Monday, January 20, 2020

ပုဂံစေတီပုထိုး ပြုပြင်ထိန်းသိမ်းရေး တရုတ်သုတေသနအဖွဲ့ စတင်ဆောင်ရွက်

Image may contain: sky, outdoor and nature
တရုတ်-မြန်မာ သံတမန်ဆက်သွယ်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေနဲ့ တရုတ် ရှေးဟောင်းသုတေသန ပညာရှင်အဖွဲ့တစ်ဖွဲ့က ပုဂံရှေးဟောင်း စေတီပုထိုးတွေ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။

ရှန်ဇီးပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်နဲ့ တခြားအမွေအနှစ်များ ထိန်းသိမ်းရေး ဌာနတွေနဲ့ အဖွဲ့အစည်းတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ပုဂံဒေသက အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညုပုထိုးတော်ကြီး ကြာရှည်ခိုင်မြဲရေးအတွက် ထိန်းသိမ်းမှုဆိုင်ရာ ကနဦးလုပ်ငန်းတွေ ပြီးစီးသွားပြီလို့ သိရပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ပြင်းအား ၄.၈ ရှိတဲ့ ငလျင်ကြောင့် သဗ္ဗညု အပါအဝင် ရှေးဟောင်း စေတီပေါင်း ၄၂၅ ဆူ ထိခိုက်ခဲ့ရပါတယ်။
သဗ္ဗညု ပြန်လည်ထိန်းသိမ်းရေး စီမံကိန်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ပြီး၊ ၂၀၁၉ ဧပြီလမှာ တရုတ် ရှေးဟောင်းပညာရှင်အဖွဲ့က လုပ်ငန်းတွေစတင်ခဲ့ပါတယ်။
လုပ်ငန်းတွေ ပြီးစီးဖို့ အချိန် ကိုးနှစ်လောက်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။
Unicode

- Zawgyi
~~~~~~~~~~~~~~~

Photot: RFA
(၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ငလျင်ကြောင့် ကွမ်းတောင်ပြိုကျသွားခဲ့တဲ့ ပုဂံမြို့က စူဠာမဏိဘုရားကို တွေ့ရစဉ်)

No comments:

Post a Comment

My Blog List