အငြိမ်းစားအမှုထမ်းများအတွက် အငှားအိမ်ရာများ ချထားပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံက သိရသည်။
နိုင်ငံ့ဝန်ထမ်း အိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ် ၊ မြို့ပတ်လမ်းနှင့် ရတနာမဥ္ဇူလမ်း အကြားရှိ မြေဧရိယာ(၃၂)ဧကပေါ်တွင် (၂၀၁၈-၂၀၁၉)ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် (၁၂)ခန်းတွဲ (၅)ထပ် အဆောက်အဦ(၅)လုံး အခန်းပေါင်း(၃၀၀) တည်ဆောက်ပြီးစီးပြီဖြစ်၍ အငြိမ်းစားယူပြီးသည့် အမှုထမ်းဝန်ထမ်းများအနက် ပူးတွဲ(က)ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို အငှားချထားပေးရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အငြိမ်းစား အငှားအိမ်ရာ လျှောက်ထားလိုသူများသည် ပူးတွဲ(ခ)ပါ လျှောက်လွှာ ပုံစံတွင် ဖြည့်စွက်၍ သက်ဆိုင်ရာဝန်ကြီးဌာန မှတဆင့် အမြဲတမ်းအတွင်းဝန် လက်မှတ်ရေးထိုးပြီး အခန်းနေရာချထားရေးကော်မတီ ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ရုံးအမှတ်(၄၀) ၊ နေပြည်တော်သို့ (၃၁-၁-၂၀၂၀)ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်ပါသည်။
အခန်းနေရာချထားရေးကော်မတီ သို့ ပေးပို့လာသည့် အမည်စာရင်းများကို နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ရေး ကော်မတီထံ တင်ပြ အတည်ပြုချက် ရယူပြီး နေထိုင်ခွင့်ရရှိသူများစာရင်းကို အကြောင်းပြန်ကြားသွားမည် ဖြစ်ပါကြောင်း အသိပေး ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
The Ladies News
အငြိမ်းစားအမှုထမ်းများအတွက် အငှားအိမ်ရာများ ချထားပေးမည်
--- --- ---
အငြိမ်းစားအမှုထမ်းများအတွက် အငှားအိမ်ရာများ ချထားပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံက သိရသည်။
အငြိမ်းစား အငှားအိမ်ရာ လျှောက်ထားလိုသူများသည် ပူးတွဲ(ခ)ပါ လျှောက်လွှာ ပုံစံတွင် ဖြည့်စွက်၍ သက်ဆိုင်ရာဝန်ကြီးဌာန မှတဆင့် အမြဲတမ်းအတွင်းဝန် လက်မှတ်ရေးထိုးပြီး အခန်းနေရာချထားရေးကော်မတီ ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ရုံးအမှတ်(၄၀) ၊ နေပြည်တော်သို့ (၃၁-၁-၂၀၂၀)ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်ပါသည်။
အခန်းနေရာချထားရေးကော်မတီ သို့ ပေးပို့လာသည့် အမည်စာရင်းများကို နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်ရေး ကော်မတီထံ တင်ပြ အတည်ပြုချက် ရယူပြီး နေထိုင်ခွင့်ရရှိသူများစာရင်းကို အကြောင်းပြန်ကြားသွားမည် ဖြစ်ပါကြောင်း အသိပေး ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
The Ladies News
No comments:
Post a Comment