Monday, January 20, 2020

ခြေ/ဥ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ပြင်ဆင်မည့်ဥပဒေကြမ်း(၂) ခုကို ယနေ့အတည်ပြု

Image may contain: one or more people, people sitting, screen and indoor
ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ၄၅ ဦးပါဝင်သည့် ခြေ/ဥပြင်ဆင်ရေးပူးပေါင်းကေ်ာမတီမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအားပြင်ဆင်သည့် ဥပဒေမူကြမ်းကို ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁၂) ပြင်ဆင်ခြင်း အခန်း၊ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ) တို့တွင် အကျုံးဝင်သည့် ပုဒ်မများကို အတည်ပြုလိုက်ပြီး အဆိုပါဥပဒေကြမ်း ၂ ခုကို လာမည့် ၁၅ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးမကျင်းပမီ လွတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ လက်မှတ်ရေးထိုးခြင်းကို နေပြည် တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ဇန်နဝါရီလ ၂၃ ရက်တွင် လုပ်ဆောင်သွားမည်ဖြစ်သည်။
ယနေ့ပြုလုပ်ခဲ့သည့် အစည်းအဝေးသည် ၄၅ ဦးကော်မတီ၏ အပြီးသတ်အစည်းအဝေးဖြစ်ပြီး ကော်မတီတွင် အဖွဲ့ဝင် ၅ ဦးနှုတ်ထွက်သွားသည့်အတွက် ၄၀ ဦးသာ ကျန်ရှိသည်။
ခြေ/ဥ ပြင်ဆင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ ဥပဒေကြမ်း ၃ ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့များမှလည်း ပြင်ဆင်ရေးဥပဒေမူကြမ်း ၂ ခုကို တင်သွင်းထားကြောင်းသိရသည်။
ယင်းအစည်းအဝေးကို တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များက ကော်မတီ၏ အနှစ်သာရ လွှဲနေခြင်းကြောင့် တက်ရောက်ခဲ့ခြင်းမရှိကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းကပြောဆိုထားဖူးသည်။
(Zawgyi)

#TheFifthWaveNews.

No comments:

Post a Comment

My Blog List