Tuesday, January 21, 2020

မြောက်ဦးမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး ဖမ်းဆီးရမိ

No photo description available.

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေး ဆောင်ရွက်လျက်ရှိစဉ် AA အကြမ်းဖက် သောင်းကျန်းသူ တစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းအနီး၌ စစ်ဆေး ဆောင်ရွက် လျက်ရှိစဉ် ဇန်နဝါရီ ၁၉ ရက်နံနက် ၈ နာရီခန့်တွင် မြောက်ဦးဘက်မှ မင်းပြားဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူမှာ ကျော်မင်းနိုင်(ဘ) ဦးရွှေစိန် ဖြစ်ပြီး ၎င်းကိုင်ဆောင်သည့် ဖုန်းတစ်လုံးအတွင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ထပ်မံစစ်ဆေး မေးမြန်းချက်အရ ၎င်းမှာ AA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် AA အကြမ်းဖက်သောင်းကျန်းသူအား မြောက်ဦးမြို့မ ရဲစခန်း၌ လုပ်ထုံးလုပ်နည်း နှင့်အညီ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြောက်ဦးမြို့နယ်၌ AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး ဖမ်းဆီးရမိ
--- --- ---

No comments:

Post a Comment

My Blog List