Sunday, December 29, 2019

ဂျပန် -မြန်မာစက်မှု့သင်တန်းကျောင်း ပန္နက်တင်ပွဲတက် အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြည်သူများက ကြိုဆိုခဲ့ရာတွင် အစ္စလာမ်ဘာသာဝင်များလည်း ပါဝင်ခဲ့

Image may contain: 1 person, sitting
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း၊လေးထောင့်ကန်လမ်းတွင်တည်ဆောက်မည့် ဂျပန် -မြန်မာစက်မှုသင်တန်းကျောင်း Shin Rai International Vocational Institute ပန္နက်တင်ပွဲအခမ်းအနားကို ယနေ့( ဒီဇင်ဘာ ၂၈ ) နံနက်က ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ကတော်တို့တက်ရောက်ခဲ့ကြသည်။

Myanmar Idol Season(4) Grand Final

Image may contain: 4 people, people smiling, people standing, wedding and indoor
Myanmar Idol Season(4) Grand Final ပွဲ ကို ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက ကျင်းပခဲ့ပြီး အက်စတာ၊ အေးမြဖြူနှင့် Benjamin တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။

သူရဦးရွှေမန်းအနေဖြင့် အောက်ခြေ ပါတီတာဝန်ခံများကို ထိန်းသိမ်းကြပ်မတ်စေလိုကြောင်း လယ်သမားအရေး လှုပ်ရှားသူ ပြော

Image may contain: 4 people, people standingImage may contain: 1 person
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UPB ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေဖြင့် အောက်ခြေ ပါတီတာဝန်ခံများအား စည်းကမ်း ထိန်းသိမ်းကြပ်မတ်စေလိုကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ကိုသန့်စင်ထက်က ပြောသည်။

စစ်တပ်ဦးပိုင်ကုမ္ပဏီနှင့် မိတ်ဘက် ဂျပန် Kirin လုပ်ငန်းက အမေရိကန် New Belgium ဘီယာကို ဝယ်ယူခွင့်ရ၍ နိုင်ငံတကာဝေဖန်မှုများ မြင့်တက်

No photo description available.
မြန်မာ့တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ ဘီယာလုပ်ငန်း လုပ်ကိုင်နေသော ဂျပန် Kirin ဘီယာလုပ်ငန်းက အမေရိကန်အခြေစိုက် New Belgium ဘီယာလုပ်ငန်းကို ဝယ်ယူရန် New Belgium ဘီယာလုပ်ငန်း၏ ရှယ်ယာရှင်များက သဘောတူညီလိုက်ပြီး နိုင်ငံတကာတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

သီပေါမြို့နယ်ကနေ လားရှိုးမြို့နယ်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမှာ သေနတ်ဒဏ်ရာနဲ့ အမျိူးသား(၃)ဦးရဲ့အလောင်းကို တွေ့ရှိ

Image may contain: one or more people, outdoor and natureNo photo description available.
သီပေါမြို့နယ်ကနေ လားရှိုးမြို့နယ်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမကြီးအနီးက ကုံးမုံကျေးရွာအနီးမှာ သေနတ်ဒဏ်ရာရရှိထားတဲ့ အမျိူးသား(၃)ဦးရဲ့အလောင်းကို သည်ကနေ့မနက်မှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၀ ရခိုင်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်ပြီး မတည်ငြိမ်မှု ပိုမိုဆိုးဝါးလာနိုင်ဟု AA နှင့်ရခိုင်အမတ်များ ပြောဆို

Image may contain: one or more people
ရခိုင်တပ်မတော်AA က လာမည့် ၂၀၂၀ ခုနှစ်တွင်လည်း ရခိုင်ဒေသ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပြီး ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်၏ အခြေအနေသည် ပိုမို ဆိုးဝါးလာနိုင်ကြောင်း အမြင်တူစွာဖြင့် သုံးသပ်ပြောဆိုလိုက်ကြသည်။ ရန်ကုန်ခေတ်သစ်က ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်မေးမြန်းထားပါသည်။

AA ပစ်ခတ်သော လက်နက်ကြီးဗုံးသီးပေါက်ကွဲမှုကြောင့် အရပ်သား၆ ဦး ထိခိုက်ဒဏ်ရာရရှိဟု တပ်သတင်းထုတ်ပြန်

Image may contain: 1 person, sitting and outdoorImage may contain: shoes and outdoor
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်းကျေးရွာ၏ အနောက်တောင်ဘက်တွင် ရခိုင်တပ်မတော် AA ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီးကြောင့် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

Tuesday, December 24, 2019

တိုက်ပွဲဖြစ်ပွားနေ၍ ပြန်ဆပ်ရမည့်စိုက်ပျိုးစရိတ်ချေးငွေအား အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ပေးရေးအဆို ရခိုင်ပြည်နယ်လွှတ်တော်တွင်တင်သွင်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားကြောင့် လယ်ယာစိုက်ပျိုးရေးချေးငွေပြန်မဆပ်နိုင်သည့် တောင်သူများရှိနေရာ ထိုသူများအတွက် အစိုးရက ချေးငွေပြန်ဆပ်ရမည့်ကာလအား အချိန် အတိုင်းအတာတစ်ခုအထိနောက်ဆုတ်ပေးရေးအဆိုတစ်ခုကို ရခိုင်အမတ်တစ်ဦးက ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သည်ဟု သိရသည်။

အသက်မပြည့်၍ စစ်မှုထမ်းခြင်းမှ နှုတ်ထွက်ခွင့်ရရှိခဲ့သည့် ကလေးသူငယ်တစ်ဦးလျှင် ၁၀သိန်းကျပ် လူကယ်ပြန်ဝန်ကြီးဌာနထောက်ပံ့မည်

Image may contain: text

တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့အစည်းများမှ အသက်မပြည့်၍ နှုတ်ထွက်ခွင့်ရခဲ့သည့် ကလေးသူငယ်များကို ထောက် ပံ့ကြေး ယခင်ကထက်၂ဆတိုးပြီးပိုပေးရန် လူကယ်ပြန်ဝန်ကြီးဌာနက လျာထားသတ်မှတ်ထားကြောင်းသိရသည်။

နိုင်ငံပေါင်း ၆၀ ကျော်တွင် ကြက်တောင်အားကစားပစ္စည်းများဖြန့်ချိနေသော Victor Sport က သက်ထားသူဇာအား Equipment လေးနှစ်ထောက်ပံ့မည်

Image may contain: 4 people, people smiling, people standing
နိုင်ငံပေါင်း ၆၀ ကျော်တွင် ကြက်တောင်အားကစားပစ္စည်းများဖြန့်ချီနေသည့် Victor Sport က သက်ထားသူဇာကို Equipment လေးနှစ်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၄ ရက်ကကျင်းပသည့် Victor Sport ၏ ပထမဆုံးမြန်မာနိုင်ငံဆိုင်ခွဲဖွင့်လှစ်ပွဲမှ သိရသည်။

အမျိုးသားရေးသမားများဦးဆောင်ပြီး ICJတွင် တရားစွဲခံရမှုကို ကန့်ကွက်ပွဲပြုလုပ်

Image may contain: 1 person, text
အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်ပြီး လူဦးရေ ရာဂဏန်းခန့်ပါဝင်ကာ မြန်မာနိုင်ငံကို တရားခံအဖြစ် လုပ်ဆောင်သော အဖွဲ့အစည်းအမျိုးမျိုးအား ကန့်ကွက်ပွဲကို ယနေ့(ဒီဇင်ဘာလ ၂၄)ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြိုင်ဟေဝန်ပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည်။

ဒေါက်တာအေးဇော်ထွန်းတို့သားအဖသေဆုံးမှုအကြောင်းအရင်း ရဲတပ်ဖွဲ့ စတင်စစ်ဆေး

Image may contain: 1 person, sittingImage may contain: one or more people, crowd and outdoor
အတ္ထရံမြစ်ထဲနစ်မြှပ်နေသည့် ကားထဲမှ ဒေါက်တာအေးဇော်ထွန်းတို့သားအဖရုပ်အလောင်းများကို တွေ့ရှိထားပြီဖြစ်၍ စစ်ဆေးမှုများစတင်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့က Myanmar Harpကိုပြောသည်။

အောင်ရဲထွေးအမှုမှ စွပ်စွဲခံရသူ သုံးဦး အာမခံရ

Image may contain: 3 people, people standing
ဟာသသရုပ်ဆောင် ရဲထွေးအောင်(ခ) အောင်ရဲထွေး သေဆုံးမှုမှ စွပ်စွဲခံရသူ သုံးဦးကို ယနေ့ (ဒီဇင်ဘာ ၂၄ ရက်)တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အာမခံပေးခဲ့ကြောင်း အဆိုပါ တရားရုံးမှသိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့ အင်တာနက် ဖြတ်တောက်မှု ရပ်တန့်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်

Image may contain: 6 people, people smiling, people standing, shoes and outdoor
ရခိုင်ပြည်နယ်က မြို့နယ် ၄ မြို့နယ်မှာ အင်တာနက် ဖြတ်တောက်မှုအပေါ် ချက်ချင်းရပ်တန့်ပေးရေး တောင်းဆိုတဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ 

နိုင်ငံလူဦးရေ သန်း ၆ဝ ဖြစ်ဖို့ ဆယ်စုနှစ်တစ်ခုကြာဦးမည်

Image may contain: 1 person, standing and indoor
၂၀၅၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံလူဦးရေ ၆၅ သန်းအထိ ရှိလာနိုင်ပြီး ၂၀၃၀ မှာ သန်း ၆၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

ပျောက်ဆုံးနေသော ဆရာဝန်သားအဖနှင့် ကားကို အတ္ထရံမြစ်အတွင်း တွေ့ရှိ

Image may contain: one or more people, shoes, crowd, outdoor and water
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သုခဝတီရပ်ကွက်မှာနေထိုင်သော ဒေါက်တာအေးဇော်ထွန်းတို့ သားအဖမှာ ပျောက်ဆုံးသွားပြီး ၁၉ ရက်အကြာတွင် ညောင်ပင်ဆိပ် အတ္ထရံမြစ်အတွင်း ကားရောလူပါ ရှာဖွေတွေ့ရှိခဲ့သည်။

တစညပါတီဦးဆောင်ပြီး ICJတွင် တရားစွဲခံရမှုကို ကန့်ကွက်ပွဲပြုလုပ်


Image may contain: 1 person
တိုင်းရင်းသားစည်လုံးညီညွတ်ရေးပါတီက ဦးဆောင်ပြီး လူဦးရေ ၁၀၀ခန့်ပါဝင်ကာ မြန်မာနိုင်ငံကို တရားခံအဖြစ် လုပ်ဆောင်သော အဖွဲ့အစည်းအမျိုးမျိုးအား ကန့်ကွက်ပွဲကို ယနေ့(ဒီဇင်ဘာလ ၂၄)ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြိုင်ဟေဝန်ပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည်။

ဆီးရီးယားတပ်ဖွဲ့က နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်သွေးကြွများကို မြေပြင်ထိုးစစ်ဆင်


ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားတပ်ဖွဲ့တွေကဆီးရီးယားအနောက်မြောက်ပိုင်းကသူပုန်တွေရဲ့ နောက်ဆုံးနယ်မြေကိုမြေပြင်ထိုးစစ်ဆင်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ သူပုန်တွေကိုဆီးရီးယားတပ်ဖွဲ့တွေကအပြင်းအထန်တိုက်ခိုက်နေတာ (၃)လကျော်ရှိသွားပြီဖြစ်ပြီး၊တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေလည်းထွက်ပြေးနေရပါတယ်။

ထိုင်းနိုင်ငံ အလယ်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ ကျောင်းသားတစ်ဦးသေဆုံး


ထိုင်းနိုင်ငံ နွန်သာဘူရီ ပြည်နယ်က အလယ်တန်းစာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ယောက်က အတန်းဖော်ဖြစ်သူကို မုန့်စျေးတန်းမှာ သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။

ခန္တီပါရမီပေးသည့် ပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိကြောင်းနှင့် ရင့်ကျက်လာသည့် အနေအထားကြောင့် တုန်လှုပ်မှု မရှိကြောင်း ဦးခေမာဝံသ တစ်ဖြစ်လဲ ဇေကမ္ဘာဦးခင်ရွှေ ထည့်သွင်း လျှောက်ထား

Image may contain: 3 people, indoor
ခန္တီပါရမီဆိုသည် မှာလုပ်ယူ၍မရဘဲ သူများပေးမှရကြောင်း နည်းလမ်းပေါင်းစုံဖြင့် ခန္တီပါရမီပေးသည့် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ကြောင်း နှင့် ရင့်ကျက်လာသည့် အနေအထားကြောင့် တုန်လှုပ်မှု မရှိကြောင်း ဦးခေမာဝံသ တစ်ဖြစ်လဲ ဇေကမ္ဘာဦးခင်ရွှေကသာသနာရေးဆိုင်ရာများကို ယနေ့လျှောက်ထားရာတွင် ထည့်သွင်း လျှောက်ထားခဲ့သည်။

ဘင်္ဂါလီ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင့်သင့်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

Image may contain: 1 person
ဘင်္ဂါလီ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေး ယောကျာ်း၊မိန်းမ မရွေးထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်ဖြစ်ဟု ကာချုပ်ပြော

SAeIQ1VWvzk
နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟာ နိုင်ငံတော်အတွင်း မှီတင်းနေနိုင်ကြတဲ့ ယောကျာ်း၊မိန်းမ အသက်အရွယ်မရွေး နိုင်ငံသားတိုင်း မဖြစ်မနေထမ်းဆောင်ရမယ့် သမိုင်းပေးတာဝန်ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ 

ဘင်္ဂါလီဒုက္ခသည်များအတွက် ဥရောပသမဂ္ဂမှ ရန်ပုံငွေ ကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ကူညီ

No photo description available.

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဘင်္ဂါလီဒုက္ခသည်တွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းနီးပါး ထောက်ပံ့ကူညီသွားမယ်လို့ ဥရောပသမဂ္ဂ(အီးယူ)က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဆရာဝန်သားအဖနှစ်ဦး စီးနင်းသွားသည့် ကားဟု ယူဆရသည့် မော်တော်ယဉ် အတ္တရံမြစ်အတွင်း တွေ့ရှိ

Image may contain: outdoor

မော်လမြိုင်က ပျောက်ဆုံးနေတဲ့ ဆရာဝန်သားအဖနှစ်ဦးစီးနင်းသွားတဲ့ ကားလို့ ယူဆရတဲ့ မော်တော်ယာဉ်ကို ညောင်ပင်ဆိပ် အတ္တရံမြစ်အတွင်း ဒီကနေ့ တွေ့ရှိတယ်လို့ ဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဦးဘိုဝင်းက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 1 person, indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ အထက် လွှတ်တော် အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီဥက္ကဋ္ဌ Mr. YAMAGUCHI Natsuo အား ဒီဇင်ဘာ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။

တာဝန်ယူ၊ တာဝန်ခံရုံမျှဖြင့် မလုံလောက်ဘဲ တာဝန်ကျေရန် လိုအပ်ကြောင်း သူရဦးရွှေမန်းပြောကြား

Image may contain: 1 person, text

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ရာတွင် တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်သည်ဆိုရုံမျှဖြင့် မလုံလောက်ဘဲ တာဝန် ကျေပွန်ရန် လိုအပ်ကြောင်း ဖောင်းပြင်မြို့နယ်ရှိ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီဝင်များနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

လပွတ္တာ (ပင်လယ်လေး) တံတား ဖွင့်ပွဲအခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Image may contain: 3 people, people smiling, people standing and outdoorImage may contain: 5 people, people standing
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ လပွတ္တာ (ပင်လယ်လေး)တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့(ဒီဇင်ဘာ  ၂၄ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ငွေကိုင်ဘဝမှ ဝန်ကြီးချုပ်အဖြစ်သို့ တက်လှမ်းလာခဲ့သူ

Image may contain: 1 person, smiling, outdoor and closeup

လွန်ခဲ့တဲ့သီတင်းပတ်က ဘရပ်ဆဲလ်မြို့မှာ ဥရောပကောင်စီက ခေါင်းဆောင်တွေစုပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ရာမှာတော့ လူသစ်တစ်ဦးကို ထင်ထင်ရှားရှားပဲတွေ့မြင်နိုင်ပါတယ်။ သူကတော့အသက် ၃၄ နှစ်အရွယ် ဖင်လန်နိုင်ငံဝန်ကြီးချုပ် ဆန်နာမာရင်ပဲဖြစ်ပါတယ်။ ဆန်နာမာရင်ရဲ့ မျက်နှာမှာတော့ အပြုံးချိုချိုလေးကို အမြဲတမ်းတွေ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံက မြန်မာ့လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်မည် ပြည် ရွှေတောင်ဓာတ်အားပေးစက်ရုံတွင် ကန်ဒေါ်လာ ၃၅ သန်းကျော် ရင်းနှီးမည်ဟုသိရ

Image may contain: 2 people, people standing

တောင်ကိုရီးယားနိုင်ငံက မြန်မာ့လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွင် ဝင်ရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်မည်ဟု နိုင်ငံပိုင်မီဒီယာ၏ သတင်းရေးသားဖော်ပြချက်အရသိရသည်။

တိုင်းပြည်အတွက် လိုအပ်၍အကြံဉာဏ်တောင်းပါက အကြံဉာဏ်ပေးမည်ဟု ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်ပြော

Image may contain: 2 people
မိမိအနေဖြင့် နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်လုပ်ကိုင်မည်မဟုတ်ဘဲ တိုင်းပြည်အကျိုးအတွက် လိုအပ်၍ အကြံဉာဏ်တောင်းခံပါက အကြံဉာဏ်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်ကပြောဆိုလိုက်ကြောင်း သိရသည်။

ကျောက်မဲ၌ ပြည်ခိုင်ဖြိုးပါတီ အမှုဆောင်တစ်ဦး ပစ္စတိုသေနတ်ဖြင့် အချက် ၂၀ ခန့် အပစ်ခံရပြီး သေဆုံး

Image may contain: one or more peopleImage may contain: text

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးစိုင်းဌေးအောင် သည် ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဟွေလုံကျေးရွာတွင် အမည်မသိအမျိုးသား ၂ ဦးက ပစ္စတိုသေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဘင်္ဂါလီဒုက္ခသည်များကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က လက်ခံ ကြရန် ဖိလစ်ပိုင်သမ္မတ တောင်းဆို

Image may contain: 2 people

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ဘင်္ဂါလီဒုက္ခသည်တွေကို ၎င်းတို့နိုင်ငံမှာ နိုင်ငံသားအဖြစ်နေထိုင်ခွင့် ပေးဖို့နဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း အလားတူလုပ်ဆောင်ကြဖို့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထပ်မံတိုက်တွန်းပြောကြားလိုက်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရန်ကုန်မြို ့နေအိမ်သို့ ဂျပန်အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

Image may contain: 1 person, sitting and indoor
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံအထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ Chief Representative ဖြစ်သူ Mr. Yamaguchi Natsuo ဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာအိချီရော့မာရုယာမနှင့် အတူ ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေအိမ် သို့လာရောက်တွေ့ဆုံသည်။

လပွတ္တာ(ပင်လယ်လေး)တံတား ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပုသိမ်မြို့ သို့ ထွက်ခွာ

Image may contain: 7 people, people standing
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ လပွတ္တာ(ပင်လယ်လေး)တံတား ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန်အတွက်နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ ပုသိမ်မြို့ကို ထွက်ခွာသွား တယ်လို့ သိရပါတယ်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းကတည်းက ရောက်ရှိနေတာဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်က သုံးခွမြို့မှာ ပြုလုပ်တဲ့ NLD ပါတီစတင်ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ ဦးလွင် ကွယ်လွန်ခြင်း (၈)နှစ်ပြည့် ဆွမ်း‌ကျွေးအလှူတော်မင်္ဂလာပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

Monday, December 23, 2019

ဗစ်တိုးရီးယားအမှု အမှန်တရားပေါ်ပေါက်ရေးအတွက် ရန်ကုန်တွင် စုရုံးဆန္ဒပြ

Image may contain: 1 person, car and outdoor
ဗစ်တိုရီးယား အမှု အမှန်တရား ပေါ်ပေါက်ရေး အတွက် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ပြည်သူများ ဆန္ဒပြခဲ့ကြသည်။

ရခိုင် မောင်တောမြို့နယ်၌ ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ စိတ်ကြွေ ဆးပြားများနှင့် ငွေသိန်း ၃၀ ကျော်ဖမ်းမိ

ရခိုပြည်နယ်မောင်တောမြို့နယ်၌ ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၉၄၈၈၆၀ ပြားနှင့် ငွေ ၃၉.၆ သိန်းကို ယခုလ ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မတ္တရာ ဘုန်းကြီးကျောင်းမှာ စတုဒိသာအလှူ ပြုလုပ်ခဲ့တဲ့ အေးမြဖြူ

Image may contain: 2 people, people smiling, people standing
Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲမှာ Top 3 အဆင့်ထိ တက်ရောက်လာနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် အေးမြဖြူကတော့ ယနေ့၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ မနက်ပိုင်းမှာ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီးနော်က နေ့လယ်ပိုင်းမှာတော့ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းက မတ္တရာဘုန်းကြီးကျောင်းမှာ စတုဒိသာ အလှူ ပြုလုပ်ခဲ့ပါတယ်။

ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသားအသတ်ခံရမှုမှ ကျုးလွန်သူကို ထောင်ဒဏ်နှစ်(၃၀)ချမှတ်


မန္တလေး အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်မှ ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ဓားထိုးသတ်ခံရမှုမှ ကျူးလွန်းသူအား ဒီဇင်ဘာ ၂၃ ရက်တွင် မန္တလေးခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် အနှစ်(၃၀)ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရှေ့နေများအားလုံး ငွေကြေးနှင့်ပတ်သက်၍ အကျိုးဆောင်ရာတွင် တရားမဝင်ငွေကြေးဖြစ်ကြောင်း သံသယရှိပါက သတင်း‌‌ပေးပို့ရန် ညွှန်ကြားချက်ထုတ် လိုက်နာခြင်းမရှိပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟုဆို

No photo description available.

နိုတြီပဗ္ဗလစ်များ၊ တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေများအနေဖြင့် မိမိအကျိုးဆောင်ပေးသော အမှုသည်၏ ငွေကြေး (သို့မဟုတ်) အစ္စည်းလွှဲပြောင်းမှု၊ လက်ခံမှုတို့ကိုဆောင်ရွက်ရာတွင် တရားမဝင်ငွေကြေးများနှင့် စပ်ဆက်နေကြောင်း သံသယဖြစ်ဖွယ်အကြောင်းရှိပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ထံ သတင်း‌ပေးပို့ရန်နှင့် အကယ်၍ သတင်းပေးပို့ခြင်းမရှိပါက ဆောင်ရွက်ပေးသူကိုလည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဟု ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ကြေညာချက်ထုတ်ပြန်လိုက်သည်။

အနီလည်းမကြိုက်၊အစိမ်းလည်းမကြိုက်သည့် ပြည်သူများအတွက် ပါတီထောင်ရခြင်းဖြစ်ကြောင်း ဒေါက်တာ သက်သက်ခိုင်ပြောဆို

Image may contain: 8 people, people smiling, people standing and outdoor
အနီလည်းမကြိုက်၊အစိမ်းလည်းမကြိုက်သည့် ပြည်သူများအတွက် ပါတီထောင်ရခြင်းဖြစ်ကြောင်း ဒေါက်တာ သက်သက်ခိုင်က ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ နှစ်လတစ်ကြိမ်ကျန်းမာရေးစစ်ဆေးနေ

ကျန်းမာရေးအခြေအနေနှင့်ပတ်သတ်၍ မကြာခဏကောလာဟလ ထွက်ပေါ်တတ်လေ့ရှိသူ ယခင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း)ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့်ယခုအခါပုံမှန်ကျန်းမာရေးစစ်ဆေးမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။

ဖိလစ်ပိုင်မှာ အုန်းသီးဝိုင်သောက်ပြီးနောက် လူ ၁၁ ဦး သေဆုံးကာ ၃၀၀ ကျော် ဆေးရုံရောက်

No photo description available.
ဖိလစ်ပိုင်နိုင်ငံမှာ အုန်းသီးဝိုင်သောက်ပြီးနောက် ခရစ္စမတ်ပါတီ အခမ်းအနားကျင်းပနေသူအချို့ အပါအဝင် လူ ၁၁ ဦး သေဆုံးကာ ၃၀၀ ကျော် ဆေးရုံမှာ ကုသခံနေရကြောင်း ကျန်းမာရေးဌာနနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဦးလွင်ကွယ်လွန်ခြင်း နှစ်ပတ်လည်အလှူကို နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက်

Image may contain: one or more people
သုံးခွမြို့နယ်၊ လောကမာရဇိန်ကျောင်းသစ်တိုက်ကျောင်းတွင်ပြုလုပ်သည့် ဦးလွင်ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်အောက်မေ့ဖွယ်ဆွမ်းကျွေးအလှူသို့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ဖက်ဒရယ်စနစ်ကို ဦးစားပေးဖော်ဆောင်မည်

Image may contain: 1 person, sitting, table and indoor

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ မူဝါဒတစ်ရပ်မှာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်မည်ဟူ၍ ဖြစ်ပြီး ပါတီသည် ဖက်ဒရယ်စနစ်ကို ဦးစားပေး ဖော်ဆောင်မည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

My Blog List