အာဖရိက ဝက်အပြင်းဖျားရောဂါသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့ ် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဆန်းမြို့နယ်များတွင် ကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေေ ရးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှု အခြေအနေကို သိရှိနိုင်ရန်အတွက် ရောဂါစောင့်ကြည့်စစ်ဆေးခြင် းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။
မိမိမွေးမြူထားသော ဝက်များကိုလည်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ကျရောက်ခြင်း မရှိစေရေး အတွက် မွေးမြူရေးခြံ များ၏ ဇီဝလုံခြုံမှုကို စနစ်တကျ မြှင့်တင်ရန် လိုအပ်ပါသည်။ အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည် -
(က) ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြု ဆောင်ရွက်ရန်၊
(ခ) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေး ဖျန်းခြင်း၊ ပုံမှန်ပြုလုပ် ဆောင်ရွက်ရန်၊
(ဂ) အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်း မရှိသောစားသောက်ဆိုင်များမှ စားကြွင်းကျန် ကျွေးခြင်း မပြုလုပ်ရန်၊
(ဃ) အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊
(င) အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊
(စ) ဝက်ခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊
(ဆ) ရောဂါကင်းရှင်းကြောင်း စိတ်ချရသော ခြံဝက်များကို ဝယ်ယူ မွေးမြူရန်၊
(ဇ) ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့်မရော မီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊
(ဈ) ပြည်ပမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊
(ည) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊
(ဋ) ဝက်များတစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်းနှ င့် အများပြည်သူစားသုံးရန် သားသတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင ် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကျန်းမာရေးစစ်ဆေးမှုကို ခံယူရန်၊
(ဌ) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲရုတ်တရက် သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်း သတင်းပို့ရန်၊
(ဍ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင်သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝ န်ကြီးဌာန၊ နေပြည်တော်က အသိပေးနှိုးဆော်ထားသည်။
The Ladies News
အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
--- --- ---
အာဖရိက ဝက်အပြင်းဖျားရောဂါသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်များနှင့ ် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဆန်းမြို့နယ်များတွင် ကူးစက်ဖြစ်ပွားခဲ့သဖြင့် အခြားဒေသများသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရ ေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများက ို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အာဖရိက ဝက်အပြင်းဖျားရောဂါ ကင်းရှင်းမှု အခြေအနေကို သိရှိနိုင်ရန်အတွက် ရောဂါစောင့်ကြည့်စစ်ဆေးခြင် းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါသည်။
မိမိမွေးမြူထားသော ဝက်များကိုလည်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ကျရောက်ခြင်း မရှိစေရေး အတွက် မွေးမြူရေးခြံ များ၏ ဇီဝလုံခြုံမှုကို စနစ်တကျ မြှင့်တင်ရန် လိုအပ်ပါသည်။ အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည် -
(က) ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြု ဆောင်ရွက်ရန်၊
(ခ) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေး ဖျန်းခြင်း၊ ပုံမှန်ပြုလုပ် ဆောင်ရွက်ရန်၊
(ဂ) အိမ်မွေးဝက်များကို အပူပြင်းပြင်းဖြင့် ချက်ပြုတ်ထားခြင်း မရှိသောစားသောက်ဆိုင်များမှ စားကြွင်းကျန် ကျွေးခြင်း မပြုလုပ်ရန်၊
(ဃ) အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်း မပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊
(င) အသက်အရွယ်တူ ဝက်များကိုသာ အတူတူမွေးမြူရန်၊
(စ) ဝက်ခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊
(ဆ) ရောဂါကင်းရှင်းကြောင်း စိတ်ချရသော ခြံဝက်များကို ဝယ်ယူ မွေးမြူရန်၊
(ဇ) ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့်မရော မီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊
(ဈ) ပြည်ပမှ တရားမဝင်တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲ ဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြား ဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန်၊
(ည) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊
(ဋ) ဝက်များတစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခြင်းန ှင့် အများပြည်သူစားသုံးရန် သားသတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင ် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကျန်းမာရေးစစ်ဆေးမှုကို ခံယူရန်၊
(ဌ) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲရုတ်တရက် သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်း သတင်းပို့ရန်၊
(ဍ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင်သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝ န်ကြီးဌာန၊ နေပြည်တော်က အသိပေးနှိုးဆော်ထားသည်။
The Ladies News
No comments:
Post a Comment