Monday, January 20, 2020

ခေတ်ကာလနှင့်အညီ ဖူလုံသောလုပ်ခလစာရရှိရေးအတွက် အလုပ်သမား ၆၀၀၀ ကျော် လှိုင်သာယာ၌ ဆန္ဒထုတ်ဖော်

Image may contain: 2 people, crowd and outdoor
ခေတ်ကာလနှင့်အညီ ဖူလုံသော လုပ်ခလစာရရှိရေးအတွက် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံများမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်းရှိ အောင်မြေသာယာဘောလုံးကွင်းတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၈နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ရာတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံများမှ အလုပ်သမား အင်အား ၆၀၀၀ ကျော်က လှိုင်သာယာမြို့နယ်အတွင်းရှိ အောင်မြေ သာယာဘောလုံးကွင်းသို့ လမ်းလျှောက် စီတန်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
'လုပ်ခလစာ အနည်းဆုံး အခကြေးငွေနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်က လုပ်ခလစာက အခုဆို တည်ဆဲဖြစ်နေတယ်။ အဲဒီတော့ ကုန်ဈေးနှုန်းမြင့်မားလာမှုနဲ့၊ အထွေထွေစရိတ်နဲ့၊ လူသုံးကုန်တွေ တိုးတက်လာမှုနဲ့၊ လုပ်ခလစာနဲ့ မမျှတမှု၊ ကျဉ်းမြောင်းမှုကို အစိုးရကို သိစေချင်တဲ့သဘောပါ။ ခေတ်ကာလနဲ့အညီ ဖူလုံသော လုပ်ခလစာရရှိရေး၊ မြင့်မားလာတဲ့ ကုန်ဈေးနှုန်းကို အစိုးရက ထိန်းချုပ်ပေးခြင်း၊ အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်ခြင်း နှစ်နှစ်တစ်ကြိမ်ဆိုတော့ ၂၀၁၈ ခုနှစ် ငါးလပိုင်းကနေ အခု ၂၀၂၀ ပြည့်နှစ် ငါးလပိုင်းဆိုရင် နှစ်နှစ်ပြည့်ပြီဆိုတော့ ပြန်ပြီး ပြင်ဆင်သတ်မှတ်ပေးဖို့ တောင်းဆိုတာပါ'ဟု ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ဝန်းရံသူ ကိုအောင်က ပြောဆိုသည်။
ဆန္ဒထုတ်ဖော်ရာတွင် 'စားဝတ်နေရေးစရိတ် မြင့်မားမှုများအား အစိုးရက ထိန်းချုပ်ပေးရေး'၊ '၂၀၂၀ မေလတွင် လုပ်ခလစာနှုန်းထား အသစ်သတ်မှတ်ပေးရေး'၊ 'ခေတ်ကာလနဲ့အညီ ဖူလုံသော လုပ်ခလစာရရှိရေး' စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများက 'အကြွေးသံသရာက လွတ်မြောက်ချင်ပြီ'၊ 'ဖူလုံသော လစာသတ်မှတ်ပေးပါ'၊ 'စက်ရုံ ထုတ်ဂျာကင်သည် တစ်ထည် နှစ်သိန်းတန်ချုပ်နေချိန်မှာ ကိုယ့်ရဲ့တစ်ထည်ချုပ်ခက နှစ်ထောင်တောင်မရဘူး'၊ 'အိမ်လခတွေ ခေါင်ခိုက်နေပြီ ကယ်ကြပါဗျို့'၊ 'အမေ အိုတီမဆင်းပါနဲ့ စောစောပြန်ခဲ့ပါ' ဟူသော ဆိုင်းဘုတ်များလည်း ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သတင်း၊ ဓာတ်ပုံ - စည်သူဟိန်း
(Unicode Version)

No comments:

Post a Comment

My Blog List