘက် ၂ နိုင်ငံဟောင်းတို့ ဆက်ဆံရေး တိုးမြှင့်ဖို့ နောက် ဆုံးကြိုးပမ်း မှုပဲ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဆန္ဒပြ အဖမ်းခံရသူတချို့ အာမခံရ


အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ပေးဖို့ ခရီးရှည်ချီတက်ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ အကြမ်း ဖက်ဖမ်းဆီးခံရပြီး သာယာဝတီထောင်ထဲ ထိန်းသိမ်းခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည် သူပေါင်း ၁၁ ဦးကို ဒီကနေ့ သာယာဝတီခရိုင် တရားရုံးက အာမခံပေးကြောင်း အမိန့် ထုတ်ပြန်လိုက်ပါ တယ်။

အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု


အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုရှိတယ်လို့ ဝေဖန်ခံနေရတဲ့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်း မြားခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ မြန်မာဗုဒ္ဓ ဘာသာဝင်မိန်းမတွေနဲ့ တခြားသာသာဝင်ယောက်ျားတို့ လက်ထပ်တဲ့အခါမှာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ တွေကို အကာအကွယ် ပေးဖို့အတွက် ဒီဥပဒေကို ပြဌာန်းတာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေ ကြမ်းပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ဆွေးနွေးခဲ့ပါတယ်။

မိုးကုတ် ရေပူဆရာတော်အမှု စတင်ရုံးထုတ်စစ်ဆေး


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တရားရုံးမှာ မိုးကုတ်မြို့ ရေပူဆရာတော် ဦးဣန္ဒကနဲ့ ဒကာ ၄ ဦး ကို ဒီကနေ့ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီကနေ့ တရားရုံးမှာ ရဲလုံခြုံရေးတွေတင်း ကြပ်ထားပြီး တရားရုံးကို တခါးပိတ်စစ်ဆေးခဲ့တယ်လို့ အဲဒီတရားရုံးကို သွားရောက်ခဲ့တဲ့ ဆရာတော်ရဲ့ တပည့်ဖြစ်သူ ဦးစိုးဌေးက ပြောပါတယ်။

ဆဲဗင်းဂျူလိုင် အခမ်းအနားတွေ ကျင်းပ၊ တကသခေါင်းဆောင် ကိုဇေယျာလွင်ကို ဖမ်းဆီး



၅၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်နှစ်ပတ်လည်နေ့ အခမ်းအနားကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ အဖွဲ့ဝင်တွေက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

၇ ဇူလိုင်အထိမ်းအမှတ် သမဂ္ဂနေရာဟောင်းမှာကျင်းပ


ဒီမိုကရေစီပညာရေးသပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေး ဖို့နဲ့ လွှတ်တော်တွင်း နေရာယူထားတဲ့ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို အမြန်ဆုံး ဖယ်ရှားပေးဖို့ ကျောင်း သားတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဒီမိုကရေစီစနစ်ကျတဲ့ ပညာရေးကို ဦးတည်နိုင်ဖို့ ကျောင်းသား တွေရဲ့ အမှန်တကယ် လိုလားချက်တွေကို အလေးထားဖို့ ကျောင်းသားတွေက တောင်းဆိုလိုက်တာပါ။ 

မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး ပြည်သူပူးပေါင်းဖို့ ကော်မရှင်တိုက်တွန်း



လာမယ့် ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ရရှိဖို့ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာသာမက မဲဆန္ဒရှင်ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေမှာပါ တာဝန်ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ 

Tuesday, July 07, 2015

ရတနာပုံတက္ကသိုလ်တွင် 7 july နေ့အခမ်းအနားပြုလုပ်



အမျိုးပညာရေး သပိတ်မှောက် ကျောင်းသား ၁၀ ဦး အာမခံဖြင့် ပြန်လွှတ်ပေးမည်


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံ ထားရသော အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံ ပြည်သူ ၇၀ ကျော်အနက်မှ ကျောင်းသား ၁၀ ဦးနှင့် ဝန်းရံပြည်သူ ၁ ဦးကို သာယာဝတီခရိုင် တရားရုံးက ယနေ့ နံနက် အာမခံပေးလိုက်ပြီး ဇူလိုင် ၁၄ ရက်နေ့တွင်ပြန်လွှတ်ပေး မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်/ကျဉ်းဟောင်းများအဖွဲ့ တနင်္ဂနွေလှုပ်ရှားမှု ဒုတိယအပတ်အဖြစ် တောင်ဒဂုံမှအကျဉ်းကျဆဲ နိုင်/ကျဉ်းမိသားစုများကိုတွေ့ဆုံ


နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်း ချက်မရှိပြန်လည်လွှတ်ပေးရန် အပတ်စဉ် တောင်းဆိုသည့်အနေဖြင့် တနင်္ဂနွေလှုပ် ရှားမှု (ဆန်းဒေးကမ်ပိန်း) ကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က တစ်ပတ်ခြား တနင်္ဂနွေနေ့တိုင်လှုပ်ရှားလျက် ရှိရာ ဇူလိုင် ၅ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ပုဒ်မမျိုးစုံဖြင့် ပြစ်ဒဏ်ကျခံနေရသည့်နိုင်ငံရေးတက်ကြွ လှုပ်ရှားသူခြောက်ဦး၏မိသားစုများထံ သွားရောက်တွေ့ဆုံအား ပေးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းမှု ဆန့်ကျင်သည့် ထိုင်းကျောင်းသားများကို စစ်ခုံရုံးတင်မည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ပြောကြား


ထိုင်းစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ကျောင်းသား ၁၄ ဦးကို ပြန်လွှတ်ပေးမည် မဟုတ်ဘဲ စစ်ခုံရုံးတင် စစ်ဆေးသွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ယူဂွန်ဂျက်စီတာဘူတာက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဘင်္ဂါလီအရေးထက် ဒေသတွင်းဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက် ရမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြောဆို


ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအရေး ထက် ပြည်နယ်တွင်းဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောဆိုလိုက်သည်။ ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း များထက် ဘင်္ဂါလီအရေး ကိစ်္စကို ဦးစားပေးလုပ်ဆောင်သင့် ကြောင်း ဒေသခံများ၏ ပြောဆိုဝေဖန် နေမှုများကို ၎င်းက ပြန်လည်ပြောဆိုလိုက်ခြင်းဖြစ်သည်။

လှေစီးဒုက္ခသည်အရေး ပေးပို့ခဲ့သည့်စာအား မစ္စတာဘန်ကီမွန်းမှပြန်ကြား


၂၀၁၅ ခုနှစ်၊ ဇွန်လ ၃ ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌတို့ထံသို့ လှေစီးဒုက္ခသည် များအရေးနှင့်ပတ်သက်၍ စာရေးသားပေးပို့ခဲ့ရာမစ္စတာ ဘန်ကီမွန်းမှ ၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်စွဲဖြင့် စာရေးသား ပြန်ကြားလာ ပါသည်။ 

My Blog List