Tuesday, January 21, 2020

အမေရိကန်သမ္မတထရမ့်က စွပ်စွဲပြစ်တင်ရေး တရားစွဲဆိုချက်များကို ပယ်ချ

Image may contain: 5 people, people standing and indoorImage may contain: 1 person
အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ဟာ ဒီမိုကရက်ဦးဆောင်တဲ့အောက်လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်ရေးဆိုင်ရာ တရားစွဲဆိုမှုတွေကို အခုလ(၂၀)ရက်က ပယ်ချလိုက်ပါတယ်။ အာဏာအလွဲသုံးစားလုပ် မှု၊ လွှတ်တော်ကို နှောင့်ယှက်မှုတွေနဲ့ သူ့ကိုစွပ်စွဲထားတာတွေဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုမထီမဲ့မြင်လုပ်တာဖြစ်လို့ ဒီစွပ်စွဲချက်တွေကိုပယ်ချရမှာပဲလို့ ထရမ့်က ပြောပါတယ်။
အထက်လွှတ်တော်မှာ တရားစီရင်စစ်ဆေးမှုမစတင်ခင် သမ္မတရဲ့ရှေ့နေဘက်က ကနဦးချေပချက်မှာ လည်း "အထက်လွှတ်တော်အနေနဲ့ ဒီစွပ်စွဲပြစ်တင်မှုမှာအချက်အလက်တွေမပြည့်စုံတဲ့အတွက် အမြန်ဆုံးပယ်ချပြီး၊ သမ္မတကို တရားသေလွှတ်ပေးသင့်တယ်" လို့ ပြောထားပါတယ်။
ထရမ့်ဟာ သူ့ရဲ့ဒီမိုကရက်နိုင်ငံရေးပြိုင်ဘက်ဂျိုးဘိုင်ဒန်ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းအစိုးရကို တိုက်တွန်းခဲ့တဲ့ အတွက် အာဏာအလွဲသုံစားလုပ်ခဲ့မှုနဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ်လွှတ်တော်က စစ်ဆေးမေးမြန်း မှုကိုလည်းနှောင့်ယှက်ခဲ့မှုတွေနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ အမေရိကန် သမ္မတ(၄၅)ဦးထဲမှာ ထရမ့်ဟာ စွဲချက်တင်စစ်ဆေးမှုကြောင့် ရာထူးကနေဖယ်ရှားခံရနိုင်ခြေရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့(၄)ဦးမြောက် သမ္မတဖြစ်ပါတယ်။
No photo description available.

ဘာသာပြန် - စုစံစိုး
Source_ Reuters

No comments:

Post a Comment

My Blog List