Thursday, January 23, 2020

ရခိုင်အရေးကိစ္စ၊မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံတည်ထောင်ရေးကိစ္စတို့တွင် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးသွားမည်ဟု ဂျပန်နိုင်ငံ ကြေညာ


Image may contain: 2 people, people standing, text that says 'ရခိုင်အရေးကိစ္စ ကိစ္စတို့တွင် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးသွားမည်ဟု ဂျပန်နိုင်ငံ ကြေညာ'
ရခိုင်အရေးကိစ္စ၊မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံတည်ထောင်ရေးကိစ္စတို့တွင် ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့ပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ကြေညာလိုက်သည်။
ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်သောစုံစမ်းရေးကော်မရှင်အဖွဲ့က အပြီး သတ်အစီရင်ခံစာတင်သွင်းအပြီးနောက်တစ်ရက်၊အိုင်စီဂျေ(အပြည်ပြည်ဆိုင်ရာတရားရုံး) ကြားဖြတ်အမိန့်မချခင် တစ်ရက်အလို ဂျပန်သံရုံးဘက်က ယခုကြေညာချက်ကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအပြင် ဂျပန်နိုင်ငံသည် မြန်မာအစိုးရ၊ တပ်မတော်ကို လူအခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များနှင့် ပတ်သက် ပြီး ပွင့်လင်းမြင်သာ၍ ယုံကြည်စိတ်ချရသော အနေအထားဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ပြီး ၎င်းရလဒ်အတိုင်း သင့်တော်သည့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် အကြိမ်ကြိမ်အားပေး တိုက်တွန်းခဲ့ကြောင်းနှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတင်သွင်း ခြင်းနှင့် မြန်မာအစိုးရ၏ ရပ်တည်ချက်ကိုကြေညာခြင်းသည် မြန်မာနိုင်ငံကိုယ်တိုင်က မိမိတို့ တာဝန်ယူ ဆောင်ရွက်သွားမည့်လမ်းကြောင်းကို ပြသသော အရေးကြီးသည့် လုပ်ဆောင်ချက်ဖြစ်သောကြောင့် ဂျပန်နိုင်ငံအနေဖြင့် အထူး တန်ဖိုးထားကြောင်းလည်း ဂျပန်သံရုံးကထုတ်ပြန်ခဲ့သည်

ယမန်နေ့ကလည်း ဂျပန်က မြန်မာနှင့် စီမံကိန်း ၄ခုအတွက် အမေရိကန်ဒေါ်လာ ၁ဘီလီယံကျော် တန်ဖိုးရှိ ချေးငွေစာချုပ်ကို နေပြည်တော်တွင်လက်မှတ်ရေးထိုးခဲ့သေးကြောင်းလည်းသိရသည်။

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List