Monday, January 20, 2020

ရခိုင်အရေးနဲ့ပတ်သက်တဲ့ ICOE ရဲ့ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ပေးအပ်လိုက်ပြီ

Image may contain: 2 people, people smiling, people sittingImage may contain: 2 people, people smiling, people sitting
ရခိုင်ပြည်နယ် ဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ် ဆေးရေးကော်မရှင် (ICOE) ရဲ့ အစီရင်ခံစာကို သည်ကနေ့ နိုင်ငံတော်သမ္မတထံ ပေးအပ်တင်ပြလိုက်ပြီ ဖြစ်ပါတယ်။

သည်အစီရင်ခံစာအရ ရခိုင်အရေးနဲ့ပတ်သက်ပြီးသက်သေထင်ရှားတဲ့ ချိုးဖောက်မှုတွေတွေ့ရှိခဲ့ရင်ဥပဒေကြောင်းအရ လိုအပ်သလို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ အစိုးရက ထုတ်ဖော်ပြောကြားထားခဲ့ပြီးဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သည်အစီရင်ခံစာကို စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း " ICOE လို့ အသိများတဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ကော်မရှင်က တင်သွင်းလာမယ့် အထောက်အထား သက်သေများရှိခဲ့ပါကလည်း စစ်ခုံရုံးများကို တိုးချဲ့ဖွဲ့စည်းသွားရန် ရှိပါတယ်"လို့အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)သို့ ရှင်းလင်း​တင်ပြခဲ့စဥ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
သည်ကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့မှာစတင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ရဲ့သက်တမ်းက တစ်နှစ်ဖြစ်ပါတယ်။ဒါပေမယ့် ၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှာ ကော်မရှင်ကို နောက်ထပ် ခြောက်လ သက်တမ်းတိုးမြှင့်​ခဲ့ပါတယ်။
ကော်မရှင်ကို ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဟောင်း မစ္စစ်ရိုဆာရီယိုမယ်နာလို က ဦးဆောင်တာဖြစ်ပြီး ဂျပန်သံအမတ်ကြီးဟောင်း မစ္စတာကိုဇိုအိုရှီးမား၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့ လည်း ပါဝင်ပါတယ်။
Image may contain: 2 people, people sitting
Image may contain: 7 people, people smiling, people standing and indoor
Image may contain: 4 people, people sitting, people on stage, people playing musical instruments and indoor
Image may contain: 1 person
Image may contain: 1 person, standing, suit and indoor
Image may contain: 4 people, people standing
Image may contain: 2 people, people sitting and indoor
Author-မာရီခိုင်
Photo-အောင်ရှိုင်းဦး

No comments:

Post a Comment

My Blog List