ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်းရှိ fine ply myanmar သစ်ပါးလွှာစက်ရုံရှိ အလုပ်သမားများသည် တောင်းဆိုချက်များရရှိသည့်အတွက် သပိတ်စခန်းပိတ်သိမ်းပေးမည်ဖြစ်ကြောင်း သပိတ်မှောက် အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ မအေးအေးမူကပြောသည်။
"ကျွန်မတို့ဒီကနေ့ညိုှနှိုင်းမှုမှာ တောင်းဆိုချက် အားလုံးရပါတယ်။ ဒါကြောင့်ဒီညနေမှာပဲ ကျွန်မတို့သပိတ်စခန်းကိုပိတ်သိမ်းပေးမှာပါ။မနက်ဖြန်လုပ်ငန်းခွင်ထဲစဝင်မှာပါ"ဟု ၎င်းက ပြောသည်။
FinePly myanmar စက်ရုံ ရှိအလုပ်သမားများသည်ပြီးခဲ့သည့် ဇန်နဝါရီ်လ ၁၆ရက်မှစတင်၍ စက်ရုံရှေ့တွင် အလုပ်သမားဥပဒေပါအခွင့်အရေးများဆုံးရှုးံသည့်အတွက်တောင်းဆိုချက်၈ချက်ဖြင့်စက်ရုံပိုင်ရှင်အားသပိတ်မှောက်တောင်းဆိုနေကြခြင်းဖြစ်သည်။
"ဒီကနေ့ဆွေးနွေးမှုကအောင်မြင်သွားပါပြီ လုပ်ငန်းရှင်ကလည်းသဘောတူပါပြီ"ဟုသပိတ်မှောက်အလုပ်သမားတစ်ဦးကပြောသည်။
ယင်းစက်ရုံရှိ သပိတ်မှောက် အလုပ်သမားများသည်ဇန်နဝါရီလ ၁၆ရက်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင်မြို့နယ်အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဖြန်ဖြေရေးမှတာဝန်ရှိသူများ အလုပ်ရှင်ကိုယ်စားလှယ်များနှင့်ပထမအကြိမ်ဆွေးနွေးခဲ့ကြပြီး ယနေ့တွင်တတိယအကြိမ်ဆွေးနွေးခဲ့ပြီးနောက်သဘောတူချက်များရရှိခဲ့ခြင်းဖြစ်သည်။
ကိုဖူးသစ်
No comments:
Post a Comment