Monday, January 20, 2020

လာမည့်သုံးနှစ်အတွင်း မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်အစိုးရက ယွမ်လေးဘီလီယံ ပေးအပ်မည်ဟု ကတိပြု

တရုတ်အစိုးရသည်မြန်မာနိုင်ငံကို လာမည့် သုံးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအကူ အညီအဖြစ် ယွမ်လေးဘီလီယံ (ကန်ဒေါ်လာ သန်း ၆၀၀ ကျော်)ပေးအပ်မည်ဟု ကတိကဝတ်ပြုခဲ့ ကြောင်း နိုင်ငံပိုင်သတင်းစာက ဇန်နဝါရီ ၁၉ ရက်တွင် ဖော်ပြသည်။


တရုတ်သမ္မတ၏ နေပြည် တော်ခရီးစဉ် ဒုတိယနေ့ (ဇန်နဝါရီ၁၈ ရက်) တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပစဉ် ယင်း သို့ ကတိပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံ၏ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများအား ပြန်လည်လက် ခံရေးနှင့် ပြန်လည်နေရာချထား ရေးတို့အတွက် အစိုးရ၏ ကြိုးပမ်းနေမှုတို့ကို တရုတ်နိုင်ငံက ဆက် လက်ထောက်ခံအားပေးမည်ဟု ဆိုသည်။
ထို့အပြင် သမ္မတစီကျင်းပင် ၏ နှစ်ရက်ကြာ နေပြည်တော်ခရီး စဉ်အပြီးတွင် နှစ်နိုင်ငံပူးတွဲကြေ ညာချက်ထုတ်ပြန်ရာ မြန်မာနိုင်ငံ က ရွေးချယ်ထားသော ဖွံ့ဖြိုးတိုး တက်ရေးလမ်းကြောင်းကို တရုတ်နိုင်ငံက အပြည့်အ၀ ထောက်ခံ ကြောင်းဖော်ပြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံအခြေ အနေနှင့်ကိုက်ညီသော၊ နိုင်ငံ၏ တရားဝင်ရပိုင်ခွင့်နှင့် အကျိုးစီး ပွားတို့ကို ကာကွယ်သော၊ နိုင်ငံ တကာမျက်နှာစာတွင် နိုင်ငံ့ဂုဏ် သိက္ခာကို ထိန်းသိမ်းနိုင်သော၊ ဖွံ့ ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက် ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်း ကြောင်းကို မြန်မာနိုင်ငံက ရွေး ချယ်ထားသည်ဟုဆိုသည်။
မြန်မာနိုင်ငံကလည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံကြောင်းနှင့် တရုတ် နိုင်ငံမှ ခွဲထွက်မရသည့် အစိတ် အပိုင်းများဖြစ်သော တိုင်ပေ၊ တိဗက်နှင့် ရှင်းကျန့်ကိစ္စတို့ကို ဖြေရှင်းရန် တရုတ်၏ကြိုးပမ်းမှုကို ထောက်ခံအားပေးသော ကတိက ဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ သည်ဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။
ယင်းနောက် မြန်မာ-တရုတ်နှစ်နိုင်ငံခေါင်းဆောင်များသည် ကုလသမဂ္ဂ၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကဲ့ သို့သော ဒေသတွင်းနှင့် နိုင်ငံတ ကာစာမျက်နှာများတွင် ပူးပေါင်း ဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင် ရွက်မှုများ ပိုမိုနီးကပ်စွာ ဆောင် ရွက်ရန် သဘောတူခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။
အထက်ပါ တရုတ်သမ္မတ ခရီးစဉ်အတွင်း သဘောတူစာချုပ်ခြောက်ခု၊ နားလည်မှုစာချွန်လွှာ ၁၁ ခု၊ သဘောတူညီချက် လေးခု၊ စာလွှာကိုးခုတို့ကို ခေါင်း ဆောင်နှစ်ဦးရှေ့တွင် လဲလှယ်ပြီး နားလည်မှုစာချွန်လွှာ သုံးခုနှင့် စာလွှာတစ်ခုတို့ကိုလည်း သီးခြား လက်မှတ်ရေးထိုးခဲ့သည်။
တရုတ်သမ္မတ စီကျင်းပင် သည် ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်သည့် တရုတ်သမ္မတ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၂၀ တွင် ၎င်း၏ ပထမဆုံးပြည်ပခရီး စဉ်အဖြစ် နေပြည်တော်သို့ လာ ရောက်ခြင်းဖြစ်သည်။
7Day

No comments:

Post a Comment

My Blog List