Thursday, January 23, 2020

တရုတ်ကို အားကိုးလွန်းပါက မြန်မာနိုင်ငံကို မုန့်ဖဲ့စားသလို စားသွားမည်ဟု ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောသတိပေး

Image may contain: 5 people
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို အားကိုးလွန်းနေပါက မုန့်ဖဲ့စားသလို စားသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ မြောက်ဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။
ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် ဇန်နဝါရီ ၂၂ ရက်ကျင်းပသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ် ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဦးဦးလှစောက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးရဖို့ တရုတ်ကို ကျွန်တော်တို့ အရမ်းကြီး အားကိုးမရဘူး။ ဘာဖြစ်လို့လည်းဆိုတော့တရုတ်က သူ့အကျိုးစီးပွား သူ ကြည့်မှာပဲ။ အဲဒီတော့ တရုတ်ကို အားကိုးလွန်းရင် မြန်မာနိုင်ငံ အထက်ပိုင်းကြည့်ကုန်ပြီ။ အလယ်ပိုင်းလည်းကုန်ပြီ။ အောက်ပိုင်း လည်း ကုန်မှာပဲ။ တရုတ်က မုန့်ဖဲ့စားသလို အကုန်စားသွားလိမ့်မယ်။ အဓိက ကျွန်တော်တို့ ညီအကိုတွေ အချင်းချင်းပဲ။ ဘာဖြစ် လို့ ညှိနှိုင်းလို့ မရရမှာလဲ” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်မှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလအတွင်း လာရောက်ရာတွင် လက်နက်များ တိုင်ရင်းသား လက်နက် ကိုင်များသို့ ရောင်းချခြင်းမရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံ ၅ နိုင်ငံစာရင်းတွင် ပါဝင်ပြီး ရေနံနှင့် သဘာဝ ဓါတ် ငွေ့ကဏ္ဍ၊ လျှပ်စစ်ထုတ်လုပ်ရေး ကဏ္ဍတို့တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားကြောင်း သိရသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
တရုတ်ကို အားကိုးလွန်းပါက မြန်မာနိုင်ငံကို မုန့်ဖဲ့စားသလို စားသွားမည်ဟု ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောသတိပေး
----- မင်းသီဟန် ( အကုန်သိ သတင်းဌာန ) ------
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို အားကိုးလွန်းနေပါက မုန့်ဖဲ့စားသလို စားသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ မြောက်ဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။
ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် ဇန်နဝါရီ ၂၂ ရက်ကျင်းပသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ် ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဦးဦးလှစောက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးရဖို့ တရုတ်ကို ကျွန်တော်တို့ အရမ်းကြီး အားကိုးမရဘူး။ ဘာဖြစ်လို့လည်းဆိုတော့တရုတ်က သူ့အကျိုးစီးပွား သူ ကြည့်မှာပဲ။ အဲဒီတော့ တရုတ်ကို အားကိုးလွန်းရင် မြန်မာနိုင်ငံ အထက်ပိုင်းကြည့်ကုန်ပြီ။ အလယ်ပိုင်းလည်းကုန်ပြီ။ အောက်ပိုင်း လည်း ကုန်မှာပဲ။ တရုတ်က မုန့်ဖဲ့စားသလို အကုန်စားသွားလိမ့်မယ်။ အဓိက ကျွန်တော်တို့ ညီအကိုတွေ အချင်းချင်းပဲ။ ဘာဖြစ် လို့ ညှိနှိုင်းလို့ မရရမှာလဲ” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်မှ မြန်မာနိုင်ငံသို့ ဇန်နဝါရီလအတွင်း လာရောက်ရာတွင် လက်နက်များ တိုင်ရင်းသား လက်နက် ကိုင်များသို့ ရောင်းချခြင်းမရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံ ၅ နိုင်ငံစာရင်းတွင် ပါဝင်ပြီး ရေနံနှင့် သဘာ၀ ဓါတ် ငွေ့ကဏ္ဍ၊ လျှပ်စစ်ထုတ်လုပ်ရေး ကဏ္ဍတို့တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားကြောင်း သိရသည်။

No comments:

Post a Comment

My Blog List