ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၏ Facebook account ကိုပိတ်သိမ်းကာ YCDC Page အသစ်ဖွင့်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
U MaungMaungSoe- Yangon Myaor အကောင့်တွင် YCDC ၏လှုပ်ရှားမှုသတင်းများကို တင်ပေးလေ့ရှိသည်။
“အရင်က YCDC ရဲ့သတင်းအချက်အလက်တွေကို U MaungMaungSoe- Yangon Myaor အကောင့်ကနေ တင်ဆက်ပေးတယ်လေ။ အဲဒီအကောင့်က Personal အကောင့်ဖြစ်တဲ့အတွက်ပိတ်သိမ်းလိုက်ပြီး YCDC Page အသစ်ကနေ ပြန်ပြီးတင်ဆက်မှာပါ။ ဘယ်အကောင့်ကဖြစ်ဖြစ်ပါဗျာ။ သတင်းအချက်အလက်က ကြည့်လို့ရနေမှာပါ။” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏ U MaungMaungSoe- Yangon Myaor အကောင့်တွင် Follower လေးသောင်းရှိပြီး မန္တလေးမြို့တော်ဝန် ဦးရဲလွင်အကောင့်မှာ Follower တစ်သိန်းသုံးသောင်းရှိကာ မန္တလေးစည်ပင်၏လုပ်ဆောင်ချက်များကို ဖော်ပြပေးနေသည်။
ထက်ဝေလင်း(အကုန်သိသတင်းဌာန)
Unicode Version
ရန်ကုန်မြို့တော်ဝန်၏ကိုယ်ပိုင် Facebook account ပိတ်သိမ်းကာ YCDC Page အသစ်ဖွင့်သွားမည်
ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၏ Facebook account ကိုပိတ်သိမ်းကာ YCDC Page အသစ် ဖွင့်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
U MaungMaungSoe- Yangon Myaor အကောင့်တွင် YCDC ၏လှုပ်ရှားမှုသတင်းများကို တင်ပေးလေ့ရှိသည်။
“အရင်က YCDC ရဲ့သတင်းအချက်အလက်တွေကို U MaungMaungSoe- Yangon Myaor အကောင့်ကနေ တင်ဆက်ပေးတယ်လေ။ အဲဒီအကောင့်က Personal အကောင့်ဖြစ်တဲ့အတွက်ပိတ်သိမ်းလိုက်ပြီး YCDC Page အသစ်ကနေ ပြန်ပြီးတင်ဆက်မှာပါ။ ဘယ်အကောင့်ကဖြစ်ဖြစ်ပါဗျာ။ သတင်းအချက်အလက်က ကြည့်လို့ရနေမှာပါ။” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏ U MaungMaungSoe- Yangon Myaor အကောင့်တွင် Follower လေးသောင်းရှိပြီး မန္တလေးမြို့တော်ဝန် ဦးရဲလွင်အကောင့်မှာ Follower တစ်သိန်းသုံးသောင်းရှိကာ မန္တလေးစည်ပင်၏လုပ်ဆောင်ချက်များကို ဖော်ပြပေးနေသည်။
ထက်ဝေလင်း(အကုန်သိသတင်းဌာန)
No comments:
Post a Comment