Thursday, January 23, 2020

NLD ပါတီမှ တစ်မြို့နယ်လျှင် စည်းရုံးရေးစရိတ် သိန်း ၃၀ စတင်ချပေး

Image may contain: sky, cloud and outdoor
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပထမအကြိမ်စည်းရုံးရေးစရိတ်အဖြစ် တစ်မြို့နယ်လျှင် ငွေကျပ် သိန်း ၃၀ ကို ယခုလမှစတင်ကာ ထုတ်ပေးနေကြောင်း ပါတီပြန်ကြားရေးကော်မတီဝင်အတွင်းရေးမှူး မုံရွာ အောင်ရှင်က People Media သို့ပြောသည်။

စည်းရုံးရေးစရိတ် ကျပ်သိန်း ၃၀ ကို မြို့နယ်အလုပ်အဖွဲ့အတွက် ကျပ်သိန်း ၂၀ နှင့် မြို့နယ်အမျိုးသမီးလုပ်ငန်း ကော်မတီနှင့် မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့အတွက် ငွေကျပ် ၅သိန်းစီ ခွဲဝေသုံးစွဲရမည်ဖြစ်ကြောင်းလည်း ယခု လ ၂၀ ရက် ရက်စွဲနှင့် ထုတ်ပြန်သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ထုတ်ပြန်ချက်တွင် ဖေါ်ပြထား သည်။
“ဟုတ်ပါတယ် ဒီကိစ္စကို တနင်္ဂနွေနေ့က အစည်းအဝေးလုပ်ပြီး ဒေါက်တာမျိုးညွန်(NLDပြောရေးဆိုခွင့်ရှိသူ) လည်း အတည်ပြုပြီးပြီ”ဟု NLD ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။
NLD မြို့နယ်အလုပ်မှုဆောင်အဖွဲ့များအနေနဲ့ ယခုထုတ်ပေးသည့် ပထမအကြိမ်စည်းရုံးရေးစရိတ် အစီရင်ခံစာ ကို သက်ဆိုင်ရာတိုင်းဒေသကြီးစာရင်းစစ်အဖွဲ့၏ သဘောထားမှတ်ချက်နှင့်အတူ ဧပြီလ ၃၀ ရက် နောက်ဆုံး ထား၍ ဗဟိုအလုပ်မှုဆောင်အဖွဲ့သို့ တင်ပြရမည်ဖြစ်ကာ အချိန်မီပေးပို့လာသည့် မြို့နယ် အလုပ်အမှုဆောင် များအတွက် ဒုတိယအကြိမ်စည်းရုံးရေးစရိတ်ထုတ်ပေးရာတွင် ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
NLDပါတီ ဗဟိုအလုပ်မှုဆောင်၏ ယခုလ ၂၀ ရက် ထုတ်ပြန်ချက်ထဲတွင် ယခုထုတ်ပေးငွေသည် မြို့နယ် စည်းရုံးရေးလုပ်ငန်းစဉ်အတွက်သာဖြစ်ပြီး အောင်နိုင်ရေးအတွက် လုံးမဟုတ်ကြောင်းလည်းဖေါ်ပြထားသည်။
Image may contain: one or more people, people on stage, crowd and outdoor
Image may contain: 1 person, sitting and indoor
Image may contain: one or more people, people sitting and indoor
Photo - NLD Central Online Media Team
(Unicode)
NLD ပါတီမှ တစ်မြို့နယ်လျှင် စည်းရုံးရေးစရိတ် သိန်း ၃၀ စတင်ချပေး 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ပထမအကြိမ်စည်းရုံးရေးစရိတ်အဖြစ် တစ်မြို့နယ်လျှင် ငွေကျပ် သိန်း ၃၀ ကို ယခုလမှစတင်ကာ ထုတ်ပေးနေကြောင်း ပါတီပြန်ကြားရေးကော်မတီဝင်အတွင်းရေးမှူး မုံရွာ အောင်ရှင်က People Media သို့ပြောသည်။
စည်းရုံးရေးစရိတ် ကျပ်သိန်း ၃၀ ကို မြို့နယ်အလုပ်အဖွဲ့အတွက် ကျပ်သိန်း ၂၀ နှင့် မြို့နယ်အမျိုးသမီးလုပ်ငန်း ကော်မတီနှင့် မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့အတွက် ငွေကျပ် ၅သိန်းစီ ခွဲဝေသုံးစွဲရမည်ဖြစ်ကြောင်းလည်း ယခု လ ၂၀ ရက် ရက်စွဲနှင့် ထုတ်ပြန်သည့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ထုတ်ပြန်ချက်တွင် ဖေါ်ပြထား သည်။
“ဟုတ်ပါတယ် ဒီကိစ္စကို တနင်္ဂနွေနေ့က အစည်းအဝေးလုပ်ပြီး ဒေါက်တာမျိုးညွန်(NLDပြောရေးဆိုခွင့်ရှိသူ) လည်း အတည်ပြုပြီးပြီ”ဟု NLD ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကပြောသည်။
NLD မြို့နယ်အလုပ်မှုဆောင်အဖွဲ့များအနေနဲ့ ယခုထုတ်ပေးသည့် ပထမအကြိမ်စည်းရုံးရေးစရိတ် အစီရင်ခံစာ ကို သက်ဆိုင်ရာတိုင်းဒေသကြီးစာရင်းစစ်အဖွဲ့၏ သဘောထားမှတ်ချက်နှင့်အတူ ဧပြီလ ၃၀ ရက် နောက်ဆုံး ထား၍ ဗဟိုအလုပ်မှုဆောင်အဖွဲ့သို့ တင်ပြရမည်ဖြစ်ကာ အချိန်မီပေးပို့လာသည့် မြို့နယ် အလုပ်အမှုဆောင် များအတွက် ဒုတိယအကြိမ်စည်းရုံးရေးစရိတ်ထုတ်ပေးရာတွင် ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
NLDပါတီ ဗဟိုအလုပ်မှုဆောင်၏ ယခုလ ၂၀ ရက် ထုတ်ပြန်ချက်ထဲတွင် ယခုထုတ်ပေးငွေသည် မြို့နယ် စည်းရုံးရေးလုပ်ငန်းစဉ်အတွက်သာဖြစ်ပြီး အောင်နိုင်ရေးအတွက် လုံးမဟုတ်ကြောင်းလည်းဖေါ်ပြထားသည်။
Photo - NLD Central Online Media Team
#PeopleMedia

No comments:

Post a Comment

My Blog List