Monday, January 20, 2020

ဘူးသီးတောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာ၌ မိသားတစ်စုအား သတင်းပေးဟုဆိုကာ တုတ်၊ ဓားများ ဖြင့် အကြမ်းဖက်ရန်ကြံစည်မှု တပ်မတော်က ကူညီဆောင်ရွက်ပေး


Image may contain: text that says 'ဘူးသီးတောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာ၌ မိသားတစ်စုအား သတင်းပေးဟုဆိုကာ တုတ်၊ ဓားများ ဖြင့် အကြမ်းဖက်ရန်ကြံစည်မှု တပ်မတော်က ကူညီဆောင်ရွက်ပေး'
ဘူးသီးတောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာ၌ မိသားတစ်စုအား သတင်းပေးဟုဆိုကာ တုတ်၊ ဓားများ ဖြင့် အကြမ်းဖက်ရန်ကြံစည်မှုအား တပ်မတော်က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နန့်ရာကုန်း ကျေးရွာအုပ်စု၊ ကျောက်ရစ်ကျေးရွာ၌ သံတိုသံစများ ရောင်းဝယ်သည့် လုပ်ငန်းအား ရိုးသားစွာ လုပ်ဆောင်နေသူ (ယခင် ဟင်းရွက်စုကျေးရွာ၊ ပုသိမ်ကြီးမြို့ နယ်၊ မန္တလေးတိုင်းဒေသကြီး) ဦးခင်မောင်တင့် (ဘ)ဦးမောင်ကိုသည် ၎င်း၏သားဖြစ်သူ နှစ်ဦးနှင့် နေအိမ်တွင် ရှိစဉ် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် အဆိုပါကျေးရွာမှ ရွာသူ၊ ရွာသား များက တုတ်၊ ဓားများ ကိုင်ဆောင်ကာ အိမ်ရှေ့သို့ လာရောက် ရန်ရှာမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ခေါ်ဆောင်ခဲ့ကာ လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ၎င်း၏ သားတစ်ယောက်ဖြစ်သည့် မောင်ဝင်းမင်းထွန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် အမည်မသိသူ တစ်ဦးက ဖုန်းဖြင့်ဆိုင်ကယ် တက္ကစီလိုက်ရန် ငှားရမ်းသဖြင့် ထွက်ခွာသွားရာမှ ယနေ့ အချိန်အထိ ပြန်လည်ရောက်ရှိခြင်း မရှိကြောင်းနှင့် ၎င်းမိသားစု အား တစ်ရွာတည်း နေသူများက လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတင်းပေး ဟုဆိုကာ ရန်ရှာခြင်းများ ပြုလုပ်နေသဖြင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးမာနှင့် သမီးသုံးဦးတို့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစ၍ လုံခြံုရေး တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ဘူးသီးတောင်မြို့တွင် နေထိုင် ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဦးခင်မောင်တင့်၏ မိသားစုဝင်များအား ၎င်းတို့၏ မူရင်း နေရပ်ဖြစ်သည့် ဟင်းရွက်စုကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး တိုင်းဒေသကြီးသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News
ဘူးသီးတောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာ၌ မိသားတစ်စုအား သတင်းပေးဟုဆိုကာ တုတ်၊ ဓားများ ဖြင့် အကြမ်းဖက်ရန်ကြံစည်မှု တပ်မတော်က ကူညီဆောင်ရွက်ပေး
--- --- ---

ဘူးသီးတောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာ၌ မိသားတစ်စုအား သတင်းပေးဟုဆိုကာ တုတ်၊ ဓားများ ဖြင့် အကြမ်းဖက်ရန်ကြံစည်မှုအား တပ်မတော်က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နန့်ရာကုန်း ကျေးရွာအုပ်စု၊ ကျောက်ရစ်ကျေးရွာ၌ သံတိုသံစများ ရောင်းဝယ်သည့် လုပ်ငန်းအား ရိုးသားစွာ လုပ်ဆောင်နေသူ (ယခင် ဟင်းရွက်စုကျေးရွာ၊ ပုသိမ်ကြီးမြို့ နယ်၊ မန္တလေးတိုင်းဒေသကြီး) ဦးခင်မောင်တင့် (ဘ)ဦးမောင်ကိုသည် ၎င်း၏သားဖြစ်သူ နှစ်ဦးနှင့် နေအိမ်တွင် ရှိစဉ် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် အဆိုပါကျေးရွာမှ ရွာသူ၊ ရွာသား များက တုတ်၊ ဓားများ ကိုင်ဆောင်ကာ အိမ်ရှေ့သို့ လာရောက် ရန်ရှာမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် ခေါ်ဆောင်ခဲ့ကာ လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ၎င်း၏ သားတစ်ယောက်ဖြစ်သည့် မောင်ဝင်းမင်းထွန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် အမည်မသိသူ တစ်ဦးက ဖုန်းဖြင့်ဆိုင်ကယ် တက္ကစီလိုက်ရန် ငှားရမ်းသဖြင့် ထွက်ခွာသွားရာမှ ယနေ့ အချိန်အထိ ပြန်လည်ရောက်ရှိခြင်း မရှိကြောင်းနှင့် ၎င်းမိသားစု အား တစ်ရွာတည်း နေသူများက လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတင်းပေး ဟုဆိုကာ ရန်ရှာခြင်းများ ပြုလုပ်နေသဖြင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးမာနှင့် သမီးသုံးဦးတို့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ဘူးသီးတောင်မြို့တွင် နေထိုင် ခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ဦးခင်မောင်တင့်၏ မိသားစုဝင်များအား ၎င်းတို့၏ မူရင်း နေရပ်ဖြစ်သည့် ဟင်းရွက်စုကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး တိုင်းဒေသကြီးသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

No comments:

Post a Comment

My Blog List