Friday, December 26, 2014

စစ်ဘေးဒဏ်ခံရဆုံး မွန်ဒေသခံများ ငြိမ်းချမ်းရေး မပျက်ပြားစေလိုကြောင်း စစ်တမ်းကောက်ယူရရှိ


စစ်ဘေးဒဏ် အခံခဲ့ရဆုံးဖြစ်သည့် မွန်ဒေသခံများက မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရအကြား လက်ရှိ ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး မည်သည့်နည်းနှင့်မျှ မပျက်ပြားစေလိုဟု ရာမည ငြိမ်းချမ်းရေးဖောင်ဒေးရှင်းနှင့် မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ (MPSI) တို့၏ စစ်တမ်းကောက်ချက်အရ သိရသည်။ 

အစိုးရစစ်တပ်နှင့် မွန်ပြည်သစ်ပါတီတို့ အကြား ယခင်က တိုက်ပွဲဖြစ်ပွားခဲ့သည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဒေသရှိ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ သဲချောင်းဒေသမှ စစ်ဘေးဒဏ် အခံခဲ့ရဆုံး ကျေးရွာ ၉ ရွာတို့မှ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသခံတို့၏ ခံစားချက်၊ အတွေးအမြင်နှင့် အသံတို့ကို စစ်တမ်းကောက်ခံယူခဲ့ခြင်း ဖြစ်သည်။ 

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့တွင် နေ့စဉ်ဆန္ဒပြရန်စီစဉ်



Photo: လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့တွင် နေ့စဉ်ဆန္ဒပြရန်စီစဉ်
Friday, December 26, 2014 

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက တရုတ် သံရုံးရှေ့တွင် လက်ပံတောင်း တောင်အရေးဆန္ဒပြပွဲများကို နေ့ စဉ်ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသည် လက်ပံတောင်းအရေးနှင့် ပတ်သက်၍ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ပြီး တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။ 

သံအမတ်ကြီးက ထွက်မ လာသောကြောင့် လက်ပံတောင်း အရေးနှင့် ပတ်သက်၍ တရုတ်သံ ရုံးရှေ့တွင် ဆန္ဒပြပွဲများကို နေ့ စဉ်ဆက်တိုက်ပြုလုပ်သွားမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ 

တရုတ်သံရုံးရှေ့ ဆန္ဒပြ မည့်သတင်းများကြောင့် ရန်ကုန် တိုင်းအမှတ် (၃) ဒေသကွပ်ကဲ ရေးမှူးရဲမှူးကြီး ထက်လွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို လာရောက် ကွပ်ကဲခဲ့သည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သည် မွန်းလွဲ ၂ နာရီ မိနစ်၄၀ တွင် တရုတ်သံရုံးရှိရာ ပြည် ထောင်စုလမ်းမကြီးကို ပိတ်ဆို့ ထားခဲ့သည်။ 

ဆန္ဒပြသူများသည် ညနေ ၄ နာရီမှ စတင်ပြုလုပ်ခဲ့သော ကြောင့် ပြည်ထောင်စုလမ်းပိတ် ဆို့တားဆီးမှုသည် သုံးနာရီကြာ လမ်းပိတ်ဆို့ထားခဲ့ခြင်း ဖြစ် သည်။ ဆန္ဒပြသူများ မစတင်မီ တွင် တရုတ်သံရုံးနှင့် မျက်နှာ ချင်းဆိုင်တွင်ရှိသည့် ကလေး ဆေးရုံသို့ ကလေးလူနာများလာ ရောက်ဆေးကုသသောကားများ ကို ပိတ်ဆို့တားဆီးထားသော ရဲတပ်ဖွဲ့က ၀င်ခွင့်မပေးခဲ့ပေ။ ကလေးဆေးရုံသို့ လာရောက်ပြ သသောကားမှာ သုံးစီးထိရှိခဲ့ သည်။ ညနေ ၄ နာရီတွင် လက်ပံတောင်းအရေးဆန္ဒပြသူများသည် ရဲတပ်ဖွဲ့များ ပိတ်ဆို့တားဆီး ထားသည့်နေရာထိသွားရောက် ကာ ဆန္ဒပြအော်ဟစ်ခဲ့ကြသည်။ 

‘‘လက်ပံတောင်းတောင်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတယ်လို့ထင်လို့ ဆန္ဒပြတာပါ။ လက်ပံတောင်းတောင်မှာ တရုတ်အလံတွေစိုက် နေတယ်။ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်တာလည်း တရုတ်လူမျိုးတွေပါနေပါတယ်။ ဒါတွေကို စစ်တပ်ကရော၊ ရဲတပ်ဖွဲ့ကရော ကြည့်နေမှာလား။ တရုတ်အကျိုးစီးပွားရေး တွေကြောင့် လက်ပံတောင်းမှာရှိ နေတဲ့ ဒေသခံသေနေတာကော သိကြရဲ့လားဆိုတာ မေးချင်တာပါ’’ဟု တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ ရာ၌ ဦးဆောင်သူ ကိုမြတ်ကျော် ကပြောသည်။
ဆန္ဒပြသူများသည် လက်ပံ တောင်းအရေးနှင့် ပတ်သက်၍ တရုတ်သံရုံးတွင်ရှိနေသော သံအမတ်ကြီးအား တွေ့ဆုံရန် အော်ဟစ်တောင်းဆိုခဲ့ကြသည်။ 

လက်ပံတောင်းအရေးနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက် ကလည်း တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမှုပြုလုပ်ခဲ့သည်။
ဗကသအဖွဲ့မှ ကျောင်းသား ၁၀၀ ကျော်ကလည်း လက်ပံတောင်းအရေးနှင့် ပတ်သက်၍ အမည်း ရောင်လှုပ်ရှားမှုနောက်ဆုံးရက် အဖြစ် ဒီဇင်ဘာ ၂၅ ရက်က လှည်း တန်းလမ်းဆုံမှ အင်းလျာကန် ပေါင်ထိလမ်းလျှောက်ဆန္ဒပြခဲ့ ကြသည်။ 

တရုတ်သံရုံးအနီးတွင် ဒီဇင်ဘာ၂၅ရက်က ဆန္ဒပြနေကြစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)

7Day Daily
တရုတ်သံရုံးအနီးတွင် ဒီဇင်ဘာ၂၅ရက်က ဆန္ဒပြနေကြစဉ်(ဓာတ်ပုံ−ကျော်ဇင်သန်း)


ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက တရုတ် သံရုံးရှေ့တွင် လက်ပံတောင်း တောင်အရေး ဆန္ဒပြပွဲများကို နေ့ စဉ်ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသည် လက်ပံတောင်း အရေးနှင့် ပတ်သက်၍ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ပြီး တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံရန် တောင်းဆို ခဲ့သည်။ 

လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှုနှင့် ပတ်သက်၍ ကျေနပ်လောက်သည့် ဖြေရှင်းပေးမှုမရှိပါက လွှတ်တော်သို့ အဆိုတင်မည်ဟုဆို



(လက်ပံတောင်းတောင်ပဋိပက္ခတွင် သေဆုံးသွားသူ ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနားသို့ လိုက်ပါပို့ဆောင် နေသူများအား ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် ၊ ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်သော လက်ပံတောင်း တောင် ပဋိပက္ခတွင် သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်း၏ ဈာပနအခမ်းအနား၌ ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))

လက်ပံတောင်းတောင်ပဋိပက္ခတွင် လူသေဆုံးမှုနှင့်ပတ်သက်၍ နှစ်ပတ်အတွင်း ဖော်ထုတ်ဖြေရှင်း ပေးမည်ဟု တိုင်းဝန်ကြီးချုပ် ကတိပေးခဲ့သော်လည်း ကျေနပ်လောက်သည့် ဖြေရှင်းပေးမှု မရှိပါက လွှတ်တော်သို့ အဆိုတင်မည်ဟု NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

၅၆ ပါတီရေးဆွဲသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို နှစ်ဆန်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ချပြမည်


နိုင်ငံရေးပါတီ ၅၆ ပါတီ ကို ကိုယ်စားပြုရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံကာ လာ မည့်ဇန်န၀ါရီအတွင်း ချပြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လာမယ့် ဇန်န၀ါရီမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထပ်တွေ့ဖို့ရှိတယ်။ အဲဒီမှာ ကျွန်တော် တို့ရဲ့ မူဘောင်ကိုတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းတွေကို ချပြမှာဖြစ်ပါတယ်’’ဟု နိုင်ငံရေးပါတီ ၅၆ ပါတီ၏ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ရေးဆွဲ ရေးကော်မတီ (PPIC)တွင်ပါဝင် သည့် အမျိုးသား ဒီမိုကရေစီအင် အားစုပါတီ (NDF)မှ ဦးနေမင်း ကျော်က ပြောသည်။

လက်ပံတောင်း ပဋိပက္ခအတွင်း သေနတ်ထိမှန်သေဆုံးသူ ဒေါ်ခင်ဝင်း အလောင်းကို စတင်စစ်ဆေး


Photo: လက်ပံတောင်း ပဋိပက္ခအတွင်း သေနတ်ထိမှန်သေဆုံးသူ
ဒေါ်ခင်ဝင်း အလောင်းကို စတင်စစ်ဆေး
Friday, December 26, 2014 

တောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း သေနတ် ထိမှန်သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ အလောင်းကို ဒီဇင်ဘာ ၂၄ရက်က ဆားလင်းကြီးမြို့နယ် ဆေးရုံ၌ 
ဆရာဝန်များက ရင်ခွဲစစ် ဆေးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ ဒီ ဇင်ဘာ ၂၂ရက်က ဒေသခံများ နှင့် ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေး 
ယူထားသည့် ရဲတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားစဉ် ရဲတပ်ဖွဲ့မှပစ် 
ခတ်ခဲ့သည့် ကျည်ဆန် ဦးခေါင်း ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ် သက်ပြီး ဒီဇင်ဘာ၂၃ရက်က ဆား လင်းကြီးမြို့နယ် ရဲစခန်းမှူးက တရား လိုပြုလုပ်ကာ ပ-၄/၂ဝ၁၄ဖြင့် သေ မှုသေခင်းဖွင့်ခဲ့ကြောင်း သိရသည်။

ဒေါ်ခင်ဝင်း၏ အလောင်း ကို ဆားလင်းကြီးမြို့နယ်မှ ဆရာ ဝန်များနှင့် မုံရွာဆေးရုံမှ ဆရာဝန် များက ခွဲစိတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်ဝင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်သည်ဟု မိသားစုများ ထံ အတည်ပြု ပြောဆိုခဲ့ကြောင်း လက် ပံတောင်းတောင်ဒေသသို့ အကူအညီ ပေးရန် ရောက်ရှိနေသူ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ကိုဥာဏ်လင်းက ရန်ကုန် တိုင်းမ်သို့ ပြောသည်။

''ဒါတောင်မှ ကျွန်တော်တို့က တော်တော် တောင်းဆိုရတာ။ ဆရာ ဝန်တွေဆီက မှတ်ချက်စကားလေးရ ဖို့။ သူတို့ဆေးစစ်ချက်နဲ့ ပတ်သက်လို့ မိသားစုတွေကို ပြောပြခဲ့တာ။ နဖူးက နေမှန်ပြီးတော့ နောက်ကနေ ပွင့်ထွက် သွားတာ''ဟု ပြောသည်။

သို့ရာတွင် ဒေါ်ခင်ဝင်းကို ထိမှန် ခဲ့သည့်ကျည်အမျိုးအစားနှင့် ပစ်ခတ် သည့် အကွာအဝေးခန့်မှန်းချက်ကို ဆရာဝန်များက ထုတ်ဖော်မပြောဆို ခဲ့ဟု ကိုဥာဏ်လင်းက ဆိုသည်။

ဒီဇင်ဘာ၂၂ရက် ပဋိပက္ခဖြစ်ပွား ချိန်အစပိုင်းတွင် ရဲတပ်ဖွဲ့မှ ဖိုက်ဘာ ကျည်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေါ်ခင်ဝင်းအား ကျည်အစစ်ဖြင့်ပစ် ခတ်လိုက်ခြင်းဖြစ်သည်ဟု မျက်မြင် ကြုံတွေ့ခဲ့သူ ဆည်တည်းရွာသားတစ် ဦးက ပြောသည်။

''ပထမတော့ ဖိုက်ဘာကျည်နဲ့ပစ် တယ်။ နောက်တော့ ကျည်အစစ်တွေပါ လာတယ်။ ဒေါ်ခင်ဝင်းကို ကိုက်၃ဝ အတွင်းက ပစ်လိုက်တာလို့ ကျွန်တော် တို့ယူဆတယ်''ဟု ၄င်းက ဆိုသည်။

ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို မိုးကြိုးပြင်ရွာသို့ ပြန်လည်ယူဆောင် ကာ ဒီဇင်ဘာ ၂၄ ရက်ညနေဘက် တွင် သင်္ဂြိုဟ်မည်ဟု ဒေသခံများက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းဒေသရှိ လယ်ယာမြေ တချို့ကို ဝမ်ပေါင်ကုမ္ပဏီ၏စီမံကိန်း ပိုင်မြေများဖြစ်သည်ဟု ဆိုကာ ဝန်ထမ်း အင်အား၊ လုံခြုံရေးအင်အားဖြင့် ခြံ စည်းရိုးခတ်ခြင်း၊ ခြံစည်းရိုးခတ်ရာ နေရာတစ်လျှောက်ကို ဘူဒိုဇာများ၊ မြေ ကော်စက်များဖြင့် ဖယ်ရှားရှင်းလင်း ခဲ့ရာ ယင်းဒေသခံများ စိုက်ပျိုးထားသော အသီးအနှံခင်းများ ပျက်စီးခဲ့သည်။

ဒေသခံများက လာရောက်တား ဆီးကန့်ကွက်သည့်အတွက် ဒီဇင်ဘာ ၂၂ရက်နှင့်၂၃ရက်များတွင် ပဋိပက္ခ အခြေအနေတင်းမာခဲ့ပြီး နှစ်ရက်အ တွင်း ဒေသခံများဘက်မှ ဒဏ်ရာရသူ ၁၅ဦးအထိရှိခဲ့သည်ဟု ဆားလင်းကြီး မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းခိုင်က ရန်ကုန် တိုင်းမ်သို့ပြောသည်။

ပဋိပက္ခတွင် ရဲတပ်ဖွဲ့မှ ဒဏ်ရာ ရသူများရှိခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ တာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ်မရသည့် အတွက် အတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။

|───────────Yangon Media Group ──────────|

တောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း သေနတ် ထိမှန်သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ အလောင်းကို ဒီဇင်ဘာ ၂၄ရက်က ဆားလင်းကြီးမြို့နယ် ဆေးရုံ၌ဆရာဝန်များက ရင်ခွဲစစ် ဆေးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ ဒီ ဇင်ဘာ ၂၂ရက်က ဒေသခံများ နှင့် ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားစဉ် ရဲတပ်ဖွဲ့မှပစ် ခတ်ခဲ့သည့် ကျည်ဆန် ဦးခေါင်း ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် ရခိုင်ပြည်မှာ အားပေး


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမမှာ ကျောက်ဖြူ မြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖံွ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မယ့်အခြေအနေတွေနဲ့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိရေးအတွက် ဆောင်ရွက်နေကြောင်း ပြောခဲ့တယ်လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြော ပါတယ်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ SNDP ပါတီမှ နုတ်ထွက်လျှင် လျော်ကြေး ၁၀ ဆ ပေးဆောင်ရမည်


Photo: ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ SNDP ပါတီမှ နုတ်ထွက်လျှင် လျော်ကြေး ၁၀ ဆ ပေးဆောင်ရမည်
Friday, December 26, 2014 

ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအပြီး ပါတီမှ နုတ်ထွက်လျှင် လျော်ကြေးငွေအဖြစ် ကိုယ်စားလှယ်ကြေး၏ ၁၀ ဆ ပါတီသို့ ပြန်ပေးရမည် ဖြစ်ကြောင်း SNDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက် နှစ်ရက်တိုင် ပြုလုပ်သော SNDP ၏ နဝမအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေးက အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

SNDP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကိုယ်စားလှယ်ဖြစ်ပြီးမှ နုတ်ထွက်သွားမည့်သူများ ရှိလာနိုင်သောကြောင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်ကြေး ငါးသိန်းဖြစ်ပါက ပါတီသို့ သိန်း (၅၀) လျော်ကြေးပေးဆောင်ရမည့် ခံဝန်စာချုပ်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများက လက်မှတ်ထိုးရမည် ဖြစ်ကြောင်း ဦးရဲထွန်းက ဆိုသည်။

“၂၀၁၀ တုန်းက SNDP ကနေပြီး ကိုယ်စားလှယ် ဖြစ်ခဲ့ပေမယ့်၊ တခြားပါတီတွေကို ကူးပြောင်းသွားတဲ့ ကိုယ်စားလှယ်တွေ ရှိတယ်၊ အဲဒါမျိုးတွေ ထပ်မဖြစ်အောင် ပါတီက မူဝါဒတစ်ရပ် ချတာပါ” ဟု ၎င်းကဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သို့ ၂၀၁၄ ခုနှစ်အတွင်း ပြောင်းရွှေ့ခဲ့သည်။

ယင်းသို့ ပါတီ ပြောင်းရွှေ့သွားသူများက SNDP ပါတီ၏ မူဝါဒများသည် အများပြည်သူဆန္ဒနှင့် ကိုက်ညီမှု မရှိသောကြောင့် နုတ်ထွက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ ပါတီပြောင်းရွှေ့ခြင်းသည် ကိုယ်စားလှယ်များ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ညီလာခံတွင် ပြောကြားခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၅၇ နေရာတွင် အနိုင်ရရှိထားသည့် ပြည်ထောင်စုလွှတ်တော် အတွင်း တတိယ မဲအများဆုံး ပါတီဖြစ်သည်။

The Voice Weekly

ရှမ်းတိုင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲအပြီး ပါတီမှ နုတ်ထွက်လျှင် လျော်ကြေးငွေအဖြစ် ကိုယ်စားလှယ်ကြေး၏ ၁၀ ဆ ပါတီသို့ ပြန်ပေးရမည် ဖြစ်ကြောင်း SNDP ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို


Photo: ၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို
Friday, December 26, 2014

ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။ 

''ကျွန်တော်တို့ပါတီအနေနဲ့က တော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတနေရာကို လက်ရှိသမ္မတဦးသိန်း စိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေ မန်းတို့ကို ရွေးချယ်ထားတယ်။ အဲလို ရွေးချယ်ထားတာ ၂ဝ၁၃ ခုနှစ်ကတည်း ကပါ။ အဲ့လိုပဲ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေလဲ ရွေးထားပြီးပါပြီ''ဟု အဆိုပါပါတီမှ အမည်မဖော်လိုသူပါတီ အကြီးအကဲတစ်ဦးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် နဝတ၊ နအဖခေတ် တစ်လျှောက်လုံး၌ တပ်မတော်နှင့်အ တူ လှုပ်ရှားဆောင်ရွက်ခဲ့သောပါတီ တစ်ခုဖြစ်ပြီး ၄င်းပါတီသည် ၁၉၉၃ခု နှစ် အောက်တိုဘာ ၉ ရက်တွင် မြို့ တော်ခန်းမ (လက်ရှိ ရန်ကုန်မြို့တော် စည်ပင်ရုံး)၌ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမှ ဗဟိုနာယကအဖြစ်တာ ဝန်ယူပြီး အသင်းအဖြစ် တည်ထောင် ပေးခဲ့ကာ ယခုလက်ရှိကျင့်သုံးနေသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၄င်းပါတီမှ စိတ်ကြိုက်ရေးဆွဲခြင်းဖြစ် သည်ဟု အဝေဖန်ခံနေရသည့် ပါတီ လည်းဖြစ်သည်။

''အဘတို့ကတော့ ပါတီဖွဲ့စည်းပုံ ရှိတယ်။ အဲဒီဖွဲ့စည်းပုံအတိုင်း ပါတီက လှုပ်ရှားဆောင်ရွက်နေတာ။ အခုဆိုပါတီ မှာ သမ္မတရာထူးကတော့ နှစ်ယောက် လေ။ လက်ရှိသမ္မတကလဲ ဖွဲ့စည်းပုံ အရ နောက်ထပ်တာဝန်ယူခွင့်ရှိတယ်။ သမ္မတကြီးကိုယ်တိုင်ကလဲ သူ့ရဲ့သက် တမ်းအကုန်မှာအနားယူမယ်လို့ တရား ဝင် ပြောဆိုထားတာမရှိသလို ဦးရွှေ မန်းကလဲ ၂ဝ၁၅ သမ္မတရာထူးကိုထမ်း ဆောင်ဖို့ အားကြိုးမာန်တက်ဆောင် ရွက်နေတယ်''ဟု အထက်ပါအမည်မ ဖော်လိုသူ အကြီးအကဲကပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁ဝရွေး ကောက်ပွဲတွင် မဲအများဆုံးအနိုင်ရရှိ ကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့ စည်းနိုင်ခဲ့သည့်ပါတီကြီးတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပြိုင်ဘက်ပါတီများ အား ရှုံးနိမ့်ခဲ့သောပါတီလည်းဖြစ်သည်။
မြန်မာ့နိုင်ငံရေးလေ့လာသူ Bertil Linter က ''သူတို့နှစ်ယောက်စလုံး က ဘယ်သူသမ္မတဖြစ်ဖြစ် လက်ရှိနိုင်ငံ တိုးတက်ဖို့ ပြောင်းလဲစွာ လုပ်ဆောင် ပေးနိုင်မယ်လို့တော့ မထင်ပါဘူး။ သူ တို့ရဲ့အာဏာခွဲဝေမှုကလဲ ဒီအတိုင်းပဲ လေ။ ဦးသိန်းစိန်လက်ထက်မှာ ရင်းနှီး မြှုပ်နှံမှုတွေက မြန်မာနိုင်ငံကိုရောက်ရှိ လာတယ်။ ဒီမိုကရေစီစံအရတော့ ပြောင်း လဲမှု မရှိဘူး။ နောက်သက်တမ်းမှာလဲ ဒီ့ထက်ပိုပြီး တိုးတက်လာမယ်လို့တော့ မထင်ဘူးလေ။ ပြီးတော့ သူ့ရဲ့လုပ်ငန်း စဉ်တွေကို ပြည်သူသိဖို့လစဉ်ပြောနေ တာပဲ။ ပြည်သူတွေကို ဘယ်လောက် လုပ်ပေးနိုင်ခဲ့လဲ။ လူထုက သိနေပြီ''ဟု ပြောသည်။

အမည်မဖော်လိုသူ ပြည်ခိုင်ဖြိုး ပါတီအကြီးအကဲ၏အဆိုအရတော့ လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှအတွေ့အကြုံများကို သင်ခန်းစာယူ ကာ လူထုထောက်ခံမှုရရှိအောင် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group
ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။ 

Thursday, December 25, 2014

ဝမ်ပေါင်က လက်ပံတောင်းတွင် အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချပြီး သေဆုံး၊ ဒဏ်ရာရမိသားစုဝင်များအား ကူညီပေးမည်ဟုဆို

Photo: ၀မ်ပေါင်က လက်ပံတောင်းတွင် အကြမ်းဖက်ဖြိုခွင်းမှုကို ရှုတ်ချပြီး သေဆုံး၊ ဒဏ်ရာရမိသားစုဝင်များအား ကူညီပေးမည်ဟုဆို
Thursday, December 25, 2014 

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုကို ၀မ်ပေါင် ကုမ္ပဏီက ရှုတ်ချပြီးသေဆုံးသူ နှင့် ဒဏ်ရာရရှိသူများ၏ မိသားစု ၀င်များအား ကူညီပေးမည်ဟု ၀မ် ပေါင်ကုမ္ပဏီစီမံခန့်ခွဲမှုမန်နေဂျာ မစ္စတာ ဒေါင်ယွမ်ဖေးကပြော ကြားသည်။

ဝမ်ပေါင်ကုမ္ပဏီသည် လက်ပံတောင်းပဋိပက္ခအတွင်း ဒေါ်ခင်ဝင်း သေဆုံးသွားသည့်အတွက် ၀မ်ပေါင်ကုမ္ပဏီအနေဖြင့် ကျန်ရစ်သူ မိသားစုများနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းရကြောင်း၊ ကိုယ်ချင်းစာမိကြောင်း၊ လက်ပံတောင်းမိသားစုဝင်တစ်ဦးဆုံးရှုံးလိုက်ခြင်းပင်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းဝမ်းနည်းကြောင်းစာ ကို ဒီဇင်ဘာ ၂၃ ရက်က လက်ပံ တောင်းတောင်အရေးနှင့် ပတ် သက်ပြီး တရုတ်သံရုံးရှေ့၌ ဆန္ဒ ပြမှုကို လာရောက်သတင်းယူ သော မီဒီယာများအား ၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများက တရုတ်သံရုံးထဲမှ ထွက်ကာ လာ ရောက်ပြောကြားသွားခြင်း ဖြစ် သည်။ ‘‘ဒီလိုမျိုးအကြမ်းဖက်နှိမ် နင်းတာကို ကျွန်တော်တို့ဝမ်ပေါင် ကုမ္ပဏီက မလိုလားပါဘူး။ နောက်လည်း ဒီလိုမျိုးအကြမ်း ဖက်နှိမ်နင်းမှုမရှိစေချင်ပါဘူး။ အကြမ်းဖက်နှိမ်နင်းလို့ အမျိုးသ မီးတစ်ဦးဆုံးသွားတယ်လို့ သိရပါ တယ်။ သေဆုံးတဲ့မိသားစုဝင်တွေ နဲ့ ဒဏ်ရာရရှိတဲ့ မိသားစုဝင်တွေ ရဲ့ အခက်အခဲတွေကို ကူညီ ဖြေ ရှင်းပေးဖို့အတွက် ၀မ်ပေါင်ကုမ္ပ ဏီက ဖိတ်ခေါ်ပါတယ်။ လာ ရောက်ဆွေးနွေးလှည့်ပါ။ အတတ်နိုင်ဆုံးကူညီပေးမှာပါ’’ဟု မစ္စတာ ဒေါင်ယွမ်ဖေးက 7 Day Daily အားပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းဧရိယာ တိုးချဲ့လုပ်ကိုင်ခြင်းကို မြန်မာ နိုင်ငံတော်အစိုးရ၏ လမ်းညွှန် ချက်အရ လုပ်ဆောင်နေခြင်းဖြစ် ပြီး စီမံကိန်းဒေသရှိ ဒေသခံ အများစု၏ ထောက်ခံပေးမှု ကြောင့် စီမံကိန်းတည်ဆောက် ရေးလုပ်ငန်း လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၂ ရက်က လက် ပံတောင်းကြေးနီစီမံကိန်းအတွင်း မိုးကြိုးပြင်အလယ်ကျေးရွာ အ ရှေ့ဘက်လိပ်ခွံတောင် အနီးရှိ လျော်ကြေးရယူခြင်း မရှိသော လယ်ယာမြေများပေါ်တွင် မြန်မာ ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ကာရံသည်ကို ဒေသခံများက တားဆီးရာ အဓိကရုဏ်းဖြစ်ပွား ခဲ့ပြီး တောင်သူအမျိုးသမီးတစ်ဦး ဦးခေါင်း ကျည်ဆန်ထိမှန် သေဆုံးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများအကြား နှစ်ဖက်တင်းမာကာ ပစ်ခတ်မှု များကြောင့် ဒီဇင်ဘာ ၂၂ ရက်က မိုးကြိုးပြင်အလယ်ကျေးရွာနေ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်ထိ လက်ပံတောင်းတောင်ဒေသခံကိုးဦးဒဏ်ရာရရှိခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်း ရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ် ပွားပြီး လူတစ်ဦးသေဆုံးခဲ့သော် လည်း ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ ၂၃ ရက်တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ 

လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်းကို ကန့်ကွက် သော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင် များကြား ပဋိပက္ခများဖြစ်ပွားပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ခြင်း ကြောင့် လက်ပံတောင်းတောင် အရေးလှုပ်ရှားသူများက ရန်ကုန် မြို့ တရုတ်သံရုံးရှေ့သို့ သွား ရောက်၍ တရုတ်လူမျိုးများ အသုံးပြုလေ့ရှိသော ရွှေစက္ကူ၊ ငွေစက္ကူများ မီးရှို့ဆန္ဒပြခဲ့ပြီး မြန်မာနိုင်ငံ မှ ၀မ်ပေါင်ကုမ္ပဏီထွက်ခွာသွားရန် ဒီဇင်ဘာ ၂၃ ရက် ညနေက တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ယင်းနေ့ညနေတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ ၀င် ၂၀ ခန့်ကလည်း လက်ပံ တောင်းတောင်အရေးရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုကို ကန့် ကွက်ကြောင်း ရန်ကုန်မြို့တော် ခန်းမရှေ့၌ ဖယောင်းတိုင်များ ထွန်းကာ Black Campaign (အမည်းရောင်လှုပ်ရှားမှု) အမည်ရ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။

လက်ပံတောင်းတောင် တစ်ကျော့ပြန်ပဋိပက္ခတွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သော ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို သယ်ဆောင်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

7Day Daily 

လက်ပံတောင်းတောင် တစ်ကျော့ပြန်ပဋိပက္ခတွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သော ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို သယ်ဆောင်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)


လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုကို ၀မ်ပေါင် ကုမ္ပဏီက ရှုတ်ချပြီးသေဆုံးသူ နှင့် ဒဏ်ရာရရှိသူများ၏ မိသားစု ၀င်များအား ကူညီပေးမည်ဟု ၀မ် ပေါင်ကုမ္ပဏီစီမံခန့်ခွဲမှုမန်နေဂျာ မစ္စတာ ဒေါင်ယွမ်ဖေးကပြော ကြားသည်။

တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်


Photo: တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်
Thursday, December 25, 2014 

တရားမ၀င်ကန်ထရိုက် တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။

တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော်စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့ လျှပ်စစ်မီးမရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေးက ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိရန်ကုန်မြို့တော်အ တွင်း တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲဆို ထားသည့် ကန်ထရိုက်တိုက် အ လုံးရေနှစ်ထောင်ကျော်ရှိပြီး ၃၇ လုံးအား ဖျက်သိမ်းထားကြောင်း ဦးသန်ဌေးကဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက် အများစုမှာ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့ တွင် အများဆုံးဖြစ်ပြီးတရားမ၀င် ဆောက်လုပ်နေမှုများကို အရှိန်မြှင့်တရားစွဲဆိုနိုင်ရန် တရားရုံးများနှင့်လည်း ညှိနှိုင်းနေပြီဟု အ ဆိုပါဌာနမှူးကဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက်များလျှပ်စစ်မီးမရရှိစေရန် လည်း ပညာပိုင်းအားဖြင့်အနည်း ငယ်အခက်အခဲရှိသဖြင့် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘မီးမပေးတော့ဘူးဆိုရင် လက်ရှိတိုက်ခန်းတွေကိုဝယ်ပြီး နေထိုင်တဲ့သူတွေ ဒုက္ခအများကြီး ရောက်နိုင်တယ်’’ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန် သည်။

တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း)

7Day Daily

တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း)


တရားမ၀င်ကန်ထရိုက် တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေး အဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။

တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော်စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့ လျှပ်စစ်မီးမရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေးက ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဝင်များရှိသော လမ်းများကို ဦးစားပေး ခင်းပေးမည်ဟု မပြောခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ရှင်း


ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးရှိသော လမ်းများကို ဦးစားပေး ခင်းပေးသွားမည်ဟု ပြောကြားခဲ့ခြင်း မရှိကြောင်း ရန် ကုန်မြို့တော်ဝန် ဦးလှမြင့်က တုံ့ ပြန်ပြောကြားလိုက်သည်။

ပြည်ထောင်စုလွှတ်တော် နာယကသူရဦးရွှေမန်း၏ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ခရီးစဉ်တွင် ပါတီဝင်များနှင့်တွေ့ဆုံစဉ် မြို့ တော်ဝန်က ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးရှိသော လမ်းများကို အဓိကထားဦးစားပေးခင်းမည်ဟု ပြောကြားချက်အပေါ် ကိုးကား၍မီဒီယာအချို့ကဖော်ပြခဲ့ရာ ဝေဖန် မှုများစွာ ထွက်ပေါ်လာပြီးနောက် ၎င်းက တုံ့ပြန်ရှင်းလင်းခဲ့ခြင်းဖြစ် သည်။

လက်ပံတောင်းဋိပက္ခတွင် နိုင်ငံတကာသတ်မှတ်ထားသော လက်နက်နှင့် ရော်ဘာကျည်ကိုသာ အသုံးပြုခဲ့ဟုဆို


လက်ပံတောင်းတောင် ပဋိပက္ခတွင် လူစုလူဝေးကို ပစ် ခတ်ခွဲထုတ်ရာ၌ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သုံးစွဲခဲ့သည့် ၁၂ ဗို့ ပြောင်းချောသေနတ်မှာ ဥရောပ သမဂ္ဂ(EU)က သတ်မှတ်ထား သည့် နိုင်ငံတကာစံချိန်မီအဓိက ရုဏ်းနှိမ်နင်းရေးလက်နက်ဖြစ်ပြီး ၁၂ ဗို့ပြောင်းချောသေနတ်အပြင် ၃၃ မီလီမီတာသေနတ်တို့ကို ရော် ဘာကျည်ဆန် အသုံးပြုပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ များက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ တစ်ကျော့ပြန် ပဋိပက္ခတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ က အဓိကရုဏ်းနှိမ်နင်းရေးလက် နက်ဖြစ်သည့် ၁၂ ဗို့ပြောင်းချော သေနတ်ကို အသုံးပြု၍ စုစုပေါင်း ၁၅ ချက်ပစ်ခတ်လူစုခွဲခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြ ခဲ့သည်။

လက်ပံတောင်းပဋိပက္ခတွင်လူသေဆုံးမှုအတွက်စိုးရိမ်ဝမ်းနည်းကြောင်းတရုတ်အစိုးရထုတ်ပြန်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တစ်ကျော့ပြန် အဓိကရုဏ်းတွင် လူသေဆုံးခဲ့မှု နှင့်ပတ်သက်၍ စိုးရိမ်ဝမ်းနည်း ရကြောင်း တရုတ်အစိုးရက ဒီဇင်ဘာ ၂၄ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒ ပြသည့် ဒေသခံအမျိုးသမီးတစ်ဦး ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေ ဆုံး ပြီးနောက် နှစ်ရက်အကြာတွင် တရုတ်ဘက်က ယင်းကဲ့သို့ပြော ကြားလာခြင်းဖြစ်သည်။ လူသေ ဆုံးမှုနှင့်ပတ်သက်၍ တရုတ်အစိုး ရအနေဖြင့် စိုးရိမ်ဝမ်းနည်းရ ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟွာ ချောင်းယင်းက ဗုဒ္ဓဟူးနေ့က ဘေ ဂျင်း၌ ပြုလုပ်သည့်ပုံမှန်သတင်း စာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မိကျောင်းကန်မှ ဆန္ဒပြသူများကို အသံချဲ့စက်ဖြင့် တုံ့ပြန်ခြင်း ဥပဒေနှင့် ညီညွတ်ဟု စည်ပင်ဆို


မြို့တော်ခန်းမရှေ့တွင် ဒီဇင်ဘာ ၁၂ ရက်က ပိတ်၍ ဆန္ဒ ပြတောင်းဆိုခဲ့သည့် မိကျောင်း ကန် သပိတ်စခန်း ပြည်သူများကို အသံချဲ့စက်ဖြင့် ခန်းမအတွင်းမှ သီချင်းဖွင့်ခဲ့ခြင်းမှာ ဥပဒေနှင့် အ ညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေး မှူး ဦးညီညီက ပြောသည်။

ကော်မတီပိုင် နေရာအနီး တွင် ဖြစ်ပေါ်နေသောကြောင့် သွားရောက်တားမြစ်ပြောကြားခဲ့ သော်လည်း ပြေလည်မှုမရှိဘဲ ဆန္ဒပြသူများဘက်က စပီကာဖြင့် ဒို့အရေးဟု ကြွေးကြော်သံများ ပြားလာသောကြောင့် မိမိခြံဝင်း ထဲမှသာ ပြန်လည်တုံ့ပြန်၍ သီ ချင်းဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဦးညီ ညီက ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး(ငြိမ်း)၏သားကို သေနတ်ကိုင်ဆောင်မှု အပါအဝင် ပုဒ်မအချို့ဖြင့် တရားစွဲဆိုမည်ဟုဆို


ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ကျော်ဘ၏သား ဂျီအီးတပ်ဝင်းအတွင်း သေနတ်ပစ်ဖောက်ခဲ့သူအား တရားစွဲဆိုရန် ဥပဒေ အ ကြံပြုချက်ကို ဒီဇင်ဘာ ၂၂ ရက်က တရားဝင်ရရှိခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း ဒဂုံမြို့နယ် တရားရုံး၌ တရားစွဲဆိုမည်ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးဝင်းကြည်က ပြောသည်။

နိုဝင်ဘာ ၂၇ ရက်က ဒဂုံမြို့ နယ်အမှတ် (၉၅၄)ဆောက်လုပ် ရေးအင်ဂျင်နီယာ တပ်ဝင်း အိမ်ထောင်သည် လိုင်းခန်းရှေ့တွင် ပစ္စတိုသေနတ်ကိုင်ဆောင် ပြီး သေနတ်နှစ်ချက်မိုးပေါ်ထောင် ပစ်ဖောက်ခဲ့၍ ဦးအောင်အောင်ဦး ကို တပ်ဖွဲ့ဝင်များလုံးထွေးဖမ်းဆီး ခဲ့ပြီး ဒဂုံစခန်း၌ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

တစ်သောင်းတန်အတုများ နည်းပညာမြှင့် ထွက်လာ၍အတုနှင့်အစစ်ခွဲခြားရန် ခက်ခဲလာ


Photo: တစ်သောင်းတန်အတုများ နည်းပညာမြှင့် ထွက်လာ၍အတုနှင့်အစစ်ခွဲခြားရန် ခက်ခဲလာ
Thursday, December 25, 2014 

ပြည်တွင်းတွင် ပျံ့နှံ့နေ သော ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုအချို့သည် နည်းပညာမြင့်မားသဖြင့် ပြည်သူများ သိထားရန် အခက်အခဲများ ရှိနေကြောင်း ပုဂ္ဂလိကဘဏ်များမှ ပညာရှင်များကပြောကြားသည်။ 

‘‘စက်တွေနဲ့ စစ်ရုံနဲ့မပေါ်လို့ ၀န်ထမ်းတွေက အကြိမ်ကြိမ်စစ် ဆေးရတာတွေရှိတယ်’’ဟု မြန်မာ့ရှေ့ဆောင်ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောသည်။ 

ပြည်တွင်းတွင် ကျပ်တစ် သောင်းတန်ငွေစက္ကူအတုများ မ ကြာခဏတွေ့နေရပြီး ဘဏ်များ ၌ တွေ့ရှိပါကသုံးမရအောင် ဖျက်ဆီးပစ်သည့်အတွက် ငွေကြေး ဆုံးရှုံးမှုများလည်းရှိနေသည်။ 

ကျပ်တစ်သောင်းတန်ငွေစက္ကူတု များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ဖမ်းဆီးရရှိမှုသည် ယခု နှစ်တွင်အနည်းဆုံးလေးကြိမ်ထက်မနည်းရှိနေသည်ဟုဆိုသည်။

ထို့အပြင် ကျပ်တစ်သောင်း တန်ငွေစက္ကူအတုကျပ်သိန်းတစ် ထောင်နီးပါးကို ကျပ်သိန်းသုံး ဆယ်နှင့်အရောင်းအ၀ယ်ရှိနေ သည်ဟုသိရသည်။
ငွေစက္ကူအတုများသည် နိုင်ငံတိုင်းတွင်ရှိသော်လည်း တာ ၀န်ရှိသော အဖွဲ့အစည်းများက စနစ်တကျစစ်ဆေးဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ကမ္ဘောဇ ဘဏ်အကြီးတန်းအကြံပေးဦး သန်းလွင်ကပြောသည်။ ငွေစက္ကူ အသစ်များထုတ်လုပ်ရာတွင် လည်း အရောင်ကို လေးငါးမျိုး ထည့်သွင်းရန်လိုကြောင်း၎င်းက အကြံပြုသည်။

‘‘အတုနဲ့အစစ်ကတော့ လိုက်တမ်းပြေးတမ်းကစားနေသ လိုပဲ’’ဟု ဦးသန်းလွင်ကပြောကြားသည်။

ငွေစက္ကူအတုတိုက်ဖျက် ရေးသည် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများသာမက သုံးစွဲသူ ပြည်သူများလည်းပါဝင်ရန်လို အပ်ကြောင်း ဘဏ်လုပ်ငန်းရှင် များကအကြံပြုသည်။

ကျပ်တစ်သောင်းတန်ကဲ့သို့ တန်ဖိုးကြီးငွေစက္ကူအတုနှင့် အ စစ်ကို ခွဲခြားရန်အလွယ်ကူဆုံးအ ချက်မှာ အဖြူကွက်တွင်ပါဝင် သောရေစာနှင့်ငွေမင်ကြိုးတို့သည် အတုပြုရန်မလွယ်ကူသဖြင့် ၎င်းတို့ကို သေချာကြည့်ရှု လေ့လာ သင့်ကြောင်း ဦးသန်းလွင်ကပြော သည်။ကျပ်တစ်သောင်းတန်ငွေ စက္ကူကို ၂၀၁၂ဇွန်လတွင်စတင် ထုတ်ဝေပြီး နောက်တစ်နှစ်ကျော် အကြာ၌ အတုများထွက်ပေါ် လာခြင်းဖြစ်သည်။ ယခင်က ငါး ထောင်ကျပ်တန်အတုများသာ ထွက်ပေါ်ခဲ့သော်လည်း ပုံစံပြောင်းလဲပြီးနောက်တွင် ကျပ် တစ်သောင်းတန်များကို ပိုမိုအတု ထုတ်လာခြင်းဖြစ်သည်။

ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုထုတ်လုပ်မှုနှင့် ပတ် သက်၍ မြန်မာနိုင်ငံဗဟိုဘဏ်က ယနေ့အထိ ကြေညာချက်များ မ ထုတ်ပြန်သေးသော်လည်း ကျပ်ငါးထောင်တန်ကိုအတုနှင့်အစစ် ခွဲခြားရန် လမ်းညွှန်ချက်များကို နိုင်ငံပိုင်သတင်းစာများ၌ ကြေ ညာပေးခဲ့သည်။

နိုင်ငံတစ်ခုတွင် အသုံးပြုနေ သော ငွေကြေးကိုအတုများပေါ များစွာ ပြုလုပ်ခြင်းဖြင့် တန်ဖိုးကျ ဆင်းအောင်ပြုလုပ်နိုင်ကြောင်းစီး ပွားရေးပညာရှင်အချို့က ပြော ကြားပြီး လူအများယုံကြည်မှုကင်း မဲ့ကာ နိုင်ငံခြားငွေကြေးများအ ပေါ် ပိုမိုယုံကြည်လာရန်ရည်ရွယ် ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ် သည်ဟု ၎င်းတို့ကပြောသည်။

ကျပ်တစ်သောင်းတန်အတုဖြစ်၍ ဘဏ်မှထက်ဝက်ဖြဲပေးလိုက်သော စက္ကူပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

7Day Daily

ကျပ်တစ်သောင်းတန်အတုဖြစ်၍ ဘဏ်မှထက်ဝက်ဖြဲပေးလိုက်သော စက္ကူပိုင်းကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)


ပြည်တွင်းတွင် ပျံ့နှံ့နေ သော ကျပ်တစ်သောင်းတန်ငွေ စက္ကူအတုအချို့သည် နည်းပညာမြင့်မားသဖြင့် ပြည်သူများ သိထားရန် အခက်အခဲများ ရှိနေကြောင်း ပုဂ္ဂလိကဘဏ်များမှ ပညာရှင်များက ပြောကြား သည်။ 

‘‘စက်တွေနဲ့ စစ်ရုံနဲ့မပေါ်လို့ ၀န်ထမ်းတွေက အကြိမ်ကြိမ်စစ် ဆေးရတာတွေရှိတယ်’’ဟု မြန်မာ့ရှေ့ဆောင် ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စိုးမင်းက ပြောသည်။ 

ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖိတ်ကြားမည်


 
နိုင်ငံတော်သမ္မတမြေး၊အဘိုးနှင့် အစမ်းလေ့ကျင့်နေသော ဗိုလ်ရှုခံစစ်ကြောင်းများ (ဓာတ်ပုံ - အောင်ပိုင်မင်း)

နိုင်ငံတော်သမ္မတအား မြန်မာ့တပ်မတော်မှ ချီတက်အ လေးပြုမည့် ဗိုလ်ရှုခံအခမ်းအနား တက်ရောက်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒ ရယ်ကောင်စီ (UNFC) နှင့် ကရင် အမျိုးသားအဖွဲ့ အစည်း(KNU) ဥက္ကဋ္ဌ၊ ကေအိုင်အေ ထိပ်ပိုင်း ခေါင်းဆောင်များအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ဖိတ်ကြားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ကချင်ပါတီများပေါင်းစည်းရန် အခက်အခဲ ရှိနေဟု ပါတီခေါင်းဆောင်များဆို


ကချင်ပါတီများအနေဖြင့် ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်း၍ ရွေးကောက်ပွဲဝင်နိုင်ရန် ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်နေ သော်လည်း လက်တွေ့တွင် ပေါင်းစည်းရန် အခက်အခဲ များရှိနေကြောင်း ပါတီများ၏ခေါင်း ဆောင်များက ပြောသည်။

ကချင်အမျိုးသားဒီမိုကရေစီကွန် ဂရက်ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေ စီပါတီနှင့် ကချင်ဒီမိုကရက်တစ် ပါတီ တို့အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲ တွင် ပါတီတစ်ခုတည်းအဖြစ် ပေါင်း စည်းယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာ ၁၉ ရက်က မြစ်ကြီးနားမြို့တွင် ဒုတိယအ ကြိမ် ဆွေးနွေးခဲ့ကြသည်။

အခွန်တံဆိပ်ခေါင်းမကပ်သောဆိုင်များကို အရေးယူတော့မည်ဟုဆို


အခွန်တံဆိပ်ခေါင်း မကပ်သော စားသောက်ဆိုင်များ ကိုပထမအဆင့် ဒဏ်ငွေရိုက် အရေးယူ သွားမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားမှုဖြင့် တရားစွဲဆို သွားမည်ဖြစ် ကြောင်း သတင်းရရှိ သည်။တံဆိပ်ခေါင်းခွန် မကပ် သည့် စားသောက်ဆိုင်များအား ၁၀၀ ရာခိုင်နှုန်း ဒဏ်ငွေတပ်ခြင်း ကို ဒီဇင်ဘာ ၁၅ ရက် စတင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်သန့်လွင်က ပြောသည်။

Wednesday, December 24, 2014

အဆိုးကျော့သံသရာထဲက ၀န်ထမ်းလစာ


အထည်ချုပ်စက်ရုံလုပ်သားများကို တွေ့ရစဉ်/ဓာတ်ပုံ - နစ်ကီ

ဝန်ထမ်းတစ်ယောက်၏ အခြေခံလစာ မည်မျှရှိသင့်သနည်းဆိုသည့် မေးခွန်းသည် ၀န်ထမ်းလောကတွင် အငြင်းပွားမှုအများဆုံး မေးခွန်းတစ်ခုဖြစ်သည်။

သို့သော်လည်း အငြင်းမပွားသူမရှိ၊ တညီတညွတ်တည်း သဘောတူကြသည်က လက်ရှိလစာများနှင့် ၀န်ထမ်းများ ရပ်တည်ရန်မဖြစ်နိုင်တော့ပါဆိုသည့် အချက်ပင်ဖြစ်သည်။

SSPP/SSA အဖွဲ့မှ အစားအသောက်များအတင်းအကြပ်တောင်းခံခြင်းကြောင့် ဒေသခံများဝန်ထုပ်ဝန်ပိုးဖြစ်နေ


Photo: SSPP/SSA အဖွဲ့မှ အစားအသောက်များအတင်းအကြပ်တောင်းခံခြင်းကြောင့် ဒေသခံများဝန်ထုပ်ဝန်ပိုးဖြစ်နေ
Wednesday, December 24, 2014 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှုးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသအတွင်းသို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှ ရောက်ရှိလာပြီး ကျေးရွာများအား အစားအသောက်များ တောင်းခံလျက်ရှိကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် လွိုင်ဆောင်ထောက်ဒေသ၊ ဝမ်ပန်ယွက်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာထဲမှ ၎င်းတို့အတွက် ဆန်၊ဆီနှင့် အရက်များကို တောင်းရမ်းလျက်ရှိကြောင်း ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒီအနီးအနား ပတ်ဝန်းကျင် ရွာတွေကနည်းတယ်လေ၊ သူတို့က အင်အားများတယ်လို့တော့ ပြောတာပဲ၊ ဘယ်လောက်လဲတော့မသိဘူး၊ တစ်ရက်ကိုပေးရရင် မနည်းဘူးလေ၊ နေ့တိုင်းဆိုတော့ ဘယ်ခံနိင်မလဲ”ဟု ရွာသားတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့အား ကျေးရွာအုပ်စုများနှင့် ကျေးရွာများမှ နွား၊ ဝက်နှင့် ကြက်တို့ကို အလှည့်ကျပေးဆောင်နေရ ကြောင်း သိရသည်။
“လူကများတော့ ဦးတို့လည်း ပေးရတာမနိင်တော့ဘူးလေ၊ ရွာထဲမှာရှိတဲ့ နွား၊ ဝက်၊ ကြက်တွေလည်း တဖြည်းဖြည်းနဲ့ကုန်တော့မယ်၊ ရွာသားတွေမှာလည်း ဒါလေးတွေနဲ့ လုပ်စားနေရတာ၊ သူတို့က အခုလို တောင်းရမ်းနေတော့ ရွာသားတွေမှာဒုက္ခရောက်ရတာပေါ့”ဟု ရွာသားတစ်ဦးက ပြောကြားသွားသည်။

စိုင်းလူ
Shan News

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှုးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသအတွင်းသို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှ ရောက်ရှိလာပြီး ကျေးရွာများအား အစားအသောက်များ တောင်းခံလျက်ရှိကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။

ကားတင်သွင်းရန် ဆိပ်ကမ်းအရောက်တန်ဖိုး မသတ်မှတ်ဘဲ အထောက်အထားကိုသာ စစ်ဆေးခွင့်ပြုမည်ဟုဆို


Photo: ကားတင်သွင်းရန် ဆိပ်ကမ်းအရောက်တန်ဖိုး မသတ်မှတ်ဘဲ အထောက်အထားကိုသာ စစ်ဆေးခွင့်ပြုမည်ဟုဆို
Wednesday, December 24, 2014 

ကားတင်သွင်းရာတွင် အသုံးပြုသည့် ဆိပ်ကမ်းအရောက် စီအိုင်အက်ဖ်တန်ဖိုးကို အစိုးရက သတ်မှတ်ပေးတော့မည်မဟုတ် ဘဲ တင်သွင်းမည့်သူ၏ ကားဝယ် ယူလာသည့် ဘောက်ချာ (သို့ မဟုတ်) အထောက်အထားကို သာ စစ်ဆေးပြီး တင်သွင်းခွင့်ပြု မည်ဟု မော်တော်ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ က ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစနစ်ကို ၂၀၁၅ ဇန်နဝါရီ ၁ ရက်တွင် စတင်ကျင့် သုံးမည်ဖြစ်ပြီး တစ်ဦးချင်းတစ်နိုင် တစ်ပိုင်တင်သွင်းသူများ၊ ယာဉ် အိုယာဉ်ဟောင်းအစားထိုးအပ်နှံ ပါမစ်ရှိသူများအားလုံး အကျုံးဝင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကားတင်သွင်းရာတွင် သွင်း ကုန်လိုင်စင်  ပါမစ်လျှောက်ထား မှုကို ဒီဇင်ဘာ ၂၄ ရက် နောက် ဆုံးထားလျှောက်ထားရမည်ဖြစ် ကြောင်း ကြီးကြပ်ရေးကော်မတီ က သတင်းထုတ်ပြန်ပြီးနောက် ငါးရက်အကြာတွင် ကြေညာချက် တစ်ခုထပ်မံထွက်လာခြင်းဖြစ် သည်။

‘‘အခုလုပ်လိုက်တဲ့စနစ်က နိုင်ငံခြားကဝယ်လာတဲ့ စာရွက် ပေါ်မှာ အခွန်ကိုလျော့အောင် မသမာမှုတွေလုပ်လာလို့ရတယ်။ ကိုယ်ဝယ်လာတဲ့ဈေးနဲ့   မတူ အောင်လျှော့ပြီး Invoice မှာ ရေး ခိုင်းပြီးသွင်းလို့ရနိုင်တဲ့ သဘောရှိ လာပြီ’’ဟု မော်တော်ယာဉ်နှင့် ပတ်သက်သော ဆောင်းပါးများ ရေးသားနေသူ ကိုအရည်ကျိုက သုံးသပ်သည်။

ယခုစနစ်ကြောင့်     ပါမစ် လျှောက်ထားရာမှ   စတင်တင် သွင်းလာသည်အထိ    ဌာနကြီး သုံးခုဖြစ်သည့် စီးပွားကူးသန်း၊ အကောက်ခွန်နှင့် ကညနတို့တွင် ရှုပ်ထွေးမှုများ   ဖြစ်ပေါ်လာနိုင် ကြောင်း ၎င်းက သုံးသပ်သည်။

ထို့ကြောင့်    ယခုကဲ့သို့ ပြောင်းလဲလိုက်သည့်စနစ်မှာ ဌာနတွင်း ပွင့်လင်းမြင်သာမှုမရှိနိုင် ကြောင်း ကားတင်သွင်းသူများက ဝေဖန်သည်။

အရင်လို ကားတစ်စီးသွင်း ချင်ရင် လွယ်လွယ်သွင်းလို့ မရ တော့မယ့် အနေအထားတွေဖြစ်ကုန်ပြီ’’ဟု ကားတင်သွင်းသူ ဦး ဝင်းမင်းစိုးက ဆိုသည်။

ဘောက်ချာ   အထောက် အထား Invoice ကို စီးပွားကူး သန်းသို့ တင်ပြရာတွင် ယခင်ကဲ့ သို့ ဆိပ်ကမ်းအရောက်တန်ဖိုးဖြင့် မသတ်မှတ်ပေးသဖြင့် လျှောက် ထားသူတိုင်း ကားတင်သွင်းခွင့်ရ ရန် မသေချာနိုင်ကြောင်း ၎င်းက ပြောသည်။

ဌာနမှ      တင်ပြလာသည့် Invoice သည် အကျိုးအကြောင်း မခိုင်လုံဟု    အကြောင်းပြကာ သွင်းကုန်လိုင်စင်ကိုမထုတ်ပေး လျှင်လည်း တင်သွင်းလာသူများ သာ နစ်နာနိုင်ကြောင်း ၎င်းက ဝေ ဖန်သည်။

လက်ရှိတွင် ကားလောက အတွင်း CIF တန်ဖိုးကိုမထုတ်ပြန် တော့ခြင်း၊ အကောက်ခွန်ဦးစီး ဌာနက တင်သွင်းလာသည့် ကား အပေါ်တန်ဖိုးတစ်ခုသတ်မှတ် မည်ဆိုခြင်း၊ သွင်းကုန်ပါမစ်ကိုသုံးလအထိသာခွင့်ပြုမည်ဆို ခြင်း၊ ကားပါကင်ရှိမှသာ တင် သွင်းခွင့်ပြုတော့မည်ဆိုခြင်းတို့ ကြောင့် အများစုက ယခင်သတ် မှတ်ချက်များအတိုင်း နှစ်မကုန်မီ တင်သွင်းရန်ကြိုးစားနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် ၂၀၁၅ နှစ်သစ် တွင်ပြောင်းလဲလာနိုင်သည့် မူဝါဒ အသစ်များကြောင့် ကားဈေး အနည်းငယ်တက်လာနိုင်သည် ဟု   ပြည်တွင်းကားဈေးကွက်အတွင်း  အရောင်းအဝယ်ပြုလုပ် မည့်သူများက ဆိုကြသည်။

7Day
ကားတင်သွင်းရာတွင် အသုံးပြုသည့် ဆိပ်ကမ်းအရောက် စီအိုင်အက်ဖ်တန်ဖိုးကို အစိုးရက သတ်မှတ်ပေးတော့မည်မဟုတ် ဘဲ တင်သွင်းမည့်သူ၏ ကားဝယ် ယူလာသည့် ဘောက်ချာ (သို့ မဟုတ်) အထောက်အထားကို သာ စစ်ဆေးပြီး တင်သွင်းခွင့်ပြု မည်ဟု မော်တော်ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ က ဒီဇင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ခေတ်အဆက်ဆက် ပြောင်းလဲ ချီးမြှင့် ခဲ့သည့် အကယ်ဒမီ ဆုများ


Photo: ခေတ်အဆက်ဆက် ပြောင်းလဲ ချီးမြှင့် ခဲ့သည့် အကယ်ဒမီ ဆုများ
Wednesday, December 24, 2014

 မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေးအကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းသည်။ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တို့တွင် ရုပ်ရှင် ထူးချွန်ဆု သုံးမျိုးသာ သတ်မှတ် ချီးမြှင့် ခဲ့သည်။

ယင်းနှစ် နှစ်တွင် ပထမ အကောင်းဆုံး ဇာတ်ကား ဆုကို ရွှေကိန္နရီ ရုပ်၊ဒုတိယ အကောင်း ဆုံးဇာတ် ကားဆုကို ငွေဒေါင်းရုပ်၊ တတိယ အကောင်းဆုံး ဇာတ်ကား ဆုကို ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံး အမျိုးသား ပညာ သည်ဆုနှင့် အကောင်းဆုံး အမျိုးသမီး ပညာ သည်ဆု တို့ကို ရွှေရင် ထိုးများ ချီးမြှင့် ခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာ ထူးချွန်ဆုကို ထပ်တိုး ချီးမြှင့်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ဇာတ်ကား ထူးချွန်ဆု ကိုပထမ၊ ဒုတိယ၊ တတိယ ဆုဟူ၍ မခွဲခြားဘဲ အကောင်း ဆုံးဇာတ်ကားဆု တစ်ဆု တည်းကို သာရွှေ ကိန္နရီ ရုပ်ချီးမြှင့် ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင် ဓာတ်ပုံ ထူးချွန်ဆု တစ်ဆု ကိုပါ ထပ်မံ တိုးမြှင့်ခဲ့ သည်။

၁၉၅၇ ခုနှစ်တွင် ဆုပုံသဏ္ဌာန် ကို ရွှေရင်ထိုးတံဆိပ်မှ တစ်ပြေးညီ ကိန္နရီရွှေစင်ရုပ်သို့ စတင်ပြောင်း လဲ ချီးမြှင့် ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ အမျိုးသားပညာ သည်ဆုနှင့် အမျိုးသမီး ပညာသည် ဆုများကို အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ ဆုဟူ၍ ထပ်မံ ခွဲခြား ကာ ထူးချွန်ဆု အရေ အတွက်ကို ထပ်တိုး ချီးမြှင့်ခဲ့သည်။

၁၉၉၀ပြည့်နှစ်မှစ၍ ရုပ်ရှင်ဇာတ်ညွှန်း ထူးချွန်ဆု၊ ရုပ်ရှင်တေးဂီတ ထူးချွန်ဆုနှင့် ရုပ်ရှင် အသံထူးချွန် ဆု တို့ကို ထပ်မံ တိုးမြှင့် သတ်မှတ် ခဲ့ရာ စုစုပေါင်း မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ၁၀ မျိုးအထိ ချီးမြှင့်ရန် တိုးမြှင့် သတ်မှတ် ခဲ့သည်။

၁၉၉၁ ခုနှစ်မှ စတင်၍ ရွှေကိန်္နရီရုပ် အပြင် ငွေကျပ် နှစ်သောင်းကို ချီးမြှင့် ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ စတင်၍ ငွေသား ကျပ်နှစ်သောင်း ကိုချီးမြှင့်ခြင်း မပြု ဘဲရွှေ ကိန်္နရီ ရုပ်တွင် တပ်ဆင် ထားသည့် ငွေ ကြယ် အစား ရွှေသားစစ် စစ်ဖြင့် ပြုလုပ် ထားသော ရွှေကြယ် တပ်ဆင် ချီးမြှင့် ခဲ့သည်။၁၉၉၄ ခုနှစ် မှစတင်၍ ရုပ်ရှင် တည်းဖြတ် ဆုကို ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့ရာ စုစုပေါင်း မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၁၁ မျိုးအထိ ချီးမြှင့် ရန်တိုးမြှင့်သတ် မှတ်ခဲ့သည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ၁၁ မျိုးစာရင်းတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊အမျိုး သမီး ဇာတ်ပို့ဆု၊ ရုပ်ရှင် ဓာတ်ပုံဆု၊ ရုပ်ရှင် ဇာတ်ညွှန်းဆု၊ ရုပ်ရှင်တေး ဂီတဆု၊ ရုပ်ရှင် အသံဆု၊ ရုပ်ရှင် တည်းဖြတ် ဆုတို့ ပါဝင်လာ ခဲ့သည်။

ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ရာတွင် ၁၉၅၂ ခုနှစ်တွင် သုံးဆု၊ ၁၉၅၃ ခုနှစ်တွင် သုံးဆု၊ ၁၉၅၄ ခုနှစ် တွင် သုံးဆု၊ ၁၉၅၅ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ တစ်နှစ် လျှင် ငါးဆု၊ ၁၉၅၉ ခုနှစ်တွင်ခြောက်ဆု၊ ၁၉၆၀ ပြည့်နှစ် တွင်ငါးဆု၊ ၁၉၆၁ ခုနှစ်တွင်ငါးဆု၊ ၁၉၆၂ ခုနှစ် တွင်သုံးဆု၊ ၁၉၆၃ ခုနှစ်တွင်အကယ် ဒမီ ထူးချွန် ဆုချီးမြှင့် ပွဲမကျင်းပဖြစ်ခဲ့ဘဲ ၁၉၆၄ ခုနှစ်တွင် သုံးဆု၊ ၁၉၆၅ ခုနှစ်မှ ၁၉၆၇ ခုနှစ် အထိ တစ်နှစ်လျှင် သုံးဆု၊ ၁၉၆၈ ခုနှစ်တွင် ခုနှစ်ဆု၊ ၁၉၆၉ ခုနှစ်တွင် လေးဆု၊ ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၇၁ ခုနှစ်တို့တွင် ခုနစ်ဆုစီ အသီးသီး ချီးမြှင့်ခဲ့သည်။

၁၉၇၂ခုနှစ်တွင် နှစ်ဆု၊၁၉၇၃ ခုနှစ်တွင်ခြောက်ဆု၊ ၁၉၇၄ ခုနှစ်တွင်နှစ်ဆု၊ ၁၉၇၅ခုနှစ် တွင်ခြောက် ဆု၊ ၁၉၇၆ ခုနှစ်တွင် လေး ဆု၊ ၁၉၇၇ ခုနှစ်တွင် ငါးဆု၊ ၁၉၇၈ ခုနှစ် တွင် ခြောက်ဆု၊ ၁၉၇၉ ခုနှစ် တွင် ငါးဆု၊ ၁၉၈၀ ပြည့်နှစ်တွင် ခြောက်ဆု၊ ၁၉၈၁ ခုနှစ် တွင် လေးဆု၊ ၁၉၈၂ ခုနှစ်တွင် ငါးဆု၊ ၁၉၈၃ ခုနှစ်တွင်ခြောက်ဆု၊ ၁၉၈၄ ခုနှစ်တွင် သုံးဆု၊ ၁၉၈၅ ခုနှစ်တွင်ခုနစ် ဆုချီးမြှင့် ခဲ့သည်။၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အကယ်ဒမီ ထူးချွန် ဆုချီးမြှင့်ပွဲ ကျင်းပနိုင် ခဲ့ခြင်း မရှိခဲ့ပေ။

ယင်းအပြင်၁၉၈၉ ခုနှစ်တွင် လေးဆု၊ ၁၉၉၀ ပြည့်နှစ်တွင် ငါးဆု၊ ၁၉၉၁ ခုနှစ်တွင်ငါးဆု၊ ၁၉၉၂ခုနှစ် တွင် သုံးဆု၊ ၁၉၉၃ ခုနှစ် တွင် ခုနစ်ဆု၊ ၁၉၉၄ ခုနှစ် တွင် ကိုးဆု၊ ၁၉၉၅ ခုနှစ်တွင် ကိုးဆု၊ ၁၉၉၆ ခုနှစ် တွင် ခုနစ်ဆု၊ ၁၉၉၇ ခုနှစ်တွင် ၁၁ဆု၊ ၁၉၉၈ ခုနှစ်တွင် ခုနစ်ဆု၊ ၁၉၉၉ ခုနှစ်တွင် ခုနစ်ဆု၊ ၂၀၀၀ပြည့်နှစ် တွင် ခုနစ်ဆု၊ ၂၀၀၁ ခုနှစ်တွင် ရှစ်ဆု၊ ၂၀၀၂ ခုနှစ်တွင် ၁၁ ဆု၊ ၂၀၀၃ ခုနှစ်တွင် ၁၁ ဆု၊၂၀၀၄ခုနှစ်တွင် ၁၁ ဆု၊၂၀၀၅ ခုနှစ်တွင် ၁၁ဆု၊ ၂၀၀၆ခုနှစ်တွင် ၁၁ဆု၊ ၂၀၀၇ခုနှစ် တွင်ခြောက် ဆု၊ ၂၀၀၈ ခုနှစ်တွင် ခုနစ်ဆု၊ ၂၀၀၉ ခုနှစ် တွင် ကိုးဆု၊ ၂၀၁၀ ပြည့်နှစ်တွင် ၁၀ ဆု၊ ၂၀၁၁ ခုနှစ် တွင် ၁၁ ဆုနှင့်၂၀၁၂ခုနှစ် တွင် ကိုးဆုချီးမြှင့်ခဲ့သည်။ 

အကယ်ဒမီပေးပွဲ ထူးခြားချက်

အကယ်ဒမီပေးပွဲ၏ ထူးခြား ချက်သည် ထိုက်တန် မှပေးမည် ဆိုခြင်းပင်ဖြစ်သည်။ ခြောက်ဆုပေးလျှင် ပေးမည်ဖြစ်သည်။ တစ်ခါတစ်ရံ၌ တစ်နှစ် လုံးတွင် နှစ်   ယောက် သာ ရရှိတတ်သည်။ ယခုနောက်ပိုင်း ၁၁ ဆုပေးခြင်းဖြင့် ပြောင်းလဲလာသည်။

အကယ်ဒမီ ရွှေစင်ရုပ်တု၏အဓိပ္ပာယ်

ရွှေစင်ရုပ်တုက အဓိပ်္ပာယ်များစွာ ပါဝင်သည်။ ရည်ရွယ်ချက်သည် အောက်တွင် ဖလင်ခုံပါပြီး ယင်း ဖလင် ခုံပေါ် ကိန္နရီရုပ်သည်ခြေဖျားထောက်ပြီး ကြယ်ကို လှမ်းဆွတ်နေသည့်ပုံ ဖြစ်ခြင်းကြောင့် အသက်ဝင်သကဲ့ သို့ လှပသည်။ထူးချွန်သည့်သူမှ ကြယ်ကို လှမ်းဆွတ်၍ရသည့် အနုပညာသဘောပင်ဖြစ်သည်။

အကယ်ဒမီပေးပွဲ ကျင်းပခဲ့သည့်နေရာများ

၁၉၅၂ ခုနှစ်တွင် မြို့တော်ခန်းမ၌စတင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနောက်တွင် ၀ိဇယရုံတွင် ကျင်းပခဲ့ပြီး စက်မှုအထက်တန်း ကျောင်းတွင်လည်း ကျင်းပခဲ့ သည်။န၀ဒေး ရုပ်ရှင်ရုံ တွင်ကျင်းပပြီး အင်းယားလိတ် ဟိုတယ်တွင်လည်း ယင်းဆုပေးပွဲကို ကျင်းပ ခဲ့သည်။ ယင်းအပြင် ရုပ်ရှင်မြှင့် တင်ရေး၊ မြန်မာ့အသံ၊ အမျိုး သားကဇာတ်ရုံ၊ သုဝဏ်္ဏ မိုးလုံလေလုံနေရာများတွင် ကျင်းပခဲ့ပြီး ၂၀၀၉ ခုနှစ်မှစတင်ကာ နေပြည်တော်၌ ပြောင်းလဲကျင်းပ ပြုလုပ်ခဲ့သည်။၂၀၁၂ခုနှစ် တွင်ရန်ကုန်မြို့၊ သုဝဏ်္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ပြန်လည် ကျင်းပခွင့် ရခဲ့ခြင်းဖြစ်သည်။

ဇာတ်ကားတစ်ကားပေါ် အကဲဖြတ်မှုပုံစံ ပြောင်းလဲလာပုံ

ယခင်ကျင်းပစဉ်က ပညာရှင်များနှင့် ၀န်ထမ်း ပိုင်းဆိုင်ရာများ ပါဝင်ခဲ့သည်။ ယနေ့ခေတ်တွင် ပညာရှင်များ နည်းသွားပြီး ၀န်ထမ်းများ ပိုများလာသည်။ ၀န် ထမ်း များခြင်းကြောင့် အကယ်ဒမီ စံကိုတိုင်းသည့် အခါ ကိုယ်ကျင့် တရားများနှင့် ပေါ်လစီ များကို ထည့်တိုင်းခဲ့ကြသည့်အတွက် အဆင်မ ပြေမှုများရှိခဲ့ ကြ သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ ပညာရှင်များ ပိုမိုများပြား လာပြီး ၀န်ထမ်း တစ်ဦး တည်းသာ ပါဝင်ခဲ့ သည်။ ယခုနှစ် နောက်ပိုင်းတွင် ပညာရှင် များသာ ဆုံးဖြတ် ခွင့်ရ လာကြသည်။

အကယ်ဒမီရရှိရန် အခွင့်အလမ်းများလာ

ဇာတ်ကားများ နည်းလာခြင်းကြောင့် ပြိုင်ရသည့်သူ နည်းသွားသည်။ ထို့ကြောင့် ခက်ခဲမှု မရှိခဲ့သော်လည်း ၁၁ ဆု ရရှိစေရန် ဖောခြင်းသောခြင်း ပေးခဲ့သည် များရှိသည်။ ၂၀၁၂ ခုနှစ်အတွက် ပေးခဲ့သည့် အကယ် ဒမီတွင် ကိုးဆုသာ ပေးခဲ့ခြင်း ကြောင့် စိစစ် ခဲ့သည်ဟု သုံးသပ်နိုင်သည်။ အကယ်ဒမီပေါ် သုံးသပ်ချက် အကယ် ဒမီသည် မှတ်တိုင် တစ်ခုပင်။ တစ်တိုင်ပြီးတစ်တိုင် စိုက်ထူခဲ့နိုင်ခဲ့ကြသည်။

အကယ်ဒမီရသူ တိုင်းသည် လောကအကျိုး ကိုဆောင်ရွက်နိုင်ရန် မျှော်လင့်၍မရပေ။ အကယ်ဒမီ မရသော်လည်း လောက အကျိုးကို ဆောင်ရွက်နိုင် ခဲ့သူတွေ ရှိသည်။ အနုပညာသည်တစ်ယောက်ကို တိုင်းတာသည့်အခါတွင် ဤအချက်များ ပါသော်လည်း လူအများ၏အကျိုးကို ဘယ်လောက်သယ် ပိုးနိုင်လဲ၊ကိုယ့်လော ကကို ဘယ်လောက်ထိ အကျိုးရှိအောင် လုပ်နိုင် လဲဆိုသည့်သူများကသာလျှင် တန်ဖိုးရှိ သည်ဟု သုံးသပ်မိသည်။

Mizzima

 မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေးအကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းသည်။ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တို့တွင် ရုပ်ရှင် ထူးချွန်ဆု သုံးမျိုးသာ သတ်မှတ် ချီးမြှင့် ခဲ့သည်။

ယင်းနှစ် နှစ်တွင် ပထမ အကောင်းဆုံး ဇာတ်ကား ဆုကို ရွှေကိန္နရီ ရုပ်၊ဒုတိယ အကောင်း ဆုံးဇာတ် ကားဆုကို ငွေဒေါင်းရုပ်၊ တတိယ အကောင်းဆုံး ဇာတ်ကား ဆုကို ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံး အမျိုးသား ပညာ သည်ဆုနှင့် အကောင်းဆုံး အမျိုးသမီး ပညာ သည်ဆု တို့ကို ရွှေရင် ထိုးများ ချီးမြှင့် ခဲ့သည်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ်အတွက် ထပ်မံညှိနှိုင်းရန် အချက် ၃ ချက်သာ ကျန်ရှိဟု ဆို


Photo: တနိုင်ငံလုံး အပစ်ရပ် စာချုပ်အတွက် ထပ်မံညှိနှိုင်းရန် အချက် ၃ ချက်သာ ကျန်ရှိဟု ဆို
Wednesday, December 24, 2014

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရန် ထပ်မံညှိနှိုင်းရမည့် အချက် ၃ ချက်သာ ကျန်တော့ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်အတွင်း ကျင်းပသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ၇ကြိမ်မြောက် ဆွေးနွေးရန်အတွက် အလုပ်အဖွဲ့၏ အကြိုညှိနှိုင်းပွဲ အပြီးတွင် ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက“ပိတ်ဆို့ ရပ်တန့်တာ တွေ မရှိတော့ဘူး၊ အချက်အားလုံး ဆွေးနွေးပြီး သလောက်ပဲ၊ ၃ ချက်ပဲ ကျန်ပါတယ်၊ အလုပ်အဖွဲ့ နှစ်ဖွဲ့က သဘော ထား တူညီ နေပြီ၊ နှစ်ဘက် ခေါင်းဆောင်တွေကို ပြန်တင်ပြီး အတည်ပြုပြီးရင် ပြီးပါပြီ”ဟု ပြောသည်။

အပစ်ရပ်မူကြမ်းမှာ ၆ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းထားပြီး ဖြစ်၍ ၄ ကြိမ် အချောသတ်ပြီး ဖြစ်ကြောင်း၊ အခန်း ၇ ခန်း ပါရှိပြီး  အချက် အလက်အားဖြင့် ၁၁၂ ချက်ပါရှိကြောင်း သိရသည်။

ဆွေးနွေးရန် ကျန်ရှိနေသည့် အချက် ၃ ချက်မှာ ကြားကာလတပ်နေရာ ချထားရေး ဆိုင်ရာနှင့် ဆက်စပ်သည့်အချက်များ ဖြစ်သည် ဟု တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ၏ ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းကလည်း ပြော သည်။

မူကြမ်းအပြီးသတ် ထွက်ရှိရန် အဓိက ဆွေးနွေးနေကြသည့် UPWC နှင့် NCCT တို့အကြားတွင် ညှိနှိုင်းရမည့် အချက်မှာ ၃ ချက်သာ ကျန်ရှိတော့သဖြင့် လာမည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ တွင် စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုးနိုင်ရန် လည်း NCCT ဘက်က အစိုးရဘက်ကို အဆိုပြုထားသည်ဟု သိရသည်။

ပဒိုကွယ်ထူးဝင်းက“ကျနော်တို့ဘက်က မျှော်လင့်တယ်၊ ဖြစ်လည်းဖြစ်စေချင်တယ်၊ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးချင်တယ်၊ တိုင်းပြည်အနာဂတ်အတွက် မွန်မြတ် ဂုဏ်ရှိတဲ့နေ့ ဖြစ်လို့ပါ”ဟု ပြောဆိုသည်။

ဇန်န၀ါရီလ ၁၆ ရက်တွင် နှစ်ဘက် အလုပ်အဖွဲ့များ ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး အပစ်ရပ် မူကြမ်းကို အပြီးအချောသတ်ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်ဟု သိရသည်။

သို့သော် တနိုင်ငံလုံးအပစ်ရပ်ရေးတွင် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း နှင့် အပစ်ရပ်ကာလ၌ လက်နက်ကိုင်တပ် အားလုံး လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ ချမှတ်နိုင်ရန် တပ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အကြား ဆွေးနွေးရန် ကျန်ရှိ နေသေးသည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

ထိုကျင့်ဝတ်စည်းကမ်း နှစ်ခုမှာ NCCT နှင့် တပ်မတော်အကြား တွေ့ဆုံဆွေးနွေး ရမည်ဖြစ်ပြီး အပစ်ရပ်စာချုပ် အချောသတ်ပြီး နောက်မှ ဆွေးနွေးမည်ဟု သိရ သည်။

NCCT အနေဖြင့် နိုဝင်ဘာ ၁၉ ရက်က လိုင်ဇာသို့ ပစ်ခတ်မှုကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်၊ အောက်ခြေတပ်အချင်းချင်း အချင်းပွားမည့် ကိစ္စရပ်များကို ရှောင်ရန် အစိုးရ၊ တပ်မတော် နှင့် ဆက်လက်ညှိနှိုင်းမှုများလည်း ပြုလုပ်သွားမည်ဟု ဆိုသည်။

ယခု ဆွေးနွေးပွဲတွင် အစိုးရဘက်မှ တပ်မတော် ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် NCCT ဘက်မှ ပထမခေါင်းဆောင် နိုင်ဟံသာနှင့် ဒုတိယခေါင်းဆောင် (၂) ဗိုလ်ချုပ် ဂွန်မော် တို့ တက်ရောက်ခဲ့ခြင်း မရှိပါ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးနေသည်မှာ ၃ နှစ်ကြာပြီဖြစ်သော် လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

ဧရာဝတီ

ရန်ကုန် ငြိမ်းချမ်းရေး အကြိုညှိနှိုင်းပွဲတွင် တွေ့ရသော အစိုးရဘက်က ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း(ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)
ရန်ကုန် ငြိမ်းချမ်းရေး အကြိုညှိနှိုင်းပွဲတွင် တွေ့ရသော အစိုးရဘက်က ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း(ဓာတ်ပုံ – Steve Tickner / ဧရာဝတီ) 

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရန် ထပ်မံညှိနှိုင်းရမည့် အချက် ၃ ချက်သာ ကျန်တော့ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်အတွင်း ကျင်းပသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ၇ကြိမ်မြောက် ဆွေးနွေးရန်အတွက် အလုပ်အဖွဲ့၏ အကြိုညှိနှိုင်းပွဲ အပြီးတွင် ဧရာဝတီ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မကွေးတွင် မြို့ပြစီမံကိန်းကြောင့် ယာမြေဧကသုံးသောင်းကျော်ဆုံးရှုံးနိုင်ဖွယ်ရှိ


Photo: မကွေးတွင် မြို့ပြစီမံကိန်းကြောင့် ယာမြေဧကသုံးသောင်းကျော်ဆုံးရှုံးနိုင်ဖွယ်ရှိ
Wednesday, December 24, 2014

မကွေးမြို့ပြစီမံကိန်းအ ကောင်အထည်ဖော်ခြင်းနှင့် ပတ် သက်၍ မကွေးမြို့နယ်၊ ကျေးရွာ အုပ်စု ၁၃ စုမှ တောင်သူများ ၏သဘောထားဆန္ဒကို မေးမြန်းခဲ့ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၀ ရက်က ကျေး ရွာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိ သူ၊ မြေစာရင်းဦးစီးဌာန  တာဝန် ရှိသူများနှင့် တောင်သူများတွေ့ ဆုံခဲ့ပြီး မကွေးမြို့၊ မြို့ပြစီမံကိန်း အတွက် တောင်သူများ၏ ယာမြေများကို ကာလပေါက်ဈေးပေး၍ သိမ်းယူခဲ့ပါက တောင်သူများ၏ ဆန္ဒသဘောထားမည်သို့ရှိမည် ကို မေးမြန်းခဲ့ကြောင်း သတင်းရရှိ သည်။

ထိုကိစ္စနှင့်ပတ်သက်၍ တောင်သူအများစုက  ၎င်းတို့ ၏ ယာမြေများကို စွန့်လွှတ်မည်မဟုတ် ကြောင်း ကန့်ကွက်ခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ပါက ကျေးရွာအုပ်စု ၁၃စုရှိ ယာမြေအားလုံးဆုံးရှုံးမည်ဖြစ်သည်။

‘‘တောင်သူလယ်သမားကို လယ်ယာမြေတွေ သိမ်းလိုက်ရင် တောင်သူလယ်သမားတွေ ဘာ လုပ်ကိုင်စားမလဲ၊ မြို့ပေါ်တက်ပြီးတော့လည်း လုပ်ကိုင်မစားတတ်ဘူး။ တိုင်းပြည်အတွက် ဒီဒေသဆိုရင် ဆီအိုးကြီးလို့ တင်စားခေါ်ဝေါ်တာရှိတယ်။ ခုလို ယာမြေတွေ အကုန်ဆုံးရှုံးရရင်တော့ ဆီအိုးကြီးကွဲပြီလို့တောင် ပြောရ မှာပဲ’’ဟု မကျီးကန်အုပ်စု မကျီးကန်ကျေးရွာနေ တောင်သူဦးထွန်းစိန်က ပြောသည်။

မကျီးကန်ကျေးရွာအုပ်စုတွင်ရွာလေးရွာရှိပြီး      စီမံကိန်းနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံရာ၌ တောင်သူများအနေဖြင့် ကာလ ပေါက်ဈေးပေးမည်ဆိုလျှင်လည်း ယာမြေများကို မစွန့်လွှတ်နိုင် ကြောင်း၊ အခြားအလုပ်များလည်း မလုပ်ကိုင်တတ်သောကြောင့် ၎င်းတို့၏ သားစဉ် မြေးဆက်အထိ စားဝတ်နေရေးအတွက် ယာမြေများမှာ အရေးကြီးကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ကို အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနက Town Plan ချပေးပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ တာဝန်က အသေး စိတ်မြေစာရင်းကို ဆွဲထုတ်ပေးရ တယ်’’ဟု မြို့နယ်မြေစာရင်းဦးစီး ဌာနတာဝန်ရှိသူက ပြောသည်။

ကျေးရွာအုပ်စု ၁၃ စုတွင် ကျေးရွာပေါင်း ၂၀ကျော်ရှိပြီး မြို့မြေတိုးချဲ့ရန်မှာ နှစ် ၃၀စီမံ ကိန်းဖြစ်၍    ယာမြေများသိမ်း ဆည်းဝယ်ယူခြင်း၊ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ခြင်း ကိစ္စ ရပ်များမှာ ပြည်ထဲရေးက တာဝန် ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘Town Plan ကို နေပြည် တော်က ဆွဲပေးတာပါ။ ကျန်တဲ့ မြေယာတွေကို စီမံခန့်ခွဲတာကို ထွေအုပ်က လုပ်ပါတယ်။ အသေးစိတ်မြေစာရင်းတွေကို မြေစာရင်း ဌာနက လုပ်ရပါတယ်’’ဟု မကွေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန   တာဝန်ရှိသူ က ပြောသည်။

အဆိုပါစီမံကိန်းနှင့် ပတ် သက်၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကျေးရွာအုပ်စု အများစုက ကန့်ကွက်ခဲ့ကြသည်။ မြို့ပြစီမံကိန်းပြုလုပ်ပါက နှစ်၃၀ စီမံကိန်းဖြစ်ပြီး    ကျေးရွာနှစ် ဆယ်ကျော်ရှိ ယာမြေဧကပေါင်း သုံးသောင်းကျော်အသုံးပြုရမည် ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာန က ခန့်မှန်းပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တောင်သူများအနေဖြင့် စိုးရိမ်ပူ ပန်မှုများရှိနေပြီး မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးက မည် သည့်အတည်ပြုထုတ်ပြန်ကြေ ညာချက်မျိုးမှ မရှိကြောင်း ပြော ကြားသည်။

7Day

မကွေးမြို့ပြစီမံကိန်းအ ကောင်အထည်ဖော်ခြင်းနှင့် ပတ် သက်၍ မကွေးမြို့နယ်၊ ကျေးရွာ အုပ်စု ၁၃ စုမှ တောင်သူများ ၏သဘောထားဆန္ဒကို မေးမြန်းခဲ့ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၀ ရက်က ကျေး ရွာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိ သူ၊ မြေစာရင်းဦးစီးဌာန  တာဝန် ရှိသူများနှင့် တောင်သူများတွေ့ ဆုံခဲ့ပြီး မကွေးမြို့၊ မြို့ပြစီမံကိန်း အတွက် တောင်သူများ၏ ယာမြေများကို ကာလပေါက်ဈေးပေး၍ သိမ်းယူခဲ့ပါက တောင်သူများ၏ ဆန္ဒသဘောထားမည်သို့ရှိမည် ကို မေးမြန်းခဲ့ကြောင်း သတင်းရရှိ သည်။

ရခိုင်ပြည်နယ်အစိုးရအား အကြည်အညိုပျက်အောင်လုပ်သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသားရေးနိုင်နိုင် ဖမ်းဆီးခံရ


Photo: ရခိုင်ပြည်နယ်အစိုးရအား အကြည်အညိုပျက်အောင်လုပ်သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသားရေးနိုင်နိုင် ဖမ်းဆီးခံရ
Wednesday, December 24, 2014

ရခိုင်ပြည်နယ် အရေးကို တက်ကြွစွာ လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့် အမျိုးသားရေးနိုင်နိုင်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အများပြည်သူ အကြည်ညိုပျက်စေအောင် ပြုလုပ်သည်ဟု စွပ်စွဲကာ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

သူ့အား ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၇ နာရီ ၀န်းကျင်က ရဲတပ်ဖွဲ့မှ စစ်ဆေးစရာရှိသည်ဟု ဆိုကာ ခေါ်ယူသွားခဲ့သည်ဟု သိရသည်။

စစ်တွေ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာ အများပြည်သူကို အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့မရဲစခန်း ရဲအုပ် ဦးအောင်မြင့်ဦးက နိရဉ္စရာသတင်းဌာသို့ အတည်ပြုပြောကြားသည်။

“ကိုနိုင်နိုင်အဖမ်းခံတာမှန်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အများပြည်သူ အကြည်အညို ပျက်စေအောင် လုပ်မှု ၅၀၅ (ခ) နဲ့ဖမ်းတာပါ။ ပြည်နယ်ပညာရေးမှူး ကျောင်းရှေ့၊ ကျောင်းနံရံတွေမှာ ပြည်နယ်အစိုးရအဖွဲ့ကို အရေးယူဖို့ ဖြန့်စာတွေ လိုက်ကပ်ပါတယ်။ ဒါကို ပြည်နယ်ပညာရေးမှူးက တိုင်ကြားလို့ ဖမ်းတာပါ။ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖမ်းတာပါ။ ကျွန်တော် အပြင်တစ်နေရာ ရောက်နေတော့ အချိန်အတိအကျကို မပြောနိုင်ပါဘူး”ဟု ရဲအုပ် ဦးအောင်မြင့်ဦးက ပြောသည်။

အမျိုးသားရေး နိုင်နိုင်အား ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အာမခံ မပေးဘဲ ရခိုင်ပြည်နယ် အစိုးရအား အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တရားစွဲတင်ခဲ့သည်ဟု အမျိုးသမီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်ကျော့စိန်က ပြောကြားသည်။

အမျိုးသားရေးနိုင်နိုင်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် အတိုက်အခံ ဘ၀ဖြင့် နှစ်ပေါင်းများ စွာ ရည်တည်လူပ်ရှားနေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ်မှ တဆင့် ရခိုင်ပြည်နယ်ထဲသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။

ကိုနိုင်နိုင်သည် ရခိုင်အမျိုးသားရေးကို တက်တက်ကြွကြွ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အရက် တိုက်ဖျက်ရေးနှင့် ရခိုင်အမျိုးသားရေးလုပ်ငန်းများကို တစ်ကိုယ်တော် လုပ်ဆောင် နေသူတစ်ယောက် ဖြစ်ကြောင်းသိရသည်။

ကိုနိုင်နိုင်အဖမ်းခံရသည်မှာ ဒီဇင်ဘာလ ၁၈ ရက် နေ့စွဲ ဖြင့် ထုတ်ပြန်သော ကျေညာချက် တစ်စောင်ကြောင့် ဖြစ်ကြောင်း ဒေါ်ကျော့စိန်က ပြောသည်။

ယင်းစာတွင် “ ရခိုင်ပြည်နယ် စစ်တွေမြို့သည် တစ်ချိန်က ပညာရေးတွင် အလွန်တရာမှ အောင်ချက် ကောင်းသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး၊ ယခုအချိန်အခါ ပညာရေးမှာ အလွန်တရာ ကျဆင်းနေသည့် အချိန် ဖြစ်သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အနေဖြင့် ပွဲတော်များတွင် အလွန်တရာ ပင်ပန်း၊ အလွန်တရာကျောင်းပျက် ခံကာ စာမသင်ရပဲ အကများဖြင့် ဖြေဖျော်နေရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကျောင်းသား ကျောင်းသူများ ပညာမတတ်၊ စာမတတ်ဖြစ်အောင် လုပ်ဆောင်နေသည်နှင့် တူသည့်အတွက် နောက်နောင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပွဲတော်များနှင့် တခြားပွဲတော်များတွင် ကျောင်းသူကျောင်းသားများကို အသုံချပြီး ကပွဲများမပြုလုပ်ပါရန် ကျွန်တော်ကျောင်းဆရာတစ်ဦးအနေဖြင့် စာရေးအကြောင်းကြား တောင်းဆိုပါသည်”ဟု ပါရှိသည်ဟု သိရသည်။

ယင်းစာကို ၀န်ကြီးချုပ်ထံသို့တိုက်ရိုက်ပေးပို့သည့်အပြင် စစ်တွေမြို့ နေရာအနှံ့အပြားတွင် လိုက်လံ ဖြန့်ဝေခဲ့မှုသည့် အပြင် ပြည်နယ်ပညာရေးမှူးရုံး ကျောင်းဝင်း နံရံများတွင် စတေကာ ကပ်မှုများ ပြုလုပ်ခဲ့သဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။

Narinjara

ရခိုင်ပြည်နယ် အရေးကို တက်ကြွစွာ လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့် အမျိုးသားရေးနိုင်နိုင်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အများပြည်သူ အကြည်ညိုပျက်စေအောင် ပြုလုပ်သည်ဟု စွပ်စွဲကာ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

သူ့အား ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၇ နာရီ ၀န်းကျင်က ရဲတပ်ဖွဲ့မှ စစ်ဆေးစရာရှိသည်ဟု ဆိုကာ ခေါ်ယူသွားခဲ့သည်ဟု သိရသည်။

လက်ပံတောင်းပဋိပက္ခတွင် ဒေသခံအမျိုးသမီး ဦးခေါင်းဒဏ်ရာ အား သေနတ် ကျည်ဆန်ဒဏ်ရာဟု တိုင်းရဲမှူး အတည် မပြုနိုင်ကြောင်းပြော ဆို


Photo: လက်ပံတောင်းပဋိပက္ခတွင် ဒေသခံအမျိုးသမီး ဦးခေါင်းဒဏ်ရာ အား သေနတ် ကျည်ဆန်ဒဏ်ရာဟု တိုင်းရဲမှူး အတည် မပြုနိုင်ကြောင်းပြော ဆို
Wednesday, December 24, 2014

လက်ပံ တောင်းတောင် ပဋိပက္ခတွင် ဒေသခံ မိုးကြိုးပြင်ရွာမှ မခင်ဝင်း၏ နဖူး တည့်တည့်ရှိ သေနတ်ဒဏ်ရာအား အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပစ်လိုက်သော သေနတ်ကျည်ဆန် ဒဏ်ရာဟု အတည်ပြုပြောဆိုနိုင် ခြင်း မရှိသေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးဦးနေ ထွန်းက ပြောသည်။

''ဆေးရုံမှာ အလောင်းကို PM လုပ်ကြည့်ချင်တယ်။ အလောင်း မမြင်ရဘဲ၊ မသိဘဲနဲ့ မပြောနိုင်ဘူး။သိဖို့လိုတယ်။ ရဲတပ်ဖွဲ့ကပစ်ခတ်မှု ကြောင့် ဟုတ်မဟုတ်ဒဏ်ရာအပေါ် မူတည်တယ်။ ဒီဒဏ်ရာနဲ့သေဆုံး မှုကို ကျွမ်းကျင်တဲ့သူနဲ့စစ်မှသိမယ်'' ဟု တိုင်းရဲမှူးက ပြောသည်။

ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းခြံစည်းရိုးခတ်မှုကို တားမြစ် ရာမှ လုံခြုံရေးရဲတပ်ဖွဲ့နှင့် ဒေသခံ များအကြား ထိပ်တိုက်တွေ့ဆုံမှုမှ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း အမျိုးသမီးတစ်ဦး၏ ဦးခေါင်းသေ နတ်ထိမှန်သေဆုံးမှုမှာ ပထမဆုံး ဖြစ်စဉ်ဖြစ်သည်။

သေဆုံးသူ မခင်ဝင်း၏ မောင် ဖြစ်သူ ဦးသောင်းဌေးမှ ''အစ်ကို တစ်ဝမ်းကွဲကိုမှိုင်းက ဘယ်ဘက် ပေါင်ကို ကျည်မှန်တာ၊ အမလေး ဆိုပြီးအသံကြားလို့ နောက်ပြန်ကြည့် လိုက်တော့ အစ်မကလဲ တုံးလုံး လဲနေတာတွေ့တယ်၊ ရဲတွေက တက် လာသေးတယ် လူသေမှန်းသိမှပြန် ဆုတ်သွားတာ''ဟု မိုးကြိုးပြင်အလယ် ရွာရှိ မခင်ဝင်းနာရေးတွင် မီဒီယာ များသို့ ပြောသည်။

သေနတ်ဒဏ်ရာဖြင့် ဦးခေါင်း ပွင့်၍ ဦးနှောက်များထွက်၍ သေ ဆုံးခဲ့သူ မခင်ဝင်း၏ အသုဘအခမ်း အနားပြုလုပ်မည့်ရက်အား အတိ အကျမသိသေးဘဲ ၈၈ မျိုးဆက်အဖွဲ့ နှင့်လိုက်ပါလာသော ဆရာဝန်များ လာကြည့်မည်ဖြစ်ကြောင်း၊ အစိုးရ ဘက်မှလည်း အလောင်းအား လာ ရောက်တောင်းခံထားခြင်း မရှိသေး ကြောင်း သိရသည်။

KTS

Democracytoday
လက်ပံ တောင်းတောင် ပဋိပက္ခတွင် ဒေသခံ မိုးကြိုးပြင်ရွာမှ မခင်ဝင်း၏ နဖူး တည့်တည့်ရှိ သေနတ် ဒဏ်ရာအား အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပစ်လိုက်သော သေနတ်ကျည်ဆန် ဒဏ်ရာဟု အတည်ပြု ပြောဆိုနိုင် ခြင်း မရှိသေးကြောင်း စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးဦးနေ ထွန်းက ပြောသည်။

ယာဉ်တင် သွင်းမှုပါမစ် လျှောက်ထားရက် တိုးမြှင့်ရန် တောင်းဆို ပါမစ်မကပ် ရသေးသော ဆိပ်ကမ်းရောက်ပြီး ကားများ အသိမ်းခံ ရဖွယ်ရှိနေ



Photo: ယာဉ်တင် သွင်းမှုပါမစ် လျှောက်ထားရက် တိုးမြှင့်ရန် တောင်းဆို ပါမစ်မကပ် ရသေးသော ဆိပ်ကမ်းရောက်ပြီး ကားများ အသိမ်းခံ ရဖွယ်ရှိနေ
Wednesday, December 24, 2014

ယခု ၂၀၁၄ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်လျှောက် လွှာများကို ဒီဇင်ဘာ ၂၄ရက်နောက် ဆုံးထားလျှောက်ထား ရန်သတ်မှတ် ထားခြင်းကို ရက်တိုးမြှင့်ပေးရေး တင်ပြထား သော်လည်း အကျိုးသက် ရောက်မှုမ ရှိသဖြင့် အခက် အခဲများစွာ ရှိနေသည် ဟုမြန်မာနိုင်ငံမော် တော်ယာဉ် ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချသူများအသင်း တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

မော်တော်ယာဉ်တင်သွင်းမှု ပါမစ်လျှောက်လွှာ အမျိုးအစားအားလုံးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နောက်ဆုံးထားပြီး ပါမစ်လျှောက်ထား ရမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်း တင်သွင်း ခွင့်ပါမစ် လျှောက်ထား မှုများကို ရပ်ဆိုင်းထားမည်ဟုလည်း မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာကြီးကြပ် မှုကော်မ တီက ထုတ်ပြန် ထားသည်။

မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်လျှောက်လွှာများကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နောက်ပိုင်းမှသာ ပြန်လည်လက်ခံ ဆောင်ရွက် မည်ဟုလည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့အတွက် ၎င်းသတ်မှတ် ရက်ကို တိုးမြှင့်ပေးရန် တောင်းဆို ထားခဲ့ပြီး အစိုးရအဖွဲ့က အကြောင်းပြန် ကြားခြင်း မရှိဘဲဖြစ် နေသည်ဟု ဆိုသည်။ အသင်း ဥက္ကဋ္ဌဒေါက်တာ စိုးထွန်းက “တင်သွင်း ခွင့်ရက် သတ်မှတ်ချက် တိုးမြှင့်ပေးဖို့ တောင်းဆို တာက အခုထိ အကြောင်း မပြန်သေးတော့ (ဒီဇင်ဘာ ၂၃ ရက်မွန်း လွဲ ၂ နာရီအထိ) သတ်မှတ် ရက်အတိုင်း သွားရမယ ပုံစံဖြစ်နေ ပါတယ်”ဟု ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၃၁ ရက်အတွင်း တင်သွင်းခွင့် ပါမစ်မကျဘဲ ရန်ကုန်ဆိပ်ကမ်း တွင်ရောက်ရှိနေသည့် ကားများ ကိုလည်း နိုင်ငံတော် ဘဏ္ဍာပိုင် အဖြစ်သိမ်း ယူသွား မည်ဟုလည်း ထုတ်ပြန်ထားသည်။ သို့ဖြစ်ရာ ပါမစ်လျှောက်လွှာ မကျသေးဘဲ ကြိုတင်ကားတင်သွင်း သူများသည် အခက်အခဲ များဖြစ်နေ သည်ဟု၎င်း အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက ပြော ကြားသည်။

၎င်းက “ဒီနေ့မှ လျှောက်ရမယ်ဆိုတဲ့ ကားပါမစ်က ဒီဇင်ဘာ ၃၁ ရက်အတွင်း ကျဖို့မသေချာဘူး။ တကယ် လို့ ဒီဇင်ဘာ ၃၁ ရက်အထိ ပါမစ်မကျဘူး ဆိုရင်ဆိပ် ကမ်းမှာ ရောက်နေတဲ့ ကားတွေက နိုင်ငံတော်ပိုင် အဖြစ် သိမ်းတဲ့ အထဲမှာ အကျုံးဝင်သွားပြီ။ အဲဒါကြောင့် အရမ်းကို ခက်ခဲနေတာပါ”ဟု ပြောသည်။

ထို့အတူ အိုဟောင်းယာဉ် အစားထိုးပါမစ်ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို လက်ရှိတွင် အခွန် ကောက်ခံမှု ၂၀ ရာခိုင်နှုန်း လျှော့ချပေး ထားသည်။ ဒီဇင်ဘာ ၃၁ ရက်နောက်ပိုင်း ပါမစ်ရရှိပြီး တင်သွင်း သည့် အိုဟောင်းအစားထိုးယာဉ်များကိုလည်း အခွန်လျှော့ပေါ့ခွင့်ပေးတော့မည် မဟုတ်ဟု မော်တော် ယာဉ်တင်သွင်း ခွင့်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီက ထုတ်ပြန် ထားပြီးဖြစ်သည်။

၎င်းအသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမိုးကျော်စွာက “သတ်မှတ်ရက်က တစ်ရက်ပဲ ကျန်တော့ တာပါ။ အခုဆိုရင် (ဒီဇင် ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ) စီးပွား/ ကူးသန်းရုံးမှာ ပါမစ်လျှောက် တဲ့သူတွေ ပုံပြီး တော် တော်ဒုက္ခဖြစ်နေတယ်။ နောက်တစ်ချက်က သင်္ဘော တင်ထားပြီးဖြစ်နေ တဲ့ကား တွေကလည်း ပါမစ်ကျ မယ့်ရက်နဲ့ မကိုက် ရင် အသိမ်းခံရ မလိုတောင်ဖြစ် နေတယ်” ဟု ပြောသည်။

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှု မြင့်မား လာသဖြင့် ၎င်းကိုဖြေရှင်းရန် ကား ရပ်နားရန်နေရာရှိသူများ ကိုသာတင်သွင်း ခွင့်ပြုမည့် အစီအစဉ် ကိုလည်း ဖော်ဆောင် လျက်ရှိသည်။

Mizzima - News in Burmese 

တင်သွင်းမော်တော်ယာဉ်များထားရှိသော သီလ၀ါဆိပ်ကမ်းအတွင်းမြင်ကွင်းကို တွေ့ရစဉ်။ ရန်ကုန်ဆိပ်ကမ်းရောက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်အထိ တင်သွင်းခွင့် ပါမစ်မပြနိုင်သောကားများကို နိုင်ငံပိုင်အဖြစ် သိမ်းယူမည်ဟု ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
တင်သွင်းမော်တော်ယာဉ်များထားရှိသော သီလ၀ါဆိပ်ကမ်းအတွင်းမြင်ကွင်းကို တွေ့ရစဉ်။ ရန်ကုန်ဆိပ်ကမ်းရောက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်အထိ တင်သွင်းခွင့် ပါမစ်မပြနိုင်သောကားများကို နိုင်ငံပိုင်အဖြစ် သိမ်းယူမည်ဟု ထုတ်ပြန်ထားသည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)


ယခု ၂၀၁၄ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်လျှောက် လွှာများကို ဒီဇင်ဘာ ၂၄ရက်နောက် ဆုံးထားလျှောက်ထား ရန်သတ်မှတ် ထားခြင်းကို ရက်တိုးမြှင့်ပေးရေး တင်ပြထား သော်လည်း အကျိုးသက် ရောက်မှုမ ရှိသဖြင့် အခက် အခဲများစွာ ရှိနေသည် ဟုမြန်မာနိုင်ငံမော် တော်ယာဉ် ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချသူများအသင်း တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

လက်ပံတောင်းတောင်ပဋိပက္ခနှင့်ပတ်သက်ပြီး သမ္မတရုံးနှင့် NLD တို့မှ ထုတ်ပြန်ချက်မှာ အတုအယောင်ထုတ်ပြန်ချက်များသာဖြစ်သည်ဟု တာဝန်ရှိသူများပြောကြား


လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းနယ် နိမိတ်ကြောင့် ဒေသခံများနှင့်ရဲတပ် ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး သမ္မတရုံးနှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ သဘော ထားထုတ်ပြန်သည်မှာ မဟုတ်မှန် ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ငြင်းဆိုလိုက်သည်။

ဆားလင်းကြီးမြို့နယ်ရှိ လက် ပံတောင်းတောင်ကြေးနီစီမံကိန်းနယ် နိမိတ်သတ်မှတ်ရန်အတွက် တရုတ် နိုင်ငံဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုးခတ် စဉ်လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့နှင့် ခြံစည်းရိုးမခတ်ရန် တားမြစ်ထား သည့်ဒေသခံများအကြား ဒီဇင်ဘာ ၂၂ရက်နေ့လယ်ပိုင်းမှစ၍ အပြန် အလှန်ပတ်ခတ်မှုများကြောင့် နိုင်ငံ တော်သမ္မတနှင့် NLD အဖွဲ့တို့မှ သဘောထားထုတ်ပြန်ချက်များလူမှု ကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်နေသောကြောင့် ယင်းကဲ့ သို့ ငြင်းဆိုကြခြင်းဖြစ်သည်။

ဝှိုက်ကတ်ကိုင် သူများကို မဲပေး ခွင့်ပြုမှု ရခိုင် အမတ်တို့ ဝေဖန်


Photo: ၀ှိုက်ကတ်ကိုင် သူများကို မဲပေး ခွင့်ပြုမှု ရခိုင် အမတ်တို့ ဝေဖန်
Wednesday, December 24, 2014

နေပြည်တော်၊ ဒီဇင်ဘာ ၂၃။   ။ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲတွင် ၀ှိုက်ကတ်၊ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် သူတို့အား မဲပေး ခွင့်ပြုသင့် သည် ဟူသော သမ္မတ၏ သဘောထား မှတ်ချက်သည် အစိုးရက နိုင်ငံအပေါ် တာဝန်ယူမှု ယုတ်လျော့ခြင်း၊ တာဝန်မဲ့ခြင်း သာဖြစ်သည်ဟု ANP ပါတီ ဥက္ကဋ္ဌ ရခိုင်အမတ် ဒေါက်တာအေးမောင်က ပြောသည်။

“၀ှိုက်ကတ် ကိစ္စဟာ ဘင်္ဂါလီနဲ့ ရခိုင်တိုင်း ရင်းသားတွေရဲ့ အရေးသာမကဘဲ ပြည်ထောင်စု တိုင်းရင်းသား အားလုံးရဲ့ အရေး၊ တစ်နိုင်ငံလုံးရဲ့ လူဝင်မှုကိစ္စ ကြီးဖြစ်တယ်။ ဒီလူဝင်မှုပြဿနာကို အစိုးရက ဘယ်လိုကိုင် တွယ်သလဲ ဘယ်လိုကာကွယ် သလဲဆိုတာ ကြည့်ရမယ်။ နိုင်ငံသားတွေ ဆီကစီး ဆင်းလာတဲ့ အချုပ်အခြာ အာဏာဖြစ်တဲ့ အခြေခံဥပဒေကို နိုင်ငံသားမဟုတ်တဲ့ လူတွေကို မဲပေးခွင့်ပြုတာဟာ တာဝန်ယူမှုယုတ် လျော့တာပဲ”ဟု အမျိုးသား လွှတ်တော် အမတ်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၄)ကို ရည်ညွှန်းလျက် နိုင်ငံသား မဟုတ် သူများအား မဲ ပေးခွင့်မပြု သင့်ကြောင်းနှင့် အစိုးရ၏ တာဝန်မဲ့မှု ကိုထောက်ပြ ခဲ့သည်။ ရခိုင်တိုင်းရင်းသား အမတ်တစ်ဦး ဖြစ်သည့် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ဗမာခေါင်းဆောင်တွေ ကကုလားနဲ့ ရခိုင်ကို ကစားလာတာ ဖဆပလခေတ်က တည်းကပါ။ အခုလို ၀ှိုက်ကတ်တွေကို မဲထည့်ခွင့် သာပေး လိုက်ရင် ရခိုင်တိုင်း ရင်းသားတွေ အပေါ်သ စ္စာမဲ့ ရာရောက်တယ်။ နိုင်ငံသားတွေမှရတဲ့ အခွင့်အရေးကို နိုင်ငံသားမဟုတ်သူတွေကို မပေးသင့်ဘူး”ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် လွှတ်တော် (၁၁) ကြိမ်မြောက် အစည်း အဝေးတွင် လွှတ်တော်နှစ်ရပ်က သဘောတူ ထားသည့် ပြည်လုံး ကျွတ်ဆန္ဒ ခံယူပွဲ၌ ၀ှိုက်ကတ်၊ သို့မဟုတ် ယာယီ သက်သေ ခံလက်မှတ် ကိုင်ဆောင် ထားသူများ ဆန္ဒမဲ ပေးခွင့် မရှိဟူသည့် အတည်ပြုချက် အပေါ် နိုင်ငံတော် သမ္မတက လက်မခံဘဲ မဲပေး ခွင့်ပြုရန် သဘော ထားမှတ်ချက် ကိုပြီးခဲ့သည့် သီတင်းပတ်၌ လွှတ်တော်သို့ ပေးပို့ခဲ့ပြီးနောက်ပိုင်း ထိုသို့သော ပြောဆိုဝေဖန် မှုများ ပေါ်ထွက် ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အမတ် ဦးရွှေမောင်က “တကယ်တော့ ဥပဒေပြု အမတ်တွေ အနေနဲ့ ဒီဥပဒေကို အတည်ဖြစ် စေချင်ရင် ရွေးကောက်ပွဲ ဆိုင်ရာ တည်ဆဲဥပဒေသုံးရပ်ကို အရင်ပြင်ဖို့ လိုပါတယ်။ မပြင်ဘဲ ဒီဥပဒေကို အတည်ပြု ရင် အထမမြောက်နိုင်ပါဘူး” ဟုလည်း ဝေဖန်ထောက်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ရွေး ကောက်ပွဲ ဥပဒေများတွင် ၀ှိုက်ကတ် ကိုင်ဆောင် သူတို့ ကို မဲပေးခွင့်ပြု ထားခဲ့သည်ကို ၎င်းက ရည်ညွှန်း ပြောဆိုခြင်းဖြစ်ပြီး ထိုလွှတ်တော် သုံးရပ်၏ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေများကို အရင်ပြင် ဆင်သင့် သည်ဟု ရခိုင်အမတ် ဦးဘရှိန်ကလည်း ၀န်ခံပြောဆိုခဲ့သည်။

Mizzima
နေပြည်တော်၊ ဒီဇင်ဘာ ၂၃။   ။ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲတွင် ၀ှိုက်ကတ်၊ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် သူတို့အား မဲပေး ခွင့်ပြုသင့် သည် ဟူသော သမ္မတ၏ သဘောထား မှတ်ချက်သည် အစိုးရက နိုင်ငံအပေါ် တာဝန်ယူမှု ယုတ်လျော့ခြင်း၊ တာဝန်မဲ့ခြင်း သာဖြစ်သည်ဟု ANP ပါတီ ဥက္ကဋ္ဌ ရခိုင်အမတ် ဒေါက်တာအေးမောင်က ပြောသည်။

အပွင့်ကို မတွေး၊ အားလုံးကိုယ်စားပြုသော တွေ့ဆုံရေးကို အားပေးသည်


နိုင်ငံရေး အကျပ်အတည်း များကို ဖြေရှင်းနိုင်ရန်အတွက် မည်သူတို့က တွေ့ဆုံဆွေးနွေး သည် ဖြစ်စေ၊ တပ်မတော်၊ အစိုး ရ၊ နိုင်ငံရေး ပါတီများနှင့် တိုင်း ရင်းသားများအား ကိုယ်စားပြု သော အင်အားစုများကို အဓိက ပါဝင် စေချင်သည်ဟု စည်းလုံးညီ ညွတ်သော တိုင်းရင်းသား လူမျိုး များ မဟာမိတ်အဖွဲ့ (UNA) က ပြော ကြားသည်။

''မြန်မာ့နိုင်ငံရေးကို ဖြေရှင်း ဖို့ ရည်ရွယ်ချက် ဦးတည်ချက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။ ဖြေ ရှင်းဖို့ သဘောတူညီချက်တွေကို ရရမယ်။ ရအောင်လုပ်ရမယ်။ အဲဒီ သဘောတူညီချက်တွေကို ရည်ရွယ်ချက်တွေကို ဖြေရှင်းဖို့ ရည်ရွယ်တယ်။ ဒီလို ဦးဆောင် ဆွေးနွေးမှုမျိုးကို ကျွန်တော်တို့က ကြိုဆိုတယ်''ဟု စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် ရခိုင်အမျိုး သားပါတီမှ ခေါင်းဆောင် ဦးအေး သာအောင်က ပြောသည်။

မိကျောင်းကန် သပိတ်စခန်းဖွင့် ဆန္ဒပြသူများကို ပုဒ်မ ၄ ခုဖြင့် အရေးယူ



Photo: မိကျောင်းကန် သပိတ်စခန်းဖွင့် ဆန္ဒပြသူများကို ပုဒ်မ ၄ ခုဖြင့် အရေးယူ
Wednesday, December 24, 2014

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် မြေနေရာများ ပြန်လည် ရရှိရေးအတွက် မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယမန်နေ့ နံနက်အစောပိုင်းတွင် ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၄ ခု ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး သပိတ်စခန်းတခု ဖြစ်သည့် မိကျောင်းကန် သပိတ်စခန်းအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ရက် နံနက် ၅ နာရ်ီခွဲ အချိန်တွင် ရဲတပ်ဖွဲ့အင်အား ၃၀ ခန့်က ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ၂ မှု ၊ ပြည်သူပိုင် လမ်းပိတ်ဆို့မူ ဥပဒေ ပုဒ်မ ၁၄၃ ၊ ရန်ကုန် မြို့တော် ခန်းမ ပိတ်ဆို့မှု ဥပဒေ ပုဒ်မ ၁၃၄ တို့ဖြင့် ကျောက်တံတား မြို့နယ် တရားရုံးတွင် ယနေ့ ရုံးတင် စစ်ဆေးခဲ့ပြီး ဆန္ဒပြသူ ၁၄ ဦး ကို ခံဝန်ဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြသူတဦး ဖြစ်သည့် ဒေါ်ခင်ခင်ဝင်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်ခင်ခင်ဝင်းက“အခုက ခံဝန်နဲ့ ကျမတို့ ၁၄ ဦးလုံးကို အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ တရားစွဲတာက ကျောက်တံတား မြို့နယ်မှာ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ပြီး ဆန္ဒပြတာ ပုဒ်မ ၁၈ တခု၊ နောက်တခုက စည်ပင်ရုံးရှေ့ခွင့်ပြုချက် မရဘဲ ဆန္ဒပြတာက ပုဒ်မ ၁၈ က တမူ ၊ စုစုပေါင်း ပုဒ်မ ၁၈ က နှစ်ခုပါ။ နောက်ပုဒ်မ ၂ ခုက ၁၄၃ နဲ့ ၁၃၄ ပါ။ ကျမတို့လည်း သူတို့ဆွဲတဲ့ ဥပဒေတွေကို နားမလည်ပါဘူး”ဟု ပြောဆိုသည်။

လက်ရှိတွင် အရေးယူခံထားရသည့် ဆန္ဒပြသူ ၁၄ ဦးကို ခံဝန်ဖြင့် အာမခံပေးထားပြီး ဇန်န၀ါရီ ၆ ရက်တွင် ဒုတိယအကြိမ် တရား ရင်ဆိုင်ရန် ကျောက်တံတားမြို့နယ် တရားရုံးက ချိန်းဆိုထားကြောင်း သိရသည်။

မြို့တော် ခန်းမရှေ့ ၀င်ပေါက်တွင် ပိတ်ဆို့ ဆန္ဒပြသူ ၅ ဦးကို ဒီဇင်ဘာလ ၂၂ ရက်က တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အရာရှိများက ခေါ်ယူတွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်ထားသော်လည်း ဖမ်းဆီးမှုများ ပြုလုပ်သွားမည် မဟုတ်ဟု ပြော ဆိုခဲ့သော်လည်း နောက်တရက် ဒီဇင်ဘာ ၂၃ ရက်တွင် ဆန္ဒပြသူ အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

“မနေ့က အဘွားတို့ကို ခေါ်တွေ့တော့ သူတို့က ဥပဒေတွေနဲ့ အရေးယူထားတယ် ပြောတယ်။ အချိန်မတော် ဖမ်းဆီးမှုတွေ မလုပ် ဘူးလို့ ပြောတယ်။ ဒါပေမယ့် မနက်ပိုင်း ကျတော့ ကားတွေနဲ့လာပြီး ဖမ်းသွားတယ်။ အဘွားကိုတော့ မမိ လိုက်ဘူး”ဟု တိုင်းဒေသကြီး ရဲအရာရှိများနှင့် တွေ့ဆုံခဲ့ရာတွင် ပါဝင်ခဲ့သူ ဒေါ်စောသိန်းက ဧရာဝတီသို့ ပြောသည်။

ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှကမူ ဥပဒေနှင့် အညီ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ရဲမှူး တင်လှက“ကျနော်တို့က ဥပဒေကြောင်းအရ အရေးယူတာပါ။ မနက် အစောကြီးဖမ်းတာကလည်း ကျနော်တို့က အချိန်နဲ့ တပြေးညီ တရားရုံးတင်ပို့မှုတွေ ဆောင်ရွက်ရတာတွေ ရှိတယ်။ ဒါကြောင့် ဥပဒေကြောင်း အရ ဆောင်ရွက်တာပါ”ဟု ပြောဆိုသည်။

မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေနေရာများ ပြန်လည်ရရှိရေးအတွက် မဟာဗန္ဓုလ ပန်းခြံဘေးတွင် သပိတ်စခန်း ဖွင့်လှစ်၍ ဆန္ဒပြ တောင်းဆိုမှုမှာ ရက်ပေါင်း ၂၇၄ ရက် ရှိပြီဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့မှ လာရောက် ညှိနှိုင်းမှု မရှိသဖြင့် ဒီဇင်ဘာ ၁၂ ရက်က မြို့တော်ခန်းမရှေ့တွင် ပြောင်းရွှေ့ ဆန္ဒပြခဲ့သောကြောင့် ယခုကဲ့သို့ အမှုဖွင့် အရေးယူ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဆို သည်။

ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်က သိမ်းဆည်းခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နှင့် (၃)ရပ်ကွက်ရှိ မြေနေရာများကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ ထိုမြေနေရာများသည် ဂရန်ပေါက်မြေများ မဟုတ် သည့်အတွက် ယင်းနေရာတွင် နေထိုင်ခဲ့သူများ အားလုံးကို တပတ်အတွင်း အပြီးသတ် ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ငွေကြေးတတ်နိုင် သူများကို မြေကွက် တကွက်လျှင် ၄၈၀၀ ကျပ်(၁၉၉၃ ခုနှစ် ငွေကြေး ပေါက်ဈေး) ဖြင့် ဒဂုံမြို့သစ် မြို့နယ်များတွင် ပြန်လည်ရောင်း ချပေးခဲ့ကြောင်း၊ ငွေကြေး မတတ်နိုင်သူများကို ပဲခူးရိုးမ အစပ်ရှိ မြေနေရာများနှင့် လှိုင်သာယာမြို့နယ်ရှိ မြေနေရာများတွင် နေရာချပေးခဲ့ကြောင်း သိရသည်။

တရားရင်ဆိုင်အပြီး တရားရုံးမှ ပြန်ထွက်လာသည့် မိကျောင်းကန် ဆန္ဒပြသူတချို့  ဓာတ်ပုံ – ဘုန်းမြတ်  

ဧရာဝတီ
 တရားရင်ဆိုင်အပြီး တရားရုံးမှ ပြန်ထွက်လာသည့် မိကျောင်းကန် ဆန္ဒပြသူတချို့  ဓာတ်ပုံ – ဘုန်းမြတ်  

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် မြေနေရာများ ပြန်လည် ရရှိရေးအတွက် မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယမန်နေ့ နံနက်အစောပိုင်းတွင် ၀င်ရောက် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၄ ခု ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း သတင်း ရရှိသည်။

လုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယား လူ့အခွင့်အရေးဆွေးနွေး


Photo: လုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယား လူ့အခွင့်အရေးဆွေးနွေး
Wednesday, December 24, 2014 

မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်းအထန် ဝေဖန်ကန့်ကွက်နေချိန်မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ဖို့ မြောက်ကိုရီးယားက ငြင်းဆန် လိုက်ပါတယ်။

တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုတွေကြားက လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံတို့က မြောက်ကိုရီးယား လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တနင်္လာနေ့က မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။

မကြာသေးခင်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာအရ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ အစိုးရ အဆင့်မြင့်ပိုင်းရဲ့ မူဝါဒတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြောက်ကိုရီးယားပြည်သူတွေရဲ့ ဘ၀ဟာ အိပ်မက်စိုးကြီးထဲမှာ နေထိုင်နေကြရသလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က ပြောသွားပါတယ်။

မြောက်ကိုရီးယားအစိုးရကတော့ လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်ချက်မှန်သမျှကို ဂရုစိုက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေဖြစ်ပြီး လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာအတွက် အကူအညီပေးတဲ့သူတွေဟာ လူဖျင်းလူညံ့တွေဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

VOA
မြောက်ကိုရီးယားနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြင်းအထန် ဝေဖန်ကန့်ကွက်နေချိန်မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ဖို့ မြောက်ကိုရီးယားက ငြင်းဆန် လိုက်ပါတယ်။

အကြမ်းဖက် သမားများ အပေါ် ပါကစ္စတန်၏ သည်းခံမှု ကုန်ဆုံး


Photo: အကြမ်းဖက် သမားများ အပေါ် ပါကစ္စတန်၏ သည်းခံမှု ကုန်ဆုံး
Wednesday, December 24, 2014  

ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေဒဏ်ကို ပြန်သုံးကာ အကြမ်းဖက်သမား ၅၀၀ ကိုကွပ်မျက်မည်

အစ္စလမ္မာဘတ်၊ ဒီဇင်ဘာ ၂၂။ ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ ရှိ စစ်တပ်ပိုင် စာသင်ကျောင်း၌ တာလီဘန်တို့က လူအစုလိုက် သတ်ဖြတ် မှုကြီး ပြုလုပ်ပြီးနောက်တွင် အစိုးရ၏ အကြမ်းဖက်သမားများ အပေါ် သည်ခံမှု ကုန်ဆုံးသွားခဲ့ကာ သေဒဏ်ပေး ခြင်းကို ပြန်လည် ကျင့်သုံးပြီး လာမည့် သီတင်းပတ်များ အတွင်း အကြမ်းဖက် စစ်သွေးကြွ ၅၀၀ ကို ကွပ်မျက် တော့မည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ရက်တွင် ပြောကြားသည်။

ပတ်ရှ်ဝါမြို့ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွင် ကလေး ၁၃၃ ဦးအပါအဝင် လူပေါင်း ၁၄၉ ဦး သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး လူထုဒေါသ များ မြင့်တက်လာခဲ့ သဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ကြိုးပေး သေဒဏ်ပေးခဲ့သူ စစ်သွေးကြွ ခြောက်ဦး ရှိပြီဖြစ်သည်။ ပါကစ္စတန် နိုင်ငံသည် သေမိန့်ပေးခြင်းကို ရပ်ဆိုင်းထားသည့် နိုင်ငံဖြစ် သော်လည်း သမိုင်းတွင် လူအသေအပျောက် အများဆုံး စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုနှင့် ဆက်စပ် ပတ်သက်သူများအား ပစ်ဒဏ်ခတ်ရန် ၀န်ကြီးချုပ် နာဝတ်ဇ်ရှာရစ်က ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေမိန့်ပေးခြင်းကို ပြန်လည် ကျင့်သုံးတော့မည် ဖြစ်သည်။

"အကြမ်းဖက် တရားခံ ၅၀၀ကို အယူခံလည်း ပလပ်ခဲ့တယ်။ သမ္မတဆီ အသနားခံစာ တင်ရာမှာလည်း ပယ်ချခံလိုက်ရတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ် တွေမှာ သူတို့ ကို သေဒဏ်ပေး ကွပ်မျက်သွားမှာ ဖြစ်ပါတယ်။"ဟု အစိုးရ အကြီးတန်း အရာရှိတစ်ဦးက အမည် ထုတ်ဖော်ခြင်း မပြုဘဲ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောခဲ့သည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး အခြားအရာရှိ တစ်ဦး ကလည်း ခိုင်မာကြောင်း အတည်ပြုချက်ပေးသည်။ သေဒဏ်အမိန့် ပြန်လည် ကျင့်သုံးခြင်းကို  အလျှင်စလို မပြုလုပ်ပဲ ပြန်လည် သုံးသပ်ပါရန် ကုလသမဂ္ဂက တိုက်တွန်းထားပြီး လူအခွင့်အရေး အဖွဲ့ များ ကလည်း ဝေဖန်ထား ကြသည်။

"ပတ်ရှ်ဝါ တိုက်ခိုက်မှု အပေါ် ပြင်းထန်သည့် နိုင်ငံရေးအရ တုံ့ ပြန်မှုတစ်ရပ်" ဟု သေဒဏ် ပြန်လည် ကျင့်သုံးမည့် ကိစ္စနှင့် ပတ်သက်၍ လူ့ အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ က ပြောဆိုကာ နောက်ထပ် ကြိုးပေးခြင်းများ မလုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ပါကစ္စတန် နိုင်ငံသည် အရပ်သားများအား သေဒဏ်ပေး ကွပ်မျက်ခြင်းကို ၂၀၀၈ ခုနှစ်က စတင်၍ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သော်လည်း ဥပဒေ ပုဒ်မများတွင် ကြိုးဒဏ်က ဆက်လက် ရှိနေဆဲ ဖြစ်ကာ တရားသူကြီးများ အနေဖြင့် သေဒဏ်စီရင်ချက် ချမှတ် နိုင်သေးသည့် နိုင်ငံဖြစ်သည်။

Mizzima
ခြောက်နှစ်ကြာ ရပ်ဆိုင်းထားသည့် သေဒဏ်ကို ပြန်သုံးကာ အကြမ်းဖက်သမား ၅၀၀ ကိုကွပ်မျက်မည်

အစ္စလမ္မာဘတ်၊ ဒီဇင်ဘာ ၂၂။ ပါကစ္စတန်နိုင်ငံ ပတ်ရှ်ဝါမြို့ ရှိ စစ်တပ်ပိုင် စာသင်ကျောင်း၌ တာလီဘန်တို့က လူအစုလိုက် သတ်ဖြတ် မှုကြီး ပြုလုပ်ပြီးနောက်တွင် အစိုးရ၏ အကြမ်းဖက်သမားများ အပေါ် သည်ခံမှု ကုန်ဆုံးသွားခဲ့ကာ သေဒဏ်ပေး ခြင်းကို ပြန်လည် ကျင့်သုံးပြီး လာမည့် သီတင်းပတ်များ အတွင်း အကြမ်းဖက် စစ်သွေးကြွ ၅၀၀ ကို ကွပ်မျက် တော့မည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ရက်တွင် ပြောကြားသည်။

သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်ဟု ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကို ကြေညာ


Photo: သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်ဟု ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကို ကြေညာ
Wednesday, December 24, 2014

ကိဗ်၊ ဒီဇင်ဘာ ၂၃။ ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုက ယခုသီတင်းပတ်ထဲတွင် ရုရှလိုလားသူ သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်က ပြောကြားလိုက်သည်။ ခရီးမတွင်ပဲ ဖြစ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှု များအား ပြန်လည် အရှိန်မြှင့် လုပ်ဆောင်ကြရန် နိုင်ငံတကာ၏ တွန်းအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ယူကရိန်း သမ္မတက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဘယ်လာရု(စ်) နိုင်ငံ၏ မြို့တော် မင့်စ်က် မြို့တွင် ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များ ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  ပေါ်ရိုရှန်ကိုသည် ရုရှခေါင်းဆောင်၊ အကြီးအကဲ၊ ပြင်သစ် ခေါင်းဆောင်၊ ဂျာမန် ခေါင်းဆောင်တို့နှင့် တယ်လီဖုန်း ပြော ဆို ဆွေးနွေးခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

“နောက်ထပ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေကို မင့်စ်က် မြို့မှာ ဒီအပတ်ထဲမှာ ပြုလုပ်ဖို့ နိုင်ငံ့ ခေါင်းဆောင်တွေက သဘောတူထားကြပါတယ်” ဟု သမ္မတ ပေါ်ရိုရှန်ကို ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော ကြေညာချက်တစ်ခုက ဆိုသည်။

စက်တင်ဘာလအတွင်းက မင့်စ်က်မြို့တွင် ရရှိခဲ့သော ခိုင်မာမှုကင်းမဲ့နေသည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ခိုင်မာအားကောင်း လာစေရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကိယက်ဗ် နှင့် မော်စကို တို့အပြင်၊ ဥရောပနိုင်ငံများ၏ လုံခြုံရေး အဖွဲ့များမှ သံတမန်များ ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

ယူကရိန်း စစ်ပဋိပက္ခ အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် နေ့ရက်များကို သတ်မှတ်နိုင်ပြီဖြစ်ရာ နောက် ထပ်ဆွေးနွေး ညှိနှိုင်းမှုများကို မည်သည့်အချိန်တွင် ပြုလုပ်ရမည်ဖြစ်ကြောင်း နှစ်ပတ်ကျော်ကြာ တွေဝေနေမှု အဆုံးသတ်သွားခဲ့သည်။ ဧပြီလ ကတည်းကဆိုလျှင် ယူကရိန်းစစ်ပဋိပက္ခကြောင့် သေဆုံးရသူပေါင်း ၄၇၀၀ ကျော် ရှိပြီဖြစ်သည်။
 
ဘယ်လာရု(စ်) သမ္မတ အလက်ဇန္ဒား လူကာရှန်ကို သည် စက်တင်ဘာလ ကလည်း ယူကရိန်းကိစ္စ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို သူ၏ နိုင်ငံအတွင်းတွင် လက်ခံကျင်းပပေးခဲ့ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပုံမှန်အနေအထားသို့ ပြန်ရောက်စေရေး ကူညီရန် ကြိုးပမ်းသည့် အနေဖြင့် တနင်္ဂနွေနေ့ကလည်း ယူကရိန်းနိုင်ငံ၏ မြို့တော်သို့ သွားရောက်ခဲ့သည်။

စက်တင်ဘာလ သဘောတူညီချက်ထဲတွင် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အပေးအယူများ ပါရှိကာ၊ ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားဘာသာစကားပြောသူများ အများစုနေထိုင်ကြသော ဒေသနှစ်ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသ ပေးရန် အချက်လည်း ပါဝင်သည်။ ယခုနှစ်ထဲတွင် ယူကရိန်း၏ မူဝါဒများ အနောက်နိုင်ငံများဘက်သို့ ယိမ်းသွားခဲ့ပြီးနောက် ထိုဒေသ နှစ်ခုတွင် ပုန်ကန်မှု များ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသဘောတူညီချက်များသည် အပြင်းထန်ဆုံးသော တိုက်ပွဲများ ဖြစ်မလာစေရန် တားဆီးပေးနိုင် ခဲ့သော်လည်း တိုက်ပွဲအချို့ ဆက်ဖြစ်ခဲ့ကာ နောက်ထပ် လူ ၁၃၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

ယူကရိန်း သမ္မတ ပေါ်ရိုရှန်ကို နှင့် ဖုန်းပြောဆို ဆွေးနွေးခဲ့ကြပြီးနောက် ယူကရိန်းကိစ္စ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သတ်၍ အရေးတကြီး ဆောင်ရွက်ကြရန် နှင့် ထိရောက်သော တိုးတက်မှုများ ရရှိလာအောင် လုပ်ဆောင်ကြရန် ခေါင်းဆောင်များက တိုက်တွန်းထား ကြကြောင်း ဂျာမန်ဝန်ကြီးချုပ် အန်ဂျယ်လာမာကယ်လ် ၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ပြင်သစ်သမ္မတ ဖရန်ဆွိုက်အော်လန်ဒီ တို့က ဆိုခဲ့ကြသည်။ အပစ်ရပ်ရေး သဘောတူညီချက်အား အပြည့်အဝ လိုက်နာကြရန်လည်း ထိုနိုင်ငံများ၏ ခေါင်းဆောင်များက တိုက်တွန်းခဲ့ ကြကြောင်း ပြင်သစ် သမ္မတရုံးဖြစ်သည့် အယ်လက်စီနန်းတော် ၏ ကြေညာချက်တစ်စောင်ထဲတွင် ဖော်ပြထားသည်။

Mizzima

ကိဗ်၊ ဒီဇင်ဘာ ၂၃။ ယူကရိန်းသမ္မတ ပေါ်ရိုရှန်ကိုက ယခုသီတင်းပတ်ထဲတွင် ရုရှလိုလားသူ သူပုန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အသစ်များ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက်က ပြောကြား လိုက်သည်။ ခရီးမတွင်ပဲ ဖြစ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှု များအား ပြန်လည် အရှိန်မြှင့် လုပ်ဆောင် ကြရန် နိုင်ငံတကာ၏ တွန်းအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ယူကရိန်း သမ္မတက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု အဖွဲ့တောင်းဆိုချက် (၄)ချက်အပေါ် မူအားဖြင့်သဘောတူညီမှုရ


Photo: တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှု အဖွဲ့တောင်းဆိုချက် (၄)ချက်အပေါ် မူအားဖြင့်သဘောတူညီမှုရ
Wednesday, December 24, 2014

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့(NCCT) တို့မှ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူသူများ ဒီဇင်ဘာ ၂၃ ရက် က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ဆက်လက်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် (NCCT) မှ တောင်းဆို ထားသည့် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသော အချက်သုံးချက်အား မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း UPWC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေထံမှ သိရသည်။

ပထမနေ့ ဆွေးနွေးပွဲအပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ခေါင်းစဉ် များဖြစ်သော 

(၁)လိုင်ဇာ ကဲ့သို့သော ကိစ္စရပ်များ ထပ်မံပေါ်ပေါက်ခြင်း မရှိစေရန်အတွက် နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန်၊ 

(၂) ခုနစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှ စတင်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ တိုင်းတွင် နိုင်ငံတကာ လေ့လာသူများ ထားရှိရန်နှင့် သြဂုတ်လအတွင်းက သဘောတူညီခဲ့သည့် ပူးပေါင်းစောင့်ကြည့်ရေး (Joint Monitoring) နှင့် 

(၃)နှစ်ဖက်တပ်မှူး တပ်သားများ လိုက်နာရမည့် (Military Code of Conduct) ကိစ္စရပ်များအတွက် နှစ်ဖက်လုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးရန် စသည့်အချက်များကို မူအားဖြင့် နှစ်ဖက်ကိုယ်စားလှယ်များမှ သဘောတူညီခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ သော ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် စတုတ္ထ မူကြမ်း ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်များအား အပြီးသတ်ဆွေးနွေး နိုင်ခဲ့သည်။

လာမည့် နှစ်ဖက်ဆွေးနွေးပွဲများတွင် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူ ထားရှိရေးအချက်နှင့် ပတ်သက်ပြီး UPWC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင် ရွှေက ''အစိုးရဘက်က နိုင်ငံတကာက ဘယ်အဖွဲ့အစည်းကိုမှ လေ့လာသူအဖြစ် ဖိတ်ကြားခဲ့တာမျိုး မရှိဘူး။ တိုင်းရင်းသားတွေဘက်က တောင်းဆိုခဲ့တာတွေရှိတယ်။ အစိုးရဘက်ကနေပြီး တိုင်းရင်းသားတွေ ယုံကြည်စိတ်ချမှုရအောင် သူတို့တောင်းဆိုခဲ့တဲ့ PDSG တရုတ်ကို လက်ခံပေးခဲ့ရတယ်။ အခုလည်း တိုင်းရင်းသားတွေ ဘက်က တောင်းဆိုတဲ့အ တွက် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမယ် ပြောခဲ့တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ PDSG ဆိုတာ Peace Donor Support Groupကို ပြောတာ။ အဲ့ဒီထဲမှာ EU ၊ UN ၊ သြစတြေးလျနဲ့ USAIDတို့လို အစုံ ပါတယ်။ အဲဒီထဲကမှ သင့်တင့်တဲ့အဖွဲ့ကို လက်ခံပေးဖို့ဆိုတဲ့ သဘော ပါပဲ''ဟု ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှုများအား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းမှုအဖွဲ့ (NCCT) အနေဖြင့် လာမည့် ဒီဇင်ဘာ ၂၆ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ NCCT ခေါင်းဆောင်များအား နည်းပညာအထောက်အ ကူပြုအဖွဲ့၏ဆွေးနွေးခဲ့မှုများကို အတည်ပြုနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း NCCTအဖွဲ့ဝင်ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့ (NCCT) တို့၏ သတ္တမအကြိမ် မြောက်ဆွေးနွေးပွဲအား ၂ဝ၁၅ ဇန်နဝါရီ ၁၅ ရက်တွင် ဆွေးနွေးနိုင် ရန်နှင့်ယင်းဆွေးနွေးပွဲ၌ ရလဒ်ကောင်းများ ရရှိပါက ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ မတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရန် ဆန္ဒပြုကြောင်း UPWC ၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၎င်း၏ အဖွင့်နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

NCCT ၏ ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းကလည်းNCCT အဖွဲ့အနေဖြင့်လည်း အမြန်ဆုံးNCA ကို ရေးထိုးလိုပါကြောင်း နှင့် ၂ဝ၁၅ ဖေဖော်ဝါရီ ၁၂ ရက် ''ပြည်ထောင်စုနေ့''ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စနစ် (NCA) လက်မှတ်ရေးထိုးနိုင်မည့်နေ့အဖြစ် ရည်မှန်းဆောင် ရွက်နိုင်ရန် NCCT ကိုယ်စားလှယ်အနေဖြင့် မြင်တွေ့ လိုပါသည်''ဟု အဆိုပါဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

MOI Webportal Myanmar

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုအဖွဲ့(NCCT) တို့မှ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူသူများ ဒီဇင်ဘာ ၂၃ ရက် က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ဆက်လက်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် (NCCT) မှ တောင်းဆို ထားသည့် ဆက်လက် ဆွေးနွေးရန် ကျန်ရှိနေသော အချက်သုံးချက်အား မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း UPWC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေထံမှ သိရသည်။

အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအ၀င် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီ တရား ဝင်ပေးဆောင် သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းအပြင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင် လုပ်ကိုင်ခဲ့သော ACE ကုမ္ပဏီအပါ အဝင် ခရိုနီကုမ္ပဏီအချို့ပါသော အခွန်ပေးဆောင်မှုစာရင်းကိုလည်း ပြည်တွင်း အခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ထိပ်တန်းကုန်သွယ်ခွန်ပေးဆောင်သူ ၁ဝဝဝ စာရင်း၊ ထိပ်တန်းဝင်ငွေခွန် ထမ်းဆောင်သူ ၁ဝဝဝ စာရင်း၊ နိုင်ငံခြားကုမ္ပဏီများ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်ပေးဆောင်ထားသည့် သီးခြားစာရင်းများကို ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။

မလေးရှားနှင့် တရုတ်နိုင်ငံတို့ ပထမဆုံးအကြိမ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်


 chi malay

မလေးရှားစစ်တပ် အကြီးအကဲ ဂျဲတန်ဆရီဇူလ်ကီ နှင့် တရုပ်စစ်တပ်မှ စစ်ဆင်ရေးဌာန ဒုတိယ ညွန်ကြားရေး မှူးချုပ် အကြီးတန်း ကပ္ပတိန် ကျန်ကေ (ရေတပ်)တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - thestar.com

ကွာလာလမ်ပူ၊ ဒီဇင်ဘာ၂၃။ မလေးရှားစစ်တပ်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဒီဇင်ဘာ၂၂ရက်က စတင်ခဲ့သည်။

လက်ပံတောင်းစီမံကိန်း ခြံစည်းရိုးခတ်မြဲ


Photo: လက်ပံတောင်းစီမံကိန်း ခြံစည်းရိုးခတ်မြဲ
Wednesday, December 24, 2014 

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်းရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့သော်လည်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ၂၃ ရက်တွင်ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းကြေးနီစီမံကိန်းအတွင်း မိုးကြိုးပြင်အလယ်ကျေးရွာအ ရှေ့ဘက်လိပ်ခွံတောင်အနီးရှိ လျော်ကြေးရယူခြင်းမရှိသော လယ်ယာမြေများပေါ်တွင် မြန်မာဝမ် ပေါင်ကုမ္ပဏီက ခြံစည်းရိုးကာရံ သည်ကို ဒေသခံများက တားဆီးခဲ့ ရာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး တောင်သူအမျိုးသမီးတစ်ဦး ဦး ခေါင်းတွင် ကျည်ထိမှန်သေဆုံး သွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအကြား နှစ်ဖက်တင်းမာမှုကြောင့် ပဋိပက္ခ အသွင်ဆောင်လာကာ ပစ်ခတ်မှု များကြောင့် ဒီဇင်ဘာလ ၂၂ ရက် နေ့ မွန်းလွဲတွင် မိုးကြိုးပြင်အ လယ်ကျေးရွာနေ ဒေါ်ခင်ဝင်းသေ ဆုံးခဲ့ပြီး လက်ပံတောင်းတောင် ဒေသခံ ကိုးဦးဒဏ်ရာရရှိ ခဲ့သည်။

မြေယာနစ်နာကြေးနှင့်ပတ် သက်၍ နှစ်ဖက်ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးစီးမှသာ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင် ရွက်ကြရန် ဒေသခံတောင်သူများ လိုလားသော်လည်း လုံခြုံရေး အင်အားသုံး၍ ခြံစည်းရိုးကာရံကြောင်းဒေသခံများက ပြောသည်။

‘‘ကိုယ်ပိုင်တဲ့ မြေကလေး အတွက် တားမိပါတယ်။ ဒါကို သေနတ်နဲ့ပစ်လို့ လူသေတဲ့အထိ ဖြစ် ခဲ့ရတယ်။ လူသေဆုံးတာနဲ့ ပတ် သက်ပြီး ဘယ်တာဝန်ရှိသူမှ လာ မမေးပါဘူး။ ဒီနေ့လည်း ခြံစည်း ရိုးဆက်လက်ကာနေပါသေး တယ်’’ဟု မိုးကြိုးပြင်အလယ်ရွာ ဒေသခံတောင်သူတစ်ဦးက ပြောခဲ့သည်။

အဓိကရုဏ်းအတွင်း ကျည် ထိမှန် လူသေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ‘‘လောလောဆယ် တော့ ဘာကြောင့်သေတာလဲဆို တော့ မသိရသေးဘူး။ အလောင်းကို မမြင်ဘဲနဲ့ ဘာဒဏ်ရာကြောင့် သေတာလဲဆိုတာကို သက် ဆိုင်ရာက စစ်ဆေးချက်များရမှ သိရမှာပါ’’ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ခြံစည်းရိုး တိုးချဲ့ ကာရံ ရေး ဆောင်ရွက်မှုများကို တားဆီး နှောင့်ယှက်ခြင်း ခံရပြီး၊ လုပ်သား ၁၀ ဦးကို ထိန်းသိမ်းခြင်းခံရကာ ခြံစည်းရိုးမကာဘဲ ယန္တရားများ ပြန်ဆုတ်ရန် ဒေသခံများက တောင်းဆိုသည်ဟု အစိုးရက ဒီဇင်ဘာ ၂၃ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။ အခြေအနေ တင်းမာမှုများဖြစ်စဉ် အဓိကရုန်းနှိမ်နင်းရေးလက်နက် ဖြစ်သော ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့်သာ စုစုပေါင်း ၁၅ ချက် ပစ်၍ လူစုခွဲခဲ့သည်ဟု ထုတ်ပြန် ထားသည်။

လက်ပံတောင်းတောင် ခြံ စည်းရိုးကာရံခြင်းလုပ်ငန်းများ အား ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက် တွင် ဆည်တည်းကျေးရွာအနီး၌ ခြံစည်းရိုးကာရံခြင်းအား ဒေသခံများက ကန့်ကွက်တားမြစ်ခဲ့ သဖြင့် ရုန်းရင်းဆန်ခတ် ထပ်မံ ဖြစ်ပွားခဲ့သည်။

ရုန်းရင်းဆန်ခတ်ထပ်မံဖြစ် ပွားမှုကြောင့် ဆည်းတည်းကျေး ရွာနေ ကိုအောင်နိုင်နှင့် ကိုဌေးဝင်းတို့နှစ်ဦး ရော်ဘာကျည်ထိမှန်ခဲ့သ ဖြင့် အနည်းငယ်စီဒဏ်ရာရရှိခဲ့ ကြောင်း ဆည်းတည်းကျေးရွာ ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

ဆည်းတည်းကျေးရွာအ၀င် လမ်းအချို့အား ခြံစည်းရိုးကာရံ ပိတ်ဆို့ခဲ့သဖြင့် ဆည်းတည်းကျေး ရွာအတွင်းနေအိမ်များမှ ပစ္စည်း များအား နွားလှည်းများဖြင့် ပြောင်းရွှေ့သယ်ယူနေကြကြောင်းလည်း သတင်းရရှိသည်။

‘‘ဆည်းတည်းကျေးရွာကို မနေ့ ည (ဒီဇင်ဘာ ၂၂ ရက်)က ရွာပြောင်းရမယ်လို့ လာပြောတယ်။မပြောင်းလျှင် ရွာမီးရှို့မယ်လို့ သတင်းတွေထွက်နေတဲ့အတွက် ရွာထဲက ပစ္စည်းတွေကို အနီးပတ် ၀န်းကျင်ရွာက နွားလှည်းတွေနဲ့ ဒီနေ့ မနက် ၇ နာရီလောက်ကတည်းက ၀ိုင်းသယ်နေကြတယ်။ ရွာထဲ မှာ လူတွေပဲရှိတော့တယ်။ ပစ္စည်းတော်တော်များများက ဆွေမျိုးရှိ တဲ့ ပတ်ဝန်းကျင်ရွာတွေကို ရွေ့ နေကြတယ်’’ဟု ဆည်းတည်းကျေးရွာမှ ပစ္စည်းများအား ၀ိုင်းဝန်းသယ်ဆောင်ခဲ့သော တုံအလယ်တောကျေးရွာမှ ကိုသိန်းဇော်က ပြောသည်။

ဆည်တည်းကျေးရွာ၊ လယ် တီကျေးရွာ၊ တုံကျေးရွာအနီးတစ် ၀ိုက် လက်ပံတောင်းတောင်ကြီး ၏ အရှေ့တောင်ဘက်တစ်ဝိုက် တွင် ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများအား ယန္တရားများဖြင့် ဆောင်ရွက်နေပြီး ဒေသခံတောင် သူအချို့ လယ်ယာမြေဆုံးရှုံးခြင်း ကြောင့် ငိုကြွေးသံများ၊ မကျေမ နပ်ပြောဆိုသံများဖြင့် ဆူညံလျက် ရှိသည်။ တုံကျေးရွာအနီး ခြံစည်း ရိုးကရံခြင်းလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ၈၈ မျိုးဆက်သစ်လူ ငယ်များအဖွဲ့မှ မမီးမီးနှင့် မနီလာ သိန်းတို့ ဦးဆောင်သော လူငယ် များ၊ ဆရာတော်သံဃာတော်များ ရောက်ရှိလာပြီး ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်သည်အထိ ဖြစ်ပွားခြင်း မပြုလုပ်ရန် သက်ဆိုင်ရာတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်းများက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးများ ကာရံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)

7Day Daily


မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်းများက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးများ ကာရံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ၌ ခြံစည်းရိုးကာရံခြင်းမှ အဓိကရုဏ်းဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့သော်လည်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဒီဇင်ဘာ၂၃ ရက်တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ဝမ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်သွားရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို


 Photo: ၀မ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်သွားရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို
Wednesday, December 24, 2014

လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်းကို ကန့်ကွက်သော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခများ ဖြစ်ပွားပြီး ဒေသခံတစ်ဦးသေဆုံးခဲ့ခြင်းကြောင့် လက်ပံတောင်းတောင်အရေးလှုပ်ရှားသူများကရန်ကုန်မြို့ တရုတ်သံရုံးရှေ့သို့ သွားရောက်၍ တရုတ်လူမျိုးများ အသုံးပြုလေ့ရှိသော ရွှေစက္ကူ၊ ငွေစက္ကူများအား မီးရှို့ဆန္ဒပြခဲ့ပြီး ၀မ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဒီဇင်ဘာ ၂၃ ရက် ညနေ ၅ နာရီခွဲတွင် လက်ပံတောင်း တောင်အရေး လှုပ်ရှားသူများ သည် တရုတ်သံရုံးရှေ့သို့ လာ ရောက်၍ ‘‘လက်ပံတောင်းတောင် ဒေသခံပြည်သူများအပေါ် အ ကြမ်းဖက်အင်အားသုံး သတ်ဖြတ် နေသော အာဏာရှင်စစ်အစိုးရ နှင့် ပေါင်းပြီး ကုပ်သွေးစုပ် အ မြတ်ထုတ်နေသော တရုတ်စီးပွား ရေးလုပ်ငန်းရှင်များအား ရှုတ်ချသည်’’စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ၀မ်ပေါင်ကုမ္ပဏီ ကို မြန်မာနိုင်ငံမှ ထွက်ခွာသွား ရန် အော်ဟစ်ဆန္ဒ ပြခဲ့ခြင်း ဖြစ်သည်။‘‘လက်ပံတောင်းတောင် စီမံ ကိန်းလုပ်လို့ လက်ပံတောင်းမှာရှိ တဲ့ ဒေသခံတွေ သေကျေနေရ တာပါ။ ဒါကြောင့် စီမံကိန်းလုပ် တဲ့ တရုတ်လူမျိုးတွေ မြန်မာပြည် ကနေ ထွက်သွားအောင် ဆန္ဒပြ တောင်းဆိုတာပါ’’ဟု ကိုဗထူးက ပြောသည်။

ရွှေ စက္ကူ၊ ငွေစက္ကူများကို မီးရှို့ဆန္ဒ ပြခဲ့သော ကိုဗထူးသည် လက်ပံ တောင်းတောင်တွင် လုပ်ကိုင်နေသော တရုတ်လူမျိုးများနှင့် အကြမ်းဖက်အင်အားသုံး ဖြေရှင်းခဲ့ သော ရဲတပ်ဖွဲ့ကိုလည်း ကန့်ကွက်ကြောင်း ပြောဆို ဆန္ဒ ပြခဲ့ခြင်း ဖြစ်သည်။

ကိုဗထူးနှင့် အတူပါလာ သော ယခင်က လက်ပံတောင်း တောင် အရေးနှင့်ပတ်သက်၍ တရုတ်အလံကို မီးရှို့ဆန္ဒပြသူ ကို တင်ထွဋ်ပိုင်တို့သည် ငါးမိနစ်ခန့် ဆန္ဒပြပြီးနောက် ချက်ချင်း ထွက် ပြေးသွားခဲ့သည်။

တရုတ်သံရုံးရှေ့တွင် ဆန္ဒ ပြမှုပြုလုပ်မည်ဖြစ်သောကြောင့် ရဲတပ်ဖွဲ့က အင်အားတစ်ရာခန့်သံရုံးရှေ့တွင် လုံခြုံရေးတာဝန်ယူဆောင်ရွက်ထားသည်ကို တွေ့ရသည်။
‘‘ဆန္ဒပြတာ ခွင့်ပြုမိန့်လည်း မတင်ဘူးဆိုတော့ စီတန်းပုဒ်မနဲ့ အရေးယူသွားမှာပါ’’ ဟု အ နောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူး ကြီးဝင်းကြည်က ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုနေစဉ် (ဓာတ်ပုံ−နစ်ကီ)

7Day Daily
ဝမ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုနေစဉ် (ဓာတ်ပုံ−နစ်ကီ)

လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်းကို ကန့်ကွက်သော ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခများ ဖြစ်ပွားပြီး ဒေသခံတစ်ဦးသေဆုံးခဲ့ခြင်းကြောင့် လက်ပံတောင်းတောင်အရေး လှုပ်ရှားသူများကရန်ကုန်မြို့ တရုတ်သံရုံးရှေ့သို့ သွားရောက်၍ တရုတ်လူမျိုးများ အသုံးပြုလေ့ရှိသော ရွှေစက္ကူ၊ ငွေစက္ကူများအား မီးရှို့ဆန္ဒပြခဲ့ပြီး ၀မ်ပေါင်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

လက်ပံတောင်း အဓိကရုဏ်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံများကို ပြန်စိစစ်မည်ဟုဆို


Photo: လက်ပံတောင်း အဓိကရုဏ်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ကိုင်တွယ်ပုံများကို ပြန်စိစစ်မည်ဟုဆို
Wednesday, December 24, 2014 

လက်ပံတောင်းတောင် တစ်ကျော့ပြန် အဓိကရုဏ်းတွင် တောင်သူအမျိုးသမီးတစ်ဦး သေ ဆုံးသည့်ဖြစ်ရပ် အပါအ၀င် ရဲ တပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားစဉ် တပ်ဖွဲ့ဝင်များ ပစ်ခတ်၍ လူစုခွဲရသည်အထိ ဖြစ် ပွားခဲ့မှုများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက် များမှာ ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့ခြင်း ရှိ၊ မရှိ ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းကြေးနီစီမံ ကိန်း နယ်မြေအတွင်း ဒီဇင်ဘာ ၂၂ ရက်က မြေယာလျော်ကြေး မယူသည့် လယ်ယာမြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းကို ရွာသားများ က တားဆီးရာမှ ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား အပြန် အလှန် ပစ်ခတ်တိုက်ခိုက်ကြရာ အမျိုးသမီးတစ်ဦး သေနတ်ကျည် ဆန်ထိမှန်သဖြင့် ဦးခေါင်းပွင့် ထွက် သေဆုံးခဲ့သည်။

‘‘အဲဒီနေ့က ပဋိပက္ခဖြစ်စဉ် စတင်ဖြစ်ပွားခဲ့ပုံနဲ့ ပစ်ခတ်လူစု ခွဲရတဲ့ထိ ဖြစ်ခဲ့ရတဲ့ ဖြစ်ပွားပုံအ ဆင့်ဆင့်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့ ဆောင်ရွက်ချက်များဟာ သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်း များအတိုင်း ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိတွေကိုလည်း ပြန်လည် စိစစ်သွားမှာပါ။ လောလောဆယ် တော့ ပြည်ထဲရေးနဲ့ တိုင်းဒေသ ကြီးအစိုးရက ပြန်စိစစ်သွားမှာ ဖြစ်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူ အစိုးရအဖွဲ့ဝင် တစ်ဦးက အတည်ပြုပြောကြား သည်။

‘‘ဖြစ်စဉ်တစ်ခုဖြစ်ရင် ရဲတပ် ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှု လုပ် ရပါမယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော် တို့ဘက်က တပ်ကြပ်ကြီး ချစ်မင်း ကိုက ယာဘက်မျက်လုံးပေါက် ထွက်ဒဏ်ရာရပြီး အခြေအနေဆိုး လို့ မုံရွာပြည်သူ့ဆေးရုံကို တင် ထားရပါတယ်။ ကျန်တဲ့တပ်ဖွဲ့ ၀င် ၁၀ ဦးမှာလည်း ဒဏ်ရာတွေ အသီးသီးရထားကြလို့ မိုင်းတွင်းထဲက ဆေးရုံမှာ တင်ထားရပါ တယ်။ ဒါကြောင့် စုံစမ်းစစ်ဆေး မှုအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်စဉ် အ သေးစိတ်ကို ထုတ်ပြန်ပါမယ်’’ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုရဲမှူးကြီးဇော်မင်းဦးက ပြောကြားသည်။

ထို့ပြင် လူမှုကွန်ရက်စာ မျက်နှာများတွင် ပျံ့နံှ့နေသော ၀မ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံ သားဝန်ထမ်းအချို့ လက်ကိုင် တုတ်များ ကိုင်တွယ်၍ အကာအ ကွယ်ဒိုင်းများ ကာထားသည့် ပုံ များနှင့်ပတ်သက်၍ ၎င်းက တာ ၀န်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပ မည်သူ့ကိုမှ လက်နက်ကိုင် ဆောင်ခွင့် ပေးမထားကြောင်း ဆက်လက်ပြောကြားသည်။

‘‘တစ်ဖက်က ပစ်တာ၊ ခတ် တာတွေရှိလို့ ကျွန်တော်တို့ တပ် ဖွဲ့ဝင်တွေကာပေးထားတာပဲ ရှိ ပါတယ်။ သူတို့လက်နက်ကိုင် ဆောင်လို့ မရပါဘူး။ ကိုင်ခွင့် လည်း မပေးပါဘူး။ ဒီဟာကိုလည်း သေချာပြန်စိစစ်ပါ့မယ်’’ဟု ၎င်း က ပြောသည်။

ပဋိပက္ခဖြစ်စဉ်အတွင်း သေ ဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ မည်သည့်ဘက်မှဖြစ်စေ လိုလား အပ်သည့် အရာမဟုတ်ဘဲ အမှန်၊ အမှားနှင့် မည်သည့်အတွက် ကြောင့် ပစ်ခတ်ရသည်ဆိုခြင်းကို ကောက်ချက်ချရန်မှာ တိကျသည့် စုံစမ်းစစ်ဆေးမှုပေါ်တွင် အခြေခံ ရမည်ဖြစ်ကြောင်း၊ ယခုကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ရန် မရှိသေးကြောင်း သမ္မတရုံးနှင့်နီး စပ်သူက ပြောသည်။

‘‘လက်ရှိ အခြေအနေမှာ လက်ပံတောင်း စီမံကိန်းနဲ့ပတ် သက်တဲ့ ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်များကို ၀န်ကြီးဦးလှထွန်းဦး ဆောင်တဲ့အဖွဲ့က အကောင်အ ထည်ဖော်ပေးနေတာ ဖြစ်တဲ့အတွက် ဒေသခံအများစုက ကော်မရှင်ရဲ့ ဖြေရှင်းဆောင်ရွက်ပေး ချက်များအပေါ်မှာ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လက်မခံနိုင်သေးတဲ့ လူနည်းစုအနေနဲ့လည်း ပဋိပက္ခကို ရှေးရှုတဲ့လုပ်ဆောင်ချက်များအစား ၀န်ကြီးဦးလှထွန်းရဲ့ ကော်မတီနဲ့ ဆွေးနွေးဖြေရှင်းရေးကိုပဲ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်’’ဟု ၎င်းကပြောသည်။

လက်ပံတောင်းတောင်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ကြား အခြေအနေတင်းမာနေစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)

7Day Daily 
လက်ပံတောင်းတောင်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့ကြား အခြေအနေတင်းမာနေစဉ် (ဓာတ်ပုံ−မျိုးမင်းဦး) 

လက်ပံတောင်းတောင် တစ်ကျော့ပြန် အဓိကရုဏ်းတွင် တောင်သူအမျိုးသမီးတစ်ဦး သေ ဆုံးသည့်ဖြစ်ရပ် အပါအ၀င် ရဲတပ်ဖွဲ့နှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားစဉ် တပ်ဖွဲ့ဝင်များ ပစ်ခတ်၍ လူစုခွဲရသည်အထိ ဖြစ် ပွားခဲ့မှုများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက် များမှာ ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့ခြင်း ရှိ၊ မရှိ ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လိုင်ဇာဗိုလ်သင်တန်းကျောင်း တိုက်ခိုက်မှု နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးရန် သဘောတူ လာမည့်ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးရန် NCCT တိုက်တွန်း


ကေအိုင်အေ (KIA) ဌာနချုပ်အနီးရှိ လိုင်ဇာဗိုလ်သင်တန်း ကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ နှစ်ဖက်တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြပြီး တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က မြစ်ကြီးနားမြို့တွင် ပြုလုပ်ရန် အဆိုပြုခဲ့ကြောင်း သတင်းရရှိသည်။

‘‘လိုင်ဇာကိစ္စဖြေရှင်းပေးဖို့ မြစ်ကြီးနားမှာလုပ်ဖို့ ကျွန်တော်တို့က အဆိုပြုတယ်။ အစိုးရဘက်က ရန်ကုန်မှာလုပ်ချင်တယ်။ ဇန်န၀ါရီပထမပတ်အတွင်းမှာ အကြောင်းပြန်မယ်လို့ အစိုးရဘက်က ပြော တယ်’’ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက တွေ့ဆုံမည့်နေ ရာညှိနှိုင်းမှုနှင့် ပတ်သက်၍ ပြောသည်။

ဂဠုန်ဆရာစံဦးဆောင်၍ တောင်သူလယ်သမားများက နယ်ချဲ့ကို စတင်တော်လှန်သောနေ့အား တောင်သူလယ်သမားနေ့ သတ်မှတ်ရန် လက်မှတ်များကောက်ခံ


Photo: ဂဠုန်ဆရာစံဦးဆောင်၍ တောင်သူလယ်သမားများက နယ်ချဲ့ကို စတင်တော်လှန်သောနေ့အား တောင်သူလယ်သမားနေ့ သတ်မှတ်ရန် လက်မှတ်များကောက်ခံ
Wednesday, December 24, 2014 

ဂဠုန်ဆရာစံဦးဆောင် သော တောင်သူလယ်သမားများ က နယ်ချဲ့အင်္ဂလိပ်ကို စတင်တော်လှန်သော ဒီဇင်ဘာ ၂၃ရက်အား တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ပေးရန် လက် မှတ် ကောက်ခံသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီနှင့် ၈၈ မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်း) တို့က သာယာဝတီခရိုင်အ တွင်းရှိ ဒေသခံတောင်သူများနှင့် ပူးပေါင်းကာ လက်မှတ်များ ကောက်ခံ၍ လွှတ်တော်သို့ တင် ပြ တောင်းခံသွားမည်ဖြစ်သည်။

‘‘စစ်အစိုးရလက်ထက်က သတ်မှတ်ပေးခဲ့တဲ့ တောင်သူ လယ်သမားနေ့ကို လုံးဝသဘော မတူပါဘူး။ လယ်သမားထု တစ် ရပ်လုံးက ရွေးချယ်အတည်ပြု မယ့် နေ့တစ်နေ့ကို သတ်မှတ်ပေး ဖို့ လိုတယ်။ ဒီနေ့ကို ပြင်ပေးဖို့ လည်း အကြိမ်ကြိမ်ပြောလာခဲ့ တာပါ’’ ဟု ၈၈ မျိုးဆက် (ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးထွန်းမြင့်အောင်က ပြောသည်။

တောင်သူလယ်သမားများ ၏ သဘောဆန္ဒ ပါဝင်ခြင်းမရှိ သည့် တောင်သူလယ်သမားနေ့ သတ်မှတ်ထားခြင်းကို ပြန်လည် ပြင်ဆင်ပေးရန် လိုအပ်ပြီး လယ် သမားများအတွက် ယင်းနေ့ သတ် မှတ်လိုက်ခြင်းမှာ အရေးကြီးအ ချက်မဟုတ်သော်လည်း လယ်သ မားထုတစ်ရပ်လုံး၏ ဆွေးနွေးအ ကြံပြုချက်များအတိုင်း သတ်မှတ် ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။လယ်သမားများ၏ အရေး ကြီးဆုံးအချက်ဖြစ်သည့် တောင် သူလယ်သမားများ၏ ဥပဒေ၊ နည်း ဥပဒေနှင့် မြေယာမူဝါဒများတွင် တောင်သူများကို ကာကွယ်ပေး ထားသည့်အချက်များ ပါဝင်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၁၉၃၀ ဒီဇင်ဘာ ၂၃ ရက်တွင် ဆရာစံ ဦးဆောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး တစ်ရပ်အနေဖြင့် တောင်သူလယ်သမားများက စတင်ပုန်ကန်တော်လှန်ခဲ့ကြသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ သည်။ တောင်သူလယ်သမား နေ့ကိုမူ (မတ်လ၂ရက်) ဟု သတ် မှတ်ထားခဲ့သည်။

‘‘ရှစ်ဆယ့်ရှစ်အဖွဲ့က ဦး ဆောင်တာမဟုတ်ပါဘူး။ ဒေသ ခံတောင်သူတွေက ဦးဆောင်ပြီး လက်မှတ်ကောက်တာကို ၀ိုင်း ၀န်းကူညီတာပါ။ ရရှိတဲ့ လက် မှတ်တွေကို လွှတ်တော်တင်ပြီး တောင်းဆိုသွားမှာဖြစ်တယ်’’ ဟု လက်မှတ်ရေးထိုးကောက်ခံရာ တွင် ပါဝင်ကူညီဆောင်ရွက်သွား မည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ တောင်သူလယ် သမားရေးရာ ဒုတာဝန်ခံ ဦးမျိုးသန့် က ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ် ပေးရန် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ ပြည်သူများနှင့် NLD ဗဟိုကော်မတီဝင်များ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တောင်သူလယ်သမားရေးရာ တာဝန်ခံများ၊ NGO အဖွဲ့များသည် ဒီဇင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် သာယာဝတီမြို့နယ် ဖားရွှေကျော် ကျေးရွာ၌ ပြည်သူများစုပေါင်းကာ စတင်လက်မှတ်ထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆရာစံပူံတူရုပ်တုကျောက်တိုင် (ဓာတ်ပုံ −www.yeyintnge.com)

7Day Daily 
ဆရာစံပူံတူရုပ်တုကျောက်တိုင် (ဓာတ်ပုံ −www.yeyintnge.com)

ဂဠုန်ဆရာစံဦးဆောင် သော တောင်သူလယ်သမားများ က နယ်ချဲ့အင်္ဂလိပ်ကို စတင်တော်လှန်သော ဒီဇင်ဘာ ၂၃ရက်အား တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ပေးရန် လက် မှတ် ကောက်ခံသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

My Blog List