Monday, January 20, 2020

နေပြည်တော်အား ပညာရေး အခြေပြုသည့် နယ်မြေတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်နေ

Image may contain: 1 person, standing
နေပြည်တော်ကောင်စီနယ်မြေအား ပညာရေးကို အခြေပြုသည့် နယ်မြေတစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်နေ ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောသည်။
ဇန်နဝါရီလ ဒုတိယအပတ်တွင်းက နေပြည်တော်ရှိ မင်္ဂလာ ဗျူဟာခန်းမတွင် ကျင်းပသည့် “သင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေး” တွင် နေပြည်တော်ကောင် စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတော် မူဝါဒအရ နေပြည်တော်ဟာ ပညာရေးကို အခြေပြုတဲ့ နယ်မြေတစ်ခု ဖြစ်လာစေဖို့ ရည်မှန်းချက်ထား ဆောင်ရွက် နေပါတယ်။ နေပြည်တော်ရဲ့ တည်ဆောက်ပုံအရ ပညာရေးဖွံဖြိုးရန် သင့်လျော်တဲ့ နယ်မြေဖြစ်တဲ့အတွက် အနာဂါတ်မြို့ပြ စီမံ ကိန်းကို ချမှတ်ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာမျိုးအောင်က ပြောသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ လက်ထက်တွင် နေပြည်တော်အား ပြည်ထောင်စုနယ်မြေအဖြစ် သတ် မှတ်ခဲ့ပြီး လက်ရှိတွင် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး လူဦးရေ ၉၂၄၆၀၈ ဦး နေထိုင်ကြောင်း သိရသည်။
“တစ်ချိန်တစ်ခါက နေပြည်တော်မှာ အရှေ့တောင်အာရှ တစ်ခုတည်းသော နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်များဖြစ်တဲ့ သစ်တော တက္ကသိုလ်၊ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေး တက္ကသိုလ်တို့ တည်ရှိရာ ဒေသဖြစ်ခဲ့ပါတယ်။ အခုအခါမှာ ဒီတက္က သိုလ်တွေအပြင် အခြားသော တက္ကသိုလ်များနဲ့ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်ကြီးများ ဖွင့်လှစ်နိုင်ရေးတို့အတွက် ပညာ ရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ထပ်မံပြောသည်။
Image may contain: one or more people, sky, crowd and outdoor
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
နေပြည်တော်အား ပညာရေး အခြေပြုသည့် နယ်မြေတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်နေ
------ မင်းသီဟန် ( အကုန်သိ သတင်းဌာန ) -----
နေပြည်တော်ကောင်စီ နယ်မြေအား ပညာရေးကို အခြေပြုသည့် နယ်မြေတစ်ခုဖြစ်လာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်နေ ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောသည်။
ဇန်နဝါရီလ ဒုတိယအပတ်တွင်းက နေပြည်တော်ရှိ မင်္ဂလာ ဗျူဟာခန်းမတွင် ကျင်းပသည့် “သင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှု ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေး” တွင် နေပြည်တော်ကောင် စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတော် မူဝါဒအရ နေပြည်တော်ဟာ ပညာရေးကို အခြေပြုတဲ့ နယ်မြေတစ်ခု ဖြစ်လာစေဖို့ ရည်မှန်းချက်ထား ဆောင်ရွက် နေပါတယ်။ နေပြည်တော်ရဲ့ တည်ဆောက်ပုံအရ ပညာရေးဖွံဖြိုးရန် သင့်လျော်တဲ့ နယ်မြေဖြစ်တဲ့အတွက် အနာဂါတ်မြို့ပြ စီမံ ကိန်းကို ချမှတ်ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာမျိုးအောင်က ပြောသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ လက်ထက်တွင် နေပြည်တော်အား ပြည်ထောင်စုနယ်မြေအဖြစ် သတ် မှတ်ခဲ့ပြီး လက်ရှိတွင် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး လူဦးရေ ၉၂၄၆၀၈ ဦး နေထိုင်ကြောင်း သိရသည်။
“တစ်ချိန်တစ်ခါက နေပြည်တော်မှာ အရှေ့တောင်အာရှ တစ်ခုတည်းသော နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်များဖြစ်တဲ့ သစ်တော တက္ကသိုလ်၊ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေး တက္ကသိုလ်တို့ တည်ရှိရာ ဒေသဖြစ်ခဲ့ပါတယ်။ အခုအခါမှာ ဒီတက္က သိုလ်တွေအပြင် အခြားသော တက္ကသိုလ်များနဲ့ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်ကြီးများ ဖွင့်လှစ်နိုင်ရေးတို့အတွက် ပညာ ရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ထပ်မံပြောသည်။

No comments:

Post a Comment

My Blog List