Monday, January 20, 2020

ဦးသန့် (၁၁၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အောက်မေ့ဖွယ်ပြုလုပ်

Image may contain: one or more people and outdoor
ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ (၁၁၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ ဦးသန့်နေအိမ်၌ ကျင်းပခဲ့သည်။

ထိုအခမ်းအနားကို ဦးသန့်နေအိမ်အဖွဲ့မှ ငါးကြိမ်မြောက်အဖြစ် ကြီးမှူးကျင်းပခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ (၁၁၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် Kishore Mahbubani က အောက်မေ့ဖွယ်အခမ်းအနားတွင် Can Asia save a United Nations in Decline? အမည်ရှိ စာတမ်းကို ဟောပြောခဲ့ပြီး ဦးသန့်၏မြေး ဒေါက်တာသန့်မြင့်ဦးက အောက်မေ့ဖွယ် အမှတ်တရ စကား ပြောကြားခဲ့သည်။
'ဦးသန့်နေအိမ်က အခုချိန်မှာ ခြေလှမ်းသစ်တစ်ခုကို စတင် လှမ်းနေပါတယ်။ ကျွန်တော်တို့ ပြတိုက်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ပညာရေးနဲ့ ဆွေးနွေးရေးစင်တာအဖြစ် အသွင်ပြောင်းခဲ့တယ်။ ပညာ ရေးစီမံချက်နဲ့ ကျောင်းသားလူငယ်ပေါင်း ၄၀၀၀ ကျော် လာရောက် လေ့လာခဲ့တယ်။ ကမ္ဘာ့နိုင်ငံရေးကဏ္ဍက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဆွေးနွေးပွဲတွေလည်း ကျင်းပပေးနိုင်ခဲ့တယ်။ အွန်လိုင်းအစီအစဉ်ကိုလည်း ဖတ်ရှုသည့်အကြိမ်ရေ ၁ ဒသမ ၅ သန်းခန့်ရှိပြီး ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ခွဲခြားဆက်ဆံမှုများ ချုပ်ငြိမ်းရေး၊ ဆင်းရဲနွမ်းပါးသူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဥတုရာသီပြောင်းလဲရေးအတွက် ကြိုတင်ပြင်ဆင်ရေးစတဲ့ကဏ္ဍ သုံးရပ်ကို အဓိကထားပြီး စီမံချက်များ ဆောင်ရွက်သွားမှာပါ'ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောဆိုသည်။
ဦးသန့်နေအိမ်သည် မြန်မာနိုင်ငံ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး TripAdvisor ဝက်ဘ်ဆိုဒ်တွင် ခရီးသွားဧည့်သည်များအကြား ဒုတိယရေပန်းအစားဆုံးပြတိုက်ဖြစ်ကြောင်း သိရသည်။ မြန်မာကျောင်းသား ဦးရေ ၄၀၀၀ ခန့်သည် ပြတိုက်သို့ လာရောက်ခဲ့ပြီး ယမန်နှစ်တွင် စတင်ခဲ့သော ပညာရေးအစီအစဉ်တွင် ဦးသန့်နှင့် ဦးသန့်အတွက် အရေးပါခဲ့သော ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံတကာသံတမန်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်း - စည်သူဟိန်း
ဓာတ္ပုံ - YRG

.................................................................
(Unicode Version)
 ဦးသန့် (၁၁၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အောက်မေ့ဖွယ်ပြုလုပ်
ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ (၁၁၁)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ ဦးသန့်နေအိမ်၌ ကျင်းပခဲ့သည်။
ထိုအခမ်းအနားကို ဦးသန့်နေအိမ်အဖွဲ့မှ ငါးကြိမ်မြောက်အဖြစ် ကြီးမှူးကျင်းပခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ (၁၁၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် Kishore Mahbubani က အောက်မေ့ဖွယ်အခမ်းအနားတွင် Can Asia save a United Nations in Decline? အမည်ရှိ စာတမ်းကို ဟောပြောခဲ့ပြီး ဦးသန့်၏မြေး ဒေါက်တာသန့်မြင့်ဦးက အောက်မေ့ဖွယ် အမှတ်တရ စကား ပြောကြားခဲ့သည်။
'ဦးသန့်နေအိမ်က အခုချိန်မှာ ခြေလှမ်းသစ်တစ်ခုကို စတင် လှမ်းနေပါတယ်။ ကျွန်တော်တို့ ပြတိုက်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ပညာရေးနဲ့ ဆွေးနွေးရေးစင်တာအဖြစ် အသွင်ပြောင်းခဲ့တယ်။ ပညာ ရေးစီမံချက်နဲ့ ကျောင်းသားလူငယ်ပေါင်း ၄၀၀၀ ကျော် လာရောက် လေ့လာခဲ့တယ်။ ကမ္ဘာ့နိုင်ငံရေးကဏ္ဍက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဆွေးနွေးပွဲတွေလည်း ကျင်းပပေးနိုင်ခဲ့တယ်။ အွန်လိုင်းအစီအစဉ်ကိုလည်း ဖတ်ရှုသည့်အကြိမ်ရေ ၁ ဒသမ ၅ သန်းခန့်ရှိပြီး ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ခွဲခြားဆက်ဆံမှုများ ချုပ်ငြိမ်းရေး၊ ဆင်းရဲနွမ်းပါးသူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဥတုရာသီပြောင်းလဲရေးအတွက် ကြိုတင်ပြင်ဆင်ရေးစတဲ့ကဏ္ဍ သုံးရပ်ကို အဓိကထားပြီး စီမံချက်များ ဆောင်ရွက်သွားမှာပါ'ဟု ဒေါက်တာ သန့်မြင့်ဦးက ပြောဆိုသည်။
ဦးသန့်နေအိမ်သည် မြန်မာနိုင်ငံ အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး TripAdvisor ဝက်ဘ်ဆိုဒ်တွင် ခရီးသွားဧည့်သည်များအကြား ဒုတိယရေပန်းအစားဆုံးပြတိုက်ဖြစ်ကြောင်း သိရသည်။ မြန်မာကျောင်းသား ဦးရေ ၄၀၀၀ ခန့်သည် ပြတိုက်သို့ လာရောက်ခဲ့ပြီး ယမန်နှစ်တွင် စတင်ခဲ့သော ပညာရေးအစီအစဉ်တွင် ဦးသန့်နှင့် ဦးသန့်အတွက် အရေးပါခဲ့သော ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေးနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံတကာသံတမန်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်း - စည်သူဟိန်း
ဓာတ်ပုံ - YRG

No comments:

Post a Comment

My Blog List