တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုလေးခုစလုံးအတွက် ဇန်နဝါရီလ ၂၁ ရက်နေ့ က စွဲချက်တင်လိုက်သည်။
အမှု၏ ၄၄ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၅ ဖြင့် တိုင်းဒေသကြီးတရားလွှတ်တော်က စွဲချက်တင်ပြီး ဆက်လက်စစ်ဆေးရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် တရားစွဲဆိုထားသည်။
ဒေါက်တာလဲ့လဲ့မော်ကို တိုင်းတရားလွှတ်တော်တွင် စတင်တရားစွဲဆိုပြီး ဆယ်လခန့်အကြာတွင် အမှုလေးမှုစလုံးကို စွဲချက်တင်လိုက်ခြင်းဖြစ်သည်။
GGS ကုမ္ပဏီတာဝန်ရှိသူများဖြစ်သည့် ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအုံတို့ကိုလည်း အထက်ပါရုံးချိန်းတွင်ပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၅/၆၃ ဖြင့် စွဲချက်တင်ကြောင်း တိုင်းတရားလွှတ်တော်က အမိန့်ချခဲ့သည်။
အမှုများကို တိုင်းဒေသကြီး တရားလွှတ်တော်က စွဲချက်တင်လိုက်သည့်အတွက် တရားခံ သို့မဟုတ် တရားခံပြသက်သေများကို ဆက်လက်စစ်ဆေးရမည်ဖြစ်သည်။
Dawei Watch
Zawgyi
ဒေါက်တာလဲ့လဲ့မော် အမှုလေးခုစလုံးအတွက် စွဲချက်တင်ခံရ

No comments:
Post a Comment