Thursday, November 12, 2015

အဖွဲ့ချုပ်အောင်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာရှင်များနှင့် တွေ့ဆုံ

ကျောင်းကုန်း မဲပြဿနာပြေလည်၊ NLD နှင့်ကြံ့ခိုင်ရေး ၂ နေရာစီ အနိုင်ရ


ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် တို့၏ ရွေးကောက်ပွဲ ရလာဒ်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် မြို့နယ်ရွေးကောက် ပွဲ ကော်မရှင်တို့အကြား အငြင်းပွားနေမှုများ ပြေလည်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ခြံအမှတ် ၅၄ ဂုဏ်ပြုပွဲ



ခြံအမှတ် ၅၄ ဂုဏ်ပြုပွဲ


ခြံအမှတ် ၅၄ ဂုဏ်ပြုပွဲ



ထိုင်း- တရုတ်လေတပ်တို့ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်


Falcon Strike ၂၀၁၅ လို့ အမည်ပေးထားတဲ့ ထိုင်း- တရုတ် လေတပ်တို့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေကျင့်မှုကို ယနေ့မှစတင်ကာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ထိုင်းလေတပ်စခန်း ကိုရတ်တွင် ပြုလုပ်မည်ဟု တရုတ်ကာ ကွယ်ရေးဝန်ကြိးဌာန ကိုကိုးကား၍ Bangkok Post သတင်းတွင် ဖော် ပြထားပါတယ်။

ရွေးကောက်ပွဲ NLD အနိုင်ရရှိမှု ထိုင်းရောက် မြန်မာတွေကြိုဆို


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရဖို့ အလားအလာ ကောင်းနေခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်နဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံမှာ အစိုးရသစ် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား တွေကတော့ အစိုးရသစ်ဟာ သူတို့ဘ၀အခြေအနေ တိုးတက်မြင့်မားလာဖို့ အထောက်အပံ့ ပေးနိုင်မလားဆိုတာနဲ့ ပက်သက်လို့ မျှော်လင့်နေကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 

မြန်မာ့ရွေးကောက်ပွဲ ဗီယက်နမ် လူ့အခွင့်အရေး လှုပ်ရှားသူတွေ အားကျ


မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးဟာ ဒေသတွင်းနိုင်ငံအတွင်းကပါ အားကျခဲ့ရတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့ မြန်မာ့ရွေးကောက်ပွဲက တွန်းအားတရပ် ဖြစ်စေခဲ့တယ်လို့ ဗီယက်နမ်တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမဲ့ အပြောင်း အလဲတွေဖြစ်ဖို့ ရှေ့ဆက်ရမယ့်ခရီး အဝေးကြီးရှိသေးတယ်လို့လည်း ၀န်ခံပြောဆိုပါတယ်။ ဒီအကြောင်း Trung Nguyen ရဲ့ သတင်းလွှာကိုတော့ နန်းလောင်ဝ် က တင်ပြထားပါတယ်။

ရွေးကောက်ပွဲအလွန် အခက်အခဲ ပြဿနာများ


မြန်မာနိုင်ငံ ရွေးကောက်ပွဲလွန်ကာလမှာ အခက်အခဲ ပြသနာတွေ ရှိနေအုံး မှာဖြစ်ပေမယ့် NLD ခေါင်းဆောင်ပိုင်းဟာ လက်ရှိအာဏာလက်ရှိတွေနဲ့ ညှိနှိုင်းဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အကြီး တန်းသံတမန်ဟောင်း Priscilla Clapp က ပြောဆိုလိုက်ပါတယ်။ Priscilla Clapp နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်ကို ဦးဆောင်မည်


အသစ်ပေါ်လာမယ့် လွှတ်တော်တွေကနေ ဘယ်သူ့ကိုပဲ သမ္မတအဖြစ် ရွေးချယ်သည်ဖြစ်စေ သူကပဲ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒုက္ခသည်အရေး EU နဲ့ အာဖရိက ဆွေးနွေး


အာဖရိက က ရွှေ့ပြောင်း ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်နေတာကို ဘယ်လို တားဆီးမလဲ EU ဥရောပသမဂ္ဂဝင် နိုင်ငံတွေနဲ့ အာဖရိက ခေါင်းဆောင်တွေ မော်လ်တာမှာ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ဒါပေမယ့် ရွှေ့ပြောင်းဒုက္ခသည် အများစု ကနဦး ခရီးတထောက်အဖြစ် အလုံးအရင်းနဲ့ ဝင်လာနေတာကို ခံနေရတဲ့ ဂရိ၊ အီတလီ၊ ဟန်ဂေရီ တို့လို EU နိုင်ငံတွေအပေါ် ဖိအားပေးနေမှုတွေကြောင့် EU နိုင်ငံတွေအကြား တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။

ရုရှ တားမြစ်ဆေး သုံးစွဲမှု ပူတင် ဝေဖန်


ရုရှ အားကစားသမားတွေ လောကမှာ တားမြစ်ဆေး သုံးစွဲမှုများတယ်လို့ စွပ်စွဲချက်တွေကို အစိုးရက စုံစမ်း စစ်ဆေးသွားမယ်လို့ ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။ဒီကိစ္စအတွက် အားကစား ဝန်ကြီးနဲ့တကွ တခြား လုပ်ဖော်ကိုင်ဘက်တွေ အားလုံး သေချာ အရေးတယူ ဆောင်ရွက်ကြဖို့ မစ္စတာ ပူတင်က တောင်းဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရုံးက ဂုဏ်ပြု


ရွေးကောက်ပွဲ မဲရလဒ်တွေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော်နေရာ အများစုနဲ့ ဦးဆောင်နေတဲ့အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို ချီးကျူး ဂုဏ်ပြုကြောင်း နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက နိုင်ငံတော် သမ္မတရုံးရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနေ့ ပြဿနာအချို့ကို ကော်မရှင်နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားထားဟု ဦးဌေးဦးပြော


ဟင်္သာတမြို့နယ် မဲဆန္ဒနယ်အားလုံးတွင် ရှုံးနိမ့်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက ရွေး ကောက်ပွဲနေ့ ပြဿနာအချို့ကို ရွေးကောက်ပွဲကော်မရှင်နှင့် ရဲ တပ်ဖွဲ့ သို့ တိုင်ကြားထားပြီး ထပ်မံတိုင်ကြားရန်လည်း ရှိသည်ဟု ဦး ဌေးဦးက ပြောသည်။

ပြည်သူကပေးသော ၀န်ကြီးချုပ်များအတွက် သင်ခန်းစာ


သမ္မတဦးသိန်းစိန်အစိုးရ၏ အဓိကအစိတ်အပိုင်းများဖြစ်ခဲ့သောတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အားလုံးနီးပါးရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ပြီး အများစုမှာ ရှုံးနိမ့်သွားခဲ့သည်။ နောက်အစိုးရသက်တမ်းတွင် ပြည်သူ့ ကိုယ်စားလှယ်ဖြစ်ရေး ၀င်ပြိုင်သော ၀န်ကြီးချုပ်များကို ဒေသခံပြည်သူ အများစုက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ဆိုင်မှု မပြင်းထန်ခဲ့သော မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ


မန္တလေးတိုင်းဒေသကြီး အတွင်း မြို့နယ်တစ်ခုချင်းစီ၏ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အသီးသီးက နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲရလဒ်များကို အတည်ပြုထုတ်ပြန်ခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုတွင် အနိုင်ရရှိခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရုဏ်ဦး


‘‘သွေးထွက်သံယိုမှုတွေကို အဆုံး သတ်ဖို့ အချိန်တန်ပါပြီ။ ပြည်လည်တည် ဆောက်ရေးနဲ့ ပြန် လည်သင့်မြတ်ရေးကိုစတင်ဖို့ အချိန်ရောက်ပါပြီ’’ နယ်လ်ဆင်မန်ဒဲလားနှင့် လက်တွဲ၍ တောင်အာဖရိကအကူးအပြောင်းကို ဦးဆောင်ခဲ့သူ နိုဗယ်ဆုရှင်နှင့် သမ္မတလောင်း အက်ဖ်ဒဗလျူဒီကလက် ပြောခဲ့ သောစကား...

တစ်မိုးသောက်ချိန်


ရာစုနှစ်ထက်ဝက်ကျော် အာဏာရှင်စနစ်အောက်တွင် မွန်းကျပ်ပိတ်လှောင် ခဲ့သည့် မြန်မာပြည်သူများအတွက် မျှော်လင့်ချက်သည် တစ်ဖန်ပြန်၍ မွေးဖွားလာခဲ့ပြီ။ နိုဝင်ဘာ ၈ ရက်က ကျင်းပသည့် သမိုင်းဝင်ရွေးကောက် ပွဲကြီးတွင် သန်းနှင့်ချီသော ပြည်သူ များသည် မိမိတို့၏ဆန္ဒကို ဖော် ပြရန် မဲရုံများသို့ သွားခဲ့သည်။ နံနက် အရုဏ်တက် ၃ နာရီ လောက်ကတည်းက မဲရုံရှေ့တွင် တန်းစီခဲ့ကြသည့်အတွက် ကမ္ဘာက မြန်မာလူထု၏ စိတ်အား ထက် သန်မှုကို ထောမနာပြုကြရသည်။ တကယ်တော့ မြန်မာပြည်သူများ ထိုအခွင့်အရေးရဖို့အတွက် ၂၅ နှစ်ကြာမျှ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်ပါသည်။

အစိုးရသစ်နှင့် တပ်မတော်အကြားဆက်ဆံရေး ဘယ်လိုအကောင်းဆုံး တည်ဆောက်မလဲ



ရွေးကောက်ပွဲရလဒ်များ အပြီးသတ်မထွက်ပေါ်သေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ရေးမှာ တဖြည်းဖြည်းရုပ်လုံးပေါ် လာနေသည်။ 

အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မည် ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


ရွေးကောက်ပွဲအလွန်ကာလတွင် အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံး ဖြစ်အောင် မှန်မှန်ကန်ကန်လုပ်ဆောင် ခြင်းဖြင့် ပြည်သူလူထု၏ နားလည် ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

တာဝန်မကျေပါက နှုတ်ထွက်ပေးမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောကြား


မဲစာရင်းများ မှန်ကန်တိကျနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများနှင့် ပြည်သူလူထုများ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခဲ့သော် လည်း ကော်မရှင်အနေဖြင့် လုပ်ပိုင်ခွင့်တာဝန်များ မကျေပွန်ခဲ့ပါက ဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒေသခံ ၃၀၀ ကျော် လဲချားမြို့ပေါ် ရှောင်တိမ်း


ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) နှင့် အစိုးရတပ်မတော်တို့ ယခုရက်ပိုင်းအတွင်း မိုင်းနောင်မြို့တွင် တိုက်ပွဲများ ဖြစ်ပွား နေသဖြင့် လွိုင်လင်ခရိုင် လဲချားမြို့ပေါ်သို့ စစ်ဘေးရှောင် ဒေသခံ ၃၅၀ ခန့် ထွက်ပြေး တိမ်ရှောင်နေရကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရန်တောင်းခံခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း


အာဏာလွှဲရင် အမေရိကန် ပိတ်ဆို့မှု ရပ်မှာလား


မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက ချီးကျူးခဲ့ ပါတယ်။ လွတ်လပ်ပြီး အတော်လေး မျှတမှု ရှိတဲ့ ရွေးကောက်ပွဲလို့ ထောပနာပြုခဲ့ပါတယ်။မြန်မာနိုင်ငံအစိုးရနဲ့ ခရိုနီသူဌေးကြီးတွေအပေါ်မှာ ပိတ်ဆို့မှုနဲ့ ဆန်ရှင်တွေ ဆက်လုပ်ပြီး လုပ်ထားဆဲဖြစ်တဲ့ အမေရိကန် အစိုးရကလည်း ဒီရွေးကောက်ပွဲကို သတိနဲ့ ကြိုဆိုလိုက်ပြီးဖြစ်ကာ ပြည်သူပြည်သားတွေကို ချီးကျူး ဂုဏ်ပြု လိုက်ပါတယ်။

သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဦးရွှေမန်း တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမည်


သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်း တို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော် ၂ ရပ်ပေါင်း ၈၁ ရာခိုင်နှုန်း အနိုင်ရနေဟု အန်အယ်လ်ဒီပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီနေ့ထိ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှာ ၈၁ ရာခိုင်နှုန်း အနိုင်ရနေပြီလို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။“ကျနော်တို့ အခုရရှိတဲ့ စာရင်းအရဆိုရင်တော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းမှာ ရာခိုင်နှုန်း ၈၁ လောက် ရနေပါပြီ။ တိုင်းဒေသကြီးကို မပေါင်းရသေးဘူး၊ အဲ့ဒါတွေလည်း အတော်များများ ရနေပါပြီ။ နေရာနဲ့ နိုင်တဲ့အပေါ်မှာ ရာခိုင်နှုန်းတွက်ပါတယ်။ 

Wednesday, November 11, 2015

သမ္မတသည် ပါတီ၏ ဆုံးဖြတ်ချက်ကို နာခံရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရဖွဲ့စည်းနိုင်ခဲ့လျှင် ခန့်အပ်ခံရမည့် သမ္မတသည် လုပ်ပိုင်ခွင့် ရှိလိမ့်မည်မဟုတ်ဟု ပါတီ၏ ဆုံးဖြတ်ချက်နှင့် မူဝါဒအတိုင်း လိုက်နာရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။နိုဝင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့သော စင်ကာပူ ရုပ်သံ Channel NewsAsia ရုပ်သံ သတင်း ဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အကယ်၍ NLD ပါတီ အနိုင်ရရှိခဲ့ပါက သမ္မတသည် အခြေခံဥပဒေ အရ ခန့်အပ်ခြင်းသာ ဖြစ်လိမ့်မည်ဟု ပြောသည်။

မိတ္ထီလာမှာ ဒီချုပ်ဘာကြောင့် အပြတ်အသတ်ရှုံးရသလဲ


တပ်မတော်လေတပ်စခန်းဌာနချုပ်အပါအ၀င် တပ်မတော်တပ်ရင်းတပ်ဖွဲ့အများစု အခြေစိုက်ရာမြို့များအနက်တစ်ခု ဖြစ်သော မိတ္ထီလာမြို့၏ လမ်းမများပေါ်တွင် အနီရောင်အလံများ ပလူပျံနေသည်။ မြို့ခံအမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ကလေးသူငယ်တို့ပါမကျန် အရွယ်စုံ လူထုလူတန်းစားအများစုမှာ အနီရောင်အင်္ကျီများဝတ်ဆင်ထားကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးသီချင်းများဖွင့် ထားသော ယာဉ်အနီးလာရောက် ၀န်းရံနေသော လူအုပ်ကြီးမှာလည်း တိုးမပေါက်နိုင်သည့် အနေအထားတွင်ရှိနေသည်။ အဆိုပါ မြင်ကွင်းမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမကျင်းပမီ လေးရက်အလို နိုဝင်ဘာ ၄ ရက်နေ့က တွေ့မြင်ရသည့် မိတ္ထီလာမြို့ မြင်ကွင်းများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နောက်ဆက်တွဲ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်ဟု သတိပေး



နိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲ နောက်ဆက်တွဲအနေဖြင့် လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများ ရုန်းကြွလာပြီး အကြမ်းဖက်မှုဆီသို့ ဦးတည် သွားနိုင်ကြောင်း ၀ါရှင်တန်အခြေစိုက် လူ့အခွင့်အရေး အုပ်စုတစ်စုက သတိပေးလိုက်သည်။မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင် ၁.၃သန်းအနက် ၅၀၀၀၀၀ခန့်မှာ သတ်မှတ်ချက်နှင့် ကိုက်ညီသော်လည်း ဆန္ဒမဲပေးခွင့် ပိတ်ပင်ခံထားရ သောကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်း အနေဖြင့် မြန်မာနိုင်ငံမှ အခြေအနေများကို အနီးကပ်စောင့်ကြည့်သင့်ကြောင်း မျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရေးတပ်ပေါင်းစု (United to End Genocide)က တိုက်တွန်း ထားသည်။

ရွေးကောက်ပွဲ မျှတမှု မရှိပေမယ့် လွတ်လပ်ပွင့်လင်းမှု များစွာရှိဟု ဒေါ်စုပြော



ရွေးကောက်ပွဲရလဒ်များက NLD ပါတီက လွှတ်တော်တွင် နေရာများစွာရရှိ လာမည့် အခြေအနေရှိကာ အစိုးရသစ်ဖွဲ့စည်းနိုင်တော့မည့် အနေအထား တွင်ရှိသည်။နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး "မျှတမှု မရှိပေမယ့် လွတ်လပ်ပွင့်လင်းမှု များစွာရှိကြောင်း" အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနှင့် အင်တာဗျူးတွင် ပြောလိုက်သည်။

လားရှိုးကြိုတင်မဲကိစ္စ ကော်မရှင် ဥက္ကဋ္ဌ ရှင်းလင်း




လားရှိုးတွင် အငြင်းပွားခံနေရသည့် ကြိုတင်မဲကိစ္စ၊ အနိုင်၊ အရှုံးရလာဒ် ထုတ်ပြန်ရန် နှောင့်နှေးနေသည့် ကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင်ဘာ ၁၀ရက်က ရှင်းလင်းခဲ့သည်။နိုဝင်ဘာ ၁၀ရက် ၄နာရီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်၌ ရွေးကောက်ပွဲတွင် ဖြစ်လာသည့် အငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းရေး ပုဂ္ဂိုလ် ဦးမြင့်နိုင်အပါအဝင် လေးဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သတင်းထောက်များက လားရှိုးကြိုတင်မဲကိစ္စများ မေးမြန်းခဲ့သည်။ ထိုစဉ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လာရောက်ရှင်းလင်းခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ရှုတ်သိမ်းခဲ့သည်။

အစိုးရဖွဲ့နိုင်ရန် လုံလောက်သည့် မဲရလဒ် မျှော်လင့်ထားပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဘီဘီစီသို့ ပြော


မြန်မာ့ ရွေးကောက်ပွဲ ရလဒ်များကို တာဝန်ရှိသူများက ကြေညာဆဲဖြစ်သော်လည်း အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် က အစိုးရဖွဲ့နိုင်ရန် လုံလောက် သည့် မဲရလဒ်များကို ရရန် မျှော် လင့်ထားပြီးဖြစ်ကြောင်း ရန်ကုန် မြို့သို့ ရောက်ရှိနေသည့် ဘီဘီစီ သတင်းထောက် ဖာဂယ်ကိန်းက ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ် အလဟဿမဖြစ်ခဲ့ပါ


ရွေးကောက်ပွဲမတိုင်မီ သုံးပတ်ခန့် အလိုတွင် ထိလွယ်ရှလွယ် ရခိုင်ပြည်နယ်သို့ သုံးရက်ကြာ စည်းရုံးရေး သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်မှာ အချည်းနှီးမဖြစ်ခဲ့ပေ။ ရခိုင်ပြည်နယ် လေထုတွင် လူမျိုးရေး၊ ဘာသာရေး ၀ါဒမှိုင်း များ ပျံ့နှံ့နေသော်လည်း ဒေါ် အောင်ဆန်းစုကြည် သွားရောက် ခဲ့သော ရခိုင်တောင်ပိုင်း သံတွဲ၊ ဂွနှင့် တောင်ကုတ်မြို့နယ်များ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်ပြိုကမ်းပြို အောင်ပွဲခံရန် သေချာသလောက်ရှိနေသည်။

NCAကို လက်မှတ်ထိုးသည့်အဖွဲ့များ နှင့် မထိုးသေးသည့်အဖွဲ့များ ညှိနှိုင်းရန် ၉ ဦးပါအဖွဲ့ကို ဖွဲ့စည်း


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နှင့် NCA လက်မှတ် မထိုးသေးသည့် အဖွဲ့အစည်းများ ဆက်စပ် ညှိနှိုင်းရန်အတွက် ၉ ဦးပါဝင်သော အဖွဲ့တစ်ခုဖွဲ့စည်းလိုက်သည်ဟု သိရသည်။

တရုတ်နှင့် ထိုင်းလေတပ်များ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မည်


စစ်တပ်ခေါင်းဆောင်သည့် ထိုင်းနိုင်ငံက ပေကျင်းနှင့် ဆက်ဆံရေးတိုးမြှင့်လာသည့် လက္ခဏာတစ်ခုအဖြစ် ယခုလတွင် တရုတ်နှင့် ထိုင်းလေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ရက်နေ့တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ရွေးကောက်ပွဲ ပြည်သူတို့အတွက် အောင်ပွဲလို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ချီးကျူး


ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို ထုတ်ပြန်နေရာတွက် ၉၀ ရာခိုင်နှုန်းနီးပါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိနေပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ယခုရွေးကောက်ပွဲသည် ပြည်သူတို့အတွက် အောင်ပွဲဟု ဆိုလိုက်သည်။

ရွေးကောက်ပွဲတွင် NLD၏ အောင်နိုင်မှုအပေါ် NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ ဂုဏ်ပြုကြိုဆို


တစ်နိုင်ငံလုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိမှု အပေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ဂုဏ်ပြုကြိုဆိုကြောင်း ပြောကြားလိုက်သည်။

NLD အနိုင်ရသည်ကို ဒိန်းမတ်အစိုးရ ကြိုဆိုပြီး ပြောင်းလဲမှုအတွက် မဲပေး လိုက်ကြပြီဟုပြော


ရွေးကောက်ပွဲမှာ ချီးမွှမ်းရလောက်သည်ထိ အောင်ပွဲရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အား ဂုဏ်ယူပါကြောင်း ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။"လက်ရှိထွက်လာနေတဲ့ ရွေးကောက်ပွဲရလဒ်တွေကိုကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြောင်းလဲမှု တစ်ခုဖြစ်ပေါ်လာဖို့အတွက် မဲပေးလိုက်ကြပြီဆိုတာကို ပြသနေပါတယ်။" ဟု ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး Mr. Kristian Jensen ပြောကြားသည်။

NLD အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အသင့်ဖြစ်နေပြီဟု PSLF/TNLA ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဖွဲ့စည်းနိုင်သည်အထိ အနိုင် ရရှိမှုကို ကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် အစိုးရအသစ်နှင့် လက်တွဲ ပူးပေါင်းဖြေရှင်းရန် အဆင်သင့်ဖြစ်နေပြီဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA)က ပြောဆိုလိုက်သည်။

အမေရိကန်နှင့် ကုန်သွယ်ရေးတွင် စိုးရိမ်စရာ ဖြစ်နေဆဲ အရေးယူပိတ်ဆို့မှု


မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကိမ်းတခုကို အမေရိကန် အစိုးရ၏ နာမည်ပျက် စာရင်းတွင် ပါဝင်နေသူတဦးက ထိန်းချုပ်ထားကြောင်း သိရှိခဲ့ပြီးနောက်တွင် အနောက်တိုင်း ဘဏ်များက မြန်မာနိုင်ငံကို ပို့ကုန်သွင်းကုန်များအတွက် နိုင်ငံခြား ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများ (trade finance) ကို ဖြတ်တောက် လိုက်သည့်အတွက် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံကြားမှ ပေါ်ပေါက်လာစ စီးပွားရေး ပူးပေါင်းဆောင်းရွက်မှုကို ရပ်တန့်သွားစေနိုင်သည့် ခြိမ်းခြောက်မှု ဖြစ်လာသည်။

ဖြူးမြို့၌ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သူ တရားခံကို ဖမ်းဆီးရမိပြီး နှစ်နှစ်နီးပါး အကြာတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်


ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ကာ ခြေ လက်များကို ကြိုးဖြင့်တုပ်၍ ပီနံအိတ်ဖြင့်ထုပ်ကာ စွန့်ပစ်ထားသည့် ဖြစ်စဉ်မှ တရားခံအား ဖမ်းဆီးရမိပြီး နောက် နှစ်နှစ်နီးပါးခန့် ကြာမြင့်ချိန် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်များ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

SSA(၀မ်ဟိုင်း) ပြည်သူကို အကာကွယ်ယူကာ တိုက်ခိုက်နေဟု တပ်မတော်ပြော



Monday, November 09, 2015

အင်တာဗျူး မလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောကြား



ရွေးကောက်ပွဲနှင့် ပတ်သက်သော အချက်အလက်များကို အင်တာဗျူး လာမလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွန်ကြားရေးမှူး ဦးသိန်းဦးက ပြောသည်။

ရခိုင်အမျိုးသားလွှတ်တော်အမတ် ဦးအေးသာအောင် အနိုင်ရ

 
ရခိုင်ပြည်နယ် မင်းပြားနဲ့ မြေပုံမြို့နယ်ထဲမှာ အမျိုးသားလွှတ်တော်အမတ် နေရာက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင် ဟာ ပြိုင်ဘက်ပါတီတွေကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။မနေ့က မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက တက်လာတဲ့ မဲစာရင်းတွေအရ ရခိုင်အမျိုးသားပါတီဟာ မဲအများဆုံး အသာစီးရနေတယ်လို့ ဦးအေးသာအောင်က ဒီဗွီဘီကို ပြောပါတယ်။

ဂုဏ်သိက္ခာရှိရှိယှဉ်ပြိုင်သူတွေကို ဂုဏ်ပြုကြောင်းပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တရားဝင် ရလဒ်တွေ မထွက်သေးပေမယ့် ရွေးကောက်ပွဲကို နိုင်ခဲ့ပြီလို့ယူဆကြောင်း ရှုံးတဲ့သူက သတ္တိရှိဖို့နဲ့ အိနြေ္ဒရှိဖို့လိုအပ်သလို နိုင်တဲ့သူကလည်း စိတ်ကိုနှိမ့် ချပြီး သဘောထားကြီးဖို့လိုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။

My Blog List