စသည့်စကားများကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မကြာခဏကြားရလေ့ရှိ၏။ အထူးသဖြင့် မိမိကိုယ်ကျိုး စီးပွားနှင့်ပတ်သက်၍ အလိုမကျစရာကိစ္စတခုကြုံတွေ့ ရသည်နှင့် ပြည်သူလူထုသည် ထိုသို့ကြိမ်းဝါးပြောဆို မှုကို ကြားရတတ်ပါ၏။ သူတို့ပြောသော အဓိပ္ပာယ်ကိုကောင်းကောင်းသိ ပါသည်။ ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲထည့်ပြီးပြန်အထွက်တွင် မဲထည့်ပြီးသူဖြစ်ကြောင်း၊ လိမ်ညာ၍ထပ်မံမဲလာမပေးနိုင်စ ေရန် ရည်ရွယ်၍ အထူးပြုလုပ်ထားသော (တရက်နှစ် ရက်အတွင်း အရောင်မပြယ်စေနိုင်သော) မင်တမျိုးကို လူ၏လက်သန်း တွင် ဆွတ်ပေးလိုက်ခြင်းကိုခံကြရပ ါသည်။ လက်သန်းတွင်မင်စွန်းသည့်သဘေ ာကား ရွေးကောက်ပွဲတွင် မဲပေးပြီးပြီဆိုသည့်သဘောဖြစ ်သည်။ လက်သန်းမင်စွန်းခြင်းသည် ပါတီတခုခုကိုမဲပေးခြင်း အလုပ်ပြီးသွားပြီဆို သည့်သဘော ဖြစ်သည်။
လက်သန်းမင်စွန်းခဲ့သူမဲပေးခ ဲ့သော နိုင်ငံရေးပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင ့် ဖွံ့ဖြိုးရေးပါတီလည်း ဖြစ်နိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချ ုပ်လည်း ဖြစ်နိုင်သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ လည်း ဖြစ်နိုင်သည်။ ရှမ်းတိုင်းရင်းသားများဒီမိ ုကရေစီအဖွဲ့ချုပ်လည်း ဖြစ်နိုင်သည်။ NDF ပါတီလည်းဖြစ်နိုင်ပါ သည်။ လက်သန်းမင်စွန်းခြင်းသည် မဲပေးပြီးပြီဆိုသည့် အဓိပ္ပာယ်သာဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီဘက် တော်သားများ၊ NLD ကို ထောက်ခံဝန်းရံကြသူများက နိုင်ငံကြီးသားပီသစွာရွေးကေ က်ပွဲတွင် မဲပေးခဲ့ပြီးပါပြီ ဆိုသည့်သဘောနှင့် မင်စွန်းနေသောလက်သန်းများကိ ု ဓာတ်ပုံရိုက်၍ ဖေ့စ်ဘွတ်တွင်တင်ကြသည်။ ထိုအခါလက်သန်းတွင် မင်စွန်းနေသောသင်္ကေတသည် NLD ကိုမဲပေးခဲ့သော သင်္ကေတသဖွယ် ဖြစ်လာပါ သည်။ လက်သန်းတွင်မင်စွန်းခဲ့ပြီဟ ုပြောလျှင် NLD ကို မဲပေးခဲ့သည်ဟု အဓိပ္ပာယ်နှစ်ခွပြောင်းလဲ၍ နားလည်ကြပါသည်။
ရွေးကောက်ပွဲပြီး၍ NLD ပါတီကအစိုးရဖွဲ့ကာ အုပ်ချုပ်ပြီးအချိန်အနည်းငယ ်ကြာလာသောအခါ စကားသံ အချို့ကို ဟိုမှသည်မှ ကြားလာရပါသည်။ ထိုစကားသံမှာ အထက်ကရေးခဲ့သော လက်သန်းများကို ဖြတ်ပစ်ချင်သည်ဆိုသည့်စကားသ ံ ဖြစ်သည်။ ထိုစကား၏အနက် အဓိပ္ပာယ်မှာ အားလုံးနားလည်ကြ သည့်အတိုင်း NLD ကို မဲပေးမိတာ မှားတယ်ဆိုသည့် ကြုံးဝါးသံပင်ဖြစ်သည်။ ကျွန်ုပ်သည် NLD ပါတီဝင် မဟုတ်သလို အခြားမည်သည့်ပါတီဝင်မှလည်း မဟုတ်ပါ။ ထို့ကြောင့် အစွဲအလမ်းကင်းစွာ သုံးသပ်ပါမည်။
လက်သန်းများကိုဖြတ်ပစ်ချင်သ ည်ဟု ကြုံးဝါးသူအတော်များများသည် မိမိ၏တကိုယ်ရေအဆင်မပြေမှုအခ ျို့ကို ကြုံတွေ့လာရာမှ သူတို့မဲပေးခဲ့သောအစိုးရသည် သူတို့ထင်သလို မဟုတ်ပါလားဟု သိမြင်နားလည်လာရာမှ ပြောသောစကားများ ဖြစ်ပါသည်။ ဥပမာအားဖြင့် လမ်းဘေးစျေးသည်များမရောင်းခ ျရဟု သတ်မှတ်ထားသော နေရာများတွင် စည်ပင်သာယာမှ လိုက်လံဖမ်းဆီးသောအခါ စျေးသည်များသည် မဲပေးမိသော လက်သန်းများကို ဖြတ်ပစ်ချင်သည်ဟူ၍လည်းကောင် း၊ နောက်ဖေးလမ်းကြား (သို့မဟုတ်) အိမ်ရှေ့ စည်ပင်ပိုင်မြေကွက်လပ်ကိုကျ ူးကျော်၍ ကားဂိုဒေါင်၊ ပန်းခြံ၊ ခြံစည်းရိုး စသည်ဖြင့် ယူထားကြသည်များကို သက်ဆိုင်ရာစည်ပင်ကော်မတီဝင် များကလိုက်လံပြီး အိမ်များနောက်ယူထားသောမြေမျ ား နောက်ဆုတ် ပေးကြပါရန်ပြောသောအခါ မိမိပိုင်ဂရန်မြေဧရိယာထက် ကျော်လွန်ဆောက်လုပ်ထားသူမျာ းက အသာတကြည် ဖယ်မပေးချင်ဘဲ မဲပေးမိတာ မှားသယောင်၊ လက်သန်းတွေ ဖြတ်ပစ်ချင်သယောင်ပြောကြပါသ ည်။ လက်သန်းဖြတ်ပစ်ချင်သူအများစ ုကိုကြည့်သောအခါ တခါမဲပေးပြီးလျှင် တသက်လုံးလုပ်ချင်ရာ လုပ်လို့ရပြီဟုထင်နေသူများ၊ မဲပေးခဲ့ပြီဖြစ်၍ အပြန်အလှန်ကျေးဇူးဆပ်ခြင်း (အပေးအယူသဘောမျိုး)ကို မျှော်လင့်နေသူများ၊ ဥပဒေနှင့်မညီသော်လည်း နားလည်မှုဖြင့် ခွင့်ပြုခြင်းကို အသားကျနေသူများ၊ ယခုခေတ်တွင်လည်း ထိုကဲ့သို့ပြီးစေလိုသူများက အများစုဖြစ်ကြောင်း တွေ့ရပါသည်။
ထိုသို့ဖြစ်လာသောအခါ လူတိုင်းလူတိုင်းရွေးကောက်ပ ွဲတွင် မဲပေးရသောရည်ရွယ်ချက်ကို သိထားသင့်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများတွင် မဲပေးရသည့်ရည်ရွယ်ချက်မှာ နှစ်ချက်သာ ပြတ်ပြတ် သားသားရှိသင့်သည်။ မဲပေးရခြင်း၏ ရည်ရွယ်ချက်ပထမအချက်မှာ အာဏာရှင်စနစ်ပြန်ပြီး အသက်ဝင် မလာစေရန်ဖြစ်သည်။ ကိုယ့်ကိုသေနတ်ဖြင့်ချိန်ပြ ီး အုပ်ချုပ်တတ်သူများ ပြန်မလာစေရန် အာဏာရှင်စနစ်နှင့် ဝေးသူများကို မဲပေးရွေးချယ်ဖို့တာဝန်သည် မဲပေးခွင့်ရှိသူနိုင်ငံသားတ ိုင်း၏ မွေးရာပါတာဝန်ဖြစ်သည်။ နိုင်ငံအတွက် အထူးအရေးကြီးသောအလုပ်ဖြစ်သည ်။ ၁၉၆၂ ခုနှစ်မှစကာ ကျွန်တော်တို့နိုင်ငံတွင် ဒီမိုကရေစီပျောက်ဆုံးခဲ့သည် ။ ၁၉၆၂ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက် ပြီးနောက် တိုင်းပြည်ကိုသေနတ်ပြ၍ အုပ်ချုပ်သောစနစ်စတင်သည်။ ဓားကိုဓားချင်း လှံကိုလှံချင်းတုံ့ပြန်မည်ဟ ု လက်နက်ဆို၍ အပ်တိုတချောင်းမျှပင်မရှိသေ ာ တက္ကသိုလ်ကျောင်းသားများကို ဦးနေဝင်းက လက်နက် အားကိုးကြိမ်းဝါးသည်။ ၁၉၈၈ အရေးအခင်းကြောင့် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌရာထူးမှ ဆင်းအံ့ဆဲဆဲအချိန်၊ ပြုတ်အံ့ဆဲဆဲအချိန် အရေးပေါ်ပါတီညီလာခံတွင် ''တပ်မတော်ဟာ ပစ်ရင်တည့်တည့် ပစ်တယ်၊ မိုးပေါ်ကိုထောင်မပစ်ဘူး''ဟ ု လူမိုက်ဆန် ဆန်စကားပြောကာ ဆန္ဒပြနေသောတိုင်းသူ ပြည်သားများကို ဗြောင်ကျကျခြိမ်းခြောက်ပြီး တပ်နှင့်ပြည်သူကိုသွေးခွဲရန ်တိုက်ပေးခဲ့သည်။
၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှစကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမ ှုတည်ဆောက်ရေးအဖွဲ့အစိုးရ (နောင်တော့ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ) အမည်ဖြင့် စစ်အစိုးရတက်လာခဲ့သည်။ သေနတ်ခါးချိတ်ထားသောဝန်ကြီး များ၊ သေနတ်ခါးချိတ်ထားသော အတွင်းရေးမှူး(၁)၊ အတွင်းရေးမှူး(၂)၊ အတွင်းရေးမှူး(၃)ဆိုသူများက ို နေရာတကာတွင်မြင်တွေ့ခဲ့ရသည် ။ ထိုသူများသည် စစ်ယူနီဖောင်းဝတ်၍ ၁၉၈၈ မှ ၂ဝ၁ဝ ပြည့်နှစ်အထိ (၂၂)နှစ် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သ ည်။ ထိုခေတ်သည် တိုင်းပြည်၏ အမှောင်မိုက်ဆုံးကာလများဖြစ ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တေ ာ်)မရှိသောကာလ၊ တိုင်းပြည် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို တိုင်းပြည်ကမသိရသောကာလ၊ မီဒီယာလွတ်လပ်ခွင့်ဆိတ်သုဉ် းကာ စာပေစိစစ်ရေးအဖွဲ့ တရားဝင်တည်ရှိနေသော အတင်းကျပ်ဆုံးကာလ၊ မိမိရေးသားလိုသမျှကို စာပေစိစစ်ရေးရုံးသို့သွားရေ ာက်ပြသစိစစ်(ဖြတ်တောက်)ခံပြ ီးမှ စာအုပ်များထုတ်ဝေခွင့်ရသောက ာလ၊ အချို့စာအုပ်တော်တော်များမျ ား တအုပ်လုံးထုတ်ဝေခွင့် ငြင်းပယ်ခံရသောကာလ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး စသောနိုင်ငံရေးခေါင်းဆောင်မ ျားအကျယ်ချုပ်ဖြင့် ချုပ်နှောင်ခံရသောကာလ၊ မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင်နိုင်ငံရေးအကျဉ်းသား များ အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်ခံရသောကာလ၊ အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များကို ပန်းခွေချရုံ၊ အလေးပြုမိရုံဖြင့် အဖမ်းခံရသော ကာလ၊ နိုင်ငံပိုင်သတင်းစာများတွင ် ပေါက်စ၊ ခြင်းကျား (မအူပင်)၊ မင်းရဲကောင်းပုံ စသည့်နာမည်အမျိုးမျိုးဖြင့် ဒီမိုကရေစီဘက်တော်သားများကိ ု အမျိုးမျိုးမိုက်မိုက်ရိုင် းရိုင်းအပုတ်ချ တရေးသားနေသောကာလ၊ စစ်ထောက်လှမ်းရေး၏ အမျိုးမျိုးစွပ်စွဲချက်များ နှင့် စစ်ကြောရေးစခန်းများတွင် လူမဆန်စွာနှိပ်စက်ခြင်းကို ကျောင်းသားနှင့် ပြည်သူများခံကြရသောကာလ၊ အာဏာပိုင်နှင့်ပိုင်သည်နှင့ ် ချက်ချင်းလုပ်ငန်းကန်ထရိုက် များ၊ သစ်ခုတ်ခွင့်၊ ကားဝယ်ယူခွင့်၊ တယ်လီဖုန်းဝယ်ခွင့်စသော ပါမစ်များရကာ နေ့ချင်းညချင်း ချမ်းသာကြ သောကာလ၊ နိုင်ငံတော်၏ ပြည်ပသယံဇာတရောင်းချသည့်ဝင် ငွေတွင် အမေရိကန်တဒေါ်လာကို ပြင်ပတွင် မည်မျှပဲပေါက်စျေးရှိရှိ တဒေါ်လာခြောက်ကျပ်ဖြင့် စာရင်းပြခဲ့သည့်ကာလ၊ စသည့်စသည့် အာဏာရှင် စနစ်ဆိုး၏ လက်စွမ်းအပြဆုံးကာလ ၂၂ နှစ်ကို တိုင်းပြည်က ခံစားဖြတ်သန်းခဲ့ကြရသည်။
၂ဝ၁ဝ ရွေးကောက်ပွဲအလွန်တွင် တက်လာသော အစိုးရလက်ထက်တွင်မူကား စစ်ယူနီဖောင်းများဝတ်၍ အုပ်ချုပ်ခြင်း၊ သေနတ်ခါးထိုး၍ အုပ်ချုပ်ခြင်းများ ပပျောက်သွားသည်။ သို့သော် ထိုအစိုးရ၏ အဖွဲ့ဝင်ဝန်ကြီး၊ ဝန်ကြီးချုပ်၊ သမ္မတ၊ ဒုသမ္မတအများစုမှာ ယခင်က စစ်ယူနီဖောင်းဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သ ူများသာ ဖြစ်သည်။
ဗိုလ်ချုပ်ကြီးနေဝင်းက စစ်ယူနီဖောင်းချွတ်က ပုဆိုးကောက်ဝတ်၊ မောင့်ကျက်သရေ ခေါင်းပေါင်းပေါင်းပြီး ဦးနေဝင်းကိုအာဏာလွှဲပေးသလို မျိုး ဖြစ်နေသည်။ ယခင် နဝတ၊ နအဖ စစ်အစိုးရခေတ်ကလူတွေပင် ၂ဝ၁ဝ အလွန် အရပ်သားအစိုးရဟုခေါ်တွင်သော အစိုးရတွင်ပြန်ပါလာနေသည်။ ၂ဝ၁၅ တွင် NLD ပါတီအနိုင်ရပြီး အစိုးရဖွဲ့သောအခါ စစ်အစိုးရခေတ်ကလူတွေ ခေတ်ကုန်သွားသည်။ ဦးရွှေမန်းတို့၊ ဦးသိန်းစိန်တို့၊ ဦးစိုးသိန်းတို့၊ ဦးသန်းဌေးတို့ စသည့်စသည့် စစ်အစိုးရလက်ထက်က အဘများ အာဏာမဲ့ကုန်သည်။ သူတို့ကလည်း ကြီးမားသောအင်အားစုကြီးအဖြစ ် နောက်ရွေးကောက်ပွဲတွင် ပြန်တက်လာရန်တာစူနေသည်။ သူတို့၏အားသာချက်မှာ ရွေးကောက်တွင် လွှတ်တော်ထိုင်ခုံပေါင်း ၅၁ ရာခိုင်နှုန်းနိုင်စရာမလိုဘ ဲ ၂၆ ရာခိုင်နှုန်းနိုင်ရုံဖြင့် အစိုးရပြန်ဖြစ်နိုင်မည့် နည်းလမ်းတခုရှိထားခြင်းဖြစ် သည်။ NLD ပါတီဖြစ်စေ၊ အခြားသော အရပ်သားစစ်စစ်များဖြင့် ဖွဲ့ထားသည့်ပါတီဖြစ်စေ အစိုးရအဖွဲ့ ဖွဲ့နိုင်ချင်လျှင်တော့ ရွေးကောက်ပွဲတွင် ၅၁ ရာခိုင်နှုန်းနိုင်မှသာ သေချာပေလိမ့်မည်။ ဤသို့မမျှတသော Balance (ဟန်ချက်) ကြောင့်ပဲ မဲပေးရာတွင် (လက်သန်းမင်စိုရာတွင်) ပြည်သူလူထုက သတိကြီးစွာထားရမည်ဖြစ်သည်။ အရွေးမတော်ပါက ယခင်က သေနတ်ခါးကြား ချိတ်ခဲ့သူများပုဆိုးဝတ်ပြီ း ပြန်လာခြင်းကိုခံကြရပေမည်။ လူသည် အကျင့်ကိုဖျောက်ခဲနိုင်သည်ဖ ြစ်ရာ ထိုသူများပြန်တက်လာပါက အာဏာရှင်အမူအကျင့်များနှင့် နှစ်ပါးသွားကြရပေလိမ့်မည်။ ထို့ကြောင့် ရွေးကောက်ပွဲများတွင် မဲပေးရာတွင် နံပါတ်တစ်ဦးတည်ချက်မှာ အာဏာရှင်လူဟောင်းများ ပလ္လင်ပေါ်သို့ပြန်တက်မလာရေ းပင် ဖြစ်သင့်သည်။
မဲပေးရခြင်း၏ ဒုတိယရည်ရွယ်ချက်မှာ ဒီမိုကရေစီစနစ်ရှင်သန်ဖို့ပ င်ဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရ သော ၁၉၄၈ ဇန်နဝါရီ လ ၄ ရက် မနက်မှ ၁၉၆၂ မတ်လ ၁ ရက်နေ့ သန်းခေါင်ယံ မတိုင်မီအထိ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ထိုခေတ်ထိုအခါက ပြည်တွင်းစစ်မီးတောက်လောင်န ေစေကာမူ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ချမ်းသာကြွယ်ဝခဲ့သည်။ လွတ်လပ်ပွင့်လင်းခဲ့သည်။ နိုင်ငံတကာတွင် ဝင်ဆံ့ခဲ့ကြသည်။ အကျင့်ပျက်ခြစားမှုမရှိသလော က်နည်းခဲ့ကြသည်။ ခရိုနီလူတန်းစား မပေါ်ပေါက်ဘဲ နည်းမှန်လမ်းမှန် သူဌေးသူကြွယ်များ၊ လုပ်ငန်းရှင်များပေါခဲ့ကြသည ်။ ထို့ကြောင့် ဒီမိုကရေစီစနစ်သည် တနိုင်ငံလုံးကိုကြွယ်ဝချမ်း သာစေပြီး အာဏာရှင်စနစ်သည် လူတစုကိုသာကြွယ်ချမ်းသာစေကြ ောင်း ထင်ရှား၏။ ဒီမိုကရေစီစနစ်တွင် လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများကို လွတ်လပ်စွာထူထောင် ဖွဲ့စည်းခွင့်ရသဖြင့် အစိုးရတခုတည်းက မဟုတ်တာလုပ်လျှင် ဝေဖန်ထောက်ပြနိုင်သည်။ စာပေစိစစ်ရေးမရှိတော့သဖြင့် မိမိယုံကြည်ရာကို လွတ်လပ်စွာရေးသားခွင့်ရှိလာ သည် (မဟုတ်မမှန်ရေးပါကလည်း နစ်နာသူကာယကံရှင်က အသရေဖျက်မှု စသည်ဖြင့်တရားစွဲနိုင်သည်)။
ဒီမိုကရေစီစနစ်သည် တိုင်းသူပြည်သားတွေရော အစိုးရရော ကိုယ့်တာဝန်ကိုယ်ယူရသောစနစ် ဖြစ်သည်။ တနည်းပြောရလျှင် ကိုယ်တိုင်ယူစနစ် (Self Service) စနစ်ဖြစ်သည်။ ကိုယ်တိုင်ကြိုးစားမှ ကိုယ်တိုင်အကျိုးရ မည့်စနစ်ဖြစ်သည်။ ထိုစနစ်တွင် နိုင်ငံသားတို့၏ပညာရေးရေချိ န်မြင့်မားဖို့ လိုသည်။ လူတယောက်ချင်းက စာဖတ်သော၊ ဗဟုသုတအကြားအမြင်များသော၊ ပညာအခြေခံရှိသောသူများဖြစ်ရ န် လိုသည်။ အကောင်းအဆိုးအကြောင်းအကျိုး ကို ခွဲခြားတတ်ဖို့လိုသည်။ ထိုစနစ်အောင်မြင်ရန်မှာ တနိုင်ငံလုံး၏ လူများစုကြီး ဉာဏ်ရည်မြင့်နေဖို့လိုသည်။ ထို့ကြောင့် ရွေးကောက်ပွဲတိုင်း၊ ရွေးကောက်ပွဲတိုင်းတွင် ဒီမိုကရေစီစော် ခပ်သင်းသင်းကလေးအနံ့ရသောအဖွ ဲ့အစည်းများကို မဲပေးရွေးချယ်ကြဖို့လိုသည်။ အာဏာရှင်စော်နံသော အဖွဲ့အစည်းများကိုရှောင်ရှာ းကြဖို့လိုသည်။ ရွေးကောက်ပွဲမဲပေးခြင်း၏ ဒုတိယရည်ရွယ်ချက်မှာ ဒီမိုကရေစီစနစ်ရှင်သန်ထွန်း ကားဖို့ ဖြစ်သင့်သည်။
ထိုသို့ဆိုလျှင် စာရေးသူသင်သည် NLD အစိုးရလုပ်သမျှ ဘာပဲ လုပ်လုပ် မျက်စိမှတ်ထောက်ခံနေသူလား၊ ပုတ်သင်ညိုကြီးလိုလို ဘာပဲ လုပ်လုပ် ခေါင်းညိတ်နေသူလားဟု မေးနိုင်ပါသည်။ ထိုသို့ မဟုတ်ပါ။ ကျွန်ုပ်သည် NLD အစိုးရလုပ်သမျှ ကိုင်သမျှအားလုံးကို ခြွင်းချက်မရှိ ထောက်ခံနေသူ တယောက်မဟုတ်ပါ။ သူတို့လုပ်သမျှ ကိုင်သမျှထဲမှ သဘောမကျစရာအချက်များစွာလည်း ရှိပါသည်။ တွေ့ပါသည်။ မြင်ပါသည်။ ထောက်လည်း ထောက်ပြနေပါသည်။ ဥပမာအားဖြင့် ပြည်နယ်နှင့်တိုင်းဝန်ကြီးခ ျုပ် ၁၄ ယောက်ထဲတွင် ခြေမပေါ်သော၊ ထက်ထက်မြက်မြက်မရှိသော ဝန်ကြီးချုပ်များပါနေခြင်းက ို အားမရပါ။ တာဝန်ပေးရာတွင် လူကဲခတ်မှား သည်ဟုထင်သည်။ သို့မဟုတ် သူ့လူကိုယ့်လူ အစွဲဖြင့်ထည့်ကြသည်ဟု မြင်သည်။
လွှတ်တော်အမတ်လောင်းများရွေ းရာတွင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ လူတော်တွေပါသလို၊ ခပ်ညံ့ညံ့ အမတ်တွေလည်း ပါလာသည်။ အားမရစရာ လွှတ်တော်ကိုယ်စားလှယ်တွေကိ ုလည်း တွေ့ရသည်။ ပြည်ထောင်စုဝန်ကြီးအဆင့်ထဲတ ွင်လည်း မှားမှာကြောက်သဖြင့်၊ ဒေါ်အောင်ဆန်းစုကြည် မကြိုက်မှာစိုးသဖြင့်၊ အဆူခံရမှာကြောက်၍ ဘာမှရဲရဲဝံ့ဝံ့မလုပ်ဝံ့ဘဲ မလုပ်မရှုပ်မပြုတ်လမ်းစဉ်ဖြ င့် ရာထူးကိုဖက်တွယ်နေသော ခပ်ချာချာဝန်ကြီးများရှိနေတ ာကို ကျွန်တော်တို့သဘောမကျပါ။ ဝန်ကြီးဆိုလျှင် ဆုံးဖြတ်ချက်ချသူ (Decision Maker) ဖြစ်ရပါမည်။ ဆုံးဖြတ်ချက်ချရပါမည်။ ဟိုလိုလိုသည်လိုလို ဘယ်သူ့အမုန်းမှမခံချင်လျှင် ရာထူးမယူဘဲ အိမ် မှာအိပ်နေပါ။ ဝန်ကြီးရာထူးယူထားပြီးမှာတေ ာ့ ရာထူးနှင့်လိုက်ဖက်သောစကား၊ ရာထူးနှင့်လိုက်ဖက်သော အလုပ်များကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ပြကြရပေလိမ့်မည်။
ပြည်ထောင်စုအဆင့်တွင်လည်းကေ ာင်း၊ တိုင်းနှင့်ပြည်နယ်အဆင့်တွင ်လည်းကောင်း သိပ်ပြီးစွမ်း ဆောင်ရည်မကောင်းသော ဝန်ကြီးများစွာပါလာနေတာကိုလ ည်း တွေ့ရပေ၏။ အစိုးရအဖွဲ့ဒုတိယသက် တမ်းဖွဲ့နိုင်ခဲ့လျှင် ထိုလူရွေးမှားမှုထောင်ချောက ်ထဲမှ ရုန်းထွက်နိုင်စေချင်ပါသည်။ NLD အစိုးရအဖွဲ့ထဲတွင် ဆရာဝန်အများစုကို နေရာပေးရာထူးပေးခဲ့ရာ ဆရာဝန်ဆိုတိုင်း နိုင်ငံရေးကိုနားလည်ရဲ့လား၊ ဝန်ကြီး ကောင်းတယောက်ဖြစ်ရဲ့လား၊ ကိုယ်စားလှယ်ကောင်းတယောက်ဖြ စ်ရဲ့လားဆိုတာ ပြန်လည်ဆန်း စစ်ဝေဖန်သင့်ပေသည်။ သစ်ခုတ်သူများနေရာတွင် ပန်းပုဆရာများဝင်လာချေပြီဆိ ုပြီး တော်လှန်ရေးတွင် မိုးထဲရေထဲမပါခဲ့သူများကို အစိုးရအဖွဲ့ထဲတွင် ရေပေါ် ဆီအချို့ကို ထည့်သွင်းကစားစေခဲ့ရာ လေးနှစ်ကြာ သည်အထိ ခြေစွမ်းမပြနိုင်သည့်နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် လူရွေးချယ်ရေးဆရာကြီးများအဖ ွဲ့ အနေဖြင့် သဘောပေါက်သင့်ပေပြီ။ သစ်ခုတ်သူဖြစ်စေ၊ ပန်းပုထုသူဖြစ်စေ တကယ်ခုတ်သူ၊ တကယ် ထုဆစ်ပုံဖော်တတ်သူကို ရွေးချယ်တာဝန်ပေးမိဖို့လိုပ ေလိမ့်မည်။ ပန်းပုဆရာထံတွင် ဘေးကရပ်ကြည့်ပြီး ရေနွေးအိုးကြိုပေးဖူးကာမျှန ှင့် ကျွမ်းကျင်ပန်းပုဆရာကြီးအဖြ စ် ခေါ်ယူအသုံးချသလိုဖြစ်နေလျှ င်တော့ ပါတီ သာမက တိုင်းပြည်ပါနစ်နာရပေမည်။ ဤသည်ကား NLD အပေါ်တွင် ကျွန်ုပ်၏အမြင်ပေတည်း။
မည်သို့ပင်ရှိစေ ကျွန်တော်တို့နိုင်ငံသည် ဒီမိုကရေစီမခိုင်မြဲသေးပါ။ လောလောဆယ် အရပ်သားအစိုးရဆိုရာ တွင်ပင် ဝန်ကြီးဌာနသုံးခုကို အရပ်သားလက်အောက်မထားနိုင်သေ းပါ။ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များတွင် လည်း အရပ်သားအစိုးရစစ်စစ် မဖြစ်သေးပါ။ ထိုအချိန်တွင် ရွေးကောက်ပွဲတခုရှိလာ၍ မဲပေးသည့်အခါ အထူးသတိထားရွေးချယ်ရပါလိမ့် မည်။ အာရှင်စနစ်ပြန်ပေါ်မလာရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးဆိုသော တို့တာဝန်အရေး (၂)ပါးကိုသာရှေးရှု၍ မဲပေးရွေးချယ်သင့်ပေသည်။
လူတယောက်ချင်း၏ မပြေလည်မှုများ၊ မကျေနပ်မှုများသည် နိုင်ငံတော်နှင့်ဒီမိုကရေစီ စနစ်၏ပြဿနာမဟုတ် လူတယောက်ချင်းစီ၏ ပြဿနာများသာ ဖြစ်သည်။ ကျွန်တော်တို့ မဲပေးရွေးချယ်ခဲ့ခြင်းမှာ ပြဿနာအားလုံးကို ဥုံဖွဟု ပပျောက်သွားအောင်မဲပေးခဲ့ခြ င်း မဟုတ်၊ လူတယောက်ချင်း ကျေးဇူးဆပ်ခံသည့်အနေဖြင့် ကိုယ်ထင်ရာကိုယ်လုပ်ကြခြင်း ကို နိုင်ငံတော်က လိုက်လျောပေးဖို့မဟုတ်။ မဲပေးမှားလျှင် အာဏာရှင်စနစ်ပြန်ပေါ်လာမည်။ လက်သန်းကို မင်စွန်းခဲ့ကြခြင်း၏ မြင့်မြတ်သောရည်ရွယ်ချက်မှာ ပေါပေါပဲပဲမဟုတ်။ လေးနက်သော ရည်ရွယ်ချက်နှစ်ရပ်ရှိသည်ဆိ ုခြင်းကို လက်သန်းဖြတ်ချင်သည့် ပြည်သူလူထုသည် နားလည်ကြလော့။
သရဝဏ်(ပြည်)
No comments:
Post a Comment