လောကကြီးမှာ လူတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။
ဆရာဝန်က ဆေးကု၊ အင်ဂျင်နီယာက အဆောက်အအုံဆောက်၊ ဒီလိုမှမဟုတ်ဘဲ အင်ဂျင်နီယာ က ဆေးကုတယ်ဆိုရင်
လူနာ အခြေအနေက မေးစရာမလိုပါဘူး။ ကျော်သူနဲ့သာ ဆက်သွယ်ထားလိုက်ပါ။ ဆရာဝန်က အဆောက်အအုံ
ဆောက်တယ်ဆိုရင်လည်း အဆောက်အအုံအကြောင်း မေးစရာမလိုပါဘူး။ မကြာခင် ပြိုကျပါလိမ့်မယ်။
ဒါကြောင့် လူတိုင်းဟာ သူ့အလုပ် သူလုပ်၊ သူ့နေရာသူနေ၊ ဒါမှ အဆင်ပြေ ပါမယ်။
ဘုန်းကြီး၊ ဘုန်းကြီးအလုပ်မလုပ်ဘဲ လူတွေလုပ်တဲ့
အလုပ်ထဲ ဝင်ရှုပ်လာရင်တော့ ဒါဘုန်းကြီးပါလို့ ဘယ်လိုပြောရပါ့မလဲ။ အခုပဲကြည့်ပါ။ ထစ်ကနဲဘေးပယောဂသမားတွေက
ရှူးတိုက်ပေးတာနဲ့ လောကီ ကိစ္စ နားမလည်ပါးမလည်ဘဲ နိုင်ငံရေးသမားဓားစာခံအဖြစ် အရူးချီးပန်းထလုပ်လာ တယ်။
မြင်မကောင်းရုံ မကဘဲ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုလို့ ရွတ်ဆိုပူဇော်မှုတွေလည်း
နှုတ်ဆိတ်ရတော့မယ့် အနာဂတ်အခြေအနေကို လှမ်းမြင်ရတော့ သာမန်ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့
လုံးဝရင်လေး စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ ကြည်ညိုချင်စိတ် ဆိုတာ သံဃာရဲ့ဥပဓိရုပ်သွင်ပြင်အမူအယာနဲ့
ဆိုင်တယ်လို့ထင်ပါတယ်။ ဝိနည်းတော်တွေနဲ့ညီညွတ်စွာ နေထိုင်အားထုတ်တဲ့ ဆရာတော်ကြီးများရဲ့မျက်နှာဟာ
ဖူးတွေ့ရသူ အပေါင်း အတွက် ကြည်ညိုချင်စိတ်တွေ၊ သဒ္ဒါစိတ်တွေ အလိုအလျောက်ဖြစ်ပေါ်လာစေပါတယ်။
ကြုံဖူးကြမှာပါ။ ပုံမှာပါတဲ့ သံဃာတွေရဲ့သွင်ပြင်နဲ့တော့ ဆီနဲ့ရေပါပဲဗျာ။