Friday, January 17, 2020

NCA မထိုးရသေးသည့်အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေး လုပ်ငန်းစဉ်ကို ချမှတ်နိုင်ရန်လိုအပ်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော


Image may contain: 2 people, people sitting, table and indoor
NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တချိန်ချိန်မှာ ပါဝင်လာ နိုင်ရေးအတွက် လက်တွေ့ကျတဲ့ အခင်းအကျင်းနဲ့ လုပ်ငန်းစဉ်တွေကို တိတိကျကျချမှတ်ထားဖို့လိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။
ဇန်နဝါရီ(၁၇)ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ PPSTအစည်းအဝေး(၀၈/၂၀၂၀)မှာ ဗိုလ်ချုပ်ကြီး ယွက်စစ်က အခုလိုပြောကြားလိုက်တာပါ။
အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ၂၁ရာစုပင်လုံချီတက်ရာမှာ အဓိကကျတဲ့ တဆင့်ခံဆွေးနွေးပွဲဖြစ်လို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စကိုလည်း အခုအစည်းအဝေးမှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်အမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ 
(မိန့်ခွန်းအပြည့်အစုံကို ဖော်ပြပေးထားပါတယ်)
Image may contain: text
Image may contain: text that says 'လူမျိုးတစ်မျိုးအရေးထက် ပြည်ထောင်စုအရေးကို ငြိမ်းချမ်း တစိုက်မတ်မတ် ဆောင်ရွက်သွားကြမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ ပန်းတိုင်ကို မလွဲမသွေရောက်ရှိမှာ ဖြစ်ပါကြောင်း ပြောကြားရင်း အားလုံးကို ကျေးဇူး တင်ပါတယ်။ တင်ပါတယ်။'

No comments:

Post a Comment

My Blog List