Friday, July 19, 2013

ပန်းသီးနှင့် အသည်းရောင်ဘီပိုး

Friday, July 19, 2013
တစ်နေ့ ပန်းသီး တစ်လုံး စားပါက သက်ရှည် ကျန်းမာပြီး ဆရာဝန်နဲ့ ဝေးဝေး နေခွင့် ရပါ လိမ့်မယ်တဲ့။
တကယ်တော့ လူတွေဟာ မိမိ စားနေကျ အစာအပြင် အသီးအနှံ တစ်မျိုးမျိုးကို နေ့စဉ် စားမယ်ဆိုရင် ကျန်းမာရေး ကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး စသဖြင့် မှန်မှန်စားရင် ကျန်းမာရေးနဲ့ ပြည့်စုံမယ်လို့ ထင်တယ်။

Photo: ပန်းသီးနှင့် အသည်းရောင်ဘီပိုး
Friday, July 19, 2013

တစ်နေ့ ပန်းသီး တစ်လုံး စားပါက သက်ရှည် ကျန်းမာပြီး ဆရာဝန်နဲ့ ဝေးဝေး နေခွင့် ရပါ လိမ့်မယ်တဲ့။ 
တကယ်တော့ လူတွေဟာ မိမိ စားနေကျ အစာအပြင် အသီးအနှံ တစ်မျိုးမျိုးကို နေ့စဉ် စားမယ်ဆိုရင် ကျန်းမာရေး ကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး စသဖြင့် မှန်မှန်စားရင် ကျန်းမာရေးနဲ့ ပြည့်စုံမယ်လို့ ထင်တယ်။

ပန်းသီးမှာ ဗီတာမင်စီ များများ ပါတယ်။ Immune System ခေါ်တဲ့ ကိုယ်ခံ စွမ်းအားကို တက်စေတယ်။ အဆီဓာတ် Cholesterol ကိုလည်း ကျစေတယ်။ ကန်စွန်းဥတို့၊ ငှက်ပျောသီးတို့ စားသလို ကိုက်စားရင် သွားချေး မကပ်ဘဲ ခံတွင်းရှင်းတယ်၊ ဦးနှောက်အား ကောင်းတဲ့အတွက် သူငယ်ပြန်မှု နည်းစေတယ်။ ကယ်လိုရီ နည်းတဲ့ အတွက် ငှက်ပျောသီး စားတာလို ဝတာ အားမပေးဘူး။

ပန်းနာရင်ကျပ် ရောဂါတို့၊ အဆုတ် ရောဂါတို့ နည်းစေတယ်လို့ ပြောကြတယ်။ တစ်ခါက အားကစား သမား တစ်ယောက် ကပြောတယ်။ သူ့မှာ အရင်တုန်းက အသည်းရောင် ဘီပိုး မရှိဘူးတဲ့။ နိုင်ငံခြားကို သွားပြိုင်ဖို့ စခန်းသွင်းပြီး လေ့ကျင့်တဲ့အခါမှသာ အသည်းရောင်ဘီပိုး ပေါ်လာရတယ်လို့ ဆိုတယ်။ အဆောင်အတူ နေသူတွေ အများကြီးရှိပေမယ့် သောက်ရေခွက်လည်း သီးသန့်သုံးတယ်၊ သွားပွတ်တံလည်း သုံးတယ်၊ ဟင်းချိုခွက် နဲ့ဇွန်း သီးသန့်သုံးတယ်။ ဘီးနဲ့ မုတ်ဆိတ်ရိတ် ကိရိယာတွေလည်း သီးသန့်သုံးတယ်။ ဘာကြောင့် ကူးရတာလဲလို့ ဆိုတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် အလွန် ခင်မင်တယ်၊ ပန်းသီး တစ်လုံးရရင် သူတစ်ကိုက်၊ ကိုယ်တစ်ကိုက် စားကြတယ်။

လက်ဖက်သုပ်ကိုလည်း ဇွန်းတစ်ချောင်း၊ နှစ်ချောင်းနဲ့ ဝိုင်းစားကြတယ်၊ ဒါပဲလို့ ဆိုတယ်။ ဘီပိုးဟာ သွေးသွင်းရာ၊ ဆေးထိုးရာ၊ လိင်ဆက်ဆံရာက အဓိကကူးတဲ့ ရောဂါပိုးဖြစ်တယ်။ အတိအကျ ကူးတယ်လို့ ပြောနိုင်တဲ့နည်း ရှိသလို အတိအကျ မပြောနိုင်တဲ့ နည်းတွေနဲ့လည်း ကူးမှာပါပဲ။ ဒီနှစ် ကမ္ဘာ့အသည်းရောင် အထိမ်းအမှတ်နေ့ “World Hepatitis Day” ရဲ့ဆောင်ပုဒ်က “This is hepatitis…It is closer than you think” အသည်းရောဂါပိုးဟာ မင်းထင်တာထက် ပိုကူးလွယ်တယ်၊ လက်တစ်ကမ်းမှာပဲ အသည်းရောင်ပိုးက ရှိနေတယ်။ အသည်းရောင်ပိုးတွေရဲ့ ရောဂါလက္ခဏာတစ်ခုက ရောဂါလက္ခဏာ မပြတာဘဲ။ ဒါကြောင့် သွေးစစ်ကြည့်ရတယ်၊ သွေးစစ်ကြည့်မှ ရှိမှန်းသိမယ်။ မရှိရင် ကာကွယ်ဆေးထိုးမယ်။

သိလည်းသိ၊ စစ်လည်းစစ်၊ ကာကွယ်ဆေး လည်းထိုး လုပ်တာကို လုပ်ရမယ်။ အသည်းရောင် ဘီပိုးကို ရန်ကုန် သံဃာ့ တက္ကသိုလ်က စစ်ဆေးတယ်၊ ကာကွယ် ဆေးထိုး တယ်။ မှော်ဘီ၊ ရွှေပေါက်ကံ၊ ပဲခူးက တောရကျောင်း စာသင်တိုက်တွေမှာ သွေးစစ်၊ ကာကွယ်ဆေးထိုး ပြုလုပ်တယ်။

တရုတ် (တိုင်ပေ) ဆရာတော်တစ်ပါးက မန္တလေးက ကျောင်းတိုက် တွေမှာ အသည်းရောင် ဘီပိုး ကာကွယ် ဆေးလှူတယ်။ မန္တလေးက သံဃာတွေကိုလည်း ထိုးပေးတာ ဖတ်ရတယ်။ မွန်ပြည်နယ်၊ ဇင်းကျိုက်က အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေက အသည်းရောင် ဘီပိုးကို စစ်ကြည့်တယ်၊ ကာကွယ်ဆေး ထိုးကြတယ်၊ ဒါဟာ ကောင်းတဲ့ ခြေလှမ်းတွေပဲ။

မြ၀တီ

လေဖြတ်နိုင်ခြေကို လျှော့ချပေးသော နည်းကိုးနည်း

Friday, July 19, 2013

Photo: လေဖြတ်နိုင်ခြေကို လျှော့ချပေးသော နည်းကိုးနည်း
Friday, July 19, 2013

၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်စားပါ

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့ အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။
မဂ္ဂနီဆီယမ်က သွေးပေါင်ကို ကျဆင်းစေပြီး လေဖြတ်နိုင်ခြေကို လျှော့ချ ပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် ထပ်ဆောင်း အာနိသင် အနေနဲ့ မဂ္ဂနီဆီယမ်ကို လုံလောက်စွာ စားသုံးပါက ခေါင်းတစ်ခြမ်း ကိုက်တာကိုပါ ကာကွယ်နိုင်ပါတယ်။

၂) အိပ်ရေးဝဝ အိပ်စက်ပါ

မအိပ်ခင်မှာ နွားနို့ပူပူ တစ်ခွက်သောက်တာ၊ အခန်းတွင်းမှာ စံပယ်ရနံ့သင်းတဲ့ ဖယောင်းတိုင် ထွန်းညှိ ထားတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေပါတယ်။ အိပ်နေပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာက လေဖြတ် နိုင်ခြေ များစေပါတယ်။ အမျိုးသားတွေ အနေနဲ့ မအိပ်ခင်မှာ စံပယ်ပန်းရနံ့ကို ရှူရှိုက်ရတာက မြန်မြန် အိပ်ပျော်စေပါတယ်။

၃) သွားတိုက်တံကို ပိုးသန့်စင်ပါ

သွားတိုက်တံ ကြားထဲမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေက နှလုံး သွေးကြောကို ထူစေပါတယ်။ ဒါဟာ လေဖြတ်တာကို ဖြစ်စေနိုင်တယ်လို့ ကိုလံဘီယာ တက္ကသိုလ်မှ ပညာရှင်တွေက ဆိုပါတယ်။ သွားတိုက်ပြီးတဲ့အခါ သွားတိုက်တံကို ဆေးကြောပြီးနောက် ပိုးသတ်အာနိသင်ရှိတဲ့ ခံတွင်း သန့်စင်ဆေးရည် ထဲကို နှစ်ထားပေးပါ။

၎) နားကြပ်ဖြင့် ဖုန်းပြောပါ

သင်ဖုန်းပြောဖို့ လက်မအားတာကြောင့် ပခုံးနဲ့ညှပ်ပြီး ဖုန်းပြောတာက ကျောရိုး အာရုံကြော မကြီးကို ဖိအား သက်ရောက် စေတာကြောင့် လေဖြတ်နိုင်ခြေ ဖြစ်စေတယ်လို့ ဦးနှောက်နဲ့ အာရုံကြော ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိ ပါတယ်။

၅) နေ့စဉ် နို့သောက်ပါ

အဆီ ထုတ်ထားတဲ့ နို့ကို တစ်နေ့ နှစ်ခွက်-သုံးခွက် နေ့စဉ် သောက်ပေးတာက လေဖြတ်နိုင်ခြေကို လျှော့ချ ပေးနိုင်တယ်လို့ အင်္ဂလန်မှ ပညာရှင်တွေက ပြောပါတယ်။ သင်က အစားလျှော့စားနေဖြစ်ပါက အဆီထုတ်ထားတဲ့ နို့သောက် တာက ကယ်လိုရီကို လျှော့ချရာလည်း ရောက်ပါတယ်။ နို့သောက် တာက လေဖြတ်နိုင်ခြေကို လျှော့ချနိုင်တဲ့အပြင် ကြွက်သား တည်ဆောက်မှု ကိုလည်း အားပေးပါတယ်။

၆) ဆယ်လ်မွန်ငါး ပိုစားပါ

အဆီများတဲ့ ဆယ်လ်မွန်ငါးကို တစ်ပတ်မှာ သုံးကြိမ်ထက် ပိုစားပေးတာက လေဖြတ်တာကို ဦးတည်စေတဲ့ ဦးနှောက်ရဲ့ ထိခိုက်မှုကို လျော့နည်း စေတယ်လို့ အမေရိကန်မှ သုတေသီတွေက ပြောပါတယ်။ ဆယ်လ်မွန် ငါးမှာ ဦးနှောက် အာရုံကြောတွေကို ကောင်းမွန်စေတဲ့ အိုမီဂါ-၃ အဆီ ပါဝင်တာကြောင့်ပါ။

၇) ဒေါသကို ထိန်းချုပ်ပါ

မကြာခဏ ဒေါသဖြစ်တာက လေဖြတ်နိုင်ခြေကို နှစ်ဆတိုးစေပါတယ်။ သင်က သင့်ဒေါသကို မထိန်းချုပ် နိုင်ပါက DHA ကို ဖြည့်စွက် သောက်သုံးပါ။

၈) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ဖြတ် လိုက်တာတောင် နောင် ၁၅ နှစ်အတွင်းမှာ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။ ဆေးလိပ်ဖြတ်လိုက်တာကြောင့် ပထမဆုံး ရနိုင်တဲ့ အကျိုးကျေးဇူးကတော့ ဆေးလိပ်ဖြတ်ပြီး ရှစ်နာရီ အတွင်းမှာ ခန္ဓာကိုယ်တွင်းမှာ ကာဗွန်မိုနောက်ဆိုက်တွေ လျော့နည်းသွားပြီး သွေးတွင်းမှာ အောက်ဆီဂျင် ပမာဏ မြင့်တက် လာစေပါတယ်။ ဆေးလိပ် ဖြတ်ပြီး နှစ်ရက်အတွင်း နှလုံး တိုက်ခိုက် ခံရနိုင်ခြေကို လျှော့ချနိုင်ပြီး သုံးရက်အတွင်းမှာ စွမ်းအင် ပြည့်ဝလာကာ အသက်ရှူရတာလည်း ပိုမို လွယ်ကူလာပါတယ်။

၉) မျက်လုံးကို ပုံမှန် စစ်ဆေးမှု ပြုလုပ်ပါ

မျက်လုံးဆိုတာ ခန္ဓာကိုယ်ရဲ့ကျန်းမာရေး အခြေအနေကို ဖော်ပြနိုင်တဲ့ ပြတင်းပေါက်တွေပါ။ အမြင်အာရုံနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး မရှိခဲ့ရင် တောင် ပုံမှန် စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ မျက်လုံးရဲ့ မြင်လွှာ သွေးကြော အတွင်း ပြုတ်ထွက်လာတဲ့ သွေးခဲစ တစ်ခုခုကို တွေ့မိပါက လေဖြတ်နိုင်ခြေ အတွက် အရေးကြီးတဲ့ သတိပေးလက္ခဏာအဖြစ် သိရှိနိုင်တာကြောင့်ပါ။

Ref: medic-facts

Good Health 
၁) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်စားပါ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ဒါမှမဟုတ် ကောက်နှံ တစ်ခုလုံး၊ ဖရုံစေ့၊ ကော်ဖီနဲ့ အစေ့ အဆန်တွေမှာ မဂ္ဂနီဆီယမ်တွေ များစွာ ပါဝင်ပါတယ်။
မဂ္ဂနီဆီယမ်က သွေးပေါင်ကို ကျဆင်းစေပြီး လေဖြတ်နိုင်ခြေကို လျှော့ချ ပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် ထပ်ဆောင်း အာနိသင် အနေနဲ့ မဂ္ဂနီဆီယမ်ကို လုံလောက်စွာ စားသုံးပါက ခေါင်းတစ်ခြမ်း ကိုက်တာကိုပါ ကာကွယ်နိုင်ပါတယ်။

Google ရဲ့ ထပ်မံထွက်ရှိလာဖို့ရှိတဲ့ Nexus generation အသစ်

Friday, July 19, 2013

Photo: Google ရဲ့ ထပ်မံထွက်ရှိလာဖို့ရှိတဲ့ Nexus generation အသစ်
Friday, July 19, 2013

Nexus 5 စမတ်ဖုန်းဖြစ်တဲ့ Andorid v 5.0 Key Lime Pie ဆိုတဲ့ သတင်း
ထွက်ရှိပြီး ယခုအခါမှာတော့ ထပ်မံထွက်ရှိလာတဲ့ သတင်းကတော့
Google ရဲ့  Nexus generation အသစ်ပါ။

ယခင်ထွက်ရှိပြီး Asus Google Nexus 7 ရဲ့ အသစ်ထပ်မံထွက်ရှိလာမယ့်
Next-gen လို့ဆိုရမှာပါ။လာမယ့် တစ်ပတ်ထဲမှာ မိတ်ဆက်ပြသ သွားမယ်လို့
တော့သိရပါတယ်။New Google Nexus 7 tablet ဆိုပြီးကြေငြာထားပါတယ်။

ယခင်ထွက်ရှိပြီးဖြစ်တဲ့ Nexus 7 မှာ 1280x 800p resolution နဲ့သာထွက်ရှိ
ခဲ့ပေမယ့် ယခု Nexus 7 tablet မှာတော့ 1980 x 1200 p အထိတိုးမြင့်
အသုံးပြုပေးထား ပါတယ်။မျက်နှာပြင် အရွယ်စားကတော့ ယခင်ပုံစံအတိုင်း
၇ လက်မနဲ့သာပြုလုပ်ပေးထား မယ်လို့ဆိုပါတယ်။

ယခင် CPU တုန်းက Quad-core 1.2 GHz Cortex-A9 ကိုအသုံးပြုပေးထား
ပြီး ယခု Nexus 7 tablet မှာတော့ Qualcomm Snapdragon 600 CPU
ကိုအသုံးပြုထား ပါတယ်။Processoer Nvidia Tegra 3 quad-core ကိုအသုံး
ပြုထားပြီး ရှေ့ကင်မရာ 1.2 megapixel နှင့် နောက်ကင်မရာ 5 megapixel
ကိုအသုံးပြုထားပါတယ်။

ကြားသိရတဲ့ သတင်းများအရ Andorid Version 4.3 လို့ဆိုပြီး ယခင်
Nexus 7 နဲ့သိပ်မကွာသည့်ဈေးနှုန်း ဒေါ်လာ 200 ဝန်းကျင်နဲ့ဖြန့်ချိမယ်
လို့ဆိုထားပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)
TechSpace Journal
Nexus 5 စမတ်ဖုန်းဖြစ်တဲ့ Andorid v 5.0 Key Lime Pie ဆိုတဲ့ သတင်း ထွက်ရှိပြီး ယခုအခါမှာတော့ ထပ်မံထွက်ရှိလာတဲ့ သတင်းကတော့ Google ရဲ့  Nexus generation အသစ်ပါ။ ယခင်ထွက်ရှိပြီး Asus Google Nexus 7 ရဲ့ အသစ်ထပ်မံထွက်ရှိလာမယ့် Next-gen လို့ဆိုရမှာပါ။လာမယ့် တစ်ပတ်ထဲမှာ မိတ်ဆက်ပြသ သွားမယ်လို့ တော့သိရပါတယ်။New Google Nexus 7 tablet ဆိုပြီးကြေငြာထားပါတယ်။
ယခင်ထွက်ရှိပြီးဖြစ်တဲ့ Nexus 7 မှာ 1280x 800p resolution နဲ့သာထွက်ရှိ ခဲ့ပေမယ့် ယခု Nexus 7 tablet မှာတော့ 1980 x 1200 p အထိတိုးမြင့် အသုံးပြုပေးထား ပါတယ်။

နစ်နာကြေးနှင့် လယ်ပြန်ရရန် လယ်သမား ၁၀၀ ဆန္ဒထုတ်ဖော်

Friday, July 19, 2013
ရွှေတောင်မြို့ ချည်မျှင်နှင့်အထည် စက်ရုံက သိမ်းဆည်းထားခဲ့သော မြေများအတွက် လျော်ကြေးနှင့် လက်ရှိ လစ်လပ်နေသော လယ်မြေများကို ပြန်လည် ရရှိလိုသော လယ်သမား ၁၀၀ ဝန်းကျင်ခန့်က ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက အဆိုပါစက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော လယ်သမားများထံမှ သိရှိရသည်။
၁၉၇၄ ခုနှစ်က သိမ်းဆည်းခဲ့သော လယ်ယာမြေ ၇၀၁ ဒသမ၂၇ ဧက အနက် စီမံကိန်းအပြီး ပိုလျှံနေသည့် ဧက ၃၀၀ ကျော်ကို မူလပိုင်ရှင် လယ်သမားကို ပြန်လည်ပေးစေလိုပြီး စီမံကိန်းတွင်းပါ ခဲ့သော သိမ်းဆည်းခံရသော လယ်မြေများ၏ လျော်ကြေးကို ပြန်လည်ရရှိလို၍ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဆောင်သူ လယ်သမား ဦးဝင်းနိုင်က ပြောကြားသည်။

ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံ

Friday, July 19, 2013
မြန်မာနိုင်ငံ ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဒေသများသို့ လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားများထံက ဇုန်ဝင်ကြေးများ ကောက်ခံမှုကို မြန်မာကျပ်ငွေဖြင့် ပြင်ဆင် ကောက် ခံမည် ဖြစ်ပြီး ယင်းသို့ ပြင်ဆင် ကောက်ခံသည့် ဇုန်ဝင်ကြေး ကောက်ခံ မှုကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က တာဝန်ယူရဖွယ် ရှိကြောင်း သိရသည်။
လတ်တလောတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအတွက် ဇုန်ဝင်ကြေး ကောက်ခံ မှုကို အမေရိကန် ဒေါ်လာဖြင့်ပင် ကောက်ခံသွားမည် ဖြစ်ပြီး ပုဂံဇုန်ဝင်ကြေး ကောက် ခံမှု အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ကို တာဝန်ပေးသွားရန် ရှိနေပြီး ကျန်ဇုန်များကိုလည်း ယင်းအဖွဲ့ချုပ်ကိုပင် တာဝန်ပေးသွားဖွယ် ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။
လက်ရှိတွင် ဇုန်ဝင်ကြေး ကောက်ခံမှုများကို ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူ ထားဦးမည် ဖြစ်ကြောင်း သိရသည်။

မိုးနည်း၍ မြို့နယ်အချို့ စပါးစိုက်ချိန်နောက်ကျ

Friday, July 19, 2013
မြန်မာနိုင်ငံ၏ ဆန်စပါးအဓိက စိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြို့နယ်အချို့တွင် မိုးရွာ သွန်းမှုအားနည်း၍ မိုးရေနည်းပါးပြီး လယ်ကွက်များအတွင်း ရေမရှိသည့် အတွက် စပါးစိုက်ပျိုးချိန် နောက် ကျနေကြောင်း တောင်သူများထံမှ သိရသည်။
မိုးရွာသွန်းမှုမှာ တစ်မြို့နယ်နှင့် တစ်မြို့နယ်မတူညီဘဲ မိုးရွာသွန်းမှုအား ကောင်းသည့်ဒေသတွင် စပါး စိုက်ပြီးဖြစ်ကာ ငွေကြေးတတ်နိုင်ပြီး မြစ်ရေနှင့်နီးသည့် တောင်သူများကစက်များဖြင့် ရေတင်စိုက်ပျိုး နိုင်သော် လည်းအချို့နေရာများတွင် ရေတင်စရာနေရာမရှိ၍ စပါးမစိုက်ရသေးကြောင်း တောင်သူများက ပြောဆို သည်။

အသည်းရောင် အသားဝါပညာပေးဟောပြောပွဲ လာရောက်သူများ တီဗွီ၊ ရေခဲသေတ္တာများ ကံစမ်းမဲဖေါက်ပေးမည်

Friday, July 19, 2013
မန္တလေးမြို့တွင် အသဲရောင်ရောဂါနေ့အတွက် ဟောပြောပွဲကျင်းပမည်ဖြစ်ပြီး လူထုတက်ရောက်ရန် တီဗွီ၊ ရေခဲသေတ္တာစသော အီလက်ထရောနစ်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်ဖြင့် စည်းရုံးနေရကြောင်း ဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာစွမ်းထက်ကပြောသည်။
“လက်ရှိမှာ မြန်မာနိုင်ငံဟာ အသည်းရောင်အသားဝါ “ဘီ” ဖြစ်ပွားမှု အမြင့်ဆုံးသောနိုင်ငံထဲက တစ်နိုင်ငံ ပါ။ လူတိုင်းအသည်းနဲ့ သက်ဆိုင်တဲ့ အသိပညာရှိအောင် အသည်းရောဂါမဖြစ်အောင် လိုက်နာနေထိုင်သင့် ပါတယ်” ဟု အသည်းရောဂါပညာဌာနမှ ဆရာဝန်တစ်ဦးကပြောသည်။

ပနားမားတွင် ထိန်းသိမ်းထားသောသင်္ဘောအား ပြန်လွှတ်ပေးရန် မြောက်ကိုရီးယားတောင်းဆို

Friday, July 19, 2013
ပနားမားတွင် ထိန်းသိမ်းခံထားရသော တားမြစ်မူးယစ်ဆေးဝါးများနှင့် လက်နက်များ တင်ဆောင်လာ သည့် သင်္ဘောအား ပြန်လွှတ်ပေးရန် မြောက်ကိုရီးယားဘက်မှ တောင်းဆိုခဲ့ပြီး သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများမှာ ကျူးဘားနိုင်ငံနှင့် တရားဝင်သဘောတူညီချက် စာချုပ်,ချုပ်ပြီး တင်ဆောင် လာ ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA မှ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ သည်ဟု ဇူလိုင် ၁၈ ရက်က ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံပိုင် ချွမ်ချောင်ဂန်အမည်ရှိ သင်္ဘောမှာ ပနားမားတူးမြောင်းအား ဖြတ်သန်းစဉ် ပနား မားတာဝန်ရှိသူများမှ ဖမ်းဆီးခဲ့ကြောင်းနှင့် ယင်းမှာ သဘာဝမကျသော အခြေအနေတစ် ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့ပြီး သင်္ဘောကက်ပတိန်နှင့် သင်္ဘောသားများအား တိုက်ခိုက် များ ပြုလုပ်ခဲ့သည်ဟု အခိုင်အမာစွပ်စွဲ ပြောကြားခဲ့ကြောင်း သိရှိရသည်။

မန္တလေးတွင် ကြော်ငြာဆိုင်းဘုတ်များအား အရွယ်အစားပြင်ဆောက်ရန် ညွှန်ကြား

Friday, July 19, 2013
မန္တလေးမြို့ လမ်းမကြီးပေါ်ရှိ လမ်းနယ်နိမိတ်ကို ကျူးကျော်ဆောက်လုပ်ထားသော ကြော်ငြာဆိုင်းဘုတ် များကို အရွယ်အစား ပြင်ဆင်ဆောက်လုပ်ရန် ကုမ္ပဏီများထံ ညွှန်ကြားထားပြီး လိုက်နာမှုမရှိပါက အရေး ယူသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိ သူ ဦးဇော်ဝင်းကပြောကြားခဲ့သည်။
“သတ်မှတ်ချက်အရ လမ်းမပေါ်မှာ မောင်တံထုတ်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းဖို့ အသိပေးထားပြီးပါပြီ။ မလိုက်နာတဲ့ ကုမ္ပဏီများကိုဘယ်လို အရေးယူဆောင်ရွယ်မယ်ဆိုတာကို ကော်မတီ အစည်းအဝေးက ဆုံးဖြတ်မှာပါ” ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူဦးဇော်ဝင်းကပြောသည်။

Thursday, July 18, 2013

တယ်လီနောဝန်ထမ်း သြဂုတ်လတွင် စခေါ်မည်

Thursday, July 18, 2013
ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် ရွေးချယ်ခံထားရသည့်ကုမ္ပဏီ တယ်လီနောက သြဂုတ်လတွင် ဝန်ထမ်းစတင်ခေါ်ယူမည် ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် တာဝန်ထမ်းဆောင်ရန် လျာထားခံရသော Mr.Petter Furberg က The Voice သို့ ပြောကြားသည်။
တယ်လီနောက ပြည်တွင်းတွင် ထူထောင်လုပ်ကိုင်မည့် တယ်လီနောမြန်မာ ကုမ္ပဏီတွင် တာဝန် ထမ်းဆောင် မည့် ပြည်တွင်းပြည်ပ ဝန်ထမ်းများကို သြဂုတ်လအတွင်း စတင်ခေါ်ယူသွားမည်ဖြစ်ပြီး လက်ရှိလိုအပ်ချက်ပေါ် မူတည်၍ ခန့်အပ်မည့် ဝန်ထမ်းပမာဏကို သတ်မှတ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ ခန့်အပ်ခံရသော ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရန် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း လေ့ကျင့်သင်ကြားမည်ဟု ၎င်းကဆိုသည်။
အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ ပန်းခွေ၊ ပန်းခြင်းများဖြင့် ဂါရဝပြုခွင့်မပေး
Thursday, July 18, 2013
(၆၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူ များအား ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းနှင့် ကင်မရာ၊ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်များကို အာဇာနည် ဗိမာန်တွင်းသို့ ယူဆောင်ခွင့်ပြုမည်မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ ပစ္စည်းများ ယူဆောင်လာမည်ဆိုပါက အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း ဖော်ပြ ထားသည်။ သို့သော် ဘာ့ကြောင့်ယူဆောင်ခွင့်မပြုသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီ ကို ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်း

Thursday, July 18, 2013
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီ ကို ကော်မတီဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ,က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ယင်းကော်မတီတွင် ဥက္ကဌ အဖြစ်( ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက) ၊ဒုတိယ ဥက္ကဌ အဖြစ်( ဒုတိယ ဥက္ကဌ ပြည်သူ့လွှတ်တော် / အမျိုးသားလွှတ်တော်) ဟု ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် အဆိုပါကော်မတီ၏ အတွင်းရေးမှုး နှင့် တွဲဖက်အတွင်းရေးကိုမူဥက္ကဌ မှ ရွေးချယ်တင်မြှောက် မည် ဖြစ်ပြီး ကော်မတီ ၏ ဦးတည်ချက်များ၊တာဝန်များ၊လုပ်ပိုင်ခွင့် များ၊ရပိုင်ခွင့်များ၊လုပ်ထုံးလုပ်နည်း များ၊ကော်မတီသက်တမ်းတို့နှင့် စပ်လျဉ်း၍ မူကြမ်းတို့ကို အများသဘောတူ စုပေါင်းရေးဆွဲ ရ မည်ဖြစ်ကာ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက် ရယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အာဇာနည်နေ့မှာ ရင်သိမ့်သိမ့်တုန်အောင် ၀မ်းနည်းခြင်းအထိမ်းအမှတ် ဥသြဆွဲသံ နားဆင်ချင်သူ

Thursday, July 18, 2013
၁၉၄၇ခုနှစ်၊ဇူလိုင်လ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး အစည်းအဝေး ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင် များ မြန်မာနိုင်ငံရှေ့ဆက်လုပ်ငန်းစဉ် များအတွက် အစည်းအဝေးပွဲ ကျင်းပနေစဉ် နယ်ချဲ့လက်ပါးစေတို့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့ကြရသည်။ ထိုအချိန် မှစပြီး ဇူလိုင်၁၉ရက်နေ့ကို ပြည်သူအပေါင်းက အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ကြပြီး ထိုနေ့ရောက်တိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ် သတိရသောအားဖြင့် အထိမ်းအမှတ်များပြုလုပ်ကာ အာဇာနည်နေ့ အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။ ခေတ်ကာလများ ရွှေ့လျားလာသည့်နောက်ပိုင်း လူငယ်များက အာဇာနည်နေ့ဆိုသည်ကို သမိုင်းထဲတွင်သာ ရှိတော့ပြီး တေးသံရှင် Rဇာနည်နှင့် ရောထွေးစွာ အမှတ်မှားနေကြသည် ကိုလည်း တွေ့ရသည်။ ထိုသို့သော အကြောင်း အရာများကို စေ့ ငုကြည့်ဖို့ရာ တေးသံရှင်Rဇာနည်နှင့် တွေ့ဆုံပြီးRဇာနည်နဲ့ အာဇာနည်နေ့ ခံစားမှု၊ သားလေးဖစ်ဖစ်တုန် အပေါ်မှာ Rဇာနည်၏ အာဇာနည်နေ့လက် ဆင့်ကမ်း အမွေ သဘောထားတွေကို မေးဖြစ်ခဲ့ကြသည်။

ရန်ကုန် - မန္တလေးအမြန်လမ်း ရဲတပ်ဖွဲ့ဝင်များ ရှေးဦးသူနာပြု သင်တန်းပေးမည်

Thursday, July 18, 2013
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ် မတော်တဆမှုများကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများ မဖြစ်စေရန် ယင်းလမ်းမပေါ်ရှိ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို မိုင်တိုင် ၂၀၀ လမ်း အသုံးပြုခ ကောက်ခံရေးစခန်းအနီး ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးချုပ်ရုံးတွင် ဇူလိုင်လ ၂၃ ရက် မှ ၂၇ ရက်နေ့အထိ ရှေးဦးသူနာပြုသင်တန်းပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း သူနာ တင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာ ဒေါ်နီနီမိုးက The Voice သို့ပြောကြားသည်။
“မတော်တဆတစ်ခုခုဖြစ်ရင် ပထမဆုံး တွေ့ရတာက ရဲတပ်ဖွဲ့ဝင်တွေပဲ ဖြစ်တယ်။ ထိခိုက်မိတဲ့ အချိန်နဲ့ ဆေးရုံမရောက်ခင် စပ်ကြားမှာ ရှေးဦးသူနာပြုနည်းနဲ့ ပြုစုပြီး အသက်ကယ်တင်ဖို့အတွက် ဖွင့်တာ ပါ” ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

တရုတ်ကို ဦးတည် ပြုလုပ်သည်ဆိုသော ရုရှား စစ်ရေး လေ့ကျင့်မှု သမ္မတ ပူတင် စစ်ဆေး

Thursday, July 18, 2013
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရည်ရွယ် ပြုလုပ်သည်ဟု စစ်ရေး လေ့လာသုံးသပ်သူများ ခန့်မှန်း ပြောကြား ထားသည့် ရုရှားနိုင်ငံ၏ အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှုအား သမ္မတ ဗလာဒီမာပူတင် စစ်ဆေး ကြည့်ရှုနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ရုရှား အရှေ့ဖျားဒေသတွင် ပြုလုပ်နေသည့် စစ်ရေး လေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်ပေါင်း ၁၆၀,၀၀၀ ကျော် ပါဝင်ပြီး သမ္မတ ပူတင်က စစ်ဆေး ကြည့်ရှုနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

Photo: တရုတ်ကို ဦးတည် ပြုလုပ်သည်ဆိုသော ရုရှား စစ်ရေး လေ့ကျင့်မှု သမ္မတ ပူတင် စစ်ဆေး
Thursday, July 18, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရည်ရွယ် ပြုလုပ်သည်ဟု စစ်ရေး လေ့လာသုံးသပ်သူများ ခန့်မှန်း ပြောကြားထားသည့် ရုရှားနိုင်ငံ၏ အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှုအား သမ္မတ ဗလာဒီမာပူတင် စစ်ဆေး ကြည့်ရှုနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရုရှား အရှေ့ဖျားဒေသတွင် ပြုလုပ်နေသည့် စစ်ရေး လေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်ပေါင်း ၁၆၀,၀၀၀ ကျော် ပါဝင်ပြီး သမ္မတ ပူတင်က စစ်ဆေး ကြည့်ရှုနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် မည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ခြင်းမရှိဘဲ စစ်ရေး လေ့ကျင့်မှု သတင်း အပြည့်အစုံကို တရုတ်နိုင်ငံထံ အသိပေး အကြောင်းကြားထားကြောင်း ရုရှား ဒုတိယ ကာကွယ်ရေး ဝန်ကြီး အန်တိုနော့က ပြောကြားသွားသည်။

သို့သော်လည်း ရုရှား-တရုတ် နယ်စပ်အနီး ပြုလုပ်သော ကြည်းတပ်အင်အား သိန်းနှင့်ချီ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှုကြီးသည် တရုတ်နိုင်ငံကို ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း အချို့သော စစ်ရေး လေ့လာသုံးသူများက သုံးသပ်ထားသည်။

“ကြည်းတပ် စစ်ရေးလေ့ကျင့်မှုတွေက တရုတ်ကို ရည်ရွယ်ပြီး ရေကြောင်းနဲ့ ကျွန်းစု စစ်ရေးလေ့ကျင့်မှု တွေက ဂျပန်ကို ဦးတည်တာပါ” ဟု မော်စကိုမြို့ အခြေစိုက် စစ်ဘက် သုံးသပ်ရေးသမား တစ်ဦးဖြစ်သူ ခရန်ချစ်ခင်က ပြောကြားသွားသည်။

တရုတ်နိုင်ငံ၏ နယ်မြေ တိုးချဲ့ရေး အစီအမံများ တွန့်ဆုတ်စေရန် ရည်ရွယ် ပြီး စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို ရုရှားနိုင်ငံက ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားသည့် ၁၉၉၁ ခုနစ် နောက်ပိုင်းတွင် စစ်အေးကာလ ရန်သူတော် ဟောင်း နှစ်နိုင်ငံကြားတွင် ‘မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံ’ ပေါ်ပေါက်လာပြီး အမေရိကန် ပြည်ထောင်စု၏ သြဇာ လွှမ်းမိုးမှုကို တန်ပြန်ရန် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အနီးကပ် ပူးပေါင်း ဆောင်ရွက်လာခဲ့သည်။

ယင်းကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုများ ပေါ်ပေါက်ခဲ့သော်လည်း တရုတ်နိုင်ငံ ၏ စစ်အင်အား အဆမတန် ကြီးထွားလာခြင်းကို ရုရှားတို့က စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်လျက်ရှိသည်။

နယ်နိမိတ် အရေးနှင့် ပတ်သက်ပြီး ရုရှားနှင့် တရုတ် နှစ်နိုင်ငံကြားတွင် ရာစုနှစ်နှင့်ချီ အငြင်းပွားမှုများ ရှိခဲ့သလို ၁၉၆၀ ပြည့်လွန်နှစ်များတွင် ကွန်မြူနစ် အင်အားကြီး နှစ်နိုင်ငံကြား သဘောတရားရေး ကွဲလွဲမှု များ ပေါ်ပေါက်ခဲ့ပြီး ၁၉၆၉ ခုနစ်တွင် နယ်စပ် တိုက်ပွဲများ ခဏတာ ဖြစ်ပွား ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ ပြုလုပ်နေသော စစ်ရေး လေ့ကျင့်မှုသည် ရုရှား တပ်မတော် ၏ ခေတ်သစ် သမိုင်းတွင် အပြင်းထန်ဆုံးသော စစ်ဘက်ရေးရာ စွမ်းဆောင်ရည် အကဲခတ်မှု လေ့ကျင့်ခန်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာ ရိုစီစကာရာဂေဇတ်တာတွင် ဖော်ပြထားသည်။

The Voice Weekly

အာဇာနည်နေ့ အခမ်းအနား ပြန်လည် ကျင်းပပေးရန် လူမှုအဖွဲ့အစည်း ၅၀ကျော် တောင်းဆို

Thursday, July 18, 2013
တပ်မတော် အစိုးရ လက်ထက်တွင် ပိတ်ပင်ထားသော အာဇာနည်နေ့ အခမ်းအနားကို ယခင် ကျင်းပခဲ့ သည့်အတိုင်း ပြန်လည် ကျင်းပပေးရန် လူမှု အဖွဲ့အစည်း ၅၃ဖွဲ့က ဇူလိုင် ၁၇ ရက်နေ့တွင် တညီတညွတ် တည်း တောင်း ဆိုလိုက်သည်။
(၆၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုပြီး ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညပိုင်းတွင် ကျဆုံး အာဇာနည်တို့၏ မိန့်ခွန်းနှင့် သမိုင်းတို့ကို ထုတ်လွှင့်ပေးပါရန်နှင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇မိနစ်တွင် ဥသြဆွဲသံ ထုတ်လွှင့်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း၊ ယင်းအပြင် အာဇာနည်နေ့ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌများနှင့် ကာကွယ်ရေး ဦးစီးချုပ် တို့ တက်ရောက် ဂါရဝပြုပေးပါရန်တို့ကို တောင်းဆိုထားကြောင်း အထက်ပါ အဖွဲ့အစည်းများ ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ရွှေဘိုတွင် ဆည်ရေလုံလောက်စွာ မရသဖြင့် နွေစပါးထွက်နှုန်း လျော့ကျလာ

Thursday, July 18, 2013
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း ယခုနှစ် နွေစပါး စိုက်ပျိုးရာသီချိန်၌ စိုက်ပျိုး ဆည်ရေ လုံလောက်စွာ မရသဖြင့် နွေစပါးထွက်နှုန်း လျော့ကျကြောင်း မြို့နယ် စိုက်ပျိုးရေးမန်နေဂျာ ဦးဆွေက ပြောသည်။
၎င်းက “မနှစ်က မိုးရွာသွန်းမှု အလွန်နည်းပါးခဲ့တာကြောင့် သဖန်းဆိပ် ဆည်ရေက စိုက်ပျိုးရေအတွက် အလုံအလောက် ဖြန့်ဝေပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ နွေစပါး စိုက်ပျိုးနိုင်မှု နှစ်တိုင်းကထက်စာရင် ထက်ဝက်ခန့် လျော့ကျလာတာကို တွေ့ရပါတယ်” ဟု ပြောသည်။

မျိုးစောင့် ဥပဒေ ပြဌာန်းရေး ထောက်ခံ လက်မှတ် ၂ သန်းကျော်ရရှိ

Thursday, July 18, 2013
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုတာကို ထိန်းချုပ်ဖို့အတွက် မျိုးစောင့် ဥပဒေပြဌာန်းရေးကို ထောက်ခံကြောင်းလက်မှတ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုဆောင်းကောက် ခံနေရာ မှာ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ လက်မှတ်ပေါင်း ၂ သန်းကျော်ရရှိနေပြီလို့ ဦးဆောင် လှုပ်ရှားနေတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
အထက်မြန်မာပြည်အတွက် ဒီကနေ့လာရောက်အပ်နှံတဲ့ လက်မှတ်စုစုပေါင်း ၉ သိန်းကျော်ရှိတယ်လို့ ဆရာတော်က RFA ကို မိန့်ပါတယ်။

ဆော်ဒီက ရိုဟင်ဂျာ များအရေး

Thursday, July 18, 2013
ဘင်္ဂလားဒေ့ရှ် နိုင်ငံကူး လက်မှတ် တရားမဝင် ရယူ ပြီး ဆော်ဒီမှာ နှစ်ပေါင်းများစွာ နေထိုင် နေတဲ့ ရိုဟင်ဂျာ ၅ သိန်း အတွက် ဘင်္ဂလား ဒေ့ရှ် အစိုးရက အထူး သက်သေခံ စာရွက် ထုတ်ပေးဖို့ စဉ်းစား နေကြောင်း သိရပါတယ်။
ဒီလူတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အနေနဲ့ အသိအမှတ် ပြုပြီး ထုတ်ပေးမှာ မဟုတ်ဘဲ မြန်မာ နိုင်ငံသား အဖြစ်သာ အသိအမှတ် ပြုမယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ပ အလုပ်သမား ဝန်ကြီး Khandker Mosharraf Hossain က ဗုဒ္ဓဟူး နေ့က ပြောကြား ပါတယ်။
ဆော်ဒီ အစိုးရနဲ့ ဒီကိစ္စ တိုင်ပင် ဆွေးနွေး နေဆဲ ဖြစ်တယ်၊ ရိုဟင်ဂျာ တွေ ဘယ်လို နိုင်ငံကူး လက်မှတ်နဲ့ ဆော်ဒီ ရောက်လာတယ် ဆိုတာ စိစစ်ရမယ်လို့ ဆော်ဒီ အာရေဗျ နိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး က ဘီဘီစီ ကို ပြောဆို ပါတယ်။

Facebook မှာ ဖွသူကို ဖမ်းမိဖို့ ဒေါ်လာ ၃ သိန်းကျော် သုံးမယ်

Thursday, July 18, 2013

ဇင်ဘာဘွေသမ္မတ မူဂါဘီက သူတို့အစိုးရမကောင်းကြောင်းတွေကို Facebook မှာ ဖွင့်ချခံရတဲ့ အတွက် ဒေါသောင်းကျန်းသူ ထနေပါပြီ။
ဖွင့်ချတာ ဘယ်သူဖြစ်တယ်ဆိုတာ သတင်းပေးနိုင်ရင် ဒေါ်လာ ၃ သိန်းကျော် ဆုချမယ်လို့ အော်ချက် ထုတ်ထားကြောင်း နိုင်ငံတကာသတင်းတွေမှာ ရေးထားပါတယ်။
Google မှာ သူ့နာမည်ရိုက်ထည့်ပြီး ရှာဖွေရေးလုပ်လိုက်ရင် မူဂါဘီကြီးရဲ့ပုံတွေအများအပြား အထက်ပါ အတိုင်း ပေါ်လာပါလိမ့်မယ် ဖွင့်ချသူက Facebook မှာ fan page တခု လုပ်ထားတာ အခုဆိုရင် ပရိသတ် နှစ်သိန်းခွဲရှိနေပြီ၊ ဝင်ကြည့်သူပေါင်း တသန်း ရှိနေပြီလို့ ဆိုပါတယ်။
အဲဒီစာမျက်နှာမှာ အစိုးရဝန်ကြီးတွေ အိတ်ထဲ ဘယ်လိုထည့်ကြတယ်၊ ပုလိပ်တွေ ဘယ်လို ရက်စက်တယ် စသဖြင့် စွပ်စွဲ ရေးသားထားတာပါ။

လွှတ်တော်တွင် တပ်မတော်ကို ပုတ်ခတ် ဝေဖန်ခြင်း မပြုရန် တားမြစ်မည်ဟု သူရဦးရွှေမန်း ပြောကြား

Thursday, July 18, 2013
တပ်မတော်သား၂၅ရာခိုင်နှုန်း ပါဝင် တက်ရောက်လျက်ရှိသော လွှတ်တော် အစည်းအဝေးများတွင် ရင့်သီး ပုတ်ခတ်သည့် စကားလုံးများဖြင့် တပ်မတော် ကို ဝေဖန်ခြင်း မပြုရန် လွှတ်တော် ကိုယ်စားလှယ်များကို တားမြစ်သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တစ်ပတ်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လယ်မြေများနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာ အပိုင်း (၁)၊ အပိုင်း (၂)ကို အတည်ပြုရန် လွှတ်တော် ကိုယ်စားလှယ် အချို့က ဆွေးနွေးစဉ် တပ်မတော်ကို စစ် အစိုးရ၊ စစ် အာဏာရှင်စသည့် အသုံးအနှုန်းများ သုံးနှုန်းခဲ့ပြီး ယင်းအသုံးအနှုန်းများ သည် တစ်ဖက်နှင့်တစ်ဖက် ထိခိုက် နစ်နာမှုများ ရှိလာစေသောကြောင့် တားမြစ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

My Blog List