NLD ပါတီ၏ နာယက ဦးတင်ဦးအား ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော၏တူတော်စပ်သူ ကံသိမ်းပညာရေးဖောင်ဒေးရှင်း (သုံးဆယ်မြို့ ) မှ ဦးကံသိမ်းနှင့်ဇနီး ဒေါ်ခင်စိန်တို့က ယနေ့ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ဦးတင်ဦး၏နေအိမ်၌ သွားရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။
ယင်းသို့ ဂါရဝပြုရာတွင် “ပြည်သူချစ်သောဗိုလ်ချုပ်”အဖြစ် မှတ်တမ်းတင်လွှာနှင့်အတူ ငွေကျပ် (၁၀) သိန်းဖြင့် ကန်တော့ခဲ့ကြကြောင်း သိရသည်။
ပြည်သူချစ်သောဗိုလ်ချုပ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်းနှင့်ပတ်သက်၍ ဦးတင်ဦးထံသို့ပေးအပ်သည့်စာတွင် “ဒုတိယအကြိမ် မြန်မာ့လွတ်လပ်ရေးအတွက် စစ်အာဏာရှင်စနစ်အောက်မှလွတ်မြောက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တိုင်းပြည်အတွက် အသက်ကို ပဓာနမထား စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘ ဦးတင်ဦးအား ပြည်သူချစ်သော ဗိုလ်ချုပ်အဖြစ်မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့်အတူ ငွေကျပ် (၁၀) သိန်းဖြင့် ဂါရဝထား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်”ဟု ဖော်ပြပါရှိသည်။
“ကျွန်တော်တို့တိုင်းပြည်အတွက် သက်စွန့်ဆံဖျား ထမ်းဆောင်ခဲ့တဲ့အတွက် အခုလို ဂါရဝပြုရတာဖြစ်တယ်။ သုံးဆယ်မြို့မှာ ဦးလေးကိုဂုဏ်ပြုပြီး ကျောင်းဆောက်တယ်။ ဘဘဦးတင်ဦးက သူ့ဆရာ ဗိုလ်ချုပ်ကျော်ဇောကျောင်းကို သူဖွင့်ပေးမယ်။ သူနဲ့တောက်လျောက် လက်တွဲလာခဲ့တာပေါ့လေ။ အဲဒီလို ဖွင့်ပေးမယ်လုပ်နေတုန်း ဘဘ ကျန်းမာရေးချို့တဲ့သွားတယ်။ မလာနိုင်တော့ဘူး။ အဲဒီကတည်းက ကွှန်တော်တို့က သူ့ကို ဂါရဝပြုခဲ့တာပါ။ အခုက ဦးလေးရာပြည့်ပွဲနဲ့အတူ ဂါရဝလာပြုတာဖြစ်ပါတယ်”ဟု ဦးကံသိမ်းက ပြောသည်။
ဦးတင်ဦး၏နေအိမ်သို့သွားရောက်ဂါရဝပြုရာတွင် ဦးကံသိမ်းနှင့်ဇနီး ဒေါ်ခင်စိန်တို့နှင့်အတူ စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ (သာယာဝတီ) နှင့် စာရေးဆရာ သရဝဏ် (ပြည်) တို့လည်း လိုက်ပါခဲ့ကြောင်း သိရသည်။
TCM
Photo – Ko Nyi
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော၏တူတော်စပ်သူက NLD နာယက ဦးတင်ဦးအား “ပြည်သူချစ်သောဗိုလ်ချုပ်” ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့်အတူ သွားရောက်ဂါရဝပြု
------ ------ ------ ----- -----
NLD ပါတီ၏ နာယက ဦးတင်ဦးအား ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော၏တူတော်စပ်သူ ကံသိမ်းပညာရေးဖောင်ဒေးရှင်း (သုံးဆယ်မြို့ ) မှ ဦးကံသိမ်းနှင့်ဇနီး ဒေါ်ခင်စိန်တို့က ယနေ့ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ဦးတင်ဦး၏နေအိမ်၌ သွားရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။
ယင်းသို့ ဂါရဝပြုရာတွင် “ပြည်သူချစ်သောဗိုလ်ချုပ်”အဖြစ် မှတ်တမ်းတင်လွှာနှင့်အတူ ငွေကျပ် (၁၀) သိန်းဖြင့် ကန်တော့ခဲ့ကြကြောင်း သိရသည်။
ပြည်သူချစ်သောဗိုလ်ချုပ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်းနှင့်ပတ်သက်၍ ဦးတင်ဦးထံသို့ပေးအပ်သည့်စာတွင် “ဒုတိယအကြိမ် မြန်မာ့လွတ်လပ်ရေးအတွက် စစ်အာဏာရှင်စနစ်အောက်မှလွတ်မြောက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တိုင်းပြည်အတွက် အသက်ကို ပဓာနမထား စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဘဘ ဦးတင်ဦးအား ပြည်သူချစ်သော ဗိုလ်ချုပ်အဖြစ်မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့်အတူ ငွေကျပ် (၁၀) သိန်းဖြင့် ဂါရဝထား လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်”ဟု ဖော်ပြပါရှိသည်။
“ကျွန်တော်တို့တိုင်းပြည်အတွက် သက်စွန့်ဆံဖျား ထမ်းဆောင်ခဲ့တဲ့အတွက် အခုလို ဂါရဝပြုရတာဖြစ်တယ်။ သုံးဆယ်မြို့မှာ ဦးလေးကိုဂုဏ်ပြုပြီး ကျောင်းဆောက်တယ်။ ဘဘဦးတင်ဦးက သူ့ဆရာ ဗိုလ်ချုပ်ကျော်ဇောကျောင်းကို သူဖွင့်ပေးမယ်။ သူနဲ့တောက်လျောက် လက်တွဲလာခဲ့တာပေါ့လေ။ အဲဒီလို ဖွင့်ပေးမယ်လုပ်နေတုန်း ဘဘ ကျန်းမာရေးချို့တဲ့သွားတယ်။ မလာနိုင်တော့ဘူး။ အဲဒီကတည်းက ကွှန်တော်တို့က သူ့ကို ဂါရဝပြုခဲ့တာပါ။ အခုက ဦးလေးရာပြည့်ပွဲနဲ့အတူ ဂါရဝလာပြုတာဖြစ်ပါတယ်”ဟု ဦးကံသိမ်းက ပြောသည်။
ဦးတင်ဦး၏နေအိမ်သို့သွားရောက်ဂါရဝပြုရာတွင် ဦးကံသိမ်းနှင့်ဇနီး ဒေါ်ခင်စိန်တို့နှင့်အတူ စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ (သာယာဝတီ) နှင့် စာရေးဆရာ သရဝဏ် (ပြည်) တို့လည်း လိုက်ပါခဲ့ကြောင်း သိရသည်။
TCM
Photo – Ko Nyi
No comments:
Post a Comment