Saturday, April 06, 2013

ရုရှားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား အကြံပြု

Photo: ရုရှားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား အကြံပြု
Saturday, April 6, 2013 

ကိုရီးယားကျွန်းဆွယ်ကအခြေအနေ တင်းမာမှုတွေ တဖြည်းဖြည်း ပိုဆိုး
လာနေ တာကြောင့် မြောက်ကိုရီးယားနိုင်ငံမှာရှိတဲ့ ရုရှားသံရုံး ၀န်ထမ်းတွေ
ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားသင့်တယ်လို့ မြောက်ကိုရီးယားကသူတို့ကို 
အသိပေးလာကြောင်း ပြုံယမ်းမှာရှိတဲ့ ရုရှားသံရုံးက ပြောပါတယ်။

အခုလို ပြောလာတဲ့အပေါ် ရုရှားဘက်က သုံးသပ်မှုတွေ လုပ်နေပေမယ့် ချက်ချင်းထွက်ခွာသွားဖို့တော့ အစီအစဉ်မရှိဘူးလို့ ရုရှားသံရုံးအရာရှိ တဦးဖြစ်သူ Denis Samsonov က သောကြာနေ့မှာ ပြောပါတယ်။ ပြုံယမ်းမြို့က အခြေအနေတွေဟာ တည်ငြိမ်မှုရှိနေပါတယ်လို့ သူက ပြောပါတယ်။ပြုံယမ်းမြို့မှာရှိတဲ့ တခြား နိုင်ငံခြားသံရုံးတွေလည်း 
အလားတူ အကြောင်းကြား ချက်တွေ ရရှိထားတယ်လို့ Samsonov က
 ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း နျူကလီယားလက်နက်နဲ့ တိုက်ခိုက် မယ်လို့ ပြောဆိုတာအပါအ၀င် မြောက်ကိုရီးယားက
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို ခြိမ်းခြောက်မှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့တာပါ။

ဒီအတောအတွင်း တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံအကြား လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထား ကို ရောက်လာခဲ့ရင် ၂ နိုင်ငံ ပူးတွဲ လုပ်ဆောင်နေတဲ့ စက်မှုဇုန်မှာရှိတဲ့ အလုပ် သမားတွေကို  ပြန်ခေါ်ထုတ်မယ်လို့ တောင်ကိုရီးယားဝန်ကြီး က ပြောပါတယ်။

လက်ရှိအနေအထားအရ တောင်ကိုရီးယားအလုပ်သမားတွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေမရှိသေးတာကြောင့် Kaesong စက်မှုဇုန်ကနေ ချက်ချင်း ပြန်ခေါ်ထုတ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ကိုရီးယားနှစ်နိုင်ငံ ပြန် လည်ပေါင်းစည်းရေးဝန်ကြီး Ryoo Kihl-jae က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ကေးဆွန်းစက်မှုဇုန်ဟာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ နောက်ဆုံး ပြယုဒ်လည်း ဖြစ်ပါတယ်။

VOAကိုရီးယားကျွန်းဆွယ်ကအခြေအနေ တင်းမာမှုတွေ တဖြည်းဖြည်း ပိုဆိုး
လာနေ တာကြောင့် မြောက်ကိုရီးယားနိုင်ငံမှာရှိတဲ့ ရုရှားသံရုံး ၀န် ထမ်းတွေ ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားသင့် တယ်လို့ မြောက် ကိုရီး ယားကသူတို့ကို အသိပေးလာကြောင်း ပြုံယမ်းမှာရှိတဲ့ ရုရှားသံရုံး က ပြောပါတယ်။

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

Photo: ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျစေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ် အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ် တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ်ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများသောက် တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄နာရီကြာ တိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

credit to Myawadyဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။
(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျစေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက်

အစ္စလာမ်မစ် Long March တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

Photo: အစ္စလာမ်မစ် Long March တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

ဧပြီလ ၆ ရက် ၂၀၁၃ 

ဒက္ကားမြို့တော်သို့ ချီတက်ကြမည့် ဘင်္ဂလာဒေခ်ျ့မှ အစ္စလာမ်မစ် ဘာသာရေး အဖွဲ့တစ်ခု ဖြစ်သော Hefazate Islam Bangladesh (HIB) အဖွဲ့၏  Long March အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ကော့စ်ဘဇားခရိုင်တွင် ဖမ်းဆီးလိုက်သည်။

သူတို့အား အဆိုပါ ခရီးရှည် ချီတက်ပွဲတွင် ပူးပေါင်း ပါဝင်ရန် လာရောက်စဉ် ကော့စ်ဘဇားခရိုင် အိုးကီးယားနှင့် တက် ကနက် အဝေးပြေးလမ်းပေါ်ရှိ နေရာအများအပြားမှ လွန်ခဲ့သောကြာသပတေး ညနေမှ သောကြာနေ့  နေ့လည်ပိုင်း အတွင်း ဖမ်းဆီးမိခဲ့သည်ဟု ဘင်္ဂလာရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာတွင် ဖေါ်ပြသည်။

အစ္စလာမ်မစ် အဖွဲ့ HIB မှ အချက် (၁၃) ချက်ပါ တောင်းဆိုချက်များကို အစိုးရမှ လိုက်လျော ဆောင်ရွက်ပေးရန် အတွက် ဘင်္ဂလာဒေခ်ျ့ တနိုင်ငံလုံးရှိ မြို့ကြီးများမှ ဒက္ကားမြို့တော်သို့ ချီတက်ရန် အစီအစဉ် တစ်ခုအား ကျေညာပြီးနောက် ထောင်ပေါင်းများစွာသော အဆိုပါ အဖွဲ့ကို ထောက်ခံသူများသည် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြသည်။

အလာတူး ကောစ်ဘဇားခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းးများမှ ထောင်ဂဏန်းချီသော ရိုဟင်ဂျာ များသည်လည်း အဆိုပါ အစီအစဉ်တွင် ပူးပေါင်း ပါ၀၀င်ရန် စခန်းထဲမှ ထွက်လာခဲ့ကြသည်ဟု ဆိုသည်။
The Independent သတင်းစာမှ အိုကီးယားမြို့ ရဲတာဝန်ရှိသူ Gias Uddin Mian ကိုးကားပြီး ဖေါ်ပြရာတွင် အဆိုပါ ဒုက္ခသည်များအား Long March တွင် ပူးပေါင်းပါဝင်ရန် ARNO မှငွေကြေး ထောက်ပံ့ပေးကြောင်း သတင်း ရရှိသည်ဟု ဖေါ်ပြသည်။

HIB ၏ အစီအစဉ်အား ဧပြီလ ၆ ရက်နေ့ နံနက်တွင် စတင်မည် ဖြစ်ရာ ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါ အစီအစဉ် မအောင်မြင်ရန် အဟန့်အတားများ ပြုလုပ်နေကြောင်း  သိရသည်။

အဖွဲ့ပေါင်း ၂၅ ဖွဲ့ ပါဝင်သော လွတ်လပ်ရေး လိုလားသော အဖွဲ့များမှ HIB အစီအစဉ် မအောင်မြင်ရန် အတွက်  ၂၄ နာရီကြာ သပိတ်ကို ခေါ်ယူလိုက်သဖြင့်  တစ်နိုင်ငံလုံး ကားအသွားအလာများ ရပ်တန့်သွားခဲ့ပြီး ဒက္ကားမြို့တော်သို့ ချီတက်မည့် HIB အစီအစဉ်များလည်း နှောင့်နှေး ကြန့်ကြာမူများ ဖြစ်ပေါ်ခဲ့သည်။

HIB မှ တောင်းဆိုချက် (၁၃) ချက်တွင် အစ္စလာမ်ဘာသာရေးနှင့် ပတ်သက်သော တောင်းဆိုချက်များ ပါဝင်သည်ဟု သိရသည်။
ယမန်နေ့က အစိုးရ လိုလားသူများနှင့် HIB ကိုထောက်ခံသူများ အကြား ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး သုံးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။

ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀၀ ခန့်  တပ်ဖြန့်ချထားပြီး လုံခြုံရေးကို တင်းကျပ်ထားသည်။


Narinjaraဒက္ကားမြို့တော်သို့ ချီတက်ကြမည့် ဘင်္ဂလာဒေခ်ျ့မှ အစ္စလာမ်မစ် ဘာသာရေး အဖွဲ့တစ်ခု ဖြစ်သော Hefazate Islam Bangladesh (HIB) အဖွဲ့၏ Long March အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ က ကော့စ် ဘဇားခရိုင်တွင် ဖမ်းဆီးလိုက်သည်။

ပြည်တွင်းဖြစ် ပေတူဂြိုဟ်တုစနစ် တရုတ် တိုးချဲ့ ထုတ်လုပ်

Photo: ပြည်တွင်းဖြစ် ပေတူဂြိုဟ်တုစနစ် တရုတ် တိုးချဲ့ ထုတ်လုပ်


တရုတ်နိုင်ငံသည် ပြည်တွင်းဖြစ် ပေတူဂြိုဟ်တုစနစ် (BDS) အား တိုးချဲ့ ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ပြည်တွင်းပြည်ပ မှ အသုံးပြုသူ များအား ပိုမို ဖိတ်ခေါ်နိုင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုစနစ်အား ပြည်တွင်းလုပ် ဂြိုဟ်တုစနစ် အပေါ်တွင် အခြေခံထားပြီး အချက်အလက် ပြည့်စုံ သော သတင်း စုဆောင်းရေး ဝန်ဆောင်မှု တစ်ရပ် အဖြစ် ဟူပေးပြည်နယ် ဝူဟန် တက္ကသိုလ်ရှိ ဓာတ်ခွဲခန်းက ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ဝူဟန်မြို့ရှိ သတင်း နည်းပညာဆိုင်ရာ စုဆောင်းရေး ဌာနသည် ထိုင်းနိုင်ငံ၏ သဘာဝဘေး အန္တရာယ် ခန့်မှန်းရေး ဘူမိဗေဒဆိုင်ရာ သတင်း အချက်အ လက် စုဆောင်းရေး စနစ်တစ်ရပ် ပူးပေါင်း တည်ဆောက်ရန် အတွက် ထိုင်းနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ဗန်ကောက်မြို့၌ သဘော တူညီမှု တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ခေတ်မီ နည်းပညာများ၊ ဘူမိဗေဒ တိုင်းထွာချက်များ ဆိုင်ရာ ဝန်ဆောင် မှုများကို လက်ခံရယူရန် အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁၉ သန်း ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်း ဆောင်ရွက်မှု၌ တရုတ်-ထိုင်း စက်မှုလုပ်ငန်းပိုင်း နယ်ပယ်တွင် BDS hardware ပိုင်း ဆိုင်ရာ ထုတ်လုပ်မှု များလည်း ပါဝင် သွားမည် ဖြစ်သည်။  

 http://www.myawady.net.mm/allnews/global/item/10953-2013-04-06-08-44-10တရုတ်နိုင်ငံသည် ပြည်တွင်းဖြစ် ပေတူဂြိုဟ်တုစနစ် (BDS) အား တိုးချဲ့ ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ခြင်း သည် ပြည်တွင်းပြည်ပ မှ အသုံးပြုသူ များအား ပိုမို ဖိတ်ခေါ်နိုင်ရန် အ တွက် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂြိုဟ်တုစနစ်အား ပြည်တွင်းလုပ် ဂြိုဟ်တုစနစ် အပေါ်တွင် အခြေခံထားပြီး အချက်အလက် ပြည့်စုံ သော သတင်း စုဆောင်းရေး ဝန်ဆောင်မှု တစ်ရပ် အဖြစ် ဟူပေးပြည်နယ် ဝူဟန် တက္ကသိုလ်ရှိ

အိန္ဒိယ နိုင်ငံတွင် ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၂၄ ဦး သေဆုံး၍ ၆ဝ ကျော် ဒဏ်ရာရ

Photo: အိန္ဒိယ နိုင်ငံတွင် ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၂၄ ဦး သေဆုံး၍ ၆ဝ ကျော် ဒဏ်ရာရ


အိန္ဒိယနိုင်ငံ အနောက်ပိုင်း မာဟာရက်ထရာ ပြည်နယ်တွင် ဧပြီ ၄ ရက် ညနေပိုင်းက ဆောက်လုပ်ဆဲ ခုနစ်ထပ် အဆောက်အအုံ တစ်ခု ပြိုကျခဲ့ရာ ဆောက် လုပ်ရေး သမားများ အပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံး၍ ၆ဝ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း မတော်တဆ မှုသည် မွမ်ဘိုင်းမြို့ အနီးရှိ သိမ်းမြို့၌ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲ ခန့်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း၊ လူ ၂၄ ဦး၏ အလောင်းများ အား ပြန်လည် ဖော်ထုတ် နိုင်ခဲ့သော်လည်း အပျက်အစီး များအကြား ပိတ်မိနေသူများ ရှိနေသေးကြောင်းနှင့် ဒဏ်ရာရရှိခဲ့သူ များအား ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်နေရာသို့ ရဲအရာရှိများနှင့် မီးသတ် တပ်ဖွဲ့များ ရောက်ရှိ လာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြကာ အဆောက်အအုံ ပြိုကျမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ် ဆေးလျက် ရှိကြောင်း သိရသည်။

 
http://www.myawady.net.mm/allnews/global/item/10951-2013-04-06-08-41-21အိန္ဒိယနိုင်ငံ အနောက်ပိုင်း မာဟာရက်ထရာ ပြည်နယ်တွင် ဧပြီ ၄ ရက် ညနေပိုင်းက ဆောက်လုပ်ဆဲ ခုနစ်ထပ် အဆောက်အအုံ တစ်ခု ပြိုကျခဲ့ရာ ဆောက် လုပ်ရေး သမားများ အပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံး၍ ၆ဝ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦး က ပြောကြားခဲ့သည်။

Friday, April 05, 2013

မြောက်ကိုရီးယားနယ်စပ်တစ်လျှောက်တရုတ်တပ်အင်အားတိုးချ

 တင်းမာမှု အရှိန်မြင့်မားလာ သည့် ကိုရီးယားကျွန်းဆွယ် အရေး နှင့်ပတ်သက်၍ ရတက်မအေးဖြစ် နေသည့် တရုတ်နိုင်ငံအနေဖြင့်၎င်း၏တပ်အင်အားအချို့ကို မြောက် ကိုရီးယားနယ်စပ်အနီးဖြန့် ကျက်ချထား လိုက်သည်။ဖြန့် ကျက်ချထားသည့်တပ်အင်အားတွင် တိုက်လေယာ သများ အား အသင့် ပြင်ထားခြင်း အမြောက်နှင့်သံချပ် ကာတပ် များလည်းပါဝင်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ကျွန်း ဘိုအောင်းမြို့၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ တက်ရောက်ရန်နှင့်  ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့ နံနက် (၉) နာရီ (၁၅) မိနစ်တွင် နေပြည်တော်မှ ဘိုအောင်းမြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။

 
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Lu Zhi နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးသန်းဋ္ဌေး၊ ဒေါက်တာကံဇော်နှင့် ဒေါက်တာမြင့်အောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ကျွန်း ဘိုအောင်းမြို့၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့ နံနက် (၉) နာရီ (၁၅) မိနစ်တွင် နေပြည်တော်မှ ဘိုအောင်းမြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာ

ဘူးသီးတောင်မှ သံဃာတော်အား ကိုယ်ထိလက်ရောက် စော်ကားရာတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

 မတ်လ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့ ၊ ဓမ္မမဏ္ဍိုင်ကျောင်းမှ ဦးပညာ သီရိအား မူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှ ကိုယ်ထိ လက်ရောက် ပါးရိုက်ကာ စော်ကားရာတွင် ပြစ်မှု ကျူးလွန် သူ နှစ်ဦး အား ယနေ့တွင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ် လိုက်ကြောင်း ဘူးသီးတောင် တရားရုံးက ဆိုသည်။

အဆုတ်ကင်ဆာမှဦး နှောက်သို့မပျံ့နှံ့အောင် တားဆီးမည့်ကုထုံးသစ်

Photo: အဆုတ်ကင်ဆာမှဦး နှောက်သို့မပျံ့နှံ့အောင် တားဆီးမည့်ကုထုံးသစ်
Friday, April 5, 2013

အဆုတ်ကင်ဆာရောဂါသည် ကင်ဆာရောဂါများအနက် အသေအပျောက်
အများဆုံး ရောဂါတစ်ခုဖြစ်သည်။ သြစတြီးယားနိုင်ငံတွင်နှစ်စဉ် လူ ၄၀၀၀
ခန့် အဆုတ်ကင်ဆာ ဖြစ်ပွားသည်ဟု သိရသည်။ 

အဆုတ် ကင်ဆာရောဂါကြီးမားသည့်ဆိုးကျိုး တစ်ခုမှာဦးနှောက်သို့ ကင်ဆာကျိတ်များကပျံ့နှံ့ခြင်းဖြစ်သည်။

MedUni Vienna တက္ကသိုလ် မှ သုတေသီများက အဆုတ်ကင်ဆာကုသမှု
နည်းသစ်တစ်ခုကို ဖော်ထုတ်ထားသည်။ ALK gene ဟုခေါ်သည့် မျိုးဗီဇများမှာအဆုတ်ကင်ဆာ မှဦးနှောက်သို့ ကင်ဆာပျံ့နှံ့စေသည့် တရားခံများဖြစ်ကြောင်း သုတေသီများကတွေ့ရှိခဲ့ကြသည်။ 

ALK ဗီဇ ပစ္စည်းများ၌အပြောင်းအလဲရှိပါက ကင်ဆာဆဲလ်များအထိန်း
အကွပ်မရှိပွားများပျံ့နှံ့တတ်သည်။သြစတြီး ယားနိုင်ငံကိန်းဂဏန်းများ
အရ ALK ဗီဇကြောင့် အဆုတ်ကင်ဆာမှ ဦးနှောက်သို့ပျံ့နှံ့သူနှစ်စဉ်
(၆၀)ဦး ခန့်ရှိသည်။

“ALK မျိုးဗီဇကို ဦးတည်တဲ့ ကုသမှုတွေသုံးပြီးအဆုတ်ကင်ဆာ ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်”ဟု ဥရောပကင်ဆာသုတေသနအဖွဲ့အစည်း(European Cancer Research Organization) မှ ဒေါက်တာမက်သီးရပ်စ်ပရူစာက ဆိုသည်။

လွန်ခဲ့သည့်နှစ်ကလည်း MedUni Vienna တက္ကသိုလ်က သွေးကင်ဆာ
ရောဂါတစ်မျိုးဖြစ်သည့်ALCL ကို ALK ဗီဇဦးတည် ကုသမှုဖြင့် ကုသ
ရာတွင်အောင်မြင်မှုရရှိခဲ့သဖြင့် ဂျာနယ်ပေါင်းများစွာ တွင်ဖော်ပြခံခဲ့ရသည်။

Source: MNT
Health Updates Journalအဆုတ်ကင်ဆာရောဂါသည် ကင်ဆာရောဂါများအနက် အသေ အပျောက် အများဆုံး ရောဂါတစ်ခုဖြစ်သည်။ သြစတြီးယားနိုင်ငံ တွင်နှစ်စဉ် လူ ၄၀၀၀ ခန့် အဆုတ်ကင်ဆာ ဖြစ်ပွားသည်ဟု သိရသည်။
အဆုတ် ကင်ဆာရောဂါကြီးမားသည့်ဆိုးကျိုး တစ်ခုမှာဦးနှောက်သို့ ကင်ဆာကျိတ်များကပျံ့နှံ့ခြင်းဖြစ်သည်။
MedUni Vienna တက္ကသိုလ် မှ သုတေသီများက အဆုတ်ကင်ဆာ ကုသမှုနည်းသစ်တစ်ခုကို ဖော်ထုတ်ထားသည်။ ALK gene

ရထားလိုင်းအချို့သင်္ကြန်အတွင်း ရပ်နားမည်ဟု သိရ

Photo: ရထားလိုင်းအချို့သင်္ကြန်အတွင်း ရပ်နားမည်ဟု သိရ
Friday, April 5, 2013

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရထားလိုင်း အချို့အား ဧပြီ၁၄ရက်မှ ၁၆ရက်နေ့
အထိ ရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာမီရထားက သိရှိရသည်။ 

လက်ရှိပြေးဆွဲလျက်ရှိသော မီးရထားများ၌ သွားလာရန်ခက်ခဲသောနေရာ
များတွင် ပြေးဆွဲလျက်ရှိသော ရထားများအားလုံးကို ရပ်နားခြင်းမပြုကြောင်း၊
ရထားများပြုပြင်ထိန်းသိမ်းရန်နှင့် ခရီးသွားများသွားလာမှုနည်း နိုင်သည့် 
အချိန်ဖြစ်ခြင်းကြောင့် ရပ်နားထားခြင်းဖြစ်ကြောင်းနှင့် နှစ်ဆန်းတစ်ရက်နေ့၌ ခရီးစဉ်အားလုံးကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်ဟု သိရသည်။ 

ရပ်နားမည့်မီးရထားများမှာ ရန်ကုန်-မန္တလေးလမ်းပိုင်း အမှတ်၅ အစုန်၊
အမှတ် ၆အဆန်၊ရန်ကုန်-မော်လမြိုင် လမ်းပိုင်း အမှတ်၃၅အစုန်၊ အမှတ်
၃၆အဆန်၊မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အမှတ်၃၇အစုန်၊အမှတ်၄၈အဆန်၊ အမှတ်၅၇အစုန် ၊အမှတ်၅၈အဆန်၊ ရန်ကုန်-နေပြည်တော် အမှတ် ၅၇
အဆန်၊အမှတ်၅၈အစုန်၊ရန်ကုန်-ပုဂံ အ မှတ် ၆၁၊အမှတ်၆၂ ၊RBE ရထားများပြေးဆွဲသည့် ရထားလမ်းပိုင်းအားလုံး ပါဝင်သည်။ 

ခရီးတိုပြေးဆွဲသည့်ရထားလမ်းပိုင်းအားလုံးစသည့် မီးရထားလမ်းပိုင်း
များသာပြေးဆွဲမှုအားအလိုက် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မီးရထားလိုင်း
များသုံးရက်ခန့်ပြေးဆွဲမှုရပ်နားထားမည်ဖြစ်သည်ဟု မြန်မာမီးရထား
သတင်းထုတ် ပြန်ချက်များအရသိရသည်။ 

သင်္ကြန်ရက်ပိုင်းအတွင်း ခရီးသွားများသွားလာမှု လျော့နည်းသည့်ဟု ဆိုသော်လည်း လက်တွေ့ပုံမှန်ရက်များ ထက် ပိုမိုသွားလာမှုရှိသဖြင့် လက်မှတ်များဝယ်ယူရာတွင် အဆမတန်ဈေးကြီးမြင့်မှုများရှိလာနိုင်ခြင်း
ကြောင့် စည်းကမ်းချက်များကို ထုတ်ပြန်ထားရှိမှုကို ပိုမိုတင်းကျပ်စွာဆောင်
ရွက်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။ 

`မှောင်ခိုဈေးကွက်ပျောက်အောင် ယခင်ကတည်းက စည်ကမ်းချက်တွေ
ချမှတ်ထားပြီးဖြစ်ပါတယ်၊အခုလည်း ဒီ စည်းကမ်းချက်အတိုင်းပါပဲ မပြောင်းလဲပါဘူး၊ဒါပေမယ့် ဂရုပြုစစ်ဆေးသွားဖို့တော့ရှိပါတယ်၊တွေ့ရှိရင်
လည်း အ ရေးယူဆောင်ရွက်သွားမှာပါစစ်ဆေးတွေ့ရှိခဲ့ရင်ငွေဒဏ်အပြင်
 ထောင်ဒဏ်အထိ ချမှတ်တာမျိုးတွေအထိရှိခဲ့ပါ တယ်´ဟု မြန်မာမီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Myit Makha Mediagroupမြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရထားလိုင်း အချို့အား ဧပြီ၁၄ရက်မှ ၁၆ ရက်နေ့ အထိ ရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာမီရထားက သိရှိရ သည်။ လက်ရှိပြေးဆွဲလျက်ရှိသော မီးရထားများ၌ သွားလာရန် ခက် ခဲသောနေ ရာများတွင် ပြေးဆွဲလျက်ရှိသော ရထားများအားလုံးကို ရပ်နားခြင်း မပြုကြောင်း၊ရထားများပြုပြင်ထိန်းသိမ်းရန်နှင့် ခရီးသွားများ သွား လာမှု နည်း နိုင်သည့် အချိန်ဖြစ်ခြင်းကြောင့် ရပ်နား ထားခြင်ြး ဖစ်ကြောင်းနှ င့် နှစ်ဆန်းတစ်ရက်နေ့၌ ခရီးစဉ်အားလုံး ကို ပြန် လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်ဟု သိရသည်။

တ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်

Photo: လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်

လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်၊ ပြည်သူ များနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖော်ဆောင် ပေးမည်ဆိုသည့် စေတနာ ကောင်းဖြင့် ကြိုးစား ဆောင်ရွက်လျက်ရှိ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကင်းထောက်လူငယ် လေ့လာရေး အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပြည်သူ့ လွှတ်တော်အစည်း အဝေးခန်းမ၌ တွေ့ဆုံ အမှာ စကား ပြောကြားသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက  ပြောကြားရာတွင် ယခုကဲ့သို့ လာရောက် လေ့လာသည့် အတွက် ပြည်သူ့ လွှတ်တော် အနေဖြင့် ကြိုဆိုကြောင်း၊ လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ပြည်သူများ၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်နိုင်သ မျှ ဖော်ဆောင် ပေးမည်ဆိုသည့် စေတ နာ ကောင်းဖြင့် ရည်ရွယ်ချက် ထားရှိပြီး ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုထက် ပိုမို တိုးတက်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း မောင်တို့ မယ်တို့ရှေ့တွင် ကတိပေး ပြော ကြား လိုကြောင်း၊ နိုင်ငံ တကာတွင် လွှတ်တော်များ သည် နိုင်ငံများ၏ အသက်ဝိညာဉ် ဖြစ်သကဲ့သို့ နိုင်ငံတော် တည်ဆောက်သည့် နေရာတွင်  လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီး သည်ဟု ပြောကြားကြကြောင်း၊ ယင်းကိစ္စ သည် မှန်ကန်သည့် ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မောင်တို့ မယ်တို့သည် မိမိ နိုင်ငံအပေါ် ချစ်မြတ်နိုး သစ္စာရှိပြီး နိုင်ငံ့ သားကောင်း များ ဖြစ်ရန် လိုကြောင်းနှင့် စိတ်ထား စေတနာနှင့် လေ့ကျင့်မှုများ ပြုရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းအောင်၊ စည်းကမ်း ကောင်း အောင်၊ အရည်အချင်း ရှိအောင် လေ့ကျင့်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့ အနေဖြင့် နိုင်ငံ့သားကောင်း ဖြစ်အောင်၊ နိုင်ငံ့သမီးကောင်း များဖြစ်အောင် စိတ် ဓာတ် ကောင်းရန်၊ စည်းကမ်း ကောင်းရန်၊ အရည်အချင်း ရှိရန် ကြိုးစား နေရ မည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် နေရာတွင် အချိန်ကို လေးစားတန်ဖိုး ထားရန်နှင့် အလုပ်ကို  ကြိုးစားပမ်းစားလုပ်ရန်လည်း လိုကြောင်း၊ ထိုနည်းတူစွာ အချင်းချင်း ဆက်ဆံ ဆောင်ရွက် သည့် နေရာတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ရေးသည် အရေး ကြီးကြောင်း၊ ထို့ကြောင့် အချင်းချင်း တစ်ဦးကို တစ်ဦး လေးစားပြီး မိမိတို့ ဆောင်ရွက်ရမည့် ကိစ္စများကို ညှိနှိုင်း ပေါင်းစပ်ကာ ပူးပေါင်း ဆောင်ရွက်နိုင်မှု အလေ့အကျင့် ကောင်းများကို မွေးမြူရန် လိုကြောင်း၊ လွှမ်းခြုံပြောရမည် ဆိုပါက မောင်တို့ မယ်တို့သည် နိုင်ငံ့သားကောင်း၊ သမီးမွန် များ ဖြစ်ပြီး မိမိတို့ တစ်ဦးချင်း၏ အကျိုးစီးပွား၊ ဒေသ၏ အကျိုးစီးပွား၊ အများ အကျိုး စီးပွားနှင့် နိုင်ငံတော် အကျိုးစီးပွားကို ဖော်ဆောင် နိုင်ရမည် ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ ကင်းထောက် လူငယ်များ သည်လည်း ယခုဆွေးနွေးခဲ့သည့် အကြောင်းအရာ များအပေါ် အခြေခံပြီး ဆောင်ရွက်ထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်ဟု ခံယူကြောင်းနှင့် အသင်း ကြီး၏ ရည်ရွယ်ချက်ကို အခြေခံပြီး မောင်တို့ မယ်တို့ တစ်ဦးချင်း၊ အဖွဲ့လိုက် အနေဖြင့် ကြိုးစား ဆောင်ရွက်ရင်း အမိနိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သည့် နေရာတွင် တကယ့်သားကောင်း၊ သမီးမွန်များ အဖြစ် ဆက်လက် ဆောင်ရွက် သွားနိုင်ရန် ဆုမွန် ကောင်းတောင်း ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့က ကင်းထောက် လူငယ် အတွေ့ အကြုံ နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြပြီး ကင်းထောက် လူငယ်များ အဖွဲ့ကိုယ်စား ဆဋ္ဌမတန်း ကျောင်းသူ မမြစန္ဒီ စောနှင့် အဖွဲ့ခေါင်းဆောင် ဦးတင်ညို တို့က ကျေးဇူးတင် စကား ပြန် လည် ပြောကြားကြကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည်။

http://bit.ly/17g8VREလွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်း ထားသော အဖွဲ့အစည်း တစ်ခုဖြစ်၊ ပြည်သူ များနှင့် နိုင်ငံတော် ၏ အကျိုးစီးပွား ကို ဖော်ဆောင် ပေးမည် ဆိုသည့် စေတ နာ ကောင်ြး ဖင့် ကြိုးစား ဆောင်ရွက်လျက်ရှိ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကင်းထောက် လူ ငယ် လေ့လာရေး အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပြည်သူ့ လွှတ်တော်အစည်း အဝေးခန်းမ၌ တွေ့ဆုံ အမှာ စကား ပြောကြားသည်။

ရွှေနန်းတော် အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး ရန်ကုန်-တောင်ကြီး ယာဉ်လိုင်းသစ် ဖွင့်လှစ်

Photo: ရွှေနန်းတော် အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး ရန်ကုန်-တောင်ကြီး ယာဉ်လိုင်းသစ် ဖွင့်လှစ်


ရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ရေထွက်ဦးလမ်း အမှတ်(၁၉၁)၌ ဧပြီ ၁ ရက် နံနက် ၉ နာရီက ရွှေနန်းတော် အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး  ယာဉ်လိုင်းသစ် ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ ရွှေနန်းတော် အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်းသစ်သည် ခရီးစဉ်များ အဖြစ် တောင်ကြီးမှ ရန်ကုန်၊ ရန်ကုန်မှ တောင်ကြီးသို့ နေ့စဉ် ညနေ ၅ နာရီတွင် ဂိတ်မှစတင် ထွက်ခွာမည် ဖြစ်ပြီး ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန်သို့ နေ့စဉ် နံနက် ၉ နာရီနှင့် ည ၉ နာရီခွဲတွင် ဂိတ်မှစတင် ထွက်ခွာမည် ဖြစ်သည်။ ခရီးသွား ပြည်သူများ

အတွက် ဝန်ဆောင်မှု အဖြစ် ကော်ဖီ၊ အအေးနှင့် မုန့်များ စီစဉ် ပေးထားကြောင်း၊ အအေး မခံနိုင်သော ခရီးသည်များ အတွက် စောင်များ စီစဉ် ပေး ထားကြောင်း၊ Bell များတပ်ဆင် ထားသောကြောင့် တစ်ချက် နှိပ်ရုံဖြင့် လိုအပ်သည်များကို အဆင်ပြေအောင် ဆောင်ရွက် ပေးကြောင်း၊ ယာဉ်ပေါ်တွင် သန့်စင်ခန်း ပါရှိကြောင်း အဆိုပါ ရွှေနန်းတော် အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်း၏ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 


http://bit.ly/10Apd2zရှမ်းပြည်နယ် တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက် ရေထွက်ဦးလမ်း အမှတ် (၁၉၁)၌ ဧပြီ ၁ ရက် နံနက် ၉ နာရီက ရွှေနန်းတော် အဆင့်မြင့် ခရီး သည် ပို့ဆောင်ရေး ယာဉ်လိုင်းသစ် ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ ရွှေနန်းတော် အဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ယာဉ်လိုင်း သစ်သည် ခရီးစဉ်များ အဖြစ် တောင်ကြီးမှ ရန်ကုန်၊ ရန်ကုန် မှ တောင်ကြီးသို့ နေ့စဉ် ညနေ ၅ နာရီတွင် ဂိတ်မှစတင် ထွက်ခွာ

မော်ရင်ဟိုကို ချယ်လ်ဆီး ပြန်လည် လိုအပ်နေပြီဟု တိုက်စစ်မှူး ဒရော့ ဘာ ပြောကြား

Photo: မော်ရင်ဟိုကို ချယ်လ်ဆီး ပြန်လည် လိုအပ်နေပြီဟု တိုက်စစ်မှူး ဒရော့ ဘာ ပြောကြား
========================================

လန်ဒန် ဧပြီ ၃

ချယ်လ်ဆီး အသင်းသည် လက်ရှိ အချိန်တွင် အသင်း၏ သမိုင်းတစ်လျှောက် အလှုပ်ရှားဆုံးနှင့် အဆိုးရွား ဆုံး အခြေအနေဖြင့် ယခုနှစ် ရာသီအား အဆုံးသတ် ရတော့မည့် အနေအထားမျိုး

ဖြစ်ပေါ်လျက် ရှိသည်။ ထို့ကြောင့် ဟိုဆေး မော်ရင်ဟိုအား ချယ်လ်ဆီး အသင်းသို့ ပြန်ခေါ်ယူရန် လိုအပ်လျက် ရှိသည်ဟု ၎င်း အသင်း၏ တိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာက ယူဆ ထားေ ကြာင်း သိရသည်။ ချယ်လ်ဆီး အသင်း၏ ယာယီနည်းပြ ရာဖာ ဘင်နီတက်ဇ်သည် သီတင်းပတ် အနည်းငယ် အတွင်း အသင်းမှ ထွက်ခွာမည် ဖြစ်သော်လည်း ဂန္တဝင် တိုက်စစ်မှူး ဒရော့ဘာ သည်  မော်ရင်ဟိုအား အင်္ဂလန်မြေသို့ ပြန်လာ၍ အသင်း၌ ၎င်း၏ ပုံရိပ်ကို ပြန်လည် ဖော်ကျူးရန် တိုက်တွန်းရာတွင် ပရိသတ်များနှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။ ဟိုဆေး မော်ရင်ဟိုသည်...see more: http://myawady.com.mm/sport/globalsportnews/item/10738-2013-04-04-10-15-13ချယ်လ်ဆီး အသင်းသည် လက်ရှိ အချိန်တွင် အသင်း၏ သမိုင်း တစ်လျှောက် အလှုပ်ရှားဆုံးနှင့် အဆိုးရွား ဆုံး အခြေအနေဖြင့် ယခုနှစ် ရာသီအား အဆုံးသတ် ရတော့မည့် အနေအထားမျိုးဖြစ်ပေါ် လျက် ရှိသည်။ ထို့ကြောင့် ဟိုဆေး မော်ရင်ဟိုအား ချယ်လ်ဆီး အသင်း သို့ ပြန်ခေါ်ယူရန် လိုအပ်လျက် ရှိသည်ဟု ၎င်း အသင်း၏ တိုက်စစ်

အာဆီယံ တစ်နှစ်တာ အကောင်းဆုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး နည်းပြဆု တို့အား မြန်မာမှ ရရှိ

Photo: အာဆီယံ တစ်နှစ်တာ အကောင်းဆုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး နည်းပြဆု တို့အား မြန်မာမှ ရရှိ
=========================================

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံတစ်နှစ်တာအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၃ ရက် (ယနေ့)က မလေးရှား နိုင်ငံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး အသင်းနည်းပြ ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။
အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု ရရှိခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် တစ်နှစ်တာ ကာလအတွင်း နိုင်ငံတကာ ပြိုင်ပွဲများအား အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ခြင်း ၊ လူငယ် ဘောလုံး လောက ဖွံဖြိုး တိုးတက်ရေး အတွက် အားစိုက် ဆောင်ရွက်ခဲ့ခြင်း ၊ မြန်မာ နေရှင်နယ် လိဂ်အား ပရော်ဖက်ရှင်နယ် စနစ်ပီသစွာ အကောင်ထည် ဖော်ဆောင်ရွက် နေခြင်းနှင့် တန်းဆင်း တန်းတက်စနစ် ကျင့်သုံးမည့် မြန်မာ နေရှင်နယ်လိဂ် (၂) ပြိုင်ပွဲအား ကျင်းပပေး နိုင်ခဲ့ခြင်း ၊ အမျိုးသား ယူ-၂၂ လက်ရွေးစင် အသင်းနှင့် အမျိုးသမီး ယူ-၁၉ အသင်းများအား အာရှ ခြေစစ်ပွဲ အောင်မြင်စေရန် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း ၊ အမျိုးသမီး လက်ရွေးစင် အသင်း အာဆီယံ ချန်ပီယံရှစ်တွင် ဒုတိယ ရရှိစေခြင်း ၊ ဘောလုံးနှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ သင်တန်းများအား ဖွင့်လှစ်ပေးခြင်း ၊ ပြည်ပသို့ စေလွှတ် သင်ယူစေခြင်း ၊ ကစားကွင်းနှင့် အခြေခံ အဆောက်အဦများ အသစ် ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင် ပေးနေခြင်း စသည်တို့အပြင် လူမှုရေးဆိုင်ရာ ပရဟိတ လုပ်ငန်းများကိုလည်း အားတက်သရော ပါဝင် ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
တစ်နှစ်တာ အာဆီယံ အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆု ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ် ကုမာဒါသည် ပြီးခဲ့သည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်းအား ဒုတိယဆု ရရှိနိုင်ရန် စွမ်းဆောင်ပေး နိုင်ခဲ့သလို အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်လည်း မြန်မာ့ လက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းအား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေး နိုင်ခဲ့ခြင်းတို့ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ အလားတူ ရန်ကုန် ယူနိုက်တက် ကွင်းလယ်လူ ကြည်လင်းမှာလည်း အာဆီယံ အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ညာအစွန် ကွင်းလယ်လူ အဖြစ် ရွေးချယ်ခံ ရကြောင်းလည်း တွေ့ရှိရသည်။ အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) မှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးဆုများ

ASEAN Goodwill Award: His Royal Highness Sultan Haji Ahmad Shah
AFF Life Service Award: His Excellency Tengku Tan Sri Dato’ Seri Ahmad
Rithaudeen
AFF Assistant Referee of the Year 2012 (women): Widiya Habibah Shamsuri (Mas)
AFF Assistant Referee of the Year 2012 (men): Tang Yew Mun (Sin)
AFF Referee of the Year 2012 (women): Pannipar Kamnueng (Tha)
AFF Referee of the Year 2012 (men): Abdul Malik Abdul Bashir (Sin)
AFF Youth Player of the Year 2012: Keoviengphet Litideth (Lao)
AFF Futsal Player of the Year 2012: Suphawut Thuenklang (Tha)
AFF Futsal Team of the Year 2012: Thailand
AFF Member Association of the Year 2012: Myanmar Football Federation
AFF National Team of the Year 2012 (women): Vietnam
AFF National Team of the Year 2012 (men): Singapore
AFF Coach of the Year 2012 (women): Kumada Yoshinori (Mya)
AFF Coach of the Year 2012 (men): Avramovic Radojko (Sin)
AFF Player of the Year 2012 (women): Dang Thi Kieu Trinh (Vie)
AFF Player of the Year 2012 (men): Mohammad Shahril Ishak (Sin)
အာဆီယံအကောင်းဆုံး ၁၁ ဦးစာရင်း
Goalkeeper: Kawin Thamsatchanan (Tha)
Rightback: Nguyen Minh Duc (Vie)
Centreback: Baihakki Khaizan (Sin)
Leftback: Panupong Wongsa (Tha)
Leftback: Theerathon Bunmathan (Tha)
Right midfield: Kyi Lin (Mya)
Centre midfield: Safiq Rahim (Mas)
Left midfield: Anucha Kitpongsri (Tha)
Strike: Mohammad Shahril Ishak (Sin)
Striker: Teerasil Dangda (Tha)အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံတစ်နှစ်တာအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်း အ နားကို ဧပြီ ၃ ရက် (ယနေ့)က မလေးရှား နိုင်ငံ၌ ကျင်းပ ခဲ့ ရာ မြန်မာနိုင်ငံမှ အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး အသင်းနည်းပြ ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။

ဘာလင်မြို့တွင် ရှာဖွေ တွေ့ရှိခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကျန် ဗုံးအား စနက်တံ ဖြုတ်နိုင်ခဲ့

Photo: ဘာလင်မြို့တွင် ရှာဖွေ တွေ့ရှိခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကျန် ဗုံးအား စနက်တံ ဖြုတ်နိုင်ခဲ့


ဂျာမနီ အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များသည် ဘာလင်မြို့တော် မြောက်ပိုင်း ရထား ဘူတာရုံ တစ်ခု အနီးတွင် တူးဖော် ရရှိခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကျန် ဗုံးတစ်လုံးအား အောင်မြင်စွာ စနက်တံ ဖြုတ်နိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်ဂျင်နီယာ တပ်သားများသည် ရထားလမ်းကြော ပိတ်ဆို့မှု များကြောင့် ဧပြီ ၃ ရက်က အသေး စိတ်စစ်ဆေးမှု များ ပြုလုပ်စဉ် အတွင်း ဘူတာရုံနှင့် ရထားစင်္ကြံ လမ်း၏ ၁ ဒသမ ၅ ကီလိုမီတာခန့် အကွာ၌ ၎င်း ဗုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အလေးချိန် ၁ဝဝ ကီလိုဂရမ် ရှိသော ၎င်းဗုံးအား ဒုတိယ ကမ္ဘာစစ် အတွင်းက မဟာမိတ် လေယာဉ် တစ်စင်းမှ ကြဲချထား ခဲ့ခြင်း ဖြစ်ပြီး ၎င်းဗုံးသည် ဆိုဗီယက် ခေတ်က ပြုလုပ်ခဲ့သော ဗုံးတစ်လုံးဟု ကျွမ်းကျင်သူ များက ယူဆ ထားကြကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ဗုံးအား စနက်တံ ဖြုတ်ရာတွင် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ဒေသခံ ခရီးသွား များအား ကြိုတင် ကာကွယ်မှု တစ်ရပ် အဖြစ် ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် ချက်ချင်း ညွှန်ကြားခဲ့၍ စင်္ကြံလမ်း တစ်လျှောက် အစောင့် တပ်ဖွဲ့များ ချထားခဲ့ကြောင်း သိရသည်။

http://bit.ly/YWBwb5ဂျာမနီ အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များသည် ဘာလင်မြို့တော် မြောက် ပိုင်း ရထား ဘူတာရုံ တစ်ခု အနီးတွင် တူးဖော် ရရှိခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကျန် ဗုံးတစ်လုံးအား အောင်မြင်စွာ စနက်တံ ဖြုတ်နိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ အင်ဂျင်နီယာ တပ်သားများသည် ရထားလမ်းကြော ပိတ်ဆို့မှု

Thursday, April 04, 2013

မြေမြှပ်မိုင်းကြောင့် ဒုက္ခသည်ငါးသိန်း နေရပ်မပြန်နိုင်

မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့တောင် ပိုင်း ပြည်နယ်တွေမှာ မြေမြှပ်မိုင်းတွေ အနှံအပြားရှိနေတာကြောင့် ဒုက္ခသည် ငါးသိန်းလောက်ဟာ နေရပ်မပြန်နိုင်ကြပဲ ရှိနေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အစွန်းရောက်မှုရှောင်ဖို့ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေ ကို ရှောင်ကျဉ်ဖို့ လိုကြောင်း ပြောဆိုလိုက်ပါတယ်။ဒီရက်ပိုင်းတွေအတွင်း မိတ္ထီလာက စခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ပတ်သက်ပြီး “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် အတွက် RFA က မေးမြန်းခဲ့ရာမှာ သူကအခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့ တရုတ်နိုင်ငံသို့ လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထား

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့ ဧပြီလအတွင်း တရားဝင်ခရီး လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထားကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်း၊ အကြောင်းကြား စာတွင် ဧပြီလ ၂၀ ရက်ဟု ပါရှိသော်လည်း အဆိုပါ ရက်စွဲသည် အတည်မဖြစ်သေးဟု သိရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော ညစာစားပွဲ ကျင်းပမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများ၊  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် KIO၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်သည့် ညစာစားပွဲတစ်ရပ် ကျင်းပရန် စီစဉ်ထားကြောင်း ကယန်းပြည်သစ်ပါတီမှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က ဧပြီလ ၃ ရက်က Eleven Media Group သို့ ပြောသည်။
အဆိုပါ ညစာစားပွဲကို ဧပြီလ ၁၀ ရက် ည ၆ နာရီ မိနစ် ၃၀တွင် နေပြည်တော် ရှိ မြတ်တော်ဝင်ဟိုတယ် တွင် ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာများသို့ ဖိတ်စာများ ပေးပို့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

သင်္ကြန်မတိုင်မီ ဖွင့်လှစ်မည့် လှည်းတန်းခုံးကျော်တံတား


Photo: သင်္ကြန်မတိုင်မီ ဖွင့်လှစ်မည့် လှည်းတန်းခုံးကျော်တံတား


ရန်ကုန် မြောက်ပိုင်းခရိုင် ၊ ကမာရွတ် မြို့နယ် ရှိ လှည်းတန်း လမ်းဆုံမှာ လမ်း ၅ ခု ဆုံရပ် ဖြစ်သဖြင့် နေ့စဉ် ယာဉ်ကြော ကျပ်တည်းခြင်း ၊ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး အချိန် ကြန့်ကြာမှုများ ဖြစ်ပေါ် နေသောကြောင့် ယာဉ်မောင်းများ နှင့် ခရီးသည် များမှာ အဆင်မပြေ မှုများ ဖြစ်ပေါ် နေသော်လည်း ယခုအခါ လှည်းတန်း ခုံးကျော် တံတားကြီး တည်ဆောက် ပြီးစီးနေမှုကို မျက်ဝါးထင်ထင် မြင်တွေ့ နေပြီးဖြစ်ရာ စိတ်အမောများ ပြေပျောက်၍ ပီတိစိတ်များ ဖြင့် ကြည်နူး နေကြသည်။

အဆိုပါ လှည်းတန်း လမ်းဆုံမှာ ပြည်လမ်း ၊ ရန်ကုန် - အင်းစိန်လမ်း နှင့် တက္ကသိုလ် ရိပ်သာလမ်း တို့ ပေါင်းဆုံသည့် နေရာ ဖြစ်သဖြင့် နေ့စဉ် ယာဉ်ကြော ကျပ်တည်းလျက် ရှိသည်။ ယခုအခါ ယာဉ်ကြော ကျပ်တည်းမှု ကို ဖြေလျော့နိုင်ရန် လှည်းတန်း ခုံးကျော်တံတား ကြီးမှာ တည်ဆောက် ပြီးစီး နေပြီး အချောသတ် လုပ်ငန်းများ လုပ်ဆောင် နေသည်ကို တွေ့မြင်ရသည်။ လှည်းတန်း ခုံးကျော် တံတားကြီး သည် ပြည်လမ်းမကြီး အပေါ်တွင် တည်ရှိပြီး တံတား အရှည်မှာ ပေ ၂၈၁၀ ကျော် ၊ အကျယ် ၅၄ ဒသမ ၈ ပေ ရှိသည်။ တံတား အမျိုးအစားမှာ ဘိုးပိုင် ဖောင်ဒေးရှင်း ၊ သံကူ ကွန်ကရစ်တိုင် ၊ သံမဏိ သံပေါင် ယက်မ ၊ သံကူ ကွန်ကရစ် ကြမ်းခင်း ဖြစ်ပြီး ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ကြီးကြပ်၍ ရွှေတောင် ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်ကြောင်း ယင်းတံတား စီမံကိန်းတွင် လုပ်ငန်းခွင် ၀င်နေသည့် အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။

ယင်း လှည်းတန်း ခုံးကျော်တံတား ကြီးကို ယခုနှစ် သင်္ကြန် မတိုင်မီ ဖွင့်လှစ်နိုင်ရန် နေ့ - ည ကြိုးပမ်း အားထုတ်လျက် ရှိသဖြင့် အနာဂတ် ကာလတွင် လှည်းတန်း လမ်းဆုံ၌ ယာဉ်ကြော ကျပ်တည်းခြင်း ၊ ပိတ်ဆို့ခြင်း မဖြစ်ပေါ် နိုင်တော့ဘဲ ခန့်ညား ထည်ဝါသော ခုံးကျော် တံတားကြိး အပေါ်နှင့် တံတားအောက်ခြေ တို့တွင် မော်တော်ယာဉ်များ အစီအရီ သွားလာ နိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။ 
ရန်ကုန် မြောက်ပိုင်းခရိုင် ၊ ကမာရွတ် မြို့နယ် ရှိ လှည်းတန်း လမ်း ဆုံ မှာ လမ်း ၅ ခု ဆုံရပ် ဖြစ်သဖြင့် နေ့စဉ် ယာဉ်ကြော ကျပ်တည်းခြင်း ၊ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး အချိန် ကြန့်ကြာ မှု များ ဖြစ်ပေါ် နေသောကြောင့် ယာဉ်မောင်းများ နှင့် ခရီးသည် များမှာ အဆင်မပြေ မှုများ ဖြစ်ပေါ် နေသော်လည်း ယခုအခါ လှည်းတန်း ခုံးကျော် တံတားကြီး တည်ဆောက် ပြီးစီးနေမှုကို မျက်ဝါး ထင်ထင် မြင်တွေ့ နေပြီးဖြစ်ရာ စိတ်အမောများ ပြေပျောက်၍ ပီတိစိတ်များ ဖြင့် ကြည်နူး နေ ကြသည်။

ကမ္ဘာကျော် စာရေးဆရာကြီးရဲ့ အမေ့ခံ အိမ်အိုဟောင်း


Photo: ကမ္ဘာကျော် စာရေးဆရာကြီးရဲ့ အမေ့ခံ အိမ်အိုဟောင်း
Thursday, 04 April 2013 

ဆောင်းနေ ဖျော့ဖျော့အောက်ရှိ ကိုလိုနီခေတ်လက်ရာ နီညိုရောင် တိုက်ခံအိမ်အိုကြီးသည် သစ်ပင်ခြုံနွယ်တို့ အကြား အထီးကျန် ရပ်တည်နေသည်။ တဘက်တချက်ရှိ သစ်ပင်ကြီးနှစ်ပင်ကြောင့် အိမ်အိုကြီးက ပိုမိုညို့မှိုင်း အထီးကျန်နေသည်။ သက်ငယ်နှင့် မြက်ရိုင်း ငုတ်တိုများ ခြံရံထားသော လူတယောက်စာ မြေနီလမ်းလေး၏ အဆုံးတွင်တည်ရှိနေသော ထိုအိမ်ကြီးသည် ကမ္ဘာကျော် စာရေးဆရာကြီး
 ဂျော့အိုဝဲလ် (George Orwell) မြန်မာပြည်တွင် နေသွားစဉ် ခေတ္တ ကွန်းခိုခဲ့ရာ နေအိမ်ဖြစ်သည်။

ဂျော့အိုဝဲလ်၏ Burmese Days ဆိုသည့် ကမ္ဘာကျော် ၀တ္ထုတအုပ် ဇာတ်အိမ်တည်ခဲ့ရာ ထိုနေရာသည် ယခုအချိန်တွင်တော့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အရာရှိတချို့ကို နေထိုင်ခွင့် ပေးထားသည့်
 နေရာဖြစ်လို့ နေသည်။ အိမ်အပေါ်ထပ်မှာ မိသားတစု၊ အောက်ထပ်မှာ မိသားတစု နေထိုင်သော်လည်း အိမ်ကြီးကို ပြုပြင်ထိန်းသိမ်းမှု မရှိသလောက် ဖြစ်ကြောင်း အိမ်နံရံပေါ် တွယ်တက်နေသည့် ခြုံနွယ်များနှင့် ညစ်ပတ်နေသည့် လှေကားထစ်များကို ကြည့်ရုံနှင့် သိနိုင်ပါသည်။

“နံရံ အင်္ဂတေကွာကျတာတွေ၊ တံခါးတွေ ယိုင်ရွဲ့ပေါက်ပြဲနေတာတွေ၊ အမိုးတွေ ပြိုပျက်ကျနေတာတွေ၊ အဆောက်အအုံ အောက်ခြေမှာ ရေညှိ
 ရေမှော် တွယ်နေတာတွေဟာ အစဉ်အလာ ဒါမှမဟုတ် အထိမ်းအမှတ်ကို တန်ဖိုး ထားတတ်သူတွေ အတွက်တော့ စိုးရိမ်ဖွယ်ရာ ဖြစ်နေပါပြီ” ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ထုတ် The Messenger သတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၈ မှ ကသာမြို့သား ကာတွန်းဆရာ ဟာဂျူလီ (ကသာ) ၏
 ဆောင်းပါးတွင် ဖော်ပြထားသည်။

အိမ်ကြီး၏ ပတ်ဝန်းကျင်တွင် သစ်ပင်ခြုံနွယ်များ ထူထပ်စွာ ပေါက်ရောက်
နေပြီးလူနေ၍ ဖြစ်ရုံလောက်သာ ရှင်းလင်းထား၏။ အ၀တ်လှန်းရန် ပြုလုပ်
ထားသည့် ပလက်စတစ် ကြိုးတန်း လျော့ရိလျော့ရဲများနှင့် မီးဖိုချောင် စွန့်ပစ်ပစ္စည်းများက အိမ်ကြီးကို ဂရုစိုက်မှု လုံးဝမရှိကြောင်း သက်သေပြ
နေသည်။ အိမ်အပေါ်ထပ် အနောက်ခြမ်း ဆင်ဝင်ဆောင်နှင့် လသာဆောင်
တို့မှာ ယိုင်နဲ့နေသည်။ ဆောင်းရာသီ ဖြစ်သည့်အတွက် တောင်ဘက် မျက်နှာမူ ဆောက်လုပ်ထားသော အိမ်ကြီး၏ အတွင်းပိုင်းတွင် နေရောင်ခြည်
များ ဖြာကျနေသည်။ နေရောင်ခြည်ကြောင့်ပင် အိမ်အိုကြီး၏ ပျက်စီး
နေသော အတွင်းပိုင်းကို မျက်ဝါး ထင်ထင်မြင်နေရသည်။ ပွတ်လုံးများဖြင့် တန်ဆာဆင်ထားသော လှေကားလက်ရမ်းများနှင့် မီးလင်းဖိုကို အလှဆင်
ထားသည့် ပန်းကနုတ်များတွင် ဖုန်ထုတက်နေသည့်အပြင် ကြမ်းပြင်ပေါ်
တွင်လည်း အသုံးမပြုတော့သည့် ပစ္စည်းဟောင်းများကို ဖြစ်သလို စုပုံ ထားသည်။ ထိုနေရာသည် ဒေါ်လာသန်းချီ အကုန်အကျခံပြီး နိုင်ငံတကာမှ ခရီးသည်များ နှစ်စဉ်လာရောက် ကြည့်ရှုရာ နေရာဖြစ်သည်။

ထိုနေရာကို လုပ်ငန်းရှင် တချို့က စကိတ်ကွင်းအဖြစ် အသွင်ပြောင်းလဲမည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားမှု အလွန်များသော နေရာဖြစ်သည့် ထိုနေရာမျိုးကို မူလတန်ဖိုးနှင့်
 သွေဖည်သွားစေမည့် စကိတ်ကွင်းအဖြစ် ပြောင်းလဲခြင်းသည် သင့်တော်
ပါ၏လော။

“ခရီးသည်တွေက ကျမတို့ရဲ့ သင်္ဘောခရီးစဉ်တွေကို ရွေးချယ်တဲ့ အဓိက ရည်ရွယ်ချက်က ကသာပါ။ ကသာက ဂျော့အိုဝဲလ်ရဲ့ နေအိမ်ဟာ အဓိက သူတို့ သွားချင်တဲ့ နေရာဖြစ်တယ်။ ဧည့်သည် ၁၀၀ ရာခိုင်နှုန်းဟာ ဒီအိမ်ကြီးကို ကြည့်ချင်လို့ ဒီခရီးစဉ်ကို ရွေးတာ ဖြစ်ပါတယ်။ ဒါကို စကိတ်ကွင်းလုပ်မယ်၊ ဒါမှမဟုတ် ပျောက်ပျက်သွားမယ်ဆိုရင် သူ့ရဲ့ သမိုင်းတန်ဖိုးလည်း ပျောက်ပျက်သွားမှာပဲ” ဟု ဧရာဝတီမြစ်တွင်း သင်္ဘောခရီးစဉ်များ စီစဉ်သည့် ဧရာဝတီ မင်းသမီးမှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်တင့်တင့်လွင်က ဧရာဝတီကို ပြောသည်။

သမိုင်းဝင် အဆောက်အဦးနှင့် နေရာများကို ရှေးမူလ လက်ရာများမှ
 သွေဖည်၍ ပြုပြင်မွမ်းမံခြင်း၊ အလုံးစုံ ဖျက်စီး၍ အသစ်ပြန်လည်
 ဆောက်လုပ်ခြင်းများကြောင့် မူလတန်ဖိုး လျော့ကျပြီး တန်ဖိုးမဲ့ အခြေအနေသို့ လုံးဝ ပြောင်းလဲ သွားနိုင်သည်ဟု ၎င်းက ဆိုသည်။

“ဂျော့အိုဝဲလ်အိမ်ကို ပိုင်ဆိုင်တဲ့ ဌာန၊ အဲဒီဌာနကို ကျမတို့ ၀င်ကြေးပေး
ချင်တယ်။ ရတဲ့ ၀င်ကြေးနဲ့ အိမ်ကို ရှေးမူ လက်ရာမပျက် ထိန်းစေချင်တယ်။ ထိန်းသိမ်းလို့ ရတယ်။ အခုက ၀န်ထမ်းတွေ နေတဲ့ အိမ်သာသာပဲ ရှိတယ်။ တင်းနစ်ကုတ်၊ ကလပ်၊ အိမ်တွေကို ရှေးမူမပျက်ဘဲနဲ့ နိုင်ငံခြားသားတွေကို
 သေသေချာချာ သန့်သန့်ရှင်းရှင်း ၀င်ကြေး အတိုင်းအတာ တခုထိ
 ကောက်ယူ စေချင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ကသာကို ကမ္ဘာက သိစေခဲ့သည့် စာရေးဆရာကြီး ဂျော့အိုဝဲလ် သည် Burmese Days ၀တ္ထုဇာတ်လမ်းတွင် ကျောက်တံတား ဟု ဖန်တီးခဲ့ရာ မြို့လေးဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ကသာမြို့သို့ ၁၉၂၆ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံ ပုလိပ်အဖြစ် ရောက်ရှိလာခဲ့သည်။

ဝတ္ထု ဇာတ်လမ်းတွင် အဓိက နေရာအဖြစ် ပါဝင်ခဲ့သည့် British Club တည်ရှိရာ နေရာသည်လည်း ဂျော့အိုဝဲလ်၏ နေအိမ်နှင့် မခြား တန်ဖိုးထား
သူ ကင်းမဲ့နေသည်။ တချိန်က မျက်နှာဖြူ အရာရှိများနှင့် စည်ကားနေ
ခဲ့မည် ဖြစ်သော၊ မြန်မာ တိုင်းရင်းသားနှင့် အိန္ဒိယ တိုင်းရင်းသားများ ၀င်ခွင့်ရရန် အလွန်ခက်ခဲခဲ့သော British Club သည် ယခု အချိန်တွင်တော့ ကသာမြို့နယ် သမ၀ါယမ အသင်းစုရုံးအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ ရုံးအဆောက်အဦး ဖြစ်သည့်အတွက် နေအိမ်လောက် ပျက်စီးမှု မများသော်လည်း တဘက်ရှိ ၀န်ထမ်းအိမ်ယာများမှ အနံ့အသက်များက စိတ်အနှောင့်အယှက် ဖြစ်စေပြန်သည်။

British Club သို့ အ၀င်လမ်း ဘေးတဘက်တချက်တွင် အုန်းပင်များ အစီအရီ တည်ရှိနေပြီး လမ်းဘယ်ဘက် ဘေးတွင်တော့ တင်းနစ်ကုတ် ရှိနေသည်။ တင်းနစ်ကုတ်နှင့် British Club အကြားမှာ မြေကွက်လပ် တခုနှင့် တဘက်ရှိ ၀န်ထမ်း တန်းလျားများသို့ သွားရာလမ်းကြား တခုခံ နေသေးသည်။ British Club သည် ကုန်းစောင်းတခုကို မေးတင်
 ဆောက်လုပ်ထားပြီး တိုက်ရှေ့ဘက်မှ ကြည့်လျှင် တထပ်၊ အနောက်
ဘက်မှ ကြည့်လျှင် ၂ ထပ် မြင်ရသော အဆောက်အဦး ဖြစ်သည်။ အနောက်ဘက်တွင် တချိန်က ဧရာဝတီမြစ်တည်ရှိခဲ့ပြီး အခုအချိန်
တွင်တော့ ကသာမြို့၏ ရပ်ကွက်သစ် တခုဖြစ်လို့ နေသည်။ British Club ဆိုတာ ခေတ်ကောင်းစဉ် ကာလတုန်းက အနောက်ဘက် လသာဆောင်မှ
 နေ၍ ဧရာဝတီကို မျှော်ကြည့်ခဲ့ကြမည်ဖြစ်သည်။

ကမ္ဘာအနှံ့အပြားက မြန်မာကို စိတ်ဝင်စား၍၊ ကသာကို စိတ်ဝင်စား၍၊
 ဂျော့အိုဝဲလ်၏ ဖန်တီးမှုအတွင်းက British Club၊ တင်းနစ်ကုတ်နှင့် ဧရာဝတီကို စိတ်ဝင်စား၍ မိုင်ထောင်ချီ ခရီးကို လာကြသော ခရီးသည်
များသည် မိမိတို့ ကြုံတွေ့ သိမြင်ရမည့် မြင်ကွင်း၊ ပတ်ဝန်းကျင်ကို အမျိုးမျိုး စိတ်ကူးပုံဖော် လာကြမည်သာ ဖြစ်သည်။ စိတ်ကူးနှင့် လက်တွေ့သည် ကွာခြားမြဲ ဖြစ်သော်ငြား နိုင်ငံတကာ ခရီးသည်တို့ စိတ်ဝင်စားသည့် သမိုင်းဝင် အဆောက်အဦး များကို ယခုကဲ့သို့ ထိန်းသိမ်းမှုမဲ့၊ အခကြေးငွေ
 ကောက်ယူမှု နတ္ထိ၊ အမှတ်တရ ၀ယ်ယူစရာ လက်ဆောင်ပစ္စည်းလေးမျှပင် မရှိသည့် အခြေအနေမျိုးကို ထိုခရီးသွားတို့ စိတ်ကူးထားကြမည် မဟုတ်
သည်ကတော့ သေချာပါသည်။

၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Burmese Days သည် ဂျော့အိုဝဲလ်၏ အထင်ရှားဆုံး စာအုပ်တအုပ် မဟုတ်သော်လည်း အနောက်တိုင်းရှိ စာဖတ်သူများအပေါ် သြဇာလွှမ်းမိုးခဲ့သည့် စာအုပ် ဖြစ်သည်။ ကိုလိုနီခေတ် အတွင်းက ကသာမြို့တွင် တာဝန်ကျခဲ့သည့် မျက်နှာဖြူ သစ်တောအရာရှိ လူငယ်တဦးကို အခြေတည်၍ မြန်မာနိုင်ငံရှိ မျက်နှာဖြူ အရာရှိ၊ အရာထမ်း ၀န်ထမ်းများ၏ အထီးကျန်ဆန်မှု၊ ကိုလိုနီစနစ်၏ လူမျိုး၊ အသားအရောင် ခွဲခြားဆက်ဆံမှု၊ ကိုလိုနီခေတ် မြန်မာတိုင်းရင်းသား ဒေသခံတို့၏
 အောက်ကျနောက်ကျ နိုင်မှုတို့ကို အသေးစိတ် ခြယ်မှုန်းထားသည်။

ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သည့် သမိုင်းဖြစ်စဉ်၏ အရိပ်များ တည်ရှိနေဆဲ ထိုအိမ်အိုကြီး၊ British Club နှင့် တင်းနစ်ကုတ်တို့ကို မိုင်ပေါင်းထောင်ချီ ခရီးဖြတ်သန်း၍ လာရောက် ကြည့်ရှုသူများနှင့် မိမိတို့ မြို့ရွာ၏ သမိုင်းဝင် အဆောက်အဦးကို ထိန်းသိမ်းလိုသူ ကသာမြို့ခံများ ရှိနေပါလျှက်နှင့် ယခုအချိန်ထိ ရှေးမူမပျက် ထိန်းသိမ်းမှု တစုံတရာ ဘာကြောင့် မရှိသေးသနည်း ဆိုသည့် မေးခွန်းကိုတော့ သက်ဆိုင်သူများက
 ဖြေကြပါလိမ့်မည်။  

ဧရာဝတီ 
ဆောင်းနေ ဖျော့ဖျော့အောက်ရှိ ကိုလိုနီခေတ်လက်ရာ နီညိုရောင် တိုက်ခံအိမ်အိုကြီးသည် သစ်ပင်ခြုံနွယ်တို့ အကြား အထီးကျန် ရပ် တည်နေသည်။ တဘက်တချက်ရှိ သစ်ပင်ကြီးနှစ်ပင်ကြောင့် အိမ်အို ကြီးက ပိုမိုညို့မှိုင်း အထီးကျန်နေသည်။ သက်ငယ်နှင့် မြက်ရိုင်း ငုတ် တိုများ ခြံရံထားသော လူတယောက်စာ မြေနီလမ်းလေး၏ အဆုံးတွင် တည်ရှိနေသော ထိုအိမ်ကြီးသည် ကမ္ဘာကျော် စာရေးဆရာကြီးဂျော့အိုဝဲလ် (George Orwell) မြန်မာပြည် တွင် နေသွားစဉ် ခေတ္တ ကွန်းခိုခဲ့ရာ နေအိမ်ဖြစ်သည်။

ဂျပန် Hirobo ထုတ် တစ်ယောက်စီး ရဟတ်ယာဉ်

Photo: ဂျပန် Hirobo ထုတ် တစ်ယောက်စီး ရဟတ်ယာဉ်
Thursday, 04 April 2013 

တစ်ယောက်စီး ရဟတ်ယာဉ် (Helicopter) ကို ဂျပန် Hirobo အီလက် ထရောနစ် ပစ္စည်း ကုမ္မဏီက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ လေကြောင်းလိုင်း ကုန်ပစ္စည်းပြပွဲမှာ ဝင်ရောက် မိတ်ဆက်ပြသသွားတာ ဖြစ်ပါတယ်။ တစ်ယောက်စီး ရဟတ်ယာဉ်၊ လူမဲ့ ရဟတ်ယာဉ် ဆိုပြီး နှစ်မျိုး ထုတ်လုပ် ထားပါတယ်။

လူမဲ့ ရဟတ်ယာဉ် ကတော့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ အသုံးပြုစေဖို့ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၅၀၀၀ တန်ဖိုး ရှိပါတယ်။ အဝေးထိန်းခလုပ်နဲ့ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်စီး ရဟတ်ယာဉ် Hirobo ရဲ့  တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃၇၅၀၀၀ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့ ကာလမှာ အသုံးပြုစေဖို့ ဖြစ်ပေမယ့် ယာဉ်ကြောထူထပ်တဲ့ မြို့  ကြီးတွေမှာလည်း အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။

Hirobo က နဂိုကတည်းက ကလေး ကစားစရာ ရီမုဒ်ကွန်းထရိုး ထိန်းချုပ် ရဟတ်ယာဉ် ငယ်များကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ ယခု ကတော့ ကစား စရာ အနေနဲ့ မဟုတ်တော့ပဲ လူတို့ လုပ်ငန်းခွင် အသုံးပြုစေဖို့ ဖြစ် ပါတယ်။ နှစ်မျိုးလုံးက တစ်နာရီကို မိုင် ၆၀ နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ လောင်စာဆီ အသုံးမပြု ထားပါဘူး။ အသံ ငြိမ်တဲ့ လျှပ်စစ်မော်တာ ဖြစ်တဲ့အတွက် မြို့ ကြီးတွေမှာ အသုံးပြုဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။

သို့ပေမယ့် ဂျပန်နိုင်ငံက မြို့ ကြီးတွေမှာ မောင်းနှင်ခွင့် မရသေးပါ ဘူး။ နောက် ၂ နှစ်လောက်ကြာမှ ဂျပန်အစိုးရမှ တစ်ယောက်စီး ရဟတ်ယာဉ်များ မြို့ တွင်းအသုံးပြုခွင့်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့နိုင်ငံကြီးများမှာလည်း အသုံးပြုခွင့်ရအောင် Hirobo ကကြိုးပမ်း မှာ ဖြစ်ပါတယ်။ သာမန် ရဟတ်ယာဉ်လောက်တောင် မောင်းနှင်ရမခက်ပဲ ကား/ ဆိုင်ကယ် မောင်းတတ်သူတိုင်း အလွယ်တကူ မောင်းနှင်လို့ ရတဲ့ ရဟတ်ယာဉ် ဖြစ်တယ်လို့ သိရပါတယ်။
---
Ref: Hirobo
YoYarLayတစ်ယောက်စီး ရဟတ်ယာဉ် (Helicopter) ကို ဂျပန် Hirobo အီလက် ထရောနစ် ပစ္စည်း ကုမ္မဏီက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ယခုရက် ပိုင်းအတွင်း ဂျပန်နိုင်ငံ မှာ ကျင်းပတဲ့ လေကြောင်းလိုင်း ကုန်ပစ္စည်းပြပွဲမှာ ဝင်ရောက် မိတ်ဆက်ပြသ သွားတာ ဖြစ်ပါတယ်။ တစ်ယောက်စီး ရဟတ်ယာဉ်၊ လူမဲ့ ရဟတ်ယာဉ် ဆိုပြီး နှစ် မျိုး ထုတ်လုပ် ထားပါတယ်။
လူမဲ့ ရဟတ်ယာဉ် ကတော့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ အသုံးပြုစေ ဖို့ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၅၀၀၀ တန်ဖိုး ရှိပါတယ်။ အဝေးထိန်းခလုပ်နဲ့ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်စီး ရဟတ်ယာဉ် Hirobo ရဲ့  တန်ဖိုး

လူ့ဦးနှောက် ၏ မှတ်သားသိမ်းဆည်းနိုင်မှု ပမာဏ - Memory Storage

Photo: လူ့ဦးနှောက် ၏ မှတ်သားသိမ်းဆည်းနိုင်မှု ပမာဏ - Memory Storage
Thursday, 04 April 2013 

လူ့ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှု ပမာဏကို ဆေးပညာရှင်နဲ့ သိပ္ပံ ပညာရှင်တို့ ပူးပေါင်း၍ ရှာဖွေဖော်ထုတ်ထားပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီတော့ မတူနိုင်ပါဘူး။ ပျှမ်းမျှယူးထားတာ ဖြစ် ပါတယ်။ လူ့ ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှုက 256 Exabytes ဖြစ် ပါတယ်။ Exabyte ဆိုတာ သန်း ၁ထောင် ( ၁ ဘီလျံ ) ကိုယ်စားပြုပါတယ်။ ဒီတော့ 256 billion Gigabytes ရှိပါတယ်။ ဒီတော့ PC ၁.၂ ဘီလျံ အလုံးရေ မှာ ပါဝင်တဲ့ Hard drive ပေါင်း အရေအတွက်နဲ့ အတူတူပါပဲ။ ဖလောပီ Disk နဲ့ လမ်းခင်းရင် လကို ကျော်လွန်ပါတယ်။

ဒီတော့ လူတစ်ဦးရဲ့  ဦးနှောက်တွင်းက မှတ်ဥာဏ်အားလုံးကို ကွန်ပြူတာထဲ ထည့်သွင်းမယ်ဆိုရင် Google Data Center တစ်ခု တောင် မလုံလောက် ပါဘူး။ 256 billion Gigabytes မှတ်သားနိုင်တဲ့အတွက် လူသားတွေကို ကမ္ဘာ့အကြီးဆုံး Memory Storage Machine/Device အဖြစ် သတ် မှတ်နိုင်ကြောင်း သိရပါတယ်။
--
Ref: technote
YoYarLay
--လူ့ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှု ပမာဏကို ဆေးပညာရှင်နဲ့ သိပ္ပံ ပညာရှင်တို့ ပူးပေါင်း၍ ရှာဖွေဖော်ထုတ်ထားပါတယ်။
လူတစ်ဦးတစ်ယောက်ချင်းစီတော့ မတူနိုင်ပါဘူး။ ပျှမ်းမျှယူးထား တာ ဖြစ် ပါတယ်။ လူ့ ဦးနှောက်တစ်လုံးရဲ့  မှတ်သားနိုင်မှုက 256 Exabytes ဖြစ် ပါတယ်။ Exabyte ဆိုတာ သန်း ၁ထောင် ( ၁ ဘီလျံ ) ကိုယ်စားပြုပါတယ်။ ဒီတော့ 256 billion Gigabytes ရှိပါတယ်။

Apple iPhone 5S ဇူလိုင်လတွင်ဖြန့်မည်

Photo: Apple iPhone 5S ဇူလိုင်လတွင်ဖြန့်မည်
Thursday, 04 April 2013 
  
iPhone 5S ထုတ်မည့်ရက်ကို ဂျပန်နိုင်ငံမှ နည်းပညာဝက်ဘ်ဆိုက်
တစ်ခုဖြစ်သည့် MacFan.com တွင် အတိအကျ ဖော်ပြထားကြောင်းတွေ့
ရသည်။

Apple ကုမ္ပဏီသည် မျိုးဆက်သစ် iPhone 5S ကို ဇွန်လ ၂ဝ ရက်နေ့တွင် ထုတ်မည်ဖြစ်ပြီး၊ ဇူလိုင်လတွင် ဈေးကွက်များ သို့ဖြန့်ချိမည်ဖြစ်ကြောင်း
 ရေးသားထားသည်။

စက်တင်ဘာလအတွင်း တန်ဖိုးနည်း အိုင်ဖုန်းများကို ထုတ်မည်ဟု ကြေညာ
ထားသဖြင့် ဇူလိုင်လတွင်ထွက်မည်ဆိုသော iPhone 5S သတင်းမှာ ခိုင်လုံဖွယ်ရှိကြောင်း Electronista တွင်လည်း ဖော်ပြထားသည်။

နှစ်စဉ်ပုံမှန်ပြုလုပ်သည့် ကမ္ဘာ့ဆော့ဖ်ဝဲထုတ်လုပ်သူများညီလာခံ (WWDC) တွင် အိုင်ဖုန်းများကို ပုံမှန်ထွက်ရှိသည့် အချိန်၌ ထုတ်မည်ဟုပြောခဲ့သဖြင့် ဇူလိုင်လဟု ခန့်မှန်းခြင်းဖြစ်နိုင်ကြောင်း CNET သတင်းကဆိုသည်။

Apple ကုမ္ပဏီ၏ လုပ်ငန်းစဉ်တွင် ယခုနှစ် အောက်တိုဘာလမတိုင်မီ iPad, iPad Mini, iPod Touch အသစ်များကို ထုတ်ဝေရန်ရှိကြောင်း ထုတ်ပြန်ထား
သည်။ 

 မောက္ခiPhone 5S ထုတ်မည့်ရက်ကို ဂျပန်နိုင်ငံမှ နည်းပညာဝက်ဘ်ဆိုက်
တစ်ခုဖြစ်သည့် MacFan.com တွင် အတိအကျ ဖော်ပြ ထားေ ကြာ င်းတွေ့ ရသည်။
Apple ကုမ္ပဏီသည် မျိုးဆက်သစ် iPhone 5S ကို ဇွန်လ ၂ဝ ရက်နေ့ တွင် ထုတ်မည်ဖြစ်ပြီး၊ ဇူလိုင်လတွင် ဈေးကွက်များ သို့ဖြန့်ချိ မည်ဖြစ်ေ ကြာင်းရေးသားထားသည်။
စက်တင်ဘာလအတွင်း တန်ဖိုးနည်း အိုင်ဖုန်းများကို ထုတ်မည်

၂၅ ဒေါ်လာတန်ကွန်ပျူတာ အမေရိကန်နိုင်ငံတွင်စတင်ဖြန့်

Photo: ၂၅ ဒေါ်လာတန်ကွန်ပျူတာ အမေရိကန်နိုင်ငံတွင်စတင်ဖြန့်
Thursday, 04 April 2013 

အမေရိကန်ပြည်ထောင်စုတွင် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ၂၅ ဒေါ်လာတန် Raspberry Pi ကွန်ပျူတာကို ဖြန့်ချိနေပြီဖြစ်ကြောင်း တန်ဖိုးနည်းကွန်ပျူတာ
ထုတ်လုပ်ရေး ဖောင်ဒေးရှင်း (ရက်စ်ဘယ်ရီပိုင်ဖောင်ဒေးရှင်း) က သတင်း
ထုတ်ပြန်ကြေညာသည်။

ယခုဖြန့်ချိသည့် ရက်စ်ဘယ်ရီပိုင် Model A အမျိုးအစား တန်ဖိုးနည်းကွန်ပျူ
တာသည် ယခင်ထုတ်ခဲ့သော ဈေးမြင့်သည့် Model B နှင့် ပရိုဆက်ဆာ အတူတူဖြစ်ပြီး၊ 700MHz ပရိုဆက်ဆာကို အသုံးပြုထားသည်။ Model A ၏ထူးခြားချက်မှာ USB port တစ်ခုပါလာခြင်းဖြစ်သည်။ ဈေးနှုန်းလျှော့
ချနိုင်ခဲ့ခြင်းမှာ Ethernet port မထည့်ထားခြင်းနှင့် RAM ကိုလျှော့
ထားခြင်း ကြောင့်ဖြစ်သည်။

Model A ကို ဥရောပတွင် ဖေဖော်ဝါရီလောက်ကတည်းက ဖြန့်ချိခဲ့ပြီး၊ အာရှတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ဖြန့်ချိခဲ့သည်။

ရက်စ်ဘယ်ရီပိုင် တန်ဖိုးနည်းကွန်ပျူတာကို စတင်ထုတ်လုပ်သူ အီဘန် အပ်တန်က ပထမဦးဆုံး အနေဖြင့် လုံးရေ ၂ဝဝဝဝ ထုတ်မည်ဖြစ်သော်
လည်း ဝယ်လိုအားကို မခန့်မှန်းနိုင်သေးကြောင်း ပြောကြားသည်။

Model B ကို ဘက်ထရီ သို့မဟုတ် နေရောင်ခြည်စွမ်းအင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားသောကြောင့် တန်ဖိုးအနည်းငယ် မြင့်မားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် Model A ကို ၂၅ ဒေါ်လာဖြင့် Allied Electronics တွင်ရရှိနိုင်ပြီဖြစ် ကြောင်း http://techcrunch.com/ တွင်
ဖော်ပြထားသည်။

မောက္ခအမေရိကန်ပြည်ထောင်စုတွင် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ၂၅ ဒေါ်လာတန် Raspberry Pi ကွန်ပျူတာကို ဖြန့်ချိနေပြီဖြစ်ကြောင်း တန်ဖိုးနည်းကွန်ပျူတာ ထုတ်လုပ်ရေး ဖောင်ဒေးရှင်း (ရက်စ်ဘယ်ရီ ပိုင်ဖောင်ဒေးရှင်း) က သတင်းထုတ်ပြန်ကြေညာသည်။
ယခုဖြန့်ချိသည့် ရက်စ်ဘယ်ရီပိုင် Model A အမျိုးအစား တန်ဖိုးနည်း ကွန်ပျူတာသည် ယခင်ထုတ်ခဲ့သော ဈေးမြင့်သည့် Model B နှင့်

Wednesday, April 03, 2013

အင်ဒိုနီးရှား- မြန်မာ ချစ်ကြည် ရင်းနှီးမှု နှင့် ကုန်သွယ်မှု ပမာဏ နှစ်ဆ တိုးမြှင့်ရေး ရင်းနှီးစွာ ဆွေးနွေး

Photo: အင်ဒိုနီးရှား- မြန်မာ ချစ်ကြည် ရင်းနှီးမှု နှင့် ကုန်သွယ်မှု ပမာဏ နှစ်ဆ တိုးမြှင့်ရေး ရင်းနှီးစွာ ဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၁၁ နာရီတွင် အင်ဒိုနီးရှား သမ္မတ နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီး H.E. Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ ကံဇော်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် အင်ဒိုနီးရှား သမ္မတနိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား နိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono လည်း တက်ရောက်သည်။

ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ရေး၊ လယ်ယာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ သတ္တု တူးဖော်ရေး ကဏ္ဍ၊ ဟိုတယ်နှင့် ခရီး သွားလာရေး ကဏ္ဍ၊ ရော်ဘာ၊ ဆီအုန်း၊ သားငါးနှင့် သီးနှံစုံ ထုတ်လုပ်မှု ကဏ္ဍများ အပါအဝင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးတက် လာစေရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ နှစ်ဆ တိုးမြှင့်ရေး တို့နှင့် စပ်လျဉ်း၍  ခင်မင် ရင်းနှီးစွာ ဆွေးနွေး ခဲ့ကြသည်။

http://bit.ly/105W5S2ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ယနေ့ နံနက် ၁၁ နာရီတွင် အင်ဒိုနီးရှား သမ္မတ နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီး H.E. Mr. Hatta Rajasa ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ ကံဇော်၊ ဒုတိယ ဝန်ကြီး

ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ် လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှု ကမ္ဘောဒီးယား စတင်

Photo: ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ် လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှု ကမ္ဘောဒီးယား စတင်

ကမ္ဘောဒီးယား နိုင်ငံသည်  ၎င်းတို့၏နိုင်ငံကို ခုခံကာကွယ်နိုင်ရေး အတွက်  တော်ဝင် ကမ္ဘောဒီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ကို တိုးမြှင့်ရန် ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှု တစ်ခုကို ဧပြီ ၂ ရက်တွင် စတင်ခဲ့သည်ဟု သိရသည်။

စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း ကမ္ဘောဒီးယား စစ်သည်များသည် BM-21 ဒုံးပစ် လောင်ချာများနှင့် ၁၃ဝ မမ အမြောက်များကို ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း၊ စစ်ရေး လေ့ကျင့်မှုကို ဖနောင်ပင်မြို့၏ အနောက် ဘက် ၇ဝ ကီလိုမီတာ အကွာခန့်တွင် ရှိသည့် ကမ်ပေါင်စပူ ပြည်နယ်ရှိ ကွင်းပြင်တစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်နှင့်   ကာကွယ်ရေး ဝန်ကြီး  တီယာဘန့်က  ပြောကြားသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုကြီးတွင် စစ်သည် တပ်ဖွဲ့ဝင်ပေါင်း ၁၄၅ဝ ဦး ပါဝင်ခဲ့ကြောင်း BM-21 ဒုံးပစ်လောင်ချာ ၉၈ လုံးနှင့် ၁၃ဝ မမ အမြောက် ၂၄ လုံးကို လက်တွေ့ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယခုပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုသည် မိမိတို့၏ လက်နက်သစ်များ၏ နည်းပညာကို စမ်းသပ်ရန် ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံကိုမျှ ခြိမ်းခြောက်ရန် မရည်ရွယ်ကြောင်း၊ မိမိတို့၏ တပ်ဖွဲ့ဝင်များသည် အမြောက် အားလုံးကို ပစ်မှတ်ဆီသို့ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အက်သ်ဆာရက်သ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုတစ်ကြိမ် ပြုလုပ်ခဲ့သော BM-21 ဒုံးပစ် လောင်ချာများဖြင့် ပစ်ခတ် လေ့ကျင့်သည့် စစ်ရေး လေ့ကျင့်မှုမှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ် စစ်ရေး လေ့ကျင့်မှုကို ၂ဝ၁ဝ ပြည့်နှစ် မတ်လ တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

http://bit.ly/14MlXGZကမ္ဘောဒီးယား နိုင်ငံသည် ၎င်းတို့၏နိုင်ငံကို ခုခံကာကွယ်နိုင်ရေး အတွက် တော်ဝင် ကမ္ဘောဒီးယား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ကို တိုးမြှင့်ရန် ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့် သည့် စစ်ရေး လေ့ကျင့်မှု တစ်ခုကို ဧပြီ ၂ ရက်တွင် စတင်ခဲ့သည်ဟု သိရသည်။
စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း ကမ္ဘောဒီးယား စစ်သည်

SAMSUNG GALAXY S4 က IPHONE 5 ထက်ဈေးပိုကြီး

Photo: SAMSUNG GALAXY S4 က IPHONE 5 ထက်ဈေးပိုကြီး
***********************************
Samsung Galaxy S4 ကို အော်ဒါကြိုမှာ သူများတွက် ဈေးနှုန်းကို နိုင်ငံ အသီးသီးမှာ ထုတ်ပြန် ကြေညာပြီး ဖြစ်ပါတယ်။
အင်္ဂလန်မှာ ဆိုရင် ဗြိတိန်ပေါင် ၆၃၀ ပေါင် ရှိပါတယ်။ အခြား ဥရောပ နိုင်ငံတွေမှာ ယူရိုငွေ ၆၉၀ ဝန်းကျင် ပေါက်ဈေး ရှိပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်လိုက်ရင် ဒေါ်လာ ၈၈၀ အထက် မှာ ရှိပါတယ်။ ဒါတောင် 16 GB ပါ။ 32 GB, 64 GB မှာ ဒီထက်မက ဈေးပိုများ အုံးမှာ ဖြစ်ပါတယ်။

ဒီတော့ လက်ရှိ iPhone 5 ထက် ဈေးပိုကြီးခြင်း ဖြစ်ပါတယ်။ ဒါဆို Samsung Galaxy S4 16GB ဟာ မြန်မာပြည် ရောက်လာရင် ပေါက်ဈေး ၁၀ သိန်း ဝန်းကျင် နားလောက်ထိ ရောက်သွား ပါတယ်။ Apple က ထုတ်မယ့် မျိုးဆက်သစ် iPhone ကလည်း Samsung Galaxy S4 ထက် ဈေးကြီး အုံးမှာပါ။ ဒီတော့ Samsung S4 ရော iPhone 5s သို့မဟုတ် iPhone 6 ဟာ ၁၀ သိန်းအထက် ပေါက်ဈေးရှိတဲ့ ဖုန်းများ ဖြစ်သွား နိုင်ပါတယ်။

Read Mroe == >  http://www.myawady.com.mm/tech/globaltechnews/item/10615-2013-04-02-11-19-38Samsung Galaxy S4 ကို အော်ဒါကြိုမှာ သူများ တွက် ဈေးနှုန်း ကို နိုင်ငံ အသီးသီးမှာ ထုတ်ပြန် ကြေညာပြီး ဖြစ်ပါတယ်။
အင်္ဂလန်မှာ ဆိုရင် ဗြိတိန်ပေါင် ၆၃၀ ပေါင် ရှိပါတယ်။ အခြား ဥရောပ နိုင်ငံတွေမှာ ယူရိုငွေ ၆၉၀ ဝန်းကျင် ပေါက်ဈေး ရှိပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်လိုက်ရင် ဒေါ်လာ ၈၈၀ အထက် မှာ ရှိပါတယ်။ ဒါတောင် 16 GB ပါ။ 32 GB, 64 GB မှာ ဒီထက်မက ဈေးပိုများ အုံးမှာ ဖြစ်ပါတယ်။

မြစ်ကြီးနား မြို့၌ သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

Photo: မြစ်ကြီးနား မြို့၌ သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

၂ဝ၁၃ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ် အစိုးရ အဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့်

ပြည်နယ် ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ များ၊ ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီများမှ ပူးပေါင်း ပါဝင်မှုဖြင့် ဗဟိုဆုပေး မဏ္ဍပ် တစ်ခု၊ ဝန်ကြီး ဌာနနှင့် ဌာနဆိုင်ရာ များမှ ဖျော်ဖြေရေး မဏ္ဍပ်ခြောက်ခု၊ တိုင်း စစ်ဌာနချုပ် ဗဟိုဆုပေး မဏ္ဍပ် အပါအဝင် စုစုပေါင်း မဏ္ဍပ် ခုနစ်ခုတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး သင်္ကြန်ပွဲတော် မတိုင်မီ ရေကစား မဏ္ဍပ် များကိုလည်း ခမ်းနား ထည်ဝါစွာ ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

http://bit.ly/XFRnLZ
၂ဝ၁၃ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ် အစိုးရ အဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့်
ပြည်နယ် ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ များ၊ ပုဂ္ဂလိက စီးပွားရေး ကုမ္ပဏီများမှ ပူးပေါင်း ပါဝင်မှုဖြင့် ဗဟို ဆုပေး မဏ္ဍပ် တစ်ခု၊ ဝန်ကြီး ဌာနနှင့် ဌာနဆိုင်ရာ များမှ ဖျော်ဖြေရေး မဏ္ဍပ်ခြောက်ခု၊ တိုင်း စစ်ဌာနချုပ် ဗဟိုဆုပေး မဏ္ဍပ် အပါအဝင် စုစုပေါင်း မဏ္ဍပ် ခုနစ်ခုတို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ပြီး သင်္ကြန်ပွဲတော် မတိုင်မီ ရေကစား မဏ္ဍပ် များကိုလည်း ခမ်းနား ထည်ဝါစွာ ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

http://bit.ly/XFRnLZ

ဧပြီလ၁ရက် နေ့တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဟန့်တားရေး အစီအစဉ် တစ်ရပ်အား ထုတ်ပြန်

Photo: ဧပြီလ၁ရက် နေ့တွင် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဟန့်တားရေး အစီအစဉ် တစ်ရပ်အား ထုတ်ပြန်

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလ၁ ရက်နေ့တွင် ဟန့်တားရေး အစီအစဉ် တစ်ရပ်အား ထုတ်ပြန် ခဲ့ပါသည်။

၎င်းအစီအစဉ် အရ မြောက်ကိုရီးယား နိုင်ငံမှ နျူကလီးယား၊ သို့မဟုတ် ဒုံးပျံဖြင့် တိုက်ခိုက် ခြင်းကို ကြိုတင် ထောက်လှမ်း သိရှိနိုင်ခဲ့ပါက လက်ဦးမှု ရယူ တိုက်ခိုက်သွားရန် ခွင့်ပြုထား ကြောင်း ယွန် ဟတ် သတင်း ဌာနက ဧပြီလ၁ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်အား သမ္မတ ပတ်ဂွန်ဟေးထံ နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းစဉ် ကာကွယ်ရေး ဝန်ကြီး ကင်ကွမ်ဂျင်က ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါသည်။

တောင်ကိုရီးယား စစ်ဘက်အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးပျံ ခြိမ်းခြောက်မှု များကို လျင်မြန်စွာချိနဲ့ သွားစေရန် တိုက်ခိုက်နိုင်ရေး ဖွဲ့စည်း သွားမည် ဖြစ်ကြောင်းနှင့် မိမိတို့၏ ကင်းထောက်မှုနှင့် စောင့်ကြည့်မှု စွမ်းရည်မြင့်မား လျက်ရှိကြောင်း ကင်က ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

http://bit.ly/Z3RQJVတောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလ၁ ရက်နေ့တွင် ဟန့်တားရေး အစီအစဉ် တစ်ရပ်အား ထုတ်ပြန် ခဲ့ပါသည်။
၎င်းအစီအစဉ် အရ မြောက်ကိုရီးယား နိုင်ငံမှ နျူကလီးယား၊ သို့မဟုတ် ဒုံးပျံဖြင့် တိုက်ခိုက် ခြင်းကို ကြိုတင် ထောက်လှမ်း သိရှိနိုင်ခဲ့ပါက လက်ဦးမှု ရယူ တိုက်ခိုက်သွားရန် ခွင့်ပြုထား ကြောင်း ယွန် ဟတ် သတင်း ဌာနက ဧပြီလ၁ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ

Tuesday, April 02, 2013

အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ

Photo: အဝေးပြေးကားများရဲ့ ပြည်သူအပေါ်အမြတ်ထုတ်လိုမှုကို ဘယ်သူတွေက ဖြေရှင်းပေးမှာလဲ
Monday, April 1, 2013 

အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများစုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက်လာပါပြီ။

မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကားလိုင်းတွေလည်း ပိတ်တတ်တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

ဒီနှစ်မှာလည်း April လ ၁ ရက်နေ့ပဲ ရှိပါသေးတယ်။ ဧပြီလ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေက မရှိတော့ဘူးလို့ အဝေးပြေး ကားဂိတ်တွေက ပြိုင်တူ တညီတညွှတ်ထဲ ဇာတ်တိုက်ထားသလို ပြောလာကြပါတယ်။

တကယ်လက်မှတ်ကုန်သွားတာမျိုး မဟုတ်ဘဲနဲ့ မှောင်ခိုဈေးကွက်တစ်ခု ဖြစ်လာအောင် အဝေးပြေးလိုင်းကားတွေ ဖန်တီးကြခြင်းသာ ဖြစ်တယ်လို့ အိမ်ပြန်နေကျ ပြည်သူတွေက ပြောပြကြတယ်။

`အဝေးပြေးကားတွေက အဲလိုပဲ ဒီရက်မှာ မေးတဲ့ သူတိုင်းကို လက်မှတ်တွေကုန်ပြီ မရှိတော့ဘူးလို့ ပြောတယ်၊ ပြီးတော့ မဖြစ်မနေ ပြန်ချင်တဲ့ သူတွေကို လက်မှတ်ခတွေ ၅ ဆလောက် တက်ပြီး ရောင်းတယ်၊ အိမ်ပြန်ချင်တော့ ပေးရတာပဲ၊ ကျနော် ဆိုရင် လစာ ၅ ငါးသောင်းကျော်ပဲ ရတယ်၊ မနှစ်ကလည်း အမေနဲ့ တွေ့ချင်လို့ အိမ်ပြန်တာ ကားခနဲ့တင် လစာ ကုန်လို့ အမေ့အတွက် မုန့်တစ်ထုပ်တောင် မ၀ယ်နိုင်ခဲ့ဘူး `လို့ လှိုင်သာယာ စက်မှု ဇုံ ၂ ရှိ စက်ရုံတွင် အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံဝန်ထမ်းလေးတစ်ဦးက ပြောပြခဲ့တယ်။

သူ့လိုပဲ အစိုးရ၀န်ထမ်းတဦးကလည်း ခုလေးတင် မြတ်မန္တလာထွန်း၊ ရွှေမန္တလာထွန်း၊ ရွှေမျှား ၊ အောင်စင်္ကြာ စတဲ့ အဝေးပြေးကားတွေကလည်း ဧပြီလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်ပြီလို့ ပြောပါတယ်။

`ကျမက လွန်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့လောက်ကတည်းက ကားလက်မှတ်မှာတော့ ဧပြီလ ၁ ရက်နေ့မှ စမှာပါလို့ ပြောတယ်၊ ဒီမနက် အစောကြီးကတည်းကပဲ ကားလက်မှတ် ၀ယ်တော့ ကုန်ပြီလို့ ပြောတယ်၊ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကားလက်မှတ်တွေ ကုန်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး သူတို့တွေ ကားလက်မှတ်ခတွေ တက်ချင်လို့ လုပ်နေကြတာ ၊ မနှစ်ကလည်း အဲလိုပဲ ကျမတို့ လက်မှတ်လိုချင်လို့ တစောင်ကို ကျပ် ၄ သောင်း ဈေးနဲ့ ပေးဝယ်ခဲ့ရတယ်`ဟု သူမက ပြောပါတယ်။

ခုလိုပဲ အဝေးပြေးလိုင်းကားတွေက လုပ်နေကြလို့ ပြည်သူတွေက ပြောကြတယ်။ထုံးစံအတိုင်း သင်္ကြန်မတိုင်ခင်မှာကတည်းက အဝေးပြေးကားတွေက ပုံမှန်ယူနေကြ ဈေးနှုန်းတွေထက် ၃ ဆ လောက်ထိ မြှင့်တင်ပြီး ကားလက်မှတ်တွေ ရောင်းချကြပါတယ်။ ပုံမှန် ၁၂၀၀၀ကျပ် တစ်သောင်း နှစ်ထောင်း ကားလက်မှတ်ခ ပေးရတာက ဒီလို သင်္ကြန်မတိုင်ခင်ရက်တွေမှာတော့ ကျပ် သုံးသောင်းကနေ ကျပ် ၅ သောင်းအထိ ဈေးမြှင့်ရောင်းချနေကြတာကိုလည်း နှစ်တိုင်း တွေ့မြင်ခဲ့ရတာပါပဲ။

အိမ်ပြန်ချင်ရှာတဲ့သူတွေ မိဘနဲ့ တွေ့ချင်ရှာတဲ့ သူတွေကတော့ သူတို့ရဲ့ ချွေးနည်းစားနဲ့ ဘယ်လောက်တောင်းတောင်း မျက်စိမှိတ်လို့ ပေးကြရ တာပါပဲ။

မြတ်မန္တလာထွန်းကားဂိတ်ရဲ့ အရောင်းကိုယ်စားလှယ်တဦးဖြစ်တဲ့ မထက်ထက်က `ဟုတ်တယ်၊ ဒီနေ့မနက်မှာပဲ လာဝယ်တဲ့သူများလွန်းလို့ ကုန်သွားပြီ၊ ဧပြီ ၁၂ ရက်နေ့ထိ ကုန်ပြီ၊ မကျေနပ်လို့ တိုင်ချင်လည်း တိုင်ပေါ့ အဲလို ဟိုတိုင်မယ် ဒီတိုင်မယ် ပြောကြတာပဲ ဘာမှလည်း တတ်နိုင်ကြတာ မဟုတ်ဘူး`လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒီလို သင်္ကြန်ရက်မှ အိမ်ပြန်နိုင်သူတွေကို ခုလိုမျိုး အဝေးပြေးကားဂိတ်တွေက ပြည်သူတွေအပေါ် အမြတ်ထုတ်နေတာ နှစ်တိုင်း လိုလိုဖြစ်နေပါပြီ။

အဝေးပြေးကားလိုင်းတွေက ပြည်သူအပေါ် ခုလို အနိုင်ကျင့် အမြတ်ထုတ်လိုမှုတွေကို ပြည်သူတွေက အမြဲသည်းခံခဲ့ကြရတာပဲလား။

ဒီလို ပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို တာဝန်ရှိသူတွေ ဘယ်သူတွေကမှ ဘာမှ လုပ်မပေးနိုင်ခဲ့ကြဘူးလား။

ဒီအဝေးပြေးလိုင်းကားတွေ မှန်မှန်ကန်ကန်ဖြစ်ရေးအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။

လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ရှိသလား။
မထသ မှာ တာဝန်ရှိသလား။ အရင်တုန်းကတော့ ကုန်လမ်းပို့ဆောင်ရေးမှာ တာဝန်ရှိတယ်။

ခုလို လက်မှတ်တွေကို မှောင်ခိုဈေးဖြစ်အောင် ဖန်တီးနေတဲ ကိစ္စတွေကို စီစစ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။

ခုလို ပြည်သူတွေအပေါ် သတ်မှတ်ထားတဲ့ လက်မှတ်ဈေးနှုန်းတွေထက် ပိုရောင်းတဲ့ လိုင်းကားတွေကို ဘယ်လို အရေးယူကြမလဲ။

ဘာပဲဖြစ်ဖြစ် ဒီလို အဝေးပြေးကားတွေ ပြည်သူကို အနိုင်ကျင့်ခွင့်ပေးထားတဲ့ တာဝန်ရှိသူတွေ ဘယ်သူတွေ ဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ကဲ….လက်ရှိတာဝန်ရှိသူတွေ အနေနဲ့ အဝေးပြေးလိုင်းကားတွေရဲ့အမြတ်ထုတ်လိုမှုနဲ့ စိန်ခေါ်ချက်ကို ပြည်သူတွေဘက် ရပ်တည်ဖြေရှင်းမလား၊
အဝေးပြေးလိုင်းကားတွေဘက်ကနေ ရပ်တည်နေမလား
ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)အိမ်နဲ့၊ မိဘနဲ့ အဝေးမှာ နေထိုင်လုပ်ကိုင်နေရတဲ့ သူတွေအများ စုကမျှော်လင့်နေတဲ့ ဧပြီလကို ရောက်လာပါပြီ။
မိဘနဲ့ အိမ်နဲ့ အဝေးမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ သူတွေက သင်္ကြန်ပိတ်ရက် ၁၀ ရက်မှာမိဘ ဆီကို ပြန်ဖို့ အိမ်ပြန်ဖို့ ကြိုးစားကြ ပါတယ်။ သင်္ကြန်ပိတ်ရက်တွေမှာ အဝေးပြေးကား လိုင်းတွေလည်း ပိတ်တတ်တဲ့အတွက် သင်္ကြန်မတိုင်ခင်ရက်တွေမှာ ကားလက်မှတ်ကို အပြေးအလွှားဝယ်ယူကြတာပါ။

ဗိုလ်တထောင်မြှိုနယ်အစ္စလာမ်ဘာသာရေးစာသင်ကျောင်း မီးလောင်မှုမြင်ကွင်း (17 photos)

Photo: ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘလောက်တွင် 

အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် ကလေးငယ် ၇၀ ဦး ၀န်းကျင်ရှိပြီး ၁၃ ဦး သေဆုံးကာ ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘလောက်တွင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် ကလေးငယ် ၇၀ ဦး ၀န်းကျင်ရှိပြီး ၁၃ ဦး သေဆုံးကာ ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုမှာ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ပါဆယ်ထုတ်ပိုးပစ္စည်းများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်

Photo: ပါဆယ်ထုတ်ပိုးပစ္စည်းများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၁ ခုနှစ် ထုတ်ပြန်ချက် အစီရင်ခံစာ အရ မြန်မာနိုင်ငံ တွင် ကမ္ဘာ့ကင်ဆာ ရောဂါ အဖြစ် အများဆုံး နိုင်ငံ ၁၀ နိုင်ငံ ထဲတွင် နံပါတ် ၂ နေရာတွင် ရှိနေပြီး ကင်ဆာ ရောဂါ ဖြစ်စေနိုင်သည့် အကြောင်းရင်း များထဲ၌ ပါဆယ် ထုပ်ပိုးသည့် ကြွပ်ကြွပ်အိတ် အမျိုးမျိုး နှင့် ဖော့ဘူး များကြောင့် လည်း ပါဝင်သည်ဟု သိရသည်။

နိုင်ငံ၏ အမြို့မြို့ အနယ်နယ် များရှိ ဈေးဆိုင်များမှာ မုန့်ဟင်းခါး ၊ ကော်ဖီ ၊ အသုပ်စုံ ၊ အကြော်စုံ စသည့် စားသောက် ဖွယ်ရာများကို အလွယ်တကူ ရရှိသည့် ပလတ်စတစ် ၊ ကြွပ်ကြွပ်အိတ် မျိုးစုံတို့ဖြင့် ထုပ်ပိုး နေကြပြီး အဆိုပါ ပလတ်စတစ်တွင် ပါဝင်သော " ပလတ်စတစ် ဆိုက်ဇာ " ဆိုသည့် ဓာတ် နှင့် " စတိုင်းရင်း " ဟူသော ဓာတုပစ္စည်း များသည် အပူဓာတ် ၊ ဆီပါဝင် သည့် အစားအစာ များနှင့် ထိတွေ့သောအခါ ယင်းဓာတ်များက အစားအသောက် အတွင်း ပျော်ဝင်ပြီး အဆိုပါ အစားအသောက် များကို လူတို့ စားသုံးရာမှာ အန္တရာယ် ဖြစ်စေနိုင်သော ကင်ဆာ ရောဂါများ ဖြစ်ပွား စေခြင်း ဖြစ်ကြောင်း သိရသည်။ နောက်တစ်မျိုး မှာ ကလေးများ နို့တိုက်ကျွေးသည့် ပလတ်စတစ် နို့ဘူးများ နှင့် ပလတ်စတစ် ရေပိုက်များ သည်လည်း " မိုနိုမာ " ဟုခေါ်သည့် အလွန် အဆိပ်ပြင်း သည့် ဓာတု ပစ္စည်းများ ပါဝင်သည်ကို တွေ့ရှိရပြီး ခန္ဓာကိုယ် အတွင်း ဆိုးရွားသည့် ကင်ဆာ ရောဂါကို ဖြစ်ပွား စေနိုင်ကြောင်း သိရသည်။

နောက်တစ်မျိုးမှာ ထမင်းဆိုင် ၊ ဒံပေါက်ဆိုင် နှင့် စားသောက်ဆိုင် များတွင် အသုံးပြုသည့် တစ်ခါသုံး ဖော့ဘူးများ သည်လည်း " စုတိုင်းရင်း " ဓာတ် ပါဝင်သည့် အတွက် ကင်ဆာရောဂါ ဖြစ်ပွားရန် အလွန် ကြောက်စရာ ကောင်းကြောင်း သိရသည်။ သို့ပါ၍ စားသောက် ဖွယ်ရာ များကို ၀ယ်ယူ စားသုံးသည့် အခါ ကြွပ်ကြွပ်အိတ် များ ၊ တစ်ခါသုံး ဖော့ဘူးများ နှင့် ထည့်သွင်း စားသုံးခြင်း သည် ကင်ဆာရောဂါကို ၀ယ်ယူ စားသုံး နေသည် ဖြစ်ကြောင်း ကျန်းမာရေး သုတအဖြစ် ရေးသား တင်ပြအပ် ပါသည်။

( ကိုမေတ္တာ )

http://bit.ly/YrXEKNကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၁ ခုနှစ် ထုတ်ပြန်ချက် အစီရင်ခံစာ အရ မြန်မာနိုင်ငံ တွင် ကမ္ဘာ့ကင်ဆာ ရောဂါ အဖြစ် အများဆုံး နိုင်ငံ ၁၀ နိုင်ငံ ထဲတွင် နံပါတ် ၂ နေရာတွင် ရှိနေပြီး ကင်ဆာ ရော ဂါ ဖြ စ်စေနိုင်သည့် အကြောင်းရင်း များထဲ၌ ပါဆယ် ထုပ်ပိုးသည့် ကြွပ်ကြွပ်အိတ် အမျိုးမျိုး နှင့် ဖော့ဘူး များကြောင့် လည်း ပါဝင်သည်ဟု သိရသည်။

ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌအား စင်ကာပူ သမ္မတနှင့် ဇနီးတို့ တွေ့ဆုံ နှုတ်ဆက်

Photo: ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌအား စင်ကာပူ သမ္မတနှင့် ဇနီးတို့ တွေ့ဆုံ နှုတ်ဆက်

ယနေ့ညနေ ၆ နာရီတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၌ ချစ်ကြည်ရေး ခရီးလည် ပတ်ရန် ရောက်ရှိ နေသည့် စင်ကာပူ သမ္မတ နိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်း နှင့် ဇနီးတို့ သည် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ် ဧည့် ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ စင်ကာပူ နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

http://bit.ly/ZxbLKpယနေ့ညနေ ၆ နာရီတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၌ ချစ်ကြည်ရေး ခရီးလည် ပတ်ရန် ရောက်ရှိ နေသည့် စင်ကာပူ သမ္မတ နိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်း နှင့် ဇနီးတို့ သည် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည် ငြိမ် အေး ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အား နေပြည်တော် ရှိ ရွှေနန်းတော် ဟိုတယ် ဧည့် ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မော့ဖ်ဖက် လေဆိပ်ရှိ နာဆာအေမက်စ် သုတေသန ဌာနမှ

Photo: နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ကို ပထမဆုံး အကြိမ် အဖြစ် ပြည်နယ်ဖြတ်ကျော် ပျံသန်းမည်

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မော့ဖ်ဖက် လေဆိပ်ရှိ နာဆာအေမက်စ် သုတေသန ဌာနမှ

သုတေသန ပညာရှင်များက ထုတ်လုပ်ထားသည့် အလွန် ပေါ့ပါးသော နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် တစ်စင်းသည် အမေရိကန် ပြည်ထောင်စု တစ်ဝန်းသို့ မေလ အစောပိုင်းတွင် ပျံသန်း သွားလာမည် ဖြစ်ကြောင်း မတ် ၂၈ ရက် က ထုတ်ဖော်ကြေညာခဲ့သည်။

ဆွစ်ဇာလန် နိုင်ငံသား လေယာဉ်မှူးများ ဖြစ်သည့် ဘာတရန် ပစ်က်ကာ့ဒ်နှင့် အန်ဒါဘော့စ်ဘာ့ဂ်တို့ နှစ်ဦးသည် အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ဖြင့် မော့ဖ်ဖက် လေဆိပ်မှ နယူးယောက်  မြို့သို့   ပျံသန်းသွားရန် စီစဉ်လျက် ရှိပြီး  ၄င်းလေယာဉ်သည် ပျံသန်းမည့် ခရီးစဉ် အတွင်း ဖီးနစ်၊ ဒယ်လက်စ်၊ ဝါရှင်တန် နှင့် အတ္တလန္တာ သို့မဟုတ် နတ်ရှ်ဗေးလ် မြို့ကြီးများသို့ ဝင်ရောက်မည် ဖြစ်ပြီး နယူးယောက်မြို့သို့ ဇူလိုင်လ အစောပိုင်းတွင် ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်၏ တောင်ပံအား ဘိုးအင်း ၇၄၇ လေယာဉ်၏ တောင်ပံအတိုင်း ပြုလုပ်ထားပြီး နေ့ဘက်တွင် နေရောင်ခြည် စွမ်းအင်ကို အတောင်ပံ တစ်လျှောက် ရှိ ဆိုလာပြား များမှ ရယူကာ ရရှိလာသော စွမ်းအင်အား လီသီယမ်-ပိုလီမန် ဘက်ထရီကို အသုံးပြု၍ သိုလှောင်ပြီး ညဘက်တွင် မောင်းနှင်သွားမည် ဖြစ်သည်။ ၄င်းလေယာဉ်၏ ရှေ့ပိုင်းအား ကာဗွန်-ဖိုင်ဘာ အသုံးပြု၍ တည်ဆောက် ထားခြင်းကြောင့်  ပေါ့ပါးမှု ရှိကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ညဘက် ပျံသန်းမှု ၂၆ နာရီ ကြာပြုလုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ဆွစ်ဇာလန်မှ မော်ရိုကို သို့ စမ်းသပ် ပျံသန်းခဲ့ကြောင်း သိရသည်။ 

http://bit.ly/100aLC9သုတေသန ပညာရှင်များက ထုတ်လုပ်ထားသည့် အလွန် ပေါ့ ပါးေ သာ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် တစ်စင်းသည် အမေရိ ကန် ပြည်ထောင်စု တစ်ဝန်းသို့ မေလ အစောပိုင်းတွင် ပျံသန်း သွားလာမည် ဖြစ်ကြောင်း မတ် ၂၈ ရက် က ထုတ်ဖော်ကြေညာ ခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် စင်ကာပူ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် စင်ကာပူ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

အဆွေတော် သမ္မတနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား မြန်မာပြည်သူများ ကိုယ်စား၊ အစိုးရအဖွဲ့ ကိုယ်စား လှိုက်လှဲစွာ ကြိုဆို၊ စင်ကာပူ နိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် သမိုင်း ကြောင်းအရ ချစ်ကြည် ရင်းနှီးမှု ရှိပြီး နိုင်ငံများဖြစ်၊ ယခု ခရီးစဉ်သည် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုအား ပိုမို တိုးမြှင့်ခိုင်မာစေသော ခရီးစဉ်ဖြစ် …………..(သမ္မတ ဦးသိန်းစိန်)

မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ခွင့်ရသည့် အတွက်များစွာ ဝမ်းမြောက်မိ၊ လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုသည့် အတွက်လည်း ဝမ်းသာဂုဏ်ယူ၊ လက်ရှိမြင်တွေ့ နေရ သည်များ က မြန်မာ နိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများကို ထင်ဟပ်နေ၊ နှစ်နိုင်ငံ အပြန်အလှန် ဖြစ်ပေါ် တိုးတက်မှု များကို အကောင်အထည် ဖော်ဆောင်ကြဉ်း သွားမည် ….......(သမ္မတဒေါက်တာ တိုနီတန် ကင်ယမ်း)

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စင်ကာပူ သမ္မတ နိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်

Read more>> http://bit.ly/X9Lh52အဆွေတော် သမ္မတနှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ အား မြန် မာပြည်သူများ ကိုယ်စား၊ အစိုးရအဖွဲ့ ကိုယ်စား လှိုက်လှဲစွာ ကြိုဆို၊ စင်ကာပူ နိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် သမိုင်း ကြောင်းအရ ချစ်ကြည် ရင်းနှီးမှု ရှိပြီး နိုင်ငံများဖြစ်၊ ယခု ခရီးစဉ်သည် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုအား ပိုမို တိုးမြှင့်ခိုင်မာစေသော ခရီးစဉ်ဖြစ် …………..(သမ္မတ ဦးသိန်းစိန်)

လမ်းဘေး၌ ရပ်ထားသော ကားအား ဆိုင်ကယ်ဖြင့် ၀င်တိုက်၍သေဆုံး

Photo: လမ်းဘေး၌ ရပ်ထားသော ကားအား ဆိုင်ကယ်ဖြင့် ၀င်တိုက်၍သေဆုံး


မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ပန်းဘဲတန်း ရပ်ကွက် ၊ ကမ်းနားလမ်း ၊ အုန်းတော ၃ လမ်းထိပ်တွင် မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ပန်းဘဲတန်း ရပ်ကွက်နေ ဦးခင်မောင်လွင် မောင်းနှင်သော နီဆန်း အမျိုးအစား အဖြူရောင် လ/၉၅၉၃ ကားသည် ကမ်းနားလမ်း ယာဘက် ယာဉ်ကြောမှ မြောက်ဘက်သို့ ခေါင်းပြူပြီး ရပ်လျက် ကားအား ပြုပြင်နေစဉ် ကမ်းနားလမ်း အတိုင်း တောင်မှ မြောက်သို့ ဇေယျာချစ်ဆွေ (၂၆)နှစ် (ဘ) ဦးချစ်ဆွေ ၊ ဘိုကုန်း ရပ်ကွက်နေသူ မောင်းနှင် လာသော Dream အမျိုးအစား အစိမ်းရောင် ၁၃ယ/ ၅၉၂၇၃ ဆိုင်ကယ်မှ ရပ်ပြီး ပြုပြင်နေသည့် ကားအား နောက်ဘက်ခြမ်း သို့ ၀င်ရောက် တိုက်ခိုက်မိ ခဲ့ကြောင်း သိရသည်။ ဆိုင်ကယ် မောင်းနှင်လာသူ ဇေယျာချစ်ဆွေ မှာ အခင်း ဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားသည်။ ဖြစ်စဉ် နှင့် ပတ်သက်၍ မြို့မရဲစခန်း မှ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး သေဆုံးသွားသူ ဇေယျာ ချစ်ဆွေ အပေါ် (ပ) သတင်းချက် အမှတ် ၊ ၂/၂၀၀၃ ပြစ်မှု ပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ပန်းဘဲတန်း ရပ်ကွက် ၊ ကမ်းနားလမ်း ၊ အုန်းတော ၃ လမ်းထိပ်တွင် မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ပန်းဘဲတန်း ရပ်ကွက်နေ ဦးခင်မောင်လွင် မောင်းနှင်သော နီဆန်း အမျိုးအစား အဖြူရောင် လ/၉၅၉၃ ကားသည် ကမ်းနားလမ်း ယာဘက် ယာဉ်ကြောမှ မြောက်ဘက်သို့ ခေါင်းပြူပြီး ရပ်လျက် ကားအား ပြုပြင်နေစဉ် ကမ်းနားလမ်း အတိုင်း တောင် မှ မြောက်

Monday, April 01, 2013

"စင်္ကာပူ သမ္မတ နှင့် ဇနီး နေပြည်တော်သို့ရောက်ရှိ"

PhotoPhotoPhoto
စင်္ကာပူ နိုင်ငံ ၏ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း သည် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မြန်မာနိုင်ငံ(နေပြည်တော် လေဆိပ်)သို့ ၄င်း၏ ဇနီးနှင့် အတူ ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏ မောင်လွင် မှ သွားရောက် ကြိုဆိုခဲ့ကြောင်းသိရသည်။

အသားထဲမှလောက်ထွက်၊ စကောလောက်မှ စောက်မနက်သော ဇာဂနာသို့ အိပ်ဖွင့်ပေးစာ (သို့) ပျက်လုံး


အနုပညာသည်ဆိုတာမိမိတို့တက်မြောက်လာတဲ့ပညာရပ်တွေကို  ရုပ်ရှင်၊ သဘင်၊ ဂီတစသည်ဖြင့် ကျရာ အခန်းကဏ္ဍအသီးသီးမှ အသုံးချပြီး ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်းကို ပျော်ရွှင် ရယ်မော ရလောက်ေ အာ င် ပေးစွမ်းနေကြသူတွေကိုဆိုလိုပါတယ်။ အဲဒီအနုပညာနဲ့ မိသားစုစားဝတ် နေရေးကို တည်ဆောက် ယူနေ ကြတဲ့ ဘ၀သမားတွေဖြစ်ကြပါတယ်။ အဲ့ဒီလိုအနုပညာသည်တွေမှာ လူရွှင်တော်တွေဟာလည်း အရေးပါ အရာရောက်တဲ့အခန်းကဏ္ဍမှာ ပါဝင်ကြပါတယ်။
ခေတ်ကာလပြောင်းလဲမှုနှင့်အတူ လူရွှင်တော်တွေဟာ ခေတ်နဲ့လျော်ညီတဲ့ ပြက်လုံးတွေကို ဦးစားပေးပြီး ပရိသတ်တွေနှစ်သက်လက်ခံလောက်အောင် ရွေးပြီးပြက်ကြရပါတယ်။ ကိုယ်ပြက်လိုက်တဲ့ ပြက်လုံးတွေကို ပရိတ်သတ်ကြိုက်လာတာနဲ့အမျှ ငါပြက်သမျှ အမှန်ချည်းပဲမို့ ပရိတ်သတ်လက်ခံတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ အားနည်းချက်မှန်သမျှကို အထိရောက်အောင်ပြက်လုံးတွေနဲ့ ထောက်ပြရ မယ်ဆို ပြီး သွေး နားထင်ရောက်လာခဲ့တယ်။ ပြက်လုံးဆိုတာ နားထောင်တဲ့ပရိတ်သတ်အားလုံးအတွက် အကျိုးပြုမယ့် မှတ် သားစရာ ဗဟုသုတတွေကို ရယ်စရာနဲ့ရောပြီး ဖျော်ဖြေရတာဖြစ်ပါတယ်။ လူသဘောသဘာဝ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို လူရွှင်တော်တွေရဲ့ အာဝဇ္ဇန်းနဲ့ ပရိတ်သတ်ရယ်မောအောင် ထိုးထွင်းဥာဏ် ထုတ်ထား တဲ့ပြက်လုံးမျိုးတွေမ ထုတ်နိုင်ကြ တော့ဘူး။

မိုဘိုင်းဆင်းကတ် ၁ လ ၃ သိန်းခွဲ ရောင်းပေးမည်

Photo: မိုဘိုင်းဆင်းကတ် ၁ လ ၃ သိန်းခွဲ ရောင်းပေးမည်

ဧပြီ ၁ ရက် ၂၀၁၃

အခု ဧပြီလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို တနိုင်ငံလုံးအတိုင်း အတာနဲ့ ၁ လကို ၃ သိန်းခွဲ ရောင်းချပေးမယ်လို့ ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဒု-၀န်ကြီး ဦးသောင်းတင်က ပြောကြောင်း သမ္မတရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
...
မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချရာမှာ ဂျီအက်စ်အမ် စနစ်အပြင် နဂိုက တပ်ဆင်မှု ရပ်ဆိုင်းထားပြီလို့ ကြေညာထားတဲ့ CDMA 800 မဂ္ဂါဟပ်ဇ် ဖုန်းတွေ ကိုပါ ရောင်းချပေးမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ပြည်သူတွေ ၀ယ်နိုင် တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ် ဆိုပေမယ့် ဈေးနှုန်း သတ်မှတ် .ကြေညာ တာတော့ မရှိသေးပါဘူး။

ဖုန်းရောင်းချမှုတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရပိုင်းကပဲ လုပ်ကိုင် သွားမှာဖြစ်ပြီး ပုဂ္ဂလိကတွေကို ရောင်းခိုင်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

လာမယ့် ၂၀၁၄ နှစ်လယ်အထိ မြန်မာ့ဆက်သွယ်ရေးကပဲ ဆင်းကဒ်တွေကို အရည်အတွက် အကန့်အသတ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီ အချိန် .ရောက်ရင် အခြား ပုဂ္ဂလိကပိုင်းက ၀င်ရောက် လုပ်ကိုင်နိုင်ပြီဖြစ်တဲ့အတွက် ဆင်းကဒ်တွေကို လိုသလောက်ရောင်းချပေးနိုင်မယ် လို့ ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင်က ရှင်းပြပါတယ်။

DVBအခု ဧပြီလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို တနိုင်ငံ လုံးအတိုင်း အတာနဲ့ ၁ လကို ၃ သိန်းခွဲ ရောင်းချပေးမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဒု-၀န်ကြီး ဦးသောင်း တင် က ပြောကြောင်း သမ္မတရုံး ထုတ်ပြန်ချက်အရ သိရပါ တယ်။ မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချရာမှာ ဂျီအက်စ်အမ် စနစ်အပြင် နဂိုက တပ်ဆင်မှု ရပ်ဆိုင်း ထားပြီလို့ ကြေညာ ထား တဲ့ CDMA 800 မဂ္ဂါဟပ်ဇ် ဖုန်းတွေ ကိုပါ ရောင်းချပေးမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ပြည်သူတွေ ၀ယ်နိုင် တဲ့ ဈေးနှုန်း နဲ့ ရောင်းချပေးမယ် ဆိုပေမယ့် ဈေးနှုန်း သတ်မှတ် .ကြေညာ

ဖုန်းအတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ စစ်မယ်

Photo: ဖုန်းအတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ စစ်မယ်
*********************************************
ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။
Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာ သိရှိ နိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ် ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရ တတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Android အစစ်ကို အသုံးပြုထားတဲ့ ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ ဖုန်းတွေက ဘာတွေ ကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ ခွဲခြားလို့ မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားတာ ဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက် ဒီနည်းလမ်းလေးကို ပြောပြ လိုက်ပါတယ်။

Read Mroe == >http://bit.ly/YOT04Xရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာ သိရှိ နိုင်ပါတယ်။ ခက် တာ က Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ် ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ ခက်ပါတယ်။
တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရ တတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

တရုတ်နိုင်ငံတောင်ပိုင်းတွင် အမျိုးသားတစ်ဦးမြေကြီးထဲကျွံကျ…

Photo: တရုတ်နိုင်ငံတောင်ပိုင်းတွင် အမျိုးသားတစ်ဦးမြေကြီးထဲကျွံကျ…
Sunday, March 31, 2013

မတ်လ(၂၇)ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းတွင် မီတာ(၂၀)အနက်
ရှိသည့် မြေကျင်းကြီးတစ်ခုထဲကို လုံခြုံရေးအမျိုးသားတစ်ဦးမတ်တပ်ရပ်
နေစဉ်ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။အသက်(၂၅)နှစ်အရွယ် လုံခြုံ
ရေးအမျိုးသားယန်စီဘင်းသည် ရှန်ဇီးမြို့အိမ်ယာဝင်းတစ်ခုအတွင်းက
လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီးမြေကြီးထဲကျွံကျမှုကြောင့် ဒဏ်ရာအပြင်း
အထန်ရရှိခဲ့ပြီး ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။အနီးပတ်ဝန်းကျင်
နေရပ်ကွက်သူရပ်ကွက်သားများသည် အခင်းဖြစ်ပွားရာနှင့် အနီးရှိဆောက်
လုပ်ရေးလုပ်ငန်းခွင်တရားမ၀င်မြေကြီးတူးဖော်မှုများကြောင့် ယခုလိုဖြစ်ပွား
ရခြင်းဖြစ်ကြောင်း အပြစ်တင်ပြောဆိုလျက်ရှိသည်။လက်ရှိအခြေအနေတွင်
တာဝန်ရှိသူများက မြေကြီးကျွံကျမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို
ရှာဖွေလျှက်ရှိပြီး အခင်းဖြစ်ပွားခဲ့သည့် အဆောက်အအုံကလူများကို
ယာယီတည်းခိုစရာစီစဉ်ပေးထားကြောင်း ရိုက်တာသတင်းဌာနက တင်ပြသွားသည်။

SkyNet TV Browserမတ်လ(၂၇)ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်းတွင် မီတာ(၂၀)အနက်
ရှိသည့် မြေကျင်းကြီးတစ်ခုထဲကို လုံခြုံရေးအမျိုးသား တစ်ဦး မတ်တပ်ရပ် နေစဉ်ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။ အသက် (၂၅)နှစ်အရွယ် လုံခြုံရေးအမျိုးသားယန်စီဘင်းသည် ရှန်ဇီးမြို့ အိမ်ယာ ၀င်း တစ်ခုအတွင်းက လုံခြုံရေးဝန်ထမ်း တစ်ဦးဖြစ်ပြီးမြေကြီး ထဲကျွံကျ မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံတွင် ကွယ်လွန် သွားခဲ့

ဒေါနတောင်နဲ့ တုတ်တပြက်ဓားတပြက်

Photo: ဒေါနတောင်နဲ့ တုတ်တပြက်ဓားတပြက်


 ဒေါနတောင်ကျော်ကားလမ်းတွင် ယမန်နေ့က မြ၀တီမြို့မှ ကော့ကရိတ်မြို့သို့  ရာပေါင်းများစွာသော ကားကြီးကားငယ်များ မောင်းနှင်သွားစဉ် ယာဉ်တိုက်မှုတချို့ဖြစ်ပွားရာ ယာဉ်မောင်းသူများ တုတ်ဆွဲဓားဆွဲကာ အချင်းများခဲ့ကြသည်။

ယမန်နေ့က ဒေါနတောင်ကျော်ကားလမ်း ကော့ကရိတ်အပိုင်းတွင် ပိတ်မိနေသည့်ယာဉ်တို့ကို ဤသို့ တွေ့နိုင်သည် (ဓာတ်ပုံများ-ပြည်တော်မြင့်/ဧရာဝတီ)

မော်တော်ယာဉ်များ ၂ နာရီကျော် ပိတ်မိခဲ့ပြီး ထောင်နှင့်ချီသည့် ခရီးသွားများ ဒုက္ခရောက်ခဲ့ကြရသည်။

ဤသို့သော မြင်ကွင်းမျိုးကို  ဒေါနတောင်ကျော်ကားလမ်းတွင်  နေ့စဉ်နီးပါး တွေ့မြင်ရမည်ဟု ခရီးသွားများကပြောသည်။

အာဏာပိုင်များ ၀င်ရောက်ဖြေရှင်းပေးခြင်းမရှိသေးသည့် ထိုအချင်းများမှု အခြေအနေမှာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာသည်ဟု ပုံမှန်သွားလာနေသည့် ခရီးသည်များကပြောသည်။

ယမန်နေ့ကဖြစ်ပွားခဲ့သော တုတ်ဆွဲဓားဆွဲကာ အချင်းများမှုနှင့် ပတ်သက်ပြီး လူသေဆုံးခြင်း၊ ဒဏ်ရာအကြီးအကျယ်ရခြင်း စသည့် သတင်းများ မကြားရပါ။
ကုန်သည်တဦးက ”ကားသမားတွေ၊ ခရီးသွားတွေ၊ ဘန်ကောက်ပြန် အလုပ်သမားတွေဆီကနေ နည်းမျိုးစုံနဲ့ အာဏာပိုင်တွေက ငွေကြေးတောင်းခံတာတွေရှိတယ်၊  ခရီးသွားတွေ အခက်အခဲဖြစ်တော့ ဘယ်သူမှ ပေါ်မလာဘူး။ ဒီလိုအောက်တန်းကျတဲ့စိတ်ဓာတ်တွေကို ပြင်ဖို့လိုတယ်” ဟု ဆိုသည်။

ခရီးသွားမြန်မာအလုပ်သမား အများစုကလည်း ဒေါနတောင်ကျော်ကားလမ်းပေါ်မှ ဖြစ်ပျက်နေသည့် အနေအထားကို မြန်မာမီဒီယာများတွင် ထည့်သွင်းဖော်ပြသင့်သည်ဟု ဆိုနေကြသည်။

ဒေါနတောင်ကျော်ကားလမ်း မြ၀တီ-ကော့ကရိတ်အပိုင်အတွင်း ထိုင်းဘက်မှ ပြန်လာကြသည့် မြန်မာအလုပ်သမားများကို တဦးလျှင် ကျပ် ၅၀၀ မှ ၁,၀၀၀ အကြား ငွေကြေးကောက်ခံသည့် ဂိတ် ၅ ခုရှိသည်ဟု မျက်မြင်သက်သေ ခရီးသွားတဦးကပြောသည်။

ထိုဂိတ်များကို အာဏာပိုင်အဖွဲ့ များ၊ ငြိမ်းချမ်းရေးအဖွဲ့များက တာဝန်ယူထားသည်။ဒေါနတောင်ကျော်ကားလမ်းတွင် ယမန်နေ့က မြ၀တီမြို့ မှ ကော့ ကရိတ်မြို့ သို့ ရာပေါင်းများစွာသော ကားကြီးကားငယ် များ မောင်းနှင် သွားစဉ် ယာဉ်တိုက်မှုတချို့ဖြစ်ပွားရာ ယာဉ်မောင်းသူများ တုတ်ဆွဲ ဓားဆွဲကာ အချင်းများခဲ့ကြသည်။
မန်နေ့က ဒေါနတောင်ကျော်ကားလမ်း ကော့ကရိတ်အပိုင်းတွင် ပိတ်မိနေသည့်ယာဉ်တို့ကို ဤသို့ တွေ့နိုင်သည် (ဓာတ်ပုံများ -ပြည်တော်မြင့်/ဧရာဝတီ)

My Blog List