Monday, January 20, 2020

ကျားမတန်းတူအခွင့်အရေးရရှိစေရန် City Transit ယာဉ်လိုင်းတွင်အမျိုးသမီးယာဉ်မောင်းများခန့်အပ်

Image may contain: one or more people, sky, skyscraper, tree and outdoor
အမျိုးသမီးနှင့်အမျိုးသားများအခွင့်အရေးရရှိစေရန် အမျိုးသမီးယာဉ်မောင်းများခန့်အပ်ခြင်းဖြစ်ကြောင်း City Transit ယာဉ်လိုင်းမှတာဝန်ရှိသူ ဦးကျော်ကျော်လင်းကပြောသည်။
City Transit (မြို့ပတ်) ယာဉ်လိုင်းသည် အောင်မင်္ဂလာအဝေးပြေး-ကမ္ဘာအေးဘုရားလမ်း-ပါရမီလမ်း-သံသုမာလမ်း-သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-သုဝဏ္ဏလမ်းဆုံ-အထက်ပုဇွန်တောင်လမ်း-ဗိုလ်တထောင်ဘုရာလမ်း-ကမ်းနားလမ်း-သခင်မြပန်းခြံ-ကြည့်မြင်တိုင်ကမ်းနားလမ်း-လုရင့်နောင်လမ်း-အောက်မင်္ဂလာဒုံလမ်း-ခရေပင်လမ်းခွဲ-အမှတ်(၃) လမ်းဆုံမှ အောင်မင်္ဂလာအဝေးပြေးအထိ ယာဉ်အစီးရေ ၃၉ စီးဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သည်။
“အမျိုးသမီးယာဉ်မောင်း ၃ ဦးခန့်ထားတယ်။ နောက်ထပ်လည်းထပ်ခန့်ဖို့ရှိပါတယ်။ အမျိုးသားနဲ့အမျိုးသမီး တန်းတူ၊ ညီတူအခွင့်အရေးရစေဖို့အတွက် အမျိုးသမီးယာဉ်မောင်းတွေခန့်အပ်တာဖြစ်ပါတယ်။ လောလောဆယ်လမ်းကြောင်းအသစ်နဲ့ ယာဉ်အစီးရေထပ်တိုးဖို့တော့မရှိသေးဘူး”ဟု City Transit ယာဉ်လိုင်းမှတာဝန်ရှိသူ ဦးကျော်ကျော်လင်းကပြောသည်။
ယခင် မ.ထ.သ လက်ထက် ၄၈ ယာဉ်လိုင်း၌ ပထမဦးဆုံးအမျိုးသမီးယာဉ်မောင်းကိုစတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ YBS စနစ်၌ YBS ၂၁ ယာဉ်လိုင်းတစ်လိုင်းတည်းတွင်သာရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအခွင့်အရေးရရှိမှုနည်းပါးနေသည့်အပေါ် အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။
Image may contain: sky and outdoor
Image may contain: sky, cloud and outdoor

စုသက်နှင်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>
ကျားမတန်းတူအခွင့်အရေးရရှိစေရန် City Transit ယာဉ်လိုင်းတွင်အမျိုးသမီးယာဉ်မောင်းများခန့်အပ်
-------- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) -------
အမျိုးသမီးနှင့်အမျိုးသားများအခွင့်အရေးရရှိစေရန် အမျိုးသမီးယာဉ်မောင်းများခန့်အပ်ခြင်းဖြစ်ကြောင်း City Transit ယာဉ်လိုင်းမှတာဝန်ရှိသူ ဦးကျော်ကျော်လင်းကပြောသည်။
City Transit (မြို့ပတ်) ယာဉ်လိုင်းသည် အောင်မင်္ဂလာအဝေးပြေး-ကမ္ဘာအေးဘုရားလမ်း-ပါရမီလမ်း-သံသုမာလမ်း-သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-သုဝဏ္ဏလမ်းဆုံ-အထက်ပုဇွန်တောင်လမ်း-ဗိုလ်တထောင်ဘုရာလမ်း-ကမ်းနားလမ်း-သခင်မြပန်းခြံ-ကြည့်မြင်တိုင်ကမ်းနားလမ်း-လုရင့်နောင်လမ်း-အောက်မင်္ဂလာဒုံလမ်း-ခရေပင်လမ်းခွဲ-အမှတ်(၃) လမ်းဆုံမှ အောင်မင်္ဂလာအဝေးပြေးအထိ ယာဉ်အစီးရေ ၃၉ စီးဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သည်။
“အမျိုးသမီးယာဉ်မောင်း ၃ ဦးခန့်ထားတယ်။ နောက်ထပ်လည်းထပ်ခန့်ဖို့ရှိပါတယ်။ အမျိုးသားနဲ့အမျိုးသမီး တန်းတူ၊ ညီတူအခွင့်အရေးရစေဖို့အတွက် အမျိုးသမီးယာဉ်မောင်းတွေခန့်အပ်တာဖြစ်ပါတယ်။ လောလောဆယ်လမ်းကြောင်းအသစ်နဲ့ ယာဉ်အစီးရေထပ်တိုးဖို့တော့မရှိသေးဘူး”ဟု City Transit ယာဉ်လိုင်းမှတာဝန်ရှိသူ ဦးကျော်ကျော်လင်းကပြောသည်။
ယခင် မ.ထ.သ လက်ထက် ၄၈ ယာဉ်လိုင်း၌ ပထမဦးဆုံးအမျိုးသမီးယာဉ်မောင်းကိုစတင်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ YBS စနစ်၌ YBS ၂၁ ယာဉ်လိုင်းတစ်လိုင်းတည်းတွင်သာရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးများအခွင့်အရေးရရှိမှုနည်းပါးနေသည့်အပေါ် အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။

No comments:

Post a Comment

My Blog List