Monday, January 20, 2020

အများစွပ်စွဲနေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်ထောက်ပံ့ပေးနေသည်ဆိုသော အချက်ကိုမလုပ်ခဲ့ဘဲ၊အခြားလမ်းကြောင်းရှိ၊မရှိ သေချာစိစစ်ပေးမည်ဟု တရုတ်သမ္မတဂတိပြု

Image may contain: 2 people
အများကစွပ်စွဲပြောကြားနေသည့် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို တရုတ်က လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping ကပြောကြားလိုက်ပြီးအခြားနည်းလမ်းများနှင့် ရရှိနိုင်သည် ဖြစ်၍ မိမိတို့ကလည်း သေချာစွာစိစစ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဂတိပြုကြားလိုက်သည်။

သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ၁၉ နှစ်တာ ကာလအတွင်း တရုတ်ပြည် သူ့သမ္မတနိုင်ငံ သမ္မတတစ်ဦး၏ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ၂ရက်ကြာချစ်ကြည်ရေးခရီးအတွင်းလာရောက်စဉ် တပ်ချုပ်နှင့်တွေ့စဉ် အထက်ပါစကားကိုပြောကြားလိုက်ခြင်းဖြစ်သည်။
ယင်းအပြင် မည်သည့်အဖွဲ့ အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချ၍ မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံကြောင်းလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping ကအတိအလင်းပြောကြားခဲ့သေးသည်။
ထိုမျှမကသေး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ နယ်ပယ်တွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ထောက်ခံပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတ H.E.Mr. Xi Jinping ကဆွေးနွေးပြောကြားသွားသည်။
Image may contain: 2 people
Image may contain: 3 people, people sitting
Image may contain: 2 people, people smiling, people standing and suit

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List