တရုတ်နဲ့ မြန်မာ မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်းဆောင်ရွက်ကြမယ့်အပြင်၊ နိုင်ငံတကာဆိုင်ရာ အဓိက ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း တစ်ဦးကိုတစ်ဦး အကူအညီ အထောက်အပံ့ ပြုကြမယ်လို့ မျှော်လင့်ကြောင်း အာရှပစိဖိတ် လေ့လာရေး အကယ်ဒမီ သိပ္ပံဌာန အကြီးအကဲ ပိုင်ချွန်းလီက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ချဉ်းကပ်ပုံကို တရုတ်ပြည်က ထောက်ခံနေသလို၊ တရုတ်ပြည်က ဝှှီဂါ မွတ်စလင်တွေ သန်းနဲ့ချီပြီး ထိန်းသိမ်းခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ တောင်တရုတ်ပင်လယ်ပြင် ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်ပြည်အပေါ် မြန်မာရဲ့ ထောက်ခံမှုကို မျှော်လင့်ပါကြောင်း ပိုင်ချွန်းလီက ပြောပါတယ်။
ဒါ့ပြင် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြန်မာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ အကြွေးဝန်ပိတာတွေ ပေါ်ပေါက်လာမယ်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာ အရပ်ဖက်အဖွဲ့တွေကို သွေးထိုးပေးနေတယ်လို့လည်း ပြောဆိုပါတယ်။
RFA
Unicode
မြန်မာနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းမယ်လို့ တရုတ် ပြော

Zawgyi
Photo: The World Academy of Sciences
(အာရှပစိဖိတ် လေ့လာရေး အကယ်ဒမီ သိပ္ပံဌာန အကြီးအကဲ ပိုင်ချွန်းလီ)
No comments:
Post a Comment