ရတနာပုံဈေး (Sky Walk) မီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံနှင့် ဆိုင်ခန်း ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၀,၀၀၀ကျော် ဆုံးရှုံးကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ပြောကြားသည်။
၁၁ နာရီခန့်ကြာ လောင်ကျွမ်းခဲ့သည့် အဆိုပါမီးကြောင့် ဆိုင်ခန်း ၁၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့က ဆိုသည်။
‘‘အဆောက်အအုံရော၊ ဆိုင်ခန်းပစ္စည်းရော နှစ်ခုပေါင်း သိန်းပေါင်းတစ်သောင်း နဲ့ဆယ်သိန်း ပျက်စီးဆုံးရှုံးတယ်။ မီးလောင်တဲ့ အကြောင်းရင်းတော့ မသိရသေးဘူး။ မနက်ဖြန်မှ သိရမယ်’’ဟု မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြား သည်။
မီးလောင်ကျွမ်းမှု အကြောင်းရင်း၊ ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေးရန် ဒုတိယမြို့တော်ဝန် ဦးဆောင်သည့် စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်နေ သည်။
7Day News သတင်းစာက ကြည့်ရှုခွင့်ရသော ရဲတပ်ဖွဲ့၏ ကနဦး အမှုစစ်မှတ်တမ်းတွင် မီးစတင် လောင်ကျွမ်းခဲ့သော ရတနာပုံဈေး ပထမထပ် Sky Walk Shopping Center တစ်ခုမှ အထည်ဆိုင် မန်နေဂျာကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု)ဖြင့် ချမ်းအေးသာစံမြို့မ ရဲစခန်း၌ အမှုဖွင့်ထားသည်ဟု ပါရှိသည်။
မီးလောင်မှုဖြစ်စဉ်အား စိစစ်ခဲ့ရာ ရတနာပုံဈေး (ပထမ ထပ်) Sky Walk Shopping Center ရှိ နာမည်ကြီးအထည်ဆိုင်တစ်ဆိုင်မှ မီးခိုးများ ထွက်သည်ကို တွေ့မြင်ခဲ့ရပြီး ပတ်ဝန်းကျင် သက်သေများဖြစ်သည့် Manda-lay Yadanar Mall ပိုင်ရှင်၊ မန်နေဂျာနှင့် ဝန်ထမ်းများ၏ ပြောပြချက်အရ အထည်ဆိုင်ကစ၍ မီး လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိရသည်’’ဟု ရဲမှတ်တမ်းတွင် ရေးသားထားသည်။
ထို့အပြင် ‘‘၎င်းတို့က မီးသတ်ဆေးဘူးများ၊ အဆောက်အအုံ တွင် တပ်ဆင်ထားသည့် မီးသတ်ပိုက်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ် သော်လည်း မီးလောင်ကျွမ်းမှု ကြောင့် Sky Walk Shopping Center ရှိ ဆိုင်ခန်းများ (ဆိုင်ခန်း အရေအတွက်နှင့် ဆုံးရှုံးမှုတန်ဖိုး စိစစ်ဆဲ) မီးလောင်ကျွမ်းခဲ့ပါ သည်’’ဟု ပါရှိသည်။
ထို့ကြောင့် ဒုရဲအုပ်မြင့်မြင့် ဇော်က တိုင်တန်း၍ အထည်ဆိုင် မန်နေဂျာကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ပြီး အမှုစစ်ရဲဒုရဲမှူးအောင်မင်းက စစ်ဆေးကာတရား ခံဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်နေသည်’’ဟု ရေးသားထားသည်။
အမှုစစ်မှတ်တမ်းနှင့်ပတ် သက်ပြီး အမှုစစ်အဖြစ် ကိုင်တွယ် သူ ချမ်းအေးသာစံမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်မင်းက ‘‘ရဲတပ်ဖွဲ့လုပ်ငန်းစဉ်အရ စစ်ဆေးဆောင် ရွက်ဆဲဖြစ်လို့ ခုချိန်မှာတော့ ဘာမှပြောလို့မရသေးပါဘူး’’ဟု ပြော သည်။
မီးလောင်မှု စတင်ဖြစ်ပွား သည်ဆိုသည့် အထည်ဆိုင်၏ ထုတ်ပြန်ထားသော ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရာ ‘‘လက်ရှိအခြေအနေက စုံစမ်းဆဲဆိုတော့ ဖြေဖို့ အဆင်မပြေသေးဘူး’’ဟု ပြောကြားသည်။
မီးစတင်လောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ‘‘ပထမထပ်က စလောင်တာ။ ဘယ်ဆိုင်ခန်းဆို တာ စိစစ်နေဆဲပဲ။ စိစစ်ပြီးရင် အတည်ပြုပေးမယ်။ ဆိုင်ခန်းတွေ ကများတော့ စိစစ်နေတယ်။ မနက်ဖြန်တော့ သိရမယ်’’ဟု ပြောသည်။
7Day
No comments:
Post a Comment