Tuesday, January 21, 2020

ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် စစ်ရာဇဝတ်မှု များ ကျူးလွန်မှုများရှိခဲ့သော်လည်း လူမျိုးပြုန်းတီးစေရန် လုပ်ဆောင်ချက်မျိုးမရှိခဲ့ဟု ICOE အစီရင်ခံစာတွင်ဖော်ပြထား

Image may contain: textImage may contain: text

ရခိုင်ပြည်နယ်တွင်း ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့်မြန်မာ့တပ်မတော်နှင့် ARSAအဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သော်လည်း လူမျိုးပြုန်းတီး စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကျူးလွန်ခဲ့သည်ဟု ကောက်ချက် ချနိုင်သော လုပ်ဆောင်ချက် မျိုးဖြစ်ပွားခြင်း အလျဉ်းမရှိခဲ့ကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်(ICOE)၏ အစီရင်ခံစာတွင်ဖော်ပြထားကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ၌လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် ICOE ၏ အစီရင်ခံစာထဲတွင် အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အားမမျှမတသုံးစွဲခြင်း၊ လုယက်မှုကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု လည်းဖော်ပြထားသည်။
ကော်မရှင်သည် ကျေးရွာများ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ) ၊ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှုများပြားခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
ကော်မရှင်၏ အကြံပြုချက် ၂၂ချက်အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့အနေဖြင့် လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်အကြံပြုထားပြီး နိုင်ငံတော်သမ္မတက ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားစေရန်နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် သဘောတူကြောင်း လည်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
Image may contain: text
The Ladies News
ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် စစ်ရာဇဝတ်မှု များ ကျူးလွန်မှုများရှိခဲ့သော်လည်း လူမျိုးပြုန်းတီးစေရန် လုပ်ဆောင်ချက်မျိုးမရှိခဲ့ဟု ICOE အစီရင်ခံစာတွင်ဖော်ပြထား
--- --- ---

ရခိုင်ပြည်နယ်တွင်း ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့်မြန်မာ့တပ်မတော်နှင့် ARSAအဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သော်လည်း လူမျိုးပြုန်းတီး စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ကျူးလွန်ခဲ့သည်ဟု ကောက်ချက် ချနိုင်သော လုပ်ဆောင်ချက် မျိုးဖြစ်ပွားခြင်း အလျဉ်းမရှိခဲ့ကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်(ICOE)၏ အစီရင်ခံစာတွင်ဖော်ပြထားကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် ၌လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် ICOE ၏ အစီရင်ခံစာထဲတွင် အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အားမမျှမတသုံးစွဲခြင်း၊ လုယက်မှုကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ၏ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု လည်းဖော်ပြထားသည်။
ကော်မရှင်သည် ကျေးရွာများ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ) ၊ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှုများပြားခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
ကော်မရှင်၏ အကြံပြုချက် ၂၂ချက်အနက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့အနေဖြင့် လိုအပ်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်အကြံပြုထားပြီး နိုင်ငံတော်သမ္မတက ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ် သွားစေရန်နှင့် အထောက်အထားများခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားစေရန် သဘောတူကြောင်း လည်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
The Ladies News

No comments:

Post a Comment

My Blog List