Tuesday, January 21, 2020

မန္တလေးတွင် ဟိုတယ်ခန်းအတွင်း အမျိုးသမီးငယ်တစ်ဦးနှင့် အတူနေသည့် အမျိုးသား အမောဖောက် သေဆုံးဟုဆို

No photo description available.
မန္တလေးမြို့ရှိ ဟိုတယ်တစ်လုံးတွင် အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦးနှင့် အတူတည်းခိုနေထိုင်သည့် အသက်(၅၀) ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဟိုတယ်သို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း သေဆုံးမှု ဇန်နဝါရီ(၁၉)ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဆေးရုံကြီးအနီး၊ ၇၇လမ်းပေါ်ရှိ ဟိုတယ်တစ်လုံးတွင် ဟိုတယ်ခန်းအတွင်း အမျိုးသားတစ်ဦး အမောဖောက် သေဆုံးကြောင်း သတင်းအရ ချမ်းအေးသာစံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူသည် မန္တလေးမြို့နေ အသက်(၄၉)နှစ်အရွယ် ကျောက်အရောင်းအဝယ် လုပ်ကိုင်သူဖြစ်ပြီး ဇန်နဝါရီ(၁၉)ရက် နံနက်(၇)နာရီကျော်အချိန်က ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နေ အသက်(၂၀)အရွယ် အမျိုးသမီးနှင့်အတူ ဟိုတယ်(၅)လွှာရှိ အခန်းတစ်ခန်း၌ တည်းခိုနေထိုင်ခဲ့ရာမှ နံနက်(၉)နာရီခွဲဝန်းကျင်တွင် ရုတ်တရက် အမောဖောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။
အဆိုပါ အမျိုးသားသေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးရာ သေဆုံးသူ၏ ဦးခေါင်းဝဲချိုစောင်းတွင် အနည်းငယ်ပွန်း သွေးစို့ဒဏ်ရာတစ်ခု တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် အလောင်းကို မန္တလေးဆေးရုံကြိးသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ် ချမ်းအေးသာစံမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

.
မန္တလေးတွင် ဟိုတယ်ခန်းအတွင်း အမျိုးသမီးငယ်တစ်ဦးနှင့် အတူနေသည့် အမျိုးသား အမောဖောက် သေဆုံးဟုဆို
ဦးခေါင်းတွင် အနည်းငယ်ပွန်းသွေးစို့ ဒဏ်ရာတွေ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် စစ်ဆေးနေ
ဘုံကမ္ဘာထွန်း၊ ဇန်နဝါရီ-၂၀
မန္တလေးမြို့ရှိ ဟိုတယ်တစ်လုံးတွင် အသက်(၂၀)အရွယ် အမျိုးသမီးတစ်ဦးနှင့် အတူတည်းခို နေထိုင်သည့် အသက်(၅၀)၀န်းကျင်အရွယ် အမျိုးသားတစ်ဦး ဟိုတယ်သို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း သေဆုံးမှု ဇန်နဝါရီ(၁၉)ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဆေးရုံကြီးအနီး၊ ၇၇လမ်းပေါ်ရှိ ဟိုတယ်တစ်လုံးတွင် ဟိုတယ်ခန်းအတွင်း အမျိုးသားတစ်ဦး အမောဖောက် သေဆုံးကြောင်း သတင်းအရ ချမ်းအေးသာစံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူသည် မန္တလေးမြို့နေ အသက်(၄၉)နှစ်အရွယ် ကျောက်အရောင်းအဝယ် လုပ်ကိုင်သူဖြစ်ပြီး ဇန်နဝါရီ(၁၉)ရက် နံနက်(၇)နာရီကျော်အချိန်က ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နေ အသက်(၂၀)အရွယ် အမျိုးသမီးနှင့်အတူ ဟိုတယ်(၅)လွှာရှိ အခန်းတစ်ခန်း၌ တည်းခိုနေထိုင်ခဲ့ရာမှ နံနက်(၉)နာရီခွဲဝန်းကျင်တွင် ရုတ်တရက် အမောဖောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်း တွင်ဖော်ပြထားသည်။
အဆိုပါ အမျိုးသား သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးရာ သေဆုံးသူ၏ ဦးခေါင်းဝဲချိုစောင်းတွင် အနည်းငယ်ပွန်း သွေးစို့ဒဏ်ရာတစ်ခု တွေ့ရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် အလောင်းကို မန္တလေး ဆေးရုံကြိးသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ် ချမ်းအေးသာစံမြို့မရဲစခန်းတွင် သေမှုသေခင်း ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
#Mandalay_Indepth_News
#Mandalay_Crimes_News

No comments:

Post a Comment

My Blog List