မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ်(မှော်ဘီ) မှ တိုက်ခိုက်ရေးလေယာဥ်များသည် ဇန်နဝါရီ ၂၀ မှ ၂၄ ရက်အထိ ရာသီဥတုကောင်းမွန်ချိန်များတွင် Supersonic Flight (အသံထက်မြင့်သောနှုန်းဖြင့် လေယာဉ်ပျံသန်းခြင်း)ကို အမြင့်ပေ(၁၂၀၀၀) မီတာမှ ပျံသန်းမည်ဖြစ်သည်။
အဆိုပါပျံသန်းမှုကြောင့် ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ဖြစ်ပေါ်လာမည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန် အကြောင်းကြားထားကြောင်းသိရသည်။
Supersonic Flight ပျံသန်းမည်ဖြစ်သည့်အတွက် ခရိုင်အတွင်းရှိမြို့နယ်များ ဖြစ်သည့် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့များမှ အထက်ကောင်းကင်ယံ၌ ပေါက်ကွဲသံကြားရမည်ဖြစ်ကြောင်းသိရသည်။
ရဟန်း/ရှင်/လူ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်အတွက် ထပ်ဆင့်ချပြပေးနိုင်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်ထွေအုပ်ရုံးများသို့ ဇန်နဝါရီ ၁၈ရက်က အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက Supersonic Flight ဖြင့်လေ့ကျင့်ပျံသန်းခဲ့စဥ် ထွက်ပေါ်ခဲ့သည့် ပေါက်ကွဲသံကြောင့် ဟင်္သာတခရိုင်အတွင်းရှိ ဒေသခံများ စိုးရိမ်မှုဖြစ်ခဲ့ကြောင်းသိရသည်။
(Zawgyi)
တိုက်လေယာဉ်များ Supersonic Flight ဖြင့် ပျံသန်းမည်ဖြစ်၍ ဟင်္သာတခရိုင်အတွင်းမှ ဒေသခံများ အထိတ်တလန့်မဖြစ်စေရန် အကြောင်းကြားထား
ဇန္နဝါရီ ၂၀
ပ ဉ္စမလှိုင်း
မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ်(မှော်ဘီ) မှ တိုက်ခိုက်ရေးလေယာဉ်များသည် ဇန်နဝါရီ ၂၀ မှ ၂၄ ရက်အထိ ရာသီဥတုကောင်းမွန်ချိန်များတွင် Supersonic Flight (အသံထက်မြင့်သောနှုန်းဖြင့် လေယာဉ်ပျံသန်းခြင်း)ကို အမြင့်ပေ(၁၂၀၀၀) မီတာမှ ပျံသန်းမည်ဖြစ်သည်။
အဆိုပါပျံသန်းမှုကြောင့် ကောင်းကင်ယံ၌ ပေါက်ကွဲသံများ ဖြစ်ပေါ်လာမည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန် အကြောင်းကြားထားကြောင်းသိရသည်။
Supersonic Flight ပျံသန်းမည်ဖြစ်သည့်အတွက် ခရိုင်အတွင်းရှိမြို့နယ်များ ဖြစ်သည့် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့များမှ အထက်ကောင်းကင်ယံ၌ ပေါက်ကွဲသံကြားရမည်ဖြစ်ကြောင်းသိရသည်။
ရဟန်း/ရှင်/လူ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်အတွက် ထပ်ဆင့်ချပြပေးနိုင်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်ထွေအုပ်ရုံးများသို့ ဇန်နဝါရီ ၁၈ရက်က အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက Supersonic Flight ဖြင့်လေ့ကျင့်ပျံသန်းခဲ့စဉ် ထွက်ပေါ်ခဲ့သည့် ပေါက်ကွဲသံကြောင့် ဟင်္သာတခရိုင်အတွင်းရှိ ဒေသခံများ စိုးရိမ်မှုဖြစ်ခဲ့ကြောင်းသိရသည်။
#TheFifthWaveNews
No comments:
Post a Comment