Monday, January 20, 2020

ရတနာပုံဈေးမီးလောင်မှုတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်း မန်နေဂျာအား အမှုဖွင့်ထား

Image may contain: night and outdoorImage may contain: sky and outdoor
မန္တလေးမြို့ ရတနာပုံဈေးမီးလောင်မှုတွင် မီးစတင်လောင်ကျွမ်းခဲ့ သည့်ဆိုင်ခန်း မှ မန်နေဂျာဖြစ်သူအား အမှုဖွင့်ထားကြောင်း ချမ်းအေးသာစံမြို့မရဲစခန်းက သိရသည်။

ဇန်နဝါရီလ ၁၇ ရက် ညနေ ၆ နာရီကျော်အချိန်က ရတနာပုံဈေး Sky Walk ပထမထပ်ရှိ နာမည်ကြီးအမှတ်တံဆိပ် အဝတ်အထည် ဆိုင်တစ်ခုမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးလောင်မှုမှတ် တမ်းတွင် ဖော်ပြထားသည်။
မီးလောင်မှုအား ဇန်နဝါရီလ ၁၈ ရက် နံနက်အစောပိုင်းအချိန်က တားဆီးငြိမ်းသက်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်း(၁၂၅) ခန်း မီးလောင်ခဲ့ကာ ကျပ်သိန်းတစ်သောင်းကျော် ဆုံးရံှုးခဲ့ကြောင်း သိရသည်။
အထည်ဆိုင်မှ မန်နေဂျာဖြစ်သူ မသိင်္ဂီညိမ်းအား ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ)၂၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။
အမှုဖွင့်ထားသည့်အခြေအနေနှင့် ပတ်သက်၍ ချမ်းအေးသာစံ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်မင်းထံ ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
မီးလောင်မှုဖြစ်သည့်အတွက် ဆိုင်ခန်းရှင်များ၏ကိစ္စရပ် အခြေ အနေများဆောင်ရွက်ရန် ဒုတိယမြို့တော်ဝန်ဦးဆောင်သည့် ဌာန ပေါင်းစုံပါဝင်သော စီစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီးဖြစ်သည်။
မီးလောင်မှုဖြစ်သည့် ရတနာပုံဈေး မြေညီထပ်တွင် ဈေးဆိုင်ခန်း ၁၅၀၀ ကျော်နှင့် ဈေးအပေါ်ထပ်များတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ ကျောက်မျက်ရတနာ အချောထည်ဈေးတစ်ခုဖြစ်သည့် Mandalay Yatanar Mall နှင့် ရုံးခန်းများရှိသည်။
ရတနာပုံဈေးသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း မီးလောင်မှုဖြစ်ပွားခဲ့ဖူးပြီး ယခုအခါ အသစ်ပြန်လည် ဆောက်လုပ် ထားခြင်းဖြစ်သည်။
ယခင်မီးလောင်သည့်အချိန်က ဆိုင်ခန်းပေါင်း ၁၅၁၂ ခန်းမီးလောင်ခဲ့ပြီး ကျပ်သန်း ၂၆၄၅ ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Image may contain: sky, night and outdoor
Image may contain: night and outdoor, text that says 'yatanar Mall'
No photo description available.
No photo description available.

(Zawgyi)

ရတနာပုံဈေးမီးလောင်မှုတွင် မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ခန်း မန်နေဂျာအား အမှုဖွင့်ထား

ဇန္နဝါရီ ၂၀
နိုင်လင်းဦး

မန္တလေးမြို့ ရတနာပုံဈေးမီးလောင်မှုတွင် မီးစတင်လောင်ကျွမ်းခဲ့ သည့်ဆိုင်ခန်းမှ မန်နေဂျာဖြစ်သူအား အမှုဖွင့်ထားကြောင်း ချမ်းအေးသာစံမြို့မရဲစခန်းက သိရသည်။
ဇန်နဝါရီလ ၁၇ ရက် ညနေ ၆ နာရီကျော်အချိန်က ရတနာပုံဈေး Sky Walk ပထမထပ်ရှိ နာမည်ကြီးအမှတ်တံဆိပ် အဝတ်အထည် ဆိုင်တစ်ခုမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးလောင်မှုမှတ် တမ်းတွင် ဖော်ပြထားသည်။
မီးလောင်မှုအား ဇန်နဝါရီလ ၁၈ ရက် နံနက်အစောပိုင်းအချိန်က တားဆီးငြိမ်းသက်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်း(၁၂၅) ခန်း မီးလောင်ခဲ့ကာ ကျပ်သိန်းတစ်သောင်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အထည်ဆိုင်မှ မန်နေဂျာဖြစ်သူ မသိင်္ဂီညိမ်းအား ချမ်းအေးသာစံ မြို့မရဲစခန်းတွင် (ပ)၂၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။
အမှုဖွင့်ထားသည့်အခြေအနေနှင့် ပတ်သက်၍ ချမ်းအေးသာစံ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်မင်းထံ ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
မီးလောင်မှုဖြစ်သည့်အတွက် ဆိုင်ခန်းရှင်များ၏ကိစ္စရပ် အခြေ အနေများဆောင်ရွက်ရန် ဒုတိယမြို့တော်ဝန်ဦးဆောင်သည့် ဌာန ပေါင်းစုံပါဝင်သော စီစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီးဖြစ်သည်။
မီးလောင်မှုဖြစ်သည့် ရတနာပုံဈေး မြေညီထပ်တွင် ဈေးဆိုင်ခန်း ၁၅၀၀ ကျော်နှင့် ဈေးအပေါ်ထပ်များတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ ကျောက်မျက်ရတနာ အချောထည်ဈေးတစ်ခုဖြစ်သည့် Mandalay Yatanar Mall နှင့် ရုံးခန်းများရှိသည်။
ရတနာပုံဈေးသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း မီးလောင်မှုဖြစ်ပွားခဲ့ဖူးပြီး ယခုအခါ အသစ်ပြန်လည် ဆောက်လုပ် ထားခြင်းဖြစ်သည်။
ယခင်မီးလောင်သည့်အချိန်က ဆိုင်ခန်းပေါင်း ၁၅၁၂ ခန်းမီးလောင်ခဲ့ပြီး ကျပ်သန်း ၂၆၄၅ ကျော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#TheFifthWaveNews.

No comments:

Post a Comment

My Blog List